ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, September 24, 2013

အရံငွေဆိုတာ


အရံငွေဆိုသည်မှာ

ကမ္ဘာပေါ်ရှိ တိုင်းပြည်အားလုံးတွင် “အရံငွေ” (reserves) များ ရှိကြပါသည်။ ဤအရံငွေ များကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးပြုလေ့ရှိကြသည်။ သမိုင်းအရပြောရလျှင်၊ တိုင်းပြည်၏ ငွေကြေးကို ကျောထောက်နောက်ခံ ပြုနိုင်ရန်၊ အရံငွေများကို အသုံးပြုခဲ့ကြသည်။ ဥပမာ-တောင်အာဖရိက ငွေကြေး “ရန်း” နှင့် အာဂျင်တီးနားငွေကြေး “ပီဆို” ဆိုလျှင်၊ ၎င်းငွေကြေး များ၏ ကျောထောက် နောက်ခံအဖြစ်၊ ဒေါ်လာ (သို့မဟုတ်) ရွှေဖြင့် လဲလှယ်နိုင်သည်။ သို့နှင့်အမျှ အဆိုပါ “ရန်း” နှင့် “ပီဆို” ကိုင်ထားသူများမှာ၊ သူတို့လက်ထဲမှ ငွေကြေးများကို ယုံကြည်မှုအပြည့်ရှိခဲ့ကြသည်။

ရှေးအခါက အရောင်းအဝယ်လုပ်ကြသည့်အခါ ရွှေကို ဖလှယ်မှုကိရိယာ (ငွေကြေးအဖြစ်) အသုံးပြု ခဲ့ကြသည်။ စားစရာ၊ ဝတ်စရာ စသော ကုန်စည်များကို ရွှေဖြင့် ဖလှယ်နိုင်သည်။ ထိုသည်၏နောက် တွင်မူ၊ သက်ဆိုင်ရာအစိုးရများ၏ အမိန့်နှင့် သတ်မှတ်ထားသော၊ “သင်္ကေတ ပိုက်ဆံ” (fiat money) များ ပေါ်လာသည်။ သင်္ကေတ ပိုက်ဆံဆိုသည်မှာ၊ ရွှေနှင့်လဲလှယ်နိုင်သော ငွေစက္ကူများကို ဆိုလို သည်။ ဤသို့သော သင်္ကေတ ပိုက်ဆံကို အသုံးပြုရသည်က၊ ပိုမိုအဆင်ပြေ လွယ်ကူသောကြောင့်၊ အစိုးရများနှင့် ဗဟိုဘဏ်များက ငွေစက္ကူများ ထုတ်ဝေလာကြသည်။

ပထမတွင်၊ ထုတ်ဝေသော ငွေစက္ကူများကို အပြည့်အဝ ကျောထောက်နောက်ခံပြုဖို့၊ လိုလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ဥပမာ-ငွေစက္ကူတစ်ဒေါ်လာထုတ်တိုင်း၊ အစိုးရနှင့် ဗဟိုဘဏ်လက်ထဲတွင် တစ်ဒေါ်လာနှင့်ညီမျှသည့် ရွှေကိုင်ထားနိုင်ရမည်ဟု ဆိုလိုရင်း ဖြစ်သည်။ ထို့နောက်တွင်မူ၊ ဤသို့ တန်ဖိုးပြည့် ကျောထောက်နောက်ခံပြုစရာမလို၊ ထုတ်ဝေလိုက်သော ငွေစက္ကူအပေါ် ယုံကြည်မှု ကသာ ပိုအရေးကြီးသည်ဟု၊ သဘော ယူလာကြသည်။ ယုံကြည်မှုဆိုသည်မှာ၊ လူအများက အဆိုပါ ငွေစက္ကူများကို ငွေပေးချေ ရေးကိရိယာအဖြစ်၊ ယုံကြည်စွာ လက်ခံအသုံးပြုခြင်းပင် ဖြစ်သည်။ ဤသို့သော ယုံကြည်မှု ရစေရန် ရှေးကလို တန်ဖိုးပြည့် ကျောထောက်နောက်ခံ ထားစရာမလို။ တစ်စိတ်တစ်ပိုင်း ထားရုံနှင့် လုံလောက်သည်ဟု ယူဆလာကြသည်။

ဤသို့သော ကျောထောက်နောက်ခံ ထားရာတွင်လည်း မူလက၊ ရွှေကိုထားနိုင်မှ ခိုင်မာ လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယခုဤသို့မဟုတ်တော့၊ ရွှေအစား ငွေမာတစ်ခုခုကို ကျောထောက်နောက်ခံ ထားပြီး၊ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာကို အသုံးပြု လာကြသည်။

ဤသို့သော အရံငွေ (တစ်နည်း-ကျောထောက်နောက်ခံငွေများ) မှာ၊ တိုင်းပြည်များ ရင်ဆိုင် ကြ ရသော အန္တရာယ်များကို စီမံခန့်ခွဲရာတွင်၊ အကူအညီ ပေးနိုင်ပါသည်။ သက်ဆိုင်ရာ တိုင်းပြည် ကိုရော၊ ၎င်း၏ ငွေကြေးအပေါ်တွင်ပါ ယုံကြည်မှု ရှိလာစေရန်လည်း၊ အထောက် အပံ့ပြုပါသည်။ ထို့ထက် လိုအပ်သည့်အချိန်တွင်၊ အချိန်မရွေး ထုတ်သုံးနိုင်သေးသည်။ ထိုမျှမက၊ အတိုးနှုန်း အပြောင်းအလဲ၊ သီးနှံအထွက်ကျမှု စသော မမျှော်လင့်သည့် အပြောင်းအလဲများနှင့် ရင်ဆိုင်ရ ရာတွင်လည်း၊ အဆိုပါ အရံငွေက ဒဏ်ခံအဖြစ် တာဝန်ယူ ပေးနိုင်သည်။

တိုင်းပြည်တစ်ပြည်အနေနှင့်၊ အရံငွေ မည်ရွေ့မည်မျှ ထားသင့်၊ မထားသင့် ဆိုသည်မှာ၊ တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည်မတူကြပါ။ ယေဘုယျအားဖြင့်ဆိုလျှင်၊ လ, အချို့ သွင်းကုန်အတွက် လုံလောက်မည့်ငွေမမာဏကို၊ အရံငွေထားလေ့ရှိသည်။ ယခင်က ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ၊ သုံးလစာ သွင်းကုန်အတွက် အရန်ထားပြီး၊ ယခု နောက်ပိုင်းတွင် ရှစ်လစာ သွင်းကုန်အတွက် အရန်ထားကြ သည်ကို တွေ့ရသည်။

နိုင်ငံတော်တော်များများမှာ ငွေမာ (အထူးသဖြင့် ဒေါ်လာ) ကို၊ ရေတိုချေးငွေအဖြစ် စုဆောင်း ရယူလေ့ ရှိတတ်ပါသည်။ ဤသို့သော ရေတိုချေးငွေများ ထုတ်ပေးကြသည့် မြီရှင် နိုင်ငံများမှာ၊ မကြာခဏဆိုသလို စိတ်အပြောင်းအလဲမြန်တတ်ကြသည်။ အကယ်၍ မြီစား နိုင်ငံဘက်မှ၊ ပေးရန်ရှိသော အကြွေးများကို ပြန်မဆပ်နိုင်တော့ဟု စိုးရိမ်လာလျှင်၊ ၎င်းတို့ ထုတ်ချေးထားသော ရေတိုချေးငွေများကို၊ ဒရောသောပါး ပြန်တောင်းလေ့ ရှိကြသည်။ ဤတွင် သက်ဆိုင်ရာ မြီစားနိုင်ငံ များအတွက် အခက်အခဲတွေ့ရတော့သည်။

အဆိုပါမြီစားနိုင်ငံတွင် စုဆောင်းပြီး အရံငွေရှိလျှင်မူ ပြဿနာ သိပ်မရှိ။ မြီရှင် နိုင်ငံဘက် မှလည်း သိပ်အစိုးရိမ်ကြီးစရာမရှိ၍ အတင်းအကျပ် ပြန်မတောင်း။ အကယ်၍ တောင်းခဲ့ လျှင်လည်း၊ အရံငွေထဲမှ ထုတ်ယူပြီး ပြန်ဆပ်နိုင်သည်။ သို့အတွက်၊ အမြော်အမြင်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ၊ ၎င်းတို့ပေးရန်ရှိသော ရေတိုချေးငွေနှင့် တန်ဖိုးညီသည့် ဒေါ်လာငွေကို၊ အရံငွေအဖြစ် ထိန်းသိမ်း ထားတတ်ကြသည်။ ဒေါ်လာ မဟုတ်လျှင်လည်း၊ ယူရို, ယန်း စသော အခြားနိုင်ငံခြားငွေ တစ်ခုခုကို၊ ကျောထောက်နောက်ခံ အဖြစ် ထားလေ့ရှိကြသည်။

ဤသို့သော အရံငွေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုလည်း စီမံခန့်ခွဲ နိုင်ပါသည်။ အကယ်၍၊ တိုင်းပြည်တစ်ပြည်တွင် အရံငွေမရှိတော့လျှင်၊ နိုင်ငံခြားငွေနှင့် လဲလှယ်နိုင်သော ၎င်းတိုင်းပြည်၏ ငွေတန်ဖိုးမှာ၊ ရုတ်တရက် ကျဆင်းသွားပါလိမ့်မည်။ ဤသို့ဆိုလျှင်၊ စိတ်အပြောင်းအလဲမြန်သော ရင်းနှီးမြှုပ်နှံသူများ၊ (သို့မဟုတ်) အမြတ်ကိုသာ မျှော်ကိုး သော ငွေကြေးကစားသူများ၊ (သို့မဟုတ်) ငွေကြေးလောကအပေါ် ကြိုးကိုင်ခြယ်လှယ်သူ များအနေနှင့်၊ တန်ဖိုးကျလာသော အဆိုပါနိုင်ငံများ၏ ငွေကြေးကို ထုတ်ရောင်းကြပေလိမ့် မည်။ ဤနည်းဖြင့်၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်ရာမှ အလွန်ကြီးမားသော စီးပွားရေးမတည်ငြိမ်မှုဆီသို့ ဦးတည်သွားကြသည်များ၊ မကြာခဏ ဆိုသလို တွေ့နေရ သည်။

နိုင်ငံတစ်ခုအနေနှင့်၊ ဤသို့သော မတည်ငြိမ်မှုနှင့် ရင်ဆိုင်လာရလျှင် ပြန်လည် ချိန်ခွင်လျှာ မျှနိုင်စေရန်၊ သီးသန့် အရံငွေရှိဖို့ လိုပါသည်။ အခြားသူများက မိမိတို့ ငွေကြေးကို ထုတ်ရောင်း လာလျှင်၊ ငွေတန်ဖိုးကျသထက် မကျစေရန် ကိုယ်ကလိုက်ဝယ်ရပါလိမ့်မည်။ အလားတူ အခြားသူ များက မိမိတို့ငွေကြေးကို လိုက်ဝယ်နေလျှင်လည်း၊ အလွန်အကျွံ တန်ဖိုးတက်မသွားစေရန်၊ ကိုယ်က ပြန်ထုတ်ရောင်းရပါလိမ့်မည်။ ဤနည်းဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်အောင် ဖန်တီးနိုင်ပြီး၊ ထိုမှတစ်ဆင့် စီးပွားရေး တည်ငြိမ်အောင် ပြန်လည်တည့်မတ်ယူနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် ဤသို့ ကစားနိုင်စေရန် မိမိတွင် အရံငွေ ရှိထားဖို့ လိုပါလိမ့်မည်။ အကြောင်းမူ မိမိငွေကြေးကို မိမိငွေကြေးဖြင့် ပြန်ဝယ် လို့မရ၊ ဒေါ်လာနှင့်ဝယ်မှ ရသောကြောင့် ဖြစ်သည်။

တိုင်းပြည်များအနေနှင့် ဆိုခဲ့ပါအတိုင်း အရံငွေများကို ကိုင်ထားကြစဉ်အတွင်းမှာပင် သူတို့ ကိုင်ထားသော ငွေပမာဏမှာ ပို၍ ပို၍ များလာလေ့ရှိပါသည်။ ၂၀၀၁ မှ ၂၀၀၅ အထိ ၄ နှစ်တာ ကာလအတွင်း အရှေ့အာရှ ရှစ်နိုင်ငံ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်) တို့၏ စုစုပေါင်း အရံငွေမှာ နှစ်ဆကျော် တိုးပွားလာသည်။ အကြမ်းအားဖြင့် ဒေါ်လာ ၁ ထရီလီယံမှ ဒေါ်လာ ၂.၃ ထရီလီယံ ဖြစ်သွားသည်။

ဤဖြစ်စဉ်တွင် တကယ့်စူပါစတားမှာ တရုတ်ပြည်ဟု ဆိုရပါလိမ့်မည်။ ၂၀၀၆ ခုနှစ် နှစ်လယ်လောက် တွင် တရုတ်ပြည်စုဆောင်းထားနိုင်သော အရံငွေမှာ ဒေါ်လာ ၉၀၀ ဘီလီယံခန့် အထိ ရှိသည်။ ယောက်ျား, မိန်းမ, ကလေးမှအစ နိုင်ငံသားတစ်ဦးချင်း ခေါင်းတွင် ဒေါ်လာ ၇၀၀ မျှ ကိုင်ထားနိုင် သည့်သဘော ဖြစ်ပါသည်။ ဤအချိန်တွင် တရုတ် ပြည်၏ တစ်ဦးချင်း တစ်နှစ် ဝင်ငွေမှာ ဒေါ်လာ ၁၅၀၀ ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံး၏ စုစုပေါင်း အရံငွေ တိုးတက်မှုနှုန်းကို ကြည့်လိုက်လျှင် ၁၉၇၀ အလွန် နှစ်များနှင့် ၁၉၈၀ အလွန်နှစ်များအတွင်း ဂျီဒီပီ၏ ၇ % မှ ၈ % အထိ တိုးလာပြီး၊ ၂၀၀၄ ခုနှစ်သို့ ရောက် သောအခါ ဂျီဒီပီ၏ ၃၀ % အထိ ရောက်လာသည်။ ၂၀၀၆ အဆုံး စာရင်း ဇယားများအရ ပြောရလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရံငွေမှာ ဒေါ်လာ ၃.၃၅ ထရီလီယံ အထိ ရှိလာပြီဟု ခန့်မှန်းရပါသည်။

ဤသို့ အရံငွေများ အကြီးအကျယ် တိုးပွားလာသည့်အကြောင်းနှင့် ပတ်သက်ပြီး အများ သဘောတူ လက်ခံနိုင်သော ရှင်းလင်းချက်မျိုးကား ယခုအချိန်ထိ မရှိသေးပါ။ သို့နှင့်တိုင် အရေးကြီးသည့် ဖက်တာနှစ်ခုကိုမူ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါသည်။ “ကမ္ဘာလုံးချီ စီးပွားရေးနှင့် ဘဏ္ဍာရေး စနစ်၏ အလွန်မြင့်မားသော မတည်ငြိမ်မှု” နှင့် “၁၉၉၇ အရှေ့အာရှ အကျပ်အတည်းအပေါ် အိုင်အမ်အက်(ဖ) ၏ ကိုင်တွယ်ပုံ” တို့ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံတော်တော်များများ (အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ) မှာ မိမိတို့၏ စီးပွားရေးအချုပ်အခြာအာဏာများ ထိခိုက်ပွန်းပဲ့ ခဲ့ရသည်ဟု ခံစားကြရသည်။ ထို့ထက်ပို၍ အခြေအနေ ဆိုးစေသည်မှာ အိုင်အမ်အက်(ဖ) ပေါ်လစီအညွှန်း ဖြစ်သည်။ ဤပေါ်လစီအညွှန်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့သော နိုင်ငံများမှာ “ဆေးအတွက်လေး” သလို ဖြစ်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး “၉၇ စာသင်နှစ်” (Class of '97) ဆိုသော စကားပင် ရှိသည်။ ၁၉၉၇ အကျပ်အတည်း၏ သင်ခန်းစာများကို ကိုယ်တွေ့လေ့လာခွင့်ရခဲ့သော အရှေ့အာရှနိုင်ငံ များကို ရည်ညွှန်း သည့် ဝေါဟာရ ဖြစ်ပါသည်။

ဤနိုင်ငံများအနေနှင့် နောက်တစ်ကြိမ် အကျပ်အတည်းနှင့် ရင်ဆိုင်ရလျှင် ဘာလုပ်ကြ မည်နည်း ဆိုသည်ကို ဦးတည်စဉ်းစားလာကြရသည်။ ယခင်ကလို “ဆေးအတွက်လေး” စေသည့် အိုင်အမ်အက်(ဖ) ချေးငွေကို မယူချင်တော့။ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဖြေရှင်း နိုင်ရန် မိမိတို့၏ အရံငွေများကိုသာ အဆတိုး စုဆောင်းကြဖို့ အားသန်လာကြသည်။ မိမိတို့ အိမ်နီးနားချင်းများ၏ ဒုက္ခ,သုက္ခကို အနီးကပ် မြင်တွေ့ခဲ့ရသော အခြားအာရှနိုင်ငံများ ကလည်း အလားတူ နိဂုံးချုပ်လာကြသည်။ “ကမ္ဘာ့စီးပွားရေးသံသရာ၏ အဆိုးဆုံး အခြေ အနေများကို ရင်ဆိုင်နိုင်ရန် လုံလောက်သော အရံငွေရှိရေးမှာ နိုင်ငံများ၏ မလွှဲမရှောင်သာ လုပ်ကိုလုပ်ကြရသည့် တာဝန်” ဆိုသော နိဂုံးချုပ်ချက် ဖြစ်ပါသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ စီမံခန့်ခွဲမှုကလည်း အရံငွေ စုဆောင်းရေးအပေါ် အရေးကြီးသော သြဇာ သက်ရောက်မှု ရှိပါသည်။ တိုင်းပြည်များအနေနှင့် မိမိ ငွေကြေးနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း ကို ချထားနိုင်မှသာ ပို့ကုန်လုပ်ငန်းကို မြှင့်တင်နိုင်မည် ဖြစ်သည်။ ဤသို့ မိမိတို့ငွေကြေးကို ငွေမာ မဖြစ်အောင် ထိန်းထားဖို့ဆိုလျှင် ၎င်းတို့ကို ထုတ်ရောင်းပြီး ဒေါ်လာဝယ်ကြရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် အရံငွေကို ဖြည့်ပေးရသည့် သဘော ပင် ဖြစ်ပါသည်။

Joseph Stiglitz ရေးသားသည့် Making Globalization Work စာအုပ်အား ကျော်ဝင်းဘာသာပြန်ဆို သည့် `လက်တွေ့အသုံးချ ဂလိုဘယ်လိုက်ဇေးရှင်း´ ဒုတိယတွဲ အခန်း(၉) ကမ္ဘာ့သီးသန့်ရန်ပုံငွေ စနစ် ပြုပြင်ပြောင်းလဲရေး မှကူးယူဖော်ပြသည်

Friday, September 20, 2013

အလှုရေစက်လက်နဲ့မကွာ

 
"အလှူရေစက် လက်နဲ့မကွာ"

သူငယ်ချင်းသုံးယောက် ဘယ်သူက အလှူအတန်း ပိုရက်ရောသလဲဆိုတာ ပြိုင်နေကြတယ်

ပထမတစ်ယောက်က ပြောတယ်... ...
"ငါက ရက်ရောတာပေါ့"
"ဘာလို့လဲ"
"ငါ့ဝင်ငွေကို ဆယ်ပုံ ပုံတယ်၊ တစ်ပုံကို ဘုရားလှူတယ်၊ ကျန်တဲ့ကိုးပုံ ငါသုံးတယ်"

နောက်တစ်ယောက်က ပြောတယ်... ...
"ငါက ပိုရက်ရောတယ်"
"ဘာလို့လဲ"
"ငါက မြေပြင်မှာ စက်ဝိုင်းတခု ဝိုင်းလိုက်တယ်၊ အဲဒီစက်ဝိုင်းထဲကို ငါ့ပိုက်ဆံတွေအကုန် ပစ်ထည့်လိုက်တယ်၊ အပြင်ထွက်တဲ့ပိုက်ဆံ ငါယူတယ် အထဲဝင်တဲ့ပိုက်ဆံ ဘုရားလှူတယ်"

နောက်ဆုံးတစ်ယောက်က ပြောတယ်...
"ငါကမှ အရက်ရောဆုံး အလှူရှင်"
"ဘာလို့လဲ"

"ငါ့ပိုက်ဆံတွေအားလုံး ဘုရားကို လှူလိုက်တယ်"
"ဟာ... ရက်ရောလှချည်လား၊ ဘယ်လို လှူလိုက်တာလဲ"

"ဘုရားသခင် စိတ်ကြိုက်သုံးပါ ဆိုပြီး ငါ့ပိုက်ဆံတွေအကုန်လုံး ကောင်းကင်ပေါ်ပစ်တင်လိုက်တယ်၊ သူ မလိုချင်လို့ ပြန်ကျလာတာကိုပဲ ငါယူတယ်"
"ဟေ..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

နေရာတကျပြန်ထားပါ

 
"နေရာတကျထားပါ"

ဆေးရုံတွေမှာဖြစ်ဖြစ်၊ ကားဝပ်ရှော့တွေမှာဖြစ်ဖြစ်၊ လုပ်ငန်းသုံး ကိရိယာတန်ဆာပလာတွေကို ယူသုံးပြီးရင် နဂိုနေရာမှာ စနစ်တကျ ပြန်ထားရတယ်
ဒါ တင်းကြပ်တဲ့ စည်းကမ်းပဲ
ဒါမှ လိုတဲ့အခါ လိုက်မရှာရမှာကိုး
လူနာက ဗိုက်ဖွင့်ရက်ကြီး ဟောင်းလောင်းနဲ့ကျမှ ချုပ်အပ်ပျောက်နေလို့ဆိုပြီး လိုက်ရှာလို့ ရတာမျိုးမှ မဟုတ်တာ

တနေ့တော့... ဆေးရုံတစ်ခုမှာပေါ့... ...
ဆရာဝန်က ခိုင်းစရာရှိလို့ နပ်စ်မတစ်ယောက်ရဲ့ အခန်းတံခါးကို သွားခေါက်တယ်
ခဏနေတော့ အခန်းထဲကနေ ဆေးကျောင်းသားတစ်ယောက် ကပြာကရာနဲ့ ထွက်သွားတယ်
ပြီးတော့မှ နပ်စ်မ ထွက်လာတယ်

အင်း...
ခက်တာက ဆရာမရဲ့ ရင်တမွှာက အင်္ကျီအပြင်ထွက်နေတယ်
ဒါကို ဆရာဝန်က မြင်တော့ မေးငေါ့ပြပြီး သတိပေးလိုက်တယ်... ...
"ဆရာမ ပြန်ထည့်လိုက်အုံး၊ မြင်မကောင်းဘူး"

... ဆိုတော့ ဆရာမက ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောသတဲ့... ...

"ဟုတ်ပ့ါ၊ ဟိုဆေးကျောင်းသား ပစ္စည်းကိုယူကိုင်ပြီး နေရာတကျ ပြန်မထားဘူး"... တဲ့



ဟာသကို ဟာသလိုပဲ မြင်ပေးပါ၊ ဖတ်ပြီး ရယ်မောပြီး မေ့ပစ်လိုက်ပါ
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Monday, September 16, 2013

ထက်မြတ်သူနဲ့ ညံ့ဖျင်းသူ


ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။

ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။
ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံးအညံ့ဖျင်းသွားအောင်ကျင့်တယ်

Credit-နိုင်းနိုင်းစနေ

စွတ်စွတ်စွဲစွဲဗျာ

 
"အကြားနဲ့ အမြင်"

တရားခွင်တစ်ခုမှာ ဖြစ်ပါတယ်
သက်သေတစ်ယောက်ကို ရှေ့နေက မေးခွန်းထုတ်နေတယ်... ...

"ဒီ လူသတ်သမားလို့ အစွပ်စွဲခံရသူက သေဆုံးသူကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ခင်ဗျား ပြောတယ်နော်"
"ဟုတ်ပါတယ်"

"ဒါဆို သူပစ်လိုက်တာ ခင်ဗျားကိုယ်တိုင် မြင်တာလား"
"မမြင်ပါဘူး၊ သေနတ်သံကြားတာပါ"

... ဆိုတော့ တရားသူကြီးက သက်သေကို လှမ်းပြောတယ်... ...

"အဓိပ္ပာယ် မရှိလိုက်တာဗျာ၊ ကြားယုံလေးနဲ့ သူများကို စွပ်စွဲလို့ ဘယ်ရမလဲ"... တဲ့

အဲဒီမှာ သက်သေလုပ်သူက တရားသူကြီးကို ကျောပေးလိုက်ပြီး ဟက်ဟက်ပက်ပက် ထ,ရီတယ်... ...

"ဟား ဟား ဟား ဟီး ဟီး"

ပထမတော့ တရားသူကြီး ကြောင်အမ်းအမ်းဖြစ်သွားတယ်
နောက်မှ သတိရပြီး သက်သေကို လှမ်းမေးမယ်... ...

"ဟေ့လူ ခင်ဗျား တရားရုံးကို မထီမဲ့မြင် လုပ်တာလား"

သက်သေက ပြန်လှည့်လာပြီး မေးတယ်... ...

"ကျနော် ဘာလုပ်မိလို့လဲ တရားသူကြီးမင်း"
"ခုနက ရီလိုက်တယ်လေ"

"အင်... တရားသူကြီးမင်း မြင်လိုက်သလား"
"မမြင်ပါဘူး၊ ရီသံကြားလိုက်တာ"

ဒီတော့ သက်သေက တခွန်းထဲ ပြန်ပြောတယ်... ...

"အဓိပ္ပာယ် မရှိလိုက်တာဗျာ၊ ကြားယုံလေးနဲ့ သူများကို စွပ်စွဲလို့ ဘယ်ရမလဲ"... တဲ့


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

Saturday, September 14, 2013

လူတတ်ကြီး

"လူတတ်ကြီး"


မူလတန်းကျောင်းသားလေး မောင်ကျေးညိုမှာ 'လက်မ' စုပ်တဲ့အကျင့် ရှိတယ်
ဒါကို သူ့အမေက မကြိုက်ဘူး
တရက်တော့ ကျေးညို လက်မကို စုပ်နေတာတွေ့လို့ သူ့အမေက ပြောတယ်... ...

"သား ... လက်မကြီးကို စုပ်စုပ်မနေနဲ့၊ ဗိုက်ကြီးပူတတ်တယ်"
"ဟုတ်လား မေမေ"

ဒါနဲ့ ဗိုက်ပူမှာကြောက်လို့ လက်မ မစုပ်ရဲတော့ဘူး

တရက်တော့ ကျောင်းမှာ သူ့အတိုင်းပိုင်ဆရာမ ခွင့်ယူလို့ တခြားဆရာမတစ်ယောက် အစားထိုး လာသင်တယ်
ဖြစ်ချင်တော့ အဲဒီဆရာမက ကိုယ်ဝန်ကြီးနဲ့
သူက ဆရာမကို သွားပြောတယ်... ...

"ဆရာမ ဘာလုပ်လို့ ဗိုက်ကြီးစူနေတာလဲဆိုတာ သားသိပါတယ်နော်" .. တဲ့

ဟိုက ရှက်ရှက်နဲ့ တီးလွှတ်လိုက်တာ သူ့ခမျာ ဘုမသိ ဘမသိနဲ့ တော်တော်အီသွားတယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်ခန်းစာ။. ။ သိတိုင်းလည်း ဆရာကြီး မလုပ်နဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ဆန္ဒမစောပါနဲ့

"ဆန္ဒမစောပါနဲ့"


မကြာမှီ ရန်ကုန်လေဆိပ်ကို လေယာဉ်ဆင်းတော့မယ်
အင်တာကွန်းကနေပြီး လေယာဉ်မှူးက နုတ်ဆက်စကားပြောတယ်...

"ခရီးသည်အားလုံး မင်္ဂလာပါ၊ ကျနော် ကပ္ပတိန်ဇော်နူပါ၊ မကြာမှီ မင်္ဂလာဒုံကွင်းကို ဆင်းသက်တော့မှာ ဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ ပုဇဉ်းရင်ကွဲ လေကြောင်းလိုင်းကို အားပေးစီးနင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ပြသနာက နုတ်ဆက်စကားပြောပြီးပေမယ့် မိုက်ကရိုဖုန်းခလုပ်ကို ပြန်မပိတ်မိဘူး
ဒီတော့ လေယာဉ်မောင်းခန်းက ပြောသမျှ ခရီးသည်အားလုံး ကြားနေရတယ်
လေယာဉ်မှူးက တွဲဖက်လေယာဉ်မှူးကို မေးနေတာ... ...

"ဟကောင်ကြီး ရန်ကုန်မှာ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲကွ"

"လောလောဆယ် ဗိုက်အရမ်းနာနေတော့ ဟိုတယ်ကိုပြေးပြီး အိမ်သာတက်မယ် ဆရာ၊ ပြီးမှ ရေမိုးချိုးမယ်"
"ပြီးတော့ရော"

"ပြီးတော့... ခု ပါလာတဲ့ ဟို လုံးကြီးပေါက်လှလေယာဉ်မယ်ကို အခန်းလာဖို့ ချိန်းထားတယ် ဆရာ၊ အဲဒါ သူရောက်လာတာနဲ့ တညလုံးဘေမယ် ဆရာရေ့"
"ကောင်းကွာ..."

ခရီးသည်တွေက ပြုံးစိစိနဲ့ လေယာဉ်မယ်ကို ဝိုင်းကြည့်ကြတယ်
ဒါနဲ့ လေယာဉ်မယ်လည်း မဖြစ်ချေဘူး မိုက်ပိတ်ဖို့ သွားပြောမှ ဆိုပြီး ခေါင်းခန်းဆီပြေးသွားတယ်...
ဖြစ်ချင်တော့ လျှောက်လမ်းမှာ မှောက်လျှက်လဲပါလေရော
ဘေးခုံမှာ ထိုင်နေတဲ့ အဖွားကြီးတစ်ယောက်က ဆွဲထူပေးရင်း ပြောတယ်... ...

"ဖြေးဖြေးသွား သမီး၊ အချိန်ရပါသေးတယ်၊ သူအိမ်သာတက်ပြီး ရေချိုးအုံးမှာပါ"... တဲ့



သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ခရုနဲ့အတု

ခရု နဲ့ အတု (နန္ဒာသိန်းဇံ)


လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှု့မှာ နှစ်ခြိုက်စွာ ပြောဆိုကြ နားထောင်ခဲ့ကြတဲ့ ဒဏ္ဍာရီပုံပြင်တွေရှိတယ် ။ ဒီဒဏ္ဍာရီတွေကို အလကားဟာတွေပဲဆိုပြီး မပစ်ပယ်သင့်ဘူး ။ အမြတ်တနိုးကို ထိန်းသိမ်းထားသင့်တယ်။
ဘာလို့လဲဆိုတော့ အဲဒီဒဏ္ဍာရီပုံပြင်တွေဟာ သက်ဆိုင်ရာလူမျိုးတွေရဲ့ ဘ၀အမြင်တွေ ၊ လောက အမြင်တွေ ကိုယ်ကျင့်တရားဆိုင်ရာ ယူဆချက်တွေကို ထင်ဟပ်ပြနေတာတွေဖြစ်လို့ပဲလို့ တစ်ချို့ကယူဆကြတယ်။
ဒီယူဆချက်ကို ကြိုက်နှစ်သက်သူ ရှိချင်လည်းရှိ မှာပေါ့ ၊ မကြိုက်သူတွေလည်း ရှိချင်ရှိမှာပေါ့ ။

ကျွန်တော့်အဖို့ကတော့ ဒဏ္ဍာရီပုံပြင်တွေကို ဒီနေ့မျက်မှောက်ခေတ်ပန်းချီးကားချပ်တွေလိုပဲ သဘောထားမိပါတယ် ။ ယဉ်ကျေးမှုတစ်ရပ်မှာရှိတဲ့ ဒဏ္ဍာရီပုံပြင်တွေကိုလည်း ကျွန်တော်က အနုပညာဖွဲ့စည်းမှု့တွေအဖြစ် မြင်တယ် ။ ဒီပုံပြင်တွေဟာ နက်ရှိုင်းတဲ့ အသိပညာအမြင်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးတတ်သေးတယ်လို့လည်း ထင်တယ် ။

ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု့ပုံပြင်တစ်ခုကို ကျွန်တော်ပြောပြမယ် ။ဒီပုံပြင်ကို ခင်ဗျားတို့လည်းကြားဖူးပြီးသားဖြစ်မယ် ။ ဒါပေမယ့် ဒီပုံပြင်ဟာ ကျွန်တော့်ကို ဘယ်လိုခံစားစေတယ် ၊ ဘယ်လိုအသိမြင်မျိုးရအောင် လှုံ့ဆော်တယ်ဆိုတဲ့နေရာရောက်တော့ သူများတွေနဲ့ ကျွန်တော် ဘယ်လိုခြားနားသွားတယ် ဆိုတာသိမယ် ၊အဲဒီလို ခြားနားတဲ့ ခံစားမှု့ ခြားနားတဲ့ အမြင်ဖြစ်အောင် လှုံ့တော်ဖန်တီးနိုင်တာဟာလဲ အနုပညာဖွဲ့စည်းမှု့တစ်ရပ်ရဲ့ ထူးခြားချက်လို့ ကျွန်တော်ပြောချင်လို့ပါ ။
ပုံပြင်က ဒီလိုပါ ။
နှေးကွေးလွန်းစွာ လမ်းမှာသွားနေတဲ့ ခရုပက်ကျိနဲ့ မြင်းနဲ့ လမ်းမှာဆုံတော့ မြင်းက သရော်ပြောင်လှောင်တဲ့ လေသံနဲ့ မြန်တဲ့သူကို နှေးတဲ့သူက အမြဲပဲ လမ်းဖယ်ပေးရတယ် လို့ ခရုပက်ကျိကိုပြောတယ် ။ ပြောင်လှောင်သရော်တာကို မကြိုက်နိုင်ကြဘူးမဟုတ်လား ။ ဒီတော့ မခံချင်စိတ်နဲ့ ခရုပက်ကျိက တို့ခရုပက်ကျိတွေဟာ ပြိုင်ပွဲကျမှ မြန်ကြောင်းပြသူတွေဖြစ်တယ်လို့ မြင်းကိုပြန်ပြောတယ် ။ သူ့စကားကလိုအပ်မှ မြန်မြန်ပြေးတယ် မလိုအပ်ပဲ သင့်လို ဟိုပြေးလိုက် သည်လွှားလိုက် လုပ်နေတာ မဟုတ်ဘူးလို့ ပြန်ပြီး ခနဲ့လိုက်တာ ဖြစ်တယ် ။ ခရုပက်ကျိ စကားကိုကြားတော့ မြင်းက တ၀ါးဝါး နဲ့ ဟားတိုက်ရယ်ပစ်လိုက်တယ် ၊ ဒီအခါမှာ ခရုပက်ကျိက ဒါဆိုပြိုင်ပြေးမလား လို့ မြင်းကို စိန်ခေါ်လိုက်တယ် ။ မြင်းကလဲ သူ့စိန်ခေါ်ချက်ကို လက်ခံလိုက်တယ် ။ ဒါနဲ့ ခရုပက်ကျိနဲ့ မြင်းဟာ ဘယ်နေ့ ဘယ်အချိန်မှာ အပြေးပြိုင်မယ်လို့ ချိန်းဆိုလိုက်တယ် ။
ခရုပက်ကျိဟာ သူနဲ့အသွင်တူ ခရုပက်ကျိတွေကို ဆင့်ခေါ်ပြီး “ ဟေ့ ဒီမှာ ငါပြောမယ် ၊ မြင်းသားဟာ ဆေးဖက်ဝင်တယ် မြင်းသားကို စားပြီးရင် ကိုယ်လက်ညောင်းညာ ကိုက်ခဲတာတွေ ပျောက်ကင်းနိုင်တယ် ။ မင်းတို့ မြင်းသား မစားချင်ကြဘူးလား “ လို့မေးတော့ တခြား ခရုပက်ကျိတွေကလည်း မြင်းသား စားလိုကြောင်း ပြောကြတယ် ။ ဒီလိုဆို ငါအခုပြောတာကို သေချာနားထောင် မင်းတို့တွေ ဟောဟိုလမ်းတစ်လျှောက်မှာ တန်းစီရမယ် ၊ မင်းတို့ တန်းစီတဲ့ အခါမှာ တစ်ဦးနဲ့ တစ်ဦးကြား တစ်ဖာလုံစီခြားပြီး ခရီးမိုင်ဝေးနိုင်သလောက် ဝေးအောင် စီရမယ် ။ မြင်းက ပြေးတုန်းပဲလားလို့ မင်းတို့ကို လှမ်းမေးတိုင်း ပြေးတုန်းပဲ လို့လည်း ဖြေရမယ် ။ ကဲ အလုပ်စကြတော့ လို့ ညွှန်ကြားပြီး ခုရုဟာ အိပ်ယာဝင်သွားတယ် ။

ချိန်းဆိုထားတဲ့ အချိန်ရောက်တဲ့အခါမှာ မြင်းဟာ ခရုပက်ကျိ ဆီကို ရောက်လာပြီး ခနဲ့တဲ့တဲ့လေသံနဲ့ ဘယ်လိုလဲ အပြေးသမားကြီး ပြိုင်ပွဲ့ဝင်ဖို့ အဆင်သင့်ဖြစ်ပြီလား လို့ ဆိုတော့ ခုရုပက်ကျိကလည်း အဆင်သင့်ရှိပါကြောင်း ပြန်ပြောတယ် ။ ပြီးတော့ ခရုပက်ကျိက မြင်းကို ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး လိုက်နာရမယ့် အချက်တွေကိုပြောတယ် ။ အပြေးပြိုင်တဲ့ အခါမှာ ပြိုင်ဘက်ကို ကျော်နိုင်မှ နိုင်တယ်လို့ ပြောရမှာ ဖြစ်တယ် ။ ဒီတော့ ပြေးတဲ့အခါမှာ ကိုယ့်ပြိုင်ဘက်ဟာ ကိုယ်နဲ့အတူ ပြိုင်နေသလား ကျန်ခဲ့လားဆိုတာ သိရအောင် တစ်ဖာလုံရောက်တိုင်း ကိုယ့်ပြိုင်ဘက်ကို ခေါ်ကြည့်ရမယ် “ လို့ ခရုပက်ကျိက မြင်းကိုပြောပြတယ် ။ မြင်းကလဲ သူပြောတာကို သဘောတူလိုက်တယ် ။ပြိုင်ပွဲစတယ် ။
မြင်းဟာ လွင့်နေအောင်ပြေးတယ် ။ခရုပက်ကျိကတော့ အေးဆေးပဲလျှောက်နေတယ် ။ ပထမတစ်ဖာလုံရောက်တော့ မြင်းက အော်ပြီး ခရုပက်ကျိကို ခေါ်ကြည့်တယ် ။ “ ဟေ့ အပြေးသမားကြီး ပြေးတုန်းလား လို့ ခေါ်ကြည့်တော့ တစ်ဖက်က အသံပေါ်လာတယ် ၊ ပြေးတုန်းပါပဲ တဲ့ ။ ဒီလိုဖြေသံကြားတော့ မြင်းဟာ အကြီးအကျယ် အံ့သြသွားတယ် ၊ မြင်းက အပြေးရပ်ပြီး ဘေးဘက်ကို လှမ်းကြည့်တော့ အဟုတ်မှ အေးအေးလူလူ လျှောက်နေတဲ့ ခရုပက်ကျိကို မြင်ရတယ် ။ မြင်းခမျာ အ,ပါ့ သူ့ဘေးမှာ လျှောက်နေတဲ့ ခရုပက်ကျိဟာ သူနဲ့ တစ်ကယ့်ပြိုင်ဘက် ခရုပက်ကျိမဟုတ်မှန်းမသိရှာဘူး ၊ မူကက ခရုပက်ကျိလို့ပဲထင်မှတ်နေတယ် ။ ဒါနဲ့ မြင်းက အေးမင်းကို နောက်တစ်ဖာလုံမှာတော့ ကောင်းကောင်းကြီး ကျော်ပြလိုက်မယ်ဟေ့ ဆိုပြီး ပြေးတယ် ။ နောက်တစ်ဖာလုံရောက်တော့ ဒီတစ်ခါတော့ လုံးဝကို ကျန်ခဲ့ပြီအထင်နဲ့ မြင်းက ခရုပက်ကျိဆီ အော်ပြီးတော့ ပြေးတုန်းလား မေးတယ် ။ ပြေးတုန်းပဲလို့ ခရုဆီက အသံပေါ်လာပြန်တယ် ၊ ဒီခရုပက်ကျိကိုလည်း မူလက ခရုပက်ကျိလို့ပဲ မြင်းက ထင်မှတ်နေတယ် ၊ ခရုပက်ကျိ အတုမှန်းမသိတဲ့ မြင်းဟာ စိတ်တိုလာပြီး မြန်သထက်မြန်အောင်ပြေးတယ် ၊ ဒါပေမယ့် တစ်ဖာလုံတိုင်းမှာ ခရုပက်ကျိကို တွေ့နေရတယ် ။ နောက်ဆုံးတော့ မြင်းဟာမောပန်းလဲကျပြီး အသက်ကုန်သွားတယ် ။ အဲဒီမြင်းသေရဲ့ အသားကို ခရုပက်ကျိတွေက ၀ိုင်းအုံပြီး စားကြတယ် ။

ဒီပုံပြင်က ခရုပက်ကျိတွေ အဲဒီတုန်းက မြင်းသားစားခဲ့ကြလို့ ယနေ့ထိ ခရုပက်ကျိတွေမှာ ကိုယ်လက်ညောင်းညာ ကိုက်ခဲခြင်းတွေ မရှိကြတာလို့ ပြောလိုရင်း ဖြစ်ပါလိမ့်မယ် ။
မြင်းသားစားရလို့ တကယ်ပဲ ကိုယ်လက်ကိုက်ခဲ ညောင်းညာမှု့ ပျောက်, မပျောက်ဆိုတာကတော့ ကိုယ်တိုင်လည်း ခရုပက်ကျိ မဟုတ်တော့ မသိနိုင်ဘူးပေါ့ ဗျာ။ ထားပါတော့ …..။

ငယ်ငယ်တုန်းကလည်း ဒီပုံပြင်ကလေးကို နားထောင်ရရင် ကြိုက်တယ် ၊ အခု ကြီးလာတော့လည်းကြိုက်တယ် ၊ ပိုပြီးတောင် ကြိုက်လာတယ်လို့ ပြောချင်တယ် ။ အနုပညာဖွဲ့စည်းမှု့ဆိုတာ ကိုယ့်အရွယ် ကိုယ့်အသိနဲ့ အမျိုးမျိုးခံစားနိုင်တယ် ။
ငယ်ငယ်တုန်းက အဲဒီပုံပြင်ကို နားထောင်တုန်းက မြင်းကို အ,တဲ့ ၊ န, တဲ့ အကောင်ကြီးလို့ မြင်မိတယ် ။ အခုကြီးလာမှ ငါလည်း အဲဒီမြင်းလို အ, ပါ ၊ န, တဲ့ အကောင်ကြီးလို့ မြင်မိတယ် ။ အခုကြီးလာမှ ငါလည်း အဲဒီမြင်းလို အ,ပါ ၊ န ,ပါ လားလို့ မြင်လာတယ်ဗျာ ။ မော်လီကျူးတွေ ၊ ဆဲလ်ခန္ဓာရဲ့ ဖွဲ့စည်းနေပုံ တွေ အကြောင်း သင်တန်းသားတွေကို သင်ပြတိုင်း အယောင်ဆောင် ခရုပက်ကျိအတုကို တကယ်အစစ်ထင်ပြီး ပြေးပြီးရင်းပြေးတဲ့ ပုံပြင်ထဲက မြင်းနဲ့ ကိုယ့်ဘ၀နဲ့ နှိုင်းမိ ၊ နေမိတယ် ။

ကျွန်တော်တို့ ခန္ဓာကိုယ်က ကလာပ်စည်းဆဲလ်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ပြီးရင်း ပျက်နေကြတယ် ။ အသစ်အသစ် ဆဲလ်တွေကလည်းဖြစ်နေကြတယ် ၊ အဲဒီဆဲလ်တွေရဲ့ ဖြစ်ပျက်မှု့ အစဉ်ကို တကယ်ရှိနေ ၊ တည်နေတဲ့ အစုအဝေး ခန္ဓာကိုယ်လို့ ကျွန်တော်တို့က ထင်တယ် ။ ငါပဲ ၊ ငါ့ခန္ဓာပဲလို့ ထင်နေတယ် ၊ စောစောက ကလာပ်စည်းဆဲလ်တွေဟာ အခု ခန္ဓာကိုယ်မဟုတ်တော့ဘူးလို့ မမြင်နိုင်ဘူး ။ အခုခန္ဓာကိုယ်ဟာ မူလခန္ဒာကိုယ် ၊ အရင်က ခန္ဓာကိုယ် မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ဘူး ၊ သူ၊ ငါ ၊ ယောက်ျား ၊ မိန်းမ လို့ ထင်နေတယ် ………..
ပြောခဲ့ပါရော ဗျာ အပြေးပြိုင်ပွဲက မြင်းဟာ အတော့်ကို အ , တယ်ဆိုတာလေ၊ နောက်တစ်ဖာလုံတိုင်းမှာ တွေ့မြင်နေတဲ့ ခရုပက်ကျိကို မူလပက်ကျိ မဟုတ်မှန်း မြင်းခမျာ မသိရှာဘူး ၊ ဒီလိုပြောပေမယ့် မြင်းကို ကျွန်တော် ခွင့်လွှတ်ပါတယ် ဗျာ ။ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကိုယ်တိုင် အ, ရုံမက မိုက်မဲနေတာ မြင်မိလို့ပါ ။ ကလာပ်စည်းဆဲလ်တွေရဲ့ ဖြစ်မှု့ပျက်မှု့ တွေအကြောင်း ပြောနေပေမယ့် ငါဟာ ငါမဟုတ်ပါလား ဆိုတာကို မြင်အောင် မလုပ်နိုင်စွမ်းသေးဘူး ။ ငါစွဲ တွေ တန်းလန်းနဲ့ ငါပြီး ရင်း ငါ သံသရာ တစ်ကြောမှာ ပြေးပြီးရင်း ပြေးနေမယ့် သံသရာ အပြေးသမား ကျွန်တော့ အဖြစ်ကို မြင်ယောင်နေပါတယ် ။

ဆရာနန္ဒာသိန်းဇံ ရဲ့ မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ ၊ စာအုပ်မှ ကူးယူဖော်ပြပါသည် ။
မေတ္တာဖြင့်
M Sai Mon Thar

သတိ

 
ဆင်းရဲသားတွေ အရှေ့မှာ မင်း ပိုက်ဆံရှိကြောင်း မပြောလိုက်ပါနဲ့ ။

မစားသောက်နိုင်တဲ့သူတွေ အရှေ့မှာ မင်းအစားကောင်း စားနိုင်ကြောင်း မပြောလိုက်ပါနဲ့ ။

အင်းအားနည်းသူတွေ အရှေ့မှာ မင်း အင်းအားကြီးကြောင်း မပြောလိုက်ပါနဲ့ ။
...
အချုပ် အနှောင်နဲ့ ရှင်သန်နေရသူတွေ အရှေ့မှာ မင်းလွတ်လပ်မှု အကြောင်း မပြောလိုက်ပါနဲ့ ။

မိဘမဲ့ တွေအရှေ့မှာ မင်း မိဘတွေ ကြီးကျယ် ခမ်းနားတဲ့ အကြောင်း မပြောလိုက်ပါနဲ့ ။

မပြည့်စုံလို့ မပျော်ရွှင်တဲ့သူတွေ ရှေ့မှာ မင်း ပြည့်စုံလို့ ပျော်ရွှင်နေတာကို မပြောလိုက်ပါနဲ့ ။

သူတို့ ဒဏ်ရာ အပေါ်မှာ မင်း ကခုန်နေမယ် ဆိုရင် သူတို့ သေလုမတတ် ခံစားရလိမ့်မယ် ။



(( ပုရွက်ဆိတ် သေရင် ငှက် စားသလို ၊ ငှက် သေရင်လည်း ပုရွက်ဆိတ် ပြန်စားတယ် ။ ))

အတွေး

Wednesday, September 11, 2013

အစကကြိုသိခဲ့ရင်


" အစက ကြိုသိခဲ့ရင်ကွယ် "

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှစ်ခုလဲကွ"
"အင်း... အဲ ဘယ်နှစ်ခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဗူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

ကလေးအတွေး

 
ကလေးအတွေး
Monday, September 9, 2013

မောင်ကျေးညိုလေး မနေ့က ကျောင်းပျက်လို့ ဆရာမက စစ်ဆေးနေတယ်... ...

"မင်း... မနေ့က ဘာလို့ ကျောင်းပျက်တာလဲ"

"ကျနော်တို့က မွေးမြူရေးလုပ်ပါတယ် ဆရာမ"
"အင်း... "

"မနေ့က အိမ်ကနွားမကြီး ဇီးတင်ဖို့ ရှိပါတယ်"
"အဲဒီတော့..."

"အဲဒါနဲ့ ဟိုဘက်ရွာမှာ နွားသိုးသွားဆွဲဖို့ ကျနော့်ကို အဖေကခိုင်းလို့ပါ"
"ဟဲ့... အဲဒါ မင်းအဖေ သူ့ဟာသူ လုပ်လို့ရရဲ့သားနဲ့"

"ဟာ... အဖေနဲ့မရဘူး ဆရာမ၊ နွားသိုးနဲ့မှ ရတာ"


(တွေးတွေးပြီးတော့မှ ရယ်ပါ)

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

တိုက်တိုက်ဆိုင်ဆိုင်

 
"နောက်တစ်ကျင်းမှာ"

လူတစ်ယောက် ဂေါက်ရိုက်နေရင်းနဲ့ သူရောက်နေတာ ဘယ်နှကျင်းမြောက်လဲ မသိဘူးဖြစ်နေတယ်
ဒါနဲ့ သူ့ရှေ့တစ်ကျင်းမှာ ရိုက်နေတဲ့ အမျိုသမီးကို သွားမေးလိုက်တော့... ...

"ကျမက ၇ ကျင်းရောက်ပြီ၊ ရှင်က ကျမနောက်ကကျင်းဆိုတော့ ၆ ကျင်းမြောက်ပေါ့"
"ဟုတ်ကဲ့"

... ဆိုပြီး ဆက်ရိုက်သွားတာ ခဏနေတော့ ဘယ်နှကျင်းရောက်မှန်း မသိပြန်ဘူး
ရှေ့တကျင်းမှာ ရိုက်နေတဲ့ ခုန အမျိုးသမီးကို မေးရပြန်တယ်

"ကျမက ၁၆ ကျင်းမှာ၊ ရှင်က နောက်ကကျင်း ဆိုတော့ ၁၅ ကျင်းပေါ့"
"ကျေးဇူးပါ အစ်မ"

ဒီလိုနဲ့ ဂေါက်ရိုက်ပြီးလို့ ဂေါက်ကလပ်က ကော်ဖီဆိုင်မှာ ခုနက အမျိုးသမီးထိုင်နေတာနဲ့ သွားနုတ်ဆက်ရင်း စကားပြောဖြစ်ကြတယ်... ...

"ကွင်းထဲမှာ ကူညီပေးတာ ကျေးဇူးပါ အစ်မ"
"ရပါတယ် ရှင်"

"အစ်မက ဘာအလုပ်များ လုပ်ပါသလဲ"
"အရောင်းကိုယ်စားလှယ်ပါ"

"ဟောဗျာ တူနေပြီ၊ ကျနော်လည်း အရောင်းကိုယ်စားလှယ်ပဲ"
"ဟုတ်လား"

"အစ်မက ဘာရောင်းတာလဲ"
"အမျိုးသမီး လစဉ်သုံးပစ္စည်း"

"ဟာ... အလုပ်မှာလည်း အစ်မနောက်က ကျင်းပဲဗျို"
"ဟင်... ရှင်က ဘာရောင်းလို့လဲ"

"အိမ်သာသုံး စက္ကူ"
"အမ်မလေးတော်..."


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

မီးစင်ကြည့်ကခြင်း

 
"အခြေအနေအရ"
Tuesday, September 10, 2013

ချောင်းစပ်မှာ...
တရားမှတ်နေတုန်း အသံကြားလို့ကြည့်လိုက်တာ
မိန်းကလေးတစ်ယောက် အဝတ်အစားတွေချွတ်နေတာ မြင်လိုက်ရတယ်
ဒါနဲ့ တိုင်တည်လိုက်တယ်... ...

"အို ဘုရားသခင်၊ ကျွန်ုပ်မျက်လုံးများကို ပိတ်ပေးတော်မူပါ"
. .
. .
. .
ငါးမီနစ်လောက်နေလို့ ပြန်ကြည့်လိုက်တော့
ကောင်မလေးက ကိုယ်တုံးလုံးလေး ဖြစ်နေပြီ
ဒါနဲ့ ကိုယ်ပေါ်ကဝတ်ရုံကို ဆွဲချွတ်လိုက်ရင်း တိုင်တည်လိုက်တယ်...

"အို ဘုရားသခင်၊ အရှင့်မျက်လုံးများကို ပိတ်ထားတော်မူပါ"


-ဘာသာပြန်ဟာသ ဖြစ်ပါတယ်
သန်၎ကို
https://www.facebook.com/thanlayko
ဟာသဗိမာန်-ဆရာသန်

ငါတော်တော်မူးနေတာကိုး

 
"မူးတာကိုး"

မိန်းမလုပ်သူက သူ့ကောင်လေးနဲ့ အိပ်နေတုန်း ယောက်ျားလုပ်သူ ပြန်လာသံကြားလိုက်တယ်
ကောင်လေးက ထွက်ပြေးမလို့ ပြင်တော့... ...

"နေ.. နေ မောင်လေး၊ အိပ်ယာထဲမှာပဲ ဟန်မပျက်နေ၊ ကိစ္စမရှိဘူး၊ သူမူးလာတာ"

ခဏနေတော့ သူ့ယောက်ျား အိပ်ယာထဲဝင်လာတယ်
ဟုတ်ပါ့၊ သူ့မိန်းမရဲ့ ဟိုဖက်ဘေးမှာ လူတစ်ယောက် အိပ်နေမှန်း မသိဘူး
ဒါပေမယ့် စောင်အောက်ကထွက်နေတဲ့ ခြေထောက်တွေကို မြင်တော့ ကိုငမူးက မေးတယ်... ...

"အား မီးမ၊ အိပ်ယာပေါ်မှာ မင်းရယ် ငါရယ်ပဲရှိတာ ခြေထောက်က ခြောက်ခြောင်း ဖစ်နေပါရားကွ"
"ရှင် တအားမူးနေပြီ၊ လေးခြောင်းထဲပါ"

"ခြောက်ခြောင်းပါကွ"
"ကဲ အောက်ကိုဆင်းပြီး ကုတင်ခြေရင်းကနေ သေချာသွားရေကြည့်"

"အေး... "

ကိုငမူး ကုတင်ခြေရင်းဖက် ဆင်းသွားတယ်
ပြီးတော့ ခြေထောက်တွေကို ပြန်ရေတယ်... ...

"တစ်... နှစ်... သုံး ... လေး၊ အဲ ဟုတ်သား၊ လခွီး ငါတော်တော်မူးနေတာပဲ"



သန်၎ကို-ဘာသာပြန်သည်

Monday, September 9, 2013

အမေ့ပြေစာ

 
အမေ့ပြေစာ
_________

သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက် တော်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်

စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။

ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့

အမေ့အပေါ် ကျန်ရှိသော အကြွေးများ...

၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်

ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။

နိုင်းနိုင်းစနေ (Wednesday, August 06, 2008

အစက ကြိုသိခဲ့ရင်ကွယ်--

 
" အစက ကြိုသိခဲ့ရင်ကွယ် "

လူရွယ်လေးတစ်ယောက် ဆေးဆိုင်တစ်ဆိုင်ထဲ ဝင်လာတယ်
ဆိုင်ရှင်ဦးလေးကြီးက မေးတယ်... ...

"ဘာလိုချင်လို့လဲ ငါ့တူ"
"အဲ... ကွန်ဒုံ"

"ဘယ်နှစ်ခုလဲကွ"
"အင်း... အဲ ဘယ်နှစ်ခု ဝယ်ရပ့ါ"

"ကိုယ့်ဟာကိုတောင် ဘယ်နှစ်ခုလိုအပ်မှန်း မသိဘူးလား"
"အော် ဦးလေးကလည်း၊ ကောင်မလေးနဲ့က ဒီနေ့ညမှ အပြင်မှာ နှစ်ယောက်ထဲ တွေ့ရမှာဗျ"

"အော်... "
"ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေး"

ဒါနဲ့...
ကောင်လေးလည်း ကွန်ဒုံဗူးကို ဘောင်းဘီအိတ်ထဲထည့်ပြီး ကောင်မလေးအိမ်ကို ချီတက်ခဲ့တယ်
ကောင်မလေးမိဘတွေက သူ့ကို တွေ့ဖူးချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်ပြော၊ ပြီးတာနဲ့ ကောင်မလေးကို အပြင်ခေါ်ထုတ်ပြီး အခြေအနေကောင်းရင်တော့ ... အိုကေပေါ့ အကြံဆိုးကြီးနဲ့

ကောင်မလေးအိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့်ဖြစ်နေပြီ
ဒါပေမယ့်...
ကောင်မလေးရဲ့ အဖေ အလုပ်ကပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
တော်တော်လေးကြာတော့ သူ့အဖေပြန်ရောက်လာတယ်
ဒါနဲ့ ထမင်းဝိုင်းမှာ ထိုင်ကြရော...
ဘာသာရေးထုံးစံအရ ညစာမစားခင် ဆုတောင်းကြတယ်

ခက်တာက...
ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးခေါင်းက တော်တော်နဲ့ပြန်မော့မလာဘူး
အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက တိုးတိုးလေးကပ်ပြောတယ်... ...

"မောင် ဒီလောက်ထိ ဘာသာတရားကိုင်းရှိုင်းမှန်း အစ,က ကျမ မသိဘူး"

ဒီတော့ ကောင်လေးက ပြန်ပြောတယ်... ...

"လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်ဟာ ချစ်လေး ဖေဖေမှန်း၊ မောင်လည်း အစ,ကမသိဘူး"... တဲ့။

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko