ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 29, 2013

မြန်မာယောကျာ်းတွေ ချစ်တတ်ပုံက

သုံးရက်......


နိုင်ငံတကာ အမျိုးသမီး ညီလာခံတစ်ခု ကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး အများအပြား တက်ရောက်ကြသည်။

အမေရိကန် အမျိုးသမီးတစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြသည်။

"ကျွန်မ ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကို ပြောလိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး၊ အိမ်မရှင်းနိုင်ဘူးလို့။

အဲ့ဒီနောက် သူ့ကို တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သူပုံးတစ်ပုံးနဲ့ ပြန်ရောက်လာတယ်။

ပုံးထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က သန့်ရှင်းရေး လုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်"
...........

အင်္ဂလိပ် အမျိုးသမီး အလှည့်ရောက်လာသည်။

"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။ ကျွန်မ ထမင်း မချက်နိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူးလို့။

တစ်ရက် နှစ်ရက် မမြင်ရဘူး။ သုံးရက်မြောက်နေ့မှ သေတ္တာတစ်လုံးနဲ့ ပြန်ရောက်လာတယ်။

သေတ္တာထဲမှာ စက်ရုပ်တစ်ရုပ်၊ အဲ့ဒီ စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်။

မြန်မာအမျိုးသမီး အလှည့်သို့ ရောက်လာရာ ...

"ကျွန်မလည်း ယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာ ပြောလိုက်တယ်။

ကျွန်မ တံမြက်စည်း မလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်ပေးနိုင်ဘူး၊ ပန်းကန်လည်း မဆေးနိုင်ဘူး။

တစ်ရက် မမြင်ရဘူး။ နှစ်ရက်မမြင်ရဘူး။ အဲ့..ဒါပေမဲ့

သုံးရက်မြောက်နေ့မှာ ဘယ်ဖက် မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်"...တဲ့

(..အမလေး..တော်တော်ချစ်ပုံရတယ်.နော်...အိမ်ထောင်ဘက်က.....)

ရယ်မောခြင်းဖြင့်ဘ၀အမောပြေနိုင်ပါစေ ......

တောင်းပန်ချက်


တစ်ခါက လူတစ်ယောက်မှာ အင်မတန်ကောင်းတဲ့ မြင်းရှိတယ်။
သူဟာ ဒီမြင်းကို အင်မတန်မြတ်နိုးတဲ့အတွက် ဘယ်သူ့ကိုမှ မ
ရောင်းဘူး။ ဒီမြင်းကို လိုချင်တဲ့ ဓားမြတွေက လုယက်ပေမယ့်
လည်း သူ့မြင်းက အင်မတန်ကောင်းနေတော့ လူဆိုးတွေက မ
ယှဉ်နိုင်ဘူးပေါ့။ တစ်နေ့မှာ လူဆိုးတစ်ယောက်ဟာ အကြံရတာ
နဲ့ ဒီလူလာတဲ့ တောလမ်းနှာ အစာရေစာ ပြတ်ဟန်ဆောင်ပြီး
လှဲနေလိုက်တယ်။ မြင်းပိုင်ရှင်လာတော့ -

“ ရေပေးပါ၊ ရေပေးပါ ” လို့တောင်းတယ်။

မြင်းပိုင်ရှင်လည်း မြင်းပေါ်က ကမန်းကတန်း ဆင်းသွားပြီး ရေ
ပေးတာပေါ့။ ဒီမှာတင် လူဆိုးက မြင်းပေါ်ခုန်တက်ပြီး မောင်း
ထွက်သွားသတဲ့။ ဒီတော့ မြင်းပိုင်ရှင်က -

“ နေဦး၊ နေဦး ” လို့ မြင်းနောက်က လိုက်အော်တယ်။

လူဆိုးဟာ မြင်းကို ခေတ္တရပ်ပြီး -

“ ခင်ဗျား ဒီမြင်းကို ပြန်မရနိုင်တော့ဘူး ” လို့ အောင်ပြောလိုက်တယ်။

ဒီတော့ မြင်းပိုင်ရှင်က -

“ ကျုပ်သိပါတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားကို မေတ္တာရပ်ခံချင်လို့ပါ ”

မြင်းသူခိုးဟာ ခပ်လှမ်းလှမ်းမှာနေပြီး “ ဆို ” လို့သာ အော်ပြောလိုက်
တယ်။

မြင်းပိုင်ရှင်က -

“ ခင်ဗျား ကျုပ်ဆီက မြင်းဘယ်လို ရလာလဲဆိုတာ လူတွေကို
ပြန်မပြောပါနဲ့ဗျာ ”

“ ဘာဖြစ်လို့လဲ”

“ နောက်နောင် အစာရေစာ တကယ်ငတ်ပြတ်ဒုက္ခရောက်နေသူတွေကို
လူတွေက မကယ်ပဲ နေမှာစိုးလို့ပါ ”

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးက အသိပညာပေးချင်တာက -
ပုံပြင်ထဲက မြင်းပိုင်ရှင်ဟာ သူရဲ့အမြတ်နိုးဆုံးမြင်းကို အခိုးခံခဲ့ရမှု
ဆုံးရှုံးမှု လှည့်ဖျားခံရမှုတွေအတွက် စိတ်ပျက် ၀မ်းနည်းရမယ့်အစား
သူအဖြစ်အပျက်ကို လူတွေသိရင် တကယ်ငတ်ပြတ်ဒုက္ခရောက်သူတွေ
ကို နောင်တစ်ချိန်မှာ လူတွေက မကယ်မှာကို စိုးရိမ်သွားတဲ့ အများအပေါ်
ထားတတ်တဲ့ ကောင်းမြတ်တဲ့ စိတ်ထားလေးကို အသိပညာပေးချင်တာပါပဲ။

တကယ်တော့ ...
လူတွေဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဖြစ်သလို ကိုယ်ဘက်ကိုပဲကြည့်
တက်ကြပါတယ်။ တစ်ခြားတစ်ဖက် ( other sight ) ကနေ ခံစား
ကြည့်တတ်တဲ့သူ စာနာနားလည်ပေးနိုင်တဲ့သူ အလွန်းနည်းပါးလှပါတယ်။

တစ်ခြားတစ်ဖက် ( other sight ) ကနေ ...
ကြည့်နိုင်/ မြင်နိုင်/တွေးနိုင်တဲ့သူများဖြစ်ကြပါစေ။



မြ၀ဏိုးစံ(စာပေဥယျာဉ်)

သက်သေ(ဟာသ)

သက်သေပြချင်လို့


စုတ်ပြတ် နုံချာနေသော အ၀တ်အစားဝတ် လူတစ်ဦးသည်

လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။

သားနားခန့်ညားစွာ ၀တ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။

“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ"

“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊

ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”

“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”

“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”

“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”

“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”

“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ...”

လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……

“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ

ဘယ်လိုဖြစ်တတ်တယ်ဆိုတာ.ငါ့မိန်းမ.....ကိုသိအောင်သက်သေပြချင်လို့``......တဲ့.....

ရီမောပျော်ရွှင်ပါစေ

ဗမာပညာရှိ

တရုပ်လေးစားသော မြန်မာပညာရှိ "


ဟိုးရှေးရှေး အခါက တရုပ်ပညာရှိတွေဟာ မြန်မာနိုင်ငံကိုလာပြီးမြန်မာပညာရှိတွေနဲ့ လာပီး ပညာပြိုင်လေ့ရှိကြတယ် ။

ဒီလိုနဲ့ တစ်ချိန်မှာ တရုတ်တွေ ဟာ မြန်မာနိုင်ငံလာပြီး မြန်မာပညာရှိတွေနဲ့ ပညာပြိုင်ဖို့ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ထံမှာအရေးဆိုလာတယ်။

အဲဒီခေတ်ကဦးပေါ်ဦးလည်းမပေါ်သေးတဲ့အချိန်ပေါ့.....

ပြိုင်ရမည့်ပုံစံက တရုပ်ပညာရှိနဲ့ မြန်မာပညာရှိတို့ ပေ ( ၂၀ ) အကွာမှာနေပြီး

တရုပ်ပညာရှိက အမူအရာနဲ့မေးခွန်း( ၃ )ခုမေးမယ်။

မြန်မာပညာရှိက ( ၃ ) ခုလုံးမှန်အောင်ဖြေနိုင်ရမယ် ။

ဖြေနိုင်ရင် ဆုတွေချီးမြင့်ပြီးဂုဏ်ပြုမယ်။

မဖြေနိုင်ရင် တရုပ်ပညာရှိတွေ မြန်မာတွေထက်များစွာတော်ကြောင်းအတိုင်းတိုင်းအပြည်ပြည်ကိုပြောမယ်လို့ အတိအလင်းပြောဆိုတယ်။

ကဲဘယ်လိုလုပ်ကြမလဲ ဘုရင်ကြီးလဲ စိတ်ညစ်နေရပြီ ။ဘယ်သူကပြိုင်ဖို့လွယ်မလဲ ။

လက်ဟန်ခြေဟန်နဲ့မေးတာကို မြန်မာပညာရှိတွေလည်းမပြိုင်ရဲဘူးလေ ရှုံးရင်သေဒဏ်ချနိုင်တော့လန့်တာပေါ့ ။

တော်သေးတယ်တရုပ်ပညာရှိတွေက( ၇ ) ရက်အချိန်ပေးလို့ ............

ဘုရင်ကြီးလည်းနန်းတွင်းထဲမှာရှာပြီးမရတဲ့အဆုံးမှာ ထုံးစံအတိုင်းပြည်သူပြည်သားတွေဆီကို မောင်းထုပြီးဆော်သြော်တော့တာပေါ့ ။

နိုင်ခဲ့ရင်မြီု့စားမင်းပေးမယ်ပေါ့ ရှုံးခဲ့ရင်ကိုထည့်မပြောတော့ဘယ်သူမှမပြိုင်ရဲကြဘူး။

ရှုံးရင် သေဒဏ်ဆိုတာသိနေကြတယ်လေ။

ဒီလိုနဲ့( ၆ ) ရက်ရောက်လာတဲ့အထိပြိုင်မဲ့လူမရသေးတော့မှုးမတ်တွေခေါင်းချင်းရိုက်နေကြပြီလေ။

ဘုရင်ကြီးကလူမရရင် မင်းတို့ထဲကတစ်ယောက်ပြိုင်ရမယ်လို့ အမိန့်ထုတ်ထားတော့ တိုင်ပတ်နေကြပြီ ။

မှုးမတ်တို့လည်းဟိုအော်ဒီအော်နဲ့လျှောက်လာလိုက်တာ ကွေ့တစ်ကွေ့နားမှာအရက်မူးပြီးလဲနေတဲ့လူကြီးတစ်ယောက်နားရောက်လာတယ်။

် လူကြီးက ပိတ်ထားတဲ့မျက်လုံး ကိုဖွင့်ကြည့်ပြီး " ဟေ့လူတွေအသံပြဲကြီးနဲ့မအော်နေနဲ့တော့နားညီးတယ် ကျုပ်ပြိုင်မယ် "

လို့အော်ပြောလိုက်တော့မှုးမတ်တွေစိတ်တိုသွားပြီး.........

တထောင်နဲ့ထောင်းမလို့ လုပ်တုန်း အခြားမှုးမတ်တစ်ယောက်က

" ဟေ့ဟေ့မလုပ်နဲ့ ပြိုင်မဲ့လူကသူဘဲရှိတာ ခေါ်လာခဲ့ ခေါ်ခဲ့ "...လို့ပြောပြီး တွဲပြီးခေါ်လာခဲ့ကြတယ်။

ဘုရင်ကြီးလဲမတက်နိုင်ဘူးလက်ခံရတာဘဲ ရှုံးလဲပြိုင်မဲ့သူရှိတော့ တော်သေးတာပေါ့တဲ့ ။

ပြိုင်မဲ့နေ့မနက်မှာရေချိုးအ၀တ်လဲ အမွေးနံသာနဲ့မျက်နာကတော့နီရဲနေတာဘဲ။ပညာရှိပီသပါပေတယ်။

ဒီလိုနဲ့ပြိုင်မဲ့အချိန်ရောက်ရော တရုပ်ပညာရှိက စမေးတော့တာဘဲ။

( ၁ ) တရုပ်ပညာရှိက လက်ငါးချောင်းထောင်ပြတယ်

မြန်မာပညာရှိက လက်ဆယ်ချောင်းထောင်ပြတယ်

တရုပ်ပညာရှိပြုံးသွားတယ် ဘုရင်ကြီးကလန့်သွားတယ်

( ၂ ) တရုပ်ပညာရှိက ရင်ဘတ်ပုတ်ပြတယ်

မြန်မာပညာရှိကရင်ဘတ်နဲ့ကျော ကိုပုတ်ပြပြီးခေါင်းခါတယ်

တရုပ်ပညာရှိ ခေါင်းတစ်စပ်စပ်ညိတ်ပြီးရယ်တယ် ဘုရင်ကြီးချွေးပြန်နေပြီ

( ၃ ) တရုပ်ပညာရှိက ဘဲဥထောင်ပြတယ်

မြန်မာပညာရှိက ကြက်သွန်နီထောင်ပြတယ်

တရုပ်ပညာရှိ လက်ခုတ်တီးပြီး ကျုပ်တို့ ရှုံးပါပြီလို့ ၀န်ခံလိုက်တော့မြန်မာတွေဘက်က ဟင်ကနဲ ဟာကနဲဖြစ်သွားကြတယ်။

ဘယ်လိုမှထင်မထားကြဘူးလေ။

တရုပ်ပညာရှိကဆုတွေချီးမြင့်ပြီးမြန်မာပညာရှိတွေတော်လိုက်ပုံကိုချီးမွန်းတယ်။

ဘုရင်ကြီးလဲ မအောင့်နိုင်တော့လို့တရုပ်ပညာရှိကိုအမေးနဲ့ အဖြေကိုမေးတယ်။

တရုပ်ပညာရှိက ကျုပ်မေးတာက

(၁) သင်တို့ဘုရင်ငါးပါးသီလမြဲရဲ့လား။

သူက လက်ဆယ်ချောင်းထောင်ပြီး မင်းကြင့်တရားဆယ်ပါးနဲ့ညီတယ်လို့ဖြေတယ်။

(၂) သင်တို့ဘုရင် ပြည်သူတွေအပေါ် ရင်ဝယ်သားပမာထားရဲ့လားလို့မေးတယ်။

သူက ကျောနဲ့ရင်ပုတ်ပြီးခေါင်းခါတယ် သဘောက ကျောသားရင်သားမခွဲဘူးပေါ့

ကျုပ်လေ သူကတော်နေတော့ နောက်ဆုံးတစ်ခုအခက်ဆုံးမေးလိုက်တယ်။

( ၃ ) ဒီကမ္ဘာကြီးကဘဲဥလိုလားလို့မေးတော့ ။

သူက ကြက်သွန်နီထောင်ပြတာ အရမ်းသဘောကြတာဘဲ သူကကြက်သွန်နီလို အလွှာလိုက်ရှိတယ်ဆိုတဲ့သဘောပေါ့။

ကျုပ်တို့ပြိုင်လာတာကြာပြီ ဒီကြမှရှုံးတော့တယ် ကဲ ကျုပ်တို့ပြန်အုံးမယ်ဆိုပြီးပြန်သွားကြပါတယ်။

ဘုရင်ကြီးလဲအရက်သမားကြီးကိုခေါ်ပြီး

" ကဲ မောင်မင်း ခုမြို့စားကြီးလဲဖြစ်ပီ ။မင်းရဲ အဖြေအရမ်းတော်တယ်...အဖြေကို ဘယ်လိုတွေးလဲပေါ့ဘယ်လိုဖြေလဲ "လို့ မေးတော်မှုတယ် ။

အရက်အကြောင်းဘဲသိတဲ့အရက်သမားကြီးက.......

" ( ၁ )သူကကျုပ်ကိုအရက်ငါးပုလင်းသောက်နိုင်လားလို့မေးတော့...

ကျုပ်က ဆယ်ပုလင်းသောက်နိုင်တယ်လို့ ......

( ၂ )သူကဆယ်ပုလင်းသောက်ရင်ရင်ပတ်ပူလားမေးတော့

ကျုပ်ကကျောရောရင်ပါမပူဘူးလို့ခေါင်းခါပြလိုက်တယ် ....

( ၃ )သူကအရက်သောက်ရင်ဘဲဥနဲ့မြည်းလားမေးတော့ ........

ကျုပ်က ကြက်သွန်နီနဲ့မြည်းတယ်လို့ဖြေလိုက်တာပါ ဘုရား .....

ထင်တဲ့ အတိုင်းပြောရရင် သူတို့ လဲ တရုတ်အရက်သမားတွေဖြစ်မယ် " လို့ မူးဝေစွာနဲ့ပြောလိုက်ရာ..

နန်းတော်ကြီးတစ်ခုလုံးငိုအားထက် ရယ်အားသန်ကြလေတော့သတည်း။

တိန် ( cr to fv )

ရီမောပျော်ရွှင်ပါစေ...



ကိုလုံ

ဗမာကွ--(ဟာသ)

ဗမာကွးးး
 
 
"ကမ္ဘာ ပေါ်မှာအကြွားဆုံး ဆိုတဲ့လူမျိုး"

အမေရိကန်လူမျိုးရယ် အင်္ဂလိပ်လူမျိုးရယ် ဗမာ လူမျိုးရယ်

သုံးယောက်ကတွေ့ ကြပါလေရောဗျာ။

ဘယ်သူက ဘယ်သူ့ ထက်ပိုကြွားသလဲဆိုတာ ပြိုင်ကြတာ။



အမေရိကန်လူမျိုးက စကြွားတယ်

ဟေ့ဒို့ အမေရိကန်တွေကွ ခြေထောက်တဖက်မပါပဲနဲ့

ဧ၀ရတ်တောင်ပေါ်တက်တာ နှစ်ခါရှိသွားပြီးကွတဲ့…

အမေရိကန်တွေကြွားတာ…



အင်္ဂလိပ်ကလည်း ဘယ်နေမလဲ Englishman ပဲ…

ဟေ့ မင်းတို့ အမေရိကန်တွေလောက်တော့အချဉ်ပါကွား…

ဒီမှာ ငါတို့အင်္ဂလိပ်တွေက လက်နှစ်စလုံးမရှိဘူးကွ

အတ္တလန်တိတ် သမုဒ္ဒရာ ကို ဟိုဖက်ထိပ် ဒီဖက်ထိပ် နှစ်ခေါက်ဖြတ်ကူးပြီးသွားပြီး

ဒါ အင်္ဂလိပ်ကွတဲ့။



အဲ့ဒီချိန်မှာ ဗမာက ဘယ်ငြိမ်နေမလဲဗျာ… ခင်ဗျာတို့ အမေရိကန်တွေ အင်္ဂလိပ်တွေ

လောက်တော့ သနားတယ်… အချဉ်ပဲ…

ဟေ့ဗမာကွ ခေါင်းမရှိဘဲ  တိုင်းပြည်အုပ်ချုပ်လာတာ ဆယ့်ရှစ်နှစ်ရှိသွားပြီ--- 

ဦှးဇာဂနာ.....

ကြုံရဆုံရ သူရဲမ

Wednesday, June 26, 2013

ဆဲမှဖြစ်မယ့် စာ

ဆဲမှ ဖြစ်တဲ့ ကိစ္စလေးတခု ဖတ်ဘူးတယ်

မြစ်ဝကျွန်းပေါ်မှာ ရောင်စုံသူပုန်တွေ ၀ိုင်းနေတော့၊ ဖျာပုံလား မြို့ ကိုစီးတော့မယ်၊ ငွေတိုက်ကိုလဲ ဖေါက်တော့မယ်၊ မြို့ ကိုလဲ လုတော့မယ်

အဲဒီမှာ ဗိုလ်စိန်မှန်က (နောက်တော့ ဗိုလ်မှုးစိန်မှန် ကျဆုံး) ငွေတိုက်ကို အရင်ဖေါက်ပလိုက်တယ်၊

ပြီး အရပ်သားတွေကို ငွေ၃၀၀ ရိုင်ဖယ်တလက်၊ ကျဉ်ဆံပေးပြီးတော့ အရေးပေါ်ကာကွယ်ရေးတပ်ဖွဲ့ ပြီး သူပုန်တွေကိုခံချတယ်

တိုက်ပွဲကျတဲ့လူတွေကို ချက်ခြင်း မိသားစုတွေကို ထောက်ပံ့ကြေး ထုတ်ပေးတော့ ရွတ်ရွတ်ချွံချွံ တိုက်ကြတာပေါ့။

ဒါနဲ့ ပဲ မြို့ ကမကျတော့ဘူး သူပုန်ဘေးကနေ (သူပုန်စီးပြီး ပြသနာမျိုးစုံတက်မဲ့ဘေးကရော) လွတ်သွားတယ်၊

မကြာမှီမှာပဲ ဗိုလ်စိန်မှန်ဆီကို ပြည်ထဲရေးဌာနက စာတစောင်ပို့ လာတယ်

လူကြီးမင်း ----ငွေတိုက်မှ ထုတ်ယူသွားသော အစိုးရပိုင်ငွေ သိန်း---ဆယ်အတွက် မည်သို့ မည်ပုံ သုံးစွဲခဲ့သည်ကို ရှင်းတမ်းပေးပို့ ပါ၇န်တဲ့။

ဗိုလ်စိန်မှန်ပြန်ပို့ တဲ့ ရှင်းတမ်းက တပ်မတော်မှာ နာမည်ကြီးကျန်ခဲ့တယ်

စာရွက်ပိုင်းလေးမှာရေးပေးပြီး လက်မှတ်ထိုးပေးလိုက်တာ

ရီးရီးရီး
အဲဒါတွေ အသုံးပြုသည် ရီး

ပုံ
စိန်မှန် တဲ့

ဗိုလ်ချုပ်အမှတ်တရ

ခဏခဏအသတ်ခံရတယ်၊ ဘယ်တော့မှ မသေဘူး။


ဟောဒီမြို့ကလေးမှာ ...

တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။


မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ ဆောင်းပါးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုစိန်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။

ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။

ဟိန်း (17.7.2012)


အေးချမ်းမွန် Credit To >Helen Ayekyaw < Thank

Tuesday, June 25, 2013

ကံဆိုးသူ(ဟာသ)

ကံဆိုးသူ


မောင်အောင်မောင်း တစ်ယောက် အရက်ဆိုင် မှ အရက်တစ်ခွက်ကို ရှေ့တွင် ချထားပီး ငူငူကြီးထိုင်နေ၏။

ခဏကြာသောအခါ မြို့ခံလူမိုက် မဲလုံးကြီး ဆိုင်အတွင်းဝင်လာ၏။ပီးနောက် မောင်အောင်မောင်းရှေ့က အရက်ခွက်ကို လုယူပီး သောက်ချလိုက်သည်။

မောင်အောင်မောင်း က မဲလုံးကြီးကို တွေတွေကြည့်ပီး မျက်ရည်များ တသွင်သွင် ကျလာလေ၏။

လူမိုက်မဲလုံးကြီး။ ။ဟေ့ကောင် ဘာလို့ငိုနေတာလဲ။ မင်းက အရက်လုသောက်တာ ကို မကျေနပ်ဖူးလား။

လာ လေ...မကျေနပ်ရင် မင်းနဲ့ ငါ တယောက်ချင်းချမယ်။သေသွားမယ်...တောက်။

မောင်အောင်မောင်း။ ။မချချင်ပါဖူးကွာ။ငါ့ဘ၀ကို ငါ စိတ်ပျက်လို့ပါ။

လူမိုက်မဲလုံးကြီး။ ။ဘာစိတ်ပျက်နေတာလဲ။ပြောစမ်း ဟေ့ကောင်။ဒုန်း( ခုံထုသံ)

မောင်အောင်မောင်း။ ။ငါ့ကို ဒီနေ့ သဌေးက အလုပ်ထုတ်လိုက်လို့ကွ။

အလုပ်ပြုတ်လို့ အိမ်ပြန်မယ်လုပ်တော့ ကားပါကင်မှာ ရပ်ထားတဲ့ ငါ့ကားက ပျောက်နေတယ်။

ပိုက်ဆံအိတ်က ကားထဲပါသွားလို့ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။

အိမ်ရောက်တော့ ငါ့ကို အဖေ က လက်သီးနဲ့ထိုးတယ်။

ထွက်ပြေးတော့ အိမ်က ခွေးက လန့်ပီး ငါ့ကိုလိုက်ကိုက်တယ်။

ခွေးရန်က လွတ်တော့ အရှိန်မထိမ်းနိုင်ပဲ လမ်းဘေးက ဓါတ်တိုင်နဲ့ ၀င်ဆောင့်တယ်။ဒီလောက်တောင်ဖြစ်လှတာဆိုပီး...

ဝင်ဆောင့်တဲ့ ဓါတ်တိုင် နောက်က ဒီအရက်ဆိုင်ထဲဝင်လာတယ်။ သေချင်လို့ အရက်ထဲ အဆိပ်ထဲ့ပီးသောက်မလို့ ဟာ

မသေခင်လေး သရဏဂုံတင်နေတုန်း ခု မင်းက အဆိပ်ခတ်ထားတဲ့ ငါ့အရက်ကို လုသောက်တယ်...လေ..။

ငါဟာ တကယ့်ကို တော်တော်ကံဆိုးတာပဲ။သေချင်တာတောင်မသေရဖူး..ကွာ....။

လူမိုက်မဲလုံး။ ။ဂစ်.......ဂစ်......

တိန်

ရီမောပျော်ရွှင်ပါစေ.....

Lon Ely.......

အဖေတစ်ယောက်ရဲ့ခံစားချက်

သံစဉ်များနှင့်ကမ္ဘာ (ဦးဘုန်း-ဓာတု)


ကျုပ်တို့ဖခင်တွေကသားသမီးတွေကိုဘယ်တော့မှပြောမထွက်တဲ့စကားတွေ

ရှိတယ်......ကျုပ်ပြောပြမယ်......"

ကိုစံရိုးပြောတဲ့စကားတွေကသားသမီးတွေအတွက်မှတ်သားထိုက်သည်.....။သူ့ရင်ဘတ်ကြီးနှင့်ရင်းရ်ျပြောသည့်စကားများ

ဖြစ်သည်.......။သူသည်(၈)တန်းမျှသာကျောင်းနေဖူးသူဖြစ်သည်.....။သို့သော်ဖခင်တစ်ယောက်၏ခံစားချက်နှင့်မေတ္တာတရား

သည်အားလုံးမတူတူပင်ဖြစ်မည်ဟုကျွန်တော်ထင်လေသည်......။သူ့စကားများကိုကျွန်တော်ရင့်နှင့်အမျှခံစားခဲ့ရသည်.........။

သူပြောတာတွေကိုကျွန်တော်ကတစ်ဆင့်ဖောက်သည်ချပြသူသာဖြစ်သည်.......။

"သားသမီးတွေအိမ်ပြန်လာတိုင်းကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်.......သူ့

အမေကိုမမြင်တော့..အမေရောလို့မေးကြတယ်...။သူ့အမေငုတ်တုတ်ထိုင်နေ

တဲ့အခါကြတော့ ..အဖေရောလို့မမေးကြဘူး.....ကျုပ်ခံစားရတယ်ဗျာ........။"

"မတွေးမိကြလို့ပါ....သားသမီးတွေကကျောင်းလိုက်ပို့ပေးတဲ့သူတို့အမေ

ကိုတော့ချစ်လိုက်ကြတာ....။ကျုပ်ကကျောင်းလိုက်ပို့မပေးနိုင်တော့....

ကျုပ်ကသူတို့ကိုမချစ်ဘူးလို့ထင်ကြရော....။ကျုပ်ကလည်းအလုပ်ကို

အစောကြီးသွားရတယ်လေ....။ဘယ်လိုလုပ်ပြီးပို့ချိန်ရမှာလည်း..........။

ဒီတော့ကျုပ်ပြောချင်တယ်....။ဒီမယ်....သားတို့သမီးတို့...မင်းတို့ကျောင်း

သွားဖို့စီးနေတဲ့စက်ဘီးကဒီကောင်ကြီးဝယ်ပေးထားတာပါ....။ခက်တယ်

ဗျာ....မကြည့်တတ်မမြင်တတ်တဲ့သူတွေကိုကြည့်တတ်မြင်တတ်အောင်

ပြောရတာကိုယ်ရည်သွေးသလိုဖြစ်ဖြစ်နေတယ်.....။သူတို့ကိုမပြောချင်

ဘူးဗျာ............."

"ဒီမယ်.....သေသေချာချာစဉ်းစားကြည့်ကြစမ်းပါ...။သားသမီးတွေရဲ့ပါးစပ်ထဲ

ကိုထမင်းခွံ့ကျွေးတဲ့အမေ....ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ.....

မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့အမေ.....သူတို့အမေကိုတော့သူ

တို့ချစ်လိုက်ကြတာ......ချစ်ကြမှာပေါ့.....။သူတို့အမေအလုပ်လုပ်နေတာကို

မြင်ကြရတာကိုး....။အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်တို့ဘယ်လောက်အထိသူတို့

ကွယ်ရာမှာအလုပ်လုပ်နေရတယ်ဆိုတာသူတို့မတွေးမိဘူးဗျ......။ကျုပ်တို့ဖခင်

တွေကယောက်ျားသားတွေပါ....မာနရှိတယ်....သတ္တိရှိတယ်....မဟုတ်ရင်ငုံ့မခံ

ဘူး......။ဒါပေမယ့်ဗျာ....သားကျွေးမှု....မယားကျွေးမှု....အတွက်ကျုပ်တို့ရဲ့အ

လုပ်ရှင်ကကျုပ်တို့အပေါ်ဘယ်လိုပဲဆက်ဆံဆက်ဆံဘယ်လိုပဲဗိုလ် ကျကျသား

သမီးလေးတွေရဲ့မျက်နှာကိုငဲ့ပြီးယောက်ျားမာနကိုချိုးနှိမ်ခဲ့ရတယ်....။ယောက်ျား

သတ္တိကိုချိုးနှိမ်ခဲ့ရတယ်......။ကျုပ်လည်းကျုပ်သားသမီးတွေကိုချစ်တာပေါ့.....။

သူတို့အမေချစ်တာထက်မလျော့ဘူး....ပိုရင်သာပိုမယ်.....။ဒါပေမယ့်...ကျုပ်တို့လို

ဖခင်တွေရဲ့အချစ်ကိုဘယ်သားသမီးကမှမခံစားတတ်ပါဘူးဗျာ..........။"

"သားသမီးဆိုတာရေချိုးပေးတဲ့အမေ့ကိုသာချစ်တတ်ကြတာပါဗျာ.....။စဥ့်အိုး

ထဲကိုရေအပြည့်ထမ်းထည့်ပေးထားတဲ့ကျုပ်တို့ဖခင်တွေကိုတော့ချစ်ရကောင်း

မှန်းမသိကြပါဘူး....သူတို့အမေကလည်းသင်မပေးဘူးဗျ.........။"

"ဒီလိုပဲသရက်သီးခူးကျွေးတဲ့သူတို့အမေကိုတော့ကျေးဇူးတင်လိုက်ကြတာချစ်လိုက်

ကြတာ......။ဒီသရက်ပင်ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာအအေးမိခံပြီးစိုက်ပျိုးပေးခဲ့

တဲ့ကျုပ်တို့လိုဖခင်တွေရဲ့နှလုံးသားကိုတော့နားမလည်ကြဘူး...မမြင်ကြဘူး.........။

မြင်တတ်အောင်မမေတွေကမပြောပြကြဘူး...........။"

"သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင်လွယ်ကြတာပါဗျာ....ကျုပ်တို့လို

ဖခင်တွေရဲ့ချွေးဖိုးကိုတော့တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ....တစ်သက်

လုံးစို့နေတဲ့ချွေးကိုနို့လောက်မချိုမြိန်ဘူးလို့ထင်တတ်ကြတယ်ဗျ...............။"

"ထီးမိုးပေးတဲ့မမေ့ရဲ့မေတ္တာကိုတော့ချက်ချင်းသိတတ်လိုက်ကြတာ.....လုံခြုံနွေးထွေး

တဲ့ဘ၀ကိုဖန်တီးပေးနေတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ....

မမြင်ကြဘူးဗျာ......၀မ်းနဲတယ်ဗျာ............။"

"သားသမီးတွေကခက်တယ်ဗျ....သောက်ရေအိုးထဲကရေအေးအေးကိုခပ်ပြိး

တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်.....အဲဒီသောက်ရေအိုးကိုရေအပြည့်ဖြည့်

ပေးထားတာကျုပ်တို့အဖေတွေပါဗျာ....ဒီလိုပြောရမှာရှက်တယ်ဗျာ.....ဘယ်

သားသမီးကိုမှကျုပ်တို့အဖေတွေကဒီလိုကြီးမပြောချင်ဘူး...............။"

"ပန်းပန်ပေးတဲ့မိခင်ရဲ့အချစ်ကိုသာခံစားတတ်ကြတာပါ....ပန်းပင်ကိုပျိုးပြီးပန်းကလေး

တွေပွင့်လာအောင်ရေလောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့လိုဖခင်တွေရဲ့အချစ်ကို

တော့သူတို့လေးတွေမခံစားတတ်ကြပါဘူး.....သိစေချင်တယ်ဗျာ..............။"

"ဘီယာတစ်ခွက်...အရက်တစ်ပက်နဲ့ကျုပ်ရဲ့မေတ္တာကိုတန်ဖိုးမဲ့သွားအောင်

ကျုပ်မိန်းမကသားသမီးတွေကိုသွေးထိုးပေးတယ်ဗျ....ကျုပ်မှာလည်းအပေါင်း

နဲ့အသင်းနဲ့ဗျ......။တစ်ခါတစ်လေလည်းအလိုက်အထိုက်ဆိုတာရှိတာပေါ့..။

ကျုပ်ဘာပဲလုပ်လုပ်ကျုပ်သားသမီးနဲ့မိန်းမအတွက်စဉ်းစားခဲ့တာချည်းပါပဲ...။

သူတို့ကဒါကိုထည့်မတွက်ကြပါဘူးဗျာ.....အိမ်ရှင်မတွေကသူတို့ပြောချင်တဲ့

စကားတွေကိုတိုက်ရိုတ်မပြောဘူးဗျ....သားသမီးတွေကိုသွေးထိုးပေးတယ်...။

သားသမီးတွေကတစ်ဆင့်ပြောခိုင်းတယ်.....ဒီလိုနဲ့သားသမီးတွေကကျုပ်ကို

မုန်းသွားကြရော.....မုန်းအောင်သင်ပေးနေတာတော့မဟုတ်ဘူး....မချစ်တတ်

အောင်သင်ပေးနေသလိုဖြစ်နေတော့တယ်............။"

"မိကောင်းဖခင်ဆိုတဲ့စကားကိုအိမ်ကမိန်းမတွေသဘောပေါက်သင့်တယ်...မြန်မာစကားက

အဓိပ္ပါယ်လေးနက်တယ်ဗျ........။မိကောင်းဖခင်ဆိုတာ.....အမိကောင်းမှအဖကိုခင်တယ်..

လို့ဆိုလိုတာဗျ.......အဖကိုမခင်တွယ်တဲ့သားသမီးဖြစ်နေရင်အဲဒီသားသမီးရဲ့မိခင်မကောင်း

လို့ပဲ........။အခုကျုပ်သားသမီးတွေကကျုပ်ကိုချစ်ရကောင်းမှန်းမသိကြဘူး....အမိမကောင်း

တော့အဖကိုမခင်ဘူးပေါ့.......မချစ်ဘူးပေါ့ဗျာ.....။ကျုပ်လည်းကျုပ်သားသမီးတွေရဲ့အချစ်ကို

ခံချင်တာပေါ့ဗျာ....................။"

ကိုစံရိုးကတော့ပြောချင်တာပြောခွင့်ရလို့ကျေနပ်သွားရှာသည်.....။သူပြောတဲ့စကားတွေဟာကျွန်တော်ပြောချင်နေတဲ့စကားတွေ

ပါပဲ......။အိမ်ရှင်မတွေ....သားသမီးတွေဖတ်မိကြပါစေလို့.....................................................................................။
မြန်မာပြည်မှ မြန်မာလူမျိုး


မေတ္တာဖြင့်

သိမ်းမထားသင့်တဲ့အရာ

သဲ...
=====



တစ်ခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တရထဲမှာ လမ်းလျှောက်သွားနေတုန်း တစ်နေရာရောက်တော့ အကြီးအကျယ် စကားများကြတယ်။ ဒါနဲ့  တစ်ယောက်က နောက်တစ်ယောက်ရဲ့ ပါးကို ရိုက်လိုက်တယ်။

ပါးရိုက်ခံရလို့ နာကျင်သွားတဲ့သူငယ်ချင်းက ဘာမှမပြောပဲနဲ့ သဲပေါ်မှာ “ဒီနေ့  ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ်” လို့ ရေးလိုက်တယ်။

ဒီလိုနဲ့ ခရီးဆက်တော့ တစ်နေရာရောက်တော့ သူတို့ ဟာ အိုအေစစ်ကို တွေ့ လိုက်ကြတယ်။ ဒါနဲ့ အဲဒီနေရာမှာ ရေချိုးဖို့ ကို ဆုံးဖြတ်လိုက်ကြတယ်။ စောနတုန်းက ပါးရိုက်ခံရတဲ့သူငယ်ချင်းက ဗွက်ထဲမှာ နှစ်သွားတဲ့အခါမှာ သူ့ သူငယ်ချင်းက သူ့ အသက်ကို ကယ်လိုက်တယ်။

နှစ်ခါနီးဖြစ်နေတုန်းမှာပဲ အကယ်ခံလိုက်ရတဲ့အခါမှာ သူဟာ အနားက ကျောက်တုံးပေါ်မှာစာရေးလိုက်ပြန်တယ်။

“ဒီနေ့ ငါ့သူငယ်ချင်း ငါ့ရဲ့ အသက်ကိုကယ်တယ်” တဲ့။

ဒါနဲ့ သူ့ ရဲ့ ပါးကိုရိုက်တဲ့ သူငယ်ချင်းက သူ့ ကိုမေးတယ် “မင်းကို ငါနာကျင်အောင်လုပ်တုန်းက မင်းက သဲပေါ်မှာ စာရေးပြီး၊ အခုကျတော့ မင်းဘာလို့  ကျောက်တုံး ပေါ်မှာရေးတာလဲ”

ဒါနဲ့ သူ့ သူငယ်ချင်းက “တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင်လုပ်တဲ့အခါမှာ သဲပေါ်မှာပဲစာရေးသင့်ပါတယ်။ ဘာလို့ လဲဆိုတော့ ခွင့်လွတ်ခြင်း ဆိုတဲ့ လေတိုက်လာတဲ့အခါမှာ အဲဒီသဲပေါ်မှာ ရေးထားတာတွေက လွင့်ပါ ပျောက်ကွယ်သွားအောင်ပါ။ ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ့် အပေါ်ကို ကောင်းတယ်ဆိုရင်တော့ ဘယ်လိုလေမျိုးတိုက်တိုက် ဝေးလွင့် ပျောက်ကွယ်မသွားနိုင်အောင် ကျောက်တုံးအပေါ်မှာ ရေးခြစ်ထားသင့်လို့ ပါ” လို့  ပြန်ဖြေ တယ်။

ကျွန်မတို့ တွေလည်း ကိုယ့်ကို နာကျင်မှုတွေကို သဲပေါ်မှာသာ ရေးထားပြီး ကိုယ်ခံစားရတဲ့ အကျိုးတွေကိုတော့ ကျောက်တုံးပေါ် ရေးခြစ်ထားကြပါစို့ လား။

အင်တာနက်မှ ဖတ်ရတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။

စနိုး

A story tells that two friends were walking through the desert. During some point of the journey they had an argument, and one friend slapped the other one in the face.

The one who got slapped was hurt, but without saying anything, wrote in the sand:

TODAY MY BEST FRIEND SLAPPED ME IN THE FACE.

They kept on walking until they found an oasis, where they decided to take a bath. The one who had been slapped got stuck in the mire and started drowning, but the friend saved him.

After he recovered from the near drowning, he wrote on a stone:

TODAY MY BEST FRIEND SAVED MY LIFE.

The friend who had slapped and saved his best friend asked him, "After I hurt you, you wrote in the sand and now, you write on a stone, why?"

The other friend replied "When someone hurts us we should write it down in sand where winds of forgiveness can erase it away. But, when someone does something good for us, we must engrave it in stone where no wind can ever erase it."

LEARN TO WRITE YOUR HURTS IN THE SAND AND TO CARVE YOUR BENEFITS IN STONE.

Ref: ဘာသာပြန်ပုံပြင်များ

စိတ်ဓါတ်မကျနဲ့

ကမ္ဘာကျော်အရှုံးသမားများ



===============
Tuesday, June 25, 2013

၁) မိုက်ကယ်ဂျော်ဒန် (Michael Jordan)
ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမားကြီးဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ သူ့ရဲ့ အထက်တန်းကျောင်း ဘတ်စကတ်ဘောအသင်းကနေ အပယ်ခံရပြီးတဲ့နောက်မှာ အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ငိုကြွေးခဲ့ရဖူးပါတယ်...

၂) စတိဗ်ဂျော့ (Steve Jobs)
ကမ္ဘာကျော် Apple ကုမ္ပဏီကြီးရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ စတိဗ်ဂျော့ဟာ အသက် ၃၀ အရွယ်မှာ သူစတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ သူ့ကိုဖယ်ရှားခံလိုက်ရတဲ့အတွက် ဝမ်းနည်းအားငယ်ပြီး ယူကျုံးမရခံစားခဲ့ရဖူးပါတယ်...

၃) ဝေါ့ဒစ္စနေး (Walt Disney)
ဆန်းကြယ်ထူးခြားတဲ့ ဇာတ်ကောင်တွေကို ဖန်တီးလေ့ရှိတဲ့ ကမ္ဘာကျော်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်... animation ကာတွန်းဇာတ်ကောင်တွေကို ရှေ့ဆောင်တီထွင်သူ... Disneyland ကို တည်ထောင်သူ ဝေါ့ဒစ္စနေးဟာ သတင်းစာတိုက်တစ်ခုကနေ "စိတ်ကူးစိတ်သန်းမကောင်းခြင်း" နဲ့ "ပင်ကိုယ်အတွေးအခေါ်မရှိခြင်း" ဆိုတဲ့အကြောင်းပြချက်တွေနဲ့ အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်...

၎) ဘီတဲလ်စ် (The Beatles)
ကမ္ဘာကျော်တေးဂီတအဖွဲ့ဖြစ်တဲ့ ဘီတဲလ်စ်ဟာ Decca တေးထုတ်လုပ်ရေးကနေ "သူတို့ရဲ့အသံကိုမကြိုက်ဘူး" "ရှိုးပွဲတွေမှာ သူတို့ရဲ့အနာဂတ်မရှိဘူး..." လို့ပြောဆိုပြီး ငြင်းပယ်ခံခဲ့ရဖူးပါတယ်...

၅) အမ်မီနမ် (Eminem)
ကမ္ဘာကျော် Rapper တစ်ဦးဖြစ်တဲ့ အမ်မီနမ်ဟာ ကျောင်းပညာရေးတစ်ပိုင်းတစ်စသာသင်ခဲ့ရပြီး မူးယစ်ဆေးဝါးစွဲနေတဲ့ဘဝက ရုန်းကန်ခဲ့ရပါတယ်... ကိုယ့်ကိုယ်သတ်သေဖို့ကြိုးစားခဲ့ဖူးပြီး ချွတ်ချုံကျတဲ့အထိ ငွေကြေးအခက်အခဲတွေရင်ဆိုင်ခဲ့ရဖူးပါတယ်....

၆) အော်ပရာဝင်းဖရေး (Oprah Winfrey)
အမေရိကန်နဲ့နာမည်ကျော် "The Oprah Winfrey Show" တင်ဆက်သူဖြစ်တဲ့ အော်ပရာဝင်းဖရေးဟာ သူမရဲ့အလုပ်မှာ သတင်းကြေညာသူအဖြစ် ရာထူးလျှော့ချခြင်းခံခဲ့ရဖူးပါတယ်... အကြောင်းပြချက်က သူမဟာ ရုပ်မြင်သံကြားအစီအစဉ်တွေအတွက် မသင့်လျှော်လို့ဖြစ်ပါတယ်...

၇) အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein)
ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်အထိ စကားမပြောတတ်သေးပါဘူး... သူ့ဆရာတွေကလည်း သူ့ကို ဥာဏ်ရည်မမီသူအဖြစ် သုံးသပ်ခဲ့ကြပါတယ်...

၈) ချာလီချက်ပလင် (Charlie Chaplin)
ကမ္ဘာကျော်ဟာသသရုပ်ဆောင်ကြီးဖြစ်တဲ့ ချာလီချက်ပလင်ဟာ အစောပိုင်းမှာ ဟောလီးဝုဒ်ကရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ငြင်းပယ်မှုကိုခံခဲ့ရဖူးပါတယ်... အကြောင်းကတော့ သူ့သရုပ်ဆောင်ချက်တွေဟာ အဓိပ္ပာယ်မဲ့တဲ့ ပေါက်ကရလုပ်ဆောင်ချက်တွေဖြစ်နေတယ်လို့ ဆိုပါတယ်....

၉) အေဗရာဟမ်လင်ကွန်း (Abraham Lincoln)
ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းပြိုလဲခဲ့ဖူးသူဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ လွဲချော်ခဲ့ အငြင်းပယ်ခံခဲ့ရသူတစ်ဦးဖြစ်ခဲ့ပါတယ်...



Credit: နှိုင်းရင့်နွေ

Sunday, June 23, 2013

ပိုက်ဆံမကုန်တဲ့လက်ဆောင်

အပြုသဘောဆိုတာ

ခံစားရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်

Saturday, June 22, 2013

အတွေးလွန်တာကိုး

 
ကလေးငယ်လေး တယောက်က ဖခင်ဖြစ်သူကို ကပ်ပြီး တိုးတိုးလေးမေးတယ်။ “ဖေဖေ…… sex ဆိုတာ ဘာလဲဟင်” တဲ့ ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ်။ ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီးမတားမြစ်ချင်ဘူး။

တည့်တည့်ကြီး ပွင့်ပွင့်လင်းလင်းပြောချလိုက်ဖို့ ကလည်း ကလေးငယ်ရဲ့ စိတ်ထဲမှာ ညစ်ညမ်းတဲ့ မဖွယ်မရာ စိတ်ကူးတွေ ၀င်သွားမှာ စိုးတယ်။ ဒါနဲ့… . “အေး… ..ဒီလိုသားရဲ့။ sex ဆိုတာ လူသားမျိုးနွယ်တွေ ပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ ကိစ္စတခုပေါ့ကွာ။ ဒီကိစ္စဟာဆိုရင်…… “ဘာညာဘာညာနဲ့ လျှောက်သွယ်ဝိုက်ပြီး ပြောရတော့တာပေါ့။ ပြီးတော့မှ “ဖေဖေရှင်းပြတာ သဘောပေါက်ရဲ့လား”လို့ မေးတယ်။ ကလေးငယ်ကလည်းရိုးရိုးသားသားပဲ ဖြေတယ်။ “ဟင့်အင်း” တဲ့ ဒါနဲ့ ဖခင်ဖြစ်သူဟာ နောက်ထပ် ကွေ့ကာဝိုက်ကာနဲ့ ၁၅မိနစ်လောက် ကြာအောင် ထပ်ရှင်းပြတော့လည်း ကလေးငယ်က သဘောမပေါက်ပြန်ဘူး။ တတိယအကြိမ် ရှင်းပြီးတဲ့ နောက်မှာတော့ ဖခင်ဖြစ်သူက စိတ်မရှည်တော့ဘူး။ တော်တော် စိတ်တိုလာပြီး.. ဒါနဲ့… …. “နေစမ်းပါဦး၊ဘာဖြစ်လို့ မင်းက ဒီလောက်တောင် သိချင်နေရတာလဲ” လို့ မေးလိုက်တော့ ကလေးငယ်က သူ့လက်ထဲက အင်္ဂလိပ်လို ရိုက်ထားတဲ့ ရေကူးအသင်းဝင်ခွင့် လျှောက်လွှာကို ပြပြီး “ဟောဒီလျှောက်လွှာထဲမှာ… Name လို့ ရေးထားတဲ့ ကွက်လပ်မှာ ကျွန်တော့် နာမည်ကို ရေးဖြည့်ရမယ် ဆိုတာကို သိပါတယ်။ Age လို့ ရေးထားတဲ့ ကွက်လပ်ထဲမှာ ကျွန်တော့် အသက်ကို ထည့်ရမယ် ဆိုတာလည်းသိတာပဲ။ ဒါပေမယ့် Sexလို့ ရေးထားတဲ့ ကွက်လပ်မှာတော့ ဘာရေးထည့်ရမှန်း မသိလို့ အဖေရ” တဲ့ 

ကောင်းရော

မရီနဲ့လေ အောင့်ခံ

 
မရီနဲ့.. အောင့်ခံ...
==============
လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား
လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက
နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ
ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။
သုံးယောက်လုံး အမြန်ထွက်သွားကြသည်။

ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။

" ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ... "

ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။

" မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းမစင်စွန့်တဲ့
ဒွါရပေါက်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊
မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်.. "

ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊
သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ
သတ်စားခံလိုက်ရသည်၊

ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး
ဆယ်လုံးယူလာပြသည်။

ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ
ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈ လုံး။ ၉လုံး " ဟား ဟား ဟား ဟား .... "

နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့်
ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။

ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။

" ခင်ဗျားဗျာ... ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့်
ဟာကို.... "

ဒုတိယလူပြန်ဖြေသည်။

" မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင်
ထမ်းလာတာ ဒူးရင်းသီး တွေကွ ဟီး..ဟီး........" ။

Thursday, June 20, 2013

အိမ်ရိုက်သံ


 
 
ဟိုရှေးရှေးတုန်းက အင်မတန် မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်း ရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။
ဒီလိုနဲ့ ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်…. အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွားပြီဗျ။
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော…၊ မင်းကိုယ်မင်း ဒေါသမဖြစ်အောင်တစ်နေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တစ်နေ့ ထိန်းနိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကိုပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေ အားလုံး ကိုနှုတ်ပြီး သွားပြီ၊ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါ အဖေလုပ်တဲ့သူက သားရဲ့လက်ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ၀င်းထရံဆီကို ခေါ်သွားတယ်၊ တော်တယ်ငါ့သားလို့လည်း ဆိုတယ်။ ဒါပေမယ့် သားသေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။
အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချလိုက်တဲ့ အခါ တစ်ဖက်သား ဆိုတဲ့ ၀င်းထရံတိုင်မှာ အခုလို အမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။ အဲဒီလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင် ဓါးပြန်နုတ်ပြီး ရှိခိုးတောင်ပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်….တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊ သုခတွေကို လည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့် တစ်ခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက် ကြောင်း သူတို့ကို လည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။
ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်း ကောင်း မိတ်ဆွေကောင်း အဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေး ကို လက်ဆင့်ကမ်းပါ။ ယုတ်စွအဆုံး ဒီစာလေးကို ပို့လိုက်တဲ့ သူဆီ ဒီအတိုင်း ပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့ စာကိုယ့်ဆီပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေ ရှိနေတာကို အလိုလို ခံစားနိုင်မှာပါ။
(ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။)