ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Wednesday, October 31, 2012
ရင့်သွားသော အသီးတစ်တွဲ
သူငယ်ချင်းတို့ရေ  ပုံပြင်လေးတစ်ပုဒ် ပြောပြချင်တယ်---
          ဟိုးရှေးရှေးတုန်းက တောနက်ကြီးထဲမှာ လှပတင့်တယ်တဲ့ ကြာကန်ကြီးတစ်ကန်ရှိတယ်ကွဲ့၊ အဲဒီကြာကန် ကြီးမှာ လူသားစား ဘီလူးမကြီး စောင့်နေတာဆိုတော့ ဘယ်သူမှ ကြာပန်းတွေကို မခူးရဲဘူးတဲ့။ တစ်နေ့တော့ လူတစ်ယောက်ဟာ အရဲစွန့်ပြီး ကြာပန်းသွားခူးတာပေါ့။ ဘီလူးမ လာတာလဲသိရော ပြေးမလွတ်မှန်းသိလို့ ရေထဲကို ခေါင်းနှစ်ပြီး ငုံ့နေလိုက်ရသတဲ့။ အဲဒီအခါ ကြာကန်ထဲမှာ ဖင်ဘူးတောင်း ထောင်သလိုဖြစ်နေတာပေါ့။ အဲဒါကို ဘီလူးမ မြင်တော့---
          ``ဟယ်--  ငါ့ကြာကန်ထဲမှာ ထူးထူးဆန်းဆန်း ဘာပင်ပေါက်နေတာပါလိမ့်-- အယ်တော်--- အသီးလေးနှစ်လုံးတောင် သီးနေပါရော့လား --- ကြည့်စမ်း  နုနုလေးရှိသေးတာပဲ  မနက်ဖန်မှ တစ်ခေါက်လာကြည့်ဦးမယ်-----``
          အဲဒီလိုပြောပြီး ပြန်ထွက်သွားသတဲ့။ အဲဒီလူဟာ ကြာပန်းတွေ ခူးပြီး အိမ်ပြန်ရောက်တော့ သူ့မိန်းမက အတော်အံ့သြနေသတဲ့။  ရှင့်ကို ဘီလူးမက ရန်မပြုဘူးလား လို့မေးတော့ အဲဒီလူလဲ သူဘီလူးမနဲ့တွေ့တော့ ရေထဲမှာ ခေါင်းငုံ့နေလိုက်လို့ ဘီလူးမ ရန်မလုပ်ကြောင်း ရှင်မလည်း နောက်ဆို ကြာပန်းသွားခူးရင် ဘီလူးမ လာတာနဲ့ အဲလိုလုပ်ဘို့သင်ပေးတယ်တဲ့။
          ဒါနဲ့ နောက်နေ့ မိန်းမလုပ်တဲ့သူ သွားခူးတာပေါ့။ ထုံးစံအတိုင်း ဘီလူးမ လာတော့ သူ့ယောကျာင်္း မှာသလို ရေထဲခေါင်းငုံ့ထားလိုက်တယ်။ ဒီတစ်ခါ ဘီလူးမဟာ ထူးဆန်းတဲ့အပင်ကို သေချာကြည့်ရင်း အံ့သြဝမ်းနည်းစွာ ပြောလိုက်တာကတော့--
          ``အယ်တော်---  အသီးကလည်း မြန်လိုက်တာ မနေ့ကမှ နုနုကလေးရယ်  ဒီနေ့တော့ ရင့်ပြီး ကွဲထွက်လို့တောင်သွားပါပေါ့လား   နှမြောလိုက်တာ ``  တဲ့။
ဆုတောင်း
ဆုတောင်း
***********
ကာလ ဝိပါတ်
နောက်ပိုးတတ်က
ဆေးစက်ကျရာ
ရုပ်ထင်လာ သို့
-----------------------------
သံသရာအဆက်ဆက်
ကံ ညစ်ပတ်၍
ရတတ်မီးထန်
ပစ္စုပ္ပန် ၌
ကံကြောင်း တ၇ား
မပြုသော်ငြားလည်း
ဖွား သန် ရှင် ရာ
ဤနေရာဝယ်
ကပ်ဆိုး ဘေးရန်
နှိပ်စက် ခံရ
ဘဝဝဋ်ကြွေး
ခံ ဆပ်ပေးသည်
ကြေကြပါတော့    ကြေပါတော့။     ။
(အပြစ်မဲ့  ဒုက္ခသည် လူသားအားလုံး  ကံကြွေးကြေ၍ အမြန်ငြိမ်းချမ်းသော ဘဝ များပိုင်ဆိုင်နိုင်ကြပါစေ--)
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
Tuesday, October 30, 2012
အရက်သမားဟာသများ
ဖရက်သည် အရက်နှင့် ပတ်သက်ပြီး အတော်စိတ်မကောင်းဖြစ်နေ၏။ ထို့ကြောင့်
စိတ်ကို အတတ်နိုင်ဆုံး ကြိုးစား
ထိန်းချုပ်ပြီး အရက်မသောက်မိအောင် ဆင်ခြင်ပြုပြင်တော့မည်ဟု
ဆုံးဖြတ်ချက်ချ၏။ အရက်ဆိုင်ရှေ့ရောက်သည့်
အခါ ဆိုင်ထဲ မ၀င်ပဲ တန်းတန်းမတ်မတ် ဆက်လျှောက်သွားဖို့ ပြင်ဆင်ထား၏။
အရက်ဆိုင်နှင့် နီးလာသောအခါ သူသည် သူ့ကိုယ်သူ သတိပေးနေ၏။
'မင်း ရပါတယ်ကွာ၊ ချုပ်တည်းနိုင်ပါတယ်'
အရက်ဆိုင်ထဲ ၀င်ချင်စိတ်၊ တစ်ခွက် တစ်ဖလားမော့လိုက်ချင်စိတ်ကို
ဖိနှိပ်ထားရသည်မှာ တကယ်တော့ မလွယ်ကူပေ။
သို့သော် ဖရက် အောင်မြင်စွာ ချုပ်တည်းနိုင်လိုက်၏။ အရက်ဆိုင်ထဲ မ၀င်ပဲ
ကျော်လာနိုင်ခဲ့၏။
ထို့ကြောင့် ဖရက် က သူ့ကိုယ်သူ ချီးကျူးစကားဆိုလိုက်၏။
'မင်းထိန်းနိုင်မှန်း ငါ စောစောကတည်းက သိတယ်လေ၊ မင်း သိပ်ကိုတော်ပါပေတယ်ကွာ၊
ကဲ... ငါတို့ ပြန်လှည့်ကြရအောင်၊ မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ငါ မင်းကို
အရက် ၀ယ်တိုက်မယ်'
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
တခါက အရမ်းကြောက်တတ်တဲ့ အရက်ဆိုင်ပိုင်ရှင်တစ်ယောက်ရှိပါတယ် ။
သူ့ ဆိုင်မှာလာသောက်တဲ့ အရက်သမားတွေက ပိုက်ဆံရှင်ခါနီးရင်
အမြဲတမ်းစားပွဲခုံကို လက်နဲ့ ထုပြီး ဟေ့
ရှင်းပြီးပြီနော် လို့ အော်လိုက်ရင် သူက ကြောက်ပြီး ဟုတ်ကဲ့
ရှင်းပြီးပါပြီ ..ရှင်းပြီးပါပြီ လို့ ပဲပြန်ပြောလိုက်တယ်
အဲဒီလိုနဲ့ တစ်နေ့ ကြတော့ သူ့ဆိုင်မှာ စားပွဲဝိုင်း ၃ ၀ိုင်းပဲ လူရှိတယ်
။ အဲဒါ ပထမ ၀ိုင်းက စပြီး ဟေ လူ
ရှင်းပြီးပြီနော်လို့ ပြောတော့ ထုံးစံအတိုင်း သူကကြောက်ပြီး ဟုတ်ကဲ့လို့
ပြန်ပြောလိုက်တယ် ဒုတိယ ၀ိုင်းလဲ
အဲဒီလိုပဲပြောသွားတယ် ..ဒီလိုနဲ့ သူကတွေးတယ် ``
အင်း...ငါဒီနေ့လည်းပိုက်ဆံမှရပါဦးမလား ၊
မဖြစ်ဘူး နောက်ဆုံးကျန်တဲ့ဝိုင်းကို တော့ပိုက်ဆံရအောင်လုပ်မယ်´´ ဆိုပြီး
တတိယ၀ိုင်းနားသွားတယ်
ပြီးတော့ အရက်သောက်နေသူတွေကို အချိုသာဆုံးသော မျက်နှာလေးနဲ့
``ခုနက ဟိုလူတွေဗျာ ပိုက်ဆံ မရှင်းပဲ ရှင်းပြီးပြီလို့ ပြောသွားတယ်
ကျုပ်ကလဲ ပြသနာမတတ်ချင်တာနဲ့
ဟုတ်ကဲ့လို့ ပဲ ပြောလိုက်ပါတယ်ဗျာ´´ တဲ့ သူ့ သဘောကတော့
ပိုက်ဆံမရှင်းတာသူသိတယ်ပေါ့ဗျာ ..
အဲဒီမှာ တစ်ယောက်က မတပ်ထရပ်လိုက်ပြီး
သူ့ ရဲ့ ကုတ်ကိုလှမ်းစွဲလိုက်တယ် ပြီးတော့ ဒေါသနဲ့
`` ဘာတွေလာပြောနေတာလဲ .. ပိုက်ဆံအခုထိမအန်းသေးဘူးလား ´´ တဲ့
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
အလွန်မူးနေသော ခရီးသည်တစ်ယောက်သည် တိုက်တန်းနစ်င်္သဘောပေါ်တွင် လိုက်ပါလာသည်
များမကြာမှီင်္သဘောမှာမှောက်လေတော့ သည် ပြေးသူပြေးအော်သူအော်ဟစ်နေတော့သည်
အရက်သမားကတော့ အေးအေးဆေးဆေးပင်
အရက်သမား= လူတွေများများခေါင်းအေးအေးထား မစဉ်စားတတ်ဘူး
ဒီမှာကိုယ့်လူ (အနီးမှဖြတ်ပြေးသွားသောလူအားခေါ် သည်)
အနီးဆုံးကုန်းမြေနဲ့ င်္သဘောမိုင်ဘယ်လောက်ဝေးလည်း
ဖြတ်ပြေးသောသူ= 2 မိုင်
အရက်သမားရေထဲခုန်ချလိုက်သည်ပြီးတော့
အရက်သမား= ဘယ်ဘက်အရပ်လည်း
ဖြတ်ပြေးသောသူ= အောက်တည့်တည့် အောက်တည့်တည့်
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
စာကပ်ထားသည်
လမ်းပေါ်မှာ နိုနို တစ်ယောက် သတိလစ်နေတာကို တွေ့ရသော လမ်းသွားလမ်းလာ
တချို့က သူ့ကို ဆေးရုံပေါ်
တင်ပေးလိုက်သည်။ ဆေးရုံရောက်သောအခါ သူနာပြုဆရာမများသည် သတိလစ်နေသူ၏
ရင်ဘတ်မှာ တိပ်နှင့်
စာကပ်ထားသည်ကို တွေ့လိုက်ရသည်။ စာမှာ
“ ချစ်စွာသော ဒေါက်တာ၊ ကျွန်တော် အရက်မူးတာ သက်သက်ပါပဲ။ ကျွန်တော် ကောင်းကောင်း
အိပ်ပျော်ပြီး နိုးလာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဟိုနှစ်ခါ ဆေးရုံ
ရောက်လာတုန်းကလို ကျွန်တော့်
အူအတက်ကို မခွဲတော့ပါနဲ့ ”
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ပြဿဒါးနေ့
သားလေး...တစ်ယောက်သည် လမ်းသွားလမ်းလာ တစ်ယောက်ကို ဘယ်နှနာရီ ထိုးပြီလဲ ဟုမေးသည်။
ထိုလူက နာရီကို ကြည့်ပြီး အချိန်ကို ပြော၏ ။
ထိုအခါ အမူးသမားက ခေါင်းတယမ်းယမ်းနှင့် စိတ်ညစ်စွာ တီးတိုးရေရွတ်သည်။
“ ငါတော့ ဒီနေ့ မဟုတ်တော့ဘူး။ တစ်ညလုံး ဘယ်သူ့မေးမေး
တစ်ယောက်တစ်မျိုးစီပဲ ဖြေနေကြတယ် ”
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
ဘယ်ကိုရောက်နေလဲ
အမူးသမားနှစ်ယောက် တံတားတစ်ခုပေါ်မှာ လေညှင်းခံရင်း ရေထဲက ' လ ' ၏
အရိပ်ကိုကြည့်နေကြလေသည်။
ပထမလူ ။ ။ “ ဟေ့ ဟိုအောက်က ဘာလဲကွ ”
ဒုတိယလူ ။ ။ “ အဲဒါ ' လ ' ပေါ့ကွ ”
ပထမလူ ။ ။ “ ဟေ့ကောင် ဒါဆို ' လ ' က အောက်မှာဆိုတော့ ပြဿနာပဲ။
ငါတို့က ဘယ်ကို ရောက်နေတာလဲ ”
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
သောက်တယ်ဆိုတာ
အီထိုင်းသည် သူ့ယောက်ျားနိုနို ညတိုင်း အပြင်ထွက် အရက်သောက်ပြီး
အပျော်ရှာနေသည်ဟု ယောက်ျားဖြစ်သူ
ကို မြည်တွန်နေသည်။ ဒီလိုနှင့် တစ်ညနေခင်းတွင် နိုနိုက သူ့မိန်းမကိုပါ
မိုးအေးဆိုင်သို့ခေါ်သွားသည်။
“ မင်း ဘာသောက်မလဲ ”ဟု သူ့မိန်းမကို မေးသည်။
“ ရှင် သောက်တာ သောက်မယ် ”
ထိုအခါ နိုနိုဖြစ်သူက အပြင်းဆုံးအရက် နှစ်ပက်မှာပြီး သူ့အရက်ခွက်ကို
အချိန်အကြာကြီး ဆွဲသောက်သည်။
အီထိုင်းက သူသောက်တာကို ကြည့်ပြီး တစ်ငုံ ငုံလိုက်ရာ မသောက်နိုင်ပဲ
ချက်ချင်း ထွေးထုတ်ပစ်သည်။
“ ကဲ.. မင်း အခု သိပြီမဟုတ်လား။
ငါက အရက်သောက်တာ ပျော်လို့သောက်နေတာများ ထင်နေလား.......တဲ့.....
တွေးတွေးပြီးရယ်
တွေးတွေးပြီးရယ်
(၁)
"ရဲဘော်တို့ အားလုံးသတိ"
ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်။
"လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်"
"ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ"
(၂)
မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစ္ဆာန်ဆရာဝန်ကို ပင့်လာတယ်။
ဆရာဝန် "ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ"
ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။
"ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်"
(၃)
ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်လေလည်တယ်။ ဒါကို လှလှပပပြင်ထားတဲ့ မိန်းကလေးတစ်ယောက်က
အနံ့ဆိုးရလို့ တံတွေးတပျစ်ပျစ်ထွေးတယ်။ ဒါကို ဘေးမှာရပ်နေတဲ့လူကမြင်တော့ ပြောလိုက်တယ်။
"အီးအီးစားပြီး အခွံထွေးထုတ်နေတာလား?"
(၄)
တစ်နေ့မှာ "ဝ"နဲ့ "8" လမ်းမှာဆုံကြတယ်။ "8" ကိုတွေ့တော့ "ဝ"ကပြောလိုက်တယ်။
"ဟင်း.......ဝတယ်ဆိုလဲ ဝတာပေါ့. ခါးမှာ ခါးပတ်ပတ်ထားစရာမလိုပါဘူး"
(၅)
ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်သည်တစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့လူတစ်ယောက်
ကို လှမ်းပြောတယ်။
"ကျွန်မမှာ ကိုယ်ဝန်ရှိတာ ရှင်မသိဘူးလား"
ကိုယ်ဝန်သည်ရဲ့စကားကိုကြားတော့ အဲဒီလူမှာ ပျာပျာသလဲပြောရှာတယ်။
"ကျွန်.. ကျွန်တော် ကလေးအဖေ မဟုတ်ရပါဘူးနော်"
(၆)
လူတစ်ယောက် ရုံးတစ်ရုံးထဲ ဒေါသတကြီးဝင်သွားပြီး မေးတယ်။
"ဒါ... တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးရုံးလား?"
"ဟုတ်တယ်.. ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်သလဲ ပြောပါ..."
(၇)
အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း အင်္ကျီပင့်ပြီး ကလေးကိုနို့တိုက်တယ်။ အဲဒီမှာ ဝန်ထမ်းတစ်ယောက်က နံရံပေါ်ကပ်ထားတဲ့ စာကိုထိုးပြပြီး ပြောတယ်။
"ဆောရီး...... ဒီဆိုင်က အပြင်စာ ယူဝင်ခွင့်မရှိဘူးခင်ဗျား"
(၈)
အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။
ပထမအမူးသမား "တောက်....... ဒီလှေကားက တက်လို့မကုန်နိုင်ပါလား"
ဒုတိယအမူးသမား "အေးလေ... လက်ရန်းကလည်း နိမ့်လိုက်တာ"
(၉)
ဒဿနိကဗေဒပါမောက္ခ "လူတုံး၊ လူအတစ်ယောက်မေးတဲ့မေးခွန်းက လူတော်လူထက် (၁ဝ)ယောက်တောင် မဖြေနိုင်ဘူး"
ကျောင်းသား.... "အော်.. ဒါကြောင့် စာမေးပွဲဖြေတိုင်း ငါမဖြေနိုင်တာကိုး"
(၁ဝ)
သား... "ဖေဖေ... ဘုရားသခင်က ဘာဖြစ်လို့ ယောက်ျားကိုအရင်ဖန်ဆင်းပြီးမှ မိန်းမကို ဖန်ဆင်းရတာလဲ?"
အဖေ......"အင်း... ယောက်ျားကိုမဖန်ဆင်းခင် သူ့ဘေးမှာ တဗျစ်တောက်တောက်ရွတ်နေမယ့်မိန်း
မရှိစေချင်လို့ နေမှာပေါ့"
အထီးကျန် ဆောင်းည
"နန်းတေ်ရှေ့ရဲ့ အထီးကျန်ဆောင်းည"
တောင်နှစ်တောင်ကြားထဲက  တိုးဝှေ့ ကာ
ရှင်သန်တဲ့ ငါနေတဲ့ နန်းတော်ရှေ့
မန်းတောင်ပေါ်က  ကြည့်လည်း
မြူဝေပြီး    စိန်ပန်းလမ်းမထက်
စွေးစွေးနီ စိန်ပန်းပွင့်ချပ်တွေ
မြေမှာကျလို့
ရန်ကင်းတောင်ဘက်ကကြည့်လည်း
မြူဆိုင်းပြီး အဝေရာလမ်းမထက်
မှိုင်းပျပျ အဝေရာကိုင်းတွေ
မြေမှာကျလို့
အခုဆိုဆောင်းရောက်ပြီ
နှင်းဝေတာလည်းလွန်ဘဲ
ဆရာဖေရဲ့ ချမ်းပုံမှာကမ်းကုန်လို့ 
လမ်းဆုံက ဟစ်ချင်တဲ့နေရာဟာ
ဒို့  နန်းရှေ့ ဘဲဖြစ်မယ်
ဆောင်းတွင်းရောက်ပြီ
နှင်းတွေ ဝေပြီ
တခစ်ခစ်ရယ်သံတွေ ငါ့အတိတ်မှာ မြှပ်နှံထားတဲ့ နေ့က စလို့
နန်းတော်ရှေ့ရဲ့ဆောင်းညတွေဟာ ပိုအေးပြီး အထီးကျန်လွန်းလှတာ
နင်သိနိုင်မလား????
အထီးကျန်အလွမ်းညတွေကို ထာဝရအပိုင်ဝယ်ယူထားတဲ့  နှင်းဆီ
မပီပြင်တဲ့ (History)
"မပီပြင်တဲ့ History"
နှစ်တစ်နှစ်လည်းကုန်ဆုံးရစ်ခဲ့ပြန်ပြီ
ငါဘာတွေ ချန်ထားရစ်ခဲ့နိုင်လဲ  ...?
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခွင့်လွှတ်တော်မူပါဆိုပြီး
ကျူးလွန်ခဲ့တာတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ပေးဆပ်တာထက်မြတ်တဲ့
စွန့်လွှတ်မှုတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခဏတာရတဲ့ ဘ၀ကို ထာဝရထင်ပြီး
သာယာနေတဲ့နေ့တွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
မိန်းမသားအဖြစ် မွေးဖွားခဲ့တဲ့
အားမငယ်တဲ့  ကံတရားတွေရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ရုပ်တရားအတွက် အကျိုးပြုမယ့်
ပရဟိတ အလုပ်တွေလည်း လုပ်နေလိမ့်မယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ကိုယ့်တ္တ အတွက် သူတပါးအတ္တ ကိုချမနင်းဖို့
လေ့ကျင့်မှုတွေ ပြုနေလိမ့်မယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
၅၂၈ ထက်ပိုတဲ့ ရစ်ဖွဲ့ တဲ့
သံယောဇဉ်တွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လက်ခုပ်လက်ဝါးတွေတီးပြီး
ပျော်ရွှင်မှုကို ဖန်တီးတဲ့ အခါတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လမ်းလျှေက်တိုင်းပန်းတွေခင်းတဲ့
ဖန်ဆင်းပေးမယ့်  လူတစ်ယောက်လည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ရူးရူးမူးမူး   ချစ်မိလို့
နဖူးကို နမ်းခဲ့ဖူးသူလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
မေ့လျော့ ကွယ်ပျောက်စပြုတဲ့
ချစ်ပုံပြင်တွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လွမ်းဆွေးမှုထက်နာကြည်းတဲ့
ဥပေက္ခာ ပြုမှုတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ဘယ်သူမှအရေးမပေးပါဘဲ အရာရောက်နေတဲ့
အချစ်ဆိုတဲ့ အမှုကလည်း ရှောင်ထွက်နေတတ်ရမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
ခန္ဓာကိုယ် ရေချိုးပြီး
စိတ်ကို မသန့်စင်လိုက်ရတဲ့  နေ့ ညတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
စကားကုန်သည်တွလောက်မပေါ ကြွယ်ပေမယ့်
ငါ  မပြောခဲ့တဲ့အရာတွေလည်းရှိမယ်
ငါ့သမိုင်း   ငါ့အနာဂတ်မှာ
လော
လော
ဆယ်
တော့...........
ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တစ်အုပ်နဲ့
Hansaplast    တစ်စုံသာ ကျန်ရစ်ခဲ့တယိ    P:)
Sunday, October 28, 2012
အမေမွေးတဲ့နေ့
''အမေမွေးတဲ့နေ့"
ဘယ်နေရာမှာဆာလောင်နေသလဲ
ဘ၀ကြီးကို အစာကျွေးဖို့
ဒီနေ့ လေးကိုအမေ မွေးခဲ့တယ်
ကျေးဇူးပါအမေ
လိုတိုင်းတွေ တ ရနေတဲ့ ဘ၀ထက်
မျှတရောင့်ရဲ  နေနိုင်တဲ့စိတ်ကလေးပေးခဲ့တာ
ကျေးဇူးပါအမေ
ဘယ်နေရာမှ မပျောက်ပျက်
ဘ၀တွက် လိုအပ်ချက်ပညာအမွေ တွေ ပေးခဲ့တာ
ကျေးဇူးပါ အမေ
အမေနဲ့ ဝေးမှ သင်ပြခဲ့သမျှတွေ
လိုက်နာကျင့်သုံး အရှုံး မတွေ့ခဲ့တာ
လူထဲက လူတစ်ယောက်အဖြစ်
၂၈ နှစ်တိုင် ရပ်တည်ခဲ့ပါပြီ
ကျေးဇူးပါအမေ
မိဘတိုင်းရဲ့ နှိုင်းမရတဲ့ မေတ္တာတွေဟာ
ရင်မှ လွယ်မွေး ကိုယ့်သွေးသားတွက်
ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်ထက်ကို မပိုတာ
စောင့်ရှောင့်အုပ်မိုး မေ့မေတ္တာ တန်ခိုးတွေဘယ်လောက်
ကြီးမားတယ်ဆိုတာ
အမေ
အမေရယ်
၁ရက်  ၁လ ၈၄ ချမ်းအေးလှတဲ့ ဆန်းဒေးရဲ့ နံနက်ခင်းမှာ
အမေ သေမင်းနဲ့  ဘယ်လောက်ရင်ဆိုင်ခဲ့ရမလဲနော်
အမေမှ  မရှိရင် သမီးဆိုတာ   မဖြစ်တည်ခဲ့ဘူး
အမေ ပေးတဲ့ ဒီအသက်ကလေးကို  သမီးတကယ်မြတ်နိုးတယ်
အမေ မွေးတဲ့ ဒီရက်ကလေးကို  သမီးတကယ်မြတ်နိုးတယ်
၂၈ နှစ်ပြည့် အမှတ်တရ  ဒီမွးနေ့မှသည် အသက်ရှင်သမှကာလပတ်လုံး
လိမ္မာသိတတ်သော ထီးလိုသမီးကောင်းအဖြစ်  ရပ်တည်သွားပါ့မည် (မေ့သမီး နှင်းဆီ)
ပျော်ရွှင်ဖွယ်နှစ်သစ်ပါရှင်   !
Admin နှင့်တကွ  member   တွေ အားလုံး ၀င်ရောက်ဖတ်ရှုသူအားလုံး
ဆင်းရဲနှင့်ငရဲ ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။   
အကြင်နာနှင်းဆီ
လူသားဆန်သော
လူသားဆန်မှု ( Humanity ) ပုံပြင်လေးတစ်ပုဒ်
တခါတုန်းက ဆရာဝန်တစ်ယောက်ဟာ အရေးပေါ် ခွဲခန်းကနေ အရေးပေါ်ခေါ်ယူခြင်းခံရတဲ့အတွက် ဆေးရုံကို ချက်ချင်းရောက် လာခဲ့တယ် ။ သူဟာ ဖုန်းကို အမြန်ပြောပြီး အ၀တ်အစားလဲ ပြီးနောက် ခွဲစိတ်ဆောင်ထဲကို အလျှင် အမြန်ဝင်သွားခဲ့တယ် ။ နံရံကိုမှီပြီးဆရာဝန်အလာကို စောင့်နေရတယ်လို့ထင်ရတဲ့ လူနာရဲ့ဖခင် ကို တွေ့ လိုက်ရတယ် ။ ဆရာဝန်ကို မြင်တဲ့အခါ လူနာဖခင်က ပြောဆိုခဲ့တယ် ။ ` ဘာကြောင့် အခုလို အချိန်အကြာကြီးမှ လာရသလဲ ဆရာ . . ကျွန်တော့်သား ဘ၀ဟာ အန္တရာယ်နဲ့ကြုံနေရပြီဆိုတာ ခင်ဗျားမသိဘူးလားဗျာ ဒီအတွက် ခင်ဗျားမှာ တာဝန်ရှိတယ်လို့ မထင်မိဘူးလား ´
ဆရာဝန်ကပြုံးပြီးပြောခဲ့တယ် ။ `စိတ်မကောင်းပါဘူးဗျာ ကျနော် အမြန်ဆုံးလာခဲ့ပါတယ် ဆေးရုံက ဖုန်းဆက် ဆက်ခြင်းကျနော် က ဆေးရုံမှာမရှိနေခဲ့ပါဘူး ဖုန်းဝင်လာလာခြင်းအမြန်လာခဲ့ပါတယ် ဒါကြောင့်အခုချိန်မှာ စိတ်အေးအေးထားပါ ဒါမှကျနော်အေးအေးအလုပ်လုပ်နိုင်မှာမို့ပါ ´
` ဘာ . . စိတ်အေးအေးနေရမလား ခင်ဗျားရဲ့သားသာ အခုလို အခန်းထဲမှာ ရှိနေရရင်ခင်ဗျားဘယ်လိုနေမလဲ ခင်ဗျားရောစိတ်အေးအေးထားနိုင်မလား ? အခုချိန်ခင်ဗျားသားသေသွားခဲ့ရင် ခင်ဗျားဘယ်လိုလုပ်မလဲပြော ´ လူနာရဲ့ဖခင်က ဒေါသတကြီးပြန်ပြောခဲ့တယ် ။
ဆရာဝန်က ထပ်ပြီးပြုံးလိုက်ပြီးပြန်ပြောတယ် ။ `ဒီလိုရှိတယ်ဗျ အလုပ်အကိုင်နဲ့ပတ်သတ်လို့ Holy Book မှာ ဒီလိုရေးထားတယ် . . ကျွန်တော်တို့အားလုံးဟာ မြေမှုန်တွေကနေလာကြရတယ် ပြီးနောက် မြေမှုန်တွေ အဖြစ်ပြန်သွားကြရတယ် ဘုရားသခင်ရဲ့ ဂရုဏာတော်နဲ့ ကောင်းချီးပေးတော်မူပါလိမ့်မယ် ´ တဲ့ ဆရာ ၀န်တွေ လည်း သက်တမ်းအကြာကြီးနေရတာမဟုတ်ပါဘူး ခင်ဗျားရဲ့သားကို အကောင်းဆုံး ဆုတောင်းပေး ပါ ဘုရား သခင်ရဲ့ ဂရုဏာတော်အတိုင်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပါမှာ ´
`တစ်ခုခုဟာ မလွယ်ကူတော့ဘူးဆိုရင် ဒီလိုပဲ ပြောကြတာပါပဲ ´ လို့ လူနာအဖေက စိတ်မသက်မသာနဲ့ ညည်းတွားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ ခွဲစိတ်မှုဟာ နာရီပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် ဆရာဝန်က ပျော်ရွှင်စွာ ခွဲစိတ်ခန်းထဲကနေ ထွက်လာခဲ့တယ် ။ ` ဘုရားသခင်ကိုကျေးဇူးတင်ပါ ခင်ဗျားသားရဲ့ အသက်ကို ကျွန်တော် တို့ကယ်လိုက်နိုင်ပါပြီ ´ အဲဒီလို ပြောပြီး ဆရာဝန်က လူနာဖခင်ရဲ့ ပြန်ပြောတာကိုတောင်မစောင့်နိုင်တော့ပဲ သူ့လမ်း အတိုင်းအပြေးထွက်သွားခဲ့တယ် ။ ` ခင်ဗျားမှာ မေးစရာရှိရင် နာ့စ်ကိုသာမေးပေတော့ဗျို့ ´ လို့ ပြေး ရင်းနဲ့ပြောသွားခဲ့တယ် ။
` ဘာကြောင့် သူ ဒီလောက်အလျှင်လိုနေရတာလဲ ငါ့သားအကြောင်း ကို မေးဖို့ မိနစ်အနည်းငယ်ကိုတောင် သူ မစောင့်နိုင်ပါလား ´ လို့ ဆရာဝန်ထွက်သွားလို့ မိနစ်အနည်းငယ်မှာ နာ့စ်ရောက်လာတဲ့အခါ သူက နာ့စ်ကို ပြောဆိုခဲ့တယ် ။ အဲဒီအခါ နာ့စ်က မျက်ရည်တွေကျရင်းနဲ့ လူနာရဲ့ဖခင်ကို ယခုလိုပြန် လည်ပြောဆိုခဲ့တယ် ။
`မနေ့က ဆရာသားဟာ ကားတိုက်မှုဖြစ်လို့ သေဆုံးသွားခဲ့ရပါတယ် ရှင့်သားရဲ့ခွဲစိတ်မှုအတွက် ဆရာ့ ကို ခေါ်တုန်းက ဆရာက သူ့သားနာရေးအတွက် သုဿန်မှာရှိနေခဲ့ပါတယ် အခု သူက ရှင့်သားအသက်ကို ကယ်ပေးခဲ့ပါပြီ အခု သူ့သား အလောင်းမြေကျဖို့အတွက် သူ သုဿန်ကိုပြေးသွားရခြင်းဖြစ်ပါတယ် ´
လူ့ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုတာမှာ မည်သူတစ်ဦးတစ်ယောက်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဥပဒေသရယ်လို့မရှိပါဘူး ။ ခင်ဗျားဟာ သူတို့ရဲ့ ဘ၀မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာနဲ့ ဘာကြောင့် ပြေးလွှားနေရသလဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး ။ ဒီအရာကို လူသားဆန်မှုလို့ ခေါ်ပါတယ် ။ ဒါကြောင့် ကိုယ့်ဘ၀ချည်းပဲ အဆိုးတွေကြုံနေရတယ်လို့ မတွေးပါနဲ့ လူတိုင်းမှာ လည်း သူတို့ဒုက္ခနဲ့ သူတို့ရှိကြပါတယ် ။ ကိုယ့်ဒုက္ခအတွက် သူများကို အပစ်တင်မစောပါစေနဲ့ သူတို့မှာလည်း သူတို့ အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ် ။ ကျွန်တော်တို့အားလုံးမှာ စာနာနားလည်နိုင် မှုနဲ့ တွေးတော ဆင်ခြင် တတ်ခြင်းတွေသာရှိနေရင် ကမ္ဘာမြေကြီးက ပိုပြီး လှပလာမှာအမှန်ပါပဲ ။
သက်တန့်ချို
ဇန်န၀ါရီ လေးရက်နေ့
ဘာကြောင့်ဒေါသထွက်နေကြသလဲ
တခါတုန်းက ပေါ့ မီးရထားကြီးတစ်စင်းဟာ ထွက်လုဆဲဆဲ နဲ့ အချက်ပေးသံတွေ နဲ့ဆူညံလို့ ဘူတာရုံကြီး ဟာလည်း သက်ဝင်လှုပ်ရှားလို့နေတယ် ။ အဲဒီအချိန်မှာ လူကြီးလူကောင်းဆန်ဆန် ၀တ်စားထားတဲ့ အဘိုးအို တစ်ဦးဟာ ရထားထွက်တော့မှာကြောင့် ခပ်သုတ်သုတ်လေး ရထားပေါ်တက်ဖို့ ပြင်လိုက်တယ် ။ ဒါပေမယ့် သူ့နောက် ကနေ တစုံတဦးက လှမ်းဆွဲထားလိုက်တာကြောင့် သူနောက်ပြန်လှည့်ကြည့်လိုက်တဲ့
အခါ သူ့ပိုက်ဆံ အိတ်ကို ကိုင်ပြီး အကီင်္ျကိုလှမ်းဆွဲထားတဲ့ ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းလူငယ်တစ်ယောက်ကိုတွေ့လိုက်ရတယ် ။
ဒါနဲ့ အဘိုးအိုက လူငယ်ကိုမေးလိုက်တယ် ။
“ ဘာလို့အနောက်ကနေ အကျီင်္ကိုဆွဲတာလည်းကွဲ့ ဒါနဲ့လက်ထဲက ပိုက်ဆံအိတ် က ငါ့ဟာမဟုတ်လား မင်းက ခါးပိုက်နှိုက်လား ”
“ မဟုတ်ရပါဘူး အဘိုးရယ် ကျွန်တော် အဘိုးပိုက် ဆံအိတ်ကျကျန်ခဲ့တာတွေ့လို့ လိုက်ပေးတာပါ အဘိုးက ရထားပေါ် တက်တော့မှာမို့ အင်္ကျီကိုလှမ်းဆွဲလိုက်တာပါ ”
အဲဒီလို အဘိုးအိုနဲ့ လူငယ် နှစ်ယောက် စကားပြောနေတာကို ဘေးနားက လူအုပ်ကြီးက နားစွန်နားဖျား ကြား သွားပြီး လူအုပ်ထဲကတစ်ယောက်က လှမ်းပြောတယ် ။
“ ဟေ့ ခါးပိုက်နှိုက်တဲ့ကွ ခါးပိုက်နှိုက်တဲ့ ချကွာ ၀ိုင်းဆော်ကွာ ကြာတယ် ချ ချ ”
အဲဒီလိုနဲ့ လူအုပ်ကြီးကလည်း ဆူညံ့လာပြီး လူငယ်လေးကို ၀ိုင်းပြီး ရိုက်နှက်ကြဖို့ ဒေါသတကြီး ၀ိုင်းအုံလာ ကြလေ ရဲ့ ။ ဒါနဲ့ အဘိုးအိုက လူတွေကို ပြောလိုက်တယ် ။
“ နေကြ ပါဦးကွယ် ဘာလို့ ခင်ဗျားတို့က ဒေါသထွက်နေကြတာလဲဟင် ”
“ ဟာ အဘိုးရဲ့ သူက ခါးပိုက်နှိုက်လေ လူတွေကို လိုက်ဒုက္ခပေးလိမ့်မယ် ကြာပါတယ် ချကွာ ၀ိုင်းဆော်ကွာ အဘိုး လည်း ဒီလူ့ကို ကျွန်တော်တို့နဲ့အပ်ခဲ့ပါ ”
အဲဒီလိုလည်းပြောရော ခပ်နွမ်းနွမ်းလူငယ်လေးက ကြောက်လန့်သွားပြီး
“ အဘိုးရယ် ကျွန်တော် ခါးပိုက်နှိုက်မဟုတ်ပါဘူးဗျာ တကယ်ပါ အဘိုးကျွန်တော့်ကို မထားခဲ့ပါနဲ့နော် ”
လို့ တောင်းပန်ပါတယ် ။ ဒီတော့အဘိုးအိုက လူငယ်ကို ဂရုဏာသက်စွာ ကြည့်ပြီး အောက် ပါအတိုင်းပြော လိုက်ပါတယ် ။
“ ဒီမှာ ကလေးရဲ့ ဒီလူတွေကို မင်းသိလား ဒီလူတွေက တို့တိုင်းပြည်ထဲမှာနေတဲ့လူတွေပဲ သူတို့ မျက်နှာ ကိုကြည့်လိုက်စမ်း အရမ်းကို ဒေါသထွက်နေကြတယ်တွေ့လား ဒီလူအုပ်ကြီးက တကယ်တော့ မင်းကို ဒေါသ ထွက်နေကြတာမဟုတ်ပါဘူး ။ တချို့ မိန်းမနဲ့ အဆင်မပြေလို့ မြိုသိပ်ထားကြရတယ် တချို့က အထက် လူကြီးရဲ့ ဆူပူကြိမ်းမောင်းတာခံရလို့ မြိုသိပ်ထားကြရတယ် တချို့ကစီးပွားရေး အခြေအနေမကောင်းလို့ ကြိတ် မှိတ်နေ ကြရတယ် တချို့က တော့ သူတို့သားသမီးတွေက သူတို့စကား နားမထောင်လို့ တချို့ကတော့ အိမ်နီးနား ချင်းတွေ ချမ်းသာနေတာကို မနာလိုဖြစ်နေကြလို့ တချို့ ကတော့ ဘောလုံးပွဲလောင်းတာ ရှုံးသွားလို့ ဒီလိုနဲ့ သူတို့ဟာ ကြိတ်မှိတ်မြိုသိပ်တာတွေများနေကြတယ် အဲဒီမြိုသိပ်တာတွေ ကိုမင်းအပေါ် မှာ လောင်း သွန် ချပြီး ဒေါသတွေပေါက်ကွဲနေကြတာပဲ ငါ သာမင်းကို မကာကွယ်ပေးဘူးဆိုရင်တော့ သူတို့ဟာ မင်းရဲ့ ဦးခေါင်း ခွံကို ရိုက်ခွဲမှာ အမှန်ပါပဲ ”
ကဲ ကျွန်တော်တို့ ဒီနေရာလေးမှာ တချက်လောက်တွေးကြည့်ကြရအောင် ။ ခက်ခဲကြမ်းတမ်းပါတယ်ဆိုတဲ့ ဘ၀ဆိုတဲ့ အရာကို ကျွန်တော်တို့တွေဖြတ်သန်းပြီး မြိုသိပ်တာတွေများနေကြတယ် ။ ကျွန်တော်တို့ ဟာ အမြဲပဲ ကိုယ်အဆင်မပြေတာတွေကို တပါးသူအပေါ် သွန်ချပစ်ဖို့ လောင်းချပစ်ဖို့ ပေါက်ကွဲ ပစ်ကြဖို့ ၀န် မလေး တတ်ကြဘူး ။ ကျွန်တော်တို့ စိတ်နှလုံးသားတွေဟာ တကယ်ပဲ သန့်စင်ကြပါရဲ့လား ။ မပြူမူအပ်တဲ့ အရာတွေ ဟာ စဉ်းစား ဥာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကသာ ကုစားပေးနိုင်ကြပါလိမ့်မယ် ။ ယခုကစလို့ ကျွန်တော်တိုရဲ့ အဆင်မပြေမှုတွေကို တခြားသူတွေအပေါ် ပုံချဖို့မကြိုးစားပဲ ကိုယ့်ဘာသာ ကိုယ် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ကိုယ်ပဲ ဖြေရှင်းဖို့ ကြိုးစားကြပါစို့လား ။ တခုခုဆို အများသဘောအတိုင်းဆိုတဲ့အရိုးစွဲ အယူဝါဒကို စွန့်လွှတ်လို့ မှားသည်မှန်သည်ကို တိတိကျကျ ဝေဖန်ပိုင်းဖြတ်ရင်း စိတ်နှလုံးသားတွေ သန့်စင်စွာ နေကြပါစို့ ။
သက်တန့်ချို
မဟောင်းနွမ်းတဲ့အလွမ်း
"မဟောင်းနွမ်းတဲ့ အလွမ်း"
လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲပင်ပန်းလိုက်တာ
လွမ်းရင်းနဲ့ လွမ်းချင်းတွေ ဖွဲ့လို့
ည ညဆို လွမ်းရင်း အိပ်မပျော်တာ များပေါ့
လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲလေးလံလာလိုက်တာ
လွမ်းရင်းနဲ့ အလွမ်းသင့်ရက်တွေများလို့
ငါ့ရင်တောင် အလွမ်းနဲ့ ကျွမ်းလောင်ခဲ့ပေါ့
လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ရင်ထဲမှတ်တမ်းတွေ များတော့
မွေးသက္ကရာဇ်  ရာဇ၀င် ဇာတာခွင်ပြန်စစ်ကြည့်တော့
အလွမ်းနဲ့သာ ထာဝရ ရှင်သန်ခွင့်ရမယ့်သူတဲ့
လွမ်းလိုက်တာဟာ
ထမ်းထားရတာ  မဟုတ်ပေမယ့်
ဆွေးမြည့်တဲ့ ခံစားမှုနဲ့ အုတ်မြစ်ချထားတဲ့အချစ်
ရာစုနှစ်တွေ ပြောင်းတောင်မှ
ငါ့အလွမ်းတွေ   မဟောင်းတော့ဘူး
(အနမ်းခံ ပန်းထက် အလွမ်းစံ ပန်းအဖြစ် ရှင်သန်ရစ်တဲ့ နှင်းဆီ)
လွမ်းသူပါရှင်
"လွမ်းသူပါရှင်"
ခုတလော စက္ကန့် မခြားကို  လွမ်းနေရတယ်
မြန်မာပြည်မှာ ငါ့ထက် လွမ်းသူရှိချင်ဦးမလား ?
အချိန်နဲ့အမျှ လွမ်းရဖို့အတွက် အလွမ်းပွဲကို
ငါတစ်ယောက်တည်း လေလံစွဲမယ်
ကဗျာထဲမှာ အလွမ်းဆွေးဘဲပါလို့ အသိတစ်ချို့က
အထင်သေးစွာဟားချင်ကြတယ်
သရော်သလို ဆုတောင်းပေးရင်း
အချစ်သစ်အမြန်တွေ့ပါစေလေ
ခံစားမနေနဲ့ တဲ့
ပေးတဲ့ဆုနဲ့ ဝေးပါစေကွယ်
အချစ်စစ်ကို မေ့ပြီး အသစ်ပြောင်းသူတွေထဲမှာ
နှင်းဆီ   မပါဝင်ချင်ဘူး
အလွမ်းကိုလေနဲ့ တင်စားပြီး အလွမ်းလေထုကိုရှုတဲ့ သူတိုင်း
ကျန်းမာစွာအသက်ရှင်နေတာ ကိုယ်တွေ့ မို့ပါ
အလွမ်းမှာ  နွေ မိုး ဆောင်း ဥတု သုံးပါးလုံးဖြတ်သန်းဖို့
ဇာတ်လမ်းတွေရှိတယ်
ရိုးရိုးလွမ်းနဲ့ ရှယ်လွမ်း နှစ်သက်ရင် သင်လည်း
ရူးသွပ်စွာ   ၀င်လွမ်းကြည့်နိုင်တယ်
အလွမ်းကို ဂုဏ်ထူးဆု မပေးကြပေမယ့်
အောင်မြင်စွာဖြတ်သန်းဖူးတဲ့ အချစ်ရဲ့  ရင်ခုန်သံ
မှတ်တိုင်ဟောင်းအဖြစ် သတ်မှတ်ပေးကြတယ်
ပျော်ရွှင်စွာက ခုန်ဖူးတဲ့ အချစ်ရဲ့ ဇာတ်ရုံကြီးထဲမှာ
အချစ်မင်းသားနဲ့ အလွမ်း မင်းသမီး
နှစ်ပါးသီချင်းတွေ   ဟစ်ခဲ့ဖူးတယ်
ပတ်စာခွာ  ဖျာလည်းသိမ်းရော
အလွမ်းသမလေး က အရင်တိုင်း
လွမ်းရင်းကျန်ခဲ့ရရော
အိပ်ချိန်တစ်ချို့ ကလွဲလို့လွမ်း
အိမ်မက်ထဲထိလွမ်း
အသက်ရှုတိုင်းလွမ်း
လွမ်းးးးးးး
လွမ်းးးးးးးးးး
(အနမ်းခံ ပန်းထက်  အလွမ်းစံ ပန်းအဖြစ် ရှင်သန်ရစ်တဲ့ နှင်းဆီ)
Saturday, October 27, 2012
အမေးရှိလို့--
"အမေးရှိလို့"
ငါးမရရေချိုးပြန်တဲ့
ဝါသနာအရင်းခံမရှိသူတွေက
ကျွန်မကို   ကဗျာရေးတာ ထမင်း ၀ သလားတဲ့
ပြောပြပါ့မယ်
ကျင်းထဲရောက်မယ့်အရာကို တန်ဆာဆင်သူတွေထဲမှာ
ကျွန်မ မပါဝင်ချင်ဘူး
ထမင်း ၀၀ မ၀၀  ဇီဇာတွေ ချဲ့ပြီး
သူများအဆိုးသာမြင်မယ့်
အမေးရှိတဲ့ လူတွေထက်တော့
ကျွန်မစိတ်ကူးက ထူးပါတယ်
နှင်းဆီဆိုတာသဘာဝပါ
ဟန်ပြတဲ့ လုပ်ကွက်တွေ ဘာတစ်ခုမှ မပါဘူး
ရူးခဲ့တာက ကဗျာအတွေး
လေးစားရတဲ့ ဆရာတွေကလည်း
အခုထိသင်ကြားပေးနေတယ်
မျက်လုံးတစ်ထောင်နဲ့ စောင့်ကြည့်တောင်
နှင်းဆီဘောင်က ကျဉ်းမသွားဘူး
စေတနာလေးရှေ့ ထားပြီး
လေးစားရတဲ့အတွေးနဲ့
ပြန်မေးကြည့်ပါဦးမယ်
သင်ရော   ထမင်းဝရဲ့လား?
ရှိတ်စပီးယားရဲ့ ဂျုးလီးယက်ဆီဇာ ပြဇာတ်ထဲက
ဘရူးတပ်စ် လိုလူတွေ ငါ့ဝန်းကျင်မှာများနေတယ်
(ရိုးသားမှုတွေ ထဲမှာ   ရိုင်းစိုင်းမှုတွေ
လာမစွက်အောင် ရှောင်ထွက်လို့နေတဲ့
ဆူးနှင်းဆီ)
အမေးရှိတဲ့ လူတစ်ယောက်အတွက်ပါ
ကျန်တာ အားလုံး အလေးစားဆုံးနော်  p:)
ဘဝအချိုပွဲ
ဘဝအချိုပွဲ
"ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ ....." စတာတွေ တစ်ခုမှစိတ်တိုင်းကျမဖြစ်ဘူးလို့ လူငယ်တစ်ဦးက အဘွားဖြစ်သူကို ညည်းတွားတိုင်တန်းတယ်။
အဲဒီအချိန်မှာ ကိတ်မုန့်ဖုတ်နေတဲ့အဘွားက မြေးဖြစ်သူကို ကိတ်မုန့်စားမလားလို့မေးတော့ လူငယ်က ဝမ်းသာအားရ ချက်ချင်းခေါင်းညိတ်တယ်။
အဘွားက သူ့ကို ဂျုံမှုန့်စားဖို့ကမ်းပေးတော့ လူငယ်က သဘောမကျဟန်နဲ့ "ဂျုံမှုန့်! ဒီလောက်စားရခက်တာ ဘွားဘွားကလဲ"လို့ပြန်ပြောတယ်။
"ဒါဆိုရင် ကြက်ဥအစိမ်းစားကြည့်ပါလား?" လို့ အဘွားကဆိုတော့ မြေးက "ဘွားဘွား ဘယ်လိုဖြစ်တာလဲ? ဒါတွေက အရမ်းစားရခက်တဲ့ အရာတွေပါ" လို့ဆိုတယ်။
"တကယ်တော့ ဒီအရာတွေကိုယ်၌က စားရခက်တာပါ။ ဒါပေမယ့် သူတို့ကို မှန်ကန်တဲ့နည်းနဲ့ပေါင်းစပ်ပြီး မီးဖုတ်ခဲ့ရင် အရသာရှိတဲ့မုန့်(အချိုပွဲ) ဖြစ်သွားပါတယ်" လို့ အဘွားက ဆက်ပြောပါတယ်။
ဘဝမှာလည်း ဒီလိုပါပဲ... များသောအားဖြင့် ဆုံးရှုံးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ အဘက်ဘက်ကဖိအား... စတာတွေကို ကျွန်မတို့ခံစားကြရတယ်။ ဒါပေမယ့် ဒီအရာတွေကို ဘဝက သင့်မြတ်အောင်ထိန်းညှိပြီး ဆုံးရှုံးခြင်းထဲကနေ သင်ခန်းစာအဖြစ်၊ ဝမ်းနည်းကြေကွဲခြင်းထဲကနေ အတွေ့အကြုံအဖြစ်၊... ကျွန်မတို့အတွက် အသုံးဝင်၊ အကျိုးရှိတဲ့အရာအဖြစ် ပြောင်းပေးခဲ့ပါတယ်။
"Stressed" is "Desserts" spelled Backwards. ပါတဲ့...
မြန်မာပြည်ပညာရေး (ဟာသ)
တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို မေးလိုက်ပါတယ်။
"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"
ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… "ကျ ကျနော် မသတ်ဘူး" တဲ့။
ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-
"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။
စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။
"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့" တဲ့ဗျာ။
--
အားလုံးပျော်ရွင်ပါစေ
သူမ
"သူမ   အဖြစ်"
ရှင်သန်နေတာပါဘဲ.......
အသက်မရှိတဲ့  ပန်းပုရုပ်တစ်ရုပ်လို
လှုပ်ရှားနေတာပါဘဲ.....
သံပတ်ပေးထားတဲ့စက်ရုပ်တစ်ရုပ်လိ
ဖြတ်သန်းနေတာပါဘဲ.....
အဆုံး အစမရှိတဲ့ ဒီဘ၀ကြီးလို
ခံစားနေတာပါဘဲ......
နှလုံးသားမရှိတဲ့ လူတစ်ယောက်အဖြစ်လို
ရုန်းထွက်နေတာပါဘဲ.....
လှုပ်လေ နစ်လေ နွံအိုင်ထဲက အဖြစ်လို
(နှင်းဆီ)
--- အကြောင်း
"...................အကြောင်း"
တစ်စုံတစ်ခုကိုလိုမှ  အပိုတွေ တ တတ်သူထဲမှာအပါဝင်ကြောင်း
ဖေ မေနဲ့စရိုက်သဘာတွေ မတူလို့ ခေါ်ယူမွေးစားတယ်လို့ပြောခံရကြော
င်း
ဘ၀ တစ်ခုမှာ သူ့ ကြောင့် ကာလတစ်ခုတာ နာဖျားဖူးခဲ့တဲ့အကြောင်း
ကိုယ်မသောက်ဘဲ  ရှုမိတဲ့ဆေးလိပ်ငွေတွေ  အကြောင်း
မေးခွန်းဟောင်းကိုဘဲ အထပ်ထပ်ပြန်ဖြေပြီး စာမေးပွဲခန်းဝင်ရမှာကိုကြောက်နေတဲ့အကြောင်း
မန္တလေးနဲ့ခြင် ဆွေမျိုးတော်စပ်တာကို ငြင်းချင်သူရှိက ငြင်းနိုင်တဲ့အကြောင်း
မြစ်တွေကောင်ကွေ့တာကို    မာယာလို့ သမုတ်သူကို မနှစ်သက်ကြောင်း
ညမှာ အနက်ရောင်တွေ လွှမ်းလို့  ငါ့အိမ်မက်တွေ မဲခဲ့ရကြောင်း
သန်းခေါင်ယံတေးအဖြစ်ခွေးတွေ ထဟစ်တာကို နှစ်သက်စွာ နားဆင်မိတဲ့အကြောင်း
ကဗျာထဲမှာသူ့  အကြောင်းတွေ အများဆုံးပါဝင်တာ ရိုးသားစွာ ၀န်ခံမိတဲ့အကြောင်း
ဟိုင်း  ! ကဗျာဆရာမ လို့ လာနှုတ်ဆက်တိုင်း   ရင်တွေ လှိုင်းထ သွားတတ်ကြောင်း
နောက် ၅နှစ်ကြာရင် အကြင်နာနှင်းဆီ အိမ်ထောင်ရှင်မကြီး  ဖြစ်ချင်ဖြစ်နေမယ့်အကြောင်း
ရံဖန်ရံခါ  အစွန်းရောက်စိတ်နဲ့  မိဖုရားထက် ဘုရင်မကြီးသာ ဖြစ်ချင်စိတ်ရှိကြောင်း
ကဗျာလှဖို့ မလှ ဖို့ထက်  ၀ါသနာကျရာဆေးစက်ချမိနေတဲ့ အကြောင်း
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေး ရောက်သတဲ့
အလွမ်းတွေကို ကဗျာထဲ နည်းနည်းစီ သွန်ချရင်း
ဖြည်းဖြည်းချင်း အလွမ်းပါးအောင် လုပ်နေတဲ့အကြောင်း
..............................................အကြောင်း
.............................................အကြောင်း
နှင်းဆီ
ပျော့ညံ့သူလား
ပျော့ညံ့သူလား ယတိပြတ်သူလား
ရင်ဆိုင် ဖြေရှင်းရန် ရှိသည့် ပြသနာ များကို ချက်ချင်း မဖြေရှင်းပဲ အချိန် ဆွဲနိုင်သမျှ ဆွဲထား တတ်သူ၊ ငြင်းဆန် စကား ပြောရမည်ကို အားနာ တတ်ပြီး မိမိ သဘောထားကို ပြတ်ပြတ် သားသား ထုတ်ဖော် မပြောဆိုသူ သို့မဟုတ် အမြဲတမ်း လိုက်လျှော ညီထွေ ဖြစ်အောင် နေတတ်သူ ပြသနာ သို့မဟုတ် အခက်အခဲ တစ်ခုခု ရှိလာပါက ထုတ်မပြော ၀န်မခံဘဲ မြုံစိစိ လုပ်ပြီး ၀န်မခံ တတ်သူ၊ ပျော့ညံ့ခြင်းနှင့် ယတိပြတ်ခြင်းကြား ဝေခွဲမရ ဖြစ်နေတတ်သူ၊ အခြားသူများကို အလုပ်ခွဲဝေ ပေးရမည်ကို အားနာသဖြင့် အလုပ်များ သူတစ်ဦးတည်းပေါ်တွင် လုပ်ငန်း တာဝန်များ စုပုံ နေတတ်သူများကို တွေ့ဖူး ကြပါ လိမ့်မည်။ ထိုသို့ ဖြစ်စေ တတ်သော အကြောင်း အရင်းများမှာ
၁။ အများသဘောနှင့် ဆန့်ကျင်လျှင် မိမိကို မနှစ်သက်မှာကို စိုးရိမ်ခြင်း၊
၂။ အမှန်တရား တစ်ခုအတွက် ရေရှည် ရပ်တည်ဖို့ထက် လက်ရှိ တစ်ခဏ သဘောထား ကိုက်ညီမှုကို ပိုမို ဦးစားပေးလိုခြင်း၊
၃။ အခြားသူများက ခြိမ်းခြောက် ရန်လိုမည်ကို စိုးရိမ်ခြင်း၊
၎။ ကိုယ်ပိုင် အမြင်နှင့် ကိုယ်ပိုင် တွေးခေါ်ခွင့် ရှိသည်ကို အသုံးမချ တတ်ခြင်း၊
၅။ မိမိအမြင် မိမိအတွေးအခေါ် အယူအဆများကို ကိုယ်တိုင် ယုံကြည်မှု အားနဲခြင်း
၆။ ပြတ်ပြတ် သားသား လုပ်ဆောင် နိုင်မှု အားနဲခြင်း၊
၇။ ပြတ်ပြတ် သားသား ဖွင့်ဟ ပြောဆိုခြင်းနှင့် ရန်လိုခြင်း သို့မဟုတ် မကောင်း မြင်တတ်ခြင်းကို ကွဲကွဲပြားပြား မသိခြင်း၊
၈။ အလိုက် အထိုက် လိုက်လျော ညီထွေ ပြောဆို နေထိုင်ခြင်းသည် ယဉ်ကျေးသော အပြုအမူ ဖြစ်သည်ဟု
   ထင်မြင် ယူဆခြင်း  တို့ဖြစ်ပါသည်။
ထိုအမူ အကျင့်များ စွဲလာပါက  ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု လျော့ပါး လာခြင်း ပြသနာကို ဖြေရှင်းနိုင်စွမ်း ဆုံးဖြတ် နိုင်စွမ်းများ လျော့ပါး လာခြင်း လုပ်ငန်းခွင် အတွင်း စွမ်းရည် ကျဆင်း လာခြင်းများ အချိန်မီ အလုပ် မပြီးတော့ခြင်း အရေးတစ်ကြီး ဆုံးဖြတ်စရာ ကြုံလာလျင် ဆိုင်းထား တတ်ခြင်းများ ဖြစ်လာ စေနိုင်ပါသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးတက် စေရန် ပြသနာများကို ပြတ်ပြတ် သားသား ဆောင်ရွက် တတ်သော ပြသနာများကို နားထောင် တတ်သော မည်သူ့ကိုမျှ အပြစ်မတင်ပဲ အကောင်းဆုံး ဖြေရှင်းတတ်သော ပြသနာဖြစ်လာပါက အပြုသဘောနည်းဖြင့် ဖြေရှင်းနိုင်ရန် အကြံပြုပေးခြင်း နှင့် မိမိ ရပ်တည်ချက် ခိုင်မာ ပြတ်သားသော အခြား သူများ၏ အမြင် ကိုလည်း အသိအမှတ်ပြုပြီး ကိုယ်ပိုင် ခံစားချက်နှင့် အတွေးများကို လည်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောပြနိုင်သော လုပ်ငန်းခွင် အတွင်း စွမ်းရည် ပိုမို မြင့်မား လာစေရန် အတွက် မိမိ ကိုယ်တိုင်က လေ့ကျင့်  ပျိုးထောင်ရန် လိုအပ်ပါသည်။
စီမံခန့်ခွဲမှုနှင့်စာရင်းပညာရပ်ဝန်းမှ ပြန်လည်မျှဝေပေးသည်.....
ဖေဖေ
(1) သားရယ်
ငွေရှာတာ သိမ်းဆည်းဖို့ မဟုတ်ဘူး။
ပေးကမ်းဖို့ရှာတ ဆိုတဲ့ ဖေဖေ့ စကားကို
သားနားလည်သွားတဲ့အတွက်
ဝမ်းသာပါတယ် ကွယ်. .
ငွေကို သိမ်းဆည်းဖို့ရှာရင်
လောဘကြောင့် စိတ်ဆင်းရဲမယ်။
ပေးကမ်းဖို့ရှာမယ်ဆိုရင်တော့
ဒါနကြောင့် ၀မ်းသာမယ်၊ စိတ်ချမ်းသာမယ်။
ငွေရှာရတာခြင်း အတူတူတော့
ပေးကမ်း လှူဒါန်းဖို့ရှာဖွေတာ
အကောင်းဆုံးပဲပေါ့
အဲ့ဒီ ငွေရှာဖွေခြင်း သဘောတရားနဲ့
အလုပ်လုပ် လာတဲ့အခါ
ပေးကမ်းဖို့ ငွေတွေ ရောက်လာပြီး
ရယူမယ့် လူတွေ
လှူဒါန်းရမယ့် ကိစ္စတွေကလည်း
အလိုလို ပေါ်လာတော့တာပဲ။
ဒါတွေကို တစ်နေ့တော့
သား ကိုယ်တွေ့ကြုံပြီး
ခံစား နားလည်သွားပါလိမ့်မယ်။
(2) သား
ကိုယ့်ကို ကိုယ် ပုံသွင်းမရတာနဲက
သူတစ်ပါးကို ပုံမသွင်း နိုင်ဘူးလို့
တထစ်ချ ပြောလို့ရမလား
ဆံပင်ညှပ်သမား တစ်ယောက်ဟာ
ကိုယ်ခေါင်းက ဆံပင် ကိုယ်မညှပ်တတ်လို့
သူတစ်ပါး ခေါင်းက ဆံပင် မညှပ်သင့်ဘူးလို့
အပြစ်တင် သင့်သလား. .
အဖေက ပညာမတတ်လို့
သားကို ပညာတတ် ဖြစ်အောင်
ပုံသွင်း လေ့ကျင့်လို့မရဘူးလား .
ဖခင်တစ်ယောက်အနေနဲ့
သူချစ်တဲ့ သားကို
ပညာတတ်ကြီးဖြစ်အောင်
လူတစ်လုံး သူတစ်လုံးဖြစ်အောင်
သူစိတ်ကြိုက် ပုံသွင်းလေ့ကျင့်တာဟာ
နှိပ်စက် ညှဉ်းပန်းတာ မဟုတ်ပါဘူး
ဘယ်ပန်းပုဆရာမှ
သူ ထုလုပ်နေတဲ့ အရုပ်ကို
အမြင် မလှအောင် မလုပ်ဘူးဆိုတာ
သားနားလည်စေချင်ပါတယ်.
(3)သားရယ်……………..
အောင်မြင်ချင်တဲ့သူဟာ
ကိုယ့်ကိုကိုယ် ယု့ကြည်မှုရှိဖို့
အမှန်တကယ်လိုအပ်ပါတယ်။
အဲ့ဒီယုံကြည်မှုရအောင်
ကိုယ်ဘာသာကိုယ် ပြု စုပျိုးထောင်ရပါတယ်။
အလကားကောင်လို့ သူများကပြောတာနဲ့
စိတ်အားငယ်ပြီး ဘာမှမလုပ်ဘဲနေရင်
အလကားကောင် တကယ်ဖြစ်သွားမှာပေါ။့
သူများတကာရဲ့စကားလုံးတွေကြောင့်
ကိုယ့်ဘ၀ဆုံးရှုံးသွားရတာ
ကံကြမ္မာကြောင့်မဟုတ်ပါဘူး သားရယ်။
ကိုယ့် ရဲ့ဘ၀ အမြင်
ချွတ်ချော်တိမ်းစောင်းနေလို့ပါ။
အမြန်ဆုံးပြုပြင်လိုက်ပါကွယ်။
အောင်မြင်မှုတွေကသားကို
စောင့်ကြိုနေပါလိမ့်မယ်
(4) သားကြီး
No man is perfect တဲ့။
အပြစ်ကင်းသူ ဘယ်သူမှ မရှိပါဘူးကွယ်။
လူမှန်ရင် ဘယ်သူမဆို
တစ်ကွေ့မဟုတ် တစ်ကွေ့တော့
မှားကြတာချည်းပါပဲ။
အမှား လုပ်မိတဲ့အတွက်
စိတ်ပျက် အားငယ်သွားဖို့ မဟုတ်ပါဘူး။
အမှားကိုမြင် အမှန်ပြင်ပြီး
လမ်းမှန်ကို ပြန်လျှောက်နိုင်ဖို့ပဲ လိုတယ်။
(5) သား. . .
ဘ၀ဆိုတာ အချိန်ပါပဲ.
အချိန်ဆိုတာ ကုန်မြန်တယ်.
ဒါကြောင့် ဘ၀ဆိုတာ တိုတောင်း တယ်
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်စရာတွေ အများကြီး
တာဝန်တွေကလည်း မနည်းဘူး။
ကိုယ့်ဘ၀ကို တိုးတက် အောင်မြင်အောင်လုပ်ဖို့
စိတ်ငြိမ်းချမ်းမှု ရအောင် ကျင့်ကြံအားထုတ်ဖို့
နောင်ဘ၀မှာ ဖြစ်သင့်ဖြစ်ထိုက်တာတာ ဖြစ်အောင်
ဒီဘ၀မှာ ကြံစည်ကြိုးစားဖို့
နည်းတဲ့ အလုပ်တွေမှာ မဟုတ်တာ
ပြီးတော့ . . . မိသားစုတာဝန်
နိုင်ငံတာဝန်၊ လူ့တာဝန်တွေ
ကျေပွန်အောင် ဆောင်ရွက် သွားဖို့လည်း ရှိသေး။
အဲ့ဒီ အလုပ်တာဝန်တွေကို မေ့ချန်ထားပြီး
ကိုယ့်ကို ကိုယ် အရစ်ကျ သေကြောင်းကြံနေတဲ့
အကျိုးမရှိတဲ့ အရာတွေကို စွဲလန်း နေဦးမှာလားကွယ်။
ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့
အချိန်တွေ အလဟဿ ကုန်ဆုံးသွားမှာ
ဖေဖေ စိုးရိမ်မိတယ် သား. . . ရယ်။
သားဘ၀ရဲ့ လမ်းမှန်ကို ပြန်လျှောက်ဖို့
ဖေဖေဟာ သားအတွက် အားဆေး
ပြီးတော့ သားရဲ့ လက်စွဲတောင်ဝှေး
အချိန်မရွေးဖြစ်နေမှာပါ။
အားမငယ်ပါနဲ့ သားရယ် ။
ဘ၀ အမှောင်လမ်းမှာ
သားက စမ်းတ၀ါးဝါး ဖြစ်နေခဲ့ရင
ဖေဖေက လမ်းပြကြယ်ပေါ့
ဖေဖေ ညွန်ပြတဲ့ လမ်းကို
အားကိုးယုံကြည်စွာ လိုက်ခဲ့တော့နော်။
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
တိုက်ဆိုင်တဲ့အလွမ်း
တိုက်ဆိုင်တဲ့ အလွမ်း"
မန္တလေးရဲ့ ချမ်းအေးညတွေမှာ
နင်နဲ့ ငါ အတူစားခဲ့ တဲ့  ၈၄လမ်း က ဒုတ်ထိုးဆိုင်လေးလည်း လွမ်းတယ်
နင်နဲ့ ငါ  အ ပြိုင်မောင်းဖို့ လမ်းတွေရှင်းပေးထားသလို
ကျုံးဘေးရဲ့ မာကျုရီ ညချမ်းလေးဆိုင်ကယ်အတူမောင်းတဲ့နေ့လည်း လွမ်းတယ်
တွေ့ ရင်မ၀ယ်ဘဲမနေနိုင်တဲ့ နဂါးမောက်သီးမြင်တိုင်းလဲ လွမ်းတယ်
( နင်ကြိုက်မှန်းသိလို့ ငါ အခုထိယောင်ယောင်ပြီးဝယ်နေမိတာခွင့်လွှတ်ဟာ)
နင်နဲ့ ငါ အမြဲဖူးမြော်တဲ့  မဟာမြတ်မုနိ ဘုရားကြီးကိုလည်း ရုံးပိတ်တိုင်းသွားတယ်
အပြန်အလှန်ပေးမိကြတဲ့   fancy   ပစ္စည်းလေးတွေအတွက်
ခုတော့ ၀ယ်ဝယ်ပြီးစုထားမိတာများပေါ့
( for lover gift ဆိုင်ရောက်တိုင်းလည်းလွမ်းတယ်)
ကော်ဖီကြိုက်တဲ့နင်နဲ့ အမြဲအတူသောက်တဲ့ Cafe brolly နဲ့  M Donutsရောက်တိုင်းလည်းလွမ်းတယ်
ကန်တော်ကြီးဘက်တစ်ပတ်ပတ်လို့သူများအတွဲတွေ လိုက်စပြီး ထွက်ပြေးခဲ့တဲ့ နေ့၇က်တွေလည်းလွမ်းတယ်
မသိအောင်သွားပါမှ အမျိုးတွေနဲ့ တည့်တည့်တိုးလို့ အဆူခံထိတဲ့ မန္တလေးတောင် တက်တဲ့ နေ့ရက်ကိုလည်းလွမ်းတယ်
ဦးပိန်တံတားမှာ လှေစီးရင်း ရေနစ်လို့ငါ ကယ်ခဲ့ရတဲ့  ရေမကူးတတ်တဲ့ ချစ်သူ  နင့်ကိုလွမ်းတယ်
နင်ဖတ်နေကျ မောင်ပေါ်ထွန်းရဲ့ ဘာသာပြန်စာအုပ်တွေအတူ သွား သွား ၀ယ်နေကျ  နဂါးစာပေ ရောက်တိုင်းလည်းလွမ်းတယ်
IC   ၇ဲ့ ပရိတ်သတ်ဖြစ်လို့ နင်ကြိုက်တဲ့ လေးဖြူ အသံကြားတိုင်း ငါ နင့်ကို လွမ်းမိတယ်
ဟိုစဉ်က အတူကြည့်ခဲ့တဲ့မြို့မ နဲ့ ၀င်းလိုက်ရုံ   ငါ ခြေဦးတောင်မလှည့်ဖြစ်တာကြာပေါ့ ကားသစ်တင်တိုင်းနင့်ကိုလွမ်းတယ်
အချိန်တန်လို့ အိမ်ပြန်ရတယ်ဆိုပေမယ့်နင့် ခါးကိုဖက်ပြီး ငါ ဆိုင်ကယ်မစီးဖြစ်တာ ၃နှစ်ကျော်ကြာပေါ့
(ဆိုင်ကယ်စီးတိုင်းလည်းလွမ်းတယ်)
ခုတော့လည်းလေ....................
နင်ကိုယ်တိုင်တည်ဆောက်သွားတဲ့    မိသားစုရှိနေပြီဆိုမှတော့
ရုပ်သေတွေကို    ဘောင်သွင်းထားတဲ့
 ငါ့အခန်း စာကြည့်စားပွဲက   ဒို့နှစ်ယောက်ဓါတ်ပုံ....
................................................
...............................................
်မေ့ပစ်ဖို့တော့ ကြိုးစားရမယ်
(အလွမ်းတွေက လွန်မြောက်ချင်ပြီ    နှင်းဆီ)
Thursday, October 25, 2012
ရယ်စေချင်လို့ပါ
ရယ်စေချင်လို့ပါဗျာ...ဖတ်ဖြစ်အောင်ဖတ်ပြီးတော့....ရယ်ကြည့်ပါဦး သူများပို့ပေးတာပါ ....
> မယားဓါတ်ပုံ>
> မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
> လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
> မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
> လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
> "ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို.
> ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ>
> ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူအလုပ်စော ပြီး
 တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂
နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
> ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင်
 ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
> ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.>
> မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီဆေးဆိုင်က
 ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
> ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
> လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။ ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
> အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
> ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
> အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
> ရဲဝန်ထမ်း - "ဟေ"
> အမလေး ရှင်မပြန်သေးဘူးလား?>
> အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
> အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း>
> Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
> ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
> အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
> အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
> ဝေးပြီ။"
> Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်.">
> Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
> ကို ရိတ်လိုက်ပါတယ်။
> အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
> တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
> လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး>
> ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"
> နောင်တ>
> ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌
 ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။>
> ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
> ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ
့မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း
ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော
့ဆိုတာလေ ..
> ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
> ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
> ဒါပေမယ့်>
> "သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။>
> " မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော
> သတင်းသုံးခု>
> ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
> "ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
> နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
> အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
> မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
> ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
> ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
> အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
> ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "
> အမေတာဝန်ယူတယ်>
> "မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
> ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
> " လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
> လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "
> မှန်လိုက်လေ>
> လင်မယားနှစ်ယောက် စကားပြောနေကြရာ>
> မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ">
> ယောက်ျား " မင်းတို့ မိန်းမတွေကရော">
> မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော>
> ပါးစပ်ကပဲ ပြန်ထုတ်တာ"
> စဉ်းစားပါဦး>
> သူမ "ငါနိုင်ငံခြားသွားမလို့ ">
> သူငယ်ချင်း " ဘာလုပ်ဖို့ ">
> သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ ">
> သူငယ်ချင်း " အတော်ကုန်မှာပဲနော်">
> သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ ">
> သူငယ်ချင်း " နှမြောစရာကြီးဟယ်">
> သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ">
> သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်>
> မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"
> ကယ်တင်ရှင်>
> ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏
နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်>
> ပထမနေ့…အပျံစားသဘော်ဖြစ်သည်။>
> သဘော်ပေါ်ရှိယောက်ျားများတွင်
> captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်>
> ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။>
> တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။>
> စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။>
> ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။
> ပြေးကြည့်ဦး>
> "မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
> လူအုပ်က လိုက်ဖမ်းနေတယ်"
> "ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း
> နင့်အဖေများ ဖြစ်နေသလားလို့"
> မင်းကြောင့်>
> လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား
 ပောာပြောပွဲလုပ်သည်
> လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား
 မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
> အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက
 တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်>
> ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို
 တစ်ခါမှသစ္စာမဖောက်ဖူးဘူး">
> ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ
 တတိယနေရာရောက်နေတာပေါ့ကွ"
> ပာု မကျေမနပ်ပြန်ပြောကြလေသည်…
> မင်းသိမှာပေါ့>
> A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
> B:"ပာင်အင်း မသိဘူး"
> A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို လာရင်သူ့ကို
 သိမှာပေါ့">
> B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
> A:"ပာင်အင်း မသိဘူး"
> B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့
ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"
Tuesday, October 23, 2012
ပြုံးပျော်စရာ
မုဆိုးပညာ
တခါက မုဆိုး ကြီး တစ်ယောက်ဟာ သူ့သားလေးကို တောလည်ခေါ်ရင်း မုဆိုးပညာသင်ပေးနေသတဲ့။ တစ်နေရာရောက်တော့ မုဆိုးပေါက်စလေးဟာ ဆိတ်ချီးလုံးလေးတွေတွေ့သတဲ့။
“အဖေ အဲဒါဘာလဲ”
“ဒါလား အဲဒါ မအဆေးလို့ခေါ်တယ် သူ့ကိုစားလိုက်ရင် မအတော့ဘူး”
မုဆိုးလေးက ကောက်စားကြည့်ပြီး
“ထွီး ဒါချီးတွေမဟုတ်လား အဖေ”
“ဟော တွေ့လား မင်းမအတော့ဘူး”
စကားပရိယာယ်
တပ်ကြပ်ကြီး ဘမောင်ဟာ စစ်တိုက်ရာမှာ တော်သလောက် စကား အပြောအဆိုမှာတော့ အတော် ညံ့သတဲ့။ တစ်နေ့ ရဲဘော်အောင်ဘု ကို ရုံးခန်းထဲခေါ်ပြီး ပြောသတဲ့။
“အောင်ဘု မင်း အဘွားဆုံးပြီ”
အောင်ဘု ခင်မျာ အရုပ်ကြိုးပြတ်ဖြစ်သွား သတဲ့။ အဲဒါနဲ့ တပ်ရင်းမှူးက တပ်ကြပ်ကြီးဘမောင်ကိုခေါ်ပြီး
“ကိုဘမောင် ခင်ဗျားစကားကို အဲလိုဒဲ့ကြီး မပြောရဘူး ဒီကိစ္စမျိုးက ပရိယာယ်နဲ့ ညင်ညင်သာသာ ပြောရတယ်၊ ဒါမှ ကြားရတဲ့သူ နဲနဲ သက်သာမှာပေါ့၊ ရော့ဒီစာအုပ်တွေဖတ်ကြည့်ပြီး သင်ယူ” ဆိုပြီး စာအုပ်တချို့ ပေးလိုက်သတဲ့။ အဲလိုနဲ့ တစ်လလောက် အကြာမှာ ရဲဘော်မောင်လှ အဘိုးဆုံးပြန်သတဲ့။ တပ်ကြပ်ကြီး ဘမောင်လဲ တပ်သားတွေအကုန်ထွက် တန်းစီခိုင်းတဲ့ပြီး
“ကဲ အဘိုးရှိသေးတဲ့ ကောင်တွေ အရှေ့ထွက်ရပ်…..နေ နေ မောင်လှ မင်း မပါဘူး”
ပညာရှင်
တခါကလူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း စိတ္တဇဆေးရုံတစ်ခုနား အရောက်မှာ အရေးကြီးအစည်းအဝေး တစ်ခုရှိတာကို သတိရမိသတဲ့။ လက်ကနာရီကိုကြည့်လိုက်တော့ နာရီကလဲရပ်နေသတဲ့။ အဲဒါနဲ့ ခြံထဲမှာရပ်နေတဲ့ လူတစ်ယောက်ကို အချိန်လှမ်းမေးလိုက်သတဲ့။
အဲဒီလူက အနားက ဒုတ်တစ်ချောင်းကို အမြန်ကောက် မြေကြီးပေါ်မှာ စိုက်ပြီး အိပ်ထဲက ရေချိန်ကြိရိယာကိုထုတ်တိုင်း၊ နောက် သံလိုက်အိမ်မြှောင်ကိုထုတ်ပြီး ဒုတ်ချောင်းပတ်လည်မှာ အရပ်မျက်နှာကိုမှတ်၊ သံပေတံတစ်ချောင်းနဲ့ စက်ဝိုင်းခြမ်းတစ်ခုကိုထုတ်ပြီး ဒုတ်ရဲ့အရှည်၊ အရိပ်ရဲ့အရှည် နဲ့ ဒီဂရီကို အမြန်တိုင်းလိုက်ပြီး မြေကြီးပေါ်မှာ အမြန်ခြစ်ပြီးတွက်လိုက်သတဲ့။ နောက် ချက်ချင်းပဲ ခုလိုအဖြေပေးလိုက်သတဲ့
“ဒီနေ့ဟာ မတ်လ ၁၀ရက်နေ့ဆိုရင်တော့ အခု မွန်းလွဲ ၃နာရီ ၂၉မိနစ်ရှိပါပြီ”
          ရုတ်တရက် အချိန်မေးလိုက်တဲ့လူဟာ အံ့အားသင့်သွားပြီး
“ဟား ခင်ဗျားလိုတော်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ဒီထဲရောက်နေပါလိမ့်ဗျာ၊ ဒါနဲ့နေပါအုံး မိုးအုံ့နေလို့ နေမထွက်ရင် ခင်ဗျား အချိန်ဘယ်လိုတွက်မလဲ”
“အဲဒါဆိုရင်တော့ ကျွန်တော် ဟောဒီလို လက်ကနာရီကိုပဲကြည့်လိုက်တယ်”
သင်္ချာ
ဆရာကြီး။       သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုသားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါ ဆရာကြီး။
ဆရာကြီး။       မဟုတ်ဘူးလေသားရဲ့။ သေချာနားထောင်နော် ဥပမာ သားကို ဆရာကဟောဒီခဲတံ ၂ ချောင်းပေးမယ် နောက်ထပ် ၂ချောင်းပေးမယ် နောက်ထပ် ၂ချောင်း ထပ်ပေးမယ်ဆိုသားမှာ ခဲတံ ဘယ်နှစ်ချောင်း ရှိမလဲ။
ဂျော်နီလေး။     ၆ ချောင်းပါ ဆရာကြီး။
ဆရာကြီး။       အေးဟုတ်ပြီ။ ဒါဆို သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုရင်ရော သားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါဆရာကြီး။
ဆရာကြီး။       အင်… ဒီသောက်သုံးမကြတဲ့ နောက်တစ်ကောင်က ဘယ်က ရောက်ရောက်လာတာလဲ။
ဂျော်နီလေး။     မနေ့က ဖေဖေ ဝယ်လာ ပေးတာ။
ယဉ်ကျေးမှူ
ဂျော်နီလေး။     ဆရာမ သားသားအီးသွားပါချင်လို့။
ဆရာမ။          ဂျော်နီ အဲလိုပြောတာမယဉ်ကျေးဘူး ကွဲ့။ သန့်စင်ခန်း သွားချင်တယ်လို့ပြောရတယ်။ ပြန်ပြော ကြည့်စမ်း။
ဂျော်နီလေး။     ဟုတ်ကဲ့။ ဆရာမ သားသား သန့်စင်ခန်းသွားပြီး အီးသွားပါချင်လို့။
ဆရာမ။          ကြွကြွ ကောင်စုတ်လေး။
_______
ကွန်းဇော်