ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, December 31, 2012

ဒေါသ ထိမ်းနည်း

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ 


 


အကြံပြုချက်တွေတော့ ရှိပါတယ်။



တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ ‘ကျွန်တော်၊ ကျွန်မ’ ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- ‘ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ’ လို့ ပြောမယ့်အစား ‘ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး’ လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြားခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်းနားထောင်ပါ။ စာများများရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။

ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလိုတွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့ သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။






Saturday, December 29, 2012

လူကောင်းလူတော်



လူတော်လူကောင်းဘယ်အရာပိုကောင်းသလဲဆိုတာ မြတ်စွာဘုရားက ၅၅၀ 

ဇာတ်နိပါတ်တော်မှာ ပြဆိုထားပါတယ်။

တစ်ခါက မြတ်စွာဘုရားအလောင်းဟာ တိုင်းပြည်တစ်ခုရဲ့  အလွန်ကျော်ကြားတဲ့ ပညာရှိ 


ပုဏားတစ်ဦး ဖြစ်လေတော့ တစ်နေ့မှာ စဉ်စားမိတယ် ဘုရင်နဲ့ တိုင်းသူ ပြည်သားတွေက 


ငါ့ကို လေးစားချစ်မြတ်နိုး တာ ငါ့ရဲ့ ပညာကြောင့်လား? ငါ့ရဲ့ သီလကြောင့်လား? ဆိုပြီးတော့ 

သိရအောင်ကျိုးစားဖို့ အကြံဖြစ်ပေါ်တယ်။ အဲဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ ကြံနေစဉ်မှာ 

အခွင့်အရေးတစ်ခု ပေါ်လာ တယ်။ တစ်နေ့မှာ ဘုရင့်က သူ့အတွက် လက်စွပ်အပ်ခိုင်းလိုက်ပါတယ်။ 

လက်ဝတ် ရတနာတွေကို ပြုလုပ်ပေးတဲ့ ပန်ထိမ်ဆရာရဲ့  အိမ်ကိုရောက်တော့ ဘုရင် အပ်ခိုင်းတဲ့ 

လက်စွပ်ကို အပ်ကာ ပန်ထမ်ဆရာနဲ့ စကားပြောပြီးပြန်ခါနီးတွင် ပန်ထိမ်ဆရာ 

မမြင်အောင် ရွှေစအနည်းငယ်ကို ခိုးလာခဲ့ပါတယ်။ ပန်ထိမ်ဆရာက မြင်လိုက်ပေမယ့် 

မင်းဆရာလည်းဖြစ် 

တိုင်းပြည်ရဲ့ ထင်ရှားလေးစားရတဲ့ အမတ်ကြီးဖြစ်နေလို့ မသိ ချင်ယောင်ဆောင်နေလိုက်ပါတယ်။ ဒီလိုနဲ့ 

ဘုရားအလောင်းဟာ ၃ ရက်တိုင်တိုင် ပန်ထိမ် ဆရာအိမ်ကိုသွားပြီး ပြန်ကာနီးတိုင် ရွှေစကိုခိုးပါတော့တယ်။ ၃ ရက်မြှောက်နေ့မှာ ပန်ထိမ်ဆရာဟာ 

သည်းမခံနိုင်တော့ဘဲ သူခိုးသူခိုးလို့ အော်ပြီး ပညာရှိအမတ်ကြီးကို ဖမ်းပါ တော့တယ်။ ဖမ်းပြီးနောက် 

နန်းတော်ကိုသွားရာ တစ်လမ်းလုံးတွင် တွေ့ သမျှ လူတွေက ဘုရားအလောင်းပညာရှိအမတ်ကြီးကို

 ဆံထွေးနဲ့ထွေး၊ ခဲနဲ့ပေါက်ပြီးတော့ ဆဲဆိုကြပါတော့တယ်။ ဘုရင်ထံခေါ်ဆောင်သွားရာမှာ 

ဘုရင်မင်းမြတ်က မည်သို့ ဆုံးဖြတ်မည်ကို ပြည်သူတွေက သိချင်သည့်အတွက် နန်းရင်ပြင်တွင် 

ပရိသတတ်တွေနှင့်ပြည့်နှက်နေသည်။

ဘုရင်းထံရောက်တော့ ဘုရင်ကပရိသတ်အားလုံးရှေ့ တွင် မေးရာ ဘုရားအလောင်းပညာရှိအမတ်က 


သူခိုးကြောင်း ၀န်းခံတဲ့အတွက် ခေါင်းဖြတ်သတ်ဖို့ 

အမိန့်ချလိုက်ပါတယ်။ ခေါင်းဖြတ်ဖို့ ခေါ်သည့်အချိန်တွင် ပညာရှိအမတ်ကြီးက 

ဘုရင်ကို နောက်ဆုံးအနေနဲ့ စကားတစ်ခွန်း လျှောက်ထားခွင့် ပြုပါဟု တောင်းဆိုရာ ဘုရင်က


 ခွင့်ပြုလေသည်။ ထိုအခါ ဘုရားအလောင်းပညာရှိအမတ်က သူခိုးရတဲ့ ဇာတ်လမ်းကို 

စတင်ပြောပြပါတယ်


" အရှင်မင်းကြီး လောကတွင် လူတော်နဲ့ လူကောင်း ဘယ်ဟာ အရေးကြီးလည်း ဆိုတာ ကျွန်တော်မျိုးမှာ


 သိချင်တဲ့ စိတ်ဖြစ် ပေါ်လာပါတယ်၊ လောကတွင် လူတွေက လူကောင်း ကို တန်ဖိုးထားလား 

လူတော်ကို 

တန်ဖိုးထားလားဆိုတာကို သိရအောင် ကျွန်တော်မျိုး လက်တွေ့ စမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။ 

ပထမနေ့ထဲက ကျွန်တော်မျိုး ခိုးထား တဲ့ ရွှေစတွေကို စာရင်းနဲ့ မှတ်ထားပါတယ် အရှင်မင်းကြီး"


" အခုတော့ ကျွန်တော်မျိုး သိပါပြီး လောကတွင် ပညာဘယ်လောက်ပဲ တတ်ပါစေ အကျင့်သီလမရှိရင်


မည်သူမှ မလေးစားပါ "

" အကျင့်သီလနဲ့ ပြည့်စုံတဲ့ လူကို လူတွေ အားလုံးက လေးစားကြည်ညိုတာသိပါပြီ " 


လို့ လျှောက်တင်လေသည်။ ထိုအခါ ဘုရင်က အမတ်ကြီးကို လွှတ်ခိုင်းလိုက်ပါသည်။ ပရိသတ်ကလည်း 

သြဘာပေးကြပါတယ်။ ဒီအချိနှ်မှာပဲ ပညာရှိအမတ်က ဆက်လက်လျှောက်ထားပါတယ်

" အရှင်မင်းကြီး ကျွန်တော်မျိုးကို တော်ထွက်ခွင့်ပြုပါလို့ တောင်းဆိုပါသည် " ဘုရင်မင်းမြတ်က


" အမတ်ကြီး တောမထွက်ပါနဲ့ အမတ်ကြီးရဲ့  သီလကို ငါနှင့်တကွ ပြည်သူတွေ ယုံကြည်ပြီးသားပါ 


အရင်လို ပညာရှိအမတ်အဖြစ်နဲ့ပဲ အကြံဥာဏ်ပေးဖို့ တောမထွက်ပါနဲ့ " လို့တားမြစ်သည်။ ထိုအခါ 

ဘုရားအလောင်ပညာရှိအမတ်က


" အရှင်မင်းကြီး လောကီစည်းစိမ်ဟာ မမြဲဘူးဆိုတာ ကျွန်တော်မျိုး သဘောပေါက်ပါပြီ ကျွန်တော်မျိုးကို 


ဖမ်းလာသည့် လမ်းတလျှောက်တွင် လူအများက ဆဲရေးတိုင်းထွား၊ ခဲနှင့်

ပါ တည်မြဲသည့် လောကုတ္တရာစည်းစိမ်ကိုသာ လိုချင်ပါတော့သည် 

ထို့အတွက်ကြောင့် တောထွက်ခွင့်ပြုပါ" ဟု မင်းကို တောင်းပန်းပြီးနောက် မင်းနှင့်တကွ 

သားမယား၊ ပြည်သူတို့ကို ဆုံးမ စကားပြောကာ တောထွက်သွားလေသည်။

ထိုဇာတက ၀တ္ထုလေးသည် လူ တော်ထက် လူကောင်းက ပိုအရေးကြီးပုံ ကို ဖေါ်ညွှန်း ပြသထားသည်။







အလင်းစေတမန်

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

အရည်အချင်းနဲ့ ကြိုးစားမှု

        
   ဘွဲ့ရပြီးနောက် ရှောင်နဲ့ဂျင်းဟာ ကုမ္ပဏီတစ်ခုမှာ အတူတူ အလုပ်ဝင်ခဲ့ကြတယ်။ နှစ်ယောက်စလုံးဟာ အလုပ်ကို အလွန်ပဲကြိုးစား ခဲ့ကြတယ်။

နှစ်များစွာကြာပြီးတဲ့အခါမှာ ကုမ္ပဏီသူဌေးက ရှောင်ကို ရာထူးပေးခဲ့ပြီး ဂျင်းကိုတော့ သာမန်အရောင်းဝန်ထမ်းဘ၀နဲ့ နေစေခဲ့တယ်။တစ်နေ့မှာတော့ ဂျင်းဟာ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး သူဌေးဆီသွားပြီး အလုပ်ထွက်စာသွားတင်ပြီး စောဒကသွားတက်ခဲ့တယ်။ သူဌေးဟာ အလုပ်ကို ကြိုးစားလုပ်တဲ့သူကို တန်ဖိုးမထားကြောင်းနဲ့ ကပ်ဖားယက်ဖား မျက်နှာချို သွေးတဲ့ ၀န်ထမ်းကိုသာ ရာထူးတိုးပေးကြောင်းပြောခဲ့တယ် ။

သူဌေးဟာ ဂျင်းနှစ်ပေါင်းများစွာကတည်းက အလုပ်ကြိုးစား ကြောင်း သိခဲ့ပြီးသားပါ။ ဒါပေမယ့် သူနဲ့ရှောင်တို့ကြားက မတူညီမှုတွေကို ဂျင်းနားလည်စေဖို့အတွက် အောက်ပါအတိုင်း ခိုင်းစေခဲ့တယ် ။

ဈေးကွက်ထဲမှာရှိတဲ့ ဖရဲသီးရောင်းတဲ့လူရှိမရှိကို သွားရှာစေခဲ့တယ်။ ဂျင်းဟာသွားပြီး တွေ့ကြောင်းပြောခဲ့တယ် ။ သူဌေးက ဈေးဘယ်လောက်ရှိလဲ မေးတယ်။ ဂျင်းက ဈေးကို တစ်ခေါက်ပြန်သွားပြီး မေးတယ် ။ ပြီးတော့ ပြန်လာပြီး တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၂ ကျပ်ရှိကြောင်း ပြန်ပြောခဲ့တယ်။

သူဌေးကပြောတယ်။ မင်းကိုမေးတဲ့အတိုင်း ရှောင်ကို ငါမေးပြမယ်။ ရှောင်ဟာ ဈေးကိုသွားတယ်။ ပြီးတော့ ပြန်လာပြီး ဖြေခဲ့တယ်။ “ဈေးထဲမှာ ဖရဲသီးရောင်းတဲ့သူတစ်ယောက် ရှိပါတယ်။ တစ်ကီလိုဂရမ်ကို ဒေါ်လာ (၁၂)ကျပ်ရောင်းပြီး တစ်ဆယ်ကီလိုဂရမ်ကို ဒေါ်လာ (၁၀၀)ရောင်းပါတယ်။သူ့မှာ ရောင်းဖို့ဖရဲသီး အလုံး ၃၄၀ ရှိပါတယ်။ စားပွဲပေါ်မှာ ၅၈ လုံးတင်ထားပြီး တစ်လုံးစီက ဆယ့်ငါးကီလိုဂရမ်လောက် လေးပါတယ်။ တောင်ပိုင်းကနေ လွန်ခဲ့တဲ့ ၂ ရက်လောက်က ယူရောင်းတာပါ။ လတ်ဆတ်နီရဲပြီး အရသာ အလွန်ကောင်းပါတယ်။

ဂျင်းဟာ အလွန်ကို အံ့အားသင့်သွားပြီး သူနဲ့ရှောင်တို့ကြားက မတူညီမှုကို နားလည်သွားခဲ့တယ်။ သူ အလုပ်ထွက်စာမတင်တော့ဘဲ ရှောင်ဆီကနေ အရာရာကိုသင်ယူဖို့ ဆုံးဖြတ်လိုက်တယ် ။
ဘ၀မှာ အအောင်မြင်ဆုံးလူတွေဟာ စေ့စေ့စပ်စပ် သေသေချာချာ လုပ်တယ်။ သူများတွေထက် ပိုတွေးတယ်။ အနက်ရှိုင်းဆုံးကို နားလည်တယ်။ သင် မနက်ဖြန်လောက်သာ မြင်နိုင်တဲ့အရာတွေကို အအောင်မြင်ဆုံးလူတွေက နှစ်ပေါင်းများစွာ ကြိုတွေးပြီး မြင်တတ်ကြတယ်။ နေ့တစ်နေ့နဲ့ နှစ်တစ်နှစ်ရဲ့ ကွာခြားချက်က (၃၆၅)ကြိမ်ရှိပါတယ်။ ကဲ ... အခု သင်ဘာလုပ်မလဲ။
Inline image 1 Inline image 2Inline image 3Inline image 4Inline image 5Inline image 6

``ငါ့ကိုကြိုက်သူများ`` သတိ


ငါ" ကို စာလုံးသေးနဲ့ ရေးကြစို့
••••••••••••••••••••••••••••••••

ရှေးက ရွာတစ်ရွာတွင် ဘုန်းကြီးတစ်ပါး ကျောင်းထိုင်သည်၊ ကျောင်း ဒကာက နေ့စဉ် ဆွမ်းကွမ်း တာဝန်ယူသည်။ ကျောင်းဒကာသမီး ဘုန်းကြီးကျောင်း ဆွမ်းပို့သွားသည်။ ကျောင်းရောက် ဆွမ်းကပ်ပြီး ဘုန်းကြီးနှင့် နုတ်ဆက် စကားပြောကြသည်။ ကျောင်းးဒကာသမီးမှ ကျောင်းထိုင်
ဘုနုးကြီးအား မေးပါသည်။

‘ကျောင်းကြီးက ကောင်းလိုက်တာ ဘယ်သူကျောင်းလဲဘုရား’
“ငါ့ကျောင်းပေါ့ .. ငါဆောက်ထားတာ”
“ကျောင်းထဲမှာရှိတဲ့ ရေကန်ကလည်း ရေပန်းတွေ ဝေဝေဆာလို့ လှလိုက်တာ ဘယ်သူလုပ်ထား တာလဲ ဘုရား”။
“ငါ့ ရေကန်ပေါ့ .. ငါတူးထားတာ”
“ပန်းခြံကလည်း ပန်းမျိုးစုံ..လှလည်းလှ ၊ ဘယ်သူပန်းခြံပါလဲ”
“ငါ့ ပန်းခြံပေါ့ ၊ ငါစိုက်ထားတာ။”
“ဘုန်းကြီး .. ဘာလို့ ဘုန်းကြီးဝတ်တာလဲဘုရား”
“နိဗ္ဗာန် ရချင်လို့ပေါ့”
“နိဗ္ဗာန်လိုချင်လိုရင် ငါ ကိုမကြိုက်နဲ့”
ထိုသို့ပြောပြီး ကျောင်းဒကာသမီး ပြန်သွားသည်။ ဘုန်းကြီး စိတ်ဆိုးပြီး ကျန်ရစ်သည်။

နောက်တစ်နေ့ ကျောင်းဒကာကြီး ကျောင်းရောက်လာသောအခါ .. ထိုအကြောင်းကို တိုင်တန်းသည်။ ကျောင်းဒကာ ကြီးသည် အိမ်ရောက်တော့ သမီးကို အကျိုးအကြောင်း မေးကြည့်သောအခါ.. သမီး က ရှင်းပြ၏။

“ အဖေတို့ ဘုန်းကြီး နိဗ္ဗာန်လိုချင်လို့ ဘုန်းကြီးဝတ်တယ်ပြောတယ် ။ ဒါပေမယ့် သူပြောသမျှ စကားလုံးတိုင်းက “ငါ” ချည်းပဲ ၊ ငါ့ကျောင်း၊ ငါ့ရေကန်၊ ငါပန်းခြံ ဘာညာနဲ့ ဒီလောက် “ငါ” စွဲ ပြင်းထန်းနေရင် ဘယ်လိုလုပ် နိဗ္ဗာန်ရနိုင်မလဲ ။ ဒါကြောင့် သမီးက.. နိဗ္ဗာန်လိုချင်ရင် “ငါ” ကို မကြိုက်နဲ့လို ပြောခဲ့တာ ဖေဖေ”။

ဤပုံပြင်လို ငါစွဲဖို့ အားထုတ်နေကြသော ဘုန်းကြီးများ ကိုယ်တိုင်က တငါငါ ဖြစ်နေကြသဖြင့် လူတွေဆိုလျှင်ကား ပြောဖွယ် မလိုတော့ပေ။ လောကကြီးတစ်ခုလုံး ငါစွဲတွေ သိပ်ပြင်ထန်းလွန်၏။

တငါငါ ဖြစ်နေကြသည်။ ငါ ..တော်သည် ၊ငါ. . တတ်သည်၊ ငါ .. မြင်သည်၊ ငါ ..ပညာတတ်သည်၊ ငါ.. အထက်တန်းကြသည်၊ ငါ.. ငွေရှိသည်၊ ငါ..အိမ်ရှိသည်၊ ငါ..ကားရှိသည်၊ ငါ့အိမ်က.. သူ့အိမ်ထက် ကြီးသည်၊ လှသည်၊ ငါ့ကားက သူ့ကားထက်ကောင်းသည် ၊ ဈေးကြီးသည်။ ငါက ဘယ်နိုင်ငံရောက်ဖူးသည် စသည်ဖြင့် ငါချင်း ယှဉ်ကြ ပြိုင်ကြ၏၊ အချို့က မိဘနှင့် ခြေရာတိုင်းသည်၊ အချို့က ဆရာနှင် ပခုံးခြင်းယှဉ်သည်၊ မိဘဆရာကိုပင် ယှဉ်ပြီ ဆိုတော့ ပတ်ဝန်းကျင်ကို လူပင် မထင်တော့။

လောက၌ ငါစွဲပြင်းထန်၍ ငါကြီးလျှင် ကြီးသလောက် ဒုက္ခရောက်ကြရ၏ ၊ ဟစ်တလာသည် ငါစွဲကြီး ခဲ့သဖြင့် ဂျူးတွေ သန်းနှင့်ချီ အစုလိုက် အပြုံလိုက် အသတ်ခံရ၏ ၊ အရင်းရှင်တို့ ငါကြီးမှု့ကြောင့် ကျွန်များ ဆင်းရဲတွင်းနက်ခဲ့ရ၏။ ကွန်မြူနစ်တို့၏ ငါ အစွဲကြီးမှုကြောင့် အချို့နိုင်ငံ ၊အချို့ လူမျိုးများ ဒုက္ခပင်လယ်ဝေခဲ့ရ၏။ ဆိုရှယ်လစ်တို့၏ ငါကြီးမှုကြောင့် အချို့နိုင်ငံ မွဲပြာကျခဲ့ရ၏၊ ကုန်ကုန်ပြောရလျှင် အချို့ဘာသာရေး ဆရာတို့၏ ငါကြီးမှုကြောင့် ဘာသာရေးစစ်ပွဲများ ဖြစ်ပွားခဲ့ဘူး၏။ တွေးရဲစရာ မရှိလောက်အောင်ပင် ကြောက်စရာကောင်းသော “ငါ” ပေတကား။

ငါ.. ဟူသောမာန်သည် အတော်ခက်၏ ။ အယုတ် ၊ အလတ်၊ အမြတ် လူတန်းစား အားလုံးမှ ဖြစ်တတ်၏၊ ရာထူး ဂုဏ်သိရ် စည်းစိမ် ပညာ စသည် ယုတ်နှိမ့်သူကလည်း ငါမာန်ဖြစ်တတ်၏၊ “လောကမှာ ငါလုပ်မှ ငါစားရတာ သူတို့ရှိတော့ကော ငါက ဘာဂရုစိုက်မှာတုန်း” ဟု အန်မတုနိုင်သော်လည်း ငါမာန်ပြု လျှက်ပင် ရှိ၏။

ရာထူးစသည် လူလတ်တန်းစားကလည်း ငါမာန်ရှိ၏၊ “ သူတို့လောက်တော့ ငါလည်းရှိတာပဲ။ ဇီးကွက် လောက်တော့ ငှက်တိုင်းလှရဲ့”ဟု သူများနှင့် ပခုံယှဉ်ကြ၏။

ရာထူးစသည် သူများထက်သာလွန်သူ အထက်တန်းစား လူတန်းစာကလည် ငါမာန်ရှိသည် “ ငါလိုလူ ဇမ္ဗူရှိသေးလား”ဟု ဆောင့်ကြွားကြွား ခက်ထောင်ထောင် မာန်စောင်၏ ။ ထိုကဲ့သို့ မာန်ထောင်သူများ အနက် အင်္ဂလိပ်လူမျိုးများ အင်္ဂလိပ်စာတတ်သူများက သူများထက် ငါပိုကြီးသည်ဟုထင်၏။ အဘယ်ေ ကြာင့်ဆိုသော် “ငါ” ဟူသော “I” ကို အမြဲတမ်းစာလုံး ကြီးကြီးနှင့်ရေးကြသည် မဟုတ်ပါလား။

ငါမာန်ကို တတ်နိုင်သမျှ ချိုးနှိမ်သင်၏၊ ငါမာန်ရှိလျှင် လူကျင့်ဝတ် အခြေခံ မင်္ဂလာတရား ပျက်ပြား၏။ အထူးသဖြင့် နိဝါတာမင်္ဂလာပျက်၏။

မှန်ပါသည်။
ငါ..မာန်ရှိနေသူသည် အဘယ်မှာလျှင် မိမိကိုယ်မိမိ နှိမ့်ချနိုင်ပါမည်နည်း။ နိဝါတမင်္ဂလာပျက်လျှင် ဂါရဝမင်္ဂလာလည်း ပျက်စီးတော့၏ ။ မိမိကိုယ်ကို မနှိမ်ချ သူသည် အဘယ်မှာလျှင် သူတစ်ပါးကို ရိုသေနိုင်ပါအံ့နည်း။ ထိုမင်္ဂလာနှစ်ပါး မရှိလျှင် မိမိအပေါ် ဂုဏ်ကျေးဇူးများသော ဆရာသမားကို ပင်လျှင် ပခုံးချင်းယှဉ်မည်ဖြစ်၍ ပညာရှိကို မှီဝဲ ဆည်းကပ်ခြင် ဟူသော ပဏ္ဍိတာနဉ္စ သေဝနာဟူသော မင်္ဂလာ အဘယ်မှာရှိတော့အံနည်း။ ဤသို့ စသည်ဖြင့် အခြား မင်္ဂလာများလည်း ပျက်စီးစရာ ဖြစ်လာတော့သည်။

မာန်ရှိသူတို့၏ မာန်မာန တက်ပုံကလည်း အမျိုးမျိုးအစားစားဖြစ်၏။ တချို့က ဇာတိမာန် တက်သည်၊ အမျိုးကောင်းခြင်းအတွက် မာန်မာနတက်ခြင်းကိုဆိုလိုပါသည်။ ယခုခေတ်မှာ အတော်အတန် အမျိုးကောင်း သူတွေရှိပါသည်။ သို့သော် မာန်တက်လောက်အောင် ဟန်ကြီးပန်ကြီးလုပ် လောက်အောင်၊ ခြေဖြား ထောက်လောက်အောင် အမျိုးကောင်းသည်တော့ မဟုတ်နိုင်ပါ။ အမျိုးကောင်းသည်ပင်ဆိုဦးတော့ အမျိုးမြတ်သူက မာန်မာန မတက်ဘဲ ညက်ညက်ညောညော အပြော ချိုကာ အရာရာမှာ လိုက်လျှောပါမူ ၊ အောက်တန်းကျသူတို့က ပိုမိုချစ်ခင် ကြည်ညိုလေးစားကြပေလိမ့်မည်။ သို့ဖြစ်၍ ဇာတိမာန် မတက်ဖြစ်အောင် သတိဆောင်သင့်ပါသည်။

စည်းစိမ်ဥစ္စာရှိသူတို့က ဓနမာန်တတ်ကြသည် တချို့ပစ္စည်းပေါများပေမယ့် ပစ္စည်းနည်းပါး သူနှင့်အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါးများ သည်ကား မဟုတ်ကြပါ။ ပစ္စည်းရှိသူတို့အနေနှင့် ဆင်းရဲ့သားတို့အပေါ်မှာ သဘောထားကြီးကြီးထား ၍ သနားကြင်နာ ဂရုဏာသက်မည်ဆိုလျှင် သာ၍ပင်ဂုဏ်ရှိပါ၏။ ဓနရှင်တို့၏ ရွှင်ပြုံးသော မျက်နှာ ချိုသာသော စကားလုံးများသည် ဆင်းရဲသားတို့အတွက် အမြိန်ရှက်ဆုံး မမြိုက်ဆေး တစ်မျိုးပင် ဖြစ်ပါ၏။

ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ ရရှိသော ပစ္စည်းဥစ္စာများကို နောက်သံသရာ မျိုးနွယ် အောက်ကျဖို့အကြောင်း မကောင်းသောမာန မဖြစ်ကြဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားရာဖြစ်အောင် ကြိုးစား၍ ဓနမာန်ကို ချိုးနှိမ်သင့်ပါသည်။

စာပေတတ်ကျွမ်းသူ ၊ အသက်မွေးဝမ်းကြောင်း ပညာတတ်ကျွမ်းတို့မှာ ပညာမာန်မာနရှိတတ်၏။ ပညာတတ်လျှင် မိမိမပညာဖြင့် သင့်၊မသင့် တော် မတော် ချိန်ဆ၍ သူများအကျိုးလည်ဆောင်ကာ မိမိအကျိုးလည်း အောင်နိုင်သည်ကို ရည်မှန်းပြီး လူလောက ကောင်းကျိုးကိုသာ ထမ်းဆောင်သင့် ပါလျှက် ပညာကို အကြောင်းပြုကာ မာန်တက်နေမည်ဆိုပါလျှင် စင်စစ် ရှက်ဖွယ်ဖြစ်ပါသည်။ မိမိမှာ အကြောင်းမညီညွတ်၍ ပညာမသင်ကြားရသူများ အပေါ် မောက်မားဝါကြွား နေမည့်အစား သနားကြင်နာ ကရုဏာသက်၍ တစ်ဆင့်သင်ပြ ပေးသောအားဖြင့် ပညာမာန်ကို ချိုးနှိမ်သင့်ပါသည်။

ရုပ်ရည်အဆင်း လှပခြင်းကို အကြောင်းပြု၍ အလှမာန် တတ်တတ်ကြ၏၊။ တကယ်တော့ “ရုပ်ရေ အဆင်းလှပခြင်းကာ ၊ အိုမင်းနောက်ဆုံးရှိခြေ၏” ဆိုသည့်အတိုင်း အလှသည် ထာဝရ မဟုတ် “ တစ်နေ့နေ့ရယ်နဲ့ တရွေ့ရွေ့ ယွင်းယို ၊ နောက်ကိုတော့ ပြန်မပျိုသည် ၊ ရှေကိုသာ အိုမြဲ” ဖြစ်ပါ၏။ သို့ဖြစ်၍ ဒေါသကင်းစင် စိတ်ကြည်လင်၍ တခဏတာ လှပနေခြင်းအပေါ် အလှမာန်တက် မနေသင့် ကြပေ။

မာန်မာနကြီးသဖြင့် သာကီဝင်တွေ ထီကျိုးစည်းပေါင် နိုင်ငံပျောက် လူမျိုးပြုန်းခဲ့ရသည်ကိုသံဝေဂ ရသင့်ပါ၏။ ငါမာန်သည် လောကီလူသား မဆိုထားနှင့် ဈာန်အဘိညာဉ် တန်ခိုးရှင် အနုရုဒ္ဓါ ကိုယ် တော်မြတ်ကိုပင် အထက်မဂ်ရဖို့အရေးမှာ ငါမာန်ကာ အဆီးအတား အနှောက်အယှက် ဖြစ်ခဲ့သေး၏။ ငါဈာန်ရသည်၊ ငါအဘိညာဉ်ရသည် ဟုပြောရာ၌ပင် မာန်ပါသော “ငါ” ကိုဖြုတ်၍ ဆက်လက် အားထုတ်ရန် အရှင်သာရိပုတ္တရာ ဆွေးနွေးပြသည့်အတိုင်း ငါစွဲကင်း အားထုတ်မှ အထက်တရားကို ရရှိသွားခဲ့ပါသည်။

ငါ မာန်ကြီးသူအနေဖြင့် အရှင်သာရိပုတ္တရာ၏ ငါမာန်မရှိပုံကိုလည်း လေ့လာ ကြည်ညို အတုယူသင့်ပါ၏။ ရှင်သာရိပုတ္တရာသည်လက်ျာရံ ပထမအဂ္ဂသာဝက ဥာဏ် ပညာအကြီးဆုံး မြတ်စွာဘုရား၏ ညာလက်ရုံး တပည့်ကြီးဖြစ်တော်မူ၏။ သို့ပေမယ့် တစ်နေ့မှာ သင်္ကန်းစွန်း မညီညာ၍ ညွှန်ပြ လျှောက်ထားသော ခုနစ်နှစ်အရွယ် သာမဏေငယ်ကို ‘နောင်လည်း ခုလိုအဆင်မပြေတာမြင် တွေ့လျှင် ပြောဆိုညွှန်ပြပါရန် ပန်ကြား၍ သာမဏေ ငယ်လေးများကအစ ဘယ်သူဘဲဖြစ်ဖြစ် အပြစ် ကိုညွှန်ပြကာ ဆိုဆုံးမလျှင် ကျေးဇူးတင်ပါမည့် အကြောင်း ပြောဆိုလိုက်နာ ကျင့်သုံးသွားပါ၏။

ဘုရားရှင်ကိုလည်း အတုယူ အားကျသင့်ပါ၏။ ဘုရားရှင် ဘုရာဖြစ်ပြီးစအချိန်တွင် “ ဆရာမရှိဘဲ နေလျှင် မသင့်တော်ပေ ငါသိထားသည့် တရားဓမ္မကို ဆရာတင် အလေးအမြတ်ပြု၍ ငါနေမည်” ဟု တရားတော်ကို ဆရာတင်၍ တရားတော်အတိုင်း နေထိုင်ကျင့်သုံးသွားပါ၏။

အချုပ်ဆိုရသော် - ဓနရှင်၊ ပညာရှင်များအနေဖြင့်
တိုတောင်းလှသည့် ဘဝတသက်တာမှာ ဓနမာန် ၊ ပညာမာန်ဖြင့် ငါ..ငါ..ငါ..ဟု ငါစွဲဖြင့် အများအမြင်ကပ်အောင် ဝါကြွား နှလုံးလေပင့် ဘဝင်မြင့်သည့် စိတ်ထားမျိုးမထားဘဲ၊ မိမိ၏ဓန မိမိ၏ပညာများကို အများအကျိုးရှိအောင် ကျိုးစားသင့်ပေသည်။

ဆရာတော်ဦးနန္ဒသီရီ




Friday, December 28, 2012

အချစ်ဆိုတာ

 
 
တစ်ခါတုန်းက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကောင်လေးက ဆင်းရဲတဲ့မိသားစု က လာတဲ့အတွက် ကောင်မလေးမိဘတွေက သဘောမတူပါဘူး။ ဒါနဲ့ ကောင်လေးက ကောင်မလေးတင်မကဘူး၊ သူ့မိဘတွေ သဘောကျအောင် ပါ ကြိုးစားရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကောင်မလေးမိဘတွေက ဒီကောင်လေးဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ သူတို့သမီးလက်ကို ထာဝရဆုပ်ကိုင်ထားနိုင်မယ့်သူတစ်ယောက်ဖြစ်ကြောင်း သိသွားခဲ့ကြတယ်။
ဒါပေမယ့် ပြဿနာတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်လေးဟာ စစ်သားတစ်ယောက်ဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီးဖြစ်တော့မှာဖြစ်တဲ့
အတွက် စစ်တိုက်ရာဒေသကို တစ်နှစ်ပို့ဆောင်ခြင်း ခံခဲ့ရတယ်။ ကောင်လေး တာဝန်ကျရာဒေသကို မထွက် ခွာခင် တစ်ပတ်အလိုမှာ ကောင်လေးက ကောင်မလေးရှေ့မှာ ဒူးထောက်ပြီး ပြောခဲ့တယ်။
“နင်ငါ့ကို လက်ထပ်မလားဟင်” ကောင်မလေး မျက်ဝန်းကနေ မျက်ရည်တွေကျလာပြီး “အင်း”လို့ ပြန်ဖြေခဲ့တယ်။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ကြတယ်။ ကောင်လေး တစ်နှစ်ပြည့်ပြီး ပြန်လာတဲ့အခါ လက်ထပ် ကြမယ်လို့ သူတို့ကတိထားခဲ့ကြတယ် ။
ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင်ကျတဲ့ ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာခဲ့ရတယ်။ ကောင်လေးထွက်ခွာသွားပြီး ရက် အနည်းငယ်မှာပဲ ကောင်မလေးဟာ မတော်တဆယာဉ်တိုက်မှုဖြစ်ပွားခဲ့
တယ်။ ဦးခေါင်းပိုင်းမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ရတယ်။ သူမ ဆေးရုံပေါ်မှာ ပြန်သတိရလာတဲ့အခါ သူမအဖေနဲ့ အမေက ဘေးနားမှာ ငိုကြွေးနေတာကို တွေ့ခဲ့ရတဲ့အတွက် တစ်ခုခုတော့မှားနေပြီဆိုတာ ကောင်မလေး နားလည် လိုက်တယ်။
နောက်ပိုင်းမှာ သူမသိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာတချို့ပါ ထိခိုက်ခဲ့ရတယ်ဆိုတာပါပဲ။ သူမမျက်နှာက ကြွက်သားတွေကို ထိန်းချုပ်ထား တဲ့ တချို့သောဦးနှောက်အစိတ်အပိုင်း
တွေဟာ ပျက်စီးခဲ့ရတယ်။ သူမရဲ့ လှပချောမောတဲ့ မျက်နှာလေးဟာလည်း ရုပ်ဆိုးအကျည်းတန်ခဲ့ရတယ်။ သူမဟာ မှန်မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့တယ်။
“မနေ့က ငါဟာ ချောမောတဲ့ မိန်းကလေးတစ်ဦးပါပဲ၊ ဒီနေ့တော့ ငါဟာ သရဲတစ္ဆေတစ်ကောင်ဖြစ်သွားခဲ့ရတယ်
”လို့ပြောပြီး တချိန်လုံးငိုကြွေး နေခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်မှာ မြင်မကောင်းလောက်အောင် ဒဏ်ရာတွေက လည်း ပြည့်နှက်နေခဲ့တယ်။
အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ကောင်လေး ထားရှိ ခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်။ ကောင်မလေးက သူ့ချစ်သူကောင်လေးဟာ သူ့ကို လိုချင်တော့မှာမဟုတ်ဘူးလို့ တွေးပြီး ကောင်လေးကို တစ်သက်လုံးဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ် ခဲ့တယ်။
ဒီလိုနဲ့ ...
တစ်နှစ်အတွင်းမှာ ကောင်လေးက ကောင်မလေးဆီ စာတွေ အများကြီးရေးခဲ့တယ်။ ဒါပေမယ့် ကောင်မလေးက တစ်စောင်မှ ပြန်စာ မရေးခဲ့ဘူး။ ကောင်လေးက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ကောင်မလေးက ဖုန်းမကိုင်ခဲ့ဘူး။
တစ်နှစ်ပြည့်ပြီးတဲ့အခါ ကောင်မလေးအမေက ကောင်မလေး အိပ်ခန်းထဲလာပြီး ပြောခဲ့တယ်။ “သူ ... စစ်ပွဲကနေ ပြန်လာပြီ”
ကောင်မလေးက ထိတ်လန့်တကြား အော်ဟစ်ခဲ့တယ်။ “အား ... ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့အမေ။ ဒီမှာ ရှိနေ ကြောင်းလည်း မပြောပါနဲ့”
ကောင်မလေးအမေက ဆက်ပြောတယ်။ “သူ လက်ထပ်ပြီးပြီ”။ ပြီးတော့ လက်ထပ်ဖိတ်စာလေးကို ကောင်မလေးလက်ထဲ ထည့်ပေးခဲ့တယ်။
ကောင်မလေးရဲ့ နှလုံးသားဟာ ဟိုးနက်ရှိုင်းတဲ့ သဲပြင်အောက်ခြေ ထဲထိ နစ်ဝင်သွားခဲ့သလိုပါပဲ။ ကောင်မလေးသိလိုက်တာက သူမဟာ ကောင်လေးကိုချစ်နေတုန်းပဲ။ အခုထိ မေ့လို့မရသေးဘူး ဆိုတာကိုပါပဲ။ဝမ်းနည်းမှုတွေများ
စွာနဲ့ သူမဟာ လက်ထပ်ဖိတ်စာလေးကို ဖွင့်ခဲ့တယ်။သူမ ဖိတ်စာပေါ်မှာ မြင်လိုက်ရတာက သူမရဲ့ နာမည်ကိုပါပဲ။ အံ့သြသွားပြီး သူမေးခဲ့တယ်။
“ဟင် ... ဒါဘာလဲ”
တချိန်တည်းမှာပဲ ကောင်လေးဟာ သူမအခန်းထဲကို ပန်းစည်းလေး ကိုင်လို့ ၀င်လာခဲ့တယ် ။ သူဟာ ကောင်မလေးရှေ့မှာ ဒူးထောက်လိုက်ပြီး “နင်ငါ့ကို လက်ထပ်မလားဟင်” လို့ မေးခဲ့တယ်။
ကောင်မလေးက မျက်နှာကို လက်နဲ့အုပ်ပြီး “ငါ ရုပ်ဆိုးသွားပြီ” လို့ပြောခဲ့တယ်။
ကောင်လေးက ပြောတယ်။ “နင့်ရဲ့ခွင့်ပြုချက်မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓာတ်ပုံတွေပို့ခဲ့ပါတယ်။ ငါ နင့်ဓာတ်ပုံတွေ မြင်ပြီးတဲ့အခါ ငါနားလည်လိုက်တာက ဘာမှမပြောင်းလဲသွားဘူး ဆိုတာပါပဲ။ နင်ဟာ ငါအရမ်းချစ်တဲ့ သူတစ်ယောက်ဖြစ်နေတုန်းပါပဲ။ နင်ဟာ အမြဲ ထာဝရ လှနေတုန်းပါပဲ။ ဘာလို့လည်းဆိုတော့ ငါနင့်ကို ချစ်နေခဲ့လို့လေ။”
အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့အရာတစ်ခုပါပဲ။ သင်သာ သူ့ကိုချစ်နေမယ်ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ်။ သူဟာ အမြဲတမ်းမပြောင်းလဲဘဲ ရှိနေပါလိမ့်မယ်။
သက်တန့်ချို
Inline image 1           Inline image 2

Thursday, December 27, 2012

ဖန်တွတွများ




တစ်ခါတုန်းက အမတ်ကြီး တစ်ယောက်ဟာ မိဖုရားကြီး တစ်ပါးဆီကို အခစား ၀င်ရင်း 


 


 


မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွှေ့မှာ မမြင်သင့်တဲ့ အရာကို မြင်သွားတယ်တဲ့။ အဲဒီနေ့ကစပြီး


 


 


 အမတ်ကြီးက သူ့ရဲ့ အမတ် ကတော် ကြီးကို စိတ်မ၀င်စားတော့ ဘူးတဲ့။ စိတ်က မိဖုရားကြီး 


 


ဆီမှာပဲ ရောက် ရောက်နေတယ်တဲ့။ ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင် တထွေထွေနဲ့ ဖြစ်ပြီး 


 


ဘာအလုပ်မှလည်း ကောင်းကောင်းလုပ်လို့ မရတော့ဘူးတဲ့။ ကြာလာ တော့ အစားပျက် 


 


အအိပ်ပျက်ပါ ဖြစ်လာပြီး လူက ပိန်ချုံးလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။ မိဖုရားကြီး ကလည်း ပညာရှိပုံ ရတယ်။


 


ဒါ့ကြောင့် မိဖုရားကြီးက ရွှေခွက်ရယ်၊ ငွေခွက်ရယ်၊ ကြေးခွက်ရယ် ခွက် သုံးခွက်ထဲကို ပုန်းရည် 


 


အနည်းငယ် စီကို ထည့်ပြီး ခုံတစ်လုံးပေါ် တင်ထားလိုက်တယ်။ ပြီးတော့ အမတ်ကြီးကို 


 


အခစားဝင်ဖို့ ခေါ်လိုက်တယ်။

အမတ်ကြီး ရောက်လာတော့ ပထမဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်တယ်။ 


 


အမတ်ကြီး သောက်ပြီး သွားတော့ မိဖုရားကြီးက “ အမတ်ကြီး ဘယ်လိုနေလဲ" လို့ မေးတယ်။ 


 


အမတ်ကြီးက “ ဖန်တွတွပါ ဘုရား" လို့ ဖြေလိုက် တယ်တဲ့။

နောက် ဒုတိယ ငွေခွက်နဲ့ ထည့်ထားတဲ့ ပုန်းရည်ကို 


 


တိုက်လိုက် ပြန်တယ်တဲ့။ ပြီးတော့ ရှေးက မေးခွန်းအတိုင်း “ အမတ်ကြီး ဘယ်လိုနေလဲ ” လို့ မေးတယ်။ 


 


အမတ်ကြီး ကလည်း ရှေးက အဖြေအတိုင်းပဲ “ ဖန်တွတွပါ ဘုရား” လို့ ဖြေတယ်။

နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ ပုန်းရည်ကို တိုက်လိုက်ပြန်တယ်။ ရှေးက အတိုင်းပဲ “ အမတ်ကြီး 


 


ဘယ်လို နေလဲ” ပေါ့။ အမတ်ကြီးကလဲ ရှေးကအတိုင်းပဲ “ ဖန်တွတွပါဘုရား ” ပေါ့။ ခွက် သုံးခွက်နဲ့ 


 



ပုန်းရည် တိုက်ပြီး သွားတော့ ခေတ္တ ခဏတော့ အသံတွေ အပြုအမူတွေ တိတ်ဆိတ်သွားတယ်။

အမတ်ကြီး ကလည်း ခေါင်းကို ငုံ့ပြီး၊ မိဖုရားကြီး ဆီက ဘာဆက်မိန့်မယ်ဆိုတာ စောင့်နေတယ်။ 


 


မိဖုရားကြီး ကလည်း ရှေ့ဆက်ပြီး ပြောမယ့် စကားလုံး အတွက် စကားလုံး ရွေးချယ် နေပုံရတယ်၊ 


 


တအောင့်လောက် ကြာမှ မိဖုရားကြီးဆီက အသံ ထွက်လာတယ်။ “အမတ်ကြီးရယ် ပုန်းရည်ဆိုတာ


 


 ခွက်သာ ပြောင်းသွားတာ အရသာကတော့ ဖန်တွတွပါပဲ” တဲ့။

အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်း မာမာနဲ့ ပုံမှန်အလုပ်တွေကို ပြန်လုပ် သွားနိုင်တယ်တဲ့။ 



 


ပုဏ္ဏေးမကြီး ကိုလည်း စိတ်ပြန် ညွှတ်သွားပါသတဲ့။ ကိုယ်ပြောပြတဲ့ ပုံဝတ္ထုလေးက အလင်္ကာ သဘောအရ 


 


ဂါမ္မဒေါသများ သင့်နေ မလား မသိဘူး။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်လျှောက်လုံး မှာတော့ တော်တော် 


 


အသုံးဝင်ခဲ့တဲ့ ပုံဝတ္ထုလေးပဲ။

လူသားတွေ ရှိနေသရွေ့ စွဲမက်စရာ အာရုံသစ် တွေကတော့ ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။ အဲဒီ 


 


အာရုံသစ် တွေနဲ့အတူ လူတွေရဲ့ အလိုဆန္ဒ သစ်တွေကလည်း ဆင့်ကဲဆင့်ကဲ ပေါ်နေမှာပဲ။






ဘာပဲပြောပြောအာရုံသစ်နဲ့ အလို ဆန္ဒသစ် ကြားမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုခု မရှိခဲ့ရင် 


 


ကိုယ်တို့ဟာ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ အဖြစ်နဲ့ပဲ လောက ဇာတ်ခုံပေါ်မှာ တစ်သံသရာလုံး က, 


 


သွား ကြရလိမ့်မယ်။ အဓိက ကတော့ အလို ဆန္ဒသစ်ရဲ့ သားကောင်တွေ မဖြစ်ဖို့ဘဲ။

အာရုံ သစ်တွေနဲ့ အလို ဆန္ဒသစ် တွေရဲ့ ကြားထဲမှာ ဖြေဆည်ရာ နှလုံးသွင်း တစ်ခုအနေနဲ့ တစ်ထောင့်


 



 တစ်နေရာက အကျိုးပြုနေတော့မှာပါ။






ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)


ပေါ်ပြုလာဂျာနယ်
၂၄-၉-၂၀၀၂။

Wednesday, December 26, 2012

လီကွမ်ယု


စင်ကာပူနိုင်ငံ ချမ်းသာသောနိုင်ငံဖြစ်အောင်ဦးစီးဆောင်ရွက်ခဲ့သော လီကွမ်ယု-သည် လီမျိုးနွယ်ဝင်



ဟတ်ကာတရုတ်လူမျိုးမှ ဆင်းသက်လာသူဖြစ်သည်။ ၁၉၂၃-ခုနှစ် စက်တင်ဘာလ ၁၆-ရက်နေ့တွင်



စင်ကာပူ၌ မွေးဖွားခဲ့သည်။ လီကွမ်ယု၏ ဘိုးဘွားများသည် ၁၉-ရာစုနှောင်းပိုင်းမှစ၍ စင်ကာပူနိုင်ငံ၌



စတင်အခြေချ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော မျိုးနွယ်မှ ဆင်းသက်လာခဲ့သော 


 


လီကွမ်ယုသည် ထိုခေတ်က အထက်တန်းကျသည့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော 


 


စာသင်ကျောင်းများသို့တက်ရောက်သင်ယူနိုင်ခဲ့သည်။ မိသားစုတွင် အကြီးဆုံးသားဖြစ်၍ ခေါင်းဆောင် 


 


မှုနှင့် ဆုံးဖြတ်နိုင်မှု စွမ်းရည်ကို ငယ်စဉ်ကာလမှပင် အလေ့အကျင့်ရရှိခဲ့သည်။ လီကွမ်ယု၏ ကြိုးစားမှုနှင့် 


 


မိဘများ၏ ကြပ်မတ်မှုကြောင့်၁၉၃၅-ခုနှစ်တွင် မူလတန်းကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ပြီး 


 


စင်ကာပူတွင် နာမည်အကြီးဆုံး ရာဖေးလ် အထက်တန်းကျောင်းသို့ ၀င်ခွင့်ရခဲ့သည်။ လီကွမ်ယုသည် 


 


ရာဖေးလ်ကျောင်းတွင် ပညာထူးချွန်သောကြောင့် စကောလားရှစ်ထောက်ပံ့ကြေး ရခဲ့သည့်အပြင် 


 


၁၉၄၀-ပြည့်နှစ်တွင် ကင်းဘရစ် အထက်တန်းစာမေးပွဲကို စင်ကာပူနှင့် မလေးရှားနယ်မြေတခုလုံး၌ 


 


ပထမစွဲ၍ အောင်မြင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း၌ စင်ကာပူရှိ ရာဖေးလ်ကောလိပ်မှာပင် ဆက်တက်ခဲ့သည်။ ဂျပန်ခေတ်တွင်
တရုတ်စာနှင့် ဂျပန်စာဘက်သို့ ဦးလှည့်သင်ကြားခဲ့သည်။ ထို့နောက် ဂျပန်ထောက်ပံ့ရေးဌာနတွင် စာရေးဝင်လုပ်ခဲ့သည်။
၁၉၄၃-ခုနှစ်တွင် ဂျပန်သတင်းဖြန့်ချိရေးဌာန၌ အင်္ဂလိပ်ပိုင်း အယ်ဒီတာအဖြစ် အလုပ်ရခဲ့သည်။

လီကွမ်ယုသည် ဒုတိယကမ္ဘာစစ်အတွင်း လမ်းဘေးပွဲစား၊ ကပ်စေးနှဲ မုန့်ပဲသရေစာရောင်းသူ စသည့် 


 


ကြုံရာအလုပ်များဖြင့်လည်း ၀မ်းရေးကို တဖက်က ဖြေရှင်းခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရှိစုမဲ့စု 


 


ရှာဖွေစုဆောင်း ထားသောငွေဖြင့် လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေစဉ် ဆိုရှယ်လစ်ဝါဒကို 


 


စိတ်ဝင်စားကာ လေ့လာခဲ့သည်။ လူဖြူအင်္ဂလိပ်တို့၏ လူမျိုးခွဲခြားမှုနှင့် ကိုလိုနီဝါဒ ကျင့်သုံးမှုများကို 


 


ကိုယ်တွေ့မျက်မြင်ခံစားခဲ့ရသည့်အတွက် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များလည်း 


 


ကိန်းအောင်းလာခဲ့သည်။

၁၉၄၇-ခုနှစ်တွင် ဘုရင်မ၏ ပညာသင်ဆုဖြင့် လန်ဒန်သို့ရောက်လာခဲ့သော မစ်(ခ်) ချူးနှင့် 


 


လျှို့ဝှက်လက်ထပ်ခဲ့သည်။ လန်ဒန်တွင် ၄-နှစ်ခန့် ပညာသင်ခဲ့စဉ်အတွင်း ဘ၀တူလက်ဝဲယိမ်း


 


 စင်ကာပူ-မလေး ကျောင်းသားများနှင့် ဆက်သွယ်စည်းရုံးခဲ့ရာမှ ဗြိတိသျှအစိုးရ၏ သင်္ကာမကင်းဖြစ်မှုကို


 


 ခံခဲ့ရသည်။

၁၉၅၀-ပြည့်နှစ်တွင် စင်ကာပူသို့ ပြန်လည်ရောက်ရှိလာပြီး ၀တ်လုံအဖြစ် ဆောင်ရွက်လျက် 


 


တခြားဘက်မှလည်း ဗြိတိသျှလက်အောက်မှ စင်ကာပူ လွတ်မြောက်ရေး နိုင်ငံရေးလှုပ်ရှားမှုများကို


 






ု စတင်ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှဆန့်ကျင်ရေး သပိတ်များ၌ အလုပ်သမားခေါင်းဆောင်အဖြစ် 


 


ပါဝင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ပြည်သူ့လှုပ်ရှားမှုပါတီ (People's Action Party-PAP) ကို 


 


စတင်တည်ထောင်ခဲ့သည်။ PAP သည် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် ပိုမိုတိုးချဲ့လာသည့် 


 


ဥပဒေပြုကောင်စီ၌ အဓိကအတိုက်အခံပါတီ ဖြစ်လာသည်။

၁၉၅၉-ခုနှစ်၌ စင်ကာပူတိုက်ပိုင် အုပ်ချုပ်ခွင့် ရရှိလာသောအခါ အာဏာရပါတီ ဖြစ်လာသည်။ 


 


လီကွမ်ယုမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စင်ကာပူပြည်နယ်၏ ၀န်ကြီးချုပ်ဖြစ်လာသည်။ ၁၉၆၅-ခု 


 


သြဂုတ်လ ၉-ရက်နေ့တွင် မလေးပြည်ထောင်စုမှ စင်ကာပူကို ခွဲထွက်၍ လွတ်လပ်သောနိုင်ငံအဖြစ် 


 


ထူထောင်ကာ လီကွမ်ယုသည် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူပြီး စင်ကာပူကို ချမ်းသာသောနိုင်ငံဖြစ်အောင်


 






 ကြိုးစားခဲ့သည်။

စင်ကာပူနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်ပါဝင်သော နိုင်ငံဖြစ်ပြီး စတုရန်းမိုင် ၁၇၃-မိုင် 


 


ကျယ်ဝန်းသည်။ ၂၀၀၈-ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၄၈၃၉၄၀၀-ခန့်ရှိသည်။ လီကွမ်ယု 


 


၁၉၅၉-စင်ကာပူဒေသ၌ ၀န်ကြီးချုပ် ဖြစ်လာချိန်ဝယ် အသက် ၃၆-နှစ်သာ ရှိသေး၏။ သို့ရာတွင် 


 


အရွယ်နှင့်မမျှအောင်ပင် ကြီးမား၍ အန္တရာယ်များလှသောတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။ 


 


ကွန်မြူနစ်တို့၏ မြေအောက်လှုပ်ရှားမှုနှင့် အလုပ်သမားသပိတ်မှောက်မှုများ၊ အကြမ်းဖက် 


 


အဓိကရုဏ်များ၊ 


 


PAP ပါတီမှာ ခွဲထွက်မှုစသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် စီးပွားရေးနိမ့်ကျမှု၊


 


 ဘဏ္ဍာရေးလိုငွေများပြားမှု 


 


စသည့် စီးပွားရေးပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ထိုအခြေအနေ၌လီကွမ်ယုသည် နိုင်ငံရေး၊ 


 


စီးပွားရေး၊ လူမှုရေး စသည်တို့ ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် အပြင်းအထန် 


 


ကြိုးပမ်းခဲ့သည်။

ဝန်ကြီးချုပ် လီကွမ်ယုသည် ပြည်သူလူထုအတွက် အလုပ်အကိုင်တည်ငြိမ်မှုနှင့် စားဝတ်နေရေး 


 


 အဆင်ပြေမှုကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖန်တီးသကဲ့သို့ ပြည်သူများ 


 


စည်းကမ်းစနစ်တကျ နေထိုင်ရေးကိုလည်း ကြပ်မတ်ထားသည်။ လမ်းပေါ်တွင် အမှိုက်ပစ်ခြင်းမှ 


 


အများသုံးအိမ်သာတွင် သုံးပြီးနောက် သန့်ရှင်းရေးအတွက် ရေဆွဲမချသွားသည်အထိ 


 


ဒဏ်ရိုက်အပြစ်ပေးသည်။ ထို့ကြောင့် စင်ကာပူသည် ကမ္ဘာတွင် အသန့်ရှင်းဆုံးနှင့်


 


စည်းကမ်းအရှိဆုံး မြို့တော်ဖြစ်နေသည်။ မြို့တော်သန့်ရှင်းမှု မထိခိုက်စေရန် ပီကေနှင့် ကွမ်းစားခြင်းကိုပင်


 


 ကန့်သတ်တားမြစ်ထားသည်။ တဖက်တွင် ၀န်ထမ်းများ အဂတိလိုက်စားမှုမရှိစေရန် စည်းကမ်းတင်းကျပ် 


 


ထားသကဲ့သို့ လာဘ်စားဖို့မလိုအောင်လည်း လုပ်ခလစာများ လုံလုံလောက်လောက် ပေးထားသည်။


 


ဝန်ကြီးချုပ် လီကွမ်ယု၏ လစာမှာ အမေရိကန်သမ္မတ၏ လစာထက်ပင် များသည်ဟု ဆိုသည်။

စင်ကာပူနိုင်ငံ၏ စီးပွားရေးတည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးနေခြင်းမှာနိုင်ငံရေးတည်ငြိမ်မှု၏ 


 


အကျိုးဆက်ကြောင့် လည်း ဖြစ်သည်။ စင်ကာပူတွင် ၁၉၅၉-ခုနှစ်၌ လီကွမ်ယု တည်ထောင်ခဲ့သော PAP 


 


ပါတီကသာ အာဏာရရှိနေသည်။ နိုင်ငံရေးအရ အစဉ်တစိုက် စည်းလုံးညီညွတ်မှုရရှိရေးကိုအထူး


 




အလေးထားသည်။ ခြုံ၍ သုံးသပ်ရလျှင် စင်ကာပူနိုင်ငံ၏ အံ့ဘနန်းတိုးတက်အောင်မြင်မှုများတွင် 


 


စင်ကာပူနိုင်ငံ၏ ဖခင်ကြီးဟု ဆိုင်နိုင်သော ၀န်ကြီးချုပ်ဟောင်း ၀ါရင့်ဝန်ကြီး လီကွမ်ယု၏ အမြော်အမြင် 


 


ကြီးမှု၊ ဇွဲလုံ့လထက်သန်မှု၊ စည်းကမ်းစနစ်ကြီးမှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် အတွေ့အကြုံ 


 


ရင့်ကျက်မှုစသော အဖိုးမဖြတ်နိုင်သည့် ခေါင်းဆောင်မှုအရည်အသွေးများက 


 


အရေးပါသောအကြောင်းရင်း 


 


တရပ်အဖြစ် ပါဝင်နေသည်ကား မည်သို့မျှ မငြင်းနိုင်သော အချက်ပင် ဖြစ်ပါသည်။

ကိုးကား

ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)