ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, July 30, 2013

ကန်ထရိုက်တိုက်ဆိုတာ

တိုးလျှိုပေါက်


နိုင်ငံတော်၏ ခေတ်မှီဖွံဖြိုးတိုးတက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် အိမ်ယာစီမံကိန်းများ ကိုအကောင်အထည်ဖော်၏။

နိုင်ငံတော်အိမ်ယာစီမံကိန်းအရ ဆောက်လုပ်ပီးသော အခန်းပေါင်းများစွာပါရှိသည့် လူနေတိုက်ကြီးများကို ကော်မရှင်အဖွဲ့က လိုက်လံစစ်ဆေးရ၏။

အခန်းနံရံ အထူအပါးကို အသံဖြင့် စစ်ဆေးရန် ဆုံးဖြတ်လိုက်ကြသည်။သို့ဖြင့် အိမ်ခန်းတခုစီ သို့ အဖွဲ့ဝင် နှစ်ဦးစီ ၀င်သွားကြသည်။

မိမိဝင်သော အခန်းမှနေ၍ ကပ်လျက်ရှိသော အခန်းသို့ အော်ပြောသည်။

စတင်စစ်ဆေးသော ကော်မရှင်အဖွဲ့ဝင် ဥိးဘမောင်မှ

" ဟေ့...ဦး သံချောင်း ၊ ခင်ဗျား ကျနော့် အသံကို ကြားရရဲ့လား..."

ဦးသံချောင်းပြန်ပြောလိုက်တာက...

" ဦးဘမောင်...ခင်ဗျား အော်မနေနဲ့...ခင်ဗျားကို..ကျနော် မြင်နေရတယ်....".....တဲ့...........

တိန်..။

မှ....ကိုလုံ......ရီမောပျော်ရွှင်ပါစေ.....

ကျွန်တော်ခုတ်တာပါ

ကျနော် ခုတ်တာပါ

-------------------

လယ်သမား တစ်ဦးက ၁၀ နှစ်အရွယ် သူ့သားလေးကို ယခုလို ခေါ်ပြီး မေး ပါတယ်။

"သားလေး။ ဟိုချယ်ရီပင်ကို မင်းခုတ်ခဲ့တာလား"

သားငယ်ကလည်း ဂုဏ်ယူစွာနဲ့ "ဟုတ်တယ် ဖေဖေ၊ သားခုတ်ခဲ့တာပါ။ မလိမ်ပါဘူး" လို့ ဖြေပါတယ်။

ဒီတော့ သားကို ဖအေဖြစ်သူက နားရင်းရိုက်ဆုံးမပါတော့တယ်။ ဒါကြောင့် သားဖြစ်သူက အဖေ့ကို -

"ဂျော့ဝါရှင်တန် ကလေးဘဝက သစ်ပင်ခုတ်တော့ သူ့အဖေ ခုလို မရိုက်ပါဘူး အဖေ" လို့ ငိုကြီးချက်မနဲ့ ပြောပါတယ်။

ဒီတော့ အဖေဖြစ်သူက အောက်ပါအတိုင်း ပြောပါတယ်။

"အေး ဂျော့ဝါရှင်တန် ချယ်ရီပင် ခုတ်တုန်းက အပင်ပေါ်မှာ သူ့အဖေ ရှိမနေဘူးကွ"

--------------
-------------
သင်ခန်းစာ -

ဘယ်အလုပ်ဖြစ်ဖြစ် ချီးကျူးထောပနာခံရဖို့ ကြိုးစားတဲ့အခါ ကိုယ့် ကြောင့် ထိခိုက်သူ မရှိအောင် အရင်စူးစမ်း လေ့လာ သင့်ပါတယ်။
-
Ref:enterjoke

ရိုးရာလေး

အရှုံးမပေးနဲ့


Orison Swett Marden က ဒီလိုပြောခဲ့ဖူးပါတယ်။


"မွေးဖွားရာ ပတ်ဝန်းကျင်၊ နေရာဒေသက အရာရာကို ဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဘယ်လိုပတ်ဝန်းကျင်မှာပဲ မွေးဖွားခဲ့ပါစေ... ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်မှ ကြီးမြတ်တဲ့အောင်မြင်မှုကိုရမှာဖြစ်တယ်။

သူဌေးသားသမီးတိုင်း ကံကောင်းတယ်လို့ မထင်ကြနဲ့။ တချို့သူဌေးသားတွေက ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ကြရတယ်။ ဥစ္စာပစ္စည်းတွေရဲ့ ဖြားယောင်းမှုကို သူတို့မတွန်းလှန်နိုင်ခဲ့လို့ ဒုက္ခတွင်းနက်ထဲ ကျခဲ့ကြတယ်။ စည်းစိမ်ချမ်းသာမှုနဲ့ ပျော်ပါးကြီးပြင်းလာတဲ့ ကလေးတွေက ဆင်းရဲတွင်းက ကြီးပြင်းရုန်းထလာကြတဲ့ ကလေးတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ခဲ့ဘူး။ ဆင်းရဲသားကလေးတွေ အထူးသဖြင့် ဆင်းရဲလွန်းလို့ ကျောင်းနေဖို့အခွင့်အရေးတောင် မရှိကြတဲ့ကလေးတွေက အရွယ်ရောက်ပြီးနောက် အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ဖြစ်လာတယ်။ ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးမှာ ချမ်းသာကြွယ်ဝတဲ့အမွေကို ဆက်ခံနိုင်စွမ်းရှိပါတယ်"

အမေရိကန်က နာမည်ကြီးထင်ရှားသူတို့ရဲ့ ကြိုးစားရုန်းကန်ခဲ့တဲ့သမိုင်းကို ပြန်လှန်ကြည့်ရင် အောင်မြင်သူအများစုက ဆင်းရဲသားမိသားစုကလေးတွေ ဖြစ်နေတာကိုတွေ့ရတယ်။

၂ဝရာစုနှစ်ဦးက သံ၊ သံမဏိလုပ်ငန်းရှင် ကမ္ဘာကျော်သူဌေးကြီး Andrew Carnegie က ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံကဖြစ်တယ်။ Carnegie လုပ်ငန်းစဝင်စ အလုပ်က ဘွိုင်လာအိုးလုပ်သားဖြစ်တယ်။

ကမ္ဘာကျော် Ford ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Fordက လယ်သမားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်တယ်။ ဖခင်က Fordကို လယ်သမားတစ်ဦးဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တစ်ပြားတစ်ချပ်မှမပါဘဲ မြို့ပေါ်တက် သူအလုပ်ရှာခဲ့တယ်။

HP (Hewlett-Packard Company) ကုမ္ပဏီကို William Hewlett နဲ့ David Packard တို့တည်ထောင်စက သူတို့ရဲ့ရင်းနှီးမြှုပ်နှံငွေက ၅၃၈ ဒေါ်လာဖြစ်ပြီး ကုမ္ပဏီတည်နေရာက သူတို့ရဲ့ကားဂိုဒေါင်မှာဖြစ်တယ်။

အသက်မွေးဝမ်းကျောင်းထဲမှာ သတင်းစာရောင်းတဲ့အလုပ်က စားသာတဲ့အလုပ်မဟုတ်ခဲ့ဘူး။ ဒီအလုပ်ကို လူတစ်ချို့က စားဝတ်နေရေး ဖူလုံဖို့ မျှော်ကိုးခဲ့တယ်။ အမေရိကန်က လူအများလေးစားတဲ့ Edisonကလည်း ငယ်စဉ်ကတည်းက သတင်းစာရောင်းသူဖြစ်ခဲ့တယ်။ (၁ဝ)နှစ် အရွယ်တည်းက Edisonဟာ ဓာတုစမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ တစ်ခါကရထားပေါ်မှာ သတင်းစာရောင်းရင်း စမ်းသပ်မှုတစ်ခုကို သူလုပ်ခဲ့တယ်။ အရှိန်နဲ့ရထားကွေ့ချိန်မှာ သူစမ်းသပ်နေတဲ့ အက်စစ်တွေဖိတ်ကျ လွှင့်စင်ပြီး အနံ့ဆိုးတွေထွက်၊ မီးလောင်ခဲ့တယ်။ လူတွေရဲ့ ပြစ်တင်ဆဲဆိုတာကို ခံရတဲ့အပြင် ရထားတွဲခေါင်းဆောင်ရဲ့ လက်ဖဝါးဒဏ်နဲ့အတူ ရထားပေါ်က သူမောင်းချခံခဲ့ရတယ်။

ကျွန်ရောင်းဝယ်ရေးစနစ်ကို ချေဖျက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့(၁၆)ဦးမြောက် သမ္မတလင်ကွန်းဟာ ငယ်စဉ်တည်းက မီးလင်းဖိုရဲ့အလင်းနဲ့ စာတွေကျက်မှတ်ခဲ့ရတယ်။ စာအုပ်တွေဝယ်ယူဖို့အတွက် ကီလိုမီတာ(၇ဝ)နီးပါး သူလမ်းလျှောက်ခဲ့ရတယ်။ ဘာအမွေစားအမွေခံမှ သူမရခဲ့သလို ဘယ်လိုကံကောင်းမှုမျိုးနဲ့မှ သူမကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူအောင်မြင်ခဲ့တယ်၊ ရှေ့ဆက်တဲ့သူ့လမ်းတွေ ထွန်းတောက်ခဲ့ရတာက သူရဲ့မဆုတ်မနစ် ကြိုးစားမှုနဲ့ ဖြောင့်မှန်မှုကြောင့်ဖြစ်တယ်။

(၁၇)ဦးမြောက် အမေရိကန်သမ္မတ Andrew Johnson ဟာ ငယ်စဉ်တည်းက အဝတ်ချုပ်ဆိုင်မှာ အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျောင်းလဲကောင်းကောင်း တက်ခဲ့ဖူးသူမဟုတ်ဘူး။ ဒါပေမယ့် သစ်သားအိမ်လေးထဲမှာနေပြီး စာမသင်ခဲ့ဖူးတဲ့၊ ဘာအခြေအမြစ်မှ မရှိသူတစ်ဦးက အမေရိကန် ပြည်တွင်းစစ်အတောအတွင်းမှာ သမ္မတဖြစ်လာခဲ့တယ်။ သူရဲ့ပြည့်စုံတဲ့ အလေ့အကျင့်၊ အတွေ့အကြုံကြောင့် တစ်လောကလုံးကို အောင်နိုင်ခဲ့သူဖြစ်ပြီး ကျေးကျွန်ပေါင်း ၄သန်းကို လွှတ်ငြိမ်းခွင့်ပေးခဲ့သူဖြစ်တယ်။

တစ်ခါက ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးရှိခဲ့တယ်။ ဖခင်သေဆုံးချိန် အခေါင်းဝယ်စရာ ပိုက်ဆံမရှိခဲ့လို့ အိမ်နီးချင်းတွေက ဝယ်ပေးခဲ့ရတယ်။ ဖခင်သေဆုံးပြီးနောက် မိခင်က ထီးစက်ရုံမှာ တစ်နေ့(၁ဝ)နာရီ အလုပ်ဝင်လုပ်ခဲ့ပြီး အလုပ်ဆင်း အိမ်ပြန်ချိန်မှာတောင် လုပ်စရာအလုပ်တွေ ယူလာတတ်ခဲ့သေးတယ်။

ဒီလိုအခြေအနေမှာ ကြီးပြင်းခဲ့တဲ့သူဟာ တစ်ခါက ဘုရားကျောင်းမှာကျင်းပတဲ့ ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့တယ်။ ဟောပြောပွဲက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဟောပြောဆရာလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ တစ်ခါသာကြုံခဲ့တဲ့ အတွေ့အကြုံက နောက်တစ်ချိန်မှာ အောင်မြင်ဖို့ သူ့အတွက်လမ်းစဖြစ်ခဲ့တယ်။ အသက် (၃ဝ) မှာ နယူးယောက်လွှတ်တော်အမတ်အဖြစ် သူဝင်ရွေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လွှတ်တော်အမတ်တစ်ဦးရဲ့ တာဝန်နဲ့ဝတ္တရားတွေအတွက် သူပြင်ဆင်ချိန်မရခဲ့ဘူး။

ပညာအရည်အချင်းနိမ့်ပါးခဲ့လို့ အလုပ်မှာ အခက်ခဲပေါင်းစုံ သူကြုံခဲ့ရတယ်။ အလုပ်နဲ့ပတ်သက်တဲ့ စာရွက်၊ အမှုအခင်းတွေကို သူမဖတ်နိုင်ခဲ့ဘူး။ တချို့စာလုံးတွေကို သူနားမလည်ခဲ့ဘူး။ အဲဒီအတွက် သူနောင်တရ စိတ်ညစ်ခဲ့တယ်။ အလုပ်ကထွက်ဖို့အထိ သူစဉ်းစားခဲ့ပေမယ့် မိခင်ကြောင့် သူအလုပ်မထွက်ဖြစ်ခဲ့ဘူး။ အခက်အခဲကြောင့် နောက်မတွန့်ဖို့၊ နိမ့်ပါးတဲ့ ဗဟုသုတတွေအတွက် စိတ်မကောင်းမဖြစ်ဖို့ တစ်နေ့ကို စာ(၁၆)နာရီဖတ်ပြီး သူ့ကိုယ်သူ နှစ်သိမ့်သင်ယူခဲ့တယ်။

ကျောင်းပညာ ကောင်းကောင်းမသင်ကြားခဲ့ရတဲ့ ငယ်ဘဝကို သူမေ့ပစ်ခဲ့တယ်။ (၁ဝ)နှစ်လွန်မြောက်ပြီးနောက် Smithဟာ နယူးယောက်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ သြဇာအာဏာရှိသူဖြစ်လာခဲ့တယ်။ နာမည်ကောင်း ဆုတံဆိပ်တွေ မကြာခဏရရှိသူဖြစ်ခဲ့ပြီး (၄)ကြိမ်ဆက်တိုက် နယူးယောက်စတိတ် အုပ်ချုပ်သူအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Oxford တက္ကသိုလ်၊ Colombia တက္ကသိုလ်စတဲ့ တက္ကသိုလ်ပေါင်း ခြောက်ခုက ဘွဲ့တံဆိပ်တွေကို ရရှိခဲ့တယ်။ အောက်ခြေနိုင်ငံရေးသမားဘဝကနေ တစ်နိုင်ငံလုံး လေးစားအားထားတဲ့ နိုင်ငံရေးသမားဖြစ်အောင် သူကြိုးစားခဲ့တယ်။ အဲဒီလူက နယူးယောက်ပြည်သူလူထုတွေ အကြိုက်နှစ်သက်ဆုံးသူအဖြစ် နယူးယောက်တိုင်းမ်မှာ ဖော်ပြခံခဲ့ရတဲ့ Adam Smith ပဲဖြစ်ပါတယ်။

နှစ်ကြိမ်ဆက်တိုက် အမေရိကန်သမ္မတအဖြစ် အရွေးခံခဲ့ရတဲ့ Stephen Grover Cleveland ရဲ့ ငယ်ဘဝက သာမန် အရောင်းဆိုင်ဝန်ထမ်းဖြစ်တယ်။ သူ့ဝင်ငွေက တစ်နှစ်မှာ (၁ဝ)ဒေါ်လာဝန်းကျင်သာရှိခဲ့တယ်။ နောက်ပိုင်း သူ့အောင်မြင်မှုကို ခွဲခြမ်းစိတ်ဖြာရာမှာ Cleveland က "ဆင်းရဲခြင်းကဖြစ်လာတဲ့ အာသီသတွေဟာ တကယ့်ကိုအင်အားရှိစေခဲ့တယ်" လို့ ပြောခဲ့တယ်။

အထက်ကပြောခဲ့တဲ့လူတွေရဲ့ ဘဝအစက ဆင်းရဲခြင်းနဲ့ပဲ စခဲ့ကြတယ်။ ဒါပေမယ့် ကံတရားကို သူတို့အပြစ်မတင်ခဲ့ဘူး။ ဘဝကို မကျေမနပ်မညည်းတွားခဲ့ဘူး။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်ချက်က ရှေ့ဆက်တိုးမယ့်သူတို့အတွက် ခွန်အားတွေဖြစ်ခဲ့တယ်။ နောက်ဆုံး လက်ဗလာနဲ့ စခဲ့တဲ့ဘဝကနေ အောင်မြင်မှုအလံကို ပိုင်ပိုင်နိုင်နိုင် သူတို့ ဆုပ်ကိုင်နိုင်ခဲ့ကြတယ်။

ကြီးမြတ်တဲ့ သူရဲကောင်းတွေ၊ အောင်မြင်သူတွေရဲ့ ဘဝအများစုက ဆင်းရဲသားဘဝက စခဲ့တယ်။ ကံတရားရဲ့ ထိုးနှက်ချက်အောက်မှာ ကြံ့ကြံ့ခံပြီး ခွန်အားတွေကို သူတို့စုခဲ့တယ်။

စပိန်စာရေးဆရာ Miguel de Cervantes ထောင်ထဲမှာ ရေးခဲ့တဲ့ Don Quijote de la Mancha စာအုပ်က နာမည်ကျော်စာအုပ်ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ဆင်းရဲလွန်းလို့ စာရေးဖို့စက္ကူတောင် မဝယ်နိုင်ခဲ့ဘဲ သားရေချပ်လေးပေါ်မှာ သူရေးခဲ့တာဖြစ်တယ်။ လူတချို့က သူဌေးတစ်ဦးကိုရှာပြီး သူ့ကိုကူညီဖို့ အကူအညီတောင်းခဲ့ပေမယ့် သူဌေးက "ဒီလိုလူကို ကူညီဖို့ ဘုရားသခင်က ကျွန်တော့်ကိုခွင့်မပြုခဲ့ဘူး။ သူဆင်းရဲနေမှ ဒီလောကကြီး ကြွယ်ဝမှာဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဆင်းရဲသားမိသားစု ဒါမှမဟုတ် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာသူ လူငယ်တစ်ယောက်မှာ ခိုင်မြဲတဲ့ ရည်ရွယ်ချက်ပန်းတိုင် တစ်ခုရှိမယ်ဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို မတားနိုင်ခဲ့ပါဘူး။

ဆင်းရဲဒုက္ခက ပျော့ညံ့သူရဲ့လမ်းကိုသာ ပိတ်ဆို့နိုင်ခဲ့တယ်။ မိမိကိုယ်ကိုယ်ယုံကြည်သူ၊ သတ္တိရှိသူ၊ ဇွဲရှိသူတွေအတွက် ဆင်းရဲဒုက္ခက သူတို့ရဲ့အစွမ်းအစကို ပိုတောက်ပြောင်စေတယ်၊ ဘဝမီးအိမ်ကို ထွန်းညှိပေးတယ်၊ ရှေ့တိုးမယ့် ဆုံးဖြတ်ချက်နဲ့ ဇွဲလုံ့လကို မောင်းပေးတဲ့ နှင်တံဖြစ်ခဲ့တယ်။

Orison Swett Marden က "ဆင်းရဲဒုက္ခက အားကစားလေ့ကျင့်ခန်းက ကိရိယာတွေနဲ့တူတယ်။ ကျွန်တော်တို့ကို သန်မာအောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့်ဆင်းရဲခြင်းက ကျွန်တော်တို့ တာထွက်ကောင်းအောင် ကြိုးစားလေ့ကျင့်ပေးတဲ့ အကောင်းဆုံးကိရိယာဖြစ်တယ်" လို့ ပြောခဲ့တယ်။

"အခက်အခဲကြားကလွတ်အောင် ကျွန်တော်တို့ ကြိုးစားရုန်းကန်တာက ဆင်းရဲခြင်းရဲ့လွတ်လမ်းဖြစ်သလို အောင်မြင်သူဖြစ်ဖို့ အခြေခံနည်းတစ်ခုဖြစ်တယ်"

"တကယ်သတ္တိရှိသူက ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုခံရလေ ကြိုးစားရုန်းကန်လေဖြစ်တယ်။ အခက်အခဲကို ရင်ဆိုင်နိုင်သူ၊ အတားအဆီးကို လှောင်ရယ်နိုင်သူဖြစ်တယ်။ ဆင်းရဲဒုက္ခရဲ့ ထိုးနှက်တာခံရလေ သူ့စိတ်ဆန္ဒ၊ အရည်အချင်း၊ အင်အားနဲ့ ဆုံးဖြတ်ချက်တွေ ခိုင်မာလေဖြစ်တယ်။ ဒီလိုလူမျိုးအတွက် ရှေ့ဆက်မယ့် သူ့ခြေလှမ်းကို ဘယ်လိုကံကြမ္မာ၊ ဘယ်လိုအခက်အခဲကမှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး"


လူထောင်သောင်းမက တားဆီးဟန့်တားနေစေ
သင်ကိုယ်တိုင် အရင်လက်နက်ချအညံ့မခံသရွေ့ သင်မရှုံးဘူး...


မူရင်း... The secret of success inspiring ( D-Man ပြုစုရေးသားတဲ့ ဝယ်ဖတ်ဖြစ်တဲ့စာအုပ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။)

နိုင်းနိုင်းစနေ (Friday, August 14, 2009)
.

မျောက်ငါးကောင်းပုံပြင်

အရူးပါး



(ဘယ်လိုအရူးလဲနော်)

- စိတ္တဇဆေးရုံ တစ်ခုတွင်ဖြစ်သည်။

- လူနာတစ်ယောက် သစ်ပင်ပေါ်ရောက်နေသည်။ ဆရာဝန်တစ်ယောက်က

- အောက်ကနေပြီးဆင်းလာဖို့ပြောနေသည်။

- ဆရာဝန်လက်ထဲကသင်္ကြန်ရေပြွန်သေနတ် တစ်ခုကိုကိုင်ထားလေသည်။

- " ဟေ့ကောင်ဆင်းလာမလားမလာဘူးလားငါပစ်ထည့်လိုက်မယ်နော်"

- " မဆင်းဘူးဆရာပစ်ထည့်ရင်လည်းပစ်ထည့်လိုက်တော့"

- " တကယ်မဆင်းဘူးပေါ့ "

- "မဆင်းဘူးးးးး မဆင်းဘူးးး"

- ဆရာဝန်လည်းကြံရာမရဖြစ်နေတဲ့အချိန်မှာနောက်လူနာတစ်ယောက်

- ရောက်လာသည်။

- အဲ့လူနာကိုအကူအညီတောင်ပြီးလူနာလက်ထဲကိုသေနတ်ပေး

- လိုက်လေသည်။

- သေနတ်ကိုင်ထားတဲ့ဒုတိယလူနာက

- " ဟေ့ကောင်ဆင်းလာမလားမလာဘူးလား ငါကတကယ်ပစ်မှာနော်..."

- " ဟုတ်... ဆင်းလာပါပြီ..မပစ်နဲ့နော်"

- ပထမလူနာကသစ်ပင်ပေါ်ကနေဆင်းလာပြီး ဆရာဝန်က

- " မင်းကငါပြောတုန်းကမဆင်းလာဘူး ဘာလို့သူပြောမှဆင်းလာရသလဲ"

- " ဟာ...ဆရာကလူကောင်းလေတကယ်မပစ်ဘူးဆိုတာကျွန်တော်သိတယ်

အဲ့ကောင်ကအရူးဆရာရဲ့တကယ်ပစ်မှာ...."

- "ဟေ..................#

Saturday, July 27, 2013

အိမ်

 

အိမ်

တစ်ည .... ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။ တံခါးဖွင့်အိမ်ထဲဝင်ပြီး မီးဖွင့်ရင်း မိန်းမဖြစ်သူကို သူလှမ်းအော်တယ်။ ပြန်ထူးသံ မကြားရဘူး။ ခေါင်းငုံ့ဖိနပ်ချွတ်တော့ ဖိနပ်စင်ပေါ်တင်ထားတဲ့ စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။ ကောက်ယူကြည့်တော့ လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။ သူတစ်ချက် တွေဝေသွားတယ်။ သူမ တကယ်လုပ်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။

အရင်တုန်းကလည်း သူတို့ဒီလိုပဲရန်ဖြစ်နေကျ၊ သူ့ကို သူမစိတ်ဆိုးပြီး စကားမပြောတာ ဒါမှမဟုတ် မိဘအိမ်ခဏ ပြန်တာလောက်ပဲရှိခဲ့တယ်။ နောက်တော့လည်း အလိုအလျောက် ပြန်ကောင်းသွားတာပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူမ တကယ်လုပ်လိုက်မှန်း သိသာနေတယ်။

သမီးလေးအတွက် အုပ်ထိန်းသူ အစည်းအဝေးသွားဖို့ သူ မအားဘူး၊ အချိန်မရှိဘူးလို့ ပြောလိုက်တာနဲ့ သူမ စိတ်တိုပြီး "ရှင်တစ်နေကုန် တစ်နေခန်း နေဝင်နေထွက် အလုပ်တွေများနေလိုက်တာ ကျွန်မနဲ့သမီးလေး၊ နောက်ပြီး ဒီအိမ်ကိုရော ရှင်စိတ်ထဲမှာ ထည့်ထားရဲ့လား? ဒီလိုဘဝမျိုး ကျွန်မ မလိုချင်တော့ဘူး။ ကျွန်မတို့ ကွာရှင်းမယ်" လို့ ပြောတော့ ဒါတွေဟာ ဘာမှမဖြစ်လောက်တဲ့အရာတွေ၊ ဘယ်အရာကမှာ အလုပ်လောက် အရေးမကြီးဘူး။ အလုပ်ကို အလေးထားတာဟာ ဒီမိသားစု၊ ဒီအိမ်ကို အလေးထားတာပဲလို့ သူထင်ထားခဲ့တယ်။ သူ့လုပ်ရပ်တွေမမှားဘူးလို့ သူထင်ခဲ့တယ်။ အခုတော့ ဟာလာဟင်းလင်း ဒီအိမ်ကြီးထဲမှာ သူရပ်နေခဲ့တယ်။ မိန်းမ မရှိတော့တဲ့အိမ်ကို အိမ်လို့တင်စားလို့မရတော့မှန်း အခုမှ သူခံစားမိတယ်။ သူ့ရဲ့အောင်မြင်မှုကို အတူမျှဝေမယ့်မိန်းမ,မရှိတော့ အောင်မြင်မှုတွေက အဓိပ္ပာယ်မဲ့သွားတယ်လို့ သူထင်နေမိတယ်။

နောက်တစ်နေ့မှာ သူ့မိဘအိမ် သူပြန်ခဲ့တယ်။ မိဘတွေက သူ့ကိုတွေ့တော့ တအံ့တသြနဲ့မေးတယ်။

"သား ဒီလောက်အလုပ်များတာတောင် အိမ်ပြန်လာချိန်ရှိသေးတယ်လား သား? တစ်ခုခုဖြစ်လာခဲ့သလား? ကလေးအမေနဲ့ ရန်ဖြစ်လာကြတာလား?"

ဆက်တိုက်မေးတဲ့မေးခွန်းတွေကြားမှာ သူ့မျက်နှာထူပူသွားမိတယ်။ ဒါဟာလည်း မိဘအိမ်ဆီ သူပြန်ချိန် နည်းခဲ့တဲ့အတွက်ကြောင့်ဖြစ်မယ်။

သူ အိမ်ပြန်လာတာကို မိဘတွေက ဝမ်းသာကြတယ်။ အိမ်ပြန်လာတဲ့ သားအတွက် အဖေဖြစ်သူက ဟင်းထွက်ဝယ်တယ်။ အမေက သူနဲ့စကားစမြည်းပြောရင်း ကျန်ရစ်ခဲ့တယ်။ အမေက သူစားဖို့ မြေပဲဆံလှော်တွေ ထုတ်လာတယ်။ ထိုင်ပြီး သိပ်မကြာသေးခင် အမေ့အိမ်ကဖုန်း မြည်လာတယ်။ အဖေ့အသံကို ဖုန်းထဲကနေ သူကြားနေရတယ်။

"မိန်းမရေ... နင့်အတွက် ဂန္ဓာမာပျားရည် ငါဖျော်ပြီး ပြတင်းပေါက်ဘောင်ပေါ် တင်ထားခဲ့တယ်။ အခုသောက်ရင် အနေတော်ပဲ။ မအေးခင် သောက်လိုက်ဦးနော်"

အဖေဖုန်းချတော့ အမေက ဖျော်ရည်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။ ဖုန်း မြည်လာပြန်တယ်။ အဖေ့ဆီက ဖုန်းဖြစ်တယ်။

"မေကြီး.. ငါတို့ ရေဖိုးဆောင်ရတော့မယ်ထင်တယ်။ ကြည့်လိုက်ဦး.. ငါ စာရွက်ယူခဲ့ဖို့ မေ့သွားလို့။ စာရွက်နံပါတ် ငါကို ရွတ်ပေးကြည့်ပါဦး။ လမ်းကြုံလို့ ငါရေဖိုးဆောင်ခဲ့မယ်"

ဖုန်းချပြီး အပြုံးမျက်နှာနဲ့ အမေကရေရွတ်တယ်။

"သားရဲ့ဖေဖေကလေ အလုပ်အရမ်းများတဲ့လူ.... အပြင်ခဏလေး ထွက်တာတောင် အိမ်ကို ဖုန်းဆယ်ခေါက်လောက်ခေါ်တတ်တယ်။ သူ့လခတွေက ဆက်သွယ်ရေးဌာနအတွက် လှူထားသလား မှတ်ရတယ်"

အမေပြောနေတုန်းမှာပဲ အဖေ့ဆီက ဖုန်းဝင်လာပြန်တယ်။ အဖေ့အသံက ဝမ်းသာအားရပဲ....

"မေကြီးရေ.... နင် ငါးကြင်းတွေကြိုက်တယ် မဟုတ်လား? ဒီနေ့ ဈေးထဲမှာ ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေဟေ့... ငါဝယ်ပြန်ပြီး နင့်ကိုချက်ကျွေးဦးမယ်"

အချိန်မိနစ်၂ဝအတွင်းမှာ အဖေ့ဆီက ဖုန်းတွေ အဆက်မပြတ်ဝင်လာခဲ့တယ်။ အဖေ့ဖုန်းကြောင့် အမေ စိတ်မရှည်ဟန်မပြခဲ့ဘူး။ အမေက သူနဲ့ စကားစမြည်းပြောနေတယ်ဆိုပေမယ့် တကယ်တော့ အဖေနဲ့ပြောနေတာပါပဲ။ နောက်ဆုံး သူ မအောင့်နိုင်ဘဲ မကျေမနပ်ပြောမိတယ်။

"ဖေဖေက ဘာဖြစ်လို့ ကြာလာလေ လေးနက်မှုမရှိလာလေပါလား မေမေ... တကယ်ဆို တချို့ဖုန်းကဆက်စရာတောင် မလိုပါဘူး။ အိမ်ရောက်မှပြောလဲ ရရက်သားနဲ့"

သူ့စကားကို အမေက အရယ်နဲ့ပြောပြတယ်။

"မဟုတ်သေးဘူး သား... သားဖေဖေရဲ့ လေးနက်တဲ့စိတ်ကို သားဘယ်နားလည်လိမ့်မလဲ! သားဖေဖေက သူ့စိတ်ကို အိမ်မှာပဲထားခဲ့လို့၊ အိမ်ကိုပဲ စိတ်ရောက်နေလို့ ဖုန်းတွေဆက်ဆက်နေတာပေါ့။ လူက အပြင်ရောက်နေတယ်ဆိုပေမယ့် စိတ်ကို အိမ်မှာထားခဲ့လို့၊ အိမ်မှာ ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူးဆိုပေမယ့် သူက အိမ်ကိုပဲအောက်မေ့နေလို့ပါ။ လိုတဲ့ငွေကို အိမ်ကနေယူရင် ရပြီလို့မထင်လိုက်နဲ့... အိမ်က ငွေထားတဲ့နေရာ မဟုတ်ဘူး သား။ စိတ်နှလုံးထားတဲ့နေရာပါ။ စိတ်နှလုံးကို အိမ်မှာထားမှ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေက အိမ်မှာမြဲမှာပါ။ နားလည်လား.. သား!"

အမေရဲ့လေးနက်ကြင်နာတဲ့ မျက်ဝန်းအောက်မှာ သူရုတ်တရက် လန့်နှိုးလာခဲ့တယ်။ အလုပ်များတဲ့အချိန် အိမ်ကို သူဖုန်းမဆက်ခဲ့ဖူးကြောင်းကို သူသတိရလာမိတယ်။ သူ မဆက်တဲ့အပြင် သူမ ဆက်လာတဲ့ဖုန်းကိုလည်း သူ အလျင်စလို ချပစ်လိုက်တတ်တယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူပျော်ပါးစားသောက်ချိန် အိမ်မှာရှိတဲ့ မီးတစ်ဆောင်က သူအိမ်ပြန်မရောက်မချင်း ညနက်သန်းခေါင်အထိ လင်းထိန်နေတတ်ကြောင်းကို သူသတိရလာမိတယ်။ မိန်းမရဲ့ အထီးကျန်တဲ့ခံစားချက်၊ သူ့ကိုစောင့်မျှော်နေတဲ့ ခံစားချက်ကို သူတစ်ခါမှ မတွေးခဲ့မိဘူး။ အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးက တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ဖို့၊ ကစားကွင်းလိုက်ပို့ဖို့ သူ့ကို အထပ်ထပ်တောင်းဆိုခဲ့ပေမယ့် ကတိသာပေးပြီး ကတိမတည်မိခဲ့တာကို သူသတိရလာမိတယ်။ ဒါတွေဟာ သူတကယ်အလုပ်များခဲ့လို့ပဲလား? ဒါမှမဟုတ် သူ့စိတ်နှလုံးကို အိမ်မှာ မထားခဲ့မိလို့လား?

အဲဒီနေ့ ညနေက သူမအိမ်သွားပြီး သူမကို သူသွားခေါ်ခဲ့တယ်။ သူမ မပြန်နိုင်ဘူးလို့ဆိုတော့ သူ အလောတကြီး သူမကို ဖြေရှင်းချက်ပေးတယ်။

"မောင် အရင်လို မလုပ်တော့ပါဘူး။ အရင်လို ခင့်ကို လျစ်လျူရှုမထားတော့ပါဘူး။ အိမ်ကိုလည်း လျစ်လျူရှုမထားတော့ပါဘူး။ ခင့်ကို ငွေတွေပုံအပ်ပေးပြီး လိုအပ်တဲ့ငွေကို အိမ်မှာပြန်ယူရရင် ပျော်ရွှင်ပြီးလို့ မောင်ထင်ထားခဲ့မိတယ်။ တော်ပါသေးတယ်... "အချစ်"ကို မောင်ပျောက်ဆုံးစေတော့မလို့.. နောက်ဆိုရင် မောင့်စိတ်၊ မောင့်နှလုံးသားကို အိမ်မှာထားပါမယ်။ အိမ်ကို နှလုံးသားမှာထားပါမယ်။ မောင်နဲ့ ပြန်လိုက်ခဲ့ပါနော်"

သူ့စကားကို သူမ ပြန်မဖြေခဲ့ဘူး။ သူ့ရင်ခွင်ဆီကိုပဲ သူမ ဖြေးဖြေးသာသာလှမ်းဝင်ပြီး ပွေ့ဖက်ငိုချလိုက်တော့တယ်။

အိမ်ဆိုတာ နှလုံးသားထားတဲ့နေရာပါ။ ချစ်ခြင်းမေတ္တာတွေ ဖြည့်တင်းတဲ့နေရာပါ။ အလုပ်များတယ်ဆိုတာ ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ အိမ်မှာ နှလုံးသားရှိတယ်၊ အချစ်ရှိတယ်၊ အောက်မေ့တမ်းတမှုတွေရှိတယ်ဆိုရင် ပျော်ရွှင်ခြင်းတွေ အဆုံးမရှိ ပိုပိုတိုးလာမှာဖြစ်ပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20111020/204044.html

နိုင်းနိုင်းစနေ(Friday, December 16, 2011)
.
Photo: အိမ်

တစ်ည .... ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။ တံခါးဖွင့်အိမ်ထဲဝင်ပြီး မီးဖွင့်ရင်း မိန်းမဖြစ်သူကို သူလှမ်းအော်တယ်။ ပြန်ထူးသံ မကြားရဘူး။ ခေါင်းငုံ့ဖိနပ်ချွတ်တော့ ဖိနပ်စင်ပေါ်တင်ထားတဲ့ စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။ ကောက်ယူကြည့်တော့ လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။ သူတစ်ချက် တွေဝေသွားတယ်။ သူမ တကယ်လုပ်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။

အရင်တုန်းကလည်း သူတို့ဒီလိုပဲရန်ဖြစ်နေကျ၊ သူ့ကို သူမစိတ်ဆိုးပြီး စကားမပြောတာ ဒါမှမဟုတ် မိဘအိမ်ခဏ ပြန်တာလောက်ပဲရှိခဲ့တယ်။ နောက်တော့လည်း အလိုအလျောက် ပြန်ကောင်းသွားတာပါပဲ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူမ တကယ်လုပ်လိုက်မှန်း သိသာနေတယ်။

သမီးလေးအတွက် အုပ်ထိန်းသူ အစည်းအဝေးသွားဖို့ သူ မအားဘူး၊ အချိန်မရှိဘူးလို့ ပြောလိုက်တာနဲ့ သူမ စိတ်တိုပြီး "ရှင်တစ်နေကုန် တစ်နေခန်း နေဝင်နေထွက် အလုပ်တွေများနေလိုက်တာ ကျွန်မနဲ့သမီးလေး၊ နောက်ပြီး ဒီအိမ်ကိုရော ရှင်စိတ်ထဲမှာ ထည့်ထားရဲ့လား? ဒီလိုဘဝမျိုး ကျွန်မ မလိုချင်တော့ဘူး။ ကျွန်မတို့ ကွာရှင်းမယ်" လို့ ပြောတော့ ဒါတွေဟာ ဘာမှမဖြစ်လောက်တဲ့အရာတွေ၊ ဘယ်အရာကမှာ အလုပ်လောက် အရေးမကြီးဘူး။ အလုပ်ကို အလေးထားတာဟာ ဒီမိသားစု၊ ဒီအိမ်ကို အလေးထားတာပဲလို့ သူထင်ထားခဲ့တယ်။ သူ့လုပ်ရပ်တွေမမှားဘူးလို့ သူထင်ခဲ့တယ်။ အခုတော့ ဟာလာဟင်းလင်း ဒီအိမ်ကြီးထဲမှာ သူရပ်နေခဲ့တယ်။ မိန်းမ မရှိတော့တဲ့အိမ်ကို အိမ်လို့တင်စားလို့မရတော့မှန်း အခုမှ သူခံစားမိတယ်။ သူ့ရဲ့အောင်မြင်မှုကို အတူမျှဝေမယ့်မိန်းမ,မရှိတော့ အောင်မြင်မှုတွေက အဓိပ္ပာယ်မဲ့သွားတယ်လို့ သူထင်နေမိတယ်။

နောက်တစ်နေ့မှာ သူ့မိဘအိမ် သူပြန်ခဲ့တယ်။ မိဘတွေက သူ့ကိုတွေ့တော့ တအံ့တသြနဲ့မေးတယ်။

"သား ဒီလောက်အလုပ်များတာတောင် အိမ်ပြန်လာချိန်ရှိသေးတယ်လား သား? တစ်ခုခုဖြစ်လာခဲ့သလား? ကလေးအမေနဲ့ ရန်ဖြစ်လာကြတာလား?"

ဆက်တိုက်မေးတဲ့မေးခွန်းတွေကြားမှာ သူ့မျက်နှာထူပူသွားမိတယ်။ ဒါဟာလည်း မိဘအိမ်ဆီ သူပြန်ချိန် နည်းခဲ့တဲ့အတွက်ကြောင့်ဖြစ်မယ်။

သူ အိမ်ပြန်လာတာကို မိဘတွေက ဝမ်းသာကြတယ်။ အိမ်ပြန်လာတဲ့ သားအတွက် အဖေဖြစ်သူက ဟင်းထွက်ဝယ်တယ်။ အမေက သူနဲ့စကားစမြည်းပြောရင်း ကျန်ရစ်ခဲ့တယ်။ အမေက သူစားဖို့ မြေပဲဆံလှော်တွေ ထုတ်လာတယ်။ ထိုင်ပြီး သိပ်မကြာသေးခင် အမေ့အိမ်ကဖုန်း မြည်လာတယ်။ အဖေ့အသံကို ဖုန်းထဲကနေ သူကြားနေရတယ်။

"မိန်းမရေ... နင့်အတွက် ဂန္ဓာမာပျားရည် ငါဖျော်ပြီး ပြတင်းပေါက်ဘောင်ပေါ် တင်ထားခဲ့တယ်။ အခုသောက်ရင် အနေတော်ပဲ။ မအေးခင် သောက်လိုက်ဦးနော်"

အဖေဖုန်းချတော့ အမေက ဖျော်ရည်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။ ဖုန်း မြည်လာပြန်တယ်။ အဖေ့ဆီက ဖုန်းဖြစ်တယ်။

"မေကြီး.. ငါတို့ ရေဖိုးဆောင်ရတော့မယ်ထင်တယ်။ ကြည့်လိုက်ဦး.. ငါ စာရွက်ယူခဲ့ဖို့ မေ့သွားလို့။ စာရွက်နံပါတ် ငါကို ရွတ်ပေးကြည့်ပါဦး။ လမ်းကြုံလို့ ငါရေဖိုးဆောင်ခဲ့မယ်"

ဖုန်းချပြီး အပြုံးမျက်နှာနဲ့ အမေကရေရွတ်တယ်။

"သားရဲ့ဖေဖေကလေ အလုပ်အရမ်းများတဲ့လူ.... အပြင်ခဏလေး ထွက်တာတောင် အိမ်ကို ဖုန်းဆယ်ခေါက်လောက်ခေါ်တတ်တယ်။ သူ့လခတွေက ဆက်သွယ်ရေးဌာနအတွက် လှူထားသလား မှတ်ရတယ်"

အမေပြောနေတုန်းမှာပဲ အဖေ့ဆီက ဖုန်းဝင်လာပြန်တယ်။ အဖေ့အသံက ဝမ်းသာအားရပဲ....

"မေကြီးရေ.... နင် ငါးကြင်းတွေကြိုက်တယ် မဟုတ်လား? ဒီနေ့ ဈေးထဲမှာ ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေဟေ့... ငါဝယ်ပြန်ပြီး နင့်ကိုချက်ကျွေးဦးမယ်"

အချိန်မိနစ်၂ဝအတွင်းမှာ အဖေ့ဆီက ဖုန်းတွေ အဆက်မပြတ်ဝင်လာခဲ့တယ်။ အဖေ့ဖုန်းကြောင့် အမေ စိတ်မရှည်ဟန်မပြခဲ့ဘူး။ အမေက သူနဲ့ စကားစမြည်းပြောနေတယ်ဆိုပေမယ့် တကယ်တော့ အဖေနဲ့ပြောနေတာပါပဲ။ နောက်ဆုံး သူ မအောင့်နိုင်ဘဲ မကျေမနပ်ပြောမိတယ်။

"ဖေဖေက ဘာဖြစ်လို့ ကြာလာလေ လေးနက်မှုမရှိလာလေပါလား မေမေ... တကယ်ဆို တချို့ဖုန်းကဆက်စရာတောင် မလိုပါဘူး။ အိမ်ရောက်မှပြောလဲ ရရက်သားနဲ့"

သူ့စကားကို အမေက အရယ်နဲ့ပြောပြတယ်။

"မဟုတ်သေးဘူး သား... သားဖေဖေရဲ့ လေးနက်တဲ့စိတ်ကို သားဘယ်နားလည်လိမ့်မလဲ! သားဖေဖေက သူ့စိတ်ကို အိမ်မှာပဲထားခဲ့လို့၊ အိမ်ကိုပဲ စိတ်ရောက်နေလို့ ဖုန်းတွေဆက်ဆက်နေတာပေါ့။ လူက အပြင်ရောက်နေတယ်ဆိုပေမယ့် စိတ်ကို အိမ်မှာထားခဲ့လို့၊ အိမ်မှာ ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူးဆိုပေမယ့် သူက အိမ်ကိုပဲအောက်မေ့နေလို့ပါ။ လိုတဲ့ငွေကို အိမ်ကနေယူရင် ရပြီလို့မထင်လိုက်နဲ့... အိမ်က ငွေထားတဲ့နေရာ မဟုတ်ဘူး သား။ စိတ်နှလုံးထားတဲ့နေရာပါ။ စိတ်နှလုံးကို အိမ်မှာထားမှ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေက အိမ်မှာမြဲမှာပါ။ နားလည်လား.. သား!"

အမေရဲ့လေးနက်ကြင်နာတဲ့ မျက်ဝန်းအောက်မှာ သူရုတ်တရက် လန့်နှိုးလာခဲ့တယ်။ အလုပ်များတဲ့အချိန် အိမ်ကို သူဖုန်းမဆက်ခဲ့ဖူးကြောင်းကို သူသတိရလာမိတယ်။ သူ မဆက်တဲ့အပြင် သူမ ဆက်လာတဲ့ဖုန်းကိုလည်း သူ အလျင်စလို ချပစ်လိုက်တတ်တယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူပျော်ပါးစားသောက်ချိန် အိမ်မှာရှိတဲ့ မီးတစ်ဆောင်က သူအိမ်ပြန်မရောက်မချင်း ညနက်သန်းခေါင်အထိ လင်းထိန်နေတတ်ကြောင်းကို သူသတိရလာမိတယ်။ မိန်းမရဲ့ အထီးကျန်တဲ့ခံစားချက်၊ သူ့ကိုစောင့်မျှော်နေတဲ့ ခံစားချက်ကို သူတစ်ခါမှ မတွေးခဲ့မိဘူး။ အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးက တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ဖို့၊ ကစားကွင်းလိုက်ပို့ဖို့ သူ့ကို အထပ်ထပ်တောင်းဆိုခဲ့ပေမယ့် ကတိသာပေးပြီး ကတိမတည်မိခဲ့တာကို သူသတိရလာမိတယ်။ ဒါတွေဟာ သူတကယ်အလုပ်များခဲ့လို့ပဲလား? ဒါမှမဟုတ် သူ့စိတ်နှလုံးကို အိမ်မှာ မထားခဲ့မိလို့လား?

အဲဒီနေ့ ညနေက သူမအိမ်သွားပြီး သူမကို သူသွားခေါ်ခဲ့တယ်။ သူမ မပြန်နိုင်ဘူးလို့ဆိုတော့ သူ အလောတကြီး သူမကို ဖြေရှင်းချက်ပေးတယ်။

"မောင် အရင်လို မလုပ်တော့ပါဘူး။ အရင်လို ခင့်ကို လျစ်လျူရှုမထားတော့ပါဘူး။ အိမ်ကိုလည်း လျစ်လျူရှုမထားတော့ပါဘူး။ ခင့်ကို ငွေတွေပုံအပ်ပေးပြီး လိုအပ်တဲ့ငွေကို အိမ်မှာပြန်ယူရရင် ပျော်ရွှင်ပြီးလို့ မောင်ထင်ထားခဲ့မိတယ်။ တော်ပါသေးတယ်... "အချစ်"ကို မောင်ပျောက်ဆုံးစေတော့မလို့.. နောက်ဆိုရင် မောင့်စိတ်၊ မောင့်နှလုံးသားကို အိမ်မှာထားပါမယ်။ အိမ်ကို နှလုံးသားမှာထားပါမယ်။ မောင်နဲ့ ပြန်လိုက်ခဲ့ပါနော်"

သူ့စကားကို သူမ ပြန်မဖြေခဲ့ဘူး။ သူ့ရင်ခွင်ဆီကိုပဲ သူမ ဖြေးဖြေးသာသာလှမ်းဝင်ပြီး ပွေ့ဖက်ငိုချလိုက်တော့တယ်။

အိမ်ဆိုတာ နှလုံးသားထားတဲ့နေရာပါ။ ချစ်ခြင်းမေတ္တာတွေ ဖြည့်တင်းတဲ့နေရာပါ။ အလုပ်များတယ်ဆိုတာ ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ အိမ်မှာ နှလုံးသားရှိတယ်၊ အချစ်ရှိတယ်၊ အောက်မေ့တမ်းတမှုတွေရှိတယ်ဆိုရင် ပျော်ရွှင်ခြင်းတွေ အဆုံးမရှိ ပိုပိုတိုးလာမှာဖြစ်ပါတယ်။


မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20111020/204044.html

နိုင်းနိုင်းစနေ(Friday, December 16, 2011)
.

ဗိုလ်ချုပ်ရေးခဲ့တဲ့စာ



သခင်ဘိုးကတ်
ဖောင်းကတောရွာ
ရေနံချောင်းစာတိုက်

ငါမိန်းမ မရသေးဘူး၊ လူပျို
အစစ်ဘဲ ရှိသေးတယ်ဟေ့……
၇၆-ရေကျော်လမ်း
ရန်ကုန်
၁၃၀၁ခု နယုန်လ္ဆုတ်-၈-ရက်

ဟေ့ဘိုးကတ်
မင်းဆီကစာရတာတော့ကြာပီ၊
ဒါပေမဲ့ချက်ခြင်းစာပြန်မဖြေနိုင်တာက…..အလုပ်ကလဲ
များ၊ လူကလဲပျင်း၊ ဒါကြောင့်ဘဲ။
မင်းလိုချင်တဲ့စာအုပ်ကတော့ ငါ့
မှာလဲမရှိ၊ သူများဆီကလဲမရ၊ Very Sorryဘဲကွာ၊
ငါကဗမာစာကိုလဲ ဘီဧတုံးက မယူခဲ့ဘူး။
ရေနံသပိတ်အကြောင်းကိုတော့
သတင်းစာတွေက မင်းသိသလောက်သိမှာဘဲ၊
ရေးရင်လဲ အရှေကြီး၊ ဘာ့ကြောင့်မသိ
ချင်ပါနဲ့တော့ကွာ၊
မင်းကိုအမှတ်ရပါတယ်၊ ဘအုံးဆိုတဲ့
ကောင်ကိုလဲ ငါအမှတ်ရသေးတယ်။ တခြား
သူတွေတော့ ကောင်းကောင်းမမှတ်မိတော့ဘူး
ဒါ့ထက် မကွေးက သခင်လှမောင်ဆိုတာ
လက်စသတ်တော့တို့နဲ့ တန်းအတူတူ လှမောင်
ပါလား၊ ငါမသိဘူး၊ အင်းစိန်ထောင်တွေ့တော့မှ
သိတယ်၊ ခုဒါဘဲ ရေးအုံးမယ်။
သခင်အောင်ဆန်း
စာပါအကြောင်းအရာများကို ရှင်းပြပါမည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းရေးသည့် စာလုံးပေါင်းအမှန်အတိုင်း ကူးယူဖော်ပြလိုက်ပါသည်။ ရက်စွဲမှာ မြန်မာသက္ကရာဇ် ၁၃၀၁ ခု နယုန်လဆုတ်(၈)ရက်။ ခရစ်နှစ် ၁၉၃၉ ခုနှစ် ဇွန်လ၉ရက် သောကြာနေ့ဖြစ်သည်။ စာမှာ၇၄နှစ်ရှိနေပြီ။ တံဆိပ်ခေါင်းမှာ ဂျော့ဘုရင်တံဆိပ်ခေါင်း ဖြစ်သည်။ ဗိုလ်ချပ်အောင်ဆန်း ဤစာရေးစဉ်က သခင်အောင်ဆန်း၏ အင်္ဂ၊မြန်မာလက်ရေးကို နောင်လာနောင်သားများသိရှိစေရန် ဖော်ပြလိုက်ပါသည်။
“ငါ့မိန်းမမရသေးဘူး ၊ လူပျို
အစစ်ဘဲရှိသေးတယ်ဟေ့….”
ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အပေါ်ဆုံးစာကြောင်းက စာရေးသူ၏ဖခင်နှင့် မည်မျှခင်မင်ရင်းနှီးကြောင်း သိသာနိုင်ပါသည်။ 
ထို့ ပြင်
“ကြည်ပဲပြုတ်နဲ့ နံပြားစားချင်တယ်”
ဆိုသည့် စာထက်လည်း စောနေသည်။ သို့သော်“ကြည်ပဲပြုတ်နဲ့နံပြားစားချင်တယ်”က သိသူများပြီး “ငါ့မိန်းမမရသေးဘူး၊ လူပျိုအစစ်ဘဲရှိသေးတယ်ဟေ့” ဆိုသည့် စာကိုသိသူ မရှိသလောက်ဖြစ်နေသည်။ စာနှစ်စောင်လုံးပင် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြူစင်သည့်စိတ်၊ ပွင့်လင်းသည့်စိတ်တို့ကို ကောင်းစွာသိရှိခွင့်ရပါသည်။
ကိုထွန်းဝေ
မျှဝေပါတယ်။
22.7.2013

မှတ်ချက်......... ဒီမှတ်တမ်း ဘယ်မှာမှမရှိသေးပါကြောင်း

Friday, July 26, 2013

သည်းခံခြင်းတရား



" တစ်ခါက မြတ်စွာဘုရား တရားဟောနေစဉ် ဘာသာခြား တစ်ယောက်က လာပြီး တံတွေး ထွေး တော့ မြတ်စွာဘုရားက တော့ တံတွေးကို တုတ်လိုက်ပြီး သင်ဘာများပြောချင်လို့ပါလဲလို့မေးလိုက်တယ်။ အရှင်အာနန္ဒာကတော့ ကိုယ့်ဆရာသမားကို တော်တော်ကို စော်ကားနေပါလား ဒီလို လူမျိုးကို အပြစ်ပေးသင့်တယ် မဟုတ်ရင် တခြားလူတွေပါလုပ်လိမ့်မယ်ဆိုပြီး ဒေါသအကြီးအကျယ်ထွက်လာတော့ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာကို ဘာပြောလည်းဆိုတော့ " ဒီပုဂ္ဂိုလ်ကတော့ ငါ့အကြောင်းကောင်းကောင်းမသိလို့ပါ၊ သူများပြောတာတွေ နားရောင်ပြီး ဒီလိုပြုမူပြောဆိုခြင်းတာဖြစ်တယ်၊ အာနန္ဒာ ကတော့ ငါ့အကြောင်းကောင်းကောင်းသိရက်နဲ့ ဒီပုဂ္ဂိုလ်အပေါ် ဒေါသထွက်နေမယ်ဆိုရင် ငါ့ကို စော်ကားတာနဲ့တူနေတယ်၊ နောက် ဒီပုဂ္ဂိုလ်က ငါ့အကြောင်းလည်းမသိတဲ့ သူစိမ်းတစ်ယောက်တာ ဖြစ်တယ် အဲ့တော့ဘယ်လို လုပ်ငါ့ကို တံတွေး ထွေးလို့ ရမှာလဲ၊ ဒီပုဂ္ဂိုလ်က ငါ့ကို တံတွေး ထွေးခြင်းမဟုတ် သူ့၏ အထင်အမြင်ပေါ်ကိုသာ တံတွေးထွေးနေခြင်းဖြစ်တယ် " လို့ ပြောဆို ဆုံးမပြီးနောက် ထိုဘာသာခြား ပုဂ္ဂိုလ်ကို သင်ဘာများ ပြောစရာရှိလဲပေါ့ ဘာကြောင့်လည်းဆိုတော့ တံတွေးထွေးတယ်ဆိုတာလည်း စကားပြောနည်းတစ်မျိုးပဲ တစ်ခုခုပြောချင်နေပုံရတယ် ဘာများလဲလို့ မေးလိုက်တော့၊ ထိုပုဂ္ဂိုလ်ကလည်: မြတ်ဗုဒ္ဓရဲ့ မေတ္တာရှေ့ထားပြီ: ပြောဆို ပြုမူပုံကို မြင်တော့ "ဪ ဒီနေရာမှာ တခြားသူဆိုရင် ငါ့ကို ပြစ်ပြစ်ခါခါပြန်ပြောမှာ ပြန်ရန်လိုမှာ အကြောင်းမကောင်းရင် ကိုယ်ထိလက်ရောက် တုန့်ပြန်ခြင်းကိုပင်ခံရနိုင်တယ်" လို့တွေးရင်နဲ့ ဘာဆက်ပြောရမှန်:မသိဖြစ်ပြီး ပြန်သွားတယ်။ အိမ်ပြန်ရောက်တော့လည်: ဒါကိုပဲ စဉ်းစားပြီး အိပ်မရတော့ဘူ:ပေါ့၊ ဒါနဲ့ နောက်ဆုံး မြတ်စွာဘုရားကို တောင်းပန်ဖို့လာတယ်။ အင်မတန်မှ မေတ္တာ ဂရုဏာ ကြီ:မားတော်မူသော မြတ်စွာဘုရား ကျွန်တော်မျိုးအား ခွင့်လွတ်တော်မူပါ ဆိုပြီး တောင်းပန် လျှောက်ထားတော့၊ မြတ်ဗုဒ္ဓက "သင်ဟာ မနေ့က လာတဲ့ ပုဂ္ဂိုလ်မှ မဟုတ်တာ၊ မနေ့က လာတဲ့ ပုဂ္ဂိုလ်က အမြင်မှားပြီ: ဒေါသတွေနဲ့ ငါ့အား ရန်လို၍ လာခဲ့တဲ့သူ၊ ယနေ့ သင်ဟာ အမြင်မှန်ရပြီ ငါ့အား ရန်လိုမူ မရှိပဲလာတဲ့ ပုဂ္ဂိုလ် သင်ဟာ လူအသစ်ပဲ၊ နောက် လူသား အားလုံးဟာ စီးဆင်းနေတဲ့ မြစ်လိုပါပဲ ဒီ ၂၄နာရီ အတွင်း အများကြီး ဖြစ်ပျက်ခဲ့ပြီးပါပြီ၊ ၊ မနေ့က သင် ဆဲဆိုခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်: အခုငါမဟုတ်တော့ဘူ:၊ ဒါကြောင့် ဘာပြဿနာ အငြိုးအတေမှမရှိတဲ့ သင်လူအသစ်အား ခွင့်လွတ်စရာ ခွင့် မလွတ်စရာ အကြောင်းကိုမရှိပါဘူ:" လို့ ပြောဆိုမိန့်ကြားလိုက်ပါတယ်။ "

the eXistence မှ ဘာသာပြန် ပူဇော်သည်။

The Buddha was sitting under a tree talking to his disciples when a man came and spit on his face. He wiped it off, and he asked the man, “What next? What do you want to say next?” The man was a little puzzled because he himself never expected that when you spit on somebody’s face, he will ask, “What next?” He had no such experience in his past. He had insulted people and they had become angry and they had reacted. Or if they were cowards and weaklings, they had smiled, trying to bribe the man. But Buddha was like neither, he was not angry nor in any way offended, nor in any way cowardly. But just matter-of-factly he said, “What next?” There was no reaction on his part.

Buddha’s disciples became angry, they reacted. His closest disciple, Ananda, said, “This is too much, and we cannot tolerate it. He has to be punished for it. Otherwise everybody will start doing things like this.”

Buddha said, “You keep silent. He has not offended me, but you are offending me. He is new, a stranger. He must have heard from people something about me, that this man is an atheist, a dangerous man who is throwing people off their track, a revolutionary, a corrupter. And he may have formed some idea, a notion of me. He has not spit on me, he has spit on his notion. He has spit on his idea of me because he does not know me at all, so how can he spit on me?

“If you think on it deeply,” Buddha said, “he has spit on his own mind. I am not part of it, and I can see that this poor man must have something else to say because this is a way of saying something. Spitting is a way of saying something. There are moments when you feel that language is impotent: in deep love, in intense anger, in hate, in prayer. There are intense moments when language is impotent. Then you have to do something. When you are angry, intensely angry, you hit the person, you spit on him, you are saying something. I can understand him. He must have something more to say, that’s why I’m asking, “What next?”

The man was even more puzzled! And Buddha said to his disciples, “I am more offended by you because you know me, and you have lived for years with me, and still you react.”

Puzzled, confused, the man returned home. He could not sleep the whole night. When you see a Buddha, it is difficult, impossible to sleep again the way you used to sleep before. Again and again he was haunted by the experience. He could not explain it to himself, what had happened. He was trembling all over and perspiring. He had never come across such a man; he shattered his whole mind and his whole pattern, his whole past.

The next morning he was back there. He threw himself at Buddha’s feet. Buddha asked him again, “What next? This, too, is a way of saying something that cannot be said in language. When you come and touch my feet, you are saying something that cannot be said ordinarily, for which all words are a little narrow; it cannot be contained in them.” Buddha said, “Look, Ananda, this man is again here, he is saying something. This man is a man of deep emotions.”

The man looked at Buddha and said, “Forgive me for what I did yesterday.”

Buddha said, “Forgive? But I am not the same man to whom you did it. The Ganges goes on flowing, it is never the same Ganges again. Every man is a river. The man you spit upon is no longer here. I look just like him, but I am not the same, much has happened in these twenty-four hours! The river has flowed so much. So I cannot forgive you because I have no grudge against you.”

“And you also are new. I can see you are not the same man who came yesterday because that man was angry and he spit, whereas you are bowing at my feet, touching my feet. How can you be the same man? You are not the same man, so let us forget about it. Those two people, the man who spit and the man on whom he spit, both are no more. Come closer. Let us talk of something else.”




http://www.dhamma.worldofwisdom.asia/2012/01/what-next.html?m=1

Credit To : Karunananda Bhikkhu

လွတ်မြောက်ခြင်းရသ

  •  
    လွတ်မြောက်ခြင်းရဲ့ ရသဆိုတာ
    ချို-ချဉ်-ငံ-စပ်-ခါး-ဖန်-ဆိမ့် ဆိုတဲ့
    လောကီရသတွေနဲ့မတူဘူး။

    လွတ်မြောက်ခြင်းရဲ့ ရသဟာ
    ငြိမ်းအေးတယ်

    လွတ်မြောက်ခြင်းရဲ့ ရသဟာ
    တည်ငြိမ်တယ်

    လွတ်မြောက်ခြင်းရဲ့ ရသဟာ
    ကြည်နူးဖွယ်အတိပဲ

    လွတ်မြောက်ခြင်းရဲ့ ရသဟာ
    လုံခြုံမှုရှိတယ်

    လွတ်မြောက်ခြင်းရဲ့ ရသဟာ
    အစွန်းအထင်းမဲ့ ပီတိပဲ

    လွတ်မြောက်ခြင်းဆိုတာ
    ချုပ်နှောင်ခြင်းတွေက ရုန်းထွက်နိုင်ခြင်းဆိုရင်
    ငါတို့ဘဝတွေမှာ
    ဘယ်အရာတွေက ချုပ်နှောင်ထားသလဲဆိုတာ
    အရင်ဆုံးသိဘို့လိုတယ်။

    လူအများစုကတော့
    ကိုယ့်ဘဝကို ကိုယ်တိုင်လက်ထိပ်အထပ်ထပ်ခတ်နေဆဲ-


    ရုန်းထွက်ဘို့ဆိုတာ ဝေးရော---------------။ ။

Thursday, July 25, 2013

စကာသုံးထပ်

 
ဆိုကရေးတီး၏စကားတစ်ခွန်း
Thursday, July 25, 2013

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။ အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”

အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တစ်ခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း မပြောတတ်ကြဘူး။

မှတ်သားသင့်လို့ မျှဝေပါသည်။
ညိုလင်းထွဏ်း

နေခရမ်းမှ ကူးယူမျှဝေပါသည်.

Wednesday, July 24, 2013

နောက်ဆုံးဧကရာဇ်

Saturday, July 20, 2013

အင်ဂျင်ပါဝါ(သုတ)


MyanmarCarsDB မှာ မေးထားတဲ့ မေးခွန်းကို တွေ့မိရာကနေ ဤဆောင်းပါးကို ရေးခဲ့မိပါတယ်။ မေးထားတဲ့ မေးခွန်းကတော့ “ထောင်နဲ့ပြောလိုက် ပွိုင့်နဲ့ပြောလိုက် Engine Power က ဘယ်လို Unit တွေတုန်း?” လို့ပဲ ဖြစ်ပါတယ်။


ဆက်လက်ပြီးတော့ MyanmarCarsDB က “1300 ပြောလိုပြော.. 1.3 ပြောလိုပြော.. ပြောလို့သာပြောနေကျတယ် တချို့များ ဘာကြောင့် ဒီလိုပြောကြတယ်၊ ဘယ်လိုတိုင်းတာ ကတယ်ဆိုတာကို မသိသူများ ဖြစ်နေတတ်ပါတယ်။ တကယ်သိသူများ ဖြေပေးကြပါဦး။” လို့ တောင်းဆိုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီမှာတင် တွေ့လိုက်ရတဲ့ ပြဿနာ တစ်ခုကတော့ 1300 နဲ့ 1.3 ဘာကွာလဲ ဆိုတာကို အမှန်တကယ်ကို မသိသူ အများအပြား ရှိနေပါတယ်။ တကယ်တော့ ဒီ ယူနစ် ၂ ခုဟာ လွန်စွာရိုးရှင်းတဲ့ အခြေခံ ရူပဗေဒ ယူနစ်များပဲ ဖြစ်ပါတယ်။

1300 နဲ့ 1.3 ဘယ်လို ကွာခြားလဲ

Cubic Centimeter (သို့) cc (သို့) cm3 ဆိုတာ ထုထည် တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်။ ဒီမှာ တစ်ခု သတိထားရမှာက 1300 လို့ သုံးရာမှာ 1300cc ဖြစ်ပြီး 1.3 လို့ ဆိုရာမှာတော့ 1.3 L ဖြစ်ပါတယ်။ L ဆိုတာကတော့ Liter ပဲ ဖြစ်ပါတယ်။ ၉ တန်းမှာ သင်ခဲ့တာကို မမေ့ကြပါနဲ့ဦး။ 1 Liter = 1000 cc ဖြစ်ပါတယ်။ မိမိနှစ်သက်သလို သုံးစွဲနိုင်ပါတယ်။

သို့သော်လည်း အာရှနဲ့ ဥရောပမှာ 1300cc အင်ဂျင်လို့ သုံးစွဲလေ့ရှိပြီး အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံ များမှာတော့ 1.3 L အင်ဂျင်ရယ်လို့ သုံးစွဲပါတယ်။

1300 နဲ့ 1.3 ဆိုတဲ့ ယူနစ် ၂ ခုရဲ့ ကွာခြားတဲ့ အခြေခံ သဘောတရားကို သိရှိပြီဆိုရင် အနည်းငယ် ပိုမိုခက်ခဲတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်။ ရှေ့ဆက်မသွားခင် အရင်ဆုံး သိရှိဖို့ လိုအပ်တာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက်များ

Displacement
Definition: the amount of air-fuel mix the engine can burn at a time.

ကဲဒါဆိုရင် 1300cc အင်ဂျင်လို့ပဲ ပြောပြော၊ 1.3L အင်ဂျင်လို့ပဲခေါ်ခေါ် ဒီယူနစ်တွေက ဘာကိုရည်ညွှန်းပါသလဲ။ cc (သို့) liter ယူနစ်နဲ့ ပြောနေကြတဲ့ ကိန်းဂဏာန်းဟာ အင်ဂျင်တစ်ခုရဲ့ Displacement ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရင်တော့ အင်ဂျင်စလင်ဒါထဲက ပစ်စတင် (pistons) တွေရဲ့ လောင်စာနဲ့ အောက်ဆီဂျင် (လေ) တို့ရဲ့ ရောနှောလောင်ကျွမ်းမှု ပမာဏကို တိုင်းတာတဲ့ နှုန်းပဲဖြစ်ပါတယ်။ Displacement (cc) ဟာ အင်ဂျင်ရဲ့ ပါဝါကို တိုက်ရိုက်တိုင်းတာတဲ့ ယူနစ်မဟုတ်ပေမယ့် displacement များလေ အင်ဂျင်ပါဝါ ကြီးမားလေလို့တော့ အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။

Horsepower
Definition: the max power available from the engine.

အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ သို့သော်လည်း တိုင်းတာသည့် ယူနစ်များ ကွားခြားသလို (cc နှင့် hp) အဓိပ္ပါယ်ခြင်းလည်း လွန်စွာမှ ကွာခြားပါတယ်။

Horsepower (သို့) မြင်းကောင်ရေအား ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ အချိန်အတိုင်းအတာ တစ်ခုအတွင်း အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းအား တိုင်းတာသည့် နှုန်းထားပင် ဖြစ်သည်။

1 hp = 745.7 watts = 33,000 foot-pounds (per minute)

ဆိုလိုသည်မှာ မြင်းကောင်ရေ ၁ ကောင်အားသည် တစ်မိနစ်လျှင် ၇၄၅.၇ ဝပ် (သို့) ၃၃၀၀၀ ပေါင်-ပေ နှုန်းရှိသည့် “အား” ကို ဆိုလိုသည်။ ပိုမိုရှင်းလင်းအောင် ဆိုရမည်ဆိုလျှင် 1 hp သည် ပေါင် ၃၃၀၀၀ ရှိသည့် အလေးအား ၁ မိနစ်ကြာ “မ” ထားနိုင်စွမ်းနှင့် တူညီပါတယ်။

Displacement နှင့် Horsepower တို့၏ ဆက်နွယ်မှု

အထက်မှာ ဖော်ပြထားတာကို ပြန်လည်ဆွေးနွေး ကြည့်ရအောင်။ အင်ဂျင် Displacement နဲ့ မြင်းကောင်ရေအား (သို့) Horsepower ၂ ခုစလုံးဟာ အင်ဂျင်တစ်လုံးနေ ထုတ်လုပ်ပေးနိုင်တဲ့ “အား” (သို့) ပါဝါကို သွယ်ဝှိုက်သောနည်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်လို့ အစောက ပြောခဲ့ပါတယ်။

အင်ဂျင်ကြီးမားလေ၊ displacement ပိုများလေ အင်ဂျင်ရဲ့ မြင်းကောင်ရေအားလည်း ပိုများလေပါပဲ။ အင်ဂျင်ရဲ့ မြင်းကောင်ရေအား ပိုများလေ အင်ဂျင်ရဲ့ ပါဝါ ပိုကြီးလေ ဖြစ်ပါတယ်။ ဥပမာ - စလင်ဒါ ၄ လုံးပါ 1500cc (သို့) 1.5 L အင်ဂျင်ပါရှိတဲ့ Toyota Yaris ရဲ့ မြင်းကောင်ရေအားဟာ ၁၀၀ ကျော်သာ ရှိပေမယ့် စလင်ဒါ ၄ လုံးတပ် 2000 cc (သို့) 2.0 L အင်ဂျင် တပ်ဆင်ထားတဲ့ Audi A6 ကတော့ မြင်းကောင်ရေအား 211 hp ရရှိမှာ ဖြစ်ပါတယ်။

အင်ဂျင်တစ်လုံး၏ displacement နဲ့ horsepower တို့ဟာ ကိန်းဂဏာန်းအတိအကျနဲ့ တိုက်ရိုက်ဆက်နွယ်မှု မရှိပါဘူး။ တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးဟာ မြင်းကောင်ရေအားမှာ ကွာခြားမှုရှိမှာ သေချာပါတယ်။ အသုံးပြုတဲ့ ပင်စတင်ခေါင်း၊ နည်းပညာ၊ တာဘိုစနစ် စတာတွေအပေါ် မူတည်ပြီး တူညီတဲ့ displacement ရှိတဲ့ အင်ဂျင် ၂ လုံးရဲ့ မြင်းကောင်ရေအားဟာ ကွာခြားသွားပါလိမ့်မယ်။

ဒါပေမယ့် လူပိန်းတွက်နည်းနဲ့ တွက်မယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ ထုတ်လုပ်ထားတဲ့ ဓာတ်ဆီသုံးအင်ဂျင် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ပျှမ်းမျှအားဖြင့် displacement 17 cc ဟာ 1 hp နဲ့ ညီမျှတယ်လို့ ဆိုနိုင်ပါတယ်။

Torque (သို့) အင်ဂျင်ရုန်းအား
Definition: the amount of force that the car applies at the wheels

Torque (သို့) အင်ဂျင်ရုန်းအား ဆိုသည်မှာ အင်ဂျင်တစ်လုံးက ထွက်ရှိလာတဲ့ ပါဝါကို ဘီးများထံမှတဆင့် လမ်းမပေါ်သို့ ရောက်ရှိတဲ့ ပမာဏကို ဆိုလိုပါတယ်။ နောက်တစ်နည်း ပြောရရင်တော့ torque ဆိုတာ အင်ဂျင်ပါဝါကို ဘီးတွေကတဆင့် လမ်းမပေါ်သို့ အရောက်ပို့လွှတ်ပြီး မော်တော်ယာဉ်အား တွန်းပို့ပေးသည့် ရုန်းကန်အားကို ဆိုလိုပါတယ်။

Torque ရဲ့ အရေးပါမှုကတော့ မြန်မာနိုင်ငံမှာ သိရှိသူ အလွန်နည်းပါးလှပါတယ်။ ကားတစ်စီးရဲ့ အင်ဂျင်ရုန်းအားကို စိတ်ဝင်စားသူ မရှိသလောက်ကို နည်းပါပေမယ့် ကားတစ်စီး၊ အထူးသဖြင့် စွမ်းရည်မြင့် ကားတစ်စီးကို ဝယ်ယူရာမှာ torque ကို သတိထားကြည့်ဖို့ များစွာလိုအပ်ပါတယ်။

အင်ဂျင်ပါဝါ ဘယ်လောက်ကောင်းကောင်း torque နည်းနေတဲ့ မော်တော်ယာဉ်တစ်စီးဟာ ရုန်းအားမကောင်းပဲ တာထွက်နှေးနေမှာ ဖြစ်သလို ဂီယာပြောင်းရာမှာလဲ တုန့်သွားတတ်ပါတယ်။ အထူးသဖြင့် red line လို့ ခေါ်တဲ့ အင်ဂျင်လည်ပတ်မှုနှုန်း (rpm) အမြင့်ဆုံး ဘယ်အချိန်မှာ ရောက်လဲပေါ်မူတည်ပြီး torque ရဲ့ လုပ်ဆောင်ချက်က ကားတစ်စီးရဲ့ ရွှေ့လျားမှုကို ထိန်းချုပ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Torque ကို တိုင်းတာရာမှာ အင်ဂျင်လည်ပတ်နှုန်း အမြင့်ဆုံး ဘယ်လောက်မှာ ၁ ပေါင်အလေးချိန်ရှိတဲ့ “အား” ဟာ မျဉ်းဖြောင့်အနေအထား ၁ ပေ အကွာမှာရှိတဲ့ နေရာပေါ်သို့ အကျိုးသက်ရောက်တဲ့ ရုန်းကန်အားကို ဆိုလိုပါတယ်။ ဥပမာ 275 lb-ft @ 5400 rpm လို့ ဖော်ပြရပါတယ်။

ဥပမာ - မြင်းကောင်ရေအား 330 hp ရှိပြီး အင်ဂျင်ရုန်းအား 275 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ် တစ်စီးဟာ ပုံစံတူ၊ ဒီဇိုင်းတူ၊ အလေးချိန်တူညီတဲ့ မြင်းကောင်ရေအား 305 hp သာရှိပြီး အင်ဂျင်ရုန်းအား 300 lb-ft @ 5400 rpm ရှိတဲ့ မော်တော်ယာဉ်ကို တာအထွက်မှာ နာတစ်ဖျား အသာပေးရဖို့ များပါတယ်။ သို့သော်လည်း တာဝေးမှာတော့ ပိုများတဲ့ မြင်းကောင်ရေကြောင့် အသာစီး ပြန်ရနိုင်မှာ ဖြစ်ပါတယ်။

သတိပြုဖို့ကတော့ ကားတစ်စီးရဲ့ အမြန်နှုန်းကို တွက်ချက်ရာမှာ အထက်မှာ ဖော်ပြခဲ့တဲ့ Displacement ၊ Horsepower နဲ့ Torque ဆိုတဲ့ အချက် ၃ ချက်တည်းနဲ့ တွက်ချက်တိုင်းတာလို့ မဖြစ်နိုင်ပါဘူး။ ကားရဲ့ ပုံစံဒီဇိုင်း၊ အလေးချိန်၊ ဂီယာ၊ aerodynamics ဖြစ်မှုနဲ့ တာဘိုစနစ်တို့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ယာဉ်မောင်းရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုတို့အပေါ် များစွာမူတည်နေပါတယ်။

မမေ့ပါနဲ့ မည်မျှပင် အဆင့်မြင့်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ စူပါကားပင် ဖြစ်နေပါစေ၊ ယင်းမော်တော်ယာဉ်၏ စွမ်းဆောင်ရည်မှာ ယာဉ်မောင်းသူအပေါ်တွင် အများဆုံး မူတည်နေပါတယ်။ တကယ်တမ်းတော့ စူပါကားတွေ ဆိုတာလည်း စက်ပစ္စည်းများသာ ဖြစ်ပါတယ်။