ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, April 30, 2013

သိမ်မွေ့စွာဆက်ဆံတတ်ကြပါစေ




တစ်နေ့မှာ လူစိမ်းတစ်ယောက်နဲ့ ကျွန်မ လမ်းမှာ မတော်တဆတိုက်မိတယ်။ ကျွန်မကလည်းအိုကျွန်မကိုခွင့်လွတ်ပါ လို့ ပြောလိုက်တယ်။ အဲဒီ လူစိမ်းကလည်း ကျွန်တော်ကမကြည့်လိုက်မိတာပါ၊ ခွင့်လွတ်ပါဗျာ လို့ ပြန်ပြောတယ်။ အဲဒီသူစိမ်းနဲ့  ကျွန်မကအရမ်းကို ယဉ်ကျေးစွာနဲ့ လမ်းခွဲလိုက်ကြတယ်။

ဒါပေမယ့်အိမ်မှာကျွန်မတို့ ချစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ ကျတော့ အရမ်းကို ကွာခြားသွားပြီ။အဲဒီနေ့ ညနေမှာ ကျွန်မညနေစာကို ချက်ပြုတ်ပြင်ဆင်နေတဲ့အခါမှာ ကျွန်မသားလေးကကျွန်မလေးမှာ ငြိမ်ငြိမ်လေးလာရပ်နေတယ်။ ကျွန်မ အနောက်ကိုလှည့်လိုက်တော့ သူ့ ကိုတိုက်မိတော့မလိုဖြစ်သွားတယ်။

ကျွန်မကလည်းမျက်မှောင်ကြုပ်ပြီး ရှေ့ ကနေဖယ်စမ်း လို့ ပြောလိုက်တယ်။ သားလေးက စိတ်မကောင်းစွာနဲ့ ထွက်သွားပေမယ့် ကျွန်မကတော့  သားကိုပြင်းပြင်ထန်ထန်ပြောမိသွားတယ်ဆိုတာကို သတိမထားမိဘူး။ ညဘက် ကျွန်မအိပ်ရာပေါ်မှာလှဲနေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ အသံတော်ကို တိုးတိုးလေးကြားလိုက်တယ်။အသံတော်ပြောတာက သူစိမ်းနဲ့ ဆက်ဆံတဲ့အခါမှာကျတော့ ယဉ်ကျေးသိမ်မွေ့ ပြီးတော့၊ကိုယ်ချစ်တဲ့ကိုယ်သွေးသားနဲ့ ဆက်ဆံတာကကျတော့ ဘာလို့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရတာလဲတဲ့။

မီးဖိုချောင်ကြမ်းပြင်ကိုသွားကြည့်လိုက်ပါဦး။ တံခါးနားမှာ ပန်းတွေကျနေတာကို တွေ့ လိမ့်မယ်။အဲဒီပန်းလေးတွေကို သမီးကို ပေးဖို့ အတွက် သူကိုယ်တိုင်ခူးလာတာပါ။ အပန်းရောင်၊အ၀ါရောင်နဲ့ အပြာရောင်တွေ စုံလို့ ပေါ့။ သမီးကို အံ့သြသွားစေချင်လို့ သူတိတ်တိတ်လေးရပ်နေရှာတာပါ၊ သူ့ မျက်ဝန်းထဲက မျက်ရည်တွေကို သမီးတခါမှ မမြင်ဘူးမလားလို့ အသံတော်က ဆက်ပြောတယ်။

အဲဒီအချိန်မှာကျွန်မက အရမ်းကို စိတ်မကောင်း၊ သိမ်ငယ်စိတ်ဝင်လာပြီးတော့ ကျွန်မရဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာတယ်။ ပြီးတော့ ကျွန်မ သားလေးအိပ်ရာနားဆီကို တိတ်တိတ်လေးသွားပြီးအိပ်ရာဘေးမှာ သွားဒူးထောက်လိုက်တယ်။ ထပါဦးသားလေးရယ်၊ ဒီပန်းလေးတွေက မေမေ့အတွက်သားလေးခူးလာပေးတာလားလို့  ကျွန်မ သားကို ပြောလိုက်တယ်။ သားလေးက ဒီပန်းတွေကိုဟိုးအပင်နားမှာ တွေ့ တာမေမေ၊ ပန်းလေးတွေက မေမေ့လိုပဲ အရမ်းလှလို့ သားခူးလာတာပါတဲ့။မေမေက အထူးသဖြင့် အပြာရောင်ပန်းလေးတွေကို ကြိုက်မယ်ဆိုတာကို သားသိတယ်လေတဲ့။

ကျွန်မက  မေမေဒီနေ့ သားကို ပြူမူလိုက်တဲ့ အမူအရာ အတွက် တောင်းပန်ပါတယ်ကွယ်၊ သားကိုမေမေ အဲလို မအော်သင့်ပါဘူး လို့ ပြောတော့ သားလေးက ရပါတယ်မေမေရယ်၊ မေမေ့ကိုသားချစ်တယ်တဲ့။ ကျွန်မကလည်း သားကိုလည်း   မေမေချစ်တာပေါ့။ နောက်ပြီး သားခူးလေပေးတဲ့ဒီအပြာရောင်ပန်းလေးကိုလည်း   မေမေအရမ်းကြိုက်ပါတယ်ကွယ်လို့ သားကို ပြန်ပြောလိုက်တယ်။


 


ဒီကဗျာလေးမှာဖော်ပြထားတာကတော့ ကျွန်မတို့ ဟာ ကျွန်မတို့ နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေအပေါ်ဆိုရင်ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ဆက်ဆံတတ်ပေမယ့် ကျွန်မတို့ချစ်ခင်တဲ့လူတွေအပေါ်မှာတော့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံမိတယ်ဆိုတာကို မီးမှောင်းထိုးပြနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် ကျွန်မတို့ချစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယဉ်ကျေးချိုသာစွာပြောဆိုဆက်ဆံချင်းဖြင့် ကျွန်မတို့ ရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင်ပြုပြင်ကြရအောင်နော်။

Family ဆိုတဲ့ ကဗျာလေးကို ပုံပြင်ပုံစံလေးပြန်ဆိုပေးထားတာပါ။ မူရင်း အင်္ဂလိပ်လိုလည်းထည့်ပေးထားပါတယ်။
စနိုး


Family...

I ran into a stranger as he passedby,
"Oh excuse me please" was my reply.
He said, "Please excuse me too;
I wasn't watching for you."
We were very polite, this stranger and I.
We went on our way and we said good-bye.


But at home a different story istold,
How we treat our loved ones, young and old.
Later that day, cooking the evening meal,
My son stood beside me very still.
When I turned, I nearly knocked him down.


"Move out of the way," Isaid with a frown.
He walked away, his little heart broken.
I didn't realize how harshly I'd spoken.
While I lay awake that night in my bed,
God's still small voice came to me and said,
"While dealing with a stranger, common courtesy you
use, but the children you love, you seem to abuse.


Go and look on the kitchen floor,
You'll find some flowers there by the door.
Those are the flowers he brought for you.
He picked them himself: pink, yellow and blue.
He stood very quietly not to spoil the surprise.
You never saw the tears that filled his little eyes."


By this time, I felt very small,
And now my tears began to fall.
I quietly went and knelt by his bed;
"Please wake up, little one," I said.
"Are these the flowers you picked for me?"
He smiled, "I found 'em out by the tree.
I picked 'em because they're pretty like you.
I knew you'd like 'em, especially the blue."


I said, "Son, I'm very sorryfor the way I acted today;
I shouldn't have yelled at you that way."
He said, "Oh, Mom, that's okay. I love you anyway,"
I said, "Son, I love you too,
and I do like the flowers, especially the blue."


Source Unknown



``ငါဘာကောင်လဲ`` မင်းသိလား ဆိုသောသူများဖတ်ရန်-

ငါ-ဘာကောင်လည်း၊ မင်းသိလား" ဆိုသူများဖတ်ရန်။


နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။ သူမတဦးထဲမို့ ကောင်တာနောက်မှာ ရှုပ်ရှက်ခပ်အောင်လုပ်နေရတဲ့အချိန် စိတ်ဆိုးမာန်ဆိုးနဲ့ခရီသည်တယောက် လူတွေကိုတိုးဝှေ့ဖယ်ရှားပြီး ကောင်တာရှေ့ကိုရောက်လာတယ်။ ရောက်တာနဲ့လေယာဉ်လက်မှတ်ကို ကောင်တာပေါ်ခပ်ကြမ်းကြမ်းလေးရိုက်တင်လိုက်ပြီး "ငါ-ဒီလေယာဉ်ကိုစီးမဲ့ ပထမတန်းကခရီးသည်"
အေးဂျင့်-----"ဝမ်းနည်းပါတယ်ရှင်။ ကျမအရမ်းကူညီချင်ပါတယ်။ ဒါပေမဲ့ ဒီရှေ့ကခရီးသည်တွေကိုအရင်ဘိုကင်လုပ်ပေးရအုံးမယ်။ ပြီးရင် အသေအချာပဲရှင့်အလှည့်ရောက်မှာပါ။"
စိတ်ဆိုးမာန်ဆိုးခရီးသည်ကမကြေနပ်စွာနဲ့ သူ့နောက်ကခရီးသည်တွေအကုန်ကြားရလောက်တဲ့လေသံမာနဲ့

"ငါ-ဘာကောင်လည်းဆိုတာ မင်းသိလား။"

အေးဂျင့်လည်း လုံးဝတုန့်ဆိုင်းမှုမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့သူမရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး "ကျေးဇူးပြုပြီးအားလုံးနားထောင်ပေးပါ၊" သူမရဲ့အသံ လေယာဉ်ကွင်းတခုလုံးမှာ ပြတ်သား၊ ကြည်လွင်၊ ကျယ်လောင်စွာထွက်ပေါ်လာတယ်။ "ကျမတို့ရဲ့ဂိတ်အမှတ် ၁၄ မှာ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိပဲ ငါဘယ်သူလဲသိလားလို့မေးနေတဲ့ ခရီးသည်တယောက်ရောက်နေပါတယ်။ သူ့ကိုသိတဲ့သူများရှိခဲ့ရင် လာရောက်နာမည်ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။"

ခရီးသည်တွေအားလုံး ရီမောကုန်ကြတယ်။ အေးဂျင့်က ခပ်ပြုံးပြုံးလေးနဲ့ဆက်ပြီး(မိုက်ခရိုဖုန်းမပါ) "ဝမ်းနည်းပါတယ်ရှင်။ နောက်ကတန်းစီပေးပါ။ ရှင့်အလှည့်ရောက်လာပါလိမ္မယ်။"


``လ`` နဲ့တူတဲ့မိန်းမ

လ နဲ့တူတဲ့မိန်းမ
 
ဂျော်နီလိုချင်သော မိန်းခလေး

ဆရာမ - ဂျော်နီ၊ မင်းအိမ်ထောင်ပြုမယ့် အမျိုးသမီးကို ဘယ်လို အမျိုးအစား ထဲကလိုချင်လဲ။

ဂျော်နီ - လ လို မျိုး မိန်းကလေးပါ ချာမ။

ဆရာမ - အံမယ်။ သားက ကဗျာ ဆန်လို့ပါလား။ လလို အေးချမ်းတဲ့ မိန်းခလေးမျိုးလား။

ဂျော်နီ- မဟုတ်ပါဘူး ချာမ။

ဆရာမ - မှောင်နေချိန်မှာ အလင်းပေးမယ့်သူလား။

ဂျော်နီ - မဟုတ်ပါဘူး ချာမ။

ဆရာမ - လ လေးလိုပဲ လုံးလုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ကောင်းသူလား

ဂျော်နီ - ဟုတ်ပါဘူးချာမ။

ဆရာမ - ကဲ။ ဒါဆိုရင် နင်ယူမယ့် မိန်းခလေးကို ဘာကြောင့် လနဲ့ နှိုင်းရသတုန်း။

ဂျော်နီ - ညမှာ ရောက်လာပြီး နေ့ခင်းကျ ပျောက်စေချင်ပါတယ် ချာမ။

-
Boys will be boys!

ဘီလီဂိတ်ရဲ့အကြံဥာဏ် ၁၁ ခု

ု လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှု ကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

(၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်း ရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီ ဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

(၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။



((မဖတ်ရသေးတဲ့ သူတွေအတွက် စိတ်အဟာရ.. စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား Soup for Soul (motivational essays) page မှပြန်လည်ကူးယူ ဝေမျှပေးလိုက်တာပါ...တစ်စုံတစ်ရာ ခံစားမှု ရနိုင်ပါစေ..++နေမျိုး++))



♥♥ ဘီလ်ဂိတ် ကပေး တဲ့ အကြံဥာဏ် (၁၁) ခု ♥♥

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က ဒီလို အကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှု ကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

(၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

(၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်း ရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီ ဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

(၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။



((မဖတ်ရသေးတဲ့ သူတွေအတွက် စိတ်အဟာရ.. စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား Soup for Soul (motivational essays) page မှပြန်လည်ကူးယူ ဝေမျှပေးလိုက်တာပါ...တစ်စုံတစ်ရာ ခံစားမှု ရနိုင်ပါစေ..++နေမျိုး++))


တရားခံဘယ်သူလဲဟေ့

တရားခံ 


အဝေးပြေးလမ်းတွင်ယာဉ်တိမ်းမှောက်မှု တစ်ခုအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြသည်။

အခင်းဖြစ်ပွားမှုတွင် ယာဉ်ပေါ်တွင်ပါလာသော လူအားလုံးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး

ထို ယာဉ်ပေါ်တွင်ပါလာသော မျောက်တကောင်သာ အသက်ရှင်ကျန်ရစ်သည်။

ရဲများမှာ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရန် အတွက် အခက်တွေ့နေကြသည်။

ကံကောင်းချင်တော့ ထိုကားပေါ်တွင် ပါလာသော မျောက်မှာ လူတို့ပြောစကား နားလည်ပြီး

သူကိုယ်တိုင်ကလဲ ခြေဟန်လက်ဟန်နှင့် ပြန်ပြောနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် အမှုအတွက် အခြားသက်သေများ မရသည့် အဆုံး မျောက်အား အမှုစစ်ကြရသည်။

ရဲအရာရှိ(မေး)။ ။....ကဲဒီကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလာလဲ

မျောက်(ဖြေ) ။ ။၁၄ယောက်(လက်၁၀ချောင်းအပြင်ခြေ ၄ချောင်း ပါ ထောင်ပြသည်)

ရဲအရာရှိ(မေး)။ ။ဟုတ်ပြီ ဒါဆို သူတို့တွေ ဘာလုပ်နေလဲ

မျောက်(ဖြေ)။ ။လက်မကို မော့သည့်ပုံ လုပ်ပြသည်။

ရဲအရာရှိ။ ။သြော် အရက်သောက်ကြတယ်ပေါ့(မျောက်ကထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်)

ရဲအရာရှိ(မေး)။ ။ပြီးတော့ရော

မျောက်(ဖြေ)။ ။ ခုန်ဆွ ခုန်ဆွဖြင့် ကသည့်ဟန်လုပ်ပြသည်(ရဲက သြော် ဒါဆို သူတို့ မူးပြီး ကကြတယ်ပေါ့...မျောက်က ခေါင်းကိုထပ်ညိတ်သည်)

ရဲအရာရှိ(မေး)။ ။ဘယ်နှစ်ယောက်တောင် မူးကြတာလဲ

မျောက်(ဖြေ)။ ။၁၄ ယောက်လုံး (လက်၁၀ချောင်းအပြင်ခြေ ချောင်း ၄ ချောင်းပါ ထပ်ထောင်ပြသည်)

ရဲအရာရှိ။ ။ဟ ဒါဆိုဒရိုင်ဘာ ကရော ဘာလုပ်နေတုန်း

မျောက်(စိတ်မရှည်ဟန်ဖြင့်)။ ။မူးသည့်ဟန်နှင့် ကသည့်ဟန်ပါလုပ်ပြသည်

ရဲအရာရှိလဲ စိတ်ညစ်လာပြီးမေးသည်.....

"ကိုင်း ကားတစီးလုံးက ဒီလိုမူးရူးပြီး ပျော်ပါးနေတာ ကားကို ဘယ်အကောင်မောင်းတုန်းကွ"

ထိုအခါကျမှ မျောက်က သူပြောချင်သည့်အပိုင်းရောက်လာသောကြောင့် ဘ၀င်ကြသွားသည့် ဟန်ဖြင့်

သူ၏ ရင်ဘတ်ကိုကော့ပြီး တဘုန်းဘုန်း ပုတ်ပြလိုက်လေတော့သည်။။

တိန်....(တေရော တေရော တေရော.....)

ရီမောပျော်ရွှင်ပါစေ....


Lon Ely......

ကြွက်သေတစ်ခု အရင်းပြု ပုံပမာ



ခရမ်းချဉ်သီးကပေးတဲ့ အသိ


အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် …. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်.. ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…

စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့ ပြောပါတယ်..

ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့ ပြန်ပြော လိုက်ပါတယ်..

“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ…. ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..

ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……

စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက ၂ဆ ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်..

ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ… သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်.. ညနက်မှ အိမ်ပြန် ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့တိုင်းနေ့တိုင်းကို ၂ဆ ၃ဆ တိုးပွားလာပါတယ်..

မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ……. ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….

၅နှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..

သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်..

ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်… “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ…. တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”

သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..

“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့

ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ် အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်…. ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေ ။



by ပိုးဟပ်ဖြူ

Sunday, April 28, 2013

အချစ်စစ်ဆိုတာ

ချစ်ခြင်းမေတ္တာ...
တခါက အလွန် နွမ်းပါးချို့တဲ့ရှာတဲ့ အဖိုးအိုလင်မယား နှစ်ယောက်ရှိကြပါတယ်...

တစ်နေ့မှာတော့ ရှည်လျားတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုက သူ့ဆံပင်တွေကို သေချာကျနစွာ ဖြီးသင်နိုင်ဖို့အတွက် ဘီးတစ်ချောင်း ဝယ်ပေးဖို့ အဖိုးအိုကို ပူဆာပါလေတယ်...

အဖိုးအိုဟာ အဖွားအိုရဲ့ စကားကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ဘီးဝယ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့အတွက် မဝယ်ပေးနိုင်ကြောင်း ဝမ်းနည်းစွာ ငြင်းဆိုခဲ့ရပါတယ်... အဘိုးအိုဟာ မိမိရဲ့ လက်ပတ်နာရီကြိုးပြတ်သွားတာကိုတောင် ဝယ်လဲဖို့အတွက် ပိုက်ဆံ အလုံအလောက် မရှိကြောင်း အဖွားအိုကို သေချာစွာ ရှင်းပြခဲ့ပါတယ်... အဖွားအိုကလည်း အဖိုးအိုရဲ့ စကားကြောင့် ဘီးဝယ်ပေးဖို့ ထပ်မံမတောင်းဆိုတော့ပါဘူး...

နောက်တစ်နေ့မှာတော့ အဖိုးအိုဟာ အလုပ်ကိုအသွား လမ်းမှာရှိတဲ့ နာရီဆိုင်ကိုဝင်ပြီး သူ့ရဲ့ ကြိုးပြတ်နေတဲ့ လက်ပတ်နာရီလေးကို လျှော့ဈေးနဲ့ ရောင်းပြီး အဖွားအိုအတွက် ဘီးကလေး တစ်ချောင်းကို ဝယ်ယူထားလိုက်ပါတယ်...

ညနေ အိမ်ပြန်ချိန်မှာတော့ အဖွားအိုအတွက် ဘီးကလေးကိုကိုင်ကာ ပျော်ရွှင်စွာ အိမ်ပြန်လာခဲ့ပါတယ်... အိမ်ပြန်ရောက်လို့ အဖွားအိုကို မြင်လိုက်ရချိန်မှာတော့ အဖိုးအိုတစ်ယောက် အလွန်အံ့အားသင့်ခဲ့ရပါတော့တယ်... အကြောင်းရင်းကတော့ အဖွားအိုရဲ့ အလွန်ရှည်လျားတဲ့ ဆံကေသာကိုမတွေ့ရတော့ဘဲ တိုတောင်းတဲ့ ဆံပင်ပုံစံနဲ့ အဖွားအိုကို မြင်လိုက်ရတဲ့အတွက်ပါပဲ... ဒါ့အပြင် အဖွားအိုရဲ့ လက်ထဲမှာလည်း လက်ပတ်နာရီကြိုးအသစ်ကလေးကိုလည်း ကိုင်ထားတာကို တွေ့လိုက်ရပါတယ်...

အဲဒီနောက် အဖိုးအိုနဲ့ အဖွားအိုတို့ဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း မျက်ရည်များကျဆင်းလာကြပါတယ်... သူတို့ နှစ်ယောက် အပြန်အလှန် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ တရားကို နက်ရှိုင်းစွာ ခံစားမိကြလို့ပဲဖြစ်ပါတော့တယ်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့ရဲ့ ဘဝမှာ.....
ကိုယ်ပေးဆပ်ရတဲ့ အချစ် ဆိုတာ နာကျင်ခံစားရတာကလွဲရင် ဘာမှမဟုတ်ပါဘူး...
ကိုယ့်ကိုချစ်တဲ့ အချစ်ကိုရရင်တော့ တစုံတခုကို သင်ပိုင်ဆိုင်ရခြင်းပါ...
ကိုယ်ချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ဦးတစ်ယောက်ထဲသာ ဖြစ်ရင်တော့ သင်ဟာ ကံအကောင်းဆုံးသူပါပဲ...
ဒါကြောင့် သင့်မှာ အဲလိုချစ်ရတဲ့ ချစ်သူရှိခဲ့ရင် သင့်ချစ်သူကို တန်ဖိုးထား မြတ်နိုးကြပါ... အပြန်အလှန် နားလည်ဂရုစိုက်ကြပါ...


Translated by.