ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, August 31, 2013

ကံဆိုးမိုးမှောင်ကျတဲ့နေ့



ယနေ့အကြိုက်ဆုံး ဟာသ
===============
"လူရိုးလူအေးကြီး"

ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊
အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်ဒီနေ့တော့ သူ့မွေးနေ့လေသူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက်ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်ကလပ်ထဲဝင်တော့ ဧည့်ကြိုကောင်လေးက လှမ်းနုတ်ဆက်တယ်.


.. ..."ဟလို... ဆရာ၊ စောလှချည်လား"... တဲ့

မိန်းမလုပ်သူလဲ ဇဝေဇဝါဖြစ်သွားတာပေါ့... 

..."ရှင် အရင်နေ့တွေက ဒီနေရာကို လာဖူးလို့လား"

"မလာဖူးပါဘူးကွာ၊ ဒီကောင်လေးက ငါတို့ကြက်တောင်အသင်းကကွ"

"အော်..."

အထဲရောက်လို့ စားပွဲမှာထိုင်ခါရှိသေး၊ စာပွဲထိုးမလေးက ကိုကျေးညိုအတွက်ဘဒ်ဝှိုက်ဇာဘီယာ လာချပေးသွားတယ်...

"ဟင်... ရှင် ဘဒ်ဝှိုက်ဇာကြိုက်တာ ဒီကောင်မက ဘယ်လိုလုပ်သိတာတုန်း"

"သူကလည်း ငါတို့ ကြက်တောင်အသင်းကပဲကွ"

"ဟွင့်... "

ခဏနေတော့ စင်တင်အဆိုတော်မလေးက ဗြုန်းဆို ကိုကျေးညိုကို နောက်ကသိုင်းဖက်လိုက်ရင်း မေးတယ်... 

..."ဦး... ဒီနေ့ ဘာသီချင်းဆိုပြရမလဲ၊ ဆုတွေအများကြီးချနော်"..

.. တဲ့အဲ...အဲဒီမှာ မိန်းမလုပ်သူလည်း အသားတဆတ်ဆတ်တုန်လို့ သူ့စလင်းဘက်ကို ကောက်ဆွဲပြီး၊ ကလပ်ခန်းမထဲကနေ ဇောင့် ဇောင့် နဲ့ထွက်သွားတော့တယ်ကိုကျေးညိုလည်း နောက်ကပြေးလိုက်ရတာပေါ့မိန်းမက တက်စီတစီးပေါ်ကို အတက်၊ ကားမထွက်ခင် ကမန်းကတန်းအထဲဝင်လိုက်ပြီး တောင်းပန်ရတယ်... 
 ..."ရှုင်းပြပါရစေအုံးကွာ"

"ဘာမှ ရှင်းပြမနေနဲ့၊ မသာကြီး၊ အယုတ်တမာကြီး"

"သူ့ကို ငါမသိပါဘူးကွာ၊ သူက လူမှားပြီး လာပြောနေတာပါ"

"တော်စမ်းပါ၊ လူလိမ် လူညာ၊ သွား... သွား... သွား"... 

ဆိုပြီး အာခေါင်ခြစ်ပြီး အော်တယ်ဒီတော့ တက်စီကားဆရာက နောက်လှည့်ကြည့်ပြီး ပြောတယ်... 

...."အိုး..ဟိုး၊ ကျေးညို၊ ဒီနေ့တော့ မင်း မ,လာတဲ့ ဆော်ကြီးက အတော်ကြမ်းသကိုးကွ"... တဲ့

သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

Friday, August 30, 2013

ရွဲ့ချက်ကတော့

 
မုန့်ဖုတ်သမားမဟုတ်ဘူး:P
Friday, August 30, 2013

မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။ နောက်တစ်နေ့
“မောင်ရေ… ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”

“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”

နောက်တစ်နေ့
“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”

နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်
“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”

နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။ ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။

အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”

“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”

“ဟင့်အင်း မပေးရပါဘူး။ အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”

“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”

“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”

စိတ္တဇ ဟာသများ
 
Like · · · 9 minutes ago ·

Thursday, August 29, 2013

အဖေ့မေတ္တာ

 
အဖေ
။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်မိနေပါသေးတယ်အဖေ
လူချမ်းသာတွေနေတဲ့ရပ်ကွပ်ကြီးတစ်ခုက အိမ်ကြီးတစ်လုံးရှေ့မှာပေါ့
အဖေ့လက်ကိုတွဲပြီးရပ်နေမိတယ်
ခြံဝင်းထဲကခွေးအကြီးကြီးနှစ်ကောင်ရဲ့ရှေ့မှာတော့
အသားပန်းကန်တစ်ချပ်စီနဲ့ပေါ့
ကျွန်တော်ပြောလိုက်တယ်အဖေ့ကို အဖေသားတို့အသားမစားရတာကြာပြီနော်တဲ့
အဖေမျက်ရည်ကျတာသားမြင်တာပေါ့

အဖေခြံကိုကျော်ပြီးသားအတွက်မရရအောင်အသားပန်းကန်ယူပေးခဲ့တယ်
သားကတော့အဖေလက်မောင်းကခွေးကိုက်ခံရတဲ့ဒဏ်ရာကကျတဲ့
သွေးတွေကိုမမြင်မိပဲ အသားတွေကိုမြိန်ရေယှက်ရေစားနေမိတယ်အဖေ
အဖေ
ဆေးဖိုးမတတ်နိုင်လို့ဆေးခန်းမပြခဲ့ရတဲ့အဖေအနာကတစ်ဖြည်းဖြည်းရင်းလာခဲ့တယ်
နောက်ဆုံးမှာတော့ အဖေလက်ကိုအရင်းကနေဖြတ်ပစ်လိုက်ရတဲ့အဆင့်အထိရောက်ခဲ့ရတယ်
အဖေ
ခွင့်လွှတ်ပါအဖေ
အဖေ့သားမိုက်ကြီးကိုခွင့်လွှတ်ပေးပါအဖေ
သားလေ နောက်ဆိုအသားစားချင်တယ်မပူဆာတော့ပါဘူးအဖေ
အဖေ.......

ဖေမေ့သား ဖိုးပျားလေး

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ကိုယ်တွေ့ပါခုချိန်ထိဒီသားအဖလေးရှိနေပါသေးတယ်




မိဘမေတ္တာ
_______________________________

အေးချမ်းမွန် Credit To > အင်းလေးမီဒီယာ < Thanks
Re-posted By ACM 27-8-2013
https://www.facebook.com/excellencemedia

Saturday, August 24, 2013

ဖြေချင်လွန်းလို့ပါ


 မေးလိုက်ပါ.......

တစ်ရက်တွင် အရက်မူးပီး ပြန်လာသော သားဖြစ်သူမှ ဒေါသတကြီး ရပ်ကြည့်နေသော သူ့အဖေ ကို အိမ်တံခါးဝ တွင်မြင်သောအခါ.....

" ရင်နာတယ် အဖေ ရာ .....လူတွေက အရက်မူးတာပဲ မြင်တယ်။ ဘာလို့ သောက်တာလဲလို့ ဘယ်သူမှမမေးကြဖူး....ဗျာ ".... ဟုဆို၏။

ထိုအခါ အဖေ လုပ်သူလည်း သား ဖြစ်သူ၏ ညှိုးညှိုး ငယ်ငယ် အမူအရာနှင့် စကား ကြောင့် သနား ကာ မဆူတော့ပေ။

နောက် တစ်ရက်တွင်လည်း သားဖြစ်သူမှာ မူး လာပီး အရင်အတိုင်း ပြော ပြန်သည်။

ဖခင်မှာလည်း နားလည်စွာဖြင့် နုတ်ဆိတ်နေလိုက် ပြန်သည်။

သို့ ဖြင့် သား ဖြစ်သူ အရက်မူးမူးလာသည်မှာ တစ်လ ကျော်လာခဲ့ပေပြီ။

နောက်ဆုံး ဖခင်ဖြစ်သူမှ သားဖြစ်သူကို သနားလွန်း၍ ........

" ဘာဖြစ်လို့ နေ့တိုင်း သောက်နေရတာလဲ ...သားရယ်...ကဲ....အဖေ့ကို ဖြေပါဦး ကွယ်.."...ဟု မေးခွန်း တခု မေးလိုက်၏။

ထိုအခါ သားဖြစ်သူမှ ညှိုးငယ်စွာဖြင့် ဖခင်မျက်နှာအားကြည့်ရင်း.....

" ကြိုက်လို့ သောက်နေတာပါ အဖေ.....".....ဟု ဖြေပီးနောက် ဖခင်ဖြစ်သူ၏ ကန်ချက်ကြောင့် သားဖြစ်သူမှာ လှေကားတိုင်းအောက်သို့တလိမ့်

ကောက်ကွေး ကျသွားလေတော့၏။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

 မေးလိုက်ပါ.......

တစ်ရက်တွင် အရက်မူးပီး ပြန်လာသော သားဖြစ်သူမှ ဒေါသတကြီး ရပ်ကြည့်နေသော သူ့အဖေ ကို အိမ်တံခါးဝ တွင်မြင်သောအခါ.....

" ရင်နာတယ် အဖေ ရာ .....လူတွေက အရက်မူးတာပဲ မြင်တယ်။ ဘာလို့ သောက်တာလဲလို့ ဘယ်သူမှမမေးကြဖူး....ဗျာ ".... ဟုဆို၏။

ထိုအခါ အဖေ လုပ်သူလည်း သား ဖြစ်သူ၏ ညှိုးညှိုး ငယ်ငယ် အမူအရာနှင့် စကား ကြောင့် သနား ကာ မဆူတော့ပေ။

နောက် တစ်ရက်တွင်လည်း သားဖြစ်သူမှာ မူး လာပီး အရင်အတိုင်း ပြော ပြန်သည်။

ဖခင်မှာလည်း နားလည်စွာဖြင့် နုတ်ဆိတ်နေလိုက် ပြန်သည်။

သို့ ဖြင့် သား ဖြစ်သူ အရက်မူးမူးလာသည်မှာ တစ်လ ကျော်လာခဲ့ပေပြီ။

နောက်ဆုံး ဖခင်ဖြစ်သူမှ သားဖြစ်သူကို သနားလွန်း၍ ........

" ဘာဖြစ်လို့ နေ့တိုင်း သောက်နေရတာလဲ ...သားရယ်...ကဲ....အဖေ့ကို ဖြေပါဦး ကွယ်.."...ဟု မေးခွန်း တခု မေးလိုက်၏။

ထိုအခါ သားဖြစ်သူမှ ညှိုးငယ်စွာဖြင့် ဖခင်မျက်နှာအားကြည့်ရင်း.....

" ကြိုက်လို့ သောက်နေတာပါ အဖေ.....".....ဟု ဖြေပီးနောက် ဖခင်ဖြစ်သူ၏ ကန်ချက်ကြောင့် သားဖြစ်သူမှာ လှေကားတိုင်းအောက်သို့တလိမ့်

ကောက်ကွေး ကျသွားလေတော့၏။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

မေးလိုက်ပါ.......

တစ်ရက်တွင် အရက်မူးပီး ပြန်လာသော သားဖြစ်သူမှ ဒေါသတကြီး ရပ်ကြည့်နေသော သူ့အဖေ ကို အိမ်တံခါးဝ တွင်မြင်သောအခါ.....

" ရင်နာတယ် အဖေ ရာ .....လူတွေက အရက်မူးတာပဲ မြင်တယ်။ ဘာလို့ သောက်တာလဲလို့ ဘယ်သူမှမမေးကြဖူး....ဗျာ ".... ဟုဆို၏။

ထိုအခါ အဖေ လုပ်သူလည်း သား ဖြစ်သူ၏ ညှိုးညှိုး ငယ်ငယ် အမူအရာနှင့် စကား ကြောင့် သနား ကာ မဆူတော့ပေ။

နောက် တစ်ရက်တွင်လည်း သားဖြစ်သူမှာ မူး လာပီး အရင်အတိုင်း ပြော ပြန်သည်။

ဖခင်မှာလည်း နားလည်စွာဖြင့် နုတ်ဆိတ်နေလိုက် ပြန်သည်။

သို့ ဖြင့် သား ဖြစ်သူ အရက်မူးမူးလာသည်မှာ တစ်လ ကျော်လာခဲ့ပေပြီ။

နောက်ဆုံး ဖခင်ဖြစ်သူမှ သားဖြစ်သူကို သနားလွန်း၍ ........

" ဘာဖြစ်လို့ နေ့တိုင်း သောက်နေရတာလဲ ...သားရယ်...ကဲ....အဖေ့ကို ဖြေပါဦး ကွယ်.."...ဟု မေးခွန်း တခု မေးလိုက်၏။

ထိုအခါ သားဖြစ်သူမှ ညှိုးငယ်စွာဖြင့် ဖခင်မျက်နှာအားကြည့်ရင်း.....

" ကြိုက်လို့ သောက်နေတာပါ အဖေ.....".....ဟု ဖြေပီးနောက် ဖခင်ဖြစ်သူ၏ ကန်ချက်ကြောင့် သားဖြစ်သူမှာ လှေကားတိုင်းအောက်သို့တလိမ့်

ကောက်ကွေး ကျသွားလေတော့၏။



တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely......

သိထားရမယ်

 
မသေမချင်း မှတ်ထားစေချင်တယ်
##########################

ကမ္ဘာအေးမှာ နေတုန်းက သိမ်တော်ကြီးမှာ ဘုရားဝတ်တက်ရတယ်။ သံဃာပေါင်း (၄၅၀)က တန်းစီပြီး ကြွချီနေကြတာကို မိမိကိုယ်တိုင် ကြည်ညိုနေမိတယ်။ သိမ်တော်ကြီးဆိုတာ ကမ္ဘာအေးပန်းခြံထဲမှာ ရှိသကိုး။ မြီးကောင်ပေါက်မအရွယ်မိန်းကလေးတွေက ဒီသံဃာတော်များကို ကြည်ညိုရကောင်းမှန်း မသိကြပါဘူး။ သူတို့က "အသဲတွေ အများကြီးပဲ၊ နှမြောလိုက်တာ"ဆိုကြသတဲ့။

အခုလည်း မချစ်ဆိုသူ ဒကာမတစ်ဦးနဲ့ ဘာသာခြားအပေါင်းအပါတို့က ....

၁။ မြန်မာနိုင်ငံမှာ ဘုန်းကြီးအပါး(၅)သိန်းရှိရာ တစ်ပါးကို (၁၀၀၀)နှုန်းဆွမ်းစားခကို တွက်ကြည့်ပါက တစ်နှစ်ရင် အမေရိကန်ဒေါ်လာ (၁၈၆)သန်းခန့် ကုန်ကျကြောင်း၊

၂။ တကယ်လို့ သံဃာ(၅)သိန်းထဲက (၄)သိန်းလောက် လူထွက်ပြီး တစ်နေ့တစ်ထောင်စားအလုပ်လုပ်ကြရင် ဗုဒ္ဓဘာသာဝင်ပေါင်း (၄)သိန်းကို ကူညီနိုင်မှာဖြစ်သလို ဒေါ်လာ (၁၈၆)သန်းကိုလည်း အကျိုးရှိရှိ အသုံးချနိုင်ကြောင်း၊

၃။ (၅)သိန်းကျော် သံဃာတော်များအတွက် (၁၈၆)သန်းကျော် သုံးစွဲရပေမဲ့ တစ်နှစ်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာသူ (၅)ဦးခန့်တောင် ရှိမယ်မထင်ကြောင်း၊

၎။ ယနေ့ခေတ် ဗုဒ္ဓဘာသာမှာ လူများပြီး အရည်အချင်းနည်းလို့ နာမည်ကောင်းးမကျော်၊ နာမည်ဆိုးနဲ့သာ ကျော်ကြားပြီး မကြာမီ ကမ္ဘာ့တံတွေးခွက်မှာ မျှော်ဖို့ မဝေးတော့ကြောင်း

ဗုဒ္ဓဘာသာသံဃာတော်များကို ပုတ်ခတ်ဝေဖန်ထားပါတယ်။ မိမိက အနည်းငယ် ရှင်းပြလိုပါတယ်။

၁။ သံဃာတော်များအတွက် ကုန်ကျစရိတ်
ဗုဒ္ဓဘာသာရဟန်းတော်များအတွက် ကုန်ကျစရိတ်မှာ နိုင်ငံတော်ဘတ်ဂျက်များ ချမှတ်ပြီး ကုန်ကျရခြင်း မဟုတ်ပါ။ အရိပ်အကဲပြမှ လှူတဲ့ဆွမ်းကိုလည်း မသုံးဆောင်ကောင်းပါ။ သဒ္ဓါအလျောက် လှူတဲ့ဆွမ်းကိုပဲ စားကောင်းပါတယ်။ မြတ်ဗုဒ္ဓက ဘုရားဖြစ်ပြီး မိမိမွေးရပ်မြေကို ပြန်ကြွတဲ့အခါ ဖခမည်းတော်က မိမိသားပဲ၊ နန်းတော်ကိုပဲ ကြွလာပြီး ဆွမ်းစားမယ်လို့ ထင်ပြီး ဆွမ်းစားမဖိတ်ခဲ့ပါ။ မြတ်ဗုဒ္ဓက သပိတ်ပိုက်ပြီး ကပိလဝတ်နေပြည်တော်မှာ ဆွမ်းခံပါတယ်။ ဒါကို သူ့ဖခမည်းတော်က သူ့ကို အရှက်ခွဲတယ်လို့ ယူဆပါတယ်။ မြတ်ဗုဒ္ဓက ဆွမ်းခံစားခြင်းမှာ သန့်ရှင်းမွန်မြတ်တဲ့ အလုပ်တစ်ခုသာ ဖြစ်ပြီး ရှေးရှေးဘုရားတို့ရဲ့ ကျင့်ဝတ်လည်း ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အိမ်ရာတည်ထောင်လူ့ဘောင်ကနေ ခွာပြီး ရဟန်းဘဝကို ယူကြတဲ့ ရဟန်းများဟာ သက်မွေးဝမ်းကျောင်းလုပ်ငန်းအပါအဝင် လူဝတ်ကြောင်လုပ်ငန်းများကိုလည်း စွန့်လွှတ်ခဲ့ပြီး ဓုရနှစ်ဖြာကိုပဲ ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်သူများမဟုတ်လို့ အခွန်ကင်းလွတ်သူလည်း ဖြစ်တယ်။ သံဃာတော်များကို ဆွမ်းလောင်းရလို့ ဘယ်အိမ်မှ မွဲသွားတာ မရှိခဲ့ဖူးသလို ဘယ်နိုင်ငံကမှ ငတ်နာကျခဲ့တာ မရှိပါ။

၂။ သံဃာတော်(၅)သိန်းအနက် (၄)သိန်းက လူထွက်ပြီး တစ်နေ့တစ်ထောင် အလုပ်လုပ်ပြီး ဆင်းရဲသားဗုဒ္ဓဘာသာလူမျိုး(၄)သိန်းကို ထောက်ပံ့နိုင်တယ်လို့ ယူဆချက်မှာလည်း မပြည့်စုံပါ။ သံဃာအဖွဲ့အစည်းမှာ ရှိနေလို့ ဒီလူတွေဟာ ဝိနည်းသိက္ခာပုဒ်များကို စောင့်ထိန်းရလို့ ငြိမ်းချမ်းကြောင်း ဖြစ်ပါတယ်။ စစ်သား(၅)သိန်းဟာ ဘာကြောင့် ဆင်းရဲသားတွေကို မထောက်ပံ့ပါသလဲ။ ဘင်္ဂလီ(၅)သိန်းဟာ ဘာကြောင့် အခြားဘင်္ဂလီ(၅)သိန်းကို မထောက်ပံ့ကြသလဲ။ ဗုဒ္ဓဘာသာဘုန်းကြီးများကြောင့် ဆင်းရဲမွဲတေမှုများရတယ်လို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီလူမျိုးတွေ ဘာကြောင့် (၅)သိန်းမျှ ခိုးဝင်ခဲ့ကြသလဲ။ အဖရိကနိုင်ငံအချို့မှာ ဘာကြောင့် ငတ်သေနေကြရသလဲ။ အဲဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီး မရှိပါ။ အခုမှ တစ်ပါးစ နှစ်ပါးစပဲ ရောက်ပါသေးတယ်။ ဒုတိယတစ်မျိုးအနေနဲ့ စဉ်းစားကြည့်ပါ။ အဆိုပါသံဃာ(၅)သိန်းထဲက (၄)သိန်းက လူထွက်ခဲ့ရင်၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာမရှိခဲ့ဘဲ မွေးကတည်းက သူခိုးဖြစ်နေခဲ့သူ၊ အကြမ်းဖက်သမားဖြစ်မဲ့သူ၊ ဘာသာခြားများကို တွေ့ရင် အသေသတ်မဲ့သူ၊ တစ်ဦးရင် ကလေး(၈)ယောက်လောက်မွေးပြီး တာဝန်မကျေသူဆိုရင် ဘယ့်နှယ်ရှိမလဲ။ အဲဒီတစ်ဦးကပဲ မိန်းမ(၄)ယောက်ယူပြီး တစ်ယောက်စီကို ကလေး(၈)ယောက်မွေးခိုင်းရင်ကော ကလေးအရေအတွက် ဘယ်လောက်ရှိသွားမလဲ။ (၁၀)နှစ်အတွင်းမှာ ကလေး 12.8 သန်း တိုးလာမှာဖြစ်လို့ ဒီကလေးတွေကို တစ်ထောင်စီ ပေးဖို့ ဗုဒ္ဓဘာသာဘုန်းကြီး (၁၂)သန်း (၈)သိန်း လူထွက်ပေးရဦးမယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးက အဲဒီလောက်အထိ မတတ်နိုင်ပါ။

၃။ ဗုဒ္ဓသာသနာမှာ ကျင့်ကြံရေးက ပထမ၊ ပြန့်ပွားရေးက ဒုတိယပါ။ ဒီဘုန်းကြီးများဟာ ဗုဒ္ဓဘာသာပြန့်ပွားရေး လုပ်နေကြတာမဟုတ်ကြောင်း သိစေချင်ပါတယ်။ ဗုဒ္ဓဘာသာကို ထိန်းသိမ်းနေကြရုံလေးပါ။ ဘာသာခြားများကို စွဲဆောင်ပြီး ဗုဒ္ဓဘာသာထဲ ဝင်ကြစေ ကြိုးစားအားထုတ်နေကြသူများလည်း မဟုတ်ကြပါ။ ပိဋကစာပေများကို သင်အံလေ့လာခြင်း၊ ကျင့်ကြံအားထုတ်ခြင်း၊ ပင့်တာရှိရင် တရားဟောကြားခြင်း၊ မင်းပရိသတ်၊ လူပရိသတ်များကို ဆိုဆုံးမခြင်းများကိုသာ ပြုလုပ်ကြပါတယ်။ တကယ့်လို့ ဘာသာခြားများကို စွဲဆောင်ဖို့ဆိုရင်၊ ဒါမှမဟုတ် တစ်နှစ်(၅)ဦးတောင် ဗုဒ္ဓဘာသာမဖြစ်လို့ ရှက်စရာလို့ ထင်ရင် မျိုးစောင့်ဥပဒေကို ထောက်ခံ၊ လူထွက်၊ ဘာသာခြားအမျိုးသမီးများကို လက်ထပ်၊ ဗုဒ္ဓဘာသာကို အတင်းပြောင်းခိုင်း ဒါပဲရှိတော့မပေါ့။ ရခိုင်နယ်စပ်သွားပြီး မှတ်ပုံတင်မရှိသေးသူ ဘင်္ဂလီအမျိုးသမီးများကို မှတ်ပုံတင်ရစေမယ်ဆိုတဲ့ အာမခံချက်နဲ့ ဖြားယောင်းလို့ရတာပဲလေ။ တစ်ခု သိထားရမှာက ဗုဒ္ဓဘာသာကို မကိုးကွယ်လို့ ဗုဒ္ဓဘာသာအတွက် ဘာမှ ယုတ်လျော့သွားမှာမဟုတ်ဘူး။ မကိုးကွယ်သူများအတွက်သာ အကျိုးယုတ်လျှော့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ရင်လည်း ဘာမှ မဖြစ်ပါ။ တစ်နေ့ ပျောက်ကွယ်မယ်လို့ ဝန်ခံတာ ဗုဒ္ဓဘာသာတစ်ခုထဲပဲ ရှိပါတယ်။

၎။ ဗုဒ္ဓဘာသာအရေအတွက်က မများပါ။ အများဆုံးက ခရစ်ယာန်ဘာသာပါ။ ဒုတိယအမ်ားဆုံးက အစၥလာမ္ဘာသာပါ။ တတိယအမ်ားဆုံးက ဟိႏၵဴဘာသာပါ။ ဗုဒ္ဓဘာသာကတော့ မာမွန်နဲ့ တာအိုဝါဒအောက်မှာတောင် ရောက်နေသလားလို့ပါ။ အရည်အချင်းကျတော့ သတ်မှတ်သူရဲ့ စံနှုန်းအပေါ်မှာ မူတည်ပါတယ်။ ရဟန်းသံဃာအပါးရေကို ကြည့်ပြီး ပြောရင်းလည်း လူဦးရေသန်း(၆၀)မှာ (၁)ရာခိုင်နှုန်းတောင်မရှိပါ။ အမေရိကန်နိုင်ငံမှာ အမေရိကန်အစိုးရကို မှီခိုနေရသူတွေက သန်း(၃၀၀)ထဲမှာ (၄၈)သန်း ရှိပါတယ်။ ဒါဟာ (၁၀)ရာခိုင်နှုန်းကျော်ပါတယ်။ ဘုန်းဘုန်းက အမေရိကမှာ နေပါတယ်။ အဲဒီ(၄၈)သန်းစာရင်းထဲမှာ မပါပါ။ မနားရပါ။ ဇေတဝန်မြန်မာကျောင်းဘုန်းကြီးများဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်အပါအဝင် အားလုံးက အကူအညီလာတောင်းကြပါတယ်။ မနားရပါ။ တံတွေးခွက်မှာ ပက်လက်မျောမယ်မထင်ပါ။

မိန်းမလေးယောက်ယူနိုင်လို့ ကြွားစရာမလိုပါ။ တိရစ္ဆာန်တွေက ဒီထက် ယူနိုင်ကြပါတယ်။ မိသားစုကို ရှာကျွေးနိုင်လို့ မာန်တက်စရာမဟုတ်ပါ။ တိရစ္ဆာန်တွေလည်း ရှာကျွေးတတ်ကြတယ်။ လူ့ဘဝဆိုတာ မေထုန်မှု၊ စားမှု၊ အိပ်မှုနဲ့ပဲ ပြီးရမဲ့ဘဝ မဟုတ်ဘူး။ အဲဒီထက် အများကြီး လေးနက်ပါသေးတယ်။ ပြန်ပြောပါဦးမယ်။ မြတ်ဗုဒ္ဓဟာ အခြားဘာသာရေးခေါင်းဆောင်တွေထက် ချမ်းသာခဲ့ပါတယ်။ စည်းစိမ်ရှိခဲ့ပါတယ်။ တန်ခိုးအာဏာရှိခဲ့ပါတယ်။ မိသားစုဘဝ ရှိခဲ့ပါတယ်။ ငတ်ပြတ်လို့ တောထွက်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ မသေမချင်း မှတ်ထားစေချင်ပါတယ်။

မတည်မြဲစေနဲ့

 
တစ်ခါတုန်းက ပညာရှိ တစ်ယောက်ဟာ
လူအုပ်ကြီး ရှေ့မှာ ရပ်နေပြီး ဟာသတစ်ပုဒ်
ပြောလိုက်သည်

လူအုပ်ကြီးဟာ ဟာသကိုကြားရပြီးနောက်
အရူးတွေလိုပဲ ရယ်မောပျော် ရွှင် ကြ၏

ပညာရှိဟာ အဲဒီ ဟာသ ကိုပဲ နောက်ထပ် တစ်ခေါက် ထပ်ပြောလိုက်သည်
ထိုအခါ လူအနည်းစုသာ ထိုဟာသကို ကြားရပြီးနောက် ရယ်မောကြ လေ သည်

ပညာရှိဟာ အဲဒီဟာသကိုပဲ ထပ် ခါ တစ်လဲလဲ ပြောပြ လေသည်
ဟာသ၏ အ ကြောင်း အရာကို ကြားပြီးသား ဖြစ်နေကြ သော ကြောင့် နောက် ဆုံး တော့ ဟာသ ကို နားထောင် ပြီး သည့် တိုင် တစ်ယောက်မှ မရယ်မောကြ တော့ပေ

ထိုအခါ ပညာရှိက ပြုံးလိုက်ပြီး ပြောပြသည်

'ရယ်မောစရာ ဟာသ တစ်ခုတည်း အ ပေါ်မှာ ကျွန်တော်တို့ ခင် ဗျား တို့ ထပ် ခါ တလဲလဲ မရယ် မော နိုင် ဘူး
ဒါဆိုရင် ဝမ်းနည်းစရာ တစ်ခုတည်း အ ပေါ်မှာ ကျွန်တော်တို့ ခင် ဗျား တို့ ဘာလို့ ထပ်ခါတလဲလဲ ဝမ်းနည်းနေမှာလဲ'

'ရယ်စရာရှိရင် ရယ်လိုက်
ငိုစရာရှိရင် ငိုလိုက်'

'လဲရင်ပြန်ထ ဒါဘဝပါ'



MHW@ဒိုင်ယာရီ (25.8.2013)
www.facebook.com/DailyDiaryOfMe

မှန်ခွဲတဲ့နှစ်ကြီးသမား

 
နှစ်ကြီးသမား

အကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းသားနှစ်ဦးဆုံမိကြ၏။

ပထမအကျဉ်းသား။ ။ဘာကြောင့် ထောင်ကျရတာလဲဗျ။

ဒုတိယအကျဉ်းသား။ ။အလုပ်ထဲမှာ ပြူတင်း ပေါက်မှန်ကို ခွဲမိလို့ပါဗျာ။

ပထမအကျဉ်းသား။ ။ဘယ်လောက်ကျလို့လဲဗျ။

ဒုတိယအကျဉ်းသား။ ။၂၅ နှစ်ပါ။

ပထမအကျဉ်းသား။ ။ဟာာာာ...များလှချည်လား။ဒါနဲ့ ဘယ်မှာအလုပ်လုပ်ခဲ့တာလဲဗျ။

ဒုတိယအကျဉ်းသား။ ။....ေရငုပ္သေဘာၤ မွာပါ ။

တိန်

မေ့ဆေးပြယ်ချိန်

 
"မေ့ဆေးပြယ်ချိန်"

မေ့ဆေးပေးခွဲစိပ်မှုကို ခံထားရတဲ့ ယောက်ျားဖြစ်သူဟာ လူနာကုတင်ပေါ်မှာ မေ့မြောနေဆဲ ရှိပါသေးတယ်။
သူ့ကုတင်ဘေးမှာတော့ မိန်းမဖြစ်သူက ထိုင်စောင့်နေတယ်။

အဲဒီအချိန်မှာဘဲ လူနာသတိရလာတယ်။
မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်ပြီး သူ့မိန်းမကို မြင်သွားတော့… …
“မင်း သိပ်သိပ်လှတာဘဲကွယ်”
….လို့ပြောပြီး ပြန်မေ့သွားတယ်။

မိန်းမဖြစ်သူလည်း တော်တော်လေး ကျေနပ်အံ့သြသွားတယ်၊
သူတို့ ပေါင်းသင်းလာတာကြာပြီ၊ တခါမှ အဲလိုချီးမွမ်း မခံရဖူးဘူးလေ။

ခဏနေပြန်တော့ လူမမာသတိရလာပြန်တယ်
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောပြန်တယ်…
“လှတယ်”
…ဆိုပြီး ပြန်မေ့သွားပြန်တယ်၊
မိန်းမဖြစ်သူစိတ်ထဲ နဲနဲဘဝင်မကျဘူးဖြစ်သွားတာပေါ့

ဒါနဲ့
ဘယ်မှ မသွားဘဲ ကုတင်ဘေးမှာ ပေပြီးစောင့်နေတယ်။
မကြာပါဘူး လူမမာ သတိရလာပြန်တယ်၊
ခုနလိုဘဲ မျက်လုံးလေးဖွင့်ကြည့်ပြီး ပြောတယ်… ….
“အင်း…ရုပ်လေးက မဆိုးရှာပါဘူး”

ဒီလိုလဲပြောရော တော်တော်လေးကိုမကျေမနပ်ဖြစ်သွားတဲ့ မိန်းမက မေးတော့တယ်… …

“ဘယ်လိုဖြစ်လို့ ကျမရဲ့အလှက လျော့လျော့သွားရတာလဲ”

ဒီတော့ ယောက်ျားလုပ်သူက ပြန်ဖြေတယ်… …

“အော်... မိန်းမရယ်၊ မေ့ဆေးကလဲ တဖြေးဖြေး ပြယ်လာတာကိုး”….တဲ့။



https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

အေးချမ်းမွန် Credit To >Thanlay Ko < Thanks
Re-posted By ACM 25-8-2013
https://www.facebook.com/excellencemedia

အသုံးမကျတဲ့မိန်းမဆိုတာ

 
ဘယ်ဘက်မှ မလွတ်ပါလား

တစ်ရက်..၃၈ ဘစ်ကားပေါ်သို့ လူတစ်ယောက်ဟာ အရက်မူးပီး တက်လာလေ၏။

အမူးသမားမှ ဘစ်ကားပေါ်တွင်မျက်လုံးဝေ့..ကြည့်လိုက်ရာ ထိုင်ခုံများအားလုံးတွင် အမျိုးသမီး ခရီးသည်များ နဲ့ သာ ပြည့်နေသည်ကိုတွေ့ရလေ၏။

ထိုအခါ အရက်သမားက ထိုင်ခုံမရမည့်အတူ ပြသနာရှာ...ချင်သည့်စိတ်ဖြင့် ထိုသို့ ကျယ်လောင်စွာပြောလေ၏။

" ဘယ်ဘက် ထိုင်ခုံတွေမှာ ထိုင်နေတဲ့ မိန်းမ တွေအားလုံးဟာ အသုံးမကျတဲ့မိန်းမတွေ။

ညာဘက်ထိုင်ခုံတွေ....မှာ ထိုင်နေတဲ့ မိန်းမတွေအားလုံးက ကျ တော့ ဖောက်ပြားတဲ့မိန်မးတွေ။....ဟေ့...ငါသိတယ်....အေ့.."

ထိုစဉ် ညာဘက်ထိုင် ခုံတန်းတွင် ထိုင်နေသော အမျီုးသမီးတဦးမှ စူးရှကျယ်လောင်သော ဒေါသအသံဖြင့်.....

" ဒီမှာ....ကျမအိမ်ထောင်ကျတာ ၁၀ နှစ်ရှိပီ။ ကျမယောက်ကျားကို ကျမ တစ်ခါမှ သစ္စာ မဖောက်ဖူး ဖူး ဆိုတာ...ရှင်သိရဲ့လား..

.ဘာတွေလာပြောနေမှန်းကိုမသိဖူး...ငမူးရဲ့..."

ထိုအခါ အမူးသမားမှ လေးလံသော အသံဖြင့်ပြန်ပြောလိုက်တာက....

" အင်း......အဲဒါဆို ....ဘယ်ဘက်ခုံ ပြောင်းထိုင်..."........တဲ့

တိန်

ရီမောပျော်ရျွှင်ပါစေ

ကိုလုံ

Thursday, August 22, 2013

အရက်ဖြတ်မယ်



အရက်ဖြတ်မယ်ပေါ့



ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။

ဒီတော့ဆရာဝန်က…..

“ဘယ်လိုဖြစ်တာလဲ”

“ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ ”

“ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ”

“နောက်မဖြစ်တော့ပါဘူး ဆရာ”

“အရက်ဖြတ်မယ်ပေါ့”

“ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ

Credit to စိတ္တဇ ဟာသများ

အတိတ်ကတည်းကချစ်သူ

 
အရမ်းကောင်းတဲ့ပုံပြင်လေးပါ
အချိန် ၃ မိနစ်လောက်ပေးပြီဖတ်စေချင်ပါတယ်

ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့
ကောင်လေးနဲ့ကောင်မလေး အချစ်စုံတွဲ ရှိခဲ့ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လာကြတာသက်တမ်းသုံးနှစ်ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့။

ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့ သတင်းကိုကောင်လေးကြားလိုက်ရတယ်။

သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲ့သတင်းကိုကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။ မကြာခင်မှာပဲ ကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီး
အိပ်ယာထဲလဲတော့တယ်။


အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့ခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ဆရာဝန်ပြလည်း မသက်သာတော့ဘူး။

တစ်နေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့ အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်။

အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကို တွေ့တာနဲ့စိတ်ရှုပ်စွာနဲ့"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်။
ဘုန်းကြီးကပြုံးပြီးတော့....."ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး။ ဒီအိမ်မှာ လူမမာရှိတယ်ကြားလို့ ဘုန်းဘုန်းက ဆေးနည်းနည်း
ကုတတ်တော့လာကူညီပေးတာပါဒကာမလေး" လို့ မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့ မရကြောင်းနဲ့ သူမရဲ့ သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်းပြောပြီး
အိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီး ကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ် အရေတင် ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့
လူမမာသည်ကောင်လေးကို တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီး အတွက်သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့....
" တော်တော်အခြေအနေဆိုးနေတာပဲ "လို့ရေရွတ်လိုက်တယ်။

လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့ မကပ်စွာနဲ့ပဲဘာမှမကြားသလို တိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင် မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲကကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်။

ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်
နေနေရာက နေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ...မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကို တွေ့လိုက်ရတယ်။
သိတ်မကြာခင်မှာပဲ ကောင်မလေးပုံရိပ်ကေ၀၀ါးပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခု
ပုံပြောင်းလဲသွားတယ်။
အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး။ လူမမာကောင်လေးကမှန်ထဲကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ
မိန်းကလေး အလောင်းတစ်လောင်းဟာလည်း
လျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်။

ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာ
ကြည့်ပြီးလျင်မြန်စွာဖြတ်လျှောက်သွားတယ်။အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီးအဲ့ကောင်မလေးအလောင်းကိုတွေ့သွားပြန်တယ်။
ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီး ခရီးဆက်ထွက်သွား
တယ်။ အဲ့လိုနဲ့နောက်ထပ်အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်
ရောက်လာပြန်တယ်။

ဒီလူက အပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံကို စိတ်ဝင်စားပြီး ခြုံထည်ကိုလှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်။

ဒါပေမယ့် သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာ သူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။

လူငယ်ဟာ သူ့လက်နှစ်ဖက်နဲ့မြေတွေကို ယက်ပြီးတဖြေးဖြေးချင်း တူးလာလိုက်တာညနေစောင်းအချိန်မှာမိန်းကလေးအလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်။

အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက်ထွက်ခွာသွားတယ်။
အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေး အလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီး အဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်။

လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲ
မြေမြုပ်ပေးတဲ့လူရွယ်ရဲ့မျက်နှာပြန်ပေါ် လာပြီး လူတစ်ယောက်ရဲ့မျက်နှာ အဖြစ်ပြောင်းသွားပြန်တယ်။

အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်ကွယ်သွားခဲ့တယ်။
ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်။

"ခုဆိုရင် ဒကာလေးလည်း သဘောပေါက်လောက်ပြီထင်တယ်။ အဲ့မိန်းကလေးအလောင်းက ဒကာလေးရဲ့ချစ်သူမိန်းကလေးဖြစ်တယ်။ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကို မြေမြုပ်ပေးတဲ့ ကုသိုလ်ကံ ရေစက်ကြောင့် အဲ့ဒီလူငယ်ဟာဒီဘ၀မှာကောင်မလေးနဲ
့လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်။

ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘ၀မှာသူမနဲ့သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်။
ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး နားလည်သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်းပြန်လည် ကျန်းမာလာပြီးလောကီကိုစွန့်လို့ သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ.. ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီဘ၀မှာအဖေ၊ အမေ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ချစ်သူ၊ရန်သူအဖြစ်နဲ့
တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။
ဘ၀တစ်ခုခုကပြုခဲ့တဲ့ရေစက်ကံကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

အဲ့လိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
ဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့ခွဲခွာကြရမှာပါ။ အဲ့ဒါကြောင့်
ခုမခွဲခွာရခင် အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာတတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ.
.မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာ ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပဲဖြစ်ပါတယ်။


( I Miss You )

Saturday, August 17, 2013

မီးမီးကြိုက်ကြိုက်

 
''မီးမီးကြိုက်ကြိုက်”

တစ်ခါက ရုပ်ရည်ချောမော ပြေပြစ်တဲ့ ဆရာဝန်လေးတစ်ယောက်ရှိတယ်။

သူ့ဆီကို လာပြတဲ့ လူနာတွေဟာလည်း အများအားဖြင့် အမျိုးသမီးငယ်လေးတွေဘဲတဲ့။
ဆရာဝန်လေးက သူ့လူနာမိန်းကလေးတွေကို သွေးခုန်နှုန်းတိုင်းရင် တိုင်းလို့ရတဲ့ အဖြေထဲက အမြဲတမ်း ၁၀ နှုတ်ရတယ်။
ဒါမှ သွေးခုန်နှုန်းအမှန်ရတာတဲ့။ ဖြစ်မှ ဖြစ်ရလေ နော့်။

တနေ့တော့ ကောင်မလေးတစ်ယောက် လာပြတယ်။ ဘာရောဂါမှ ထွေထွေထူးထူး ရှိဟန်မတူဘူး။
ဒါပေမယ့် ဆရာဝန်လေးရဲ့ တာဝန်အရ လာပြတော့လည်း ကြည့်ရှုစမ်းသပ်ရတာပေါ့။

ဆရာဝန်လေးက ကောင်မလေးရဲ့ နောက်ကျောမှာ လက်ဝါးတင်ပြီး…
“ဆိုကြည့်စမ်း…ရှစ်ဆယ့်ရှစ်” လို့ ပြောတယ်၊
ကောင်မလေးက ဆိုတယ်…
“ရှစ်ဆယ့်ရှစ်”

နောက်တစ်ခါ ဆရာဝန်လေးက ကောင်မလေးရဲ့ ဗိုက်ပေါ် လက်ဝါးတင်ပြီင်္း ပြောတယ်…
“ဆိုကြည့်ပါအုံး…ရှစ်ဆယ့်ရှစ်”
ကောင်မလေးက လိုက်ဆိုတယ်… ...
“ရှစ်ဆယ့်..ဆယ့် ... ဆယ့် ရှစ်”.. (နဲနဲ အသံတုန်လာတာ)

အဲ ဒီတစ်ခါတော့ ဆရာဝန်လေးက ကောင်မလေးရဲ့ ရင်သားပေါ် လက်ဝါးတင်ပြီင်္း ပြောတယ်…
“ကဲဆိုပါအုံး…ရှစ်ဆယ့်ရှစ်”
ကောင်မလေးက ဆိုရှာတယ်… ...

“တစ်…နှစ်…သုံး…လေး…ငါး…ခြောက်… … …. …

https://www.facebook.com/thanlayko
သန်၎ကို-ဘာသာပြန်သည်

ဝံပုလွေ နှစ်ကောင်

 
ဝံပုလွေနှစ်ကောင်
----------------------------------------------------------------

အဘိုးအိုတစ်ယောက်က သူ့မြေးကိုပြောပြတယ်...

"လူလေး... ငါတို့အားလုံးရဲ့ ကိုယ်ထဲမှာ ဝံပုလွေနှစ်ကောင်က အမြဲတမ်းတိုက်ခိုက်နေကြတယ်..."

"တစ်ကောင်က မကောင်းမှုလို့ခေါ်တယ်... ဒေါသ... မနာလိုဝန်တိုမှု... လောဘ... မကျေမချမ်းမှု... သိမ်ငယ်မှု... လိမ်ညာမှုနဲ့ အတ္တတွေပေါ့ကွယ်..."

"နောက်တစ်ကောင်ကတော့ ကောင်းမှုလို့ခေါ်တယ်ကွယ့်... ပျော်ရွှင်မှု... ငြိမ်းချမ်းမှု... မေတ္တာတရား... မျှော်လင့်ချက်... နှိမ့်ချမှု... ကြင်နာမှု... စာနာမှုနဲ့ မှန်ကန်မှုတွေပေါ့..."

ကောင်လေးက သူ့အဘိုးပြောပြတာကို နားထောင်ပြီး စဉ်းစားတယ်.... ပြီးတော့ မေးလိုက်တယ်...

"အဘိုး... ဘယ်ဝံပုလွေက နိုင်သလဲဟင်..."

အဘိုးအိုက ဖြည်းဖြည်းချင်းပြန်ပြောလိုက်တယ်...

"လူလေး အစာကျွေးထားတဲ့ တစ်ကောင်ပေါ့ကွယ်..."
----------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

Friday, August 16, 2013

သန်ကောင်စာရင်း

 
၂၀၁၄ အကြို သန်းခေါင်စာရင်းကောက်ဖို့ ရွာတစ်ရွာမှာ မောင်စိုးသူ ကို ရွာလူကြီးက တာဝန်ပေးလိုက်တယ်..

“ လွယ်ပါတယ်ကွာ..မင်းက တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းကောက်ဖို့ပါလို့ ပြော...
အိမ်ထောင်ရှိလား..ကလေးရောရှိလား..ယောကျာ်းလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့ရုံပဲ...”

မောင်စိုးသူ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တစ်ယောက်ထွက်လာတယ်..မောင်စိုးသူ ပြောလိုက်တယ်..

“ အိမ်ထောင်စု စာရင်းကောက်မလို့..မင်းဒီအိမ်ကလား... ”

ကောင်မလေး ခေါင်းညိတ်ပြတယ်..မောင်စိုးသူက မေးတယ်...

“ အိမ်ထောင်ရှိလား...”

“ မရှိပါဘူး...”

“ ဒါဆိုကလေးရော...”

“ ဖြန်းးးးးးးးးးးးးးး”

မောင်စိုးသူကို ကောင်မလေးက ပါးရိုက်က်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်စိုးသူလည်း ရွာလူကြီးင်္ဆီပြန် လာပြီးပြောပြတယ်... ရွာလူကြီးကပြောတယ်...

“ အေးပေါ့ကွာ.. . အိမ်ထောင်မရှိပါဘူးပြောတာ ကလေးက ဘယ်ရှိမှာလဲ... ဒီတခါ ကလေးရှိလား အရင်မေးကြားလား...”

မောင်စိုးသူ ပြန်ထွက်လာတယ်..အိမ်တစ်အိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်...

“ အိမ်ထောင်စုစာရင်းကောက်မလို့ ..အဘွားဒီအိမ်က လား...”

“ အေး ”

“ အင်း..အဘွား ကလေးရှိလား...”

“ အေး... ရှိတယ် ၆ယောက်... ”

“ ဒါဆို အိမ်ထောင်ရော... ? }

“ ဖြန်းးးးးးးးးးးးးးးးးး”

အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်.......


ဟာသကုမ္ပဏီ

အေးချမ်းမွန် Credit To >>ဟာသကုမ္ပဏီ << Thanks
Re-posted By ACM 14-8-2013
https://www.facebook.com/excellencemedia

အချစ်ဆိုတာ



တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို "အချစ်ဆိုတာ ဘာလဲ"လို့ မေးသတဲ့။
ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာ လမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။
နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး
နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်တွေ့ခဲ့ပါတယ်။
ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ
ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ
လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။
ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး
သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
"အကောင်းဆုံး ထင်းရူးပင် တစ်ပင်"ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။
နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့
"တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။
ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြောတော့
ဆိုကရေတီးက "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။
(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့
အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့
"၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီးခူးလာခဲ့တယ်။
အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။
သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့
ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး
"ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။
ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။
ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး
သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက ပလေတိုကို ပြောခဲ့တယ်။



Credit - Original up-loader

https://www.facebook.com/groups/RealFamily.Myanmar/permalink/698063953553824/

ထပ်ဆင့် Credit to [လူဗိုလ်ဟူသည် ...]
http://www.lubo601.com/2013/08/blog-post_1507.html


◎ အချစ်ဆိုတာ … အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးဘဲထားခဲ့တဲ့ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု။

◎ လက်ထပ်ခြင်းဆိုတာ … အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ သယ်ယူလာခဲ့တဲ့ ထင်းရူးပင်တစ်ပင်။

◎ တိတ်တိတ်ပုန်းဆိုတာ … အလှဆုံးလို့ ထင်ရ၊ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေ၊ တဖြည်းဖြည်း ညိုးနွမ်းသွားတဲ့ပန်းတစ်ပွင့်။

◎ ဘဝဆိုတာ … လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ထပ်ရှာချင်တော့မည့် ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်။

Sunday, August 11, 2013

သင်းကွဲငှက်



``အသိုက်ကွဲ ငှက်ရဲ့ ဒဏ်ရာ "
- - - - - - - - - - - - - - - - - -

ကမ္ဘာပေါ်က ကလေးတိုင်း
လိုက်မေးကြည့်ပါ
မိတကွဲ ဖ တကွဲ နဲ့
ဘယ်သူနေချင်သလဲလို့ ...

အဖေရယ် မသွားပါနဲ့
သားကို ဘယ်သူက ကျောင်းလိုက်ပို့မှာလဲ ...
အမေရယ် မသွားပါနဲ့
သားကို ဘယ်သူက အိမ်စာတွေ စစ်မှာလဲ ...

ကိုယ်ပိုင် အတ္တတွေ အပြိုင်ကြဲတဲ့ပွဲ
ကိုယ့်ကိုကို အချစ်ဆုံးဆိုပြီး
လက်မထောင် နှစ်ယောက်သား လမ်းခွဲသတဲ့
( ကျတော့်ကိုရော ဘယ်သူမှ မချစ်ကြဘူးလား ??? )

ကျကွဲနေတဲ့ မှန်ဘောင်ထဲက
အဖေ ၊ အမေနဲ့ ကျတော် ..
သွေးအလိမ့်လိမ့်နဲ့ ကျတော့်ရဲ့လက် ,
တိပ်လေး ပြန်ကပ်ရင်တော့
မှန်ဘောင်လေး အကောင်းဖြစ်မှာပါ ...
( တိုးလျတဲ့ ဆုတောင်း )

" ရိုက်ပါ ဆရာမ ... "
အချက် ၂၀ မကဘူး
အသေသာ ရိုက်ပါ ...
ဆရာမ ခေါ်ခိုင်းတဲ့ မိဘ
ကျတော့်မှာ မရှိဘူးးး
" ရိုက်ပါ ဆရာမ "

အံကြိတ်ပါများလာတော့
နူတ်ခမ်းမှာ ဒဏ်ရာဖြစ်လာတယ်
ကျွန်တော်က ကလေကချေပါ
နေ လ မရှိတဲ့ ကမ္ဘာငယ်တခု
လောကကြီးနဲ့ ကန့်လန့်တိုက်ဖို့ အဆင်သင့် ရှိနေတယ်

ပညာရေးမှာ - သုည
ပေါင်းသင်းဆက်ဆံမူ့ - ဇီးရိုး
အရာရာအဆိုးမြင်နေတယ် ...
ဒဏ်ရာတခုရဲ့ နောက်ဆက်တွဲတွေ

မပြောပါနဲ့
မိမနိုင် , ဖ မနိုင် လို့ ...
မိဘတွေ ဆုံးမတာကိုခံချင်လွန်းလို့ ,
ညတိုင်း အဖေ အမေ ဓာတ်ပုံလေးကို ရှိခိုးရင်း
ဆုတောင်းနေရတဲ့ ကောင်ပါ ...

ဒဏ်ရာတွေအတွက် ထည့်စရာဆေးမရှိဘူး
အမာရွတ်တွေက အထပ်လိုက် နဲ့ ရှိုက်ငိုနေရဆဲ

အိမ်မက်ဆိုးမက်တဲ့ညတွေမှာ
ပြေးဝင်စရာ ရင်ခွင်မရှိဘူး
မနက်ခင်းမှာ လာနိုးမယ့်
အနမ်းတစုံ မရှိဘူး
နေမကောင်းတဲ့ အခါ
ပြုစုပေးမယ့် လက်တစုံ မရှိဘူး
ရှင်ပြုရင်ကော သပိတ်လွယ်မဲ့ အဖေ
သင်္ကန်း ကိုင်မယ့်အမေ ရှိပါ့မလား

" သား ဒီနေ့ အဆင့် ( ၁ ) ရတယ် "

ဘယ်သူ့ကို ပြောပြရမှာလဲ ...
ဘယ်သူ့ဆီက ပူဆာ ရမှာလဲ ...
အုပ်ထိန်းသူနေရာမှာကော
ဘယ်သူ လက်မှတ်ထိုးမှာလဲ

" အဖွား ...
အဖွား ပြောတော့ အဆင့် ( ၁ ) ရရင်
အဖေ နဲ့ အမေ ပြန်လာမှာဆို " ။ ။

.

ရာဝဏ ၏ ကဗျာလေးအား ထပ်ဆင့်ဝေမျှပါသည် ။

Saturday, August 10, 2013

ဘဝအတွက်တာ




ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် သင်ဟာ ဒီအရာ (၁၀)ခုကို စွန့်လွှတ်ရပါလိမ့်မယ်။

၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘ၀ကို ထိန်းချုပ်ခွင့်ပြုခြင်း

အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။
... သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘ၀အတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။

၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း

သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။
အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။
သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

၎။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း

ဘ၀မှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။
သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့အခုအချိန်ပါ။

၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်းသင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။

၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း

အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။
ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း

ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။သင့်ဘ၀အတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။

၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း

ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။

၉။ သင့်ဘ၀၏ ကောင်းသောအချက်များကို သတိမပြုခြင်း

သင်ရှာတာကိုပဲ သင်တွေ့တာပါ။သင့်ရဲ့ဘ၀မှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း

ဘ၀ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

ချိုးငှက်ဟူသည်

Credit to စိတ်ကူးပျော်ရာ

သူခိုးလက်က သူဝှက်လု


"ဘယ်သူ ပိုခိုးတတ်သလဲ"

ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။

ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။

"ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ"

ဒီတော့ အင်ဂျင်နီယာက -

"အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့"

ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက ယခုလို ပြောပါတယ်။

"ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား"

ဒီတော့ ကောင်တာမှ လူငယ်ကလည်း "အင်း. ကြည့်မယ်လေ"

အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့ မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။

ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို အင်ဂျင်နီယာက ယခုလို မေးပါတယ်။

"အကို စားခဲ့တဲ့ ချောကလပ်သုံး ချောင်း ဘယ်ရောက်သွားလဲသိချင်လား"

လူငယ်က ဟုတ်ကဲ့လို့ ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။

"အင်း ဘေးက အကို့သူငယ်ချင်း အိတ်ကပ်ထဲမှာ ရှိတယ်"
.
Ref: joke
Aung Kham (TSJ team)

Friday, August 9, 2013

ကျောင်း



ကျွန်တော့် မိတ်ဆွေက သူ့သားကို ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ထားတယ်။ အဲဒီကျောင်းက လူတိုင်းပါးစပ်ဖျားက ကြယ်ပွင့်ငါးပွင့်ရ နာမည်ကြီးကျောင်းပေါ့။ ကျောင်းလခဈေးကြီးလို့ ဘုရားတ,ရတဲ့ကျောင်း။ ကျွန်တော့်မိတ်ဆွေက စီးပွားရေးအသေးစားနဲ့ အသက်မွေးဝမ်းကျောင်းသူမို့ ဒီလောက်ကျောင်းလခများတဲ့ကျောင်းမှာ ဘာဖြစ်လို့ သားကို ထားရသလဲလို့ ကျွန်တော်ကမေးတော့ "ကလေးရဲ့ရှေ့ရေးအတွက်ပါ... ကောင်းတဲ့ပညာရေးအတွက် ကျွန်တော်တို့ကုန်ကျရတာ တန်ပါတယ်"လို့ သူကပြောတယ်။

ဒါပေမယ့် အခုတစ်လော ကလေးနဲ့အတူ သချာင်္အိမ်စာတစ်ပုဒ်ကို သူကူလုပ်ရင်း စိတ်တိုဒေါသထွက်ပြီး ကျောင်းက ဆရာမကိုသွားရှာ ဆွေးနွေးခဲ့တယ်။

သချာင်္ပုစ္ဆာက အကြမ်းအားဖြင့် ဒီလိုပါ....

တောင်ပြိုတာနဲ့ကြုံတော့ တောင်တက်သမား A ကို B နဲ့ C က ကယ်တင်လိုက်တယ်။ B မှာ ပေါင်မုန့် ၄ချပ်ရှိတယ်။ C မှာ ပေါင်မုန့်၅ချပ်ရှိတယ်။ ဗိုက်ဆာတော့ ဒီပေါင်မုန့်ကို သူတို့သုံးယောက် အညီအမျှခွဲကြတယ်။ A က သူ့မှာရှိတဲ့ ပိုက်ဆံ ၆ဝဝကို ထုတ်တယ်။ B နဲ့ C က A ဆီမှာ ငွေဘယ်လောက်ယူရမလဲ?

ပုစ္ဆာရဲ့ဖြေရှင်းနည်းအမှန်က B က ၂ဝဝရတယ်။ C က ၄ဝဝရတယ်။ B က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုတစ်ချပ်ပေးလို့။ C က သူကိုယ်တိုင် ၃ချပ်စားပြီး A ကိုနှစ်ချပ်ပေးလို့။ Aကိုပေးလိုက်တဲ့ Bနဲ့C ရဲ့ပေါင်မုန့်အချိုးက ၁း ၂ ဖြစ်တယ်။ ဒါကြောင့် ၁း ၂အတိုင်း B ကို ၂ဝဝ၊ C ကို ၄ဝဝ ပေးတယ်။

သချာင်္သဘောတရားကနေကြည့်ရင် ဒါဟာလော့ဂျစ်ဆန်တဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့။ အကျိုးအကြောင်းသင့်တယ် ယူဆချက်တိကျတယ်။ ဖြေရှင်းနည်းမှန်ကန်တယ်ပေါ့။ ထိုင်ဝမ်က ပညာရေးသစ် နည်းစနစ်သစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး မိဘအုပ်ထိန်းသူတွေကို သချာင်္ဆိုတဲ့စကားကိုကြားတာနဲ့ မျက်စိမျက်နှာပျက်အောင်လုပ်ခဲ့ပေမယ့်၊ အထောက်အကူဖြစ်စေတဲ့နည်းတွေနဲ့ သင်ကြားရင် ကလေးတွေ ပိုတုံး ပိုအသွားမှာကို စိုးတယ်ဆိုပေမယ့် ဒီပုစ္ဆာက မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်တဲ့ပုစ္ဆာပါ။ ဒါပေမယ့် သားသမီးကို အဆင့်မြင့်ပညာရေး သင်ယူစေမယ်ဆိုတဲ့ ကျွန်တော့်မိတ်ဆွေက ဒီပုစ္ဆာဖြေရှင်းနည်းကို ကြည့်ပြီး အရမ်းစိတ်ထိခိုက်ခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်။

"ဘာဖြစ်လို့ ဒီလိုပုစ္ဆာမျိုး ထုတ်ရသလဲ.. တခြားပုစ္ဆာမထုတ်ဘဲ ဘာဖြစ်လို့ ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပေါင်မုန့်ဖိုးတောင်းရသလဲ" လို့ သူနာနာကျင်ကျင်ပြောပါတယ်။

"ဟုတ်တာပေါ့.. ဒီလောက်ဈေးကြီးတဲ့ပေါင်မုန့် ဘယ်ဆိုင်ကရောင်းသလဲ"လို့ သူ့မိန်းမကပါ ဝင်စွက်ပါတယ်။

ကျောင်းက ဆရာ၊ ဆရာမနဲ့ ကျွန်တော်မိတ်ဆွေတို့ အစည်းအဝေးတစ်ခုလုပ်ပြီး ဒီပုစ္ဆာအတွက် လူပီသတဲ့၊ လူဆန်တဲ့ "ဘေးအန္တရာယ်ကြုံသူတစ်ယောက်ဆီကနေ ပိုက်ဆံယူဖို့ မလိုဘူး"ဆိုတဲ့ အဖြေပေးဖို့ ဆွေးနွေးခဲ့ကြတယ်။ ကျောင်းက ဆရာ ဆရာမတွေက သူ့အပြောကို လေးလေးစားစား လက်ခံခဲ့ပါတယ်။ ပြဌာန်းစာအုပ်က ဆရာ ဆရာမတွေ တည်းဖြတ်တာမဟုတ်လို့ နောက်ပိုင်းမှာ ဒီလိုမျိုးမဖြစ်အောင် သတိထားမယ်ဆိုတဲ့အကြောင်း တောင်းပန်ပါတယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် သူ့ကိုတောင်းပန်မှန်း သူနားလည်ပါတယ်။ သူ့ကလေးက ဒီလိုပညာရေးပတ်ဝန်းကျင်၊ ဒီလိုပညာရေးစနစ်အောက်မှာ သူထင်မှတ်မထားတဲ့ ပုံစံအတိုင်း တဖြည်းဖြည်း ပုံသွင်းခံနေရပြီဆိုတာကို သူနားလည်လိုက်တယ်။

ဒီလိုခေတ်ပညာရေးအပေါ် သူဘာမှလုပ်နိုင်တဲ့ အင်အားလည်းမရှိ မကျေမနပ်လည်း ဖြစ်သေးတာမို့ "ကျောင်းပညာရေးက တစ်ပိုင်းသပ်သပ်မို့ တော်သေးတယ်။ မိသားစုပညာရေးနဲ့ ဒီကလေးရဲ့စိတ်ဓာတ်ကို ငါတို့ပြုပြင်ဖာထေးပေးနိုင်လို့ တော်သေးတယ်။ နောက်ဆိုရင် ကလေးရဲ့ကျောင်းသင်ခန်းစာအပေါ် ငါတို့ အချိန်ပေးပြီး ပိုဂရုစိုက်ရလိမ့်မယ်"

သူ့ရဲ့ပညာရေးအပေါ်ထားတဲ့ စိတ်သဘောထားကို ကျွန်တော်နှစ်သက်မိတယ်။ အကောင်းမြင်တဲ့မိဘတစ်ဦးက ကလေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတစ်ခုပေးနိုင်ပါတယ်။

ကျောင်းပညာရေးက အသိပညာ၊ ဗဟုသုတပညာရေးကို ဦးစားပေးသင်ကြားတာမို့ ကိုယ်ကျင့်တရားပိုင်းမှာ လျစ်လျူရှုမိတတ်တယ်။ ဒါကို ကျွန်တော့်မိတ်ဆွေက သတိထားမိတယ်။ ဒီကိုယ်ကျင့်တရားပိုင်းကို မိသားစုပညာရေးနဲ့ အခြေခံထားပြီး သင်ကြားရပါတယ်။ ကျောင်းပညာရေးကိုပဲ အားကိုးလို့ မရနိုင်ပါဘူး။ လူ့ဘဝအောင်မြင်ဖို့ရာ အသိပညာချည်းကိုပဲ အားကိုးလို့မရပါဘူး။ အရာအားလုံးထဲမှာ အသိပညာက တစ်စိတ်တစ်ဒေသပဲ ပါဝင်တာမို့ပါ။


ထိုင်ဝမ်စာရေးဆရာ Wu Ruo Quan (吳若權) ရဲ့ စာအုပ်တစ်အုပ်မှာပါတဲ့ စာပိုဒ်လေးတစ်ပိုဒ်ပါ။ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ (August. 8. 2013)

ကိုယ်ကျင့်တရား



အသိဉာဏ်နဲ့ ကိုယ်ကျင့်တရား
_______________________

တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် "Wealth of life" အစီအစဉ်တစ်ခုအတွက် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။

“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်နိုင်ငံကိုသွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့နေရာတွေမရှိကြောင်း သတိထားမိတယ်။ ကားပေါ် ရထားပေါ်မှာလည်း လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လည်း ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ သုံးယောက်တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက်ကစားလိုက်ပြီး ကားစီးတိုင်း သူဟာ လက်မှတ် မဝယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလည်း ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့ နှစ်သိမ့်ခဲ့တယ်။

အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ သူအလုပ် လျှောက်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပေါ့။ ဒါပေမယ့် လျှောက်လိုက်တဲ့အလုပ်တိုင်း သူအပယ်ခံခဲ့ရတယ်။

အလုပ်စလျှောက်စမှာတော့ ကုမ္ပဏီတွေက သူ့ကို ဝမ်းသာအားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့ ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီတစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကိုမေးခဲ့တယ်။

ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှုအတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ်ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ဝမ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။

အဲဒီ စာကိုဖတ်ပြီးမှ လူငယ်ဟာအိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချားခဲ့မိတယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်....
“အသိဉာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဉာဏ်က ဘယ်တော့မှလိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တစ်ရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ...."

လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့အချက်လို့ ပြောနိုင်သလား”

“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော် ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့ကအမှားကို ဒီကနေ့အတွက် သင်ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”

အသိဉာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှုကို အသိဉာဏ်က ဘယ်တော့မှလိုက်မဖြည့်စွက်ပေးနိုင်ဘူး ---- Dante Alighieri (1265—1321) အီတလီကဗျာဆရာ


မူရင်းလင့်-- http://www.theqi.com/essay/essay421.html

နိုင်းနိုင်းစနေ(Saturday, December 09, 2006)

မင်းတို့အလုပ်မို့ကွ

 
ကိုယ့်ရေးကိုယ်တာ ကိစ္စမို့ပါ
Tuesday, August 06, 2013

အမျိုးသားတစ်ဦးဟာ ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်း ကနေ ဧည့်ကြိုကောင်တာဆီကို အလျင်စလိုဖုန်းခေါ် နေပါတယ်။

"ဒီမှာ ကျုပ်မိန်းမနဲ့ ကျုပ်စကားများနေလို့ ဒီလို မြန်မြန်လာပေးပါ။ ဟိုတယ်ပြတင်းပေါက်ကနေခုန်ဆင်းချမယ်လို့လည်း ပြောနေ တယ်"လို့ အမျိုးသားက ပြောလိုက်ပါတယ်။

ဟိုတယ်မန်နေဂျာက "ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ မပါချင်ဘူးခင်ဗျာ။ ဟိုတယ်နဲ့ ဟို တယ် ၀န် ထမ်းတွေအနေနဲ့ ဒီလိုကိစ္စမျိုးမှာ ၀င်ရောက်စွက်ဖက်ဖို့ ၀တ္တရား
မရှိပါဘူး"လို့ အမျိုးသားကို ပြန်ပြောလိုက်ပါတယ်။

အဲဒီအခါ စိတ်ဆိုးတကြီးနဲ့ အမျိုးသား ထပ်ပြောလိုက်တာက "သောက်ကျိုးနဲ..ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စ။ ဟုတ်လား။ ဒီမှာ သောက်ရေးမပါတဲ့ ပြတင်းပေါက်ကမပွင့်ဘူးကွ။ အဲ ဒါ ဟိုတယ်
က မြန်မြန်လာလုပ်ပေးရမယ့် ကိစ္စမဟုတ်ဘူးလားကွ .. ဟေ"တဲ့။


မြန်မာတိုင်း မှ

ဒါမျိုးဘယ်ရမလဲ



ဒါမျိုးလာမလုပ်နဲ့”

ဆရာဝန်တစ်ဦး၏ အိမ်တွင်မနက်၂နာရီအချိန်ကြီးဖုန်းဝင်လာသည်။

“ဟယ်လို”

“ဆရာ၊ ကျွန်တော်ဝေဒနာပေါင်းစုံ ခံစားနေရ တယ်ဗျာ၊ သေတော့မယ်ထင်ပါတယ်၊ ကယ်ပါအုံးဆရာ”

“စိတ်အေးအေးထားပါအုံး၊ ဘာဖြစ်နေတယ်ဆိုတာသေချာ ပြောပါအုံး”

“ဆရာလာကြည့်ပေးမှဖြစ်မယ်ဗျာ၊ ဆရာမလာရင်ကျွန်တော်သေမှာပဲ”

“ဒါဆိုလဲခင်ဗျားလိပ်စာပြောပါအုံး”

လူနာ့အိမ်မှ တော်တော်ဝေးသော မြို့စွန်ပိုင်းတွင်ဖြစ်သည်။ အပြင်တွင် မိုးကလည်း သဲကြီးမဲကြီးရွာနေသည်။ မတတ်နိုင်၊ ဟိုက အသည်းအသန် ဆိုတော့လည်း သွားရပေမည်။

လူနာအိမ်သို့ ခက်ခက်ခဲခဲ ရောက်ရှိသွားပြီးနောက် ဆရာဝန်က လူနာကို စမ်းသပ်သည်။ ပြီးနောက် “ကဲ ခင်ဗျားရဲ့ဆွေမျိုးတွေကို ဖုန်းဆက်ပြီးခေါ်ပေတော့”

“ဗျာ၊ ဆရာ ဒါဆိုကျွန်တော့် အခြေအနေက.. ”

“အရင်ဆက်လိုက်ပါလေ၊ ပြီးမှ ကျုပ်ရှင်းပြပါ့မယ်”

ဖုန်းဆက်ပြီးနောက် လူနာက “ဆရာ၊ ကျွန်တော့်အခြေအနေလေး..”

“ဒီမယ် မင်းမှာ ဘာရောဂါမှမရှိဘူး၊ နွားသိုးတကောင်လို ကျန်းမာနေတုန်းပဲ၊ အေး ဒါပေမယ့် ဒီလိုအချိန်၊ ဒီလိုရာသီဥတုမျိုးမှာ ငါတယောက်တည်း အရူးလုပ်မခံနိုင်ဘူးကွ”

- Wazowski

@Chilly's Joke Corner

Saturday, August 3, 2013

အင်---???



" ငါ.. မသေချင်သေးဘူး သယ်ယင်းရယ် "
.
.
.
အရက်သမားရယ်
ဆေးလိပ်သမားရယ်
အပေါက်မှန်သမျှကြောင်တော်မူတဲ့ ဖွန်ကြောင်ရယ်...
.
သူငယ်ချင်းသုံးယောက်

ဆေးခန်းက ပြန်လာပီး

ဆရာဝန်ပြောလိုက်တဲ့ စကားတခွန်းကို

နားထဲက မထွက်နိုင်ကြဘုဖြစ်နေကြလေရဲ့။
.
" ခင်ဗျားတို့ လုပ်ခဲ့တဲ့ အလွန်အကြွံလုပ်မှုတွေကြောင့်

အခုကစ နောက်ထပ်များ

အရက်သမားက အရက်ကလေးတစက်သာသောက်ကြည့်

ဆေးလိပ်သမားက ဆေးလိပ်ငွေ့လေးတစ်ငွေ့သာ ရှိုက်ကြည့်

ဟိုဖွန်ကြောင်တဲ့ကောင်လဲ တွေ့သမျှအပေါက်

မရှောင်နိုင်တဲ့ အကျင့်ကြောင့် ဒီတခါ အပေါက်ကျွံ့ရဲကျွံ့ကြည့်

မပြောမရှိနဲ့... သေဖို့ပဲ ရှိတယ်ဗျ။ သေမှာပဲနော် ဒါပဲ "
.
.
သုံးယောက်သား လမ်းလျှောက်လာရင်း

လမ်းဘေးဆိုင်တစ်ဆိုင်မှာ အရက်ကလေး တပက်နဲ့တော့

ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး အရက်သမားက

အရက်တပက်ဝင်မော့တယ်။ ဗျစ် ဆိုပြီး အသက်ထွက်

သေပါလေရောဆိုပါတော့။
.
ဒီလိုနဲ့ ကျန်တဲ့၂ယောက်

ကြောက်ကြောက်လန့်လန့်

ငေးငေးငိုင်ငိုင်နဲ့ ဆက်လျှောက်လာကြတယ်။
.
တစ်နေရာအရောက်

လမ်းမပလက်ဖောင်းလေးပေါ်မှာ

အငွေ့လေးတထောင်းထောင်းထွက်နေတဲ့

ဆေးလိပ်တိုလေး သွားတွေ့ပါလေရော။
.
ဆေးလိပ်သမားက အာသာငမ်းငမ်းနဲ့

ကုန်းကောက်ပီးသောက်တော့မယ်အလုပ်မှာ

ကျန်တဲ့တယောက်က

" သူငယ်ချင်း..။ မင်းစိတ်ထိန်းပါကွာ။

မင်း.. အဲ့ဒီ့ဆေးလိပ်ကို ကုန်းကောက်လိုက်တာနဲ့။

ငါတို့ ၂ယောက်လုံး သေမှာနော်... အဟွန့်။

စိတ်ထိန်းပါ သယ်ယင်းရယ် "
.
.
.
.
.
.
.
.
.
.
ဟာသ ဆြာဂျီး

Thursday, August 1, 2013

ဗုဒ္ဓဝါဒ လူမှုဆက်ဆံရေး

 
"ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး"
•••••••••••••••••••••••••••••••
ဘုန်းဘုန်းတို့ တရားပွဲတစ်ခုမှာ ဒကာမကြီးတစ်ယောက်က သူ့ရဲ့အတွေ့အကြုံလေးကို လျှောက်ပါတယ်။

“အရှင်ဘုရား… တပည့်တော်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဖြတ်သန်းခဲ့ရတာတွေလည်း များပြီ၊
တွ့ကြုံခဲ့ရတာတွေလည်း များပြီ၊ ဆက်ဆံခဲ့ရသူတွေလည်း တော်တော်စုံခဲ့ပြီဘုရား။
အထူးသဖြင့် အကျင့်စရိုက်အမျိုးမျိုး ရှိတဲ့သူတွေနဲ့အများကြီး တွေ့ကြုံဆက်ဆံခဲ့ရပါတယ်။ အခုလည်းဆက်ဆံတုန်း၊ နောင်လည်း ဆက်ဆံနေရဦးမှာပါ။ ဒါပေမယ့် အရှင်ဘုရားရေ… လူတွေက အမျိုးမျိုး ဆိုတော့ တပည့်တော်ဘက်က ဘယ်လိုပဲကြိုးစား ဆက်ဆံဆက်ဆံ လူမှုဆက်ဆံရေးမှာ အဆင်မပြေလှဘူးဘုရား..။ တပည့်တော်လည်း ကြိုးစားတာပဲ မှန်ကန်ပြီး အကျိုးရှိတဲ့ လူမှုဆက်ဆံရေး မဖြစ်ခဲ့ဘူးဘုရား…။ အဲဒါ… အရှင်ဘုရားအနေနဲ့ ဘုရားအဆုံးအမနဲ့ ကိုက်ညီမယ့် လူမှုနယ်ပယ်မှာ အကောင်းဆုံး ဆက်ဆံနိုင်မယ့် ဆက်ဆံနည်းလေးရှိရင် တပည့်တော်မကို မိန့်ကြားပေးပါဘုရား“ လို့ လျှောက်ဖူးပါတယ်။ “အင်း… ရှိပါတယ် ဒကာမကြီး…၊ ဗြဟ္မစိုရ်တရားလေး လက်ကိုင် ထားပြီး ဆက်ဆံကြည့်ပါ၊ အားလုံးနဲ့ အဆင်ပြေသွားပါလိမ့်မယ်“ လို့ ဘုန်းဘုန်း အနေနဲ့ အဖြေပေးလိုက်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာ လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးရှိတဲ့ အတွက်ကြောင့် စိတ်တွေလည်း အမျိုးမျိုး ဖြစ်နေကြပြီး လူမှုဘ၀ဆက်ဆံရေးဟာ တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ရှိဖို့မလွယ်လှပါဘူး။ ဒါပေမယ့် လွယ်အောင်ဆက်ဆံလို့တော့ ရပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီး ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ရှိရမယ့် တရားလေးများကို တည်ရှိအောင် ကြိုးစားရယူကာ ဆက်ဆံကြည့်တဲ့ နည်းလေးပါ။ ဒီနည်းကို ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံတဲ့နည်းလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ်တော့ လောကမှာ လူတွေအမျိုးမျိုး ရှိတယ်လို့ ပြောနေကြပေမယ့် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်စတဲ့ အမည်နာမတွေကိုမသုံးဘဲ မနုဿဘုံလို့ခေါ်တဲ့ လူ့ဘုံမှာရှိတဲ့ လူသားတွေလို့သာ ပြောလိုက်ရင် လူအမျိုးအစား အများကြီး မရှိတော့ပါဘူး။ လူအမျိုးမျိုးလည်း မကွဲတော့ပါဘူး။ အသားအရောင်၊ အဖြူအမည်း၊ ဆံပင်အမွေး အဖြူအနီစတာတွေဟာ အရေပြားပေါ်မှာ ဖြစ်လာတဲ့ ကွဲပြားခြားနားမှုများသာဖြစ်ပြီး ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်လာကြကာ ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ လူလို့သာနားလည်လိုက်ရင် လူအမျိုးအစား မများတော့ပါဘူး။ တိတိကျကျ ခွဲခြားလိုက်ရင် လေးမျိုးပဲ ရှိပါတယ်။ အဲဒီလေးမျိုးက..

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်အောက်နိမ့်ကျတဲ့သူ
၃။ ကိုယ့်ထက်သာတဲ့သူ
၎။ ကိုယ့်နဲ့တန်းတူလည်းမဟုတ်၊ နိမ့်ကျတာလည်းမဟုတ်၊
သာတာလည်းမဟုတ်တဲ့ ကြားဖြစ်တဲ့သူတို့ပဲဖြစ်ပါတယ်။

ဆိုတော့ကား ဘယ်လောက်ပဲလူတွေ အမျိုးမျိုးရှိနေပါစေ ဒီလေးမျိုးထဲမှာပဲ သွားပြီးအကျုံးဝင်ပါတော့တယ်။ အဲဒီတော့ ဒီလူလေးမျိုးကိုပဲ အဆင်ပြေအောင်
ဆက်ဆံနိုင်မယ်၊ ဆက်ဆံလိုက်မယ်ဆိုရင် လူမှုဘ၀ဆက်ဆံရေးဟာ အားလုံးအဆင်ပြေသွားမှာပါ။ ကောင်းပါပြီ။ ဒီလူလေးမျိုးကို ဘယ်လိုစိတ်ထား၊ ဘယ်လိုတရားတွေနဲ့ လိုက်ကိုင်ထား ဆက်ဆံကြမလဲဆိုရင် ခုနပြောခဲ့တဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့ပါပဲ။ ဗြဟ္မစိုရ်ဆိုတာ ဗြဟ္မစရိယဆိုတဲ့ ပါဠိစကားလုံးကို တိုက်ရိုက်မြန်မာမှုပြုထားခြင်း ဖြစ်ပါတယ်။

ဗြဟ္မစရိယ = မြတ်သောအကျင့်လို့ အဓိပ္ပါယ်ယူနိုင်သလို ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်လို့လည်း နားလည်နိုင်ပါတယ်။ ဗြဟ္မ= မြတ်သော၊ တစ်နည်းအားဖြင့် ဗြဟ္မာတို့နဲ့ သက်ဆိုင်သော၊ စရိယ= အကျင့်လို့ တစ်လုံးချင်းအဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီဗြဟ္မစရိယခေါ် ဗြဟ္မစိုရ်တရား လေးပါးရှိပါတယ်။ ဒီလေးပါးက…

၁။ မေတ္တာ
၂။ ကရုဏာ
၃။ မုဒိတာ
၎။ ဥပေက္ခာ
ဆိုတဲ့ တရားလေးပါးပါပဲ။ မေတ္တာက ချစ်ခင်ခြင်း အကျိုးလိုလာခြင်းလို့ အဓိပ္ပါယ်ရပြီး ကရုဏာကတော့ သနားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မုဒိတာကတော့ သူတပါးကြီးပွား တိုးတက်မှုအပေါ် ၀မ်းမြောက်ခြင်းဖြစ်ပြီး ဥပေက္ခာကတော့ အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်၊ တစ်နည်းအားဖြင့် ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်းမဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ကား လူအမျိုးမျိုးမရှိ လေးမျိုးပဲရှိတဲ့ လူမျိုးများကို ဒီတရားလေးပါးပဲ လက်ကိုင်ထား ဆက်ဆံကြည့်နိုင်မယ်ဆိုရင် လူမှုနယ်ပယ် ဆက်ဆံရေးဟာ သေချာပေါက် အဆင်ပြေသွားမှာပါ။

♦ ပမထဆုံး တန်းတူဖြစ်တဲ့သူ။ တန်းတူဖြစ်တယ်ဆိုတာ ကိုယ်နဲ့အသက်အရွယ်၊
ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် တန်းတူဖြစ်တဲ့သူကို ပြောတာပါ။
ဒီလို အစစအရာအရာ တူညီနေတဲ့ အတူဖြစ်နေတဲ့ သူတွေကို တွေ့ရင် မေတ္တာတရားလက်ကိုင်ထားပြီး ဆက်ဆံကြည့်ရမယ်တဲ့။ ဆက်ဆံကြည့်ပါပေါ့…။ အဲလို မေတ္တာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ကိုယ်ဟာ အကုန်တူနေတဲ့အတွက် သူ့ထက်ငါသာအောင် ပြိုင်ဆိုင်တတ်ကြပါတယ်။
ပြိုင်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ ပညာတွေပြိုင်၊ ရာထူးတွေပြိုင်၊
မာနတွေပြိုင်စသဖြင့် လုပ်လာတတ်ကြပါတယ်။ ပြိုင်ရင်းပြိုင်ရင်းနဲ့
အနိုင်ရအောင် မဟုတ်တဲ့နည်းတွေ သုံးလာတတ်ပါတယ်။

♦ ခဏအနိုင်ရဖို့အတွက် သံသရာနဲ့အပြိုင် ပေးဆပ်ရတဲ့အထိ လုပ်လာတတ်ပါတယ်။
ဒီအခါမှာ ပြိုင်ရင်းပြိုင်ရင်း အရှုံးတွေဖြစ်ကာ အပါယ်ခရီးမှာ လုံးလုံးနစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနဲ့ ပြိုင်တာမကောင်းပါဘူး။ သို့သော် ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းတဲ့ ဘက်မှာမဟုတ် ကောင်းတဲ့ဘက်တွေမှာပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။

♦ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ
အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။ ဒါက ကိုယ့်ရဲ့ သံသရာကောင်းရေးအတွက် ပြိုင်ရမှာကို ပြောတာပါ။ သူတပါးတွေနဲ့ကတော့ ပြိုင်ဖို့မလိုပါဘူး။ တူလာရင် မေတ္တာနဲ့ ဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။ သူ့အကျိုးကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဒါဆိုရင် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နဲ့တန်းတူဖြစ်တဲ့သူကို မေတ္တာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့၊
မေတ္တာမထားနိုင်က ပြိုင်လာနိုင်ပြီး ပြိုင်လာရင် အပြစ်ဖြစ်လာတတ်တဲ့အတွက်
မပြိုင်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

♦ နောက် ကိုယ့်အောက်နိမ့်ကျတဲ့သူ။ ဒီနိမ့်ကျတယ်ဆိုရာမှာလည်း
အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် နိမ့်ကျတာကို ပြောတာပါ။
ဒီလို ကိုယ့်အောက်နိမ့်ကျတဲ့သူကိုတော့ ကရုဏာတရားလက်ကိုင်ထားပြီး
ဆက်ဆံကြည့်ပါတဲ့။ ကရုဏာဆိုတာ သနားခြင်းကို ပြောတာပါ။
အဲလို ကိုယ့်အောက်နိမ့်ကျတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သနားခြင်း ကရုဏာတရား မထားနိုင်ရင် အနိုင်ယူလာတတ်၊ အနိုင်ကျင့်လာတတ်ပါတယ်။ အနိုင်ကျင့်လာပြီဆိုရင်လည်း မကောင်းတော့ပါဘူး။ နိုင်ထက်စီးနင်းလုပ်တာ မတရားဖိနှိပ်မှုပြုတာ၊ တစ်ဘက်သူကို အကျပ်အတည်း ဒုက္ခဖြစ်အောင်လုပ်တာ စတာတွေဟာ အကုသိုလ်အပြစ်တွေနဲ့
ဆက်ဆံနေပြီး အပါယ်လားစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။

သေချာစဉ်းစားကြည့်ရင် ကိုယ့်လောက်မှမတော်၊ ကိုယ့်လောက်မှ အရည်အချင်းမရှိ၊ ကိုယ့်လောက်မှ ကံအကျိုးပေးမကောင်းလို့ ကိုယ့်အောက်ရောက်နေကာ ကိုယ့်ထက်နိမ့်ကျနေသူကို ဘာကြောင့် အနိုင်ယူကြတော့မှာလဲ…၊ သူ့ကိုနိုင်လို့ကော ကိုယ့်အတွက် ဘာအကျိုးဖြစ်သွားမှာလဲ..၊ ကိုယ့်လောက်မှ မရှိဘဲ အစစအရာရာ နိမ့်ကျနေသူကို အနိုင်ယူတော့ကော ကိုယ်ကဘာတွေ ရသွားမှာလဲ…စသဖြင့် စဉ်းစားစရာတွေပါ။

ဒါပေမယ့် ရသွားတာတစ်ခုတော့ ရှိလိမ့်မယ်။ ကိုယ့်အောက်နိမ့်ကျသူကို အနိုင်ယူလိုက်တဲ့ ဒေါသကြောင့်အကုသိုလ်အပြစ်ဖြစ်သွားပြီး ဒေါသရဲ့
နောက်ဆက်တွဲအဖြစ် နောင်တနဲ့ သောကတွေ ရသွားပါလိမ့်မယ်။
ဒါဟာ ကရုဏာမထားနိုင်ဘဲ အနိုင်ယူလိုက်ခြင်းရဲ့ ဆိုးကျိုးပါ။ ဒါကြောင့် ကိုယ့်အောက်နိမ့်ကျသူကို အနိုင်မယူဘဲ သနားခြင်း ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံနိုင်မယ်ဆိုရင် ဒီလိုသူမျိုးများရှိတဲ့ လူမှုနယ်ပယ် ဆက်ဆံရေးဟာ
အဆင်ပြေသွားမှာပါလို့ ဆိုရခြင်းဖြစ်ပါတယ်။

♦ ကိုယ်ထက်သာသူနဲ့ ဆက်ဆံဖို့ကတော့ မုဒိတာတရား အထူးလိုအပ်ပါတယ်။
မုဒိတာဆိုတာ ၀မ်းမြောက်ပေးတာ၊ အတူပျော်ရွှင် ကျေနပ်ပေးတာကို ပြောတာပါ။
ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါ၊ ရာထူးဌာနန္တရ စသည်သာသူကို
ဆက်ဆံတဲ့အခါ ဒီမုဒိတာက အလွန်အရေးပါပါတယ်။ မုဒိတာတရား ထားနိုင်မှ
အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။ မုဒိတာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ "ဣဿာနဲ့ မစ္ဆရိယ" တရားတွေက ၀င်ရောက်နေရာ ယူသွားတတ်ပါတယ်။

♦ဣဿာဆိုတာ သူတပါးအပေါ်မှာ မနာလိုဖြစ်တာ၊
မစ္ဆရိယဆိုတာက မိမိမှာရှိတာကို ၀န်တိုတာပါ။ နှစ်ခုလုံးမကောင်းပါဘူး။
စာပေက ဒီတရားနှစ်ပါးကို အတွင်းရန်သူနှစ်ဦးလို့ ဆိုပါတယ်။ ဒီအတွင်းရန်သူ နှစ်ဦးကိုယ့်သန္တာန်မှာဖြစ်ပြီဆိုရင် သူတို့က ကိုယ့်ကိုအရင်
နှိပ်စက်တော့တာပါပဲ။ ဒီလိုနှိပ်စက်ခံရတော့ ကိုယ်ကလည်း ဒီနှစ်ပါးရဲ့ စေ့ဆော်စေခိုင်းချက်နဲ့ သူတပါးအပေါ်မှာလည်း ဒုက္ခပေးနှိပ်စက်မိပြန်ပါတယ်။ ဒီတရားနှစ်ပါးဟာ ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူတပါးကိုလည်း ပူလောင်စေတတ်ပါတယ်။
ဒါကြောင့် ဒီတရားတွေ မ၀င်အောင် အမြဲကြိုးစားရပါတယ်။

♦ဒီတရားဝင်လာတာဟာ.....
ခုနပြောခဲ့တဲ့ မုဒိတာတရား မရှိလို့၊ မုဒိတာတရား ခေါင်းပါးလို့ဖြစ်တာပါ။ ဒါကြောင့် မုဒိတာ ပွားနိုင်အောင် ကြိုးစားပါလို့ ဆိုရခြင်းဖြစ်ပါတယ်။

♦ အပြောလွယ်သလောက် အလုပ်ခက်တာ ဒီမုဒိတာ တရားပါ။
များသောအားဖြင့် လူတွေဟာ ကရုဏာတရား ဖြစ်ဖို့လွယ်သလောက် မုဒိတာတရား
ပွားပေးဖို့ ခက်တတ်ကြပါတယ်။ ခက်လို့ မပြုပြင်ဘူး ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ ဒါကြောင့် ကိုထက်သာတဲ့ သူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ဖို့ သူတပါးရဲ့ တိုးတက်မှုအပေါ်၊ အောင်မြင်မှုအပေါ်၊ အစစအရာရာ ၀မ်းမြောက်ဝမ်းသာ ပေးနိုင်အောင် မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့လိုပါတယ်။ ဒီလိုဆိုရင် လူမှုနယ်ပယ်မှာ အဆင်ပြေသွားပါလိမ့်မယ်။

တစ်ချို့ကျတော့ မေတ္တာထား ဆက်ဆံပေးလို့လည်းမရ၊ ကရုဏာတရားထားပေးလို့လည်း မဖြစ်၊
မုဒိတာပွားပေးလို့လည်း အဆင်မပြေတဲ့ ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ်တဲ့ ကြားဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုသူမျိုးကိုတော့ "ဥပေက္ခာတရား" လက်ကိုင်ထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ အဆင်ပြေသွားပါလိမ့်မယ်။

♦ ဥပေက္ခာဆိုတာ ပြီးပြီးရော သူဟာသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး
လျစ်လျူ ရှုပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ တစ်ဘက်သူကို
အမှီပြုပြီး ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် နေလိုက်တာပါ။ ငါကောင်းရဲ့သားနဲ့ ငါ့အပေါ်
ဒီလိုလုပ်တာ တော်ပြီကွာ ဒင်းထိုက်နဲ့ဒင်းပဲ ရှိပါစေဆိုတဲ့
ကိုယ်အလိုမကျလို့ လှည့်မကြည့်ဘဲ ပြစ်ထားတာမျိုး
မဟုတ်ပါဘူး။

သူ့အပေါ် အမုန်းတရားလည်း မထား၊
အချစ်တရားလည်း မထားဘဲ ကိုယ့်ကိုယ်ကို အပြစ်
မဖြစ်အောင် နေလိုက်တဲ့ သဘောကို ဥပေက္ခာလို့ ဆိုနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့သူတွေဟာ ဘယ်လိုပဲ ကိုယ့်ဘက်က လိုက်လျောသီးခံ အမျိုးမျိုးကြိုးစား ဆက်ဆံပေမယ့်
အဆင်မပြေကြပါဘူး။ ဒီလိုသူမျိုးကို အတင်းအဓမ္မလိုက်ပြီး ကြိုးစားဆက်ဆံနေရရင်လည်း သူကဘာမှဖြစ်မှာမဟုတ်ဘူး ကိုယ်သာအကုသိုလ်တွေ တိုးလာတတ်ပါတယ်။
ဒါကြောင့် ဒီလိုသူမျိုးကျတော့
“အေးလေ… သတ္တ၀ါတွေဆိုတာ သဗ္ဗေသတ္တာ ကမ္မဿကာ
ဆိုတဲ့အတိုင်း သူကံနဲ့သူဖြစ်နေတာပါလား၊ အဲဒီလို မတူညီတဲ့
ကံတွေနဲ့ နေသူတွေကို ငါက တူအောင်လိုက်ညှိနေလည်း
ငါပဲအကုသိုလ်တွေ တိုးနေတော့မှာပဲ၊ သူ့ကိုအမှီပြုပြီး
အကုသိုလ်လည်း မဖြစ်အောင် ကုသိုလ်လည်းမဖြစ်အောင် ငါဘာသာငါနေတာပဲ ကောင်းပါတယ်... " ဆိုတဲ့
စိတ်လေးနဲ့ပဲ နေနိုင်အောင် ကြိုးစားလိုက်ရင် ဒီလို ကြားကျနေတဲ့သူအပေါ်မှာလည်း အဆင်ပြေအောင်
တွေးတတ် နေတတ်၊ ဆက်ဆံတတ်သွားမှာပါ။

အချုပ်အားဖြင့် လူအမျိုးမျိုး အကျင့်အမျိုးမျိုး စိတ်အမျိုးမျိုး ရှိနေတယ်လို့ ဘယ်လောက်ပင် ပြောကြပါစေ၊ လူမျိုးတွေ ဘယ်လိုပဲကွားပြားကြပါစေ၊ အနှစ်သာရ အဆင့်အတန်းနဲ့ ခွဲလိုက်ရင် လေးမျိုးပဲ ရှိတဲ့အတွက် ဒီလူလေးမျိုးကို အဆင်ပြေအောင် ကြိုးစားကာ လူမှုနယ်ပယ်မှာ လူတွေကို အမှီပြုပြီး အကုသိုလ်မဖြစ်အောင် ဆက်ဆံနိုင်ဖို့ အမြတ်ဆုံး ဆက်ဆံနည်းဖြစ်တဲ့ ဗြဟ္မစရိယခေါ် မြတ်သောဗြဟ္မစိုရ် အကျင့်တရားကိုသာ အသုံးပြု ဆက်ဆံတတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားဟာ ဗြဟ္မပြည်ရောက်ကြောင်း မြတ်သောအကျင့်ကောင်း ဖြစ်ပေမယ့် လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ရှိသင့်တဲ့တရား၊ လက်ကိုင်ထားသင့်တဲ့ တရားဖြစ်ပါတယ်။

ဒီဗြဟ္မစိုရ်တရားတွေ မရှိတော့ဘူး၊ ခေါင်းပါးသွားပြီဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်း၊ အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်၊ အဲဒီမြို့ရွာ၊ အဲဒီတိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးတွေလည်း ခေါင်းပါးကုန်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး အဆင်မပြေ ဖြစ်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ရန်ငြိုးတွေဖြစ်လာရင် စစ်ပွဲတွေလည်း ဖြစ်လာကြတော့တာပါပဲ။ ယနေ့ကမ္ဘာလောကကြီးကို ကြည့်ရင် ဟိုနိုင်ငံဒီနိုင်ငံ လူအချင်းချင်း စစ်ပွဲတွေကိုပဲ ဆင်နွဲနေကြတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗြဟ္မစိုရ်တရား ခေါင်းပါးနေကြောင်းကို ပြသနေသလိုပါပဲ။

ဒီဗြဟ္မစိုရ်တရား မရှိတော့ဘူးဆိုရင် လူအချင်းချင်း ပြိုင်ဆိုင်ဖို့လည်း ၀န်မလေးတော့ပါဘူး။ အနိုင်ယူဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောက်ကြံဖို့လည်း ၀န်မလေးတော့ပါဘူး။

အပြန်အားဖြင့် ဒီတရားတွေ အားကောင်းနေမယ်၊ ဒီတရားတွေအတိုင်း လက်နာကျင့်သုံးနေမယ်၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာလေးတွေ၊ ကရုဏာလေးတွေ၊ မုဒိတာလေးတွေနဲ့ ဆက်ဆံပြီး နောက်ဆုံးမရတော့တဲ့အခါ ဥပေက္ခာလေးနဲ့ နေနိုင်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းလာ၊ သက်သောင့်သက်သာ ရှိလာမှာ ဖြစ်တဲ့အပြင် လူဘောင်အဖွဲ့အစည်းကြီးဟာလည်း ငြိမ်းချမ်းလာမယ်၊ အဆင်ပြေလာမယ်၊ သာယာဝပြောလာမယ်ပေါ့။

ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော တပါးသူတွေပါ
အဆင်ပြေပြေ ရှိစေပြီး လူမှုနယ်ပယ် တစ်ခုလုံး
အဆင်ပြေစွာ ဆက်ဆံနိုင်ကြဖို့၊ လူအမျိုးမျိုးနဲ့
ဘာပြဿနာမှ မဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့၊
အကုသိုလ်အဖြစ်နည်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်စေဖို့၊ မမြတ်တဲ့အကျင့်တွေ ပျောက်ပြီး မြတ်တဲ့အကျင့်တွေ ရောက်စေဖို့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ကြိုးစားဆက်ဆံကြဖို့
“ဗြဟ္မစိုရ်တရားနဲ့ လူမှုဆက်ဆံရေး“ ဆိုတဲ့ ဒီစာစုလေးဖြင့်
သတိပေး တိုက်တွန်းလိုက်ရပါတယ်။

- [စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm