ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, November 29, 2012

ကွေ့ကောက်ရတဲ့အကြောင်းရင်း

ကွေ့ကောက်ရတဲ့ခရီး



ဖခင်ဖြစ်သူက သားလက်ထဲကိုင်ထားတဲ့ ကမ္ဘာ့မြစ်ချောင်းခွဲခြားပြမြေပုံကို ကြည့်ပြီး သားကိုမေးတယ်။

"သား.. ဒီပုံထဲက မြစ်ချောင်းတွေမှာ ဘာထူးခြားချက်ရှိသလဲ?"

သားက မြေပုံကိုသေချာကြည့်ပြီး "မြစ်ချောင်းတွေက ကွေ့ကောက်နေတယ် ဖေဖေ" လို့ဖြေတယ်။

"ဘာဖြစ်လို့ ကွေ့ကောက်ရသလဲ?"လို့ ဖခင်ကဆက်မေးတော့ သားက သူသိတဲ့ ပထဝီဝင်အနေအထားနဲ့ ပြန်ဖြေတယ်။

"မြစ်ချောင်းတွေက ကွေ့ကောက်ပြီးစီးဆင်းတယ်။ ဒါဟာ သူ့ရဲ့စီးကြောင်းကို ဆွဲဆန့်လိုက်တာဖြစ်တယ်။ စီးကြောင်းရှည်တော့ ရေစီးအား ပိုများများစီးဆင်းနိုင်တယ်။ ဒါမှ မိုးတွင်းရေကြီးတဲ့အချိန် မြစ်ချောင်းတွေမှာ ရေမလျှံမှာဖြစ်တယ်။ နောက်တစ်ခုက ရေစီးကြောင်းကို ဆွဲဆန့်လိုက်တော့ စီးကြောင်းတစ်ခု၊ တစ်ခုတိုင်းမှာ ရေစီးအား လျော့နည်းသွားတယ်။ ဒီလိုဆိုရင် မြစ်ကမ်းပါးတွေမှာ ရေတိုက်စားမှုနည်းသွားတယ်။ မြစ်ကမ်းပါးတွေကိုလည်း ကာကွယ်ရာရောက်သွားတယ်"

သားပြောတာကို နားထောင်ပြီး ဖခင်က "သားပြောတာတွေ မှန်ပါတယ်။ ဖေဖေ့ အနေနဲ့ပြောရရင် ကွေ့ကောက်ပြီးသွားတာဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်တယ်။ တည့်တည့်သွားတယ်ဆိုတာကတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့ ဖေဖေဒီလိုပြောရသလဲဆိုရင် မြစ်ချောင်းတွေက ရှေ့ကိုသူတို့စီးဆင်းနေတဲ့အချိန်မှာ အတားအဆီးမျိုးစုံနဲ့ ကြုံတွေ့ကြရတယ်။ တချို့အတားအဆီးက ကျော်ဖြတ်စီးဆင်းသွားလို့ မရဘူး။ ဒါကြောင့် သူတို့ဟာ ကွေ့ကောက်ပြီးစီးဆင်းရတယ်။ လမ်းကြောင်းပြောင်းပြီး စီးဆင်းတယ်။ ကွေ့ကောက်ပြီးစီးဆင်းလို့ပဲ သူတို့ဟာ အတားအဆီးတွေကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံးမှာ ဝေးလံတဲ့ပင်လယ်ကြီးဆီ အရောက်စီးနိုင်ခဲ့တာဖြစ်တယ်။
လူ့ဘဝမှာလည်း ဒီလိုပဲသား.. အခက်အခဲ၊ အဆင်မပြေတာတွေနဲ့ သားကြုံတွေ့တဲ့အခါ ဒီလိုဆင်းရဲဒုက္ခတွေဟာ လူ့ဘဝရဲ့ဖြစ်ရိုးဖြစ်စဉ်လို့ သားမြင်တတ်ရမယ်။ ဒီလိုဖြစ်ရိုးဖြစ်စဉ်မှာ သား မျှော်လင့်ချက်မမဲ့နဲ့ စိတ်ပျက်ဝမ်းမနည်းနဲ့၊ သက်ပြင်းရှည်တွေ မချနဲ့။ ရှေ့ဆက်တဲ့ခြေလှမ်းကို မရပ်တန့်လိုက်နဲ့။ ကွေ့ကောက်ပြီးသွားရတဲ့လမ်းကို ရှေ့ဆက်သွားရမယ့် နောက်တစ်နည်း၊ နောက်တစ်လမ်းလို့ သားမြင်တတ်ရမယ်။ ဒါမှ မြစ်ချောင်းတွေလိုပဲ ကွေ့ကောက်ပြီး လိုရာခရီး၊ ပင်လယ်ကြီးဆီကို သားရောက်နိုင်မှာဖြစ်တယ်"

နှစ်တွေကြာလွန်တဲ့အထိ ဖခင်ရဲ့စကားကို သားသေသေချာချာ မှတ်သားခဲ့ပါတယ်။ ကွေ့ကောက်ပြီးသွားတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု၊ ဆင်းရဲဒုက္ခတွေဟာလည်း လူ့ဘဝတိုင်းမှာတွေ့ကြုံရတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မှတ်သားပြီး ရှေ့ဆက်တဲ့လမ်းပေါ်က အခက်အခဲ၊ အတားအဆီးတွေကို ကွေ့ကောက်ပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါဟာ သားဘဝတစ်ခုလုံးအတွက် အဖေပေးတဲ့ ဘဝအသိဉာဏ်ဖြစ်တယ်။




မူရင်း-- http://www.rs66.com/a/1/87/quzheshiyizhongchangtai_76784.html

Wednesday, November 28, 2012

အတွေ့အကြုံသာလျှင်--



တစ်ခါတုန်းကပေါ့.....အိမ်တွေထဲ ထွင်းဖောက်ဝင်ရောက်ခိုးယူပြီး
မိသားစုဝမ်းစာကို

ရှာဖွေကျွေးမွေးနေတဲ့ သူခိုးကြီးမှာ သားတစ်ယောက်ရှိပါတယ်.....သာြး
ဖစ်သူက
သူ့အဖေ

ကိုကြည့်ပြီး ...အင်း.....အဖေဒီထက်အသက်ကြီးလာရင် မိသားစုစားဝတ်နေရေးအတွက်

အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီလိုဆိုရင် မိသားစုတာဝန်ကို
ငါကပဲဆက်တာဝန်ယူ

ရမှာ ဒီတော့ ငါ့အဖေ ပညာကိုသင်ယူမှဖြစ်တော့မယ်လို့ စိတ်ကူးရတာနဲ့
သူ့အဖေကိုပညာ

လက်ဆင့်ကမ်းဖို့ တောင်းဆိုတော့သူ့အဖေကလည်း သဘောတူလိုက်တယ် သင်မယ်ပေါ့...

တစ်ညတော့ အဖေဖြစ်သူက သူ့သားကို အိမ်ကြီးတစ်အိမ်စီ ခေါ်သွားပြီး
ခြံစည်းရိုး

ဖောက်ဝင်လိုက်ပါတယ်.....နောက်တော့အိမ်ကြီးထဲအထိ
ရောက်သွားကြရောဆိုပါတော့...

အိမ်ထဲရောက်လို့ အကြီးဆုံးသေတ္တာတွေ့တော့ အဖေဖြစ်သူက အဖုံးကိုဖွင့်ပြီး
သားဖြစ်သူကို

သေတ္တာကြီးထဲဆင်းပြိး အ၀တ်အစားတွေ
ယူထုတ်ပေးဖို့ခိုင်းပါတယ်.....သားတော်မောင်

သေတ္တာထဲလဲရောက်ရော သေတ္တာအဖုံး အလုံပိတ် သော့ခတ်ပြီး အဖေကြီးလစ်တော့တာပါပဲ

အိမ်အပြင်ရောက်တော့ အိမ်ရှင်တွေနိုးလောက်အောင် တခါးရွက်ကို ခတ်နာနာထုပြီး
လာရာ

လမ်းအတိုင်း ခြေသံလုံလုံနဲ့ အိမ်ပြန်အားရပါးရ အိပ်နေပါသတဲ့
အိမ်ရှင်တွေလည်းအသံကြား

လို့ ကပျာကယာ အိပ်ယာကထ ဖယောင်းတိုင်ထွန်းပြီး လိုက်ရှာကြတော့
သူခိုးလွတ်သွားပြီ

ဆိုတာကိုသိလိုက်ရတယ်...လိုက်စစ်ကြည့်တော့ဘာမှ ပါမသွားတာနဲ့
စိတ်ချလက်ချပြန်အိပ်

လိုက်ကြတယ်......အဲဒီအချိန်မှာသေတ္တာကြီးထဲ ပိတ်လှောင်ခံနေရတဲ့
သားဖြစ်သူကတော့

ရက်စက်လှတဲ့အဖေ အပေါ်မကျေမနပ်စိတ်တွေဖြစ်နေရာက အကျပ်အတည်းကလွတ်မြောက်

ဖို့စဉ်းစားရင်း လွတ်မြောက်ရေးနည်းကောင်းတစ်ခုကိ
ဖျက်ခနဲအကြံပေါ်လာပါတယ်.......

စိတ်ကူးအတိုင်းသူ့လက်သည်းတွေနဲ့ သေတ္တာကို ကြွက်ကိုက်သံမျိုးဖြစ်အောင်
ကုတ်ခြစ်နေ

လိုက်တယ်.....ဇနီးသည်ကြွက်ကိုက်သံကြားတယ်ဆိုတော့
အိမ်ရှင်ယောက်ျားကဖယောင်း

တိုင်မီးနဲ့ သေတ္တာကြီးကို လှည့်ပတ်ရှာပါတော့တယ်...အပြင်မှာမတွေ့လို့
အထဲကြွက်ရောက်

နေတာဖြစ်မယ် ဆိုပြီးသော့ဖွင့်လှပ် လိုက်ချိန်မှာ သကောင့်သားသူခိုးလဲ
ရုတ်တရက်ထတဲ့

ပြီး ဖယောင်းတိုင်မီးမှုတ် အိမ်ရှင်ကို တွန်းလှဲပြီး
လာလမ်းအတိုင်းထွက်ပြေးပါလေရော...

အိမ်ရှင်တွေလည်း အင်အားသင့်မှင်သက်သလို ဖြစ်နေရာကသတိပြန်ဝင်လာပြီး

သူခိုးနောက်ကို လိုက်တော့တာပါပဲ......ငနဲသားလဲ
နောက်ကလိုက်လာပြီဆိုတာသိလို့

အလာတုန်းကတွေ့ခဲ့တဲ့ ရေတွင်းပျက်ကြီးနားရောက်တော့ ကျောက်ခဲတစ်လုံးကို
ကောက်

ပြီး ရေတွင်းထဲပစ်ချပြီး သုတ်ခြေတင်တော့တာပဲ..........၀ုန်းခနဲ
အသံကြားလိုက်တာနဲ့

နောက်ကလိုက်လာတဲ့သူတွေ သူခိုးတော့ ရေတွင်းထဲ လိမ့်ကျသွားပြီဆိုတဲ့အထင်နဲ့

ရေတွင်းကိုဝိုင်းပြီး သူခိုးတက်မပြေးနိုင်အောင် စောင့်နေကြခိုက်
သူခိုးကတော့

ခလုပ်မထိ ဆူးမငြိပဲ
အိမ်ပြန်ရောက်သွားပါတယ်........အိမ်ရောက်လို့မပူမပင်အေးအေး

ဆေးဆေး အိပ်နေတဲ့ ဖအေကိုမြင်တော့ အဖေမို့သာအောင့်နေရတယ်၊ စိတ်ကတော့သား

အပေါ်ရက်စက်တဲ့ အဖေဆိုပြီး ဒေါသထွက်နေမိတာအမှန်ပဲ......သူ့အဖေကိုနှိုးပြီး

သားအဖချင်း ရက်စက်ရကောင်းလားဆိုပြီး အပြစ်တင်ပြောဆိုမိတယ်..........

အဖေဖြစ်သူကတော့ အပြုံးမပျက် နားထောင်ပြီး.....ကဲ...ပြောစမ်း....

မင်းအိမ်ကို ဘယ်လိုပြန်ရောက်လာသလဲပေါ့........ဒီတော့သားဖြစ်သူက
သူ့ရဲ့လွတ်

မြောက်မှုဖြစ်စဉ်တွေကို တစင်တတန်း ပြောပြလိုက်တယ်.........

အေး ငါ့သား မင်းသင်ချင်တဲ့ ပညာ မင်းတတ်ပြီးပြီ
လုပ်စားလို့ရပြီလို့.......အသိအမှတ်

ပြုဆာတီဖီကိတ် လက်မှတ်ပေးလိုက်ပါသတဲ့.....................

ပုံပြင်ကိုဖတ်ပြီး သူခိုးပညာသင်တာများ အဆန်းလုပ်လို့ဆိုတဲ့သဘောမျိုးတော့

မထင်လိုက်ပါနဲ့ .....ပုံပြင်ကပေးချင်တဲ့ အကြောင်းပြချက်က
အကျပ်အတည်းတွေ့လာတဲ့

အခါ ဖြေရှင်းဖို့ နည်းလမ်းကောင်းမျိုး လက်ခနဲပေါ်လာပုံကို
ပြောလိုတာဖြစ်ပါတယ်....

ကိစ္စတစ်ခုတည်းအပေါ် စိတ်စုစည်းမှုအားကောင်းလာတဲ့အခါ အသိဥာဏ်အားကောင်း

လာသလို ကာယအားလဲတိုးတက်လာတတ်ပါတယ်...............

တကယ့်အရေး တကယ့်ဘေး ဘယ်သွေးသာားမကယ်ပြီ.....ဆိုတဲ့အတိုင်း ကိုယ့်ဘဝ

ရဲ့ကယ်တင်ရှင်ဟာ ကိုယ်သာဖြစ်တယ်ဆိုတာကို သဘောပေါက်စေကြဖို့ပါပဲ..........
 
 

Tuesday, November 27, 2012

အားနွဲ့သူပါရှင်


အားနွဲ့သူပါရှင်"*

ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။ သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ.... 

တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်... 


"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်" 


"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"


 "ဒါဆို ဘယ်လိုသွားရမလဲရှင်"


 "ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့" 


"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်"


 သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။


 အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်... 


"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"


 "ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ...


ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... ....

    ``ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊--- ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ --- ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။


--
အားလုံးပျော်ရွင်ပါစေ

Monday, November 26, 2012

ဦးနှောက် (ဝတ္ထု)



ဖြူဝါ၀ါအတွန်.အတွန့်.တွေနဲ. လက်ခုပ်ထဲတောင် ထည့်ထားလို့ရသော ပျော့စိစိအရာတစ်ခုက ကမ္ဘာကြီးတစ်ခုလုံးကို ထင်သလို ခြယ်လှယ်နိုင်တယ်ဆိုတာ အတော်အံ့သြဖို့ကောင်းသည်။ ထိုအရာကို ဦးနှောက်ဟုခေါ်သည်။ သူသည် လူ့ခန္ဓာကိုယ်မှာ အရေးအပါဆုံးဖြစ်၏။ ဒါကြောင့်လည်း သူ့ကို ထိပ်ပေါ်တင်ထားရတာပေါ့။ မာကျောသော အရိုးများနှင့် ဖွဲ.စည်းထားသည့် ဦးခေါင်းခွံဖြင့် ကာကွယ်ပေးထားသည်။တော်ရုံတန်ရုံနဲ့ ထိခိုက်ပျက်စီးမှုမရှိနိုင်အောင်လို့လေ။ ပြီးတော့ ကင်းသမားများဖြစ်ကြသော နားနှင့်မျက်စိတို့ကို သူနှင့်အနီးဆုံးမှာ အစောင့်ချထားလိုက်သေးသည်။ (သူတို့က မရှိမဖြစ် အရေးပါသောကြောင့် လူကြီးနားခေါ်ထားတာမျိုးလည်းဖြစ်နိုင်၏။)

      ဦးနှောက်သည် လူ့ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ သွေးဥကလေးတစ်လုံး၊ဆဲလ်ကလေးတစ်လုံးကအစ သူ့သြဇာအောက်မှာရှိသည်။ ဇီဝဖြစ်ပျက်မှုအားလုံး သူ့ဆီသတင်းပို့ရသည်။
       အရာဝတ္ထုတစ်ခုကို တွေ.တဲ့အခါ မျက်စိကမြင်ရခြင်းမဟုတ်။ မျက်စိသည်မှန်ဘီလူးတစ်ခု သာဖြစ်၏။ ပုံရိပ်များကို စုစည်းပြီး မြင်လွှာပေါ်သို့ ပို့ပေးရခြင်းသာဖြစ်၏။ မြင်လွှာကတစ်ဆင့် ဦးနှောက်ထံသတင်းပို့ရသည်။ ဦးနှောက်က "မြင်စေဗျာ" ဆိုတော့မှ မြင်ရခြင်းဖြစ်၏။ တကယ်ဆိုလျှင် မြင်တယ်လို့ပြောတာထက် သိတယ်လို့ပြောတာက ပိုပြီးသင့်တော်မယ်ထင်သည်။
       ထို့အတူ တစ်နေရာရာက နာတယ်၊ကျင်တယ် ဆိုတာလည်း ထိုနေရာကနာခြင်းမဟုတ်။ ဦးနှောက်က နာခြင်းသာဖြစ်၏။ ထိုကိစ္စကို သက်သေပြနိုင်သည်။ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်သောအခါ ခါးဆစ်ရိုးအတွင်းက အာရုံကြောမကြီးထဲသို့ ထုံဆေး ထိုးသွင်းရသည်။ ထိုအခါ ခန္ဓာကိုယ်အောက်ပိုင်းနှင့် ဦးနှောက်တို့ အဆက်အသွယ်ပြတ်သွားသည်။ ခွဲစိတ်၊ ဖြတ်တောက် ဘာပဲလုပ်လုပ် ဘာမှ မခံစားရတော့။ နာကျင်မှုလည်း မရှိတော့။
      ဦးနှောက်သည် နေရာတကာ ပါလေရာဖြစ်သောကြောင့် အလုပ်အလွန်များသည်။ ထို့ကြောင့် လုပ်ငန်းဆောင်တာတွေ ရှုပ်ထွေးမှုမဖြစ်ရအောင် (ကွန်ပြူတာ ဟတ်ဒစ်စ်တွေမှာလို) အကန့်တွေ ခွဲထားရသည်။ မှတ်ဥာဏ်အပိုင်း၊ နာဗ်ကြောတွေကို ထိန်းချုပ်တဲ့အပိုင်း၊ စဉ်းစားဆင်ခြင်တဲ့အပိုင်း၊ ဟော်မုန်းတွေ ထိန်းညှိတဲ့အပိုင်း စသည်ဖြင့် တာဝန်တွေ ခွဲခြားထားသည်။ ဒိထဲကမှ အပိုင်းတစ်ပိုင်း ချွတ်ယွင်းသွားတာကို "တစ်ခန်းပျက်နေတယ်" ဟု အရပ်စကားနှင့်ပြောကြသည်။
    လျှပ်စစ်ပစ္စည်းတွေကို အချိန်အကြာကြီး ဆက်တိုက်သုံးလျှင် အပူရှိန်လွန်ကဲပြီး ပျက်စီးတတ်သည်။ ဦးနှောက်ကိုလည်း တအားခိုင်းလျှင် "ကွိုင်ပူ"လာတတ်သည်။ ထို့ကြောင့် သူ့ကို အနားပေးတဲ့အနေနဲ့ အိပ်စက်ခိုင်းရသည်။ အိပ်တယ်ဆိုတာ မျက်စိညောင်းမှာစိုးလို့ဟု တချို့ကထင်သည်။ ဒီအတွက်ကတော့ မျက်စိမှိတ်ထားရုံနဲ့ လုံလောက်တာပဲ။ အမှန်တော့ အိပ်စက်ခြင်းဆိုတာ ဦးနှောက်ကို အညောင်းဖြေခိုင်းခြင်းသာဖြစ်၏။
    ဒါတောင် အပြည့်အ၀နားရတာမဟုတ်။ စဉ်းစားတွေးခေါ်ခြင်း၊လှုပ်ရှားသွားလာခြင်းစသော ကိစ္စတွေအတွက်သာ အာရုံကြော တစ်ချို. သက်သာခွင့်ရခြင်းဖြစ်၏။ နှလုံးစည်းချက်ကိုထိန်းတာ။ အသက်ရှူနှုန်းညှိတာ၊ သွေးလှည့်ပတ်မှုကို စောင့်ကြည့်တာစတဲ့ လုပ်ဆောင်ချက်တွေကတော့ ရပ်ပစ်လို့မရဘူးလေ။ အကြားအာရုံကိုလည်း တစ်ဝက်တစ်ပျက် ဖွင့်ထားရသေးတာကော။ ဒီကြားထဲမှာ အိပ်မက်တွေက လာလာပြီး နှောင့်ယှက်တတ်သေးသည်။ ဦးနှောက်ဖြစ်ရတာ ထိပ်ဆုံးမှာ နေရတယ်ဆိုပေမယ့် တယ်မစားသာလှဘူးနော်။
                                                                             ××××××××××××××××××××××××××××××
         လူနှင့်တိရစ္ဆာန်တို့၏ အဓိက ခြားနားချက်မှာ  ဦးနှောက် ဖွံ.ဖြိုးမှု မတူခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ဒါဝင်၏သီအိုရီအရ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာတုန်းက လူဆိုတာလည်း တိရစ္ဆာန်တစ်မျိုးသာဖြစ်၏။ တကယ်ဆိုလျှင် လူရယ်လို့တောင် ဖြစ်မလာသေးဘူးဟုပြောနိုင်သည်။ ဒီထဲက မျောက်ဝံတစ်မျိုးသည် တခြားတိရစ္ဆာန်တွေထက် အသိဥာဏ်ပိုရှိလာပြီး တစ်စ တစ်စ ဖွံ.ဖြိုးတိုးတက်လာရာမှ လူဖြစ်လာသည်ဟုဆို၏။
            ထိုဖြစ်စဉ်မှာ စနစ်တကျ အကွက်ချ စီစဉ်ထားခြင်းမဟုတ်။ တနည်းအားဖြင့် ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းလို့မဟုတ်။ မတော်တဆ တိုက်ဆိုင်မှု တစ်ခုကြောင့်သာဖြစ်၏။ ဒီအတိုင်းဆိုလျှင် လူတို့သည် ကံကောင်းထောက်မလို့သာ ဒီလို ဦးနှောက်မျိုးကို ရှိခဲ့တာဟု ပြောရလိမ့်မည်။
               ဒီနေရာမှာ တစ်ခုသွားတွေးမိ၏။ ကမ္ဘာပေါ်မှာ စက္ကန့်နဲ့အမျှ ထူးခြားတိုက်ဆိုင်မှုတွေ သန်းနဲ့ချီပြီး ရှိနေတာပဲ။ လူကျမှပဲ သူများထက် ပိုသာတဲ့ ဦးနှောက်ကို ရရသလား။ လူလိုပဲ ဦးနှောက်ကောင်းတဲ့ ပြိုင်ဘက်သတ္တ၀ါမျိုး မပေါ်ပေါက်ခဲ့တာ အတော်ထူးဆန်း၏။ တစ်ခုတော့ရှိ၏။ ဟိုတစ်ချိန်တုန်းက ဒီလို သတ္တ၀ါမျိုးတွေ ပေါ်ကောင်းပေါ်ခဲ့လိမ့်မည်။ လူဖြစ်လာမယ့် အကောင်တွေက လက်ဦးအောင် သုတ်သင်ရှင်းလင်းပစ်လိုက်လို့ မျိုးတုံးသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတွေက ယုံရတာမဟုတ်။ ပြိုင်ဘက်ပေါ်လာရင် အပြတ်ရှင်းချင်တဲ့ ဥာဏ်က အဲဒီတုန်းကတည်းက ရှိချင်ရှိနေမှာ။
               တကယ်တော့ လူတွေမှာ တိရစ္ဆာန်ထက်သာတဲ့ အချက်က သိပ်မျာများစားစားမရှိ။ သိပ်ကြီးကြီးကျယ်ကျယ်လည်းမဟတု။ ဆက်စပ်တွေးခေါ်ဆင်ခြင် စဉ်းစားတတ်တဲ့ အရည်အချင်းကလေး တစ်ခုထဲသာဖြစ်၏။ ဒီ ဘာမှမဟုတ်တဲ့ အကဲသာမှုကလေးကပဲ လူတွေကို ဒီဘ၀ရောက်အောင် ထိုးတင်ပေးလိုက်တာပါပဲ။
               သစ်ကိုင်းချင်းပွတ်မိရာမှ တောမီးလောင်တာ၊ ကျောက်ခဲချင်း ထိခတ်မိလို့ မီးပွင့်တာကို အတုယူပြီး မီးကို ဖန်တီးလို့ရမှန်းတွေးမိ၏။ အန္တရာယ်တွေ.လို့ လန့်ဖြန့် ယောင်ရမ်းပြီး ကျောက်ခဲနဲ့ ပစ်ပေါက်မိရာ ကျောက်လက်နက်ကို သုံးရကောင်းမှန်းသိလာသည်။ ရေထဲမှာ ပေါလောမျောနေသော သစ်တုံးကို ကြည့်ပြီး လှေလုပ်တတ်လာသည်။
          လူက ဒီလောက်နဲ့ရပ်နေတာမဟုတ်။ ရသလောက်နဲ့ တင်းတိမ်ရောင့်ရဲတတ်တာလည်း မဟုတ်။ ဆက်စပ်တွေးခေါ်တတ်တဲ့ ဦးနှောက်ကို ရပြီဆိုတော့လည်း ရှေ့ဆက်ပြီး မစဉ်းစားဘဲမနေနိုင်။ ရှေ့ဆက်ပြီး မတီထွင်ဘဲ မနေနိုင်။ ဒီလို ဆင့်ကဲ ဆင့်ကဲ တိုးတက်လာရာက ဒီနေ့ အခြေအနေအထိ ဆိုက်လာခြင်းသာဖြစ်၏။
          သာမန်အားဖြင့်ဆိုလျှင် လူတို့၏ဦးနှောက်သည် သိပ်ထက်ထက်မြက်မြက် ရှိလွန်းလှတာမဟုတ်။ တချို့သော စွမ်းရည်များတွင် တခြားတိရစ္တာန်တွေက လူထက်တောင် သာနေတာတွေရှိကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။
              ခွေးတွေက လူတွေထက် ပိုပြီးမှတ်ဥာဏ်ကောင်းသည်။ သင်္ချာစွမ်းရည်တွင် လူတို့သည် ပျားကောင်လေးတွေလောက်တောင် ထက်ထက်မြက်မြက်မရှိ။ ကြွက်တွေက ဖြတ်ထိုးဥာဏ်သုံးရာမှာ လူတွေထက်သာသည်။ တစ်ခုရှိတာက တိရစ္ဆာန်တို့သည် သူတို့မှာရှိသော စွမ်းရည် တစ်ခု နှစ်ခုကိုသာ အားကိုးတတ်သည်။ လူတွေကတော့ မရှိမဲ့ ရှိမဲ့ အရည်အချင်းလေးတွေကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး အသုံးတည့်အောင် လုပ်တတ်သည်။
     ဥပမာ-လူတို့သည် မှတ်ဥာဏ်လည်းမကောင်း၊ သင်္ချာလည်းညံ့သည်။ ထို့ကြောင့် အလွယ်တကူ ရေတွက်မှတ်သားနိုင်အောင် ကိန်းဂဏန်းတွေ၊ ပုံသေနည်းတွေကို တီထွင်ကြသည်။ ဒီလိုနည်းမျိုးတွေနဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ကာကွယ်တတ်သောကြောင့် တခြားသတ္တ၀ါတွေအပေါ် ကြီးစိုးနေနိုင်ခြင်းဖြစ်၏။
         လူတို့၏ ညံ့ဖျင်းမှုကို အထင်ရှားဆုံးသက်သေပြလိုက်သော အရာကတော့ ကွန်ပြူတာပင် ဖြစ်လေ၏။
         ဦးနှောက်ပိုကြီးလျှင် ဥာဏ်ပိုကောင်းသည်ဆိုသော အယူအဆတစ်ခုရှိသည်။ ခန္ဓာကိုယ်နှင့် ဦးနှောက်တို့၏ အချိုးအစားကို နှိုင်းယှဉ်ပြီး တွက်ချက်ခြင်း ဖြစ်၏။ ဆင်တစ်ကောင်သည် ခန္ဓာကိုယ်ကြီးမားသော်လည်း ဦးနှောက်က သေးငယ်သည်။ ဒိုင်နိုဆောတွေဆိုလျှင် သူတို့၏ဦးနှောက်က အံ့သြစရာကောင်းလောက်အောင် သေးငယ်နေသည်။ ဒါ့ကြောင့်လည်း အရေးကြုံတဲ့အခါ မကြံတတ် မဖန်တတ်ဘဲ စောစောစီးစီး မျိုးတုံးပျောက်ကွယ် သွားကြရရှာတာဟု အဆိုရှိသည်။
            ဒီလိုမျိုး အချိုးချကြည့်တဲ့အခါ လူတို့၏ဦးနှောက်သည် ခန္ဓာကိုယ် အရွယ်အစားနှင့်နှိုင်းယှဉ်လျှင် အဆမတန်ကြီးမားနေကြောင်း တွေ.ရသည်။ ဒါကလည်း အကြောင်းရှိသည်။ အလေးမ၊ဒိုက်ထိုး၊လေ့ကျင့်ခန်းများများ လုပ်လျှင် ကြွက်သားတွေ ကြီးထွားလာသလို လူတွေက ဦးနှောက်ကို အသုံးပြုဖန်များလို့ အရွယ်အစားတဖြည်းဖြည်းကြီးလာခြင်း ဖြစ်ပုံရသည်။ ဒီအတိုင်းမှန်လျှင်တော့ နောင်အခါမှာ လူတွေက ကွန်ပြူတာ အားကိုးနဲ့ ကိုယ့်ဦးနှောက်ကို သိပ်အသုံးမချချင်တော့သဖြင့် တဖြည်းဖြည်းပြန်ပြီး သေးငယ်သွားလေမလားမသိ။
          ဆေးပညာသဘောအရ ဖြစ်နိုင်မဖြစ်နိုင်တော့ မပြောတတ်။ အရပ်ထဲက လူတွေကတော့ ခေါင်းကြီးလျှင် ဦးနှောက်ကြီးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ခေါင်းကြီးသော ကလေးများကို ဥာဏ်ကောင်းလိမ့်မည်ဟု နိမိတ်ဖတ်ကြခြင်းဖြစ်၏။ ဟုတ်သင့်သလောက်လည်း ဟုတ်ကောင်းဟုတ်ပါလိမ့်မည်။ သို့ရာတွင် နှစ်ဆယ်ရာစု၏ ဥာဏ်ပညာအကြီးမားဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ခံရသော အိုင်းစတိုင်း၏ဦးခေါင်းသည် သူလိုကိုယ်လို အရွယ်အစားမျှသာ ဖြစ်ကြောင်းတွေ.ရပြန်လေသည်။
             တချို့ကလည်း ခေါင်းကြီးခြင်း သေးခြင်းနှင့်မဆိုင်၊ ဦးခေါင်းခွံ အတွင်းရှိ ဦးနှောက်ထည်သော့ အကန့်အကျဉ်းအကျယ်နှင့်သာ တိုင်းတာနိုင်သည်ဟု ဆိုကြပြန်သည်။
နောက်စေ့ချွန်သော သူများသည် ဦးနှောက်အတွက် နေရာပိုရသဖြင့် ဥာဏ်ကောင်းလေ့ရှိသည်ဟု ယူဆတာမျိုးလည်းရှိ၏။ နောက်စေ့ချွန်တယ်ဆိုတာက တံတောင်ဆစ်တို့ မေးစေ့တို့လို ချွန်းထွက်နေတာမျိုးကို ပြောတာမဟုတ်။ ဦးနှောက်ရဲ့ နောက်ဘက်မှာ ခပ်ဖောင်းဖောင်းလေး စွန်းထွက်နေတတ်ခြင်းကို ဆိုလိုသည်။ ဒါကို တချို့လူမျိုးတွေက ဆန်အိတ်ပါတယ်ဟုပြောကြသည်။ ကြံရည်ဖန်ရည်ရှိတယ်။ လုပ်တတ် ကိုင်တတ်တယ်။ စားဖို့ သောက်ဖို့ မပူရဘူးဆိုတဲ့သဘောပေါ့။
            တချို့က ဦးခေါင်းပုံစံ အနေအထားကိုကြည့်ပြီး ဦးနှောက်ကောင်းမကောင်း ခန့်မှန်းလို့ရသည်ု ဆိုသည်။ ဥာဏ်ပညာကြီးမားသူများ၏ ဦးနှောက်သည် ဘယ်လိုများနေပါလိမ့်မလဲဟု လေ့လာချင်သူ သိပ္ပံပညာရှင်များလည်းရှိသည်။ ဒီလို ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သောအခါ ဦးနှောက်ကို ထုတ်ယူပြီး သုတေသန ပြုလုပ်ခွင့်ရဖို့ ငွေအမြောက်အမြား ကြိုတင်ပေး၍ ၀ယ်ယူထားတတ်ကြသည်ဟု ကြားဖူးသည်။
              ထိုကိစ္စနှင့် ပတ်သက်ပြီး ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားစာအုပ်မှ ပွေလီအင်းခွေးကြီး အမှုတွင်ရေးထားသည်။ တစ်နေ့သ၌ ဦးစံရှားထံသို့ အမှုအပ်မည့် ဆရာဝန်တစ်ယောက် ရောက်ရှိလာသည်။ ထိုသူက ခရီးရောက်မဆိုက်မှာပင် ဦးစံရှားကို အကဲခတ်ကြည့်ပြီး မှတ်ချက်ချလိုက်သည်။
            "မိတ်ဆွေရဲ့ ဦးခေါင်းနေပုံ ကြည့်ရတာ ပထမတန်း ဦးနှောက်ရှိတယ်လို့ ကျွန်တော် ဆိုဝံ့တယ်။ ကျွန်တော့်မှာ ပိုက်ဆံရှိရင် ခင်ဗျား ဦးနှောက်ကို ကျပ်ငါးထောင် ပေးဝယ်ဝံ့ပါရဲ့"
            " မလုပ်ပါနဲ့ဗျာ၊ ခေါင်းနဲ့ကိုယ်နဲ့ အိုးစားမကွဲပါရစေနဲ့ဦး ဆရာကြီးရယ်"
             "အိန္ဒိယပြည်က ဂဏန်းသင်္ချာ ပါရဂူဘို့စ်ရဲ. ခေါင်းကို နှစ်သောင်းနဲ့ဝယ်ထားတယ်ပြောတယ်၊ ခင်ဗျားဦးနှောက်ကို ရောင်းရင် နှစ်သောင်းထက် မနည်းရပြီးသားပဲ"
             "ဦးခေါင်းကုန်ကူးချင်တဲ့ လူနဲ့ တွေ.နေပါပြီ။ ခင်ဗျားလာရခြင်းက ကျုပ်ဦးနှောက်ကို အရှင်အတိုင်း အသုံးချချင်လို့ မဟုတ်ဘူးလား။"
              "သေတော့ ကြည့်လုပ်တာပေါ့။ ရှင်တုန်းမှာ ကိစ္စပြောပါဦး။ မနေ့ညက တစ်ခေါက် ၊ ခုတစ်ခေါက် လာပုံထောက်တော့ တော်တော်အရေးကြီးပုံရတယ်။ ဦးခေါင်းပွဲစားလောက် ကမယ် မထင်ပါဘူး" ဟု ဦးစံရှားသည်  ရယ်မောပြောဆိုလိုက်လေ၏ ဟု ရေးထားတာဖတ်ဖူးပါသည်။               ကျွန်တော်တို့အဖေ၏ ဦးခေါင်းသည်လည်း နောက်ဘက်မှာ ခပ်ဖောင်းဖောင်းလေး ချွန်ထွက်နေသည်။ သူ့ကို ချစ်ကြောက်ရိုသေကြသော တပည့်တွေက ကွယ်ရာမှာ "ဗိုလ်နောက်စေ့" ဟုခေါ်ကြသည်။              တစ်ခါတော့ အဖေ နေမကောင်းဖြစ်သောကြောင့် ဆေးရုံတက်ရသည်။ အဖေက ခေါင်းတုံးဆံတောက် ဘဲမြီးဆံပင်ပဲထားသည်။ ဆံပင်နည်းနည်းရှည်လာလျှင် မနေတတ်။ ခေါင်းယားသည်ဟုဆို၏။ ဆေးရုံပေါ်မှာ ရက်နည်းနည်းကြာတော့ ဆံပင်ညှပ်ချင်သည်ဟု ပြောလာသည်။ ထို့ကြောင့် ဆံသဆရာကို ဆေးရုံခေါ်ပြီး ညှပ်ခိုင်းရသည်။
              တစ်ဖက်ကုတင်မှာ ဘုန်းတော်ကြီးတစ်ပါး ရောက်နေသည်။ ဘုန်းကြီးက အဖေ ဆံပင်ညှပ်နေတာကို အကဲခတ်ရင်း
                "အင်း..............ဒီဒကာကြီးရဲ့ ခေါင်းကိုကြည့်ရတာ တော်တော်ဦးနှောက်ကောင်းမယ့်ပုံပဲ" ဟု မှတ်ချက်ပြုသည်။ အနားမှာ ရှိနေသော ကျွန်တော့ အစ်ကို ကိုရူပက ကြားသွားပြီးပြုံးလိုက်မိ၏။ ဒါကိုမြင်တော့ ဘုန်းတော်ကြီးက
               " အဲ့ဒီဒကာကြီးက ဘယ်သူတုန်း" ဟု မေးသည်။               " ဦးသာဓုပါ ဘုရား" ဆိုတော့မှ
               "အော်...............ဒါ့ကြောင့်ကိုး" ဟုမိန့်တော်မူသတဲ့။
               ကျွန်တော်၏ ဦးခေါင်းအနေအထားသည် အဖေနှင့်တူသည်။ "ဒါကြောင့် ဦးနှောက်ကောင်းတာ" ဟု ဆိုသည်။ သို့ရာတွင် ဒီလိုပြောတဲ့လူက ကျွန်တော့်အမေ ကိုယ်တိုင်ဖြစ်နေသောကြောင့် ထိုစကားကို အတည်ပြုဖို့ ခက်သည်။ ကျောင်းက ဆရာဆရာမတွေက
                 "ဥာဏ်လေးကောင်းချင်ရက်သားနဲ့ စာမကြိုးစားချင်ဘူး။ ပေကပ်ကပ်နဲ့" ဟု ပြောကြသည်။
                 သူငယ်ချင်းတွေက
                 "မင်းဟာ အတော်ဥာဏ်များတဲ့ကောင်" ဟု ချီးကျူးသလိုလို အမြင်ကပ်သလိုလို ဆိုကြသည်။
                စာပေသမားအချင်းချင်းကတော့
                 "ပေါက်ကရကပ်သီးကပ်သပ်  တွေးတဲ့နေရာမှာတော့ တော်ပါပေတယ်"ဟု ထောမနာ ပြုကြလေသည်။
                  ကျွန်တော်ပဉ္ဇင်းတက်တုန်းက ကတုံးရိတ်ပေးတဲ့ ဦးဇင်းကတော့ ဆံပင်ကို သင်တုန်းဓားနှင့် ဆွဲချရင်း
               " ဒီဒကာ အတော်ခေါင်းကြောမာတယ်" မှတ်ချက်ချဖူးပါသည်။
 
                 ကျွန်တော်သည် ဦးနှောက် ကောင်းမကောင်းတော့မသိ။ ၀တ္ထုတိုလေးတစ်ပုဒ်၊ အက်ဆေးလေးတစ်ပုဒ်၊ ကဗျာလေးတစ်ပုဒ်ကို တစ်ပတ်ဆယ်ရက်လောက်ကြာအောင် ပင်ပင်ပန်းပန်း ရေးရတာတော့ အမှန်ပါပဲ။ ပြီးတော့ ခုချိန်ထိ ကျွန်တော့် ဦးနှောက်ကို ဈေးကောင်းပေးဝယ်မယ့် လူလည်းမရှိသေးပါ။ ပိုက်ဆံလေးနည်းနည်းပါးပါးလောက်ပေးပြီး ခေါင်းပူလောက်အောင် အများကြီး စဉ်းစားခိုင်းချင်သူမျိုးနှင့်သာ တွေ.ရတာများပါသည်။
                   ဦးနှောက်၏လုပ်ငန်းဆောင်တာများမှာ အလွန်ရှုပ်ထွေးသည်။ ဦးနှောက်၏စွမ်းဆောင်နိုင်မှုများမှာ အံ့ဖွယ်သရဲဖြစ်သည်။ ဒီဦးနှောက်ကြောင့် ကမ္ဘာကြီးကို စိုးမိုးနေနိုင်ခြင်းဖြစ်သည်။................စသဖြင့် လူတွေက ကိုယ့်ဟာကိုယ် အထင်ကြီးနေကြသည်။
                    တကယ်တော့ ဦးနှောက်မှာ အလွန်ညံ့ဖျင်းသော အားနည်းချက်ကြီးတစ်ခုရှိနေသည်။ ကိုယ်မှတ်ချင်တာတွေချည်းရွေးပြီး မှတ်သားလို့မရခြင်းနှင့် မှတ်မိပြီးသားအကြောင်းအရာတွေထဲက မလိုချင်တာကို ပြန်ဖျက်ပစ်လို့မရခြင်းပင်ဖြစ်၏။ အထူးသဖြင့် ထိတ်လန့်စရာ၊ သွေးပျက်စရာ၊ နာကျည်းစရာ အဖြစ်အပျက်တွေဆိုလျှင် ပိုပြီးစွဲစွဲမြဲမြဲ မှတ်မိနေတတ်သည်မုန်းတီးလေလေ မေ့လို့မရလေဖြစ်ခြင်းကလည်း ထူးဆန်းလှသည်။
 
                     ကျွန်တော်တစ်ဦးထဲ၏ သဘောထားကို ပြောရလျှင် ဦးနှောက်ဆိုတာ တခြားနေရာတွေမှာသာ အသုံးတည့်ချင်တည့်မည်။ အချစ်ကိစ္စမှာတော့ ဘာမှအားကိုးမရတဲ့ အပိုပစ္စည်းသက်သက်ပဲ။ အကူအညီမရတဲ့အပြင် တစ်ခါတစ်ခါ အနှောင့်အယှက်တောင် ပေးတတ်သေးသည်။ သူ့ပယောဂကြောင့် လွဲချော်ခဲ့ရသော ချစ်သူတွေများလှပြီ။                   ကျွန်တော့်မှာ ဦးနှောက်ရှိနေသောကြောင့် မတွေးဘဲမနေနိုင်။ အတွေးစ တစ်ခုရလျှင် မဆုံးနိုင်အောင် ဆွဲဆန့်ထုတ်တတ်သော  ၀ါသနာရှိသောကြောင့်လည်း ဘာရယ်မဟုတ် လျှောက်စဉ်းစားကြည့်နေမိခြင်းဖြစ်၏။ ဘုန်းကြီးကျောင်းက သံချောင်းခေါက်သံကြားတော့မှ ညနေလေးနာရီ ထိုးနေပြီဖြစ်ကြောင်း သတိပြုမိ၏။ အိပ်ရာထ နောက်ကျခဲ့သောကြောင့် မနက်စာ ထမင်းတောင် ခုထိမစားရသေး။ ထို့ကြောင့် ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ထမင်းစားပွဲဆီသွားသည်။ ဘာဟင်းများ ချက်ထားသလဲဟု သိလိုစိတ်ဖြင့် ထမင်းအုပ်ဆောင်းကို ဖွင့်ကြည့်လိုက်သည်။ဆိတ်ဦးနှောက်။
                                                                                                                                                       မင်းလူ
 
 

Saturday, November 24, 2012

အထင်တစ်လုံးနဲ့ ဘဝကို အရောင်မဆိုးပါနဲ့


ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။

ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။

တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....

original from http://www.youthwant.com.tw


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပေါင်ချိန်စက်



တစ်ခါက မစ္စတာ ဘရောင်းဆိုသူဟာ ခရီးထွက်ဖို့လေဆိပ်ကိုရောက်လာ
တယ်။လေဆိပ်ရဲ့
ပေါင်ချိန်စက်အရှေ့ကိုရောက်တော့ ပေါင်ချန်ကြည့်ဦးမယ်ဆိုပြီး
ပေါင်တက်ချိန်တာပေါ့။ဒီအခါမှာ ပေါင်ချိန်စက်ကြီးက“ခင်ဗျားနာမည်
မစ္စတာဘရောင်းပါ၊ ခင်ဗျားရဲ့  ကိုယ်အလေးချိန်က ၁၈၀
ပေါင်ပါ။ခင်ဗျားဟာ(၉)နာရီလေယာဉ်နဲ့ ဘော့စတွန်ကိုသွားမယ့်သူ ဖြစ်ပါတယ်“
လို့ပြောတယ်။ဒီအခါမှာ မစ္စတာဘရောင်းက “ဟာ ပေါင်ချိန်စက်ကြီးက
ငါ့နာမည်လဲသိတယ်၊ ငါသွားမယ့်ခရီးစဉ်လဲသိတယ်၊ အထဲကိုလူဝင်ပြီးများ
ပြောနေသလား မသိဘူး“ ဆိုပြီး ပေါင်ချိန်စက်ကြီးကိုလှည့်ပတ်ကြည့်တယ်။
ပြီးတော့ နောက်တစ်ခါထပ်ချိန်လိုက်ပြန်တယ်။ဒီအခါမှာလည်း ပေါင်ချိန်စက်ကြီး
ခုနကအတိုင်းပဲ ပြောတယ်။ဒါနဲ့ မစ္စတာဘရောင်းက  မကျေနပ်ဘဲ
အိမ်သာထဲသွားပြီးရုပ်ဖျက်လိုက်တယ်။ပြီးတော့မှ
တစ်ခါထပ်ချိန်လိုက်တယ်။ဒီအခါမှာတော့ပေါင်ချိန်စက်ကြီးက
“ခင်ဗျားနာမည်မစ္စတာဘရောင်းပါ။ ခင်ဗျားရဲ့ကိုယ်အလေးချိန်က ပေါင်
၁၈၀ဖြစ်ပါတယ်။ခင်ဗျားစီးရတယ့ လေယာဉ်ဟာ  ထွက်သွားတာ(၅)မိနစ် ရှိသွားပါပြီ“
 လို့ပြန်ဖြေလိုက်တယ်။

ရည်ညွှန်း-
-သံသယတွေကြောင့် ကိုယ့်ရည်မှန်းချက်ကို အပျက်မခံပါနဲ့။


သစ်သားဇလုံကလေး

 Photo: သစ်သားဇလုံလေး

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုး အိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်း တုန်၊ မျက်စိက ၀ါးတားတားဆိုတော့အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်း ပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခုလုပ်မှ ဖြစ်တော့ မယ်။ ဒီမှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာ တွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကိုပြောလိုက် တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်း ထောင့်မှာ စားပွဲ သေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။


အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ်သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့
သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလိုသနားစဖွယ် မြင်ကွင်းကိုမြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကိုဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။ ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟိုလေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများလုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေး လိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ် နေတော့တယ်။


သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့မျက်နှာနဲ့ စိတ်ကျ အားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကိုတပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည် သွားကြပြီလေ။


ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင်မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီး မှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစုစားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလားဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့် တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေစားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ
မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအို အတွက်တော့ အင်မတန်ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။ လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီး မောင်နှံဟာ သူ့ဖခင်အပေါ်မှာရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင်စဉ်းစားကြည့်စေချင်တယ်။



မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီး က မိဘကိုပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများက သိပ်မကျေ ချင်ဘူး။ မိဘက သားသမီးကိုပြုစုဖို့ အဓိကတွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ
တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝမရှိပါဘူး။ လေးနှစ် သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။


"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ" လို့။

သားသမီးတိုင်း မိဘကျေးဇူး ပြန်ဆပ်နိုင်ကြပါစေ။



ကေသာမြစိမ်း
သိတတ်ကြပါ။
သစ်သားဇလုံလေး

မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုး အိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သ
ူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်း တုန်၊ မျက်စိက ၀ါးတားတားဆိုတော့အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်း ပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခုလုပ်မှ ဖြစ်တော့ မယ်။ ဒီမှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာ တွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကိုပြောလိုက် တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်း ထောင့်မှာ စားပွဲ သေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။


အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ်သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့
သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလိုသနားစဖွယ် မြင်ကွင်းကိုမြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကိုဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။ ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟိုလေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများလုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေး လိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ် နေတော့တယ်။


သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့မျက်နှာနဲ့ စိတ်ကျ အားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကိုတပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည် သွားကြပြီလေ။


ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင်မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီး မှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစုစားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလားဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့် တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေစားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ
မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအို အတွက်တော့ အင်မတန်ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။ လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီး မောင်နှံဟာ သူ့ဖခင်အပေါ်မှာရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင်စဉ်းစားကြည့်စေချင်တယ်။



မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီး က မိဘကိုပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများက သိပ်မကျေ ချင်ဘူး။ မိဘက သားသမီးကိုပြုစုဖို့ အဓိကတွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ
တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝမရှိပါဘူး။ လေးနှစ် သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။


"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ" လို့။

သားသမီးတိုင်း မိဘကျေးဇူး ပြန်ဆပ်နိုင်ကြပါစေ။



ကေသာမြစိမ်း
Like · ·

Friday, November 23, 2012

ကုလားအုပ်သားအမိ


ကုလားအုပ်သားအမိနှစ်ကောင် လဲလျောင်းနေရင်းနဲ့ ရုတ်တရက် ကုလားအုပ်ငယ်လေးက ထလိုက်ပြီး သူ့အမေ ကုလားအုပ်မကြီးကို

“မေမေ ကျနော့စိတ်ထဲမှာ တခုခုမတင်မကျဖြစ်နေတာလေးရှိနေလို့ မေးပါရစေ”

လို့ ပြောလိုက်တယ်။ ဒီတော့ ကုလားအုပ်မကြီးက


“ဘာဖြစ်လို့လဲသားရဲ့….။ ဘာလဲ ဒီမှာနေရတာ သားအတွက်ဘာတွေများ အဆင်မပြေဖြစ်နေလို့လဲ”

လို့ ပြောတော့

“မဟုတ်ပါဘူး…. မေမေ။ သားသိချင်တာက ဒီလိုပါ…။ ဘာဖြစ်လို့ ကျနော်တို့ကုလားအုပ်တွေမှာ ဘို့အကြီးကြီးတွေ ရှိနေတာလဲ”

လို့ ကုလားအုပ်လေးက မေးလိုက်ပါတယ်။ ဒီတော့ မိခင် ကုလားအုပ်မကြီးက

“သြော်….သားရယ်..။ သားတို့ မေမေတို့ဆိုတာက သဲကန္တာရထဲမှာ ကျင်လည်ကျက်စားရတဲ့ သတ္တ၀ါတွေလေ…။ ဒီတော့ အသက်ရှင်နေထိုင်နိုင်ဖို့ဆိုရင် မေမေတို့အတွက် ရေဟာအရေးကြီးတာပေါ့ သားရယ်…။ ဒါကြောင့် ရေတွေ အများကြီးသိုမှီးထားနိုင်အောင်လို့ မေမေတို့မှာ ဘို့ကြီးတွေ အကြီးကြီးဖြစ်နေရတာပေါ့”

လို့ ပြောလိုက်တယ်။ ကုလားအုပ်ငယ်လေးဟာ ဆက်ပြီးတော့

“ဟုတ်ပါပြီ…. ဒါဆို ကျနော်တို့မှာ ခြေထောက်ကြီးတွေ အကြီးကြီးတွေ ဖြစ်နေရတာကရော ”ဆိုတော့

“သြော်… ဒါလည်း သားရယ်…. မေမေတို့ဟာ သဲကန္တာရထဲမှာ ကျင်လည်ရတဲ့ သတ္တ၀ါတွေ ဖြစ်တဲ့အလျောက် မေမေတို့အတွက် ဒီလို ခြေထောက်ကြီးကြီးတွေဟာ လိုအပ်တယ်လေ….။ ဒီခြေထောက်ကြီးတွေကြောင့်သာ မေမေတို့ဟာ တခြားသတ္တ၀ါတွေထက်ပိုပြီး သဲကန္တာရထဲမှာ ခရီးအရှည်ကြီးတွေကို ဖြတ်သန်းနိုင်တာပေါ့”

လို့ ကုလားအုပ်မိခင်က ပြောလိုက်ပါတယ်။

“ဒါလည်း…….. ဟုတ်ပါပြီ။ ပြီးတော့ သားတို့မှာ ဘာလို့ မျက်တောင်မွေးတွေက သူများတွေနဲ့ မတူဘဲ အရှည်ကြီးတွေ ဖြစ်နေရတာလဲ၊ အဲဒီမျက်တောင်မွေး ရှည်ရှည်ကြီးတွေကြောင့် သားမှာ ကြည့်ရတာအဆင်မပြေဘူး။ စိတ်ရှုပ်စရာကြီးတွေ ဖြစ်ဖြစ်နေတယ်”

လို့ ဆက်ပြောလိုက်တော့

“ သား….. အဲဒီ မျက်တောင်မွေးအရှည်ကြီးတွေက သားမျက်လုံးတွေကို အကာအကွယ်ပေးထားတာလေ။ သားတို့ မေမေတို့ သဲကန္တာရထဲကို ခရီးတွေ ထွက်ကြပြီဆိုရင် တို့တတွေရဲ့ မျက်လုံးတွေထဲကို သဲတွေ လေတွေမ၀င်နိုင်အောင်လို့ ဒီမျက်တောင်ရှည်ရှည်ကြီးတွေက အကာအကွယ်ပေးမှာလေ ”

လို့ သူမရဲ့ မျက်တောင်မွေးရှည်ရှည်တွေအကြောင်းကို ဂုဏ်ယူဝံ့ကြွားတဲ့ပုံနဲ့ ပြန်ပြီး ရှင်းပြလိုက်တယ်။ ဒီတော့ ကုလားအုတ်လေးဟာ အနည်းငယ်စဉ်းစားပြီးတော့

“သားသိပြီ မေမေ …သားတို့မှာရှိတဲ့ ဘို့အကြီးကြီးတွေက သဲကန္တာရထဲကို ခရီးထွက်ရင် ရေတွေအများကြီးသိုမှီးထားနိုင်ဖို့၊ ခြေထောက်အကြီးကြီးတွေက အဲဒီသဲကန္တာရထဲမှာ ခရီးအရှည်ကြီးတွေကို ဖြတ်သန်းနိုင်ဖို့၊ ဟောဒီ မျက်တောင်မွေး ရှည်ရှည်ကြီးတွေကလည်း သားတို့ မျက်လုံးတွေကို ကာကွယ်ဖို့။ ဒါပေမဲ့ မေမေရယ်…. ဘာကြောင့်များ ကျနော်တို့က အခုအချိန်မှာ တိရစ္ဆာန်ရုံထဲမှာ နေနေရတာလဲ”လို့ ပြန်မေးလိုက်ပါတယ်….။

************************************************
ကိုယ့်ရဲ့အရည်အချင်း၊ ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံစတာတွေဟာ မှန်ကန်တဲ့နေရာ၊ မှန်ကန်တဲ့အနေအထားမှာ အသုံးပြုနိုင်မှပဲ ကိုယ့်အတွက် အသုံးဝင်တဲ့အရာတွေ ဖြစ်လာမှာပါ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်အပျက်မျိုးနဲ့ ခပ်ဆင်ဆင်တူနေတာလေးတွေ ရှိနေတတ်ပါတယ်။ ကိုယ့်မှာ အရည်အချင်း၊ ကျွမ်းကျင်မှု၊ အတတ်ပညာ၊ အတွေ့အကြုံ ဘယ်လောက်ပင်ရှိရှိ အသုံးချခွင့်မရလိုက်တာတွေ၊ ကိုယ်နေထိုင်ကျက်စားရာအရပ်က ကိုယ့်အနေအထားနဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့အနေအထားတွေ၊ ပြီးတော့ ဘောင်ဆိုပြီး သတ်မှတ်ထားတဲ့ အနေအထားမှာ ရောက်သွားတဲ့ အဖြစ်မျိုးလေးတွေကို တွေ့ဖူးကြုံဖူးကြမယ် ထင်ပါတယ်။

ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေပဲ ရှိနေရှိနေ၊ ဘာတွေကိုပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လောက်ပဲ အတွေ့အကြုံတွေ ရှိပါတယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ အော်နေ အော်နေ ။ ကုလားအုပ်သား အမိနှစ်ကောင် တိရစ္ဆာန်ရုံထဲက မထွက်နိုင်သေးသလိုအဖြစ်မျိုးဆိုရင်တော့ အဲဒီအရာတွေဟာ ကိုယ့်အတွက်တော့ လက်တွေ့လည်း အသုံးချလို့ရမှာ မဟုတ်သလို။ အများရဲ့အမြင်မှာလည်းပဲ အကြွားသက် သက်သာဖြစ်လိမ့်မယ်လို့ အထင်ရောက်သွားနိုင်စရာသာ ရှိပါကြောင်း…..
 
 

Thursday, November 22, 2012

မိုးခါးမှတ်တိုင်

 
 
"မိုးခါးမှတ်တိုင်"


မျက်ရည်ဟာ လက်နက်တစ်မျိုးဆိုရင်
ဒီခေတ်မှာအခြေနေဆိုးတာက
 ကျားတွေလည်း ငိုပြတတ်လာတယ်
အများရယ်လို့မဆိုလိုပါဘူး
သစ္စာတရားထက် သာယာမှုကို
အလေးထားပြီး   စွန့်သွားတုန်းက
အပြုံးနဲ့ လူတစ်ယောက်ပေါ့..............
ခုတော့  လက်နက်တစ်မျိုးတပ်ဆင်လို့
သနားတတ်တဲ့ ငါ့ရင်ခွင်ကို
တစ်ကြော့ပြန်လာ စစ်ဆင်နေတယ်
နင့်မျက်ရည်တွေ ချောင်းစီးသွားတောင်
ငါ့နှလုံးသားက အရည်ပျော်မယ့်
ရေခဲမြစ်လို အသင့်မဖြစ်တော့ဘူး
ခံစားချက်တွေ အသားကျလို့
တည်ငြိမ်စွာ နေတတ်သွားတာပါ
အစားထိုးဖို့ မတွေးတောသလို
နင်ထားခဲ့တဲ့ ငါ့ရင်ခွင်
ရှင်သန်နေတဲ့ လက်ကျန်အချစ်
အဲ့  ကာလရဲ့ မှတ်တိုင်အဖြစ်
တစ်စီးတည်းရပ်နားဖို့ဘဲ
ငါဆုံးဖြတ်ခဲ့တယ် ။ ။ ။
(အချစ်သစ်နဲ့ ပျော်ချိန် အဟောင်းဆိုတာ မကောင်းဘူးပေါ့
 ခုတော့ အသစ်စွန့်မှ အကောင်းဆိုတာ အဟောင်းပါလို့
ဝန်ခံပြီး နင်လာမခနဲ့  မိုးခါးမှန်းမသိလို့ငါ သောက်ခဲ့မိတာ
ဆောရီးပါ      နာကြည်းနှင်းဆီ)



မြန်မာနိုင်ငံ မင်္ဂလာပါ

 
 
ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။
သမ္မတအိုဘားမား မိန့်ခွန်းပြောကြားသည်ကို တက်ရောက်နားထောင်ရန် ဖိတ်ကြားခံထားရသော ဦးကျော်သူနှင့် ဧည့်သည်တော်များကို ရန်ကုန်တက္ကသိုလ်တွင် တွေ့ရစဉ်။
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)

``မြန်မာနိုင်ငံ မင်္ဂလာပါ``

အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။
တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ၀တ်စုံဖြူတွေ၊ ၀တ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ အကြောင်း၊ ကျောင်းသားတွေရဲ့ အသံ၊ လွတ်လပ်ခြင်းသီချင်းတွေကို သီကျူးနေတဲ့ ဟစ်ပ်ဟော့ပ်ဂီတသမားတွေရဲ့ အသံ၊ အားလုံးကိုလည်း ကျနော်တို့ကြားခဲ့ရပါတယ်။ ပြည်ပမှာရောက်ရှိနေပြီး အမိမြေနဲ့ မိသားစုထံ အမြဲတမ်းတဆက်သွယ်ချင်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်ပရောက်အင်အားစုတွေ အကြောင်းလည်း ကျနော်တို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အံ့မခန်း ဂုဏ်သိက္ခာကြီးမားမှုကိုလည်း ကျနော်တို့ လေးစားအားကျခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက်နှလုံးသားခိုင်မြဲသူတွေကို ဘယ်လိုမှ အကျဉ်းချထားလို့မရနိုင်ဘူးဆိုတာသက်သေပြခဲ့တာပါ။
သမ္မတရာထူးလက်ခံခဲ့တဲ့အချိန်တုန်းက ကမ္ဘာပေါ်မှာရှိနေတဲ့ ခြိမ်းခြောက်အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ကျနော်သ၀ဏ်လွှာစကား ပါးခဲ့ဖူးပါတယ်။ အဲဒါကတော့ - “တင်းကြပ်တဲ့လက်သီးတွေကို ဖြေလိုက်မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း လက်ကမ်းပါမယ်” ဆိုတဲ့ စကားပါပဲ။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်းမှာပဲ၊ အပြောင်းအလဲတွေဟာ အရှိန်အဟုန်နဲ့ပေါ်လာခဲ့ပါတယ်။ ဆယ်စုနှစ် ၅ ခုကြာ၊ အာဏာရှင်စနစ်နဲ့ အုပ်စိုးခဲ့သူတွေဟာ သူတို့ရဲ့ချုပ်ကိုင်မှုတွေကို ဖြေလျော့လာခဲ့ပါပြီ။ သမ္မတဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြောင်းလဲမှုလိုလားတဲ့ဆန္ဒတွေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တခု ဆုံဆည်းပေါ်ထွက်လာခဲ့ပါပြီ။ အခုဆိုရင်၊ အရပ်သားအစိုးရတခုနဲ့ အတူ၊ ပြည်သူ့လွှတ်တော်ဟာလည်း အင်အားယူပေါ်ထွက်လာနေပါပြီ။ တချိန်က တရားမ၀င်ဖြစ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုလျှင်လည်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေလည်း ရာနဲ့ချီပြီ လွတ်မြောက်လာခဲ့သလို၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို တားဆီးမှုတွေရှိနေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးတွေလုပ်နိုင်ခဲ့သလို၊ ပိုပြီးပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေအသစ်တွေလည်း ပေါ်လာနေပါပြီ။
ဒါ့ကြောင့် ဒီနေ့မှာ ကျနော်အနေနဲ့ ပေးခဲ့တဲ့ကတိအတိုင်း၊ မိတ်ဆွေအဖြစ်လက်ကမ်းဖို့ ရောက်လာခဲ့တာပါ။ အခုဆိုရင်၊ ရန်ကုန်မြို့မှာ အမေရိကန်သံအမတ်ကြီးလည်း ရှိနေပါပြီ။ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျှော့ချထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ စီးပွားရေးပြန်လည် နာလန်ထူနိုင်ပြီး၊ ပြည်သူတွေအတွက် အခွင့်အလမ်းတွေပေါ်လာအောင် ကျနော်တို့ ကူညီပါ့မယ်။ ဒါဟာ တကမ္ဘာလုံးဖွံ့ဖြိုးဖို့အတွက် အင်အားတရပ်လည်းဖြစ်စေရပါမယ်။ ဒါပေမဲ့လည်း ဒီခရီးဟာ အခုမှ အစပဲရှိသေးပြီး၊ ရှေ့ဆက်အများကြီးသွားရအုံးမှာပါ။ လူမှုအသိုင်းအ၀ိုင်းရဲ့ ထိပ်ပိုင်းကနေ၊ ဆင်းသက်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အခြေခံမှာရှိနေတဲ့ ပြည်သူတွေရဲ့ မျှော်မှန်းမှုတွေနဲ့ တထပ်တည်းရှိဖို့လိုပါတယ်။ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှု ရောင်ခြည်မီးပွားလေးတွေ၊ ငြိမ်းမသွားစေရေးနဲ့ ဒီမီးပွားလေးတွေဟာ မြန်မာပြည်သူတရပ်လုံးအတွက်၊ ရှေ့ဆောင်လမ်းပြ ဓူဝံကြယ်ကြီးလိုဖြစ်သွားစေဖို့ လိုပါတယ်။
အဖိနှိပ်ခံရမှုတွေအစား အားလုံးစုံရုံးပိုင်ခွင့်ကို အပြည့်အ၀လေးစားလိုက်နာရပါမယ်။ ချုပ်ချယ်ကန့်သတ်မှုတွေအစား သတင်းဆင်ဆာဖြတ်တောက်မှုတွေကို ဆက်ပြီးဖယ်ရှားသွားရပါလိမ့်မယ်။ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်သွားရင်၊ တိုးတက်မှုတွေ တွေ့လာမှာပါ။ မြစ်ဆုံရေကာတာစီမံကိန်းမှာဆိုရင်၊ ကန့်ကွက်ကြတဲ့ ပြည်သူတွေရဲ့ အသံကို လစ်လျူမရှု့ဘဲ၊ လေးစားလိုက်နာခဲ့တာကို တွေ့ခဲ့ရပါပြီ။ မတရားအသင်းလို့ ကြေငြာမှုတွေမရှိတော့ဘဲ နိုင်ငံရေးပါတီတွေကိုလည်း လှုပ်ရှားလုပ်ဆောင်ခွင့်တွေ ပေးလာနေပါပြီ။
လွှတ်တော်ရွေးကောက်ပွဲတွေတုန်းကဆိုရင်၊ မဲဆန္ဒရှင်တဦးက - ကျနော့်အဖိုးအဖွားတွေ၊ တချိန်လုံးစောင့်ဆိုင်းခဲ့ပြီး၊ မတွေ့သွားတဲ့ ဒီအခွင့်အရေးပါပဲလို့ ပြောခဲ့တာ ကြားရပါတယ်။ ဒီလိုမဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့အတွက် အာဏာရှိသူတွေအနေနဲ့ သဘောထားကြီး ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ ပုံစံပါပဲ။ အမေရိကန်မှာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။ ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတ နိုင်ငံတော်စစ်သေနာပတိချုပ် ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို ကွန်ဂရက်လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။ နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်းဖြစ်နေလို့ပါပဲ။
ဒီလိုနည်းလမ်းနဲ့ပဲ ကိုယ်ရောက်ချင်တဲ့အနာဂတ်ကို ရောက်အောင်သွားနိုင်မှာပါ။ အဲဒီအနာဂတ်မှာဆိုရင်၊ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရှိနေတယ်ဆိုရင်တောင် များလွန်းလှပြီလို့ ဆိုကြပါလိမ့်မယ်။ ဥပဒေဟာလည်း ခေါင်းဆောင်တွေရဲ့ အထက်မှာရှိနေပြီး၊ ဘယ်ကလေးသူငယ်ကိုမှလည်း စစ်သားအဖြစ်ခိုင်းစားတာမျိုးမရှိသလို၊ ဘယ်အမျိုးသမီးကိုမှလည်း မတရားခေါင်းပုံဖြတ်တာ မရှိတော့ပါဘူး။ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အရပ်သားထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်တပ်က ကာကွယ်ပေးထားပြီး၊ ပြည်သူလူထုက ရွေးချယ်ပေးလိုက်တဲ့ သူတွေ အုပ်ချုပ်ခွင့်ရှိစေမယ့်၊ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်လည်း ရှိနေမယ့်အနာဂတ်ဖြစ်ပါတယ်။ ဒီခရီးလမ်းကို ရောက်အောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက အဆင့်တိုင်းမှာ ကူညီသွားပါမယ်။ လူထုလူတမနးစားအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့ အကူအညီတွေ၊ ဂုဏ်သိက္ခာရှိပြီး လူ့အခွင့်အရေးလေးစားတဲ့ စစ်တပ်တရပ်ဖြစ်လာစေဖို့ ၊ ဒါ့အပြင် စီးပွားရေးဖွံ့ဖြိုးမှုတွေနဲ့ အတူ၊ ဒီမိုကရေစီလမ်းစဉ်ဆီကို ရှေ့တိုးလုပ်ဆောင်လာနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ကူညီသွားမှာပါ။
နိုင်ငံသားဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ ဘယ်နိုင်ငံမဆို အပြင်းအထန် ကြိုးစားခဲ့ကြရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီပြဿနာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆွေးနွေးငြင်းခုံခဲ့ရတာပါ။ အခုထိလည်း ဆက်ပြီး ငြင်းခုံရဆဲပါ။ ဒါပေမယ့် အဓိကအခြေခံအချက်တွေကတော့ တကမ္ဘာလုံးအတွက် အတူတူပါပဲ။ ဘယ်သူဖြစ်ဖြစ် အခြိမ်းခြောက်မခံရပဲ နေထိုင်နိုင်ခွင့် ရှိဖို့ လိုပါတယ်။ မိသားစုတွေ ဘေးရန်ကင်းကင်း နေနိုင်ဖို့ လိုပါတယ်။ သူတို့ ဘယ်သူဘယ်ဝါဖြစ်နေလို့ ဒါမှမဟုတ် သူတို့ ဘယ်နေရာကနေ ရောက်လာလို့ ဆိုပြီး သူတို့အိမ်တွေ မီးရှို့ခံရတာမျိုး မဖြစ်သင့်ပါဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ကိုယ့်နိုင်ငံသားတွေကပဲ ကိုယ့်ရဲ့ နိုင်ငံညီညွတ်မှုကို လုပ်နိုင်တာပါ။ မြန်မာနိုင်ငံသားတွေဟာ မတူကွဲပြားမှုဆိုတာကို အားနည်းချက်တရပ်အနေနဲ့ မဟုတ်ဘဲ၊ အင်အားအဖြစ် အသုံးချနိုင်လိမ့်မယ်လို့ ကျနော်အခိုင်အမာ ယုံကြည်ပါတယ်။
ကျနော့် နိုင်ငံ၊ ကျနော် လျှောက်လှမ်းခဲတဲ့ ဘ၀အတွေ့အကြုံတွေကို ကျနော် ပြောပြနေတာပါ။ အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန်တွေနဲ့ ဂျူးတွေ၊ မူစလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ ဘာသာ အယူဝါဒမရှိသူတွေ အတူနေကြတဲ့ နိုင်ငံပါ။ ကျနော်တို့ နိုင်ငံဟာ ဘာသာစကားမျိုးစုံနဲ့ ယဉ်ကျေးမှု မျိုးစုံ ထွန်းကားတဲ့ နိုင်ငံပါ။ ကျနော်တို့မှာ ပြည်တွင်းစစ်ရဲ့ ခါးသီးမှုတွေ ရှိခဲ့ပေမယ့် လူသားတွေဟာ အမုန်းတရားတွေကို အသဲနှလုံးထဲကနေ ဖယ်ရှားနိုင်စွမ်း ရှိတယ်၊ ဘာသာ နဲ့ လူမျိုးဆိုတဲ့ ကဏ္ဍခြားထားတဲ့ လိုင်းတွေကလည်း မှေးမှိန်သွားနိုင်ပါတယ် ဆိုတာကို သမိုင်းကပြနေပါတယ်။ တကယ်တမ်း ဘာကျန်နေသလဲဆိုတော့ ရိုးသားတဲ့ အမှန်တရား ပါပဲ။ အမေရိကန်နိုင်ငံမှာ ကွဲပြားမှုတွေ အများကြီး ရှိပေမယ့် ကျနော်တို့ဟာ တစိတ်ထဲ တ၀မ်းထဲ လူမျိုး တမျိုးထဲပါ။ ကာလကြာလာတာနဲ့ အမျှ ဒီအမှန်တရား ကနေ ကျနော်တို့ နိုင်ငံကို အင်အားဖြစ်စေခဲ့ပါတယ်။
ကျနော်တို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျွန်တော်တို့ ကိုင်စွဲထားတဲ့ ဒီမိုကရေစီ မူဝါဒတွေ အတိုင်း ဖြည့်ပြီး ပြင်ဆင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အကြီးဆုံး နိုင်ငံကြီးရဲ့ သမ္မတ တဦးအနေနဲ့ ဒီကနေ့ ခင်ဗျားတို့ရှေ့မှာ ကျနော် မားမားမတ်မတ် ရပ်နေပါပြီ။ ကျနော်ဟာ အရင်တုန်းက မဲပေးခွင့်မရှိတဲ့ သူတဦးရဲ့ အမျိုးအနွယ်တဦးပါ။ ဒီ နိုင်ငံ နယ်နိမိတ်အတွင်း ရှိသမျှ လူသားတွေဟာ ဒီနိုင်ငံရဲ့ သမိုင်းအစိတ်အပိုင်း ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနိုင်ငံမှာလည်း မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ကျနော့် နက်နက်ရှိုင်းရှိုင်း ယုံကြည်ပါတယ်။
Excerpts of President Obama's Speech in Burma
FOR IMMEDIATE RELEASE:
Above all, I came here because of America’s belief in human dignity. Over the last several decades, our two countries became strangers. But today, I can tell you that we always remained hopeful about you – the people of this country. You gave us hope. And we bore witness to your courage.
We saw the activists dressed in white visit the families of political prisoners on Sundays, and monks dressed in saffron protesting peacefully in the streets. We learned of ordinary people who organized relief teams to respond to a cyclone, and heard the voices of students and the beats of hip hop artists projecting the sound of freedom. We came to know exiles and refugees who never lost touch with their families or their ancestral home. And we were inspired by the fierce dignity of Daw Aung San Suu Kyi, as she proved that no human being can truly be imprisoned if hope burns in your heart.
When I took office as President, I sent a message to those governments who ruled by fear: “we will extend a hand if you are willing to unclench your fist.” And over the last year and a half, a dramatic transition has begun, as a dictatorship of five decades has loosened its grip. Under President Thein Sein, the desire for change has been met by an agenda for reform. A civilian now leads the government, and a parliament is asserting itself. The once-outlawed National League for Democracy stood in an election, and Aung San Suu Kyi is a Member of Parliament. Hundreds of prisoners of conscience have been released, and forced labor has been banned. Preliminary cease-fires have been reached with ethnic armies, and new laws allow for a more open economy.
So today, I have come to keep my promise, and extend the hand of friendship. America now has an Ambassador in Rangoon, sanctions have been eased, and we will help rebuild an economy that can offer opportunity for its people, and serve as an engine of growth for the world. But this remarkable journey has just begun, and has much further to go. Reforms launched from the top of society must meet the aspirations of citizens who form its foundation. The flickers of progress that we have seen must not be extinguished – they must become a shining North Star for this entire nation’s people.
*** Instead of being repressed, the right of people to assemble together must now be fully respected. Instead of being stifled, the veil of media censorship must continue to be lifted. As you take these steps, you can draw on your progress. Instead of being ignored, citizens who protested the construction of the Myitsone dam were heard. Instead of being outlawed, political parties have been allowed to participate. As one voter said during the parliamentary elections, “Our parents and grandparents waited for this, but never saw it.”
To protect the freedom of that voter, those in power must accept constraints. That is what our American system is designed to do. America may have the strongest military in the world – but it must submit to civilian control. As President and Commander-in-Chief, I cannot just impose my will on our Congress – even though sometimes I wish I could. I appoint some of our judges, but I cannot tell them how to rule – because every person in America, from a child living in poverty to the President – is equal under the law.
That is how you must reach for the future you deserve – a future where a single prisoner of conscience is one too many, and the law is stronger than any leader; where no child is made to be a soldier, and no woman is exploited; where national security is strengthened by a military that serves under civilians, and a Constitution guarantees that only those who are elected by the people may govern. On that journey, America will support you every step of the way: by using our assistance to empower civil society; by engaging your military to promote professionalism and human rights; and by partnership with you as you connect your progress towards democracy with economic development.
*** Every nation struggles to define citizenship – America has had great debates about these issues, and they continue to this day. But certain principles are universal – the right of people to live without the threat that their families may be harmed or their homes may be burned simply because of who they are or where they come from. Ultimately, only the people of this country can define your union, but I have confidence that – as you do – you can draw on diversity as a strength, not a weakness.
I say this because my own country, and my own life, has taught me this. The United States of America is a nation of Christians and Jews; Muslims and Buddhists; Hindus and non-believers. Our story is shaped by every language and enriched by every culture. We have tasted the bitterness of civil war and segregation, but our history shows us that hatred in the human heart can recede, and the lines between races and tribe fade away. What is left, then, is a simple truth: e pluribus unum; in America, out of many, we are one nation, we are one people. Time and again, that truth has made our union stronger.
We amended our Constitution to extend the democratic principles that we hold dear. And I stand before you today as President of the most powerful nation on Earth, with a heritage that would have once denied me the right to vote. So I believe deeply that this country can transcend its differences, and that every human being within these borders is a part of your nation’s story.
(White House Press Office)
သတင်းအကျဉ်းချုပ် ...
at 4:07 PM 0 comments Posted by Htut Htut
 
 

Wednesday, November 21, 2012

အခမဲ့ ကူလီ ထမ်းရခြင်းအကျိုး



  လွန်ခဲ့သောခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ်တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းမြို့သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ်ချင်း သပိတ်မှောက်ကျောင်းသားဟောင်း ဆရာကြီးသည် လာ၍ ကြိုနေသည်ကို တွေ့ရ၏။
           အမျိုးသားပညာဝန် ဥိးဖိုးကျားဘူတာအနီးတွင်ကပ် ၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေတစ်ယောက် နေသည် ကို ခဏမျှတွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ ပစ္စည်းများနှင့် သွားနှင့်ရန် ပြောဆို လွှတ်လိုက်၏။ အဆိုပါဘူတာအနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာပြီးနောက် ဆရာကြီး အိမ်သို့ သွားတော့မည်ဟု ဘူတာအနီးက ပင် ဖြတ်၍လာခဲ့ရာ -
ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားအရွယ် တစ်ယောက်ကို တွေ့မြင်ရ၏ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက်ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍ တဖျစ်တောက်တောက်နှင့် ဟိုလျှောက်သည်လျှောက် ပြုနေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် -
            “မောင် - ဘာဖြစ်လို့လဲ” “ဟာ-မပြောပါနဲ့ဗျာ၊ ကောလိပ်ကျောင်းပိတ်လို့
               ပြန်လာတယ်၊ အိမ်ကိုစာရေးထားတာ ဘယ်သူမှလဲ လာမကြိုကြဘူး၊ အခု ဒီမှာ ခွကျနေတာပေါ့”
“နေပါဦး-မောင်ရဲ့၊ ဘယ်သူမှ လာမကြိုလဲ ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက်ဝေးလို့လဲ”
“သိပ်မဝေးပါဘူး၊ ဟိုဈေးနားတွင်ပဲ”
           “အဲဒါဖြင့်လဲမောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့၊ လူလာမကြိုကော၊ ကိုယ့်အိမ်ကိုယ်ပြန်တာပဲ”
            “ဟာ-ခင်ဗျားကြီး၊ တယ်ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါရော၍ စိတ်ဆိုးသွားဟန်တူသည်)
အိမ်နီးပေမယ့် စီးသွားစရာ လာနေကျ မြင်းလှည်းကလေးတစ်စီးဟာလဲ မရလိုက်ဘူး၊ ပြီးတော့ ဒီမှာ သားရေအိတ်တစ်လုံးနဲ့၊ ကူလီတွေလဲမရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မလဲဗျ” ကူလီလိုသည်ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည်တစ်တောင်တစ်မိုက်ခန့်၊ အနံတောင်ဆုပ်လောက်မျှသာရှိသော သားရေအိတ်ဖြစ်နေ၏။ ထိုအခါ ကျွန်ုပ်ကပင်-
          “ကဲ-မောင်၊ ဒီသားရေအိတ်အတွက်ဖြင့် ၀န်လေးမနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ-သွားသာသွားပါတော့”
           ထိုအခါမှ သူငယ်သည် အတန်မျက်နှာကြည်လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါတော့၊ ကျွန်တော် ကူလီခပေးပါ့မယ်” ဟု ဆိုလေ၏။ ကျွန်ုပ်သည် ကူလီခအကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေအိတ်ကိုသာ ကောက်ယူ၍ သက်သက်သာသာပင် ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်းဘက်သို့ လျှောက်လာခဲ့ကြ၏။ စာဖတ်သူအား ပြောရန်ကျန်သေးသည်။ ကျွန်ုပ်သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွားတတ်သည်နှင့် ထိုအခါက ပိုးကြားပေါက် လုံချည်အနွမ်းကို ၀တ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့်လက်လိပ်၍ မျက်နှာသုတ်ပုဝါကို ခေါင်းတွင် ထူထူ ပတ်ကာ ၀တ်ဆင်လျက်ရှိ၏။ ဖိနပ်မှာလည်း ပိန်းတန်းဖိနပ်မျှသာဖြစ်၏။ သို့ကြောင့်လည်း ထိုသူငယ်သည် ကျွန်ုပ်အား “ကူလီ”ငှားရန် အားမနာခြင်း ဖြစ်ဟန်တူသည်။ နှစ်ယောက်သား လာခဲ့ကြရာ ကျွန်ုပ်က စ၍-
          “မောင်- ကောလိပ်ကျောင်းမှာနေတာ ဘယ်အတန်းရောက်ပြီလဲ”
         “အင်္ဂလိပ်လို၊ ဆီနီယာ-အိုင်အက်စီ(I.Sc)ခေါ်တယ်၊ ဗမာလိုတော့ ဟိုဒင်း… အဲ… ၁၂ တန်းဆိုပါတော့ဗျာ”
         “ဟင်-ရောက်လှပါပကော၊ နို့ နေပါဦး မောင်ရဲ့၊ အဲဒီ ၁၂ တန်းရောက်တော့ ဘာတွေ သင်ရသလဲကွဲ့”
           “အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ်ဘန်းစ်ဒ်-အင်္ဂလိရှ်(Advance English) ဆိုတာ သင်ရတယ်ဗျ”
            “မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလဲ ပြောဦးမှပေါ့”
            “ဗမာလို မလွယ်ဘူးဗျ၊ နေဦး နေဦး၊ ဟိုဒင်း.. အဲ၊ ရှေ့ရောက်သော… အဲ၊ ပိုမို၍ဖြစ်သော ဟာ-ဒါလဲ မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း
          လွယ်လွယ်ဆိုကြပါစို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာဆိုပါတော့”
         “အင်း အင်း၊   ကောင်းပါရဲ့၊ နို့ မြန်မာစာများကော မသင်ရဘူးလားကွဲ့”
       “ဘားမီး(ဆ်)လား၊ ခင်ဗျာ့မြန်မာစာ ဘာခက်လို့လဲဗျ၊ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲပ ပ(စ်) (pass) နိုင်ပါတယ်ဗျာ၊ အလကား အသုံးလဲ မကျလှပါဘူး”
         “ဒါဖြင့် သည့်ပြင်ကော ဘာများသင်ရသေးသလဲ” “သည့်ပြင်တစ်ခုက ခယ်မစ်စတြီ(chemistry)ဆိုတာ သင်ရတယ်၊ အဲဒါက မြန်မာလို ရှိမယ်မထင်ပါဘူး၊ ဟိုဒင်းဆိုပါတော့ဗျာ၊ ဓာတ်ခွဲပညာဆိုပါတော့၊ ဘယ်အရာတစ်ခုဟာ ဘယ်ဓာတ်ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေတယ်ဆိုတာတွေလဲ ပါတယ်ဗျ၊ ဥပမာဗျာ ရေဆိုတဲ့ဓာတ်ဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ”
        “အို-တယ်နေရာကျပါကလား၊ ပြောစမ်းပါဦးမောင်ရယ်၊ ရေထဲမှာ ဘာတွေဘာတွေ ပါသတဲ့လဲ” “ရေဆိုတာ။ အိတ်ခ်ျ-တူးအို(H2O)ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”
         “မောင့်(အိတ်ခ်ျ-တူးအို)ကို ဗမာလို ပြောဦးမှပေါ့ကွဲ့”
        “ဟာ-ဘယ်မှာ အကုန်လုံးကို ခင်ဗျာ့ဗမာစကားတွေနဲ့ ပြောနိုင်မလဲဗျ၊ ခင်ဗျာ့ဗမာစကားကလဲ အင်မတန် ဆင်းရဲတယ်၊ ဒီလို အထက်တန်းစကားကြီးတွေကို ဘာသာပြန်ဖို့ ရှိမယ်မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲမှတ်ထား၊ အိတ်ခ်ျက နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခုရောရင် ရေဖြစ်တာပဲ”
       “အဲလေ ဆိုပါတော့၊ ဒီတော့ 'အိတ်ခ်ျ' က ဘာ၊ 'အို' က ဘာဆိုတာလဲ ပြောဦးမှပေါ့”
          “ဟာ-ခင်ဗျား တယ်အမေးအမြန်းထူတဲ့ လူကြီးပဲ၊ ဒါတွေဟာ ဓာတ်သဘောတွေဗျ၊ ခင်ဗျားတို့ကို ပြောလို့လဲ နားလည်မှာမဟုတ်ဘူး၊ အဲဒီတော့ အဲဒီ အင်္ဂလိပ်စာလုံးနှစ်လုံးပေါင်းရင် ရေဖြစ်တယ်ဆိုတာသာ မှတ်ထားပါဗျ”
       “နေပါဦးမောင်ရဲ့၊ မောင့်အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ်မဟုတ်လား၊ မောင့်အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှပဲ ရေဖြစ်ရတော့မလား”
       “သြော်-တယ်ခက်ပါကလား၊ ဒါက သင်္ကေတအမှတ်အသားဗျ၊ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပါယ်ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီအဓိပ္ပါယ်အရှည်ကို ကျွန်တော့်နုတ်ဘုတ်(note book) ထဲမှာ မှတ်ထားတယ်၊ အခု ပါးစပ်ထဲမှာတော့ မရဘူး၊ ပြီးတော့လဲဗျာ၊ ကျွန်တော်တို့ဆရာက အဓိပ္ပာယ်ပြောတာ မရှင်းပါဘူး၊ ကျွန်တော်တို့ နားလည်အောင် မပြောတတ်ဘူးဗျ၊ ဒီဆရာတွေဟာ အလကားပါဗျာ” ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကို သူ မြန်မြန်သိမ်းလိုက်လေသတည်း။
       “နို့ မောင်တို့ ကောလိပ်မှာ စားရပုံက ဘယ်လိုလဲကွဲ့”
         “မှတ်ထား ဆရာကြီး၊ ကောလိပ်ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုးနပ်တာ၊ အနေအစားအကုန်လုံး အထက်တန်း အညွန့်စားချည်းပဲ မှတ်ထား၊ တစ်ခါထဲ နယူးလိုက်ဖ်(new life)ကို ရောက်သွားတာပဲ သိရဲ့လား”
          “အဲ အဲ.. ဘာတဲ့၊ နရူး(နွားရူး) အလိုက်ခံရသလား၊ ဟိုရောက်ရင်”
      “အောင်မယ်၊ ဗျို့ ဆရာကြီး၊ ဒါ သရော်စရာမဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလဲမတတ်၊ ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလဲ နားမလည်၊ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သိရဲ့လား၊ နယူးလိုက်ဖ်ဆိုတာ အင်္ဂလိပ်စကားဗျ၊ အသစ်အသက်၊ အနေအစား အသစ်တစ်မျိုးလို့ ဆိုတယ်၊ ကြည့်လေ၊ နေရတာက ကျွန်တော် တောမြို့ကလေးမှာ ဆယ်တန်းမှာ နေရတုန်းက သူဆင်းရဲ့သား၊ ကုန်သည်သား၊ သူကြီးသားဆိုသလို သာမည လူတွေနဲ့သာ တွေ့ရတာကလားဗျ၊ ဟို ကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ၀န်ထောက်သား၊ အရေးပိုင်သား၊ မင်းကြီးသား ဆိုသလို အထက်တန်းစားတွေချည်းကလားဗျ၊ အဲလေ ဆင်းရဲသားရဲ့ သားသမီးလဲ နည်းနည်းပါးပါးတော့ ရှိတာပေါ့၊ ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ၊ ဖိနပ်တောင်ကြည့်ပါလား၊ ကျွန်တော် တောမြို့ကလေးမှာ နေတုန်းက ၁၀ ကျပ်တန်၊ ၁၅ ကျပ်တန်အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂၀ ကျပ်တန်အောက် မစီးရဘူးဗျ”
     “နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား”
              “ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျားကြီးလဲ တော်တော်အ,တာပဲ၊ ဟိုမှာ အထက်တန်းစားတွေနဲ့ ပေါင်းရတာဗျ၊ ခင်ဗျား ၁၀ ကျပ်တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ၊ လူထဲမတိုးဘူးဗျ၊ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့လား၊ ၃၀ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”
         “ဟင်-မောင်တို့ကောလိပ်က လူအဖိုးတန်တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီးသလို နေပါကလား”
         “တယ်-ခင်ဗျားကြီး အင်မတန်နုံသေးတာကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ ကြွားဖို့ဗျ၊ ကြွားဖို့၊ လူပေါ်လုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်၊ ကြည့်ပါလား၊ ကျွန်တော်ဟာ ကောလိပ်ကို အသွားအပြန် စက်ကင်းကလပ်စ်ဆိုတဲ့ ဘိုစီးတွဲမှစီးတယ်၊ ခင်ဗျားတို့ စီးတဲ့ တတိယတန်းဆိုတဲ့ ဆင်းရဲသားတွဲကို ဘယ်တော့မှမစီးဘူး၊ အဲဒီစက်ကင်းကလပ်စ်ဆိုတာ ခင်ဗျားတို့ဆင်းရဲသားတွဲတွေလို သစ်သားခုံနဲ့ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာမဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာတစ်မျိုးကိုခင်းထားတယ်၊ အောက်က စပရိန်ထည့်ထားတယ်၊
           ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စီးစေချင်တယ်၊ တစ်ခါတည်း လျှာလည်သွားမှာပဲ၊ ပြီးတော့ အဲဒီ ဘိုစီးတွဲအခက ခင်ဗျားတို့ ဆင်းရဲသားတွဲအခရဲ့ သုံးဆပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက်ဆံဝါလားတွေဟာ ပိုက်ဆံပေါလို့ စီးပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟော-ကျုပ်တို့လို အင်္ဂလိပ်စာတတ်တဲ့ ကောလိပ်ကျောင်းသားလဲဖြစ်ရမယ်၊ စတိုင်ကျကျ လှလှပပ ၀တ်ဆင်ရမယ်၊ ကျွန်တော့်ဘိုဆံထောက်ကို ကြည့်စမ်း၊ လိမ်းထားတာ ဆီရိုးရိုးမဟုတ်ဘူး၊ ဟို ဘိလပ်တို့၊ အမေရိကန်တို့ကလာတဲ့ ဆီမွှေးတို့ ကော့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုးတွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့ တော်တာဗျ၊ ခင်ဗျားတို့ တောသားကြီးတွေနဲ့တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဆိုသလို မနေဘူးလား”
        “မောင်ရယ်၊ မောင့် ဘိုစီးတွဲ မစီးရချင်နေပါစေတော့၊ ယောက်ျားဖြစ်ရက်သားနဲ့ သနပ်ခါး မျက်နှာချေတွေတော့ မလိမ်းမဆင်ဝံ့ဘူး မောင်ရဲ့”
        “အလို ခင်ဗျားကြီး အတော်လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေးဘဲကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွားတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ၊ နားလည်ရဲ့လား”
        ကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက်၏။ ထိုသို့ နှစ်ယောက်သား လာခဲ့ရာ အိမ်အနီးသို့ ရောက်လာလေ၏။ အိမ်ဝသို့ ၀င်လျှင်၎င်းသူငယ်၏ အမိ၊ အစ်မ၊ နှမများနှင့်တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သားကလေး ပြန်လာပြီ၊ ဟော-မောင်သောင်းပြန်လာပြီ၊ ဟော-ကိုကိုပြန်လာပြီ၊ အမေလဲ အခုပဲ မင့်ဆီက စာကို ရတယ်၊ ရ ရခြင်း အ၀တ်အစားလဲပြီး အခု ဘူတာဆင်းမလို့ပဲ၊ မင်းစာက နောက်ကျနေတာကိုးကွဲ့” မောင်သောင်းမှာ များစွာစိတ်ဆိုးသော မျက်နှာဖြင့် “ဟောဗျာ၊ ဒဲမစ် (damn it) ခင်ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကို ကပျာကယာ ပေးရတာဗျ၊ ရ ရခြင်း ဆင်းလာပြီးရောပေါ့၊ ကတဲ - လှချင်လိုက်ကြတာ၊ တယ်” ထိုအခါ အစ်မကြီးဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ့ မောင်သောင်းရဲ့၊ မင်းပဲလိုတယ်၊ သံကြိုးရိုက်လိုက်ပါလား၊ ကတဲ ပိုက်ဆံကလေး သုံးမတ်တစ်ကျပ်ကို ဂရုစိုက်လို့”
     “မဟုတ်ဘူး မမရဲ့၊ တနင်္ဂနွေနေ့ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆ ပေးနေရမယ် သိရဲ့လား၊ ပြီးတော့ ပိုက်ဆံလဲ မပိုဘူး၊ ဟိုဒင်းရွေးရ၊ ဒီဒင်းရွေးရနဲ့” နှမငယ်က ၀င်တဲ့၍ “အဟုတ်သားပဲ ကိုကိုမှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံမှာလိုက်ရင် ဟောဟိုဖေဖေက ၀င်ဝင်ပြီး များတယ် ဘာတယ်နဲ့၊ ကိုင်း ခုတော့ ဘယ့်နှယ်နေသေးလဲ၊ ကိုကို ခြေကျင်လျှောက်လာရတော့ ကောင်းသေးရဲ့လား” ဟု ၀မ်းနည်းပက်လက်နှင့် ငိုမဲ့မဲ့ ပြောလေသည်။
     ခေါင်းရင်းခန်းတွင် ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်းသားအမိတစ်စုကို ကြည့်၍ မဲ့လိုက်သည်ကို ကျွန်ုပ်မြင်လိုက်ရသဖြင့် ၎င်းသားအတွက် အိမ်တွင် ရှေးရိုးအဘိုးကြီးကတစ်ဖက်၊ ခေတ်ဆန်သော သားအမိတို့ကတစ်ဖက် ဖြစ်နေကြသည်ကို ကျွန်ုပ်ရိပ်မိလိုက်လေ၏။ ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပုဝါကို ခပ်အုပ်အုပ်ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင်ချ၍ အမှတ်မဲ့ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးက မြင်၍ “ဟဲ့-ကူလီခပေးကြဦးလေ” ဟု ဆိုမှ မောင်သောင်းသည် ပိုက်ဆံနှိုက်ကာ
   “အို ဟုတ်ပါရဲ့၊ ဟောဒီဆရာကြီး ရှိလို့၊ နို့မဟုတ်ရင် အခက်ပဲ” ဆိုပြီး ပိုက်ဆံတစ်မူး ကျွန်ုပ်အား ပေးလေသည်။ ကျွန်ုပ်က “အို-နေပါစေ၊ ကျုပ်လဲ ခရီးကြုံတာနဲ့ ကူဆွဲလာတာပါ၊ နေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီးဆိုသူက “အို-ဒီမှာ ဦးကြီးရဲ့” (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့်ကြည့်လိုက်ရာ) ဟာ- ဟုတ်ပေါင် မောင်ကြီးရဲ့၊ ဟာ-ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံ ယူသွားပါလေ” ဟု ဆိုကာ ပိုက်ဆံလိုက်၍ ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ်ထွက်ခဲ့၏။
ထိုအခါ ညီမငယ်က ရယ်၍ “မမက လောလိုက်တာ၊ ဦးကြီးရဲ့တဲ့၊ လူကြည့်တော့ဖြင့် မမနဲ့ ရွယ်တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့၊ ဟိုက ပြုံးသွားတာ မြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မကြီးက “ဘာလဲ ကော်ငမလေးက တော်တော်ရွှန်း၊ နင် တယ်ထတယ်” ဟု ကြိမ်းမောင်းသံကို သန့်သန့် ကြားလိုက်ရလေ၏။ ကျွန်ုပ်၏သူငယ်ချင်း ဆရာကြီးအိမ်သို့ရောက်၊ ညစာစား၊ နောက်နေ့ ကျောင်းစစ်ရ၏။ ၎င်းညနေတွင် ဆရာကြီးက ကျောင်းဥက္ကဌအိမ်တွင် ထမင်းစားဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေးယောက်ကိုလည်း ဖိတ်ထားကြောင်း ပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အ၀တ်အစားလဲကာ ထွက်ခဲ့ကြ၏။
         ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့်တကွ ခေါင်းပေါင်းပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာ မြင်ရပါလျှင် “ကူလီ” ငှားရန် အားနာဖွယ်ရှိ၏။ လာခဲ့ကြရာ မောင်သောင်းတို့အိမ်လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲ ဖြစ်သွား၏။ စိတ်မလုံသည်နှင့် “အခုသွားမှာ ဘယ်အိမ်ကိုလဲ” ဟု ဆရာကြီးအားမေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့အိမ်ကိုပင် ပြလေသတည်း။ ကျွန်ုပ်က “ဟိုက်-ခွကျကုန်ပြီ” ဟု လွှတ်ခနဲ ဆိုမိ၏။ ဆရာကြီးက လှည့်ကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲ မင်း…”
          “ဟာ-ဘာမှမဖြစ်ပါဘူး၊ သွားသာသွားပါကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ၏။
     အိမ်သို့ရောက်ကြလျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကို ရုတ်တရက် မြင်လိုက်ရ၏။ မောင်သောင်းသည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ် ၀င်သွားလေ၏။ မောင်သောင်း၏ အမိ၊ အဖ၊ အစ်မ စသည်တို့ကား ကျွန်ုပ်ကို မှတ်မိပုံမရချေ။ ကျွန်ုပ် “ကူလီ” ဘ၀နှင့် ရောက်စဉ်က အ၀တ်အစား ညစ်ထပ်ထပ်နှင့် မျက်နှာကို မျက်နှာသုတ်ပ၀ါဖြင့် ခပ်အုပ်အုပ် ပတ်စည်းထားသောကြောင့်လည်းကောင်း၊ အိမ်သားအားလုံးတို့မှာ မောင်သောင်းကိုသာ ၀ိုင်း၍ ဂရုစိုက်ကြသောကြောင့်လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်း ဖြစ်ရ၏။
           ကျွန်ုပ်သည်လည်း ဣနြေ္ဒမပျက် နေ၏။ မောင်သောင်းတို့အိမ်သားများက ပျူပျူငှာငှာ ဧည့်ခံကြလေ၏။ အတန်ကြာလျှင် အဘိုးကြီးက “ဟဲ့-မောင်သောင်းတစ်ယောက်ကော၊ ဒီမှာ ပညာဝန်များ လာကြတယ်၊ စကားစမြည်ပြောရအောင် လာလကွယ်” ဟု အိမ်တွင်းဆီသို့ လှမ်း၍ ခေါ်လိုက်၏။
      ထိုအခါ သမီးအငယ်က “ဖေဖေ၊ ကိုကိုရယ် ဟိုဦးလေးကြီးအိမ်ကိုတဲ့၊ အရေးကြီးလို့တဲ့၊ ခုပဲ ဆင်းသွားတယ်၊ တော်တော်ကြမယ်လို့လဲ ပြောသွားတယ်ဖေဖေ” ထိုအခါ အဘိုးကြီးမှာ ကျေနပ်ပုံမရချေ၊ “တယ်ခက်သကို၊ ဧည့်တွေစောင်တွေရောက်မှ ထွက်သွားရသတဲ့လား (ကျွန်ုပ်ဘက်သို့လှည်၍) မောင်ရေ့၊ သားတစ်ယောက် ကောလိပ်ကျောင်းမှာ ထားရတယ်၊ သူတို့ကောလိပ်ဆိုတာက အင်မတန်..” ထိုအခါ အမယ်ကြီးက အဓိပ္ပာယ်ပါသော မျက်နှာဖြင့် အဘိုးကြီးကို ကြည့်လိုက်ရာ “အဲ အဲ သူတို့ကောလိပ်ဆိုတာက အင်မတန်ကြီးကျယ်ဆိုပဲ မောင်ရဲ့” ဟု အစသတ်လိုက်လေ၏။ ကျွန်ုပ်ကား အဓိပ္ပာယ်ကို နားလည်လိုက်ပါ၏။
      ကျွန်ုပ်တို့လည်း စားသောက် စကားစမြည်ပြောပြီး ပြန်ခဲ့ကြ၏။ ၎င်းနောက် အခြားနှစ်မြို့သုံးမြို့တွင် ကျောင်းစစ်ပြီးနောက် ရန်ကုန်သို့ ပြန်ခဲ့၏။
***
               ၎င်းနောက် ငါးလခြောက်လခန့် ကြာသောအခါ ကျွန်ုပ်သည် မောင်သောင်းကို မေ့၍နေချေပြီ။ တစ်နေ့၌ ထူးထူးခြားခြား စာတစ်စောင် ရောက်လာ၏။ စာအိတ်မှာ စာရင်းစာအုပ်ဟောင်းတစ်ခုမှ ဆုတ်ယူအပ်သော မျဉ်းကြောင်းနှင့် စာရွက်ကို အိမ်တွင် ကတ်ကျေးဖြင့် ကိုက်ညှပ်၍ ထမင်းလုံးကော်ဖြင့် ကပ်ထားသော အိမ်လုပ်စာအိတ်ဖြစ်၏။ အပေါ်က လိပ်စာမှာ ရှေးလက်ရေး ဘုန်းကြီးကျောင်း လက်ရေးရိုးကြီးဖြင့် သေသပ်လှပစွာ ရေးထား၏။ ထူးခြားလှ၏ ဟု ဖောက်၍ကြည့်ရာ အောက်ပါစာကို တွေ့ရလေ၏။
“…မြို့နေ မောင်သောင်း၏ ဖခင်က စာအားဖြင့် အကြောင်းကြားပါသည် မောင်ဖိုးကျား။ ။ စေတနာရိုးရိုးဖြင့် ပို့အပ်သော မေတ္တာကို ခံယူပါ၊ မောင့်အကြောင်းကို မောင်သောင်းက ဖွင့်ပြော၍ သိရပါပြီ၊ ဟို ထမင်းကျွေးတဲ့နေ့က သူ့ဦးလေးအိမ်ကိုသွားတယ်ဆိုတာ ရိုးရိုးမဟုတ်ဘူး၊ ပြေးတာ၊ သူ့ကိုယ်သူရှက်၍ မောင်နဲ့ မျက်နှာ မဆိုင်ဝံ့လို့ ပြေးခြင်းပါ၊ မောင်နဲ့ တွေ့ရကြုံရကတည်းက အလွန်နောင်တရပြီး ယခု အလွန်ပြောင်းလဲသွားပါပြီ၊ မောင့်ကြောင့် ကျုပ်သား အဖိုးတန်လာလေသဖြင့် မောင့်အား မည်မျှ ကျေးဇူးတင်သည်ကို မပြောတတ်သလောက် ရှိရပါသည်။
          မောင်နှင့်မတွေ့မီက ကျုပ်သားဖြင့် ပစ်ရပြီ၊ ဒီသားကလေးတစ်ယောက်ကို ဘယ်လိုပြုပြင် ကယ်ဆယ်ရပါမည်လဲဟု တကြောင့်ကြကြနှင့် နေရပါသည်။ ယခု မောင်မင်းကြီးသား ကယ်ပေလို့ ကျုပ်သား ကျွတ်ပါလေပြီ၊ အဖြစ်ကို ပြောပါရစေဦး၊ ကျုပ်သား ပျက်တာဟာ သူ့အမေ၊ အစ်မ၊ ညီမတွေကြောင့်ပဲ၊ ကြည့်ပါဦးမောင်ရယ်၊ သားက ကောလိပ်ကနေပြီး ငွေမှာရင် ၃၀ ကျပ်မှာရင် အနည်းဆုံး ၄၀ ကျပ် လောက် ပို့ကြတယ်၊ ကျုပ်က ပိုမပို့ဘဲ လျှော့ပို့ဖို့ပြောရင် သူ့အမေက ရှင်က ဘာသိလို့လဲတဲ့၊ ဟိုမှာ လူထဲနေရတာ၊ လူလိုနေရတာတဲ့ မောင်ရယ်၊ အဲဒီလို မအေလုပ်စားတဲ့လူက စ,လိုက်ရင်ပဲ အစ်မတွေ ညီမတွေက တစ်ခါတည်း ၀ိုင်းဆူကြတာပဲ၊ ကျုပ်ဘယ့်နှယ် နိုင်နိုင်မလဲ၊ သူတို့က ၀ိုင်းဆူတော့ ကျုပ်က ဘာလုပ်သလဲ သိလား၊ ကျုပ် ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့၊
            ကျုပ်မှာလဲ အားကိုးနဲ့ကလား မောင်ရဲ့။ တစ်ခါကလဲ ကြည့်ပါ့မောင်ရယ်၊ မောင်သောင်း ကောလိပ်ကပြန်လာလို့ ထမင်းဝိုင်းစားကြတော့ မောင်သောင်းက ဟင်းချို မချိုဘူးတဲ့၊ သူတို့ကောလိပ်မှာ ၁၂ မျိုးဆိုလာ၊ ၁၃ မျိုးဆိုလား၊ အဲဒီဟင်းချိုမှ ချိုသတဲ့၊ ဒီတော့ ကျုပ်က မောင်သောင်းရယ်၊ ဟင်းချိုဆိုတာဟာ ပူရင်ချိုတာပေါ့ကွဲ့လို့ ပြောမိတာနဲ့ သားကလဲ စိတ်ဆိုးပြီး ထ,သွားတယ်၊ သူ့အမေကလဲ ကျုပ်ကို လက်ညှိုးကောက်ကောက်ထိုးလို့၊ ရှင့် ကိုအောင်ဘန်းရဲ့တဲ့၊ ရှင်တို့သာ ဟင်းရွက်ပြုတ်ရေကို ဆားခတ်ပြီး ခပ်ပူပူ လုပ်သောက်ကြ၊ ကျုပ်သားကိုတော့ အတင်းမတိုက်ပါနဲ့ ဆိုပြီး သူ့သားကလေးကို တရုတ်ခေါက်ဆွဲဆိုင် ခေါ်သွားပြီး အဲဟို မျိုးစုံ ဟင်းချိုကို ၀ယ်တိုက်သတဲ့၊ ကျုပ်က ဟင်းချိုဟာ ပူရင်ချိုတာပဲဆိုတာ လွန်သလားမောင်ရယ်၊ ဟုတ်ကော မဟုတ်ဘူးလားမောင်ရယ်၊ ကျုပ်တို့ ခေတ်တုန်းကတော့ ဟုတ်တာပဲ၊ အခု သူတို့ ခေတ်တော့ မပြောတတ်ဘူး”
“မောင့်တော့ ပြောရဦးမယ်၊ တစ်ခါကလဲ သူတို့ ဘောလုံးရိုက်ကစားတဲ့ လက်ရိုက်တစ်ခုတဲ့ ၀ယ်လာတယ်၊ ကျုပ်က မနေတတ်လို့ ဘယ့်လောက်ပေးရသလဲလို့ မေးကြည့်တော့ ကြည့်ပါဦးမောင်ရယ် ၃၅ ကျပ်တဲ့၊ ဘုရား ဘုရား၊ ကစားစရာ လက်ရိုက်တစ်ခုကို ၃၅ ကျပ်တဲ့မောင်ရယ်၊ ကြားဖူးပါစ၊ ဒီတော့ ကျုပ်မလဲ အံ့အားသင့်ပြီး မောင်သောင်းရယ်၊ ငါ့သား ဒီလောက်မိုက်သလားကွယ်၊ ၃၅ ကျပ်ဆိုတဲ့ ငွေဟာ နည်းတာမဟုတ်ပါကလား၊ ဟိုဒင်း နွားမတစ်ကောင်ဖိုးလောက် ရှိနေပါပြီလားလို့ ပြောမိပါတယ်မောင်ရယ်၊ သူ့အစ်မက အခန်းထဲကကြားတော့ ထွက်လာပြီး ဖေဖေကလဲ တွေ့ကရာလိုက်ပြီး ဟန့်နေတာကိုး၊ စာမသင်တဲ့လူဆိုတာ ညောင်းတယ်၊ ကိုယ်ဆန့်လက်ဆန့်လုပ်မှ ကျန်းမာတယ်တဲ့၊ ဒီတော့ ကစားစရာဆိုတာ ၀ယ်ရတာပဲ ဖေဖေရဲ့တဲ့၊
         ဒီတော့ ကျုပ်က အေးလကွယ်၊ ကိုယ်ဆန့်လက်ဆန့်ဖြစ်ဖို့ နင်တို့ ၃၅ ကျပ်တန် လက်ရိုက်ရမှ မဟုတ်ပါဘူးဟဲ့ မယ်ခရဲ့၊ ထုပ်ဆီးတမ်း ဖန်ခုန်တမ်း ကစားပါလားကွဲ့၊ လမ်းလျှောက်ပါလားကွဲ့၊ ပြေးပါလားကွဲ့၊ အပုံပါ သမီးရယ်၊ နင်တို့ ၃၅ ကျပ်တန်ရမှ မဟုတ်ပါဘူးလို့ ကျုပ်က ပြန်ပြောတယ်၊ ပြောနေရင်း သူ့အမေ ပေါက်လာပြီး ကိုအောင်ဘန်း ရှင်ဝင်ရှုပ်ပြန်ပလားတဲ့၊ ရှင်သာ နွားမတစ်ကောင်းကို ၃၅ ကျပ် ပေးဝယ်ပြီး နို့ညှစ်ရောင်းစားပေတော့၊ ကျုပ်သားကတော့ ကောလိပ်ကျောင်းသား အင်္ဂလိပ်စာတတ်မို့ ၀ယ်ချင်တာ ၀ယ်ပစေ၊ ကုန်ကုန် ဘာဖြစ်သေးလဲတဲ့၊ အဲဒီတော့ ကျုပ်က ဘာလုပ်လိုက်သလဲ သိရဲ့လား၊ ကျုပ်က ဘုန်းကြီးကျောင်းကို ထွက်သွားလိုက်တာပေါ့”
          “ပြီးတော့လဲ သူ့သားဆီက စာရောက်မှဖြင့် သူ့အမေမှာ အိမ်တကာ၊ ဈေးဆိုင်တကာ လိုက်ပြီး ပြောနေတာပဲ၊ သူ့သား ဘယ်အတန်းရောက်ပြီး၊ တစ်လတစ်လ ငွေဘယ်လောက် ပို့ရတာကလားနဲ့ စုံပါရောမောင်ရယ်၊ ထမင်းစားတောင် လိုက်ခေါ်ယူရတယ်”
              “ကျောင်းပိတ်လို့ ပြန်လာတဲ့အခါ၊ အိမ်က အလုပ်ကလေးများ ခိုင်းလိုက်လျှင် ဟော-သူ့အမေတွေ အစ်မတွေက ရှေ့က ကာဆီးကာဆီးနှင့် လာပါရော၊ အင်္ဂလိပ်ကျောင်းသား ကောလိပ်ကျောင်းသားများဟာ လက်အလုပ်တွေ၊ အလုပ်ကြမ်းတွေ မလုပ်ရဘူးတဲ့၊ ခိုင်းစရာရှိလျှင် သူတို့ကိုသာ ခိုင်းပါတဲ့၊ ကျုပ်လဲပဲ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ သဒ္ဒါ၊ သင်္ဂြိုဟ်မှစ၍ မြန်မာစာ အတော်အတန် သင်ခဲ့ဖူးပါတယ်၊ အင်္ဂလိပ်ကျောင်းသားများ လက်အလုပ် အလုပ်ကြမ်းမလုပ်ရဘူးဆိုတာ ဘယ်စာထဲမှာမှ မတွေ့ဖူးပါဘူးမောင်ရယ်၊ လူရဲ့ဥာဏ်ရိုးရိုးနဲ့ စဉ်းစားကြည့်လျှင်လည်း မရပါဘူးမောင်ရယ်။ တစ်ခါတုန်းကလဲ မောင့်ကိုပြချင်တယ်၊ မောင်သောင်းကို ဘူတာရုံကို လိုက်ပို့ကြတယ်၊ လမ်းမှာ မိုးရွာထားလို့ ရွှံ့ဗွက်ကလေး နည်းနည်းရှိတာကို အမေနှင့်အစ်မက မောင်သောင်းကို ပွေ့ချီပြီးတော့ ကူးကြသတဲ့၊ ကျုပ်ကြားတော့ ရှက်လိုက်တာမောင်ရယ်၊ ကျုပ်ဘာလုပ်သလဲသိလား၊ ကျုပ်က ဘုန်းကြီးကျောင်း ထွက်သွားလိုက်တာပေါ့။
            အဲဒီလို မောင်သောင်း ပျက်စီးနေတာ မောင်က ကူလီပုံစံနှင့် ဆုံးမခဲ့တဲ့နေ့ကစပြီး အတန်ပြောင်းလွဲပါပြီ၊ အရင်က တစ်လ ၁၀၀ ကျပ် ပို့ရတယ်၊ အခု ၅၀ ကျပ်သာ ပို့ရတယ်၊ တစ်ခါတစ်ခါ သူ့အမေများ အစ်မများက ပိုမိုပို့လျှင်လဲ ငွေကို မသုံးဘဲ အိမ်ကို ပြန်ယူခဲ့တယ်၊ ယူခဲ့တဲ့အပြင် သူ့အမေနှင့် အစ်မတို့ကို အပြစ်လဲတင်၊ တရားလဲဟော၊ လားလား၊ သူတို့ ကောလိပ်ကျောင်းသားက ပြောတော့ တုတ်တုတ်မလှုပ်ဘူး၊ ငြိမ်နေကြတာပေါ့၊ ကျုပ်က တစ်ထောင့်က ပြုံးပြုံးပြီး နားထောင်နေလိုက်တာပေါ့၊ အင်း သူတို့တော့ ငါ့ဝဋ်လည်တာပဲလို့ ကျိတ်ပြီး ၀မ်းသာလိုက်တာပေါ့ မောင်ရဲ့။
           အိမ်မှာ လုပ်စရာကိုင်စရာရှိလျှင်လဲ အခိုင်းကို စောင့်မနေဘူး၊ သူ့ဟာသူ ကောက်လုပ်တာပဲ၊ တံမြက်စည်းလှည်း ရေခပ်ကစပြီး အကုန်လုပ်တာပဲ၊ ရထားတို့ သင်္ဘောတို့မှာလဲ တတိယတန်းက ပိုမစီးဘူး၊ ဖိနပ်များလဲ ငါးကျပ်တန် ခြောက်ကျပ်တန်က ပိုမစီးဘူး၊ အများအာဖြင့်တော့ ခုံဖိနပ်တို့ ပိန်းတန်းတို့ကို စီးတာများပါတယ်။ ကျုပ်သည် ကျောင်းကန်ဇရပ်ဆောက်လုပ်ခြင်း၊ သီလ အမြဲစောင့်ရှောက်ခြင်း စသည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာများစွာ ပြုကျင့်ပါသည်၊ ပြုအပ်သော ကုသိုလ်ကောင်းမှု အလုံးစုံ၏ အဖို့ကို ခံယူပါ၊ ညအခါ မေတ္တာပို့လျှင် တရားကျမ်းဂန်အရ အဟံ အဝေရော ဟောမိဟု မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပို့ပြီးနောက် မောင်၏နာမည်ကို တပ်၍ မေတ္တာပို့ပါသည်၊ ပြီးမှ သားမယား၊ အိမ်သူအိမ်သား စသည်ဖြင့် အများအတွက် မေတ္တာပို့ပါသည်၊ ကျွန်ုပ်၏ လေးနက်သော မေတ္တာ ရိုးရိုးကြီးကို ခံယူပါလေ၊ မောင်၏ကျေးဇူး ကြီးလှပါ၏”
         “သြော် ကောင်းစွ၊ ကောင်းစွ၊ ချမ်းသာစွ၊ ချမ်းသာစွ၊ ငါသည် အမှတ်မထင် ပြုအပ်သော အမှုတစ်ခုသည် အလွန်တာသွားလေစွတကား” ဟု နှစ်ခြိုက်စွာ မြည်ကျူးမိ၏။
              *************************************************************************************************
            ဤသို့ ကောင်းမှုတစ်ခု၏ အရသာကို ခံစားနေ၍ လေးငါးရက်မြောက်သော တစ်နေ့နံနက်၌ ကျွန်ုပ်သည် အိမ်ပြတင်းပေါက်မှ ရပ်ကြည့်နေစဉ် ခပ်လှမ်းလှမ်းမှ သူငယ်တစ်ယောက်သည် ငှက်ပျောခိုင်တစ်ခိုင်ကို ထမ်းကာ ကျွန်ုပ်ထံသို့ လာသည်ကို မြင်ရ၏။ အနီးသို့ရောက်သော် အခြားသူမဟုတ် မောင်သောင်းပင်ဖြစ်နေလေ၏။ ကျွန်ုပ်ကပင် ဆီး၍- “အလို မောင်သောင်းပါကလား၊ ဘယ့်နှယ်မောင်ရယ်၊ ငှက်ပျောခိုင်ကြီးကို တပင်တပန်းကြီး ထမ်းလာရသလဲ၊ လန်ချားနဲ့ဖြစ်ဖြစ်၊ ကူလီနဲ့ဖြစ်ဖြစ် လာရောပေါ့”
         “ကိစ္စမရှိပါဘူးဦးရယ်၊ ကျွန်တော် အခု ကူလီကို တယ်မသုံးတော့ပါဘူး” ဟု ပြုံး၍ ပြော၏။
         ကျွန်ုပ်သည်လည်း ယခင်ကအကြောင်းကို သတိရသည်နှင့် “အေး-ဒါလဲ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ကာလဌာန ကြည့်လုပ်ရပါတယ်၊ ကိုယ်တိုင်ပြုအပ်တဲ့အခါလဲ ရှိတယ်၊ ကူလီလိုတဲ့အခါလဲ ရှိတယ်၊ နေရာတကာတိုင်းကို မဆိုလိုပါဘူး၊ ခုနေရာမျိုးတော့ ကူလီငှားကောင်းပါတယ်ကွဲ့”
“ဦးကို ကျွန်တော် တောင်းပန်ရအောင် လာပါတယ်”
          “မင်း တောင်းပန်စရာ မလိုဘူး၊ ငါ့မှာ ကူလီခရပြီ၊ ရသင့်သည်ထက်တောင် အများကြီးပိုရတယ်၊ ရော့ ဟောဒီမှာကြည့်စမ်း” ဆို၍ သူ့ဖခင်ထံမှ စာကို ထုတ်ပြလိုက်၏။
           စာကိုဆုံးအောင်ဖတ်ပြီးနောက် အတန်ကြာတွေ၍နေ၏။ အမှန်မုချ ထူးခြားမွန်မြတ်လှသော အရသာကို ခံစားနေသည်ကို ကျွန်ုပ်သိ၏။ ထိုသူငယ်၏ နှလုံး၌ မွန်မြတ်သော စိတ်ဓာတ်တို့ တဖွားဖွားဖြစ်နေသည်ကို ကျွန်ုပ်သိ၏။
              ထိုသည့်နောက် အလာပ သလ္လာပ စကားပြောကြ၍ “ကိုင်း မောင်၊ မောင်လဲ ကျောင်းတက်ရဦးမယ် ပြန်ပေတော့၊ အချိန်လဲ နည်းနည်းသာရှိတယ်၊ ခရီးကလဲ အတန်ဝေးတယ်၊ အဲဒီတော့ ဒီလိုနေရာ ဒီလိုအခါမျိုးမှာ မြင်းရထားကလေးတောင် မကဘူး၊ မော်တော်ကားနဲ့ပဲ သွားရလိမ့်မယ်” ဟု ကျွန်ုပ်က ဆို၍ ထိုသူငယ်က ငြင်းဆန်နေစဉ် တွန်းတွန်းပို့ပို့နှင့် ကားတွင်းသို့ထည့်ကာ မော်တော်ကားဖြင့် သွားစေလိုက်ပါသတည်း။
*****************************************************************************************************************
 
အမျီုးသားပညာဝန်ဦးဖိုးကျား
(ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ စာအုပ်မှ)