ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, August 26, 2012

မေတ္တာသည်သာခွန်အား


မေတ္တာသည်သာ ခွန်အား

ဗယ်တီမိုးမှ ကျောင်းသားများ
တစ်ခါက ကောလိပ်မှ ပါမောက္ခတစ်ဦးသည် အမေရိကန်နိုင်ငံ၊ ဗယ်တီမိုး
ပျံကျရပ်ကွက်က လူငယ်(၂၀၀)ဒ၏ ကိုယ်ရေးရာဇ၀င်များကို အမှတ်တမဲ့
စုဆောင်းထားခဲ့ပါသည်။ နောင်အနှစ် (၂၀)ကြာတဲ့ အခါ ဒီကလေးတွေ
ဘယ်အခြေအနေရှိလဲ ဆိုတာ ထို ပါမောက္ခကြီးက စုံစမ်းရာမှာ ကျောင်းသား(၂၀)က
ကွယ်လွန်သွားကြပြီး ကျန်တဲ့ လူငယ် (၁၈၀)ထဲက (၁၇၆)ယောက်သည်
အမေရိကန်နိုင်ငံတွင် သာမန်ထက် ပိုထင်ရှားသော…ဥပဒေ ပညာရှင်များ၊
ဆရာဝန်များ၊ စီးပွားေ၇းသမားများ၊ သတင်းစာဆရာများ၊
စစ်ရေးစစ်ရာတာဝန်ယူရသူများ၊ နိုင်ငံအကြီးအကဲများ ဖြစ်နေတာကို တွေ့ရလေ၏။
ထိုကြောင့် ယင်းပါမောက္ခကြီးသည် အံ့သြလွန်းတာနှင့် ဆက်စုံစမ်းမှုပြုခဲ့ရာ
တိတိကျကျ အဖြေတစ်စုံတစ်ရာ မရဘဲ ရှိနေခဲ့သည်။ ထိုအခါ ထိုကျောင်းက
ဆရာမကြီးတစ်ယောက်ရှိသေးတာနှင့် ဆက်၍ စုံစမ်းရာ (၁၇၆)ယောက်လုံွးသည်
ဆရာမကြီး၏ တပည့်တွေဖြစ်နေတာကို တွေ့ရသည်။ ထိုအခါပါမောက္ခကြီးက
အားလုံးထူးချွန်အောင် ဘယ်လိုသင်ခဲ့ ပါသလဲ၊ ခင်ဗျား သင်နည်းစနစ်ကို
သိပါရစေ ဟုဆိုတော့ ဆရာမကြီးက “အို…ကျွန်မ သင်ခဲ့တာ သင်နည်းစနစ်တွေနဲ့
အထူးသင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်မကလည်း ဆရာဖြစ်သင်တန်းအောင်လို့
ဆရာဖြစ်ခဲ့တာ မဟုတ်ဘူး။ ဆရာရှားပါးနေချိန်မှာ ဆွဲခန့် ထားတဲ့ ဆွဲခန်
့ဆရာမပါ” ဟု ပြောကြားရာ ပါမောက္ခကြီးက “ဆရာမကြီး တစ်စုံ တစ်ခုတော့
ရှိမှာပါ။ ဆရာမကြီး ပြန်စဉ်းစားပါဦး၊ ဒီကိစ္စက အေ၇းကြီးလွန်းလို့ပါ” ဟု
ဆိုတော့ ဆရာမကြီးက “ဟုတ်ကဲ့၊  တခုတော့ရှိတယ်၊ ကျွန်မက ကလေးတွေကို
ချစ်တယ်၊ ကျွန်မက သူတို့ကို ချစ်ခြင်းမေတ္တာနဲ့ စာသင်ပေးတာ။ ဒါကြောင့်
ကလေးတွေက ကျွန်မကို ဆရာမကြီးလို့တောင် မခေါ်ဘူး၊ အမေလို့ဘဲ ခေါ်ကြတယ်”
ဟုပြန်ပြောကြောင်း သိခဲ့ရပါ၏။
ဒါက ဘာကိုပြောသလဲဆိုတော့ ဆရာဆိုတာ သင်ကြားရုံသက်သက်မဟုတ်ဘဲ မေတ္တာနဲ့
စေတနာနဲ့ သင်ကြားရင် ဆရာဖြစ်သင်တန်းတောင် မလိုဘဲ လိုရာကို ဖန်တီးနိုင်တယ်
ဟူသည့် အဓိပ္ပါယ် ဖြစ်ပါ၏။
------------------------------
--------------------------------------------------------------------------------

ခွန်အားလိုနေသော အယ်ဒီ
တစ်ခါက အယ်ဒီ ဆိုသော ကလေးတစ်ယောက်ရှိသည်။ သူ့အမေက
သူ့သားစာတွေမလိုက်နိုင်လို့၊ ကျောင်းစာညံ့လို့ အမြဲစိတ်ညစ်ရတယ်။
သားဖြစ်သူစာလိုက်နိုင်အောင် ဆိုပြီး အယ်ဒီကို ကိုယ်တိုင်
စာသင်ကြားပေးသည်။ သို့သော်လည်း အယ်ဒီက စာမတတ်။
ထိုကြောင့် အမေက သူ့ခင်ပွန်းကို “ကလေးစာညံ့တာဟာ ရှင့်ဘက်က အမျိုးတွေဆီက
စာညံ့တာတွေ ပါလာလို့ ရှိမှုာ။ ရှင်ကိုယ်တိုင် ကလည်း ကလေးကို စာသင်”
ဆိုပြီး သင်ခိုင်းတယ်။ အဖေဖြစ်သူက အယ်ဒီကို စာသင်ပေးရှာသည်။
သို့သော် အယ်ဒီက တိုးတက်မှုမရှိ။ ဒုံရင်းဒုံရင်းပဲ ဖြစ်သည်။ ထို့ကြောင့်
အဖေက “ငါသင်လို့တော့ အယ်ဒီ စာတတ်မှာ မဟုတ်ပါဘူးကွာ” ဟု ဆို၏။
သို့သော်လည်း စိတ်မလျှော့ဘဲ စနေ၊တနင်္ဂနွေများတွင် သားအတွက်
ဆရာမတစ်ယောက်ငှားပြီး စာသင်ကြား၏၊ မရပါ။
သည်တော့ အယ်ဒီအမေက “ ကျွန်မသိပြီ၊ တစ်နေ့က ဖတ်ရတဲ့ စာအုပ်တစ်အုပ်ထဲမှာ
ပင်လယ်ငါးဟာ ဥာဏ်ရည် ဥာဏ်သွေးကို ထက်မြက်စေတယ် လို့ ရေးထားတယ် ”ဟုဆိုကာ
အယ်ဒီအား ပင်လယ်ငါးကျွေးမယ်ဆိုပြီးလည်း ကျွေးပါရဲ့။ ဒါပေမယ့် ဥာဏ်ရည်
ဥာဏ်သွေးက တက်မလာဘဲရှိတယ်။ တချို့စာအုပ်တွေက ကလေးဥာဏ်ရည်
ဥာဏ်သွေးတက်စေလိုလျှင် ကလေးကို စိတ်ညစ်အောင်မလုပ်ရဘူး လို့ဆိုတာနှင့်
အမေလည်း မဆိုရက်၊ မပြောရက်နဲ့ အရိပ်တကြည့်ကြည့်ထား၏။ အယ်ဒီကစားဖို့
ဆိုပြီး သီးသန့်အခန်းလေးပင် လုပ်ပေးသည်။
သို့သော် အယ်ဒီသည် အဋ္ဌမတန်းရောက်သောအခါ အယ်ဒီ၏ဥာဏ်ရည်ဥာဏ်သွေးသည် သိသိသာသာ
တိုးတက်လာခဲ့၏။ အယ်ဒီအမေနှင့် အဖေကလည်း ၀မ်းသာသည်။ သူတို့သားလေး
ဥာဏ်ရည်တက်လာကြောင်းအရပ်ထဲမှာ ပြောကြားကြ၏။
အယ်ဒီက အဋ္ဌမတန်းတွင် စာလည်းပိုကျက်လာသည်။ ကျောင်းစာအုပ်နဲ့လည်း
ပိုပြီးပျော်ပိုက်လာသည်။ ဥာဏ်ရည်လည်း ပိုတိုးတက်လာသသည်ကို တွေ့ရ၏။ ဒီတော့
အမေက… “အယ်ဒီ၊ မင်းစာလည်း ပိုကျက်မှတ်လာတယ်။ ဥာဏ်ရည်လည်းတက်လာတယ်၊
ဘာဖြစ်လို့လဲ” မေးတော့ အယ်ဒီက “ အမေ၊ အခုသားတို့ ခြောက်တန်းကို
ပြောင်းလာတဲ့ ဆရာအသစ်က သားကိုချစ်တယ်။ ဆရာက ကျောင်းဆင်းရင် သားပခုံးကို
ပုတ်ပြီး အယ်ဒီ မင်းစာကျက်နော်” လို့အမြဲပြောတယ.်။ ဆရာလေးက သားပခုံးကို
အဲသလိုပုတ်ပြီးပြောတိုင်း သားစိတ်ထဲမှာ စာကျက်ချင်တဲ့ စိတ်တွေ
တိုးတက်လာတယ်.။ နောက်ပြီးတော့ သားဆရာက သားလို လည်းချစ်တယ်” ဟုဆိုပါသည်။
“မင်းကို ခြောက်တန်းဆရာက ချစ်တယ် ဆိုတာ သားက ဘယ်လိုလုပ်သိတာလဲ” ဟု
အယ်ဒီအမေက သွေးတိုးစမ်းပြီး မေးကြည့်သည်။ ထိုအခါ အယ်ဒီက ….
“အို..အမေကလည်း ဆရာက သူ့အနီးကြည့် မျက်မှန်ကို မပြီး ကျွန်တော့ကို
လှမ်းလှမ်းကြည့်တတ်တယ် အမေရဲ့”ဟု ဆိုပါ၏။
ဆရာဆိုသည်မှာ စုန်းကဝေများလို တပည့်များအပေါ် ပြုစားနိုင်လောက်အောင်
သြဇာကြီးမားသည်။ ဆရာက သူ၏ အနီးကြည့်မျက်မှန်ကိုမပြီး
လှမ်းကြည့်လိုက်သောအကြည့်ကပင်လျှင် အယ်ဒီ၏ ဥာဏ်ရည် ဥာဏ်သွေးကို ပို၍
ထက်မြက်လာစေခဲ့၏။ ဆရာတို့၏ တပည့်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် တပည့်၏
ဘ၀ကို ပြောင်းလဲစေနိုင်သည်။ အယ်ဒီဘ၀ကို ပြောင်းလဲစေနိုင်သည့် ဆရာသည်
တပည့်၏ ဘ၀ကို ညှို့ ယူပြောင်းလဲလို့ရပါက သင်ကြားမှူသက်သက်ဖြင့်ကားမရ၊
ဆရာ၏ ချစ်ခြင်းမေတ္တာနှင့် စေတနာပါ လိုအပ်သည်။

(ချစ်စံဝင်း၏ “မြန်မာကျောင်းဆရာ” စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်)

Friday, August 24, 2012

ထိုအပြုံး


ပြင်သစ်စာရေးဆရာအန်တွိုင်းဆန်တက်ဇူပေရီ၏ “မင်းသားလေး”( The Little Prince) ၀တ္ထုကိုစာသမားတော်တော်များများသိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင် တစ်ပုဒ်ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသောစာအုပ် တစ်အုပ်လည်းဖြစ်ကြောင်းဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။
“မင်းသားလေး” ကိုသိသော်လည်းဆန်တက်ဆူပေရီ၏ အခြားဝတ္ထုတို-ရှည်များကိုကားသိသူနည်းလှပါသည်။ ဆန်တက်ဆူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက်ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့နှင့်တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကလည်းသူသည် စပိန်ပြည်တွင်းစစ်တွင် ဖက်ဆစ်များအားဆန့်ကျင်သည့်ဘက်က ၀င်ေ၇ာက်တိုက်ခိုက်ခဲ့ပြီးယင်းစစ်ပွဲကာလသူ့အတွေ့အကြုံတစ်ရပ်ကိုမူတည် ၍ “ထိုအပြုံး”(the smile)အမည်ရှိ ၀တ္ထုတစ်ပုဒ်ေ၇းခဲ့သည်။၎င်းဝတ္ထုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ “ထိုအပြုံး”ကိုသူသည် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့်ေ၇းသည်လား၊ ၀တ္ထုတစ်ပုဒ်အဖြစ် ဖန်တီင်္းခဲ့ခြင်းလား ကျွန်တော် မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော်ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဇူပေရီက…
သူ့အားရန်သူတို့ဖမ်းမိသွားပြီးအချုပ်ခန်းတစ်ခုထဲထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်သူတို့၏ စက်ဆုပ်မုန်းတီးပုံ၇သောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပုံများအရနောက်နေ့မျာတော့ သူ့အားသတ်မှာမုချ ဟုသူယူဆခဲ့ကြောင်းရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြောပါမည်။ “ငါ့ကိုသတ်တော့မှာမုချဟု ကျွန်တော်သိနေပြီ။ လူကအကြီးအကျယ်တုန်လှုပ်ချောက်ချားကာခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲလျောက်နိုက်ကာစီးကရက် တစ်လိပ်တလေများသူတို့ရှာတုန်းကမတွေ့ဘဲကျန်ရစ်လေမည်လားဟုစမ်းကြည့်မိသည်။ ကံအားလျော်စွာတစ်လိပ်ရသည်။ သို့သော် လက်တွေအကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာတပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ယူသွားသဖြင့် မရှိတော့။
“ကျွန်တော့အားစောင့်ကြပ်နေသူကိုသံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူကကျွန်တော်နှင့် မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးချင်းဆိုင်ချင်မည်လဲ။ “မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ” ကျွန်တော် လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကိုလှမ်းကြည့်ပြီးပခုံးတစ်ချက်တွန့်ကာစီးကရက်မီးညှိပေးရန် လျှောက်လာသည်။
သူအနားကပ်ပြီးမီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်ုသည်။ ဘာကြောင့်ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော်စိတ်ဂနာမငြိမ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့် တစ်ယောက် အဲသည်လောက် နီးကပ်နေသည့် အခါမျိုးမှာ ပြုံးမပြဘဲမနေနိုင်တာလားမပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲသည် အခိုက်အတန့်မှာသူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား၊ တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိလိုက်သည့်အခါမှာ ဖြစ်သလိုမီးပွားတစ်ခုခုန်ကုးသွားသည်ဟုထင်လိုက်ရသည်။ သူ့မှာနဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးကသံတိုင်များကြားမှနေ၍ သူ့ထံခုန်ကူးသွားပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌ လည်းအပြုံးတစ်ခုပေါ်လာသည်။ သူက ကျွန်တော့်စီးကရက်ကိုမီးညှိပေးပြီးနောက် အနားမှ ခွာ၍မသွားသေးဘဲ ကျွန်တော့်မျက်လုံးများကိုစူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
ကျွန်တော်လည်းသူ့ကိုဆက်၍ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့်တစ်ယောက်မဟုတ်တော့၊ သူ့ကိုလူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ။ ကျွန်တော့်ကိုသူကြည့ှ်ရှုနေပုံ၌လည်းအဓိပ္ပယ်သစ်တွေပါလာပြီ။ “ခင်ဗျားမှာသားသမီးရှိလား” သူကမေးသည်။
“ရှိပါတယ် ခင်ဗျ၊ ဟောဒီမှာဟောဒီမှာ”
ကျွန်တော် ပျာပျာသလဲပိုက်ဆံအိတ်ကိုဖွင့်ကာ ကျွန်တော့်မိသားစုဓါတ်ပုံကိုထုတ်ယူပြီးသူ့အားပြသည်။ သူလည်းသူ့ကလေးများဓါတ်ပုံတွေ ထုတ်လာကာသည်ကလေးတွေနှင့် ပတ်သတ်ပြီးသု့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည်များကိုပြောပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာမျက်ရည်တွေအိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာစိုးရိမ်ထိတ်လန့်လှကြောင်း၊ သည်ကလေးတွေကြီးပြင်းအောင် စောင့်ေ၇ှာက်နိုင်ခွင့်မရှိတော့မှာပူပန်နေသည့်အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေကိုနားထောင်ရင်းသူ့မျက်လုံးမှာလည်း မျက်ရည်တွေရစ်ဝဲလာသည်။
သည့်နောက်မူဘာစကားတစ်ခွန်းမျှမပြောဘဲသူကရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကိုဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်အပြင်ဘက်ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြားတိတ်တဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်နားရောက်သည့်အခါ ကျွန်တော့်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက်  နှုတ်ဆက်စကားတွေဘာတွေလည်းပြောမနေတော့ဘဲ မြို့ဘက်ဆီသူပြန်လှည့်သွားသည်။
“ကျွန်တော့်အသက်ကိုအပြုံးတစ်ခုကကယ်ဆယ်လိုက်ခြင်းပေတည်း။”
မှန်သည်။ ဟန်ဆောင်မှူကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကိုသဘာဝအပြုံး(သို့မဟုတ်) လူနှစ်ဦးအကြားအရိုးသားအပွင့်လင်းဆုံးပေါင်းကူးဆက်သွယ်မှု။
Inline image 3
ဆန်တက်ဇူပေရီ၏ သည်ဝတ္ထုလေးကိုအလုပ်ခွင်မျာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်တွေမှာဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူး၊ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများကဘယ်လိုမြင်စေချင်သည် ဟူသောကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာအထပ်ထပ်ဖုံးကာကိုယ့်ကိုကိုယ် ကွယ်ကာထားကြသည်.။ သို့သော် ဘာတွေဘယ်လိုဖုံးဖုံးအောက်ဆုံးမှာတော့ တကယ့်လူပုဂ္ဂိုလ် အစစ်အမှန်ကရှိနေသည်ဆိုတာသိကြမြင်ကြစေလို၍ ပဲဖြစ်သည်။
အဲသည် အတွင်းပိုင်းအနက်ရှိုင်းထဲကအရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုက်ပါမည်။ ကျွန်တော့်ကိုယ်တွင်းကအဲသည် ၀ိညာဉ်ဟုပဲ ကျွန်တော်အမည်ပေးလိုက်သောအစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းကအလားတူအစိတ်အပိုင်းတို့ အပြန်အလှန်သိကျွမ်းသွားကြပြီဆိုလျှင် ကျွန်တော်တို့ ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကိုတစ်ယောက် မမုန်းတီးနိင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်းမရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်ပတ်လုံး ကြိုးစားတည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ်ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အစစ်အမှန်မတွေ့ဆုံနိုင်ကြဘဲရှိနေသည်။ ဆန်တက်ဇူပေရီ၏ ၀တ္ထုက ၀ိညာဉ်နှစ်ခု အပြန်အလှန် တွေ့ထိသိမြင်သွားကြသည့် ထူးခြားသောအခိုက်အတန့်လေးအကြောင်းရေးဖွဲ့ထားခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်းအဲသည်လိုအခိုက်အတန့်လေးတချို့တော့ ကြုံဖူးပါသည်။ ဥပမာတစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကိုရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုးဆိုပ်ါစို့။
နို့စို့အရွယ်ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်းအလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကိုတွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးပြမိတတ်ကြသလဲ။
အပေါ်ယံလွှာတစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူတစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။  သူ၏အပြုံးဟန်ဆောင်မှူအကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံးအပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူအချင်းချင်းသိကျွမ်းခင်မင်ကာနှစ်လိုအားရစွာပြုံးလိုက်မိခြင်းလား…။

ဖေမြင့်
မူရင်း။    ။Hanoch McCarty ၏ The Smile

--

နော်--- ဖေဖေ နော်



ဆန်းတော့ဆန်းသည်။ ကိုယ့်ဘ၀မှာ တန်ဖိုးအထားရဆုံး အရာတွေ
ပျက်သုန်းပျောက်ကွယ်ပြီး တစ်ကိုယ်တည်း ကြေကွဲကျန်ရစ်သည့်အခါမျိုးမှာ
ကျွန်တော်တို့ မြင်ယောင်တမ်းတမိသော အရာတွေသည် ထူးခြားလှပါသည်။
နှစ်ပေါင်းများစွာစီမံကိန်းချ ဆောင်ရွက်လာခဲ့သည့်အရာများ၊
မျော်လင့်ချက်တွေဖြင့် အားထုတ်ကြိုးပမ်းခဲ့သည်များစသည်

ကြီးကျယ်သောအရာတွေ ကျွန်တော်တို့အမှတ်မရ။ သေးသေးမွှားမွှားဟုထင်ရသောအရာတွေ၊
တစ်ချိန်က ဂရုမထားမိခဲ့သည့် ဖြစ်ရပ်ကလေးတွေက ရုတ်တရက် အမှတ်တရဖြစ်လာသည်။
မိမိလက်ကို အသာအယာ ဆုပ်ကိုင်သွားတာလေး အဲသည်တုန်းက အလုပ်များနေသဖြင့်
အမှတ်တမဲ့နေလိုက်မိတာ။ မိမိအား မျှော်လင့်အားထားသံနှင့်ပြောသွားသော
စကားတစ်ခွန်း အဲသည်တုန်းက ဂရုတစိုက်နားမထောင်လိုက်မိတာစတာလေးတွေ။
သည်သဘောကို လောလောဆယ် ဂျွန်ကာမိုဒီ တွေ့ရှိနေရသည်။ အဂါင်္နေ့
နေ့လယ်ပိုင်းအချိန် သူ့အိမ်ခန်းပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လျှင်
အပြင်မှာ လူတွေပေါ့ပေါ့ပါးပါး  သွားလာလှုပ်ရှားနေကြတာ မြင်နေရသည့်အချိန်။
သူကဆုံးရှူံးသွားခဲ့ပြီဖြစ်သည့် အလွန်အရေးကြီးသောအရာတွေအကြောင်း
 ခေါင်းထဲထည့်ရန် ကြိုးစားနေသည်။ မျှော်မှန်းချက်တွေဖြင့်
နှစ်ပေါင်းများစွာ ချမှတ်လာခဲ့သည့် စီမံကိန်းများ။ သို့သော်
ဘယ်လောက်ကြိုးစားသော်လည်း အဲသည်အရာတွေကခေါင်းထဲတွင် ပီပီပြင်ပြင်ထင်မလာ။
သူ့တို့ဆီမှာ အာရုံစူးစိုက်လို့မရ။
သူ့အာရုံထဲဝယ် အဲသည်အရာတွေသည် ကြီးမားကျယ်ဝန်းသလောက် ပီသခြင်းမရှိသည့်
နောက်ခံကားချပ်သဖွယ်သာရှိနေသည်။ လောလောဆယ် သူထူးထူးခြားခြား အမှတ်ရနေသည်က
သေးသေးမွှားမွှားအရာတစ်ခု။ သူထားရှိခဲ့သည့် ကြီးမားသောမေတာ ။
နှစ်ပေါင်းများစွာ သူရည်စူးလာခဲ့သည့် သူ့အစီအစဉ်များ၊
သူပြင်ဆင်ထားရှိခဲ့မူ့များနှင့် နှိုင်းယှဉ်က ဘာမှပြောပလောက်စရာမရှိသည့်
အရာလေးတစ်ခု။
အဲဒါက စကားလေးတစ်ခွန်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပတ် သို့မဟုတ်
သုံးပတ်လောက်က တစ်ခုသောညချမ်းမှာ သမီးငယ်လေး သူ့အား ပြောခဲ့သည့်စကား။
ဒါသည်လည်း စဉ်းစားကြည့်မည်ဆိုလျှင်တော့ ထူးခြားလွန်းလှသည်မဟုတ်။
ကလေးတွေပြောတတ်သည့် စကားလေးတစ်ခွန်းသာပဲဖြစ်သည်။ သို့သော် ယခုတော့
အဲသည်စကားလေးသည် သူ့နားထဲကမထွက်နိုင်။
အဲသည်ညကျမှ သူက အစုရှယ်ရာရှင်များသို့တင်ပြရန်
နှစ်ပတ်လည်အစီရင်ခံစာမူကြမ်းကို ရုံးမှ အိမ်သို့ယူလာခဲ့မိသည်။
သည်အစီရင်ခံစာက အလွန်အရေးကြီးသည်။ သူ၏ အနာဂတ်သည်လည်ကောင်း၊ ဇနီးသည်နှင့်
သမီးငယ်လေးတို့၏ အနာဂတ်သည်လည်းကောင်း သည်ကုမဏီပေါ်တွင် အများကြီးမူတည်နေရာ
သူအထူးဂရုစိုက်ဖို့လိုနေသည်။ ထို့ကြောင့် ညစာမစားမီ တကြိမ်ပြန်ဖတ်ရန်
သူထိုင်သည်။ သည်စာတွင် အမှားအယွင်း အပြစ်အနာတစ်ခုမျှ ပါလို့မဖြစ်။
စာမျက်နှာလှန်ရုံရှိသေး၊ သမီးလေး မာ့ခ်ျ ရောက်လာသည်။
ချိုင်းကြားမှာစာတစ်အုပ်ညှပ်လျက်၊ အဖုံးက အစိမ်းရောင်။ သည်အပေါ်မှာ
ပုံပြင်ဇာတ်လမ်း သရုပ်ဖော်ပုံတစ်ခု ကပ်ထားသည်။
“ ဖေဖေ၊ ဟောဒီမှာ” သမီးကဆိုသည်။
သူလှည့်ကြည့်သည်။ “သြော်…စာအုပ်အသစ်ကလေးလား၊ လှတယ်နော်”
“ဟုတ်တယ် ဖေဖေ၊ ဖေဖေသမီးကို ဒီအထဲကပုံပြင်တစ်ပုဒ် ဖတ်ပြမလားဟင်”
“ခဏနေဦး သမီးရယ်၊ ဖေဖေ မအားသေးဘူး”
သည်လိုပြောပြီး အစီရင်ခံစာကို သူဆက်ဖတ်နေသည်။ မာ့ခ်ျက
အနားမှာဆက်ရပ်နေသည်။ အလုပ်ရုံတွင် အစားထိုးတပ်ဆင်သည့်
စက်ကိရိယာသစ်အချို့နှင့် စပ်လျဉ်းပြီး အစုရှယ်ယာရှင်များအား
ရှင်းလင်းတင်ပြသည့်အပိုဒ်ကို ဖတ်နေဆဲ မာ့ခ်ျအသံလေးမ၀ံ့တ၀ံ့ထွက်လာပြန်သည်။
“မေမေကပြောတော့ ဖေဖေ ဖတ်ပြချင်ဖတ်ပြမှာတဲ့” ၊ အဖေ့အား
မျှော်လင့်အားထားသံလေးဖြင့် သူပြောနေခြင်းဖြစ်သည်။
“ အဖေမအားလို့နော် သမီး၊ မေ့မေ့ကိုပြောပါလား၊ မေမေဖတ်ပြလိမ့်မပေါ့၊
ဖေဖေအလုပ်များနေလို့နော်….ဟုတ်လား”
“ဟင့်အင်း ဖေဖေ” မာ့ခ်ျ လေသံပျော့ပျော့နှင့်ပင် ငြင်းဆန်နေသည်။ “မေမေက
အပေါ်ထပ်မှာပိုလို့တောင် အလုပ်များနေသေးတယ်၊ ဖေဖေသမီးကို
ဒီတစ်ပုဒ်တည်းလေးပဲ ဖတ်ပြနော်၊ ဟောဒီမှာကြည့်……ပုံလေးနဲ့၊
ပုံလေးကလှတယ်နော် ဖေဖေ”
“ဟာ…ဟုတ်တယ်၊ သိပ်လှတာပဲ၊ ပုံလေးက အပျံစားပဲနော်သမီး၊ ဒါပေမဲ့ဖေဖေ
ဒီညလုပ်စရာတွေရှိသေးတယ်၊ နောက်တော့မှ…..”
အဲသည်နောက် အတော်အကြာကြီးအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မာ့ခ်ျ
ဘာမှမပြော၊ စာအုပ်ကိုသာ အဲသည်ပုံလှလှလေးပါသည့်စာမျက်နှာမှာ ဖွင့်လျက်သား
ကိုင်ပြီး ရပ်နေသည်။ ကာမိုဒီ နောက်ထပ်စာနှစ်မျက်နှာလောက်ဆက်လှန်ဖြစ်သည်။
ပြီးခဲ့သည့်ဆယ့်နှစ်လအတွင်း ဈေးကွက်တွေ
 ရွေ့ပြောင်းဖြစ်ပေါ်ပုံများ၊ ယင်းကြောင့်ဖြစ်သည့် ပြသာနာများကို
ဖြေရှင်းရန် အရောင်းဌာနက ချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်၊ မိမိတို့
ကုန်ပစည်းများ
 ဈေးကွက်တွင်ထိန်းထားနိုင်ရေး၊ ပိုပြီးအရောင်းတက်လာရေးအတွက်
ရက်ပေါင်းများစွာ မျက်နှာစုံညီ ဆွေးနွေးညှိနှိုင်းပြီး ချမှတ်ခဲ့သည့်
ကြော်ငြာအစီအစဉ် စသည်တို့အကြောင်း သူ ညွှန်ကြားသည့်အတိုင်း အသေးစိတ်
ရှင်းလင်းတင်ပြထားသည်ကို စေ့စေ့စပ်စပ်ဖတ်ကြည့်နေသည်။
“ ဖေဖေ….ပုံကလေးကလည်းလှတယ်၊ ပုံပြင်ကလည်းသိပ်နားထောင်လို့ကောင်းမှာဖေဖေရ”
မာ့ခ်ျက ဆိုပြန်သည်။
“ဟုတ်တယ်၊ အင်း….နောက်တော့မှ သမီးရယ်၊ အခုသွားတော့နော်”
“ဖေဖေ ဖတ်ကြည့်ရင် ကြိုက်မှာ ဖေဖေရဲ့”
“အင်း….ကြိုက်မှာပါ၊ ဒါပေမဲ့ နောက်မှနော်”
“ဟင်…ဒါဆိုလည်း နောက် ဖတ်ပြနော်၊ နော် ဖေဖေနော်၊ နောက်ကျတော့ ဖတ်ပြနော်”
“ဖတ်မှာပေါ့၊ ဖတ်မှာ….စိတ်ချ သမီး”
သို့သော် မာ့ခ်ျ ထွက်မသွားပါ။ အဲသည်နားမှာ ငြိမ်ငြိမ်လေးပဲ ရပ်နေသည်။
အတော်ကြာကြီးကြာတော့မှ စာအုပ်ကို သူ့အဖေခြေထောက်နားက
ခွေးခြေလေးပေါ်တင်ပေးပြီး သူကဆိုသည်။၊
“ဖေဖေ အလုပ်အားတဲ့အခါကျတော့ ဖေဖေ့ဘာသာဖတ်ကြည့်နော်၊
ကိုယ့်ဘာသာကိုယ်ပဲဖတ်နော်၊ ဖေဖေဖတ်ကြည့်တဲ့အခါသာ သမီးလည်းကြားရအောင်
ကျယ်ကျယ်လေးဖတ်ပေးနော်”
“စိတ်ချသမီး….စိတ်ချ၊ နောက်တော့မှ…”
ယခု ဂျွန်ကာမိုင်္ဒီ အမှတ်ရနေတာ အဲဒါလေးပဲဖြစ်သည်။ လာမည့်နှစ်များတွင်
ချစ်သမီးလေးအတွက် ဘာတွေလုပ်ကိုင်ပေးမည်ဟု ကြံစည်စိတ်ကူးထားသည့်
အစီအစဉ်များမဟုတ်။ သူအမှတ်ရနေတာ လိမ်မာရေးခြားရှိသော သမီးငယ်လေး၏
အဲသည်နေ့ညက အပြုအမူလေးများပဲ ဖြစ်သည်။ အဖေ့လက်ကို
သူ့လက်ချောင်းလေးတွေနှင့် မရဲတရဲကိုင်ကာ တိုးတိုးလျှိုးလျှိုးလေး
ပြောသွားသည်။ “ကိုယ့်ဘာသာကိုယ်ပဲ ဖတ်နော်၊ ဖေဖေဖတ်ကြည့်တဲ့အခါသာ သမီးလည်း
ကြားရအောင် ကျယ်ကျယ်လေးဖတ်ပေးနော်” တဲ့။
ဒါကြောင့်လည်း ယခုတော့ အခန်းထောင့်စားပွဲပေါ်က စာအုပ်ကို
သူသွားကိုင်မိခြင်းဖြစ်သည်။ သမီးလေးဆော့ကစားပြီး ဟိုဟိုသည်သည်
ချထားခဲ့သော ကစားစရာတစ်ချို့ကို သူတို့ကောက်စုကာ သည်စားပွဲပေါ်
တင်ထားခဲ့ကြသည်။ စာအုပ်က အရင်ကလို အသစ်မဟုတ်တော့။ အစိမ်းရောင်ကတ်ထူပုံးက
ပဲ့ချင်ရွဲ့ချင်နေပြီ။ အတွင်းကစာရွက်တွေလည်း လှန်ထားသဖြင့် တွန့်နေပြီ။
သူက ရုပ်ပုံလှလှလေးရှိသည့် စာမျက်နှာကို လှန်သည်။
 ပုံပြင်ကို သူဖတ်သည်။ ရင်ထဲမှာ ကြေကွဲဆို့နင့်နေသဖြင့် စကားလုံးတွေ
ပီသအောင်ဖတ်မရ။ နူတ်ခမ်းတွေက မလှုပ်ရှားချင်၊ အရေးကြီးသည့်အရာတွေ၊
စဉ်းစားရမည့် အကြောင်းအရာတွေ သူမစဉ်းစားတော့၊ အလေးမထားတော့။
လာမည့်နှစ်များစွာအတွက် သူကြိုတင်မျှော်မှန်းခဲ့တာ၊ အသေးစိတ်
စဉ်းစားပြင်ဆင်ခဲ့တာတွေလည်း သူမတွေးတော့။ သည်အခိုက်အတန့်အဖို့မူ လမ်းထဲ
တရကြမ်းမောင်းဝင်ခဲ့သည့် အရက်မူးသမား ကားမောင်းသူ လူရမ်းကားကြောင့်
ကြုံတွေ့ခဲ့ရသည့် တုန်လှုပ်ချောက်ချားဖွယ်အဖြစ်ဆိုးကိုပင် သူအမှတ်မရတော့။
လူသေမူဖြင့် ဖမ်းဆီးခံရကာအကျဉ်းထောင်ထဲ
ရောက်နေပြီဖြစ်သည့် ၄င်းလူဆိုးအပေါ် ထွက်မိသည့် သူ၏ ဒေါသများ၊
ခါးခါးသီးသီး မုန်းတီးမူများသည်လည်း ဘယ်ဆီရောက်လေသည်မသိ။
စင်စစ် တံခါးဝမှာ တိတ်ဆိတ်စွာရပ်နေသည့် ဇနီးသည်ကိုပင် သူမမြင်မိ။
အမျိုးသမီးက မာ့ခ်ျနှင့် နောက်ဆုံးတွေ့ဆုံရန်အတွက်
အ၀တ်အစားလဲထားပြီးဖြစ်သည်။ အမျိုးသမီးမျက်နှာက ဖြူဖတ်ဖြုရော်။ သို့သော်
အသံမတုန်အောင် ကြိုးစားထိန်းပြီး ခင်ပွန်းသည်အား လှမ်းပြောသည်။
“မောင်….ကျွန်မ အဆင်သင့်ဖြစ်ပြီ၊ သွားကြစို့လေ”
ခင်ပွန်းသည်က စာဖတ်နေသည်။ “ တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲက
သစ်ခုတ်တဲကလေးတစ်လုံးမှာ မိန်းမချောလေးတစ်ယောက်နေတယ်၊ သူကလေးရဲ့ရုပ်သွင်က
ချောမောလွန်းလို့ ဌက်ကလေးတွေတောင် တေးဆိုဖို့မေ့ပြီး သူ့ကိုပဲ
သစ်ကိုင်းပေါ်တွေက ငေးကြည့်နေမိတတ်တယ်၊ တစ်နေ့မှာတော့……”
သူက သူ့ဘာသာ တစ်ကိုယ်တည်းဖတ်နေခြင်း ဖြစ်သည်။ သို့သော်
မာ့ခ်ျကလေးလည်းကြားရအောင် ခပ်ကျယ်ကျယ် ဖတ်ပေးနေသည်။ သူတစ်ကယ်
ကြားရှာလေမည်လားမသိ။

( မူရင်း။    Michael Foster ၏ Will You, Daddy? )

သဘောင်္ပျက်တဲ့နေ့


သဘောင်္ပျက်တဲ့နေ့

 
ကယ်ပါ-- ယူပါ
တစာစာဖြင့်
ဟစ်ကာငိုကြွေး
သေမည့်ဘေးမှ
ကယ်ယူမရန်
လုံ့လအလျင်းမထုတ်
ငုတ်တုတ်ပူဇော်
ကယ်သူခေါ်လည်း
အာခေါင်ကွဲကာ
မြုတ်ရာသဘောင်္
``ဝဲ `` နှင့်နှော၍
သေခြင်းတွေ့ကြ
မဟာဇနက္ကတို့
ဒုက္ခပင်လယ်ဝေတဲ့ တစ်နေ့။     ။

မဟာဇနက္က 
ထိုပုရိသ ကား
အများသူငါ
ပူဆွေးစွာဖြင့်
ဟစ်ကာကျွေးအော်
ကယ်သူခေါ်လည်း
ပညာဥာဏ်ထုတ်
မတုံလှုပ်လျှက်
ထောပတ်ဆီဗူး
တစ်ကိုယ်လုံးလူးကာ
ဆန္ဒပြည့်မျှ
ဝမ်းဝအောင်စား
ရွက်တိုင်ဖျားတတ်
ဝဲဂယက်ကျော်ရာ
မာန်ဟုန်မာဖြင့်
လွှားခုံလွတ်မြောက်ခဲ့လေသည်။              ။

အပြောလည်းကျယ်
ကမ်းဘယ်မမြင်
စိတ်ထင်ရာသာ
ကူးနေပါတဲ့
အာဂေယာက်ာၤး
ထုိလူသားကုိ
မေခလာ နတ်သမီး
မြင်လတ်ပြီးသော်
``အချင်းယောကျာင်္း--
အိုလူသား------------
မမော မပန်း
ဘယ်ကမ်းဘယ်သောင်
မြင်တောင် မမြင်ရ
ကူးခပ်ရကျှိုး
မျှော်ကိုးမရှိ
လုံ့လရှိလည်း
သေပွဲဝင်မှာ
သိနေပါလျှက်
ဘယ်အတွက်ကြောင့်
မိုက်ချက်ကမ်းကုန်
ကူးနေတုံသနည်း။               ။

``အို--------------
အချင်းနတ်သမီး
နှုတ်စောင့်စည်းလော့---
ယောကျာင်္းတို့ဇွဲ
အသက်မြဲသမျှ
လုံ့လမလျှော့
သေတော့မှသာ
သေစေပါတော့
ဇွဲလျှော့စကား
မမြွက်ကြားနှင့်
ငါနှင့် ဝေးရာ
သွားနေပါတော့----``

စိတ်ထားရင့်ကျက်
ကူမယ့်လက်ကို
မျက်မြင်ထင်ရှား
တွေ့သော်ငြားလည်း
``ကူပါ  ကယ်ပါ``
တောင်းဆိုမလာသည့်
ယောကျာင်္း မြင့်မြတ်
ထိုစိတ်ဓါတ်ကို
လေးစားချစ်ခင်
စိတ်ဘဝင်ကြောင့်
မေခလာနတ်သမီး
ကယ်မပြီးလာ
အသက်ချမ်းသာ၏။    ။
ဇနက္ကစိတ်ထား
အစဉ်လေးစားလျှက်။               ။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)





Sunday, August 19, 2012

ပရဟိတဆိုတာ ????




(ပရဟိတဆိုတာ  သူတစ်ပါးအကျိုးအတွက်  ကိုယ်တတ်နိုင်တဲ့ဝန်ကို ထမ်းတာပဲ----)

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခမ်းကျဉ်းလေးတစ်ခုထဲမှာလူနာ
နှစ်ယောက်ရှိကြသည်။
 နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။
အခန်းလေးက ကျဉ်းပြီးအပြင်လောကကိုကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်ကနေ့လယ်ပိုင်းတွင် သူ့အဆုတ်ထဲက
အရည်တွေပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြုကာ တစ်နာရီထိုင်ခွင့်ရသည်။
သူ့ခုတင်ကပြတင်းပေါက် အနီးမှာရှိနေသည်။ တစ်ဖက်ခုတင်ရှိ လူနာကတော့
တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည်။
နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာကခုတင်မှာ ခေါင်းအုံးတွေဘာတွေဆင့်ကာ
 ကျောမှီထိုင်ခွင့်ရသည့် အချိန် အပြင်ဘက်တွင် သူလှမ်းမြင်ရသည့်အရာတွေကို
အနီးရှိလူအား
 ပြောပြလေ့ရှိသည်။ ပြတင်းပေါက်တွင်လှမ်းကြည့်လျှင်
အပြင်မှာပန်းခြံကြီးတစ်ခုမြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ
ရေကန်ကြီးတစ်ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေ ရေကူးနေသည်။
ကလေးများကသုတို့ကို ပေါင်မုန့်တွေ ပစ်ကျွေးကြသည်။ ကလေးတစ်ချို့က
လှေကလေးတွေမျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက်
လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေ က၀ဝေဆာဆာပွင့်နေသည်။
မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ
ဘောလုံးကစားနေကြသူတွေလည်းမြင်ရသည်။ ဟိုးအဝေးက သစ်ပင်တွေ ထိပ်ဖျားမှ
ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက် ပြာလဲ့သော မိုးကောင်းကင်။
ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ
ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ကလေးတစ်ယောက် ရေထဲလိမ့်ကျမလို
 ဖြစ်သွားတာ၊ နွေရာသီ ၀တ်စုံအသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ
စသည်ဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ်
မြင်ခွင့်ရနေသည်။
သည်လိုနေရင်း သာယာသောနေ့လည်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ တစ်ဖက်လူက
တော့ ပြတင်ပေါက်နားမှာနေပြီး အပြင်လောကရူခင်းအစုံကို စိတ်တိုင်းကျ
ကြည့်ခွင့်ရနေသည်။ မိမိကိုတော့
ဘာကြောင့် အဲသည်နား ထားမပေးသလဲဟူသော အတွေးဖြစ်သည်။
သည်လို သေးသေးသိမ်သိမ် တွေးမိနေခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က
ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ
သူတွေးမိလာသည်။
တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက်နိုးလာကာ
ချောင်းဆိုးသည်။
ချောင်းဆိုးရင်းသီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်
အချက်ပေးခလုတ်ကိုနှိပ်ရန် လက်က
စမ်းတ၀ါးဝါး လိုက်ရှာသည်။ သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ
အသက်ရူသံရပ်သွားသည်အထိ ငြိမ်သက်
စွာ သူစောင့်ကြည့်နေသည်။
နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ
အလောင်းကိုတိတ်ဆိတ်
စွာပင်သယ်ယူသွားသည်။ ကုနြေမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင်
ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား
မေးသည်။
သို့နှင့်ပြောင်းပေးကြသည်။ သက်တောင့်သက်သာအရှိဆုံးဖြစ်အောင်
နေရာချပေးသည်။သပ်သပ်ရပ်ရပ်
ပြင်ဆင်ထားသိုပေးသည်။ သူနာပြုတွေထွက်သွားသည်နှင့် တပြိုင်နက်
တံတောင်တစ်ဖက်ပေါ်တွင် အားပြု
ကာ သူကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ
ခဲယဉ်းပင်ပန်းစွာ ထူမပြီး
ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
 အပြင်ဘက်တွင် နံရံတတိုင်းတစ်ခုသာ သူမြင်ရလေသည်။

( မူရင်း။    အမည်မသိ စာရေးသူ၏  The Window )

Saturday, August 18, 2012

ချမ်းသာတယ်ဆိုတာ



ဇိမ်ခံသင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင်
သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း
တံငါသည် တစ်ယောက်နှင့် တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံကိုခဲနေသည်။

သူ့ပုံစံကိုကြည့်ကာ သူဌးကြီး စိတ်ပျက်သွားပြီး ဂရုဏာဒေါသောနှင့်မေးသည်။

”မင်းဘာလို့ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ” ၊
 “မနက်အစောကြီးကတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီးပြီဗျ” တံငါကဖြေသည်။
“ ဟ ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား”
“ ဖမ်းပြီး ဘာလုပ်ရမှာလဲ”
“ ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင်
မင်းလှေမှာ စက်တပ်လို့ရမယ်
စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီးထွက်နိုင်မယ်၊ အဲဒီမှာငါးပိုရမယ်၊
အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင်
မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ဖမ်းတော့ ငါးပိုရမယ်၊
ငွေပိုရမယ်၊ လှေတစ်စီးက နှစ်စီးဖြစ်လာမယ်
ဒီထက်အမြောက်အမြားလည်းဖြစ်လာနို
င်တယ်၊ အဲဒီအခါ မင်းငါ့လို
သူဌေးတစ်ယောက်ဖြစ်လာမှာပေါ့ကွ”
သူဌေးကြီးက င်္ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။
” အဲဒီအခါကျတော့ ကျွန်တော်ကဘာလုပ်ရမှာလဲ”
“ အဲဒီအခါ မင်းငါ့လိုအေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ”
“ သြ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ”

( မူရင်း။  Anthony  Demello  ၏  How  Much  Is  Enough )

ဘယ်အချိန်မှာ ချမ်းသာပြီလဲ--

ကျွန်တော် မင်နီဆိုးတားနယ်မှာ ကလေးဘ၀တုန်းက ဖရဲသီးဆိုတာ သိပ်အရသာရှိတဲ့
အဖိုးတန်စားစရာ
တစ်ခုပေါ့။  ကျွန်တော့အဖေရဲ့ အပေါင်းအသင်းရောင်းရင်း တစ်ဦးဖြစ်တဲ့
ဘာင်္နီဆိုတဲ့ လူကြီးက ဖရဲသီးအပါအ၀င် သစ်သီးဝလံတွေနဲ့
ဟင်းသီးဟင်းရွက်မျိုးစုံတွေ လက်ကားဖြန့်ချီရောင်းချတဲ့အလုပ်
နဲ့
စီးပွားဖြစ်နေတယ်။
 နွေရာသီရောက်လို့ ဖရဲသီးတွေ စ၀င်လာပြီဆိုရင် ဘာနီက လှမ်းခေါ်တယ်။
အဲဒါဆိုရင် အဖေနဲ့ကျွန်တော် သူ့ကုန်လှောင်ရုံကို သွားပြီ။ ဟိုရောက်တာနဲ့
ဖရဲသီးစားဖို့ ကျကျနနနေရာယူကြတယ်။ ဆိပ်ခံတံတားအစွန်းမှာ သားအဖနှစ်ယောက်
ခြေတွဲလွဲချပြီး ထိုင်ကြတယ်။
ရှေ့ကိုငုံ့ကိုင်းပြီး ဖရဲသီးစားမယ်။ အဲဒါဆို ဖရဲသီးက အရည်တွေအစက်တွေ
ကိုယ်ပေါ် သိပ်ကျတော့ဘူးပေါ့။
ကျွန်တော့တို့ အသင့်ဖြစ်တဲ့အချိန် ဘာနီက ဖရဲသီးခွဲတဲ့ဓားကိုယူ၊ ပထမဆုံး
ဖရဲသီးကောင်းကောင်းလှလှ
တစ်လုံးရွေးပြီး ဟက်ခနဲခွဲ၊ ကျွန်တော်တို့ကို
ဖရဲသီးစိတ်ကြီးတစ်စိတ်စီပေး၊ သူကိုယ်တိုင် တစ်စိတ်ယူပြီး
ကျွန်တော်တို့ဘေးဝင်ထိုင်တယ်။ အဲဒီနောက် ဖရဲသီးထဲ
ခေါင်းမြုပ်ပြီးသုံးယောက်သားအားပါးတရ
စားကြတာပဲ။ အားပါးတရဆိုပေမဲ့ စားလို့ရသမျှ
အားလုံးကုန်အောင်စားကြတာမဟုတ်ဘူး။ ဖရဲသီးအလယ်သားနီနီအပိုင်း
အချိုဆုံးအပိုင်း အရသာအရှိဆုံးအပိုင်းကိုမှ ရွေးပြီးစားကြတာ။
ကျန်တာတွေအားလုံး လွှင့်ပစ်လိုက်။ ပြီးရင်နောက်တစ်လုံး ၊ အဲသလိုစားကြတာ။
ကျွန်တော့အဖေကတော့ ဘာနီမှ တကယ့်သူဌေးလို့ဆိုလေ့ရှိတယ်။
ကျွန်တော့စိတ်ထဲမှာ သူ့လုပ်ငန်းကြီးပွား
အောင်မြင်နေလို့ သူ့ကိုအဖေကသူဌေးလို့သတ်မှတ်တာပဲ အောက်မေ့ခဲ့မိတယ်။
နောက်နှစ်ပေါင်းများစွာ
ကြာတော့မှ ကျွန်တော့အဖေ ဘာနီကို ချမ်းသာတယ်ပြောတာ သူပိုင်ဆိုင်တဲ့
ဥစာဓနကို သူဘယ်လိုအသုံးချတယ်ဆိုတာ ကြည့်ပြီးပြောတာကို ကျွန်တော်
သဘောပေါက်တယ်။
ဘာနီက ဘယ်အချိန်မှာ အလုပ်ကို ဘယ်လိုနားရမယ်၊ မိတ်ဆွေ အပေါင်းအသင်းနဲ့
ဘယ်လိုပျော်ပျော်ပါးပါး
နေမယ်၊ ဖရဲသီးကို အရသာအရှိဆုံးအပိုင်းချည်းရွေးင်္ပြီး ဘယ်လိုစားမယ်၊
အဲဒါတွေ သူကောင်းကောင်း
နားလည်တယ်။ ချမ်းသာတယ် မချမ်းသာဘူးဆိုတာ
စိတ်ဓာတ်အပေါ်အများကြီးမူတည်နေပါလားလို့ ဘာနီ့
အကြောင်းစဉ်းစားရင်း ကျွန်တော် သဘောပေါက်မိတယ်။
ကျွန်တော်တို့ဝန်းကျင်မှာ တစ်ချို့လူတွေရှိတယ်၊ အရမ်းချမ်းသာကြတယ်၊
ဒါပေမဲ့ တစ်နေရာမှာ
ကျကျနနထိုင်ပြီး ဖရဲသီးကို အားရပါးရ အနှစ်သာရချည်း
ရွေးစားဖို့အချိန်မပေးနိုင်ကြဘူး၊ စိတ်အေးလက်အေး မရှိရှာတဲ့သူကြွယ်တွေ။
တစ်ချို့ကျတော့ အသင့်အတင့်စီ ရနေတဲ့ ပုံမှန်ဝင်ငွေလေးနဲ့ပဲ
ပျော်ပျော်ကြီးနေနိုင်ကြတယ်။ ဓနဥစာ မပေါများသော်လည်း ချမ်းသာကြွယ်ဝကြသူတွေ။
ခင်ဗျားမှာ ၀င်ငွေတွေဘယ်လောက်ကောင်းကောင်း၊
လုပ်ငန်းတွေဘယ်လောက်ပဲကြီးကျယ်နေနေ၊ ဆိပ်ခံ
တံတားမှာ စိတ်အေးလက်အေးခြေတွဲလွဲလေးချပြီးထိုင်နေဖို့၊
လူ့ဘ၀ရဲ့ရသလေးတွေကို ဖရဲသီးစိတ်ခေါင်းမြုပ်ပြီးစားသလို
နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့်၀၀ကြီး ခံစားဖို့ အချိန်မပေးနိုင်
စိတ်မအား
လူမအားနိုင်ဘူးဆိုရင် ခင်ဗျားလုပ်ငန်းကြီးရဲ့ ဖိစီးနှိပ်စက်မှုကို
ခင်ဗျားခံနေရတာပဲ။
ကျွန်တော်လည်း ထိုနည်းလည်းကောင်း ကြုံခဲ့ဖူးပါတယ်။
 
 
ငယ်ငယ်တုန်းက ဆိပ်ခံတံတားမှာ အဖေရယ် ဘာနီရယ်နဲ့ ဖရဲသီးအတူ
ထိုင်စားခဲ့ပေမဲ့ ဘာနီပြတဲ့ နမူနာကို
ခေါင်းထဲမစွဲမြဲမိခဲ့ဘူး။ ချမ်းသာဖို့ ငွေရှာဖို့ဆိုတာတွေနဲ့ပဲ
အာရုံများပြီး နှစ်ပေါင်းများစွာ မအားနိုင် မနားနိုင်ပဲ
ရှိခဲ့တယ်။ အလုပ်ဇောတွေနဲ့ အတော်မောပြီဆိုတဲ့အခါကျမှပဲ ဘာနီပေးခဲ့ဖူးတဲ့
သင်ခန်းစာကို ပြန်အမှတ်ရ
တယ်။ အခုတော့ ကျွန်တော်နေတတ်သွားပြီ။ နေဖို့အချိန်လေးလည်း အတန်အသင့်တော့ ကျန်သေးတယ်
လို့ ကျွန်တော် အောက်မေ့ပါတယ်။
ချမ်းသာပျော်ရွင်မှု စိတ်ကြည်နူးမှုတွေကို ဖြတ်သန်းနေဆဲ နေ့စဉ်ဘ၀ထဲမှာပဲ
ရှာဖွေခံစားဖို့ ၊ သူတစ်ပါးတွေ
ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု ထမြောက်အောင်မြင်မှုတွေကိုလည်း သန့်စင်တဲ့
စိတ်ထားနဲ့ ရူမြင်ခံစား မုဒိတာ
ပွားဖို့ စတာတွေပါ။ တကယ်တော့ အဲဒါတွေဟာ ဖရဲသီးရဲ့ အရသာအရှိဆုံးအပိုင်း
တကယ့်အနှစ်သာရပိုင်း
တွေဆိုတာ ကျွန်တော်သိခဲ့ပြီ။ ဒါတွေကို ရွေးနုတ်ခံစားတတ်သလို၊ ဒါတွေမှအပ
ဖြစ်တဲ့ တခြားအစိတ်အပိုင်း
တွေကို သံယောဇဉ်မပွား ပြတ်ပြတ်သားသား စွန့်ပစ်တတ်ခဲ့ပြီ။
ကနေ့တော့၊ တကယ်ချမ်းသာတဲ့ လူတစ်ယောက် ကျွန်တော်ဖြစ်ခဲ့ပါပြီ။

( မူရင်း။   Harvey Mackay ၏   How to Tell When You're Rich )

Thursday, August 16, 2012

မိုးမိတဲ့အမုန်း(ကဗျာ)

"မိုးမိတဲ့အမုန်း"


ရိုးအီနေတဲ့   အာရုံအတိတ်တွေရဲ့

မိုး တွေတစ်နေလုံး   စွေတဲ့နေ့က

ချစ်သူ    နင် ငါ့ကို ထားသွားခဲ့တယ်

လဲကျတိုင်းပြန်ထလို့ရတဲ့   ငါ့နှလုံးသား

နင်ထားခဲ့တဲ့နေရာမှာ အခုထိ  ထိုင်လျက်သား။ ။ ။



မိုးစက်လေးတွေမြင်တိုင်း

အလိုလိုမှေးစင်းသွားတဲ့  မျက်လုံး

မျက်တောင်ပြန်အခတ်မှာ

မျက်ရည်စတွေ လျှံကျတတ်ပြီ

တကယ်ဆို မိုးနဲ့အပြိုင်ငိုနေမိတာ ငါပါ.......



သိပ်နာကျင်စရာကိစ္စတွေ မစဉ်းစားတာကြာပေမယ့်

ခံနိုင်ရည်ရှိမှုက   တစ်စ  တစ်စ လျော့ကျလာတယ်

အလွမ်းတွေကို   ဖြေလျော့ထားတာကြာတော့

ငါ့စိတ်က လေလျော့နေတဲ့   ပူဖောင်းလိုပါဘဲ

 အော် !နှလုံးသားဆိုတာ အခါခပ်သိမ်း ချစ်ဖို့မှ မဟုတ်တာ

 မုန်းဖို့ရာ အချစ်မရှိတော့တဲ့

နင် ထားခဲ့တဲ့ ဒီဘ၀မှာ

ငါကိုယ်တိုင် ပြန်ချစ်တတ်ဖို့

ကနေ့............

ငါ့ကိုယ်ငါ    ပြန်မုန်းလိုက်တယ်



                     အမုန်းပန်းလေး  မနှင်းဆီ

Tuesday, August 14, 2012

စိတ်ကူးအိမ်


စံပါယ်  ခတ္တာ
ဇီဇဝါ နဲ့
နှင်းဆီ  ဒေါန  သော်က   မြတ်လေး
ရနံ့မွှေးကြိုင်  သင်းပျံ့လှိုင်သည့်
ပန်းမြိုင်လယ်မှာ
လေနုအေးအေး  ပန်းလေးတွေကြား
လိပ်ပြာမောင်နှံ
ဟိုပျံဒီဝဲ
သည်းထဲရင်ဖို
ရှိုက်လှိုက်ဆိုချင်
ကြည်နူးဘဝင်ဖြင့်----------။

သရက် ပိန္နဲ
အုန်း  နဲ့ ငှက်ပျော
ဒူးရင်းနှောကာ
ငရုပ်  ခရမ်းချဉ်
ဗူးစင် သခွား  ချဉ်ပေါင်ကြားနှင့်
စိုက်ခင်းဝင့်ထယ်
အုံ့မှိုင်းထယ်သည့်
ခြံနှင့် ဝင်းနှင့် ကန်သင်းနှင့်-----။

``ဆိုဖာ  ဆက်တီ
တီဗွီ   အောက်စက်
အိပ်စက်မွေ့ယာ
ပူလာ အဲယားကွန်း
ဟို-- ဒီ  ယွန်းရန်
ကား  အပျံစား  ``
အမှန်စကားပြောရင်
မလိုချင်တော့။      

သဘာဝအလှ 
တမ်းတ ယစ်မူး
ရူးတယ်ပြော  ပြော
တောအလှမှာ  နေချင်ပါဘိ
စိတ်ထဲ ကြည့်ဆွဲ  ရူးဆဲမတင်းတိန်
``စိတ်ကူးအိမ်----``။                

ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)

Sunday, August 5, 2012

မှာတမ်းလေး




(1) သားရယ်
ငွေရှာတာ သိမ်းဆည်းဖို့ မဟုတ်ဘူး။
ပေးကမ်းဖို့ရှာတ ဆိုတဲ့ ဖေဖေ့ စကားကို
သားနားလည်သွားတဲ့အတွက်
ဝမ်းသာပါတယ် ကွယ်. .

ငွေကို သိမ်းဆည်းဖို့ရှာရင်
လောဘကြောင့် စိတ်ဆင်းရဲမယ်။
ပေးကမ်းဖို့ရှာမယ်ဆိုရင်တော့
ဒါနကြောင့် ၀မ်းသာမယ်၊ စိတ်ချမ်းသာမယ်။
ငွေရှာရတာခြင်း အတူတူတော့
ပေးကမ်း လှူဒါန်းဖို့ရှာဖွေတာ
အကောင်းဆုံးပဲပေါ့

အဲ့ဒီ ငွေရှာဖွေခြင်း သဘောတရားနဲ့
အလုပ်လုပ် လာတဲ့အခါ
ပေးကမ်းဖို့ ငွေတွေ ရောက်လာပြီး
ရယူမယ့် လူတွေ
လှူဒါန်းရမယ့် ကိစ္စတွေကလည်း
အလိုလို ပေါ်လာတော့တာပဲ။
ဒါတွေကို တစ်နေ့တော့
သား ကိုယ်တွေ့ကြုံပြီး
ခံစား နားလည်သွားပါလိမ့်မယ်။

(2) သား
ကိုယ့်ကို ကိုယ် ပုံသွင်းမရတာနဲက
သူတစ်ပါးကို ပုံမသွင်း နိုင်ဘူးလို့
တထစ်ချ ပြောလို့ရမလား

ဆံပင်ညှပ်သမား တစ်ယောက်ဟာ
ကိုယ်ခေါင်းက ဆံပင် ကိုယ်မညှပ်တတ်လို့
သူတစ်ပါး ခေါင်းက ဆံပင် မညှပ်သင့်ဘူးလို့
အပြစ်တင် သင့်သလား. .

အဖေက ပညာမတတ်လို့
သားကို ပညာတတ် ဖြစ်အောင်
ပုံသွင်း လေ့ကျင့်လို့မရဘူးလား .

ဖခင်တစ်ယောက်အနေနဲ့
သူချစ်တဲ့ သားကို
ပညာတတ်ကြီးဖြစ်အောင်
လူတစ်လုံး သူတစ်လုံးဖြစ်အောင်
သူစိတ်ကြိုက် ပုံသွင်းလေ့ကျင့်တာဟာ
နှိပ်စက် ညှဉ်းပန်းတာ မဟုတ်ပါဘူး

ဘယ်ပန်းပုဆရာမှ
သူ ထုလုပ်နေတဲ့ အရုပ်ကို
အမြင် မလှအောင် မလုပ်ဘူးဆိုတာ
သားနားလည်စေချင်ပါတယ်.


(3)သားရယ်……………..


အောင်မြင်ချင်တဲ့သူဟာ
ကိုယ့်ကိုကိုယ် ယု့ကြည်မှုရှိဖို့
အမှန်တကယ်လိုအပ်ပါတယ်။
အဲ့ဒီယုံကြည်မှုရအောင်
ကိုယ်ဘာသာကိုယ် ပြု စုပျိုးထောင်ရပါတယ်။

အလကားကောင်လို့ သူများကပြောတာနဲ့
စိတ်အားငယ်ပြီး ဘာမှမလုပ်ဘဲနေရင်
အလကားကောင် တကယ်ဖြစ်သွားမှာပေါ။့

သူများတကာရဲ့စကားလုံးတွေကြောင့်
ကိုယ့်ဘ၀ဆုံးရှုံးသွားရတာ
ကံကြမ္မာကြောင့်မဟုတ်ပါဘူး သားရယ်။

ကိုယ့် ရဲ့ဘ၀ အမြင်
ချွတ်ချော်တိမ်းစောင်းနေလို့ပါ။

အမြန်ဆုံးပြုပြင်လိုက်ပါကွယ်။
အောင်မြင်မှုတွေကသားကို
စောင့်ကြိုနေပါလိမ့်မယ်

(4) သားကြီး

No man is perfect တဲ့။
အပြစ်ကင်းသူ ဘယ်သူမှ မရှိပါဘူးကွယ်။
လူမှန်ရင် ဘယ်သူမဆို
တစ်ကွေ့မဟုတ် တစ်ကွေ့တော့
မှားကြတာချည်းပါပဲ။

အမှား လုပ်မိတဲ့အတွက်
စိတ်ပျက် အားငယ်သွားဖို့ မဟုတ်ပါဘူး။
အမှားကိုမြင် အမှန်ပြင်ပြီး
လမ်းမှန်ကို ပြန်လျှောက်နိုင်ဖို့ပဲ လိုတယ်။

(5) သား. . .


ဘ၀ဆိုတာ အချိန်ပါပဲ.
အချိန်ဆိုတာ ကုန်မြန်တယ်.
ဒါကြောင့် ဘ၀ဆိုတာ တိုတောင်း တယ်
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်စရာတွေ အများကြီး
တာဝန်တွေကလည်း မနည်းဘူး။

ကိုယ့်ဘ၀ကို တိုးတက် အောင်မြင်အောင်လုပ်ဖို့
စိတ်ငြိမ်းချမ်းမှု ရအောင် ကျင့်ကြံအားထုတ်ဖို့
နောင်ဘ၀မှာ ဖြစ်သင့်ဖြစ်ထိုက်တာတာ ဖြစ်အောင်
ဒီဘ၀မှာ ကြံစည်ကြိုးစားဖို့
နည်းတဲ့ အလုပ်တွေမှာ မဟုတ်တာ
ပြီးတော့ . . . မိသားစုတာဝန်
နိုင်ငံတာဝန်၊ လူ့တာဝန်တွေ
ကျေပွန်အောင် ဆောင်ရွက် သွားဖို့လည်း ရှိသေး။

အဲ့ဒီ အလုပ်တာဝန်တွေကို မေ့ချန်ထားပြီး
ကိုယ့်ကို ကိုယ် အရစ်ကျ သေကြောင်းကြံနေတဲ့
အကျိုးမရှိတဲ့ အရာတွေကို စွဲလန်း နေဦးမှာလားကွယ်။

ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့
အချိန်တွေ အလဟဿ ကုန်ဆုံးသွားမှာ
ဖေဖေ စိုးရိမ်မိတယ် သား. . . ရယ်။

သားဘ၀ရဲ့ လမ်းမှန်ကို ပြန်လျှောက်ဖို့
ဖေဖေဟာ သားအတွက် အားဆေး
ပြီးတော့ သားရဲ့ လက်စွဲတောင်ဝှေး
အချိန်မရွေးဖြစ်နေမှာပါ။

အားမငယ်ပါနဲ့ သားရယ် ။
ဘ၀ အမှောင်လမ်းမှာ
သားက စမ်းတ၀ါးဝါး ဖြစ်နေခဲ့ရင
ဖေဖေက လမ်းပြကြယ်ပေါ့

ဖေဖေ ညွန်ပြတဲ့ လမ်းကို
အားကိုးယုံကြည်စွာ လိုက်ခဲ့တော့နော်။

ဖေဖေ

ကောင်းသန့်

ဟောလီးဒေး(ဟာသ)



Two factory workers are talking.
စက်ရုံ အလုပ်သမားနှစ်ယောက်စကားပြောနြေ
ကသည်။
The woman says, "I can make the boss give me the day off."
အမျိုးသမီးအလုပ်သမား ကပြောသည် " သူဋ္ဌေးဆီက အလုပ်နားရက်ရအောင် ငါလုပ်တတ်တယ်"
The man replies, "And how would you do that?"
အမျိုးသားအလုပ်သမား " ခင်ဗျား ဘယ်လို လုပ်မှာတုန်း"
The woman says, "Just wait and see." She then hangs upside-down from the ceiling.
အမျိုးသမီးအလုပ်သမား က " ခဏလေးစောင့်" ဟုပြောပြီး မျက်နှာကြတ်တွင် ဇောက်ထိုး တွဲလောင်းခိုနေလိုက်သည်။
The boss comes in and says, "What are you doing?"
သူဋ္ဌေးရောက်လာပြီးမေးသည်။ " မင်းဘာလုပ်နေတာတုန်း "
The woman replies, "I'm a light bulb."
အမျိုးသမီးအလုပ်သမား က" ငါဟာ မီးလုံး တစ်လုံးဖြစ်တယ် " ဟုပြန်ပြောသည်။
The boss then says, "You've been working so much that you've gone crazy. I think you need to take the day off."
ထို့နောက် သူဋ္ဌေးမှပြောသည် "အင်း မင်းအလုပ်တွေ အရမ်းများလို့ ရူးကြောင်ကြောင် ဖြစ်သွားတယ်ထင်တယ်။ မင်း နားရက်ယူသင့်ပြီ။"
The man starts to follow her and the boss says, "Where are you going?"
အမျိုးသားအလုပ်သမားမှာ အမျိုးသမီးအလုပ်သမားနောက်သို့ လိုက်သွားသဖြင့် သူဋ္ဌေးကလှမ်းမေးသည်။ " မင်းကရော ဘယ်သွားမလို့လဲ"
The man says, "I'm going home, too. I can't work in the dark."
အမျိုးသား အလုပ်သမားက ပြန်ဖြေသည်။ " အိမ်ပြန်မလို့လေ၊ အမှောင်ထဲမှာ ဘယ်လိုအလုပ်လုပ်မတုန်း"


--
အားလုံးပျော်ရွင်ပါစေ

လိုချင်သောဆု(ဟာသ)

 
 
ဗန်းမော်မြို့သို့ ရောက်လေလျှင် နေပြည်တော်မှ ပညာတတ်ထေရ်အကျော် ဆရာတော်တပါးဖြစ်၍ ကိုးကွယ်သည့်သူ အလွန်များပြားလေသည်။ အခါတပါးတွင် ဒါယကာမကြီးတယောက် ဆွမ်းအုပ်များလာ၍လှူဒါန်းရာ ဆရာတော်က...
 
"များများကုသိုလ်ရအောင် များများစားရတာပ"
 
ဟုအမိန့်ရှိပြီး အားပါးတရ ဘုဉ်းပေးတော်မူလေသည်။ ဆရာတော် အားပါးတရ ဘုဉ်းပေးသည်ကို မြင်ရသော ဒါယကာမကြီးမှာ များစွာကျေနပ်၍...
 
"အရှင်ဘုရား... များများဘုဉ်းပေးတော့ တပည့်တော်မ ၀မ်းသာတာဘဲဘုရား၊ နက်ဖြန် ဆွမ်းအုပ်လာပို့ပါဦးမယ်၊ ဒီထက်များများကြီး ချက်ခဲ့မယ်ဘုရား များများကြီးသုံးဆောင်ပါဘုရား"
"အေး... များများလှူတော့ များများကုသိုလ်ရတာပေါ့"
နောက်တနေ့တွင် ဒါယကာမကြီးပင် ဆွမ်းနှင့် ဆွမ်းဟင်းများကို များများကြီးချက်ခဲ့ရာ ဆရာတော်မှာ ကုန်အောင်ပင် ဘုဉ်းပေးတော်မူသဖြင့် ဗန်းမော်သူ ဒါယကာမကြီးက "တပည့်တော်မ ကုသိုလ်များများ လိုချင်လို့ များများကြီးချက်ခဲ့တာ၊ ဆရာတော် အားပါးတရ ဘုဉ်းပေးတော့ တပည့်တော်မ သိပ်ပြီးဝမ်းသာတာဘဲဘုရား၊ တပည့်တော်မကို ဆုတွေ များများကြီးပေးတော်မူပါဘုရား"
 
ဆရာတော်မှာ ဒီတခါမှ မျက်လုံးပြူးချေပြီး...
"အင်း... တကာမကြီး ဆွမ်းတွေများများ ဘုန်းပေးထားတော့ ဆုတွေ များများကြီးပေးစေချင်တာလဲ ဟုတ်ပါရဲ့၊ ကျုပ်ကလဲ များများကြီးပေးချင်ပါရဲ့၊ ဒါပေမဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဆွမ်းအကျိုးက ငါးပါးဘဲရှိတော့ ကျုပ်ကပိုပေးချင်လို့ မရဘူး တကာမကြီးရဲ့၊ အဲဒီတော့ ဘုရားဟောခဲ့တဲ့ ဆွမ်းအကျိုး ငါးပါးကို တကာမကြီး ရမှာက အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊ ဥစ္စာပစ္စည်းများခြင်း စတဲ့ အကျိုးငါးပါးနဲ့ တလုံးတ၀တည်း ပြည့်စုံစေဗျား"

ဗန်းမော်သူဆွမ်းအမကလည်း ဆုငါးပါးကို အားရကျေနပ်စွာပင် ဆွမ်းအုပ် ဆွမ်းအိုးတို့ကို တောင်း၌ထည့်ပြီး ကျောင်းအောက်ထပ်၌ တအောင့်တနား နားနေလေသည်။

မကြာမှပင် အခြားတကာမတဦးသည် ရေအိုးတလုံးရွက်လာပြီး ဆရာတော်အားလာရောက်၍ လှူဒါန်းပြန်သည်။ ဆရာတော်က ရေလှူရသောအကျိုးမှာ ဆယ်ပါးသောအကျိုးကို မတောင်းဘဲနှင့်ရသည်။ ရေသည် အရေးကြီးသော ပစ္စည်းဖြစ်၍ အကျိုးဆယ်ပါးကို မတောင်းဘဲနှင့်ရသည်။
၁၊ စင်ကြည်ခြင်း
၂၊ လျှင်မြန်ခြင်း
၃၊ ကျော်စောခြင်း
၎၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း
၅၊ အခြံအရံများခြင်း
၆၊ အသက်ရှည်ခြင်း
၇၊ အဆင်းလှခြင်း
၈၊ ခွန်အားကြီးခြင်း
၉၊ ပညာကြီးခြင်း
၁၀၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝခြင်း
စသော အကျိုးဆယ်ပါး ရ ရှိ ကြောင်း ဟောကြားတော်မူလိုက်လေသည်။
ဗန်းမော်သူဆွမ်းတကာမသည် ရေလှူသူဆင်း၍အသွား ကျောင်းပေါ် သို့ပြန်တက်လာပြီး ဆရာတော်ရှေ့၌ ဆောင့်ကြီးအောင့်ကြီးထိုင်၍...
"ဆရာတော်ဘုရား မတရားဘူးဘုရား"
ဗန်းမော်ဆရာတော်မှာ ဘာများဖြစ်လာပါလိမ့်ဟု အံ့သြ၍ နေသည်။
"တပည့်တော်မမှာ ချက်လိုက်ရတဲ့ဆွမ်း၊ ချက်လိုက်ရတဲ့ဆွမ်းဟင်း၊ များများလှူရင် များများရတယ်ဆိုလို့ များများကြီးချက်လာတော့လဲ ဆရာတော်ဘုရားက ဆုငါးပါးထဲပေးတယ်။ တပည့်တော်မ ကျေနပ်ပါတယ်ဘုရား။ ဒါပေမဲ့ မပင်မပန်း ငွေမကုန်ပဲ ကန်ထဲက အလကားရတဲ့ရေခပ်ပြီးလှူတာတော့ အရှင်ဘုရားက ဆုတွေဆယ်ပါးတောင် ပေးလိုက်တယ်၊ ဒါ တရားသလား ဘုရား"

ဆရာတော်မှာ ထိုအခါမှ သဘောပေါက်ကာပြုံးနိုင်ရယ်နိုင်လာတော့သည်။

"တကာမကြီး ရေအကျိုးဆယ်ပါးက မတောင်းဘဲနှင့်ရတာ၊ တကာမကြီး ဆွမ်းချက်တော့ ရေနဲ့မချက်ရဘူးလား"
"ရေနဲ့ချက်မှ ဆွမ်းဖြစ်မှာပေါ့ဘုရား"
"ဆွမ်းဟင်းချက်တော့ ရေမပါဘူးလား"
"ရေပါရတာပေါ့ဘုရား"
"တကာမကြီး ရေနွေးကြမ်းကပ်တော့ကော ရေကိုဘဲ ကြိုချက်ပြီး လှူရတာဘဲ မဟုတ်လား"
"မှန်ပါ့ဘုရား"
"အဲဒီတော့ တကာမကြီး ဆွမ်း၊ ဆွမ်းဟင်းချက်တုန်းက ရေပါခဲ့တာရယ်၊ ရေကို ကြိုချက်ပြီးကပ်တာရယ်၊ အဲဒီ ရေအကျိုးဆယ်ပါးက မတောင်းဘဲနဲ့ ရပြီးသားဘဲ၊ ဆွမ်းအကျိုးငါးပါး ထပ်ပေါင်းလိုက်တော့ တကာမကြီးမှာ အကျိုး တဆယ့်ငါးပါးတောင်ရနေပြီဘဲ"
ဗန်းမော်သူ တကာမမှာ ထိုအခါမှ သဘောကျစွာ ပြုံးရယ်လာပြီး...
"ဒီလိုဆို တော်သေးတာပေါ့ ဘုရား"
ဟုကျေနပ်စွာ ပြောဆိုရင်း ၀တ်ပြု၍ ကျောင်းပေါ်မှ ဆင်းသွားတော့သည်။ နေပြည်တော်တွင် စွာခဲ့သမျှ ဗန်းမော်ကျမှ ဆုဆယ့်ငါးပါးရအောင် ကြံဖန်၍ပေးလိုက်ရသော မိမိ၏အဖြစ်ကို မိမိတွေးမိရင်း တပါးတည်း ပြုးမိလေသတည်း။


--
အားလုံးပျော်ရွင်ပါစေ

ဆရာမနှင့် သူ၏ တပည့်များ



ဆရာမ မရှိတော့ ပွတ်လောရိုက်နေကြ၏။ မကြာခင်မှာတစ်ကျောင်းလုံးကကြောက်သော မျက်နှာထားတင်းတင်း ဆရာမ အတန်းထဲဝင်လာ၏။ မီးကိုရေနဲ့ ငြိမ်းလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်ကျသွား၏။  

"ဂွတ်မောနင်း တီချာ"

' ဘာလဲ၊ မင်းတို့က ဒါပဲတက်သလား၊ နေ့ခင်း ညနေခင်း တစ်နေ့လုံးအတွက်ပါသွားအောင် မပြောတက် ကြတော့ဘူးလား'


ထိုအခါ တပည့်လေးများက
"ဂွတ်မောနင်း၊ အားဖတားနွန်း၊ အီးဗီးနင်း "ဟု ညီညီညာညာ ရွတ်ပြလိုက်ကြ၏။
'မကောင်းဘူးရှည်တယ်၊ တစ်နေ့လုံးပါသွားအောင် အကောင်းဆုံး စဉ်းစားကြ'
ခဏကြာတော့ တပည့်လေးများက


"ဂွတ်ဟိုးလ်ဒေး တီချာ"


အေး၊ အဲဒါမှန်တယ်၊ ကဲ စာသင်မယ်၊ ငါက စကားတစ်လုံး၊ ဒါမှမဟုတ် ၀ါကျတစ်ကြောင်း ရွတ်ပြလိုက်မယ်၊ မင်းတို့က ဆန့်ကျင်ဘက် ၀ါကျကို ပြန်ပြောရမယ်၊ 

ကဲ စပြီ ၊ 
``လိမ်မာသော...``
တပည့်လေးများက မဆိုင်းမတွပင် 

``မိုက်သော ---``    ဟု ညီညီညာညာ ပြောလိုက်ကြသည်။

ဆရာမက' မြင့်သော'


တပည့်လေးများက "နိမ့်သော"


'ကျဉ်းသော'


"ကျယ်သော"


'၀သော'


"ပိန်သော"


'ပေါ်ပျူလာဖြစ်သော'


"ပေါ်ပျူလာမဖြစ်သော"


'မဟုတ်ဘူး၊ မှားတယ်'


"ဟုတ်တယ်၊ မှန်တယ်"


'ဟာ၊ အမိုက်အမဲလေးတွေ"


"ဟာ၊ အလိမ်မာကြီးတွေ"


'အို၊ ဘုရားသခင်'


"အို၊ ကျေးကျွန်"


'ဟဲ့၊ ငါမေးနေတာ မဟုတ်ဘူး'


"ဟဲ့၊ ငါဖြေနေတာ မဟုတ်ဘူး"


'အမလေး၊ သေတော့မှာပဲ'


"အမလေး၊ ရှင်တော့မှာပဲ"


'ဟေ့ ရပ်တော့'


"ဟေ့ ဆက်ပြော``


'တော်ပြီ၊ သင်တန်းပြီးပြီ'


"တော်သေးဘူး၊ သင်တန်းစပြီ"


'နင်တို့ဟာ နင်တို့ စစ မစစ ငါသွားပြီ'


တပည့်များ ဆန့်ကျင်ဘက်ဝါကျ စဉ်းစားမရခင်မှာ ဆရာမ အတန်းအပြင်ဘက် ရောက်သွားတော့၏။

--

Saturday, August 4, 2012

အတွေးမှတ်စု

  1. စာအုပ်ကို မီးရှို့ခြင်းထက် ပိုဆိုးတဲ့ အပြစ်က စာမဖတ်ခြင်းပဲ။
    There are worse crimes than burning books. One of them is not reading them.― Joseph Brodsky



  2. ယဉ်ကျေးမှု့တခုကို ဖျက်ဆီးချင်ရင် စာအုပ်တွေကို မီးရှို့ဖို့မလိုဘူး။ လူတွေကို စာမဖတ်ချင်အောင်ပဲ လုပ်လိုက်။
    You don't have to burn books to destroy a culture. Just get people to stop reading them. ― Ray Bradbury



  3. ဘယ်လောက်အလုပ်များပါစေ စာဖတ်ဖို့ အချိန်ပေးပါ။ ဒါမှမဟုတ်ရင်တော့ ဗဟုသုတ ဆင်းရဲမှုကြောင့် သင် ကျဆုံးသွားလိမ့်မည်။
    No matter how busy you may think you are, you must find time for reading, or surrender yourself to self-chosen ignorance.”― Confucius



  4. ဒီနေ့စာဖတ်သမား၊ မနက်ဖြန်ခေါင်းဆောင်။
    Today a reader, tomorrow a leader. ― Margaret Fuller



  5. နောက်ဆုံးစာမျက်နှာကို လှန်လိုက်လို့ စာအုပ်ကောင်းတအုပ်ကို ဖတ်ပြီးသွားပြီလို့ သိလိုက်ချိန်မှာ သူငယ်ချင်းတစ်ယောာက် ဆုံးရှုံးသွား သလိုမျိုး သင် ခံစားမိလိမ့်မယ်။
    You know you've read a good book when you turn the last page and feel a little as if you have lost a friend.― Paul Sweeney



  6. ကလေးတစ်ယောက်လို ကိုယ့်ပျော်ရွှင်မှု့အတွက် (သို့) အောင်မြင်ကျော်ကြားလိုမှု့အတွက် (သို့) အမိန့်ပေး ညွှန်ကြားဖို့အတွက် စာ မဖတ်ပါနှင့်။ အသက်ရှင်နေထိုင်ဖို့အတွက် စာဖတ်ပါ။
    Do not read, as children do, to amuse yourself, or like the ambitious, for the purpose of instruction. No, read in order to live.― Gustave Flaubert


  7. ကျွန်ုပ်တို့ အထီးကျန်မဖြစ်နေဘူးဆိုတာ သိဖို့ ကျွန်ုပ်တို့ စာတွေဖတ်နေကြတယ်..။
    We read to know that we are not alone. ― C.S. Lewis


  8. လူအချို့က ရုပ်မြင်သံကြားကလာတဲ့ ပညာရပ်တွေကိုသာ ကြည့်နေတတ်ကြတယ်။ ကျွန်ုပ် ကတော့ တခြားအခန်းကိုသွားပြီး စာတစ်အုပ် ဖတ်လိမ့်မယ်။
    I find television very educating. Every time somebody turns on the set, I go into the other room and read a book. ― Groucho Marx



  9. စာများများ ဖတ်လျှင် များများ ပိုသိလာမည်။ များများလေ့လာဖို့အတွက် နေရာများများ သွားဖြစ်လာမည်။
    The more that you read, the more things you will know. The more that you learn, the more places you'll go. ― Dr. Seuss, I Can Read With My Eyes Shut!



  10. မင်းဟာ ငါ့အတွက် လက်ဖက်ရည် ကြီးကြီးတခွက် (သို့မဟုတ်) မဆုံးနိုင်ရှည်လျားတဲ့ စာအုပ်တအုပ် တော့ ဘယ်တော့ ရှာပေးနိုင်မှာ မဟုတ်ဘူး။
    You can never get a cup of tea large enough or a book long enough to suit me. ― C.S. Lewis


  11. "ဂန္တဝင်စာပေ" ဆိုသည်မှာ လူတွေရဲ့ချီးမွမ်းခြင်းအကြောင်းတွေ လို့ သတ်မှတ်ကာ သာခံရပြီး မဖတ်ကြသည့် စာအုပ်မျိုးကို ခေါ်သည်။
    'Classic' - a book which people praise and don't read.― Mark Twain



  12. စာရေးသူကိုယ်တိုင် ငိုပြီး မရေးလျှင် စာဖတ်သူလဲ ငိုမှာ မဟုတ်ပါ ။ စာရေးသူကိုယ်တိုင် မအံ့သြရင် စာဖတ်သူအတွက်လည်း အံ့သြောစရာ မဟုတ်နိုင်။
    No tears in the writer, no tears in the reader. No surprise in the writer, no surprise in the reader. ― Robert Frost



  13. စာအုပ်များသည် လေယဉ်ပျံ (သို့) မီးရထား (သို့) လမ်း နှင့်တူသည်။ သူတို့သည် ရွှေ့လျှားနေကြသည်၊ ခရီးသွားနေကြသည်။ သို့သော် အိမ်ထဲတွင် အားလုံးရှိသည်။
    Books are the plane, and the train, and the road. They are the destination, and the journey. They are home. ― Anna Quindlen, How Reading Changed My Life



  14. စာကြည့်တိုက်ကောင်းတခုဆိုတာ ဘယ်တော့မှ သပ်ရပ်မနေသလို ဖုံလည်း ထူမနေဘူး။ အဘယ့်ကြောင့်ဆိုသော် စင်ပေါ်က စာအုပ်တွေကို ယူပြီး ညဥ့်နက်ထိ စာဖတ်တဲ့သူ တယောက်ယောက် အမြဲရှိနေတတ်လို့ပဲ။
    A good library will never be too neat, or too dusty, because somebody will always be in it, taking books off the shelves and staying up late reading them. ― Lemony Snicket, Horseradish: Bitter Truths You Can't Avoid



  15. စာဖတ်ဖို့အချိန် မရှိဘူး၊ စာရေးဖို့ အချိန်မရှိဘူးလို့ သင့်ကိုယ်သင့် ထင်နေသမျှ သင်ဟာ သာမန်လူသာတစ်ယောက်သာ ဖြစ်နေအုံးမှာပဲ။
    If you don't have time to read, you don't have the time (or the tools) to write. Simple as that. ― Stephen King

From; မီးပြတိုက်

အရာရာကို တန်ဘိုးထားတတ်ပါစေ-

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ





ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမ ကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးေ
နတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မ ကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီး ကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စ မတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြော လိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်း များစွာ ချမ်း သာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန် ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ် တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေ အပေါ် နှိမ့် ချ မဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

တစ်ကနေ ပြန်စ---

 တခါတုန်းက မင်းတုန်းမင်းနဲ့ ပြင်သစ်သမ္မတတို့ တွေ့ဆုံပွဲ လုပ်ကြပါသတဲ့။
ပြင်သစ်သမ္မတကလဲ မြန်မာပြည်ကို ကြည့်ပြီး အထင်သေးစွာနဲ့ သူတို့နိုင်ငံမှာ
ဘယ်လို တိုးတက်နေကြောင်း ကြွားလေးတဲ့ အခါ မင်းတုန်းမင်းကြီးလဲ
ခေါင်းငုံနေရပါရောလား။ နောက် ယောက်ျားတွေဆိုတော့ သိတဲ့ အတိုင်း ပြောတဲ့
စကားတွေက မိန်းမကိစ္စရောက်သွားတာပေါ့။ ပြင်သစ်သမ္မတက သူက တစ်နေ့ကို မောင်းမ
၁၀ယောက်နဲ့ ပုံမှန်နေကြောင်း ကာမာအစွမ်းအလွန်ကြီးကြောင်းပြော
ပါ သတဲ့။ ထို
အခါ မင်းတုန်းမင်းက အားကျမခံ သူက တနေ့ အယောက်၂၀ခန့်နဲ့ နေကြောင်း
ပြန်ပြောပါသတဲ့။ ထိုအခါ ပြင်သစ်သမ္မတက မယုံသလို မျက်နှာပေးနဲ့ ဒီလောက်
အစွမ်းကြီးနေအောင် ဘာတွေများစားသလဲ မယုံနိုင်လောက်အောင်ပါပဲလို
ပြောတယ်တဲ့။ ထိုအခါ မင်းတုန်းမင်းကြီးက စာကလေးအသဲအမြစ်စားကြောင်း
ထို့ကြောင့် ထိုလောက်နေနိုင်နေတာဖြစ်ကြောင်း ပြောပါတယ်။ ပြင်သစ်သမ္မတကလဲ
မယုံတာနဲ့ မင်းတုန်းမင်းကြီးကို စိန်ခေါ်ပါတယ် တနေ့တည်း သူမောင်းမ
၂၅ယောက်နဲ့နေပြမယ် နိုင်ရင် ဘာပေးမလဲ မေးတဲ့ အခါ မင်းတုန်းမင်းကြီးက ဘာမှ
ပေးစရာမလိုပါဘူး သူဆို အယောက်၅၀လောက်အထိဆက်တိုက် နေနိုင်ကြောင်းပြောတဲ့
အခါ ပြင်သစ်သမ္မတကလဲ အမြင်ကပ်တာနဲ့ ဒါဆို သူတို့ ပြင်သစ်ပြည်ကိုလာပါ
မိန်းမ အယောက် ၅၀နဲ့ အိပ်ပြပါ အကယ်၍ အိပ်နိုင်ခဲ့လျှင် ပြင်သစ်မှာ
ရှိသတဲ့ မိန်းမတွေထဲက ကြိုက်တဲ့ မိန်းကလေး အယောက် ၅၀ခေါ်သွားပါ အကယ်၍
မအိပ်နိုင်ခဲ့လျှင် မြန်မာ မိန်းကလေး အယောက် ၅၀ သူပြန်ယူမယ်လို့ ပြောတဲ့
အခါ မင်းတုန်းမင်းကြီးက ကတိတည်ပါစေ ကျွန်ုပ် နောက်လ လာခဲ့ပါ့မယ်လို
ဆိုသတဲ့။ ဒီလိုနဲ့ နောက်လရောက်တဲ့ အခါကျတော့ ပြင်သစ်နိုင်ငံ
ပဲရစ်မြို့ရှိ ကွင်းပြင်ကြီးမှာ တဲကြီးထိုးပြီး မိန်းမ ၅၀က
အပြင်မှာတန်းစီနေပါသတဲ့ ဘေးမှာတော့ ဂျူရီလူကြီးမင်းများနဲ့တကွ
မြန်မာပြည်မှ တာဝန်ရှိသူတချို့က ဒိုင်အဖြစ် လုပ်ဆောင်ပေးနေပါတယ်။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်နဲ့ မင်းတုန်းမင်းကြီးက ကာမဆံဆက်ပါသတဲ့။
ဒီလိုနဲ့ ၂၅ယောက် မြောက်မှာ ဒိုင်လူကြီးတွေ လူရေတွက်တာမှားလို့
ငြင်းခုန်နေကြပါယ်။ ထိုအခါ မင်းတုန်းမင်းကြီးက သဘက်လေးပတ်လာပြီး ဒေါနဲ့
မောနဲ့ ထွက်လာပါတယ် ဘာဖြစ်တာလဲ ဒီမှာ အရှိန်ပျက်တယ်လို့ပြောတော့
ဒိုင်လူကြီးတွေက ရိုရိုကျိုးကျိုးနဲ့ပြောပါတယ် ကျွန်တော်မျိုးတို့ လူရေတာ
မှားသွားလို့ပါ ဘုရား။ ခွင့်လွှတ်ပါ ဘုရားလို့ပြောတဲ့အခါမှာ.........
မင်းတုန်းမင်းကြီးက မိန့်တော်မူလိုက်ပါသတဲ့ "တစ်ကပြန်စမယ် ဒီတခါ
မမှားစေနဲ့.............."


အတန်းမှာ ပြောပြခဲ့တဲ့ ဟာသလေးပါ။ ဟာသလို့ပဲ မြင်ပေးပါ။
(စာကလေးအသည်းအမြစ်သည် တကယ်စား၍ ရပါသည်။ ဤကား စကားချပ်တည်း)

ရေကန်ထဲက ဆား

 

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့
မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး
ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်း
ပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ
ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က
“ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..


  ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ
လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြော
ပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲ
မှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..


  ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း
ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ
“အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “ လတ်ဆတ်ပြီး
ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်
ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့
လူငယ်က ပြန်ဖြေလိုက်ပါတယ်..


  ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့
ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှု
တွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  .
မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို
ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်
တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”


  “ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစား
ပါ..  ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင်
နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့
ပြောလိုက်ပါတယ်..

ကိုယ်ဖန်တီးမယ့် အိမ်ကလေး


Posted: 02 Aug 2012 11:28 PM PDT
ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ



တစ်ခါတုန်းကပေါ့ -- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ် အရသော်လည်းကောင်း အေးအေးလူလူနေချင်တဲ့အတွက်ကြောင်
့လည်းကောင်း အနားယူချင်နေခဲ့တယ် ။ လက်သမားဆရာက သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့ အကြံကိုပြောပြတယ် ။ အိမ်ဆောက်တဲ့လုပ်ငန်း ကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့ သူ့မိသားစု တွေနဲ့အ တူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ ၀မှာ နေထိုင် သွား လိုကြောင်းပေါ့ ။ ဒါပေမယ့် လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို စာချုပ်အရရော အကြွေးတွေ ကျန်နေသေး တယ် ဒါပေမယ့် သူ အမှန်တကယ်ကို အနားယူချင်နေခဲ့တယ် ။

အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ် မကောင်းဖြစ် သွားတယ် ။ ပြီးတော့ လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ” လက်သမားဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ် နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ လို စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ တွက် နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ် ။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။

ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက် သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။

----------------------------------------

ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား ဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက် ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ် ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။

ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။

တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။

ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။

ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။

“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့ အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ ”

သက်တန့်ချို
How are you building your life? အားဘာသာပြန်ခံစားသည် ။

Wednesday, August 1, 2012

ခိုးတာချင်းအတူတူ(ဟာသ)



ခိုးတာချင်းအတူတူ

ငွေစက္ကူများထည့်ထားသော စာအိတ်ကို ဧည့်သည်က အရာရှိကြီး၏ လက်ထဲသို့ ကမ်းပေးလိုက်သည်၊ အရာရှိကြီးက အသံမာမာဖြင့် ပြောသည်။
“ဘာလဲ၊ ဒါ လာဘ်ပေးတာလား”
ဧည့်သည်သည် အရာရှိကြီး စကားကြောင့် တုန်လှုပ်သွားပြီး မိမိ၏စာအိတ်ကို ပြန်ယူရန် ကြိုးစားသည်၊ အရာရှိကြီးက လက်ဖြင့် တားပြီး ဆက်ပြောသည်။
“ခင်ဗျား ကံကောင်းတယ်၊ ကျုပ်ဟာ လာဘ်ယူတတ်တဲ့လူ ဖြစ်နေတယ်”


ဘွဲ့တံဆိပ်များပိုင်ရှင်

“ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ်သုံးခုတပ်ထားတာကို မြင်ပါတယ်၊ ဘာအတွက် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတာလဲဟင်”
“တတိယ တံဆိပ်ကတော့ အရင်က တံဆိပ် နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ၊ ဒုတိယတံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီးဖြစ်လို့ပဲ၊ အဲ ပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ်”

ပြုပြင်ပြောင်းလဲရေး

“ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ခင်ဗျား ဘယ်လို သဘောထားသလဲ”
“ထောက်ခံပါတယ် ဒါပေမဲ့ စည်းကမ်းချက်နဲ့ပဲ ထောက်ခံချင်တယ်”
“ဘာစည်းကမ်းချက်ပါလိမ့်”
“ကျွန်တော်တို့ဆီမှာ အဲဒီလမ်းစဉ်ကို အကောင်အထည် မဖော်စေချင်ဘူး”

လွယ်ရအောင်

ခရီးသည်တင်လေယာဉ်ကြီးသည် မီတာတစ်သောင်းအမြင့်မှ ပျံသန်းနေသည်၊ ရုတ်တရက် အင်ဂျင်စက် ချွတ်ယွင်းသဖြင့် လေယာဉ်သည် အောက်သို့ မနားတမ်း ထိုးကျလာသည်၊ ခရီးသည်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်၊ ဤအချိန်ဝယ် လေယာဉ်မယ် ရောက်လာပြီး အားလုံးကြားအောင် အော်ပြောလိုက်သည်။
“လေးစားအပ်တဲ့ ခရီးသည်များရှင့် ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သွားနဲ့ တအားကိုက်ထားကြပါရှင့်”
ခရီးသည်တစ်ဦးက မေးသည်။
“ဘာအတွက်လဲ”
“လေယာဉ်ပျက်ကျတဲ့အခါမှာ ဘယ်သူ့အလောင်းလဲဆိုတာ ဖော်ထုတ်ရ လွယ်အောင်လို့ပါ”

မကြိုက်တာချင်းတော့ အတူတူပဲ

သူငယ်ချင်းနှစ်ယောက် ဆုံကြသည်။ တစ်ယောက်က ပြောသည်။
“ငါ ညနောက်ကျမှ ပြန်ရောက်ရင် ငါ့မိန်းမဟာ ငါ့ကို စကားတစ်ခွန်းမှ မပြောဘူး၊ နာရီကိုပဲ စိုက်ပြီး ကြည့်နေတယ်”
“တော်သေးတာပေါ့၊ ငါ့မိန်းမဆို ပြက္ခဒိန်ကို ကြည့်တယ်ကွ”

အထင်ခံရမှာစိုးတယ်

ကျောင်းသားနှစ်ယောက် ရေးဖြေစာမေးပွဲခန်းမှ ထွက်လာကြသည်၊ တစ်ယောက် မေးသည်။
“ဟေ့ မင်း တော်တော်ဖြေလိုက်သလား”
“ဘာမှ မဖြေလိုက်ဘူး၊ အဖြေစာအုပ်ကို ဒီအတိုင်း အလွတ်ပဲ ပြန်ပေးလိုက်တယ်”
“ဒုက္ခပါပဲ၊ ငါလဲ အလွတ်ပေးလိုက်တယ်ကွ၊ ငါ မင်းဆီက ကူးချတယ်လို့ ထင်တော့မှာပဲ”

အပျင်းထူသူများ

သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှစ်ယောက် အငြင်းပွားနေကြသည်၊ တစ်ယောက်က ပြောသည်။
“တစ်နေ့က ဒေါ်လာ ၁၀၀ လမ်းမှာကျနေတာကို ငါတွေ့တယ်၊ ဒါပေမယ့် ငါ မကောက်လိုက်ဘူး ပျင်းလို့”
ကျန်တစ်ယောက်က အားကျမခံ ပြောသည်။
“တစ်နေ့က ငါ ရုပ်ရှင်သွားကြည့်တယ်၊ နှစ်နာရီတိတိ ရုံထဲမှာ ငါ အော်နေတယ်”
“အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ”
“သိပ်ဆိုင်တာပေါ့၊ ခေါက်ကုလားထိုင်ကို ဆွဲပြီး အထိုင်လိုက်မှာ ငါ့ရွှေဥညပ်သွားတယ်၊ ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့”

ဆိုချင်သေးရင်ပြော

နှစ်နှစ်သား မြေးငယ်ကို အဘွားဖြစ်သူက သားချော့ သီချင်းဆိုတာ သိပ်နေသည်၊ မြေးကလေး မအိပ်နိုင်သဖြင့် အဘွားသည် သီချင်းကို တောက်လျှောက် ဆက်ဆိုနေရသည်၊ နောက်ဆုံး ပုခက်ထဲမှ ကလေးက အဘွားကို ပြောသည်။
“အဘွား၊ အိပ်ရတော့မလားဟင်၊ ဒါမှမဟုတ် အဘွားသီချင်း ဆက်ဆိုချင်နေသလား”

ဖတ်ပြီးရယ်ရလို့ ပြန်ကူးတင်ပြလိုက်တာပါ

ခိုးတာချင်းအတူတူ(ဟာသ)



ခိုးတာချင်းအတူတူ

ငွေစက္ကူများထည့်ထားသော စာအိတ်ကို ဧည့်သည်က အရာရှိကြီး၏ လက်ထဲသို့ ကမ်းပေးလိုက်သည်၊ အရာရှိကြီးက အသံမာမာဖြင့် ပြောသည်။
“ဘာလဲ၊ ဒါ လာဘ်ပေးတာလား”
ဧည့်သည်သည် အရာရှိကြီး စကားကြောင့် တုန်လှုပ်သွားပြီး မိမိ၏စာအိတ်ကို ပြန်ယူရန် ကြိုးစားသည်၊ အရာရှိကြီးက လက်ဖြင့် တားပြီး ဆက်ပြောသည်။
“ခင်ဗျား ကံကောင်းတယ်၊ ကျုပ်ဟာ လာဘ်ယူတတ်တဲ့လူ ဖြစ်နေတယ်”


ဘွဲ့တံဆိပ်များပိုင်ရှင်

“ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ်သုံးခုတပ်ထားတာကို မြင်ပါတယ်၊ ဘာအတွက် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတာလဲဟင်”
“တတိယ တံဆိပ်ကတော့ အရင်က တံဆိပ် နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ၊ ဒုတိယတံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီးဖြစ်လို့ပဲ၊ အဲ ပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ်”

ပြုပြင်ပြောင်းလဲရေး

“ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ခင်ဗျား ဘယ်လို သဘောထားသလဲ”
“ထောက်ခံပါတယ် ဒါပေမဲ့ စည်းကမ်းချက်နဲ့ပဲ ထောက်ခံချင်တယ်”
“ဘာစည်းကမ်းချက်ပါလိမ့်”
“ကျွန်တော်တို့ဆီမှာ အဲဒီလမ်းစဉ်ကို အကောင်အထည် မဖော်စေချင်ဘူး”

လွယ်ရအောင်

ခရီးသည်တင်လေယာဉ်ကြီးသည် မီတာတစ်သောင်းအမြင့်မှ ပျံသန်းနေသည်၊ ရုတ်တရက် အင်ဂျင်စက် ချွတ်ယွင်းသဖြင့် လေယာဉ်သည် အောက်သို့ မနားတမ်း ထိုးကျလာသည်၊ ခရီးသည်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်၊ ဤအချိန်ဝယ် လေယာဉ်မယ် ရောက်လာပြီး အားလုံးကြားအောင် အော်ပြောလိုက်သည်။
“လေးစားအပ်တဲ့ ခရီးသည်များရှင့် ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သွားနဲ့ တအားကိုက်ထားကြပါရှင့်”
ခရီးသည်တစ်ဦးက မေးသည်။
“ဘာအတွက်လဲ”
“လေယာဉ်ပျက်ကျတဲ့အခါမှာ ဘယ်သူ့အလောင်းလဲဆိုတာ ဖော်ထုတ်ရ လွယ်အောင်လို့ပါ”

မကြိုက်တာချင်းတော့ အတူတူပဲ

သူငယ်ချင်းနှစ်ယောက် ဆုံကြသည်။ တစ်ယောက်က ပြောသည်။
“ငါ ညနောက်ကျမှ ပြန်ရောက်ရင် ငါ့မိန်းမဟာ ငါ့ကို စကားတစ်ခွန်းမှ မပြောဘူး၊ နာရီကိုပဲ စိုက်ပြီး ကြည့်နေတယ်”
“တော်သေးတာပေါ့၊ ငါ့မိန်းမဆို ပြက္ခဒိန်ကို ကြည့်တယ်ကွ”

အထင်ခံရမှာစိုးတယ်

ကျောင်းသားနှစ်ယောက် ရေးဖြေစာမေးပွဲခန်းမှ ထွက်လာကြသည်၊ တစ်ယောက် မေးသည်။
“ဟေ့ မင်း တော်တော်ဖြေလိုက်သလား”
“ဘာမှ မဖြေလိုက်ဘူး၊ အဖြေစာအုပ်ကို ဒီအတိုင်း အလွတ်ပဲ ပြန်ပေးလိုက်တယ်”
“ဒုက္ခပါပဲ၊ ငါလဲ အလွတ်ပေးလိုက်တယ်ကွ၊ ငါ မင်းဆီက ကူးချတယ်လို့ ထင်တော့မှာပဲ”

အပျင်းထူသူများ

သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှစ်ယောက် အငြင်းပွားနေကြသည်၊ တစ်ယောက်က ပြောသည်။
“တစ်နေ့က ဒေါ်လာ ၁၀၀ လမ်းမှာကျနေတာကို ငါတွေ့တယ်၊ ဒါပေမယ့် ငါ မကောက်လိုက်ဘူး ပျင်းလို့”
ကျန်တစ်ယောက်က အားကျမခံ ပြောသည်။
“တစ်နေ့က ငါ ရုပ်ရှင်သွားကြည့်တယ်၊ နှစ်နာရီတိတိ ရုံထဲမှာ ငါ အော်နေတယ်”
“အော်တာနဲ့ ပျင်းတာ ဘာဆိုင်လို့လဲ”
“သိပ်ဆိုင်တာပေါ့၊ ခေါက်ကုလားထိုင်ကို ဆွဲပြီး အထိုင်လိုက်မှာ ငါ့ရွှေဥညပ်သွားတယ်၊ ထရမှာ ပျင်းတာနဲ့ အော်ပဲ အော်နေရတာပေါ့”

ဆိုချင်သေးရင်ပြော

နှစ်နှစ်သား မြေးငယ်ကို အဘွားဖြစ်သူက သားချော့ သီချင်းဆိုတာ သိပ်နေသည်၊ မြေးကလေး မအိပ်နိုင်သဖြင့် အဘွားသည် သီချင်းကို တောက်လျှောက် ဆက်ဆိုနေရသည်၊ နောက်ဆုံး ပုခက်ထဲမှ ကလေးက အဘွားကို ပြောသည်။
“အဘွား၊ အိပ်ရတော့မလားဟင်၊ ဒါမှမဟုတ် အဘွားသီချင်း ဆက်ဆိုချင်နေသလား”

ဖတ်ပြီးရယ်ရလို့ ပြန်ကူးတင်ပြလိုက်တာပါ

ပရဟိတ စိတ်ဓါတ်

အကြွေစေ့နှစ်စေ့ရဲ့ ပုံပြင်


၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။

ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။ နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး "ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်"လို့ဆိုတယ်။

အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။

"ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်"လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

"ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်"လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။

သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ "တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်" လို့ပြောတယ်။ ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။

"သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်" လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။

နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ "ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်"ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို "မြက်စားတဲ့ ဒိုင်နိုဆော"ဘဝကနေ "အမေရိကားတိုက်ရဲ့ ခြင်္သေ့"အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။


ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။

တော်ထက်တဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းက တစ်ပါးသူကောင်းစားရေးအတွက်ပါ။
သူတစ်ပါးကို ကူညီနေစဉ်အတောအတွင်းမှာ သင် ဘုရားဖြစ်လာလို့ပါပဲ။

သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ ---- Dalai Lamaက ဟောခဲ့ပါတယ်။

http://en.wikipedia.org/wiki/Luiz_In%C3%A1cio_Lula_da_Silva

မူရင်း -- http://www.5719.cn/html/xinling/zheligushi/201201/liangmeiyingbidefenpei_7822.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။