ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, November 8, 2014

နာလည်းနာသေး နံလည်းနံသေး

တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသ အကြီးအကျယ်ထွက်ကာမောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန် ရုံးတင်စစ်ဆေးဖို့ အကြောင်း ဆရာတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဖာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကားအား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ မခံချိမခံသာ ဖြစ်ကြရလေသည် ။
မဟုတ်သေးပါဘူး ၊ ဆရာတော်ဘုရား ။ သည်လိုမျိုးသံဃာတော်အပေါ်ကို ကာယကံမြောက်
စော်ကားတဲ့ ငမိုက်သားကို ထိရောက်တဲ့ ဒဏ်ခတ်မှု့ မျိုးတော့ပြုသင့်ပါတယ်ဘုရား ။
အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ ဟာ တပည့်တော်တို့ ရုံးတွင် အမှု့ ဖွင့်ချင်ပါတယ် ဘုရား ... ။
"သည်းခံကြပါ ဒကာတို့ ရယ် ။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကို
လက်ကိုင်ထားကြပါ။ အမှု့ အခင်းတစ်ခုဖြစ်တယ်ဆိုရင် အင်မတန်မှ
အလုပ်များတယ်လို့  လောကီလူသားတွေ ပြောကြဆိုကြတာကို
ဘုန်းကြီးကြားပါတယ်။အမှု့ အခင်း တစ်ခုဖြစ်လာရင် အသိသက်သေတွေဆိုတာ
ရုံးကဆင့်ခေါ်လို့ မပျက်မကွက်သွားရပါလိမ့်မယ် ။
အဲဒီမှာ အဓိကကျတဲ့ ဘုန်းကြီးဟာလည်းရုံးတော်က ဆင့်ဆိုရင် မကြွမဖြစ်
ကြွရမှာအမှန်ပဲ။ အဲသည် အခါကျရင် ဘုန်းကြီး မမြင်လို ၊ မတွေ့ လိုတဲ့
ငသာဝရဲ့ မျက်နှာကို တွေ့ ရဦးမယ် ။
ဘုန်းကြီးအဖို့  ငသာဝလို ငမိုက်သား မျိုးကို
မြင်လည်းမမြင်လိုဘူး။အသံလည်း
မကြားလိုဘူး။သည်လိုငမိုက်သားမျိုးဆိုတာ
သည်ဘ၀မှာပဲ လူ့ အဖြစ်ကိုရတာပါ။ တမလွန်ရောက်ရင်ဖြင့် လူ့ ပြည်မှ
ဖဲကြဉ်ပြီး ငရဲကို ဇောက်ထိုး တန်းကျမှာ သေချာတယ်။
အဲသည်လို ငရဲကို ကျိန်းသေဧကန် တန်းကျမယ့် ငမိုက်သားကို ဘာ့ကြောင့်များ
ရန်လုပ်လိုကြသေး တာလဲကွယ်။သူ့ ထိုက်နဲ့ သူ့ ကံ ရှိပါစေတော့ ။ ကျေကြပါတော့
ဒကာတို့ ရယ်"
"ဆရာတော် ပြောတာလည်း ပြောတာပေါ့ ဘုရား။ တပည့်တော်တို့ ကတော့
ကိုယ့်ဆရာအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ငသာဝအပေါ် နည်းနည်းကလေးမှ
မကျနပ်နိုင်ပါဘူး ဘုရား။ အသည်းတဆတ်ဆတ် နာလှပါတယ်ဘုရား ။
"အင်း...ဒကာတို့ မှာ တော့ နာရုံသာ နာပါတယ်။ဘုန်းကြီးမှာတော့
တရားလည်းဟောရသေး။သေနတ်လည်းအပစ်ခံရသေးဆိုတော့
'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလိုဖြစ်နေပြီကောကွယ်"
"အရှင်ဘုရား ... အဲသည် 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလေးကို
ရှင်းလင်းဟောကြားပေးတော်မူပါဘုရား။"
တပည့် ဒကာ၊ဒကာမ အပေါင်းက လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်သည်လည်း
စကားဥပမာ ထင်လင်းစေရန် ပုံပြင်တစ်ပုဒ်ကို ထုတ်နုတ်ပြောဆို
လေတော့သည်။ရှေးအခါက တောရွာတစ်ရွာတွင် အဘိုးကြီး၊ အဘွားကြီး လင်မယားသည်
အကြောင်းကိစ္စ တစ်ခုဖြင့် ခွန်းကြီးခွန်းငယ် စကားများ သတ်ပုတ်ကြရာမှ
ဒေါသကို မထိန်းနိုင်ဘဲ လုံးထွေး သတ်ပုတ်ကြလေသည်။ ထိုသို
့လုံးထွေးသတ်ပုတ်ကြစဉ် တစ်ယောက်နှင့်တစ်ယောက်
မိရာလှမ်းဆွဲ၊ကုပ်ဖဲ့၊ကိုက်ခဲကြရာ အဘိုးကြီးသည် အဘွားကြီး၏ ပေါင်ခြံကို
ကိုက်မိလေသည်။ အဘွားကြီးကလည်း အဘိုးကြီး၏ ကျောကုန်းကို
တံတောင်ဖြင့်ဆောင့်၍ ထောင်းတော့သည်။
ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အိမ်နီးနားချင်းများ ရောက်ရှိလာကြကာ
အဘိုးကြီးကိုလည်းကောင်း၊
အဘွားကြီးကိုလည်းကောင်း ဆွဲလွဲ၍ ဖျန်ဖြေပေးလိုက်ကြလေ၏ ။
ညဘက်သို့ ရောက်လေသော် အဘိုးကြီးနှင့်အဘွားကြီးလည်း
စိတ်အနည်ထိုင်စပြုပြီဖြစ်၍ အဘွားကြီးကပင် စတင်စကားစလိုက်လေသည်။
"အဘိုးကြီးနှယ်တော် ... သွားတွေအပြည့်အစုံမရှိပေလို့ ဘဲ။
ကျုပ်ပေါ်င်သားတွေ ပြတ်ကျမလားတောင် မသိဘူး။နာလိုက်တာမှ တစစ်စစ်နဲ
့။အကွင်းကြီးကို ဖြစ်လို့ ။ဆန်ကွဲထောင်းပြီး အုံမှဖြစ်မယ်။"
ထိုအခါ အဘိုးကြီးက
"အောင်မာ ...မယ်မင်းက နာရုံသာ၊နာတာပါကွယ်။ကျုပ်မှာ ကျောပြင်တစ်ခုလုံး
အောင့်လောက်အောင် နာနေတယ်။သံတူရွှင်းနဲ့  ထောင်းသလးတောင်
အောက်မေ့ရတယ်။ကျုပ်မှာတော့ မယ်မင်းရဲ့ ပေါင်ခြံကို ကိုက်မိလို့ 
ကျောပြင်တစ်ခုလုံး နာလည်းနာတဲ့အပြင် ၊ နှာခေါင်းတစ်ခုလုံးဟောင်နေအောင်ကို
နံလည်းနံသေးဗျာ.။"ဟူ၍ ပြောလိုက်လေ၏ ။
ပုံပြင်ကလေး အဆုံးကတော့ ဆရာတော်ကြီးက
"အဲသည် ပုံပြင်ဥပမာလိုပေါ့ကွယ် ။ တပည့်တော်တို့ မှာ ကိုယ့်ဆရာတော်အတွက်
နာရုံသာ နာတာပါ။
ဘုန်းကြီးမှာတော့ဖြင့်လား 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုသလို ဖြစ်နေပြီကွယ့်"
ဟူ၍ ပြောဆိုလေရာ ဒကာ၊ ဒကာမ အပေါင်းမှာလည်း ရှေ့ နောက်ဆင်ခြင်တွေးတောလျက်
ဒေါသအရှိန်များလျော့ပါးသွားပြီး ပြုံးပြုံးရယ်ရယ် ဖြစ်သွားကြလေသတည်း...........။ ။
(မမ) မှကူးယူဖော်ပြသည်။

အပြစ်မတင်တတ်ကြစေနဲ့

 
လင်မယား ၂ ယောက် ငါးနှစ်ကြာ အိမ်ထောင်ပြုနေထိုင်ပြီးမှ ကလေး တစ်ယောက် ရပါတယ်။ ကလေးငယ်လေး ၁ နှစ်သား အရွယ်အရွယ်ရောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေရှင်းဖို့ ဆေးဗူး တစ်ဗူး ရှိသတဲ့။ အဲ့ဒါကို ရုံးသွားခါနီး လှမ်းမြင်လိုက်တဲ့ အမျိုးသားက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဇနီးကို အရှေ့ရောက်ရင် ပိတ်လိုက်ပါအုံးလို့ လှမ်းအော်ပြီး ကမန်းကတန်းနဲ့ ထွက်သွား ပါတယ်။

မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ အမျိုးသမီးကလည်း အလုပ်များနေတော့ ချက်ချင်း လာမပိတ်နိုင်ဘူးပေါ့။ ဒါနဲ့ သွားလာတတ်ပြီ ဖြစ်တဲ့ ကလေးငယ်က အနံ့မွေးတဲ့ ဆေးဗူးကို စားစရာအမှတ်တဲ့ သောက်လိုက်ပါတယ်။ ဒါကိုနောက်မှ မြင်တဲ့ အမေက ဆေးရုံကို ခပ်မြန်မြန် ပို့ပေမယ့် အချိန် မမှီတော့ ပါဘူး။ ကွယ်လွန်သွားရှာ ပါတယ်။ ဒါနဲ့ မိခင် ဖြစ်သူက ခင်ပွန်းဖြစ်သူ လာရင် သူ့ကို ဆူဆဲမယ်။ ကြိမ်းမောင်းမယ်ဆိုတာကို ကြိုတွေးလို့လည်း စိုးရိမ် ပူပန်နေ ပါတယ်။ သူမ အမျိုးသားကို ဘယ်လို ရင်ဆိုင်ရမလဲလဲ မသိပါဘူး။
ဒီလိုနဲ့ ယောင်္ကျားဖြစ်သူ ယောက်လာပြီး ခဏသာ မင်သက်ပြီးမှ ဇနီးကို တယုတယ ဖက်လို့ စကားတစ်ခွန်း စပြောပါတယ်။
“I Love You Darling.”
ဇနီးဖြစ်သူဟာ အံ့သြ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
အမှန်တော့ အမျိုးသား ဖြစ်သူက ဆေးဗူးကို အလုပ်ဘယ်လောက် မျးများ သေချာ ပိတ်ခဲ့ရင် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့လဲ သူလက်ခံတာကြောင့် အမျိုးသမီး ဖြစ်သူကိုလည်း သူ အပြစ် မတင်ပါဘူး။ အမျိုးသမီး ဖြစ်သူဟာလည်း အမျိုးသားကို အပြစ်မတင်တော့ ပါဘူး။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံး မှားယွင်းချက် ရှိတာကိုတော့ အတူ လက်ခံခဲ့ကြ ပါတယ်။
သင်ခန်းစာ -
တစ်ခါတစ်ရံမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာနဲ့ အပြစ်ဖို့လို့ ဘဝရဲ့ ပျော်ရွှင်မှုတွေကို အဆုံးရှုံးခံနေကြ ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲ ဖြစ်ဖြစ် ဘယ်သူ မှားမှား မှန်မှန် ကောင်းကောင်းဆိုးဆိုး တူတူ ပြုပြင်ပြီး ကျန်ရှိနေသေးတဲ့ ဘဝ အချိန်လေးမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ လိုအပ် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ယောက္ခမကိုတိုက်တဲ့ဆေး

 
အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရပါတယ်။

တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဥာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါတယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါ သတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာအဆင်ပြေ နေပါပြီ။
ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
"ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ"
သင်ခန်းစာ -
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင်ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် "လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန်လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရပါမည်"။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။
အောင်ခမ်း (ရိုးရာလေး)

ဆိုင်တဲ့နေရာ



အမေရိကန် သမ္မတ လာရောက်မှာ ဖြစ်တာကြောင့် လမ်းမှာ လှဲကျနေတဲ့ သစ်ပင် တစ်ပင်ကို စစ်သား တစ်စုက မ, ဖယ်ဖို့ ကြိုးစားနေသတဲ့။ ဒါပေမယ့် ဘယ်သူမှ မရွှေ့နိုင်ကြပါဘူး။ ဘေးမှာ တပ်ကြပ်ကြီးဟာ အမိန့်ပေးပြီး ရပ်နေသတဲ့။
ဒါနဲ့ မြင်းစီးလာတဲ့ လူတစ်ယောက်က တပ်ကြပ်ကြီးကို မေးတယ်။ ဘာလို့ ကူမရွှေ့ပေးတာလဲပေါ့။
တပ်ကြပ်ကြီးကလဲ "ဒါ ကျုပ် အလုပ် မဟုတ်ဘူးလေ။ တပ်ကြပ် ဆိုတာ စစ်သားတွေကို အမိန့်ပေးရတာ.. ရွှေ့ပေးစရာ၊ လိုက်လုပ်ပေးစရာ မလိုဘူး" လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ မြင်းပေါ်က လူဟာ ဆင်းလာပြီး သစ်တုံးကို ကူညီသယ်မပေးလိုက်တာ အောင်မြင်သွားပါတယ်။
ပြီးတာနဲ့ ယင်းလူဟာ တပ်ကြပ်ကိုပြောပါတယ်။ "နောက်ခါ အဲ့လို အလေးအပင်တွေ မဖို့ ဖြစ်ရှိလာရင် အကူအညီလိုရင် စစ်တေနာပတိ ကို ခေါ်လိုက်ပါ"
.....
အမေရိကန်ရဲ့ ပထဦးဆုံး သမ္မတဟာ George Washington (ဂျော့ ဝါရှင်တန်) ဖြစ်ပြီး အမေရိကန် စစ်တပ်ရဲ့ စစ်တေနာပတိလည်း ဖြစ်ပါ တယ်။ မြင်းစီးလာသူဟာ အမေရိကန် သမ္မတ တဖြစ်လဲ စေတေနာ ပတိလည်း ဖြစ်ကြောင်းကို တပ်ကြပ်က ပြီးတော့မှ သိလိုက်ရပါတယ်။
သင်ခန်းစာ -
ခေါင်းဆောင်ဆိုတာ နိုင်ငံ တစ်နိုင်ငံ၊ အသိုက်အဝန်း တစ်ခု အတွက် အကြီးမားဆုံး အားအင် လည်း ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

ရေမချိုးတဲ့လူမျိုးစု

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Hh5Qd3HtoIukD_JZwNJ12JSSdmtoPCyBE0V0htoKxSO7srIqEt8RnklRRi5BWMoAVkRuQLIAZTnq9kl8jUURapkXHs-4yEgJkiFX5zBMUqr_KRQ7vTCcQSak5ZExEcZbSxWDGqMIeWI/s1600/1505061_865937146774224_1932017156451190585_n.jpg
အံ့သြစရာကောင်းတာက တစ်သက်လုံးမှာတစ်ခါမှကို ရေမချိုးကြတာပါ။
ကဲစာဖတ်သူများကို ဦးဆုံးတင်ပြချင်တာက တစ်သက်မှာ တစ်ခါလေးတောင်ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။


အံ့သြစရာကောင်းတာက တစ်သက်လုံးမှာ တစ်ခါမှကို ရေမချိုးကြတာပါ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ ထင်စရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.







ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းက မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။


Ovahimba လူမျိုး ကလေးငယ်များ .....
သနားစရာ Ovahimba လူမျိုး ကလေးငယ်များဟာ
သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။
အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့ အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။
( ရေချိုးဖို့ ပျင်းတဲ့သူငယ်ချင်းများ (အမည်မပြောတော့ပါဘူးနော်)၊ အဲဒီကိုသွားပါလို့ အကြံပြုလိုက်တယ်နော်)
တဆင့်ဝေငှတာနော်။

Posted in: ထူးဆန်းထွေလာ

ဂဏန်းလိုလူများ

 
ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့ ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။ "တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး"

Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင် ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။
လူအချို့မှာလဲ ဂဏန်းလို စိတ်ထား ရှိပါတယ်။ မိမိကိုယ်ကို အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး အောင်မြင်တာကိုလည်း မလိုလား ပါဘူး။ မိမိစိတ်ဆင်းရဲနေတဲ့အချိန် သူများ စိတ်ချမ်းသာတာကိုလည်း မမြင်ချင်ကြ ပါဘူး။ မနာလို၊ အူတိုတဲ့ စိတ်ကြောင့် မိမိကိုယ်ကိုလည်း ငြင်းပန်းနှိပ်စက်ရာ ရောက်သလို၊ သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒါကြောင့်မို့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားလို့ ဂဏန်းလိုလူ မဖြစ်ဖို့အတွက် အထူး သတိပြု ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်။
.
http://en.wikipedia.org/wiki/Crab_mentality

ဘာသာပြန်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFZW0S3TUT04PTYIIyPZqWozviZrUlq6t5_2W6a7VZoVMieCkucvnffTG9HN39E4e1Wil0QhHBbegBsCfHBU9pZsBd8-CwrqVLBj51_SWJMVHOeCrj3m6qXgiS9DLvkNGZ89rcBCeQzg/s1600/1383586_10151696015417358_1934393596_n.jpg
မိန်းမ ။ ။ ကိုရေ ကနေ့ သူငယ်ချင်းများ တွေ့ဆုံပွဲ
တက်ရမယ်တဲ့ အခုမှ သိရတာ။
အဲ့ဒါ နေ့လည်စာကိုအဆင်ပြေသလိုစားလိုက်
တော့နော်
ယောင်္ကျား။ ။ ဟင် ဟုတ်လား။ ရပါတယ်ကွာ။ တစ်ခါတစ်လေပဲ
မိန်းမ ။ ။ ကနေ့တစ်ရက်ပါ ကို ။ ငါးသေတ္တာတွေ ရှိတယ်


ရယ်ဒီမိတ်ပဲ ဟာ ရတယ်နော်။
ယောင်္ကျား။ ။ ကိုအဆင်ပြေသလိုစားလိုက်တော့မယ် ။ ကိုအတွက်
မပူနဲ့နော်။
ညနေရောက်သော်-တွေ့ဆုံပွဲသွားပြီး ပြန်လာသော မိန်းမ မှ
မိန်းမ ။ ။ ကို ရေ ငါးဟင်းနဲ့ စားကောင်းရဲ့ လား
ယောင်္ကျား။ ။ဟာ စားရတာ အရမ်းကောင်းတယ် ။
ဒါပေမယ့် ကိုယ့်ခြေထောက်တွေပူသွားတယ် ။
အရည်ကြည်ဖုတောင်ထနေတယ်။
မိန်းမ ။ ။ ဟင် ဘာဖြစ်လို့လဲ ။ ဘယ်လိုလုပ်ပြီး
စားလိုက်လို့လည်း။အညွန်းစာပါတယ်လေ။
ယောင်္ကျား။ ။ ကိုလည်း ဗူးမှာ ပါတဲ့ အညွှန်းအတိုင်းလုပ်စားတာပဲလေ။(ငါးသေတ္တာကိုဖွင့်ရေပူထဲမှာ ငါးမိနစ်ရပ်)
“ Open tin and stand in hot water
for five minutes ‘’ လို့ ရေးထားတာပဲ။
မိန်းမ ။ ။ ဟောတော်။
Credit-လမင်း(shwelaminlay)

ကျေနပ်ပါ

 https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t1.0-9/s720x720/10435979_778586738851247_4269230103028160590_n.jpg?oh=c3335d3200cc8d8eabd0e6874b502176&oe=54EECAC6&__gda__=1424357755_949f07bb26d0a2440408e920b87836fe

ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)
ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)
ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)

အကြံအစည်(ဟာသ)

ရှုပ်တယ်ကွာ သမ္မတနဲ့အစိုးရကို ဒီလောက်ဖြုတ်ချချင်နေကြတာ
ရှိသမျှ အကုန်လုံးကိုရှင်းထုတ် ....
အလားအလာရှိတဲ့လူငယ်တွေနဲ့ သွေးသစ်လောင်းမယ်
ဇေယျာသော် သမ္မတ တက်လုပ်  .....
သဇင်နဲ့မိုးဟေကို ကို သမ္မတအကြံပေးလုပ်ခိုင်း .....

ရသ က အမတ်အနေနဲ့ဝန်းရံ
ဂျောက်ဂျက်လက်ထဲ စစ်တပ်ကိုထည့်လိုက်
Dဖြိုးက မူးယစ်နှိမ်နင်းရေးမှာ တာဝန်ယူ
အိန်အိမ်းကို ယဉ်ကျေးမှုဦးစီးဌာနမှာ ဦးစီးမှုးခန့်ထားလိုက်
ဗီဗာဟိန်းကို အနုပညာဦးစီးလုပ်ငန်းကို ဦးဆောင်ပစေ
ထက်ထက်မိုးဦးကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးအဖြစ်ထား
မီဒီယာနဲ့ ထိပ်တိုက်တွေ့ပစေ(ပါးချည်းဘဲကွဲအောင်ချ)
စန္ဒီမြင့်လွင်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ထား
ငါ့မိန်းမကို အမေရိကန်သံအမတ်ဖြစ်ခန့်လိုက် ဟိုမှာ
တာဝန်ထမ်းဆောင်ပစေ ကလေးတွေပါ ထည့်လွှတ်လိုက် တော်တော်နဲ့ပြန်မလာစေနဲ့
တရုတ်တန်းကAh boy က မြစ်ဆုံနဲ့ကြေးနီတောင် စီမံကိန်းတွေ စစ်ဆေးဖို့
ကော်မရှင်မှာ ဥက္ကဌလုပ်
မင်းအုပ်စိုးက ယဉ်စည်းကမ်းထိမ်းသိမ်းရေး ကော်မတီမှာကြီးကြပ်
ယုန်လေးကိုတော့ တိရိစ္ဆာန်ရုံမှာပဲအစောင့်ထား
အဲ့ဒီကောင် ငါ တစ်စက်ကလေးမှ ကြည့်လို့မရဘူး
ဖြစ်နိုင်ရင် ကျားတွေ ခြင်္သေတွေကို သန့်ရှင်းရေးလုပ်ခိုင်း..
သြော် ဒါနဲ့ စစ်ကိုင်းရဲမှုးကိုတော့ မဖြုတ်ပစ်နဲ့
သာသနာရေးဝန်ကြီးအဖြစ်နဲ့ ဌာနပြောင်းလိုက်
သူ့အောက်ကသူတွေကိုတော့ နူကလီးယားစက်ရုံဓါတ်ခွဲခန်းမှာ
ကျွမ်းကျင်ပညာရှင်အဆင့်နဲ့ ပြောင်းပေးလိုက်
သက်မွန်မြင့်ကိုတော့ ဒီနေ့ည ငါ့ဆီလွှတ်လိုက်
ချင်းပြည်နယ်တိုးတက်ကောင်းစားစေဖို့အတွက်
ငါ့အိမ်မှာ တံခါးပိတ် အစည်းအဝေးပွဲ ရှိတယ်.း)
ရဲတိုက်နဲ့ ဘာဘူကိုတော့ လူမျိုးရေးတွေကိုဖြေရှင်းခိုင်း
နောက်နေ့ညမှာ အယ်လ်ဆိုင်းစီကို လွှတ်လိုက်..
ကြားဝင်ဖိုရှိတယ် .
ငါတို့နဲ့.ကေအိုင်အေ ကြား ကြားဝင်စေ့စပ်ညှိနှိုင်းဖို့ သူ့ကိုတာဝန်ပေးရမယ်...
အဲ့ဒါလည်းအရေးကြီးတယ်
လောလောဆယ်ငါကြံတာ ဒါအကုန်ပဲ။ ကျန်တာ မင်းတို့ ဘယ်ကောင်ကို
ထည့်ချင်သေးလဲ အမျိုးတွေရှိရင် စာရင်းလုပ်ထား
ရန်မဖြစ်နဲ့ ခွက်မလုနဲ့
ကြည့်ကြပ်လုပ်လိုက်ကြ..
ငါသေချာ စီမံအကွက်ချထားတာ
တိုင်းပြည် သေချာပေါက် ကောင်းစားမယ်။     ။
Credit-*ဆောင်းကဗျာ*

ဟာသမှတ်စု

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1e4qqH6GcB1LTis50Ev0efIN8fHS6jbHC5dj5tyTeTUtB6nqkohVWY3NKEBkQyjAHre4r7seUgC5yPyWQZuxkbj2tPqg2ftM_JyhQ4HaWvdydVxJb7VRIAJIZv3-Ge_OBLK_ZjZQKV0s/s1600/10421118_581651988634950_2050396721977059747_n.jpg
မပြောတော့ပါဘူး ..
"ပြတိုက်သို့  လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီးနောက် အတန်းသူ အတန်းသားများကို ဆရာမက မေးသည် ။
" ပြတိုက်ထဲမှာ ဘာကို အကြိုက်ဆုံးလဲ... မောင်ဖြူဖြေကြည့်စမ်း.."
" အလှဘုရင်မရဲ့  ရုပ်တု ပါ.."


" ဟုတ်ပြီရုပ်တုရဲ့  ဘယ်အပိုင်းကိုလဲ..."
" ရင်သားနဲ့  ချက်အပိုင်းပါ "ကျောင်းသားလေးအဖြေကြောင့် ဆရာမ စိတ်ဆိုးသွား၏
" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."
" ကိုင်း..မောင်နီမင်းကကော ဘာကို အကြိုက်ဆုံးလဲ.."
" နတ်သမီး ရုပ်တု ပါပဲ "" ဘယ်အပိုင်းကိုလဲ.."
" တင်ပဆုံပိုင်းပါ.."
" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."
" ကိုင်း မောင်ဝင်း..မင်းကော ဘာအကြိုက်ဆုံးလဲ.."
" မပြောပါရစေနဲ့ ဆရာမ...ကျနော် အခန်းထဲက အခုပဲ ထွက်သွားပါမယ်.."
______________________________
______________________

ငါ့သားတော်လိုက်တာ
သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့ သူ့ကိုကြက်တွေ အရင်ယူသွားခိုင်းတာပါ ။ကောင်လေးလဲအဖေ့ရဲ့ ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ် ။ဒါပေပမယ့်ကံဆိုးစွာပဲ ရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေ ထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကို ရပ်ကွက်တခွင်ပြဲပြဲစင်အောင် လိုက်ဖမ်းရင်း မိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊ ဒါနဲ့ကြက်ခြင်းကို အဖေ့ကိုပေးပြီး လမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့ ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီးသူ့သားကိုပြောလိုက်
တာက
"တော်လိုက်တဲ့ငါ့သား အဖေပေးလိုက်တဲ့ကြက်၇ကောင်ကို  နေ့ခြင်းပွါးအောင် လုပ်ပြစ်လိုက်နိုမင်းတော်တယ်"
_______________________________________


လူတစ်ယောက် စိတ်ကျရောဂါ ဖြစ်နေတာကို
ဆရာဝန်က အကြံပေးနေတယ်
"အိပ်ရာဝင်တဲ့အခါ ပြဿနာကို ဖယ်ထုတ်ထားနှိင်ရင်
အကောင်းဆုံးပဲဗျ"" ဟာ.....အဲ့ဒါတော့ မဖြစ်နှိင်ဘူး ဒေါက်တာ
ဘာဖြစ်လို့ တုံး
ကျနော့်မိန်းမက ဘယ်တော့မှ တစ်ယောက်ထဲ မအိပ်ဘူးဗျ"
____________________________________


နိုင်ငံတော် လှိုဝှက်ချက်

ပြင်သစ်နှိင်ငံသားတစ်ယောက် စကာပြန်တဦးနှင့် နေပြည်တော်သို့  သွားလည်သည်-သွားရာလမ်းတွင် စစ်ကားတန်းကိုတွေ့သွားပြီးမြန်မာလိုတတ်ချင်သော ပြင်သစ်ကြီးက
လက်ညှိုးထိုးပြီး သူ့ကိုမြန်မာလိုဘယ်လိုခေါ်လဲ ဟုဘေးနားမှ ဂိုက်အားမေး၍ သူ၏မှတ်စုစာ အုပ်ကိုဖွင့်ကာ သူ့ဘာသာစကားဖြင့်ရေးမှတ်လိုက်ပါတယ်
တစ်ခါဈေးနားသို့ ရောက်ရာ တောင်းစားနေသူအားတွေ့ပြီး ထပ်မေးကာ မှတ်ထားလိုက်ပြန်ပါတယ် ။ တခါ ခေါင်းပေါင်းစနှင့် လျွှတ်တော်အမတ်များတွေ့ ပြန်တော့ ဗမာလိုမည်သို့ ခေါ်ကြောင်းမေးမြန်သည်။
နောက် ပိုင်းဘုရားပေါ်မှဆင်း ဈေးတန်းကလေးမှာ လမ်းလျှောက်တုန်း လူတစ်စုဝိုင်းဖမ်းထားတဲ့ လူတစ်ယောက်ကို ထပ်တွေ့ ထပ်မေး ထပ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ လမ်းလျှောက်တာမောလို့ ထင်ပါရဲ့သစ်ပင်အောက်ကခုံတန်းလေးမှာထိုင်ရင်း လမ်းသွားလမ်းလာလူတွေကို လိုက်ကြည့်နေတယ်။ ခဏကြာတော့ ပျင်းလာပြီး သူရဲ့မှတ်စုစာအုပ်လေးဖွင့်ကာ သူမှတ်ထားသမျှကို ဘေးနားက စကားပြန် (ဂိုက်) အား အသံထွက် မှန်မမှန် စစ်ပေးရန် ကျယ်ကျယ်အော်ဖတ်လိုက်လေ၏
"ပြည်သူ့ စစ်သား
သူတောင်းစား
လွှတ်တော်အမတ်မင်း
သူခိုး " ဟု အော်၍ ရွတ်ပြလိုက်ပါတယ်။ နောက်တနေ့ တွင် ပြင်သစ်ကြီးအား နိုင်ငံတော်လှိုဝှက်ချက်အား လူလည်ခေါင်မှာ အော်ပြောမှုဖြင့် ထောင်ဒဏ်ခြောက်နှစ်ကျသွား၏။
_______________________________________

လျှပ်စစ်အင်ဂျင်နီယာတစ်ဦး၊ ဓာတုဗေဒအင်ဂျင်နီယာတစ်ဦးနှင့် မိုက်ကရိုဆော့ဖ်အင်ဂျင်နီယာတစ်တို့ ကားတစ်စီးအတွင်း လိုက်ပါလာကြသည်။ ရုတ်တရက်ဆိုသလို ကားထိုးရပ်သွားသောအခါ ၎င်းအင်ဂျင်နီယာများမှာ ဘာလုပ်ရမှန်းမသိဘဲ ကားပျက်သွားခြင်း ဖြစ်နိုင်ခြေအကြောင်းအရာများကို တစ်ယောက်တစ်မျိုးပြောကြသည်။ လျှပ်စစ်အင်ဂျင်နီယာက ကား၏အီလက်ထရွန်နစ် တစ်ခုလုံးဖြုတ်ထုတ်အဖြေရှာရန်ပြောသည်။ ကားအကြောင်းသိပ်မသိသော ဓာတုဗေဒ အင်ဂျင်နီယာက တစ်နေရာရာတွင် ဆီပိတ်နေခြင်းဖြစ်နိုင်ကြောင်း ပြောပြီး နောက်ဆုံးတွင် မိုက်ကိုဆော့ဖ်အင်ဂျင်နီယာက အကြံပြုသည်မှာ " ကားက Windows တွေအကုန်ပိတ်၊ ငါတို့အကုန်လုံးပြန်ထွက်၊ နောက်ပြန်ဝင်ပြီး
ကာ;စက်နှိုးကြည့်ရင် ဘယ်လိုနေမလဲ"
_________________________________________________
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်...... ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကိုယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
__________________________________________________

တခါက နိုင်ငံတော် သမတနှင့် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။
လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ သမတ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။
သတင်းထောက်....ဆရာ...ဆရာ..သမတကြီး အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်...... အခြေအနေ ကောင်းတာက..ငါတို့တိုင်းပြည်ဘဲကွ
_____________________________________

မိန်းမ နဲ့ ခရီးသွားပါ ”
Highway လမ်းမကြီးပေါ်တွင် မိန်းမနှင့်အတူ ကားမောင်းလာသောယောက်ျားတစ်ယောက် သူ့နောက်သို့ ရဲကားလိုက်လာသည်ကို တွေ့သောအခါ ကားကို လမ်းဘေးသို့ထိုးရပ်လိုက်သည်။ ရဲ - တစ်နာရီ ၅၅ မိုင်နှုန်းဇုန်မှာ ခင်ဗျား ၇၅ မိုင်လောက် မောင်းနေတယ်၊ ခင်ဗျားကို ဖြတ်ပိုင်းဖြတ်မယ်။ ယောက်ျား - မဟုတ်ရပါဘူး ဆရာရယ်၊
ကျွန်တော်မောင်းတာ မိုင် ၆၀ လောက်ပဲ ရှိပါတယ်။
မိန်းမ - အိုး....ကိုမောင်၊ ရှင်မောင်းနေတာက အနည်းဆုံး မိုင် ၈၀ လောက်ရှိတယ်တော်။
(ယောက်ျားက မိန်းမကို ရွံမုန်းစွာကြည့်သည်)
ရဲ - ခင်ဗျား လုံခြုံရေးခါးပတ် မပတ်တဲ့အတွက်လည်း ဖြတ်ပိုင်းဖြတ်မယ်။ယောက်ျား -
ဟာ.... မဟုတ်တာ ဆရာရယ်၊ ဆရာ ကားနားရောက်လာမှ ကျွန်တော် ခါးပတ်ဖြုတ်လိုက်တာပါ။
မိန်းမ - ကိုမောင်ရယ်၊
ရှင် ဘယ်တုံးက လုံခြုံရေးခါးပတ် ပတ်လို့လဲ။ ဤတွင် ယောက်ျားကမိန်းမဘက်သို့ လှည့်၍အော်သည်။ `` မင်း ပါးစပ်ကို ခဏလေး ပိတ်ထားလို့ ရမလား၊ ဒီ မိန်းမတော့ကွာ´
´ထိုအခါ Highway ရဲက အမျိုးသမီးဘက်လှည့်၍
`` ခင်ဗျားယောက်ျား အမြဲတမ်း အခုလိုအော်တာလား´´ ဟု မေးရာ အမျိုးသမီးက `` မဟုတ်ပါဘူးဆရာရယ်၊ သူမူးသွားမှ အခုလိုအော်တာပါ´


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/08/2014 12:15:00 PM

Thursday, October 23, 2014

အဖေ

 
အဖေ့အတွက် မအားလပ်ခဲ့သူ
'ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့ ပူစာတော့ အဖေ့ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံ မလောက်တော့ အဖေ့ခမျာ သူ့အပေါင်းအသင်းကြား မျက်နှာ အပျက်ခံပြီး ချေးပေး ခဲ့ဖူးတယ်။ ကျနော် အလုပ်မရတော့လည်း သူ့အသိ မိတ်ဆွေ အကူအညီနဲ့ ရအောင် သူကြိုးစားခဲ့ပေး သေးတယ်။ ကျနော်တို့က အဖေ တစ်ခု သားတစ်ခုလေ။
ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ 'သွားစရာ ရှိလို့ အဖေရေ' လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း 'အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ' လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။
တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။
'နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး' တဲ့။
စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။
ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။'
.
Ref:inspiraquote
အောင်ခမ်း (ရိုးရာလေး

အမေ

 
အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)
အမေရိကန်- ဗီယက်နန် စစ်ပွဲပြီးတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ စစ်ထဲမှာ ကျဆုံးသွားပြီး သားအမိ နှစ်ယောက်သာ ကျန်တော့သတဲ့။ ရုပ်ရည်အားဖြင့်ကော၊ စိတ်ထားလှ မှုကြောင့် မုဆိုးမ ဘဝသို့ ရောက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ နောက် အိမ်ထောင် ပြုမယ်ဆို ဆက်ပြုနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ကိုယ်တည်း ရုန်းကန်ပြီး သားလေးကို ခေတ်ပညာနဲ့ မပြတ်ပဲ ထားပေးဖို့ပဲ သူဆုံးဖြတ်ခဲ့ပါတယ်။
အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ပေမယ့် သားလေးက ပညာတော်တော့ ဝမ်းသာ ရှာပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝရောက်တော့ စကော်လာရှစ်ရပြီး အမေရိကန်မှာ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ နောက်တော့ အမေရိကန် NASA မှာပဲ အလုပ်ရပြီး အမေရိကန်မှာပဲ အသက်ရှင်လုပ်ကိုင်ပါတော့တယ်။ အမေကတော့ ဝမ်းသာမျက်ရည်နဲ့ တစ်ယောက်တည်း ပျော်နေရှာပါတယ်။ လစဉ်လတိုင်း သားဖြစ်သူကလည်း အမေရိကန်ဒေါ်လာ ၁၀၀ စီ ပို့ပေးပါတယ်။ စစ်ပြီးပြီး ဆယ်စုနှစ် သုံးခုလောက်ထိက ဗီယက်နမ်ကော ကမ္ဘာကပါ စီးပွားရေး မပြေလည်ပါဘူး။ သားပို့ပေးတဲ့ ဒေါ်လာ ၁၀၀ ဆိုတာ သူ့ခေတ်သူ့ခါမှာ အင်မတန် သုံးမကုန်အောင် များပါတယ်။ အင်တာနက်လည်း မထွန်းကားတော့ ဖုန်းလည်း သိပ်မပြောဖြစ်ပါဘူး။ အမေ့ကို ငွေပို့ပြီး တာဝန်ကျေတယ်လို့ သားဖြစ်သူ NASA မှ အင်ဂျင်နီယာက ထင်နေရှာ ပါတယ်။ ခရစ်စမတ် ရုံးပိတ်ရက်ရောက်တာတောင် အိမ်ကို ပြန်ဖို့ မစဉ်းစားတော့ပဲ အမေရိကန်မှာ ပျော်နေရှာပါတော့တယ်။ တစ်နေ့ကျတော့ အမေဆုံးတဲ့ သတင်း ရပါတယ်။ ဒါနဲ့ အမေဖြစ်သူကို ဂူသွင်းမြေမြှုပ်ဖို့အတွက် ဗီယက်နန် ကို ပြန်လာပါ တယ်။ သူ့မျက်နှာမှာ အင်မတန် ဝမ်းနည်းတဲ့ ခံစားချက်မျိုးကို မပြပါဘူး။ မျက်ရည်လည်း မကျပါဘူး။ ဒါနဲ့ အမေက သူ့အတွက် စာအိတ်တစ်အိတ်ချန်ခဲ့ကြောင်း ဆိုပြီး အခြားလူတစ်ယောက်က လက်ထဲ ထည့်ပေးပါတယ်။ အင်မတန် ဖောင်းနေတဲ့ စာအိတ်ထဲမှာ ဒေါ်လာ ၁၀၀ တန် ချက်လက်မှတ်ပေါင်းများစွာနဲ့ စာတစ်စောင်ကို သူတွေ့ ပါတယ်။ ဒါနဲ့ပဲ သူ ယူကြုံးမရ အော်ငိုပါတော့တယ်။ စာထဲမှာ ရေးထားတာကတော့ -
"သား အမေဒီလောက်ငွေအများကြီးမလိုဘူး။ သားကိုပဲ လွမ်းတယ်။ အိမ်ရှေ့မှာ မော်တော်ဆိုင်ကယ်ဖြတ်သွားသံတွေ ကြားတိုင်း င့ါသားလေးများ ပြန်လာလေသလားဆိုပြီး ထွက်ထွက် ကြည့်မိတယ်။ င့ါသားလေး ဖျားနာရင် သုံးဖို့ ငွေမရှိမှာစိုးလို့ သားငွေတွေ ထည့်ထားပေးခဲ့တယ်"
“Son, I don’t spend too much money. I miss you a lot. Every time I hear a motorcycle passing by, I run out the door but it wasn’t my son. I saved this money for you in case when you get sick.”
- ဗီယက်နန်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
အောင်ခမ်း (ရိုးရာလေး)

မှားပါတယ်(ဟာသ)

နယူးယောက်မြို့က လှပျိုဖြူတစ်ဦးဟာ တက်ဆပ်ပြည်နယ်ဘက်ကို ကားမောင်းသွားရင်းနဲ့ တောလမ်းတနေရာမှာ ကားပျက်သွားတယ်။
အဲဒီအချိန်မှာ ရက်အင်ဒီးယမ်းလူငယ်တစ်ယောက်က မြင်းတစ်စီးနဲ့ ရောက်လာသတဲ့။
သူမကို အနီးဆုံးမြို့ကို လိုက်ပို့ပေးမယ်လို့ ပြောတယ်။

ဒါနဲ့ ကောင်မလေးက မြင်းစီးရမှာ ကြောက်ပေမယ့် ရွေးချယ်စရာလမ်းမရှိတော့လို့...
ကြောက်ကြောက်နဲ့ပဲ မြင်းပေါ်ကို တက်လိုက်တယ်။
အဲ...
လမ်းက ကြမ်းတာရော၊ မြင်းက ပြေးတာရောဆိုတော့ မြင်းပေါ်က နှစ်ယောက်သား ခုန်ပေါက် ယိမ်းထိုးနေတာပေါ့။
ခက်တာက ကောင်မလေးက ဘာမှ မဖြစ်ပဲ ဟိုကိုယ်တော်ချော ရက်အင်ဒီးယမ်းက...
"အူး... အားယားယား... အီး၊ အိုး... အား"... နဲ့ တစ်လမ်းလုံး အော်ပြီး လိုက်လာသတဲ့။
ဒါနဲ့ မြို့ကိုရောက်တော့ ကားဝပ်ရှော့တစ်ခုမှာ ကောင်မလေးကို ချပေးလိုက်တယ်။
ကောင်မလေးလည်း မြင်းပေါ်က ဆင်းသွားရော ကိုရွှေရက်အင်ဒီးယမ်းက ပျှော်ရွှင်မြူးတူးသွားတဲ့ မျက်နှာနဲ့...
"ရဟူး... လွတ်ပြီကွ"... ဆိုပြီး မြင်းကို ကဆုန်စိုင်း စီးသွားတယ်။
အဖြစ်အပျက်ကို နားမလည်နိုင်တဲ့ ကလေးမက ဝပ်ရှော့ဆရာကို မေးတယ်.... ...
"ဒီလူ ဘာလို့ ဒီလောက်ပျော်သွားတာလဲ ရှင့်"
"သိဘူးလေ"
"ကျမ သူ့နောက်က ခါးကိုသိုင်းဖက်ပြီး ရှေ့က မြင်းကုန်းနှီးစွန်းကို လက်နဲ့ ကိုင်စီးလာတာ၊ ဒီလူ တလမ်းလုံး အော်ဟစ်နေတာ ဘာလို့ မှန်းမသိ"
ဒီတော့...
ဝပ်ရှော့ဆရာက ဇဝေဇဝါနဲ့ ကြည့်ရင်းး ပြန်ပြောတယ်... ...
"ကလေးမ... ရက်အင်ဒီးယမ်းတွေက မြင်းစီးရင် ဘယ်တော့မှ ကုန်းနှီး မပါပါဘူးကွဲ့"
"ရွှမ်..."
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

Tuesday, October 21, 2014

၃၈ ဖြာ မင်္ဂလာ

၁ . လူဆိုး လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း

1. Not to associate with fools.
၂. ပညာရှိ လူလိမ္မာကို မှီဝဲပေါင်းသင်းခြင်း
2. To associate with wise.
၃.ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
3. To honour those-worthy of honour.
၎. သင့်လျော်သောအရပ်တွင် နေခြင်း
4. To live in suitable region.
၅. ရှေးကပြုဖူးခဲ့သော ကောင်းမှု အထူးရှိခြင်း
5. To have accumulated merits of the past.
၆. မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း
6. To be rightly concentrated on oneself.
၇. အကြား အမြင်များခြင်း
7. To have immensity of knowledge.

၈. စက်မှု လက်မှု အတတ်တို့ကို တတ်မြောက်ခြင်း
8. To acquire skill in sciences.
၉. လူ့ကျင့်ဝတ်ကို ကောင်းစွာသင်ကြား နားလည်ခြင်း
9. To be well-trained in displine.
၁၀. အပြောအဆို ချိုသာယဉ်ကျေးခြင်း
10. To have pleasant speech.
၁၁. အမိအဖတို့ကို လုပ်ကျွေးပြုစုခြင်း
11. To serve one's actions.
၁၂. ဇနီးနှင့် သားသမီးတို့ကို လုပ်ကျွေးပြုစုခြင်း
12. To look after one's family.
၁၃. ရှုပ်ထွေးမှုကင်းလျှက် စနစ်တကျ ကြိုးစားစူးစိုက် လုပ်ကိုင်ခြင်း
13. To be peaceful in one's action.
၁၄. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
14. To donate generously.
၁၅.ကောင်းသော အကျင့်တရားကိုကျင့်ခြင်း
15. To live the life of Dhamma.
၁၆. ဆွေမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
16. To help one's relations.
၁၇. အပြစ်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
17. To abstain from immoral livelihood.
၁၈. မကောင်းမှုကို စိတ်ဖြင့် ရှောင်ရှားခြင်း
18.To abstain from evil (mental).
၁၉. မကောင်းမှုကို ကိုယ် နှုတ်ဖြင့် ရှောင်ရှားခြင်း
19. To abstain from evil (physical)
၂၀. မူးယစ်သေစာ မသောက်စားခြင်း
20. To abstain from intoxicants.
၂၁. ကုသိုလ်တရားတို့ကို မမေ့မလျော့ခြင်း
21. To practice Dhamma deligently.
၂၂. ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း
22. To be respectful.
၂၃. မိမိကိုယ်ကို နှိမ့်ချခြင်း
23. To be humble.
၂၄. တင်းတိမ်ရောင့်ရဲခြင်း
24. To be content.
၂၅. သူ့ကျေးဇူးကိုသိခြင်း
25. To be grateful.
၂၆. သင့်လျော်သောအခါ တရားနာခြင်း
26. To listen Dhamma at appropriate time.
၂၇. သည်းခံခြင်း
27. To be tolerant.
၂၈. ဆိုဆုံးမလွယ်သူ ဖြစ်ခြင်း
28. To be obedient.
၂၉. ရဟန်းသူမြတ်တို့ကို ဖူးမြော်ခြင်း
29. To see saintly people.
၃၀. သင့်လျော်သောအခါတွင် တရားစကား ဆွေးနွေးမေးမြန်းခြင်း
30. To discuss Dhamma at appropriate times.
၃၁. ခြိုးခြံသောအကျင့်ကို ကျင့်ခြင်း
3. To have asectic practices.
၃၂. မြတ်သောအကျင့်ကို ကျင့်ခြင်း
32. To observe celibacy.
၃၃. သစ္စာလေးပါးတရားကို သိမြင်ခြင်း
33. To observe Noble Truths.
၃၄. နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
34. To realize Nibbana.
၃၅. လောကဓံတရားနှင့် တွေ့သောအခါ စိတ်မတုန်လှုပ်ခြင်း
35. To remain equanimous while coming in contact with visicitudes of life.
၃၆. ပျက်စီးခြင်း . ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါတွင် စိုးရိမ်ပူဆွေးမှု မရှိခြင်း
36. To remain free from sorrow.
၃၇. လိုချင်တပ်မက်ခြင်း ၊ ရာဂ စသော မြူအညစ်ကြေး မရှိခြင်း
37. To remain free from impurity.
၃၈. စိတ်ကို ပူပန်စေသော ကိလေသာမှ လွတ်ကင်းရာ ဘေးမရှိခြင်း
38. To remain free from
Credit - Dhamma Knowledge

သုတဟင်းလျှာ

ဟင်းလျှာမျိုးစုံတို့ကို ပိုမိုထူးကဲသော အရသာကို ပိုင်ဆိုင်လိုပါက အောက်ပါနည်းများအသုံးပြုကြပေသည်


၁။ ကြက်သားဟင်းသည် အာလူးနှင့် အလိုက်ဖက်ဆုံးဖြစ်ပါသည်။ ကြက်သားကို ချက်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ အာလူးနှင့်တွဲစားပါက အရသာပိုမိုထူးကဲပါသည်။ ကမ္ဘာကျော်အစားအစာတစ်ခုဖြစ်သည့် KFC ကြက်ကြော်ကို အာလူးချောင်းကြော်များနှင့် တွဲစားကြသည်မှာ သက်သေဖြစ်ပါသည်။

၂။ ဘဲသားကို ပေါင်းစားသည်ဖြစ်စေ၊ ဘဲစတူးလုပ်စားသည်ဖြစ်စေ မှိုအမည်းနှင့် ဂျပန်တို့ဟူးကို ထည့်ပေးပါ။ ပိုမိုထူးကဲသော အရသာကို ပိုင်စေပါမည်။ (နာမည်ကြီးပြီး လူအများကြီးစားသုံးနေတဲ့ ဆိုင်အချို့မှာ နည်းစနစ်ကို လူသိမှာစိုး၍ မှိုနှင့် တို့ဟူးပါမှန်းမသိအောင် အဖတ်ကို ဆည်ထားတတ်ကြပါသည်)

၃။ ဆိတ်သားကို မချက်ခင်မှာ ဒိန်ချဉ်နှင့် သံပရာသီးကိုညှစ်ထည့်ပြီး အရင်နှပ်ထားရပါမည်။ ပြီးမှ ချက်လျှင် အညီနံ့လည်းပျောက်သလို အသားလည်းနူးပြီး ပိုစားကောင်းပါသည်။

၎။ ဂဏန်းကို အရသာပိုရှိအောင် ချက်စားရသည့်လှို့ဝှက်ချက်သည် ကြက်ဥဖြစ်ပါသည်။ ချက်စား၊ ပေါင်းစားသည်ဖြစ်စေ ကြက်ဥတစ်လုံးကိုတော့ ပါအောင် ထည့်ပေးပါ။

၅။ အကြော် ကြော်စားတော့မည်ဆိုလျှင် ဘူးသီးကြော်၊ ကြက်သွန်ကြော်စသည့် မည်သည့်အကြော်မဆို အကြော်ကြော်မည့် မှုန့်နှစ်ထဲကို ငှက်ပျောသီးတစ်လုံး ချေပြီး ထည့်လိုက်ပါ။ ရွှေကြည်မှုန့်အနည်းငယ်ကိုထည့်ပေးပါ။ အကြော်များ ဖောင်းဖောင်းလေးဖြစ်ပြီး ပိုမိုကြွတ်ရွစေကာ အရသာလည်း ပိုကောင်းစေပါမည်။

၆။ ခေါက်ဆွဲကို တရုတ်ဆိုင်ကခေါက်ဆွဲကြော်ငြာကဲ့သို့ မွှေးကြိုင်နေအောင် ကြော်စားချင်လျှင် အကြော်အိုးကို သီးသန့်ထားပါ။ ဆီဝနေသည့် အကြော်သီးသန့်အိုးသည် အနံ့နှင့် အရသာကိုပါ ကွာခြားစေပါသည်။

၇။ နာမည်ကြီး Chinese Restaurant များ၏ ဟင်းလျှာအရသာလျှို့ ဝှက်ချက်မှာ ကြက်ရိုးပြုတ်ရည် ဖြစ်ပါသည်။ မိုးလင်းကတည်းက ပြုတ်ထားသည့် ကြက်ရိုးပြုတ်ရည်ကို မည်သည့်ဟင်းကိုမဆို အနည်းငယ်စီ ခပ်ပေးပါက အရသာပိုမို ထူးကဲစေပါမည်။

၈။ ၀က်သားကို အချိုချက်ကလေး စားချင်လျှင် သကြားအနည်းငယ် ထည့်လိုက်ပါ။ ၀က်သားတရုတ်ချက်အရသာ ပေါ်လာစေမည်။

၉။ ရိုးဒယားနာမည်ကြီး တုံယမ်းဟင်းရည်ချက်စားမည်ဆိုလျှင် ထည့်ရမည့် ရှောက်ရွက်သည် ရှောက်ဘီလူးရွက် ဖြစ်ပါသည်။ ရိုးရိုးရှောက်ရွက်ထည့်လိုက်လို့ အရသာခါးသက်သက်ဖြစ်သွားကြသူများ သတိထားစရာပါ။

၁၀။ ကန်စွန်းရွက်ကြော်ကို အရောင်မမည်းသွားစေအောင် ကြက်သွန်နှင့် ဆားကို အုပ်ပေးလိုက်ပါ။ သို့ မဟုတ် မကြော်ခင်မှာ ရေခဲရေထဲကို ဆားထည့်ပြီး စိမ်ဆေးပါ။

၁၁။ ထမင်းကို ဖြူဖြူဖွေးဖွေးလေးနဲ့ မျက်နှာပန်းလှစေချင်ရင် ဆန်ဆေးသည့်အခါ ရှောက်သီးအရည်လေး အနည်းငယ်ညစ်ထည့်ပေးပါ။

၁၂။ မုန့်ဟင်းခါးအရသာထူးကဲစေခြင်း၏ လျှို့ဝှက်ချက်မှာ ငါးဖယ်ရိုးပြုတ်ရည်ဖြစ်ပါသည်။

၁၃။ အညာတို့ဟူးသုပ်၏ ထူးကဲသောအရသာလျှို့ဝှက်ချက်မှာ စဥ့်အင်တုံထဲမှာ ဖျော်ထားသည့်ဆားရည်သည် အဓိက ဖြစ်ပါသည်။
Credit to : စာဖိုဆောင်ချစ်သူ

မှတ်မိတယ်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAOEtAZR0wA69zxi6lDp0jpqlEgUV3W_OapZ2WbF-31GwEQJJLlkloa4z-tSuHaOtbZRpRMThyphenhyphenDZIrO1nmpcvP1c3B5VNPteWyvvK6zbIEtF2laAfYAnAdCXDzduJa0qGXwmDstgyI3w/s1600/378958_10150381981393560_705153559_8289018_1145588815_n.jpg
အမျိုးသမီး တစ်ယောက် အိမ်မွေးတိရိစ္ဆာန် ရောင်းသည့် ဆိုင်တစ်ဆိုင်ကို သွားခဲ့သည်။
လှပသည့် ကြက်တူရွေး တစ်ကောင်ကို မြင်သည့်အခါ သဘောကျသွားပြီး ဈေးနုန်းကို မေးကြည့်မိသည်။

" ဒီကောင်ဆိုရင်တော့ ငါးရာနဲ့သာယူသွားဗျာ"
" ရှင်---ဘာဖြစ်လို့ ဈေးသက်သာရတာလဲ ? "
" ဒီကောင်လား၊ အရင်တုန်းက ပြည့်တန်ဆာအိမ်မှာ နေခဲ့တာလေ။ မိုက်မိုက်ရိုင်းရိုင်းတွေ သိပ်ပြောလို့ ဈေးချထားတာ"

အမျိုးသမီး ခဏတော့ စဉ်းစားလိုက်သေးသည်။
သို့သော် ဈေးသက်သာနေသည့်အတွက် ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကြက်တူရွေးကို အိမ်ယူသွားပြီး ငှက်လှောင်အိမ်ထဲထည့်ကာ ဧည့်ခန်းတွင် ချိတ်ထားလိုက်သည်။
ကြက်တူရွေးသည် အိမ်ကို အနည်းငယ် လှည့်ပတ်ကြည့်ပြီး စကားစတင်ပြောလိုက်သည်။
" အိမ်အသစ်၊ သခင်မအသစ်"
ဒီလောက်ဆို သိပ်တော့မဆိုးဟု အိမ်ရှင်မ တွေးလိုက်မိသည်။
ထိုအချိန်တွင် သမီးဖြစ်သူ နှစ်ယောက် ကျောင်းမှပြန်လာသည်။
ကြက်တူရွေး ဆက်ပြောသည်။
" အိမ်အသစ်၊ သခင်မအသစ်၊ မိန်းကလေးတွေကလဲ အသစ်"
ပထမတော့ သားအမိတွေ အံသြသွားပြီး နောက်မှ စကားတတ်လှသော ကြက်တူရွေးကို ရီမောမိကြသည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူ ကိုသောင်းစိန် တစ်ယောက် အလုပ်မှပြန်လာသည်။
ကြက်တူရွေးမှ လှမ်းနုတ်ဆက်လိုက်သည်။
" ဟေးးးးး ကိုသောင်းစိန်"
Credit-Nanda

အမေပဲကျန်တော့တယ်(ဟာသ)

 https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xfp1/v/t1.0-9/s526x395/1457744_717999081613169_3554570453131656220_n.jpg?oh=46d3c5b87b5d0820308e1ecc9aa80e08&oe=54F39356&__gda__=1421125412_f1adf8319f8700d1c26428693f7820a0
တစ်ခါက ရွာ တစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီး တစ်ယောက်ရှိသတဲ့...။
အဲဒီရွာမှာပဲ မြို့ က ရောက်လာတဲ့ အင်မတန် အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာ စားသောက်နေတဲ့ ပတ်ချွဲ နှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။
ကျေးလက်ဒေသရဲ့ ဓလေ့ စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့...။

ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာ လူရှုပ်နဲ့ အကြောင်းပါလေပါရော...။
လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမကိုရော ခယ်မတွေပါ အဆင်ပြေအောင် ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့ မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ လူရှုပ်ရဲ့ ဇနီးဟာ အမျိုးသမီးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ပါတယ်...။
မိန်းမဖြစ်သူရဲ့ အသုဘမှာ လူရှုပ်ဟာ အမျိုးမျိုးသော အလွမ်းအဆွေး တမ်းတမှုတွေနဲ့ ကျူကျူပါအောင် ငိုပါတယ်....
ယောက်ခမ၊ ခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်း လူရှုပ်ရဲ့ အလွမ်းအသော လေးတွေကို နားထောင်ရင်း ကရုဏာ ဖြစ်မိကြတယ်။
ဒီလိုနဲ့ အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း လူရှုပ်က သူရဲ့ နောက်ဆုံး ငိုကြွေး တမ်းတခြင်းကို ဟန်အပြည့်နဲ့ လုပ်ဆောင်ခဲ့ပါတယ်...
`` ဟမ်မာလေး မောင့် အချစ်ရဲ့ မင်းနောက်ဆုံး အချိန်မှာ တတွတ်တွတ် မှာကြားခဲ့တဲ့စကားကို မောင်မပြောရက်ပါဘူး မောင့်ကို ခွင့်လွှတ်ပေးပါတော့.. နောက်ဘ၀မှသာ အပြစ်တွေ ကျေအောင်ဆပ်ပါရစေ.... ကောင်းမွန်ရာ ဘုံဘ၀မှာ မောင့်ကိုစောင့်နေပါ မောင်အရောက်လာခဲ့ပါ့မယ်... တို့နှစ်ဦးဆုံတဲ့အခါမှသာ မောင့်ကို အပြစ်တင်ပါတော့ မောင့်အချစ်ရဲ့´´ ဆိုပြီး ၄-၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပါလေရော..။
ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။
ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို လိုက်လျောချင်တာကြောင့် သားမက်တော်ကိုခေါ်ပြီး
``သမီး နောက်ဆုံး ဘာမှာခဲ့သလဲသား၊ အားမနာနဲ့ အမေ့ကိုပြောပါ ဘာဖြစ်ဖြစ် လုပ်ပေးပါ့မယ် အမေ့သမီးလေး သူ့ခရီးကို ကောင်းကောင်းသွားပါစေကွယ်´´ လို့ ပြောသတဲ့။
သားမက်ဖြစ်သူကလည်း အပူရုပ်ကို ဟန်လုပ်ရင်း
`` ကျွန်တော် မပြောရက်ပါဘူး အမေရယ်´´ လို့ မျက်ရည်လေး တစမ်းစမ်း၊ အသံ တိုးတိုးညင်းညင်းလေးနဲ့ ပြောရှာသတဲ့။
ဒီလိုနဲ့ ကြိမ်ဖန်များစွာ အားနာဖို့ မလိုကြောင်း ယောက်ခမဖြစ်သူကပြောလေတော့ ဘေးက ခယ်မ အလတ်လေးကို လှမ်းကြည့်ရင်း...
`` နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအမေ... အမေ့သမီးက သူမရှိတဲ့ နောက်ပိုင်းမှာ ဒီအိမ်ကနေ ဘယ်ကိုမှ ထွက်မသွားပဲ.... ညီမလေးနဲ့ ကျွန်တော့်ကို လက်ထပ်ပါလို့ သေသေချာချာ မှာသွားတယ်.. ဒါပေမယ့် ကျွန်တော် ဘယ်လို ပြောရက်မှာလဲ အမေရယ်´´ လို့ ပြောရင်း ငိုချပါလေရော။
သမီးဖြစ်သူကို ချစ်ရတဲ့ ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာ မကြာခင်မှာပဲ သားမက်ဖြစ်သူကို သမီးအလတ်နဲ့ နေရာချပေးပါသတဲ့...
သားမက်တော် လူရှုပ်ကလည်း ရှေးကထက်တိုးလို့ ကွယ်လွန်သူ ဇနီးစကားကို အလေးထားပြီး မိသားစုအပေါ်မှာ အရင်ကထက်ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံပါသတဲ့။
ဒီလိုနဲ့ မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါ နဲ့ ကွယ်လွန်ပြန်ပါလေရောတဲ့...
အဲဒီအခါမှာတော့ သားမက်တော်ဟာ သူရဲ့ ငိုချင်းကို အရှိန်ပိုမြှင့်ပြီး သူ့ဘ၀ကံဆိုးကြောင်းတွေရော... သူ့ကို ကြင်နာသူမှန်သမျှ လူ့လောကကြီးက စောစော ထွက်သွားတတ်ကြောင်းတွေကိုရော... သူဟာ မကောင်းသော ဂြိုဟ်ကောင်ကြီးသာ ဖြစ်ကြောင်း... ဇနီးများရဲ့ ကိုယ်စား သူသာ သေသွားလိုက်ချင်ကြောင်းတွေကို စီကာပတ်ကုံး ဖွဲ့နွဲ့ ငိုကြွေး ပါသတဲ့။
ရွာသူရွာသားတွေလည်း မယားနှစ်ယောက် ဆက်တိုက်ယူနိုင်ခြင်းကို မေ့ပျောက်ပြီး ကောင်လေးကံဆိုးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာ သက်ကြပြန်သတဲ့။
ဒီလိုနဲ့ အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း လူရှုပ်က သူရဲ့ ဒုတိယမြောက် နောက်ဆုံး ငိုကြွေး တမ်းတခြင်းကို အရင်ကထက်ပိုတဲ့ ဟန်နဲ့ ထပ်ပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်။
`` ဟမ်မာလေး ညီမလေးရဲ့ မင်းလည်း မင်းအစ်မလို အစ်ကို့ကို နောက်ဆုံး အချိန်မှာ တတွတ်တွတ် မှာကြားခဲ့တဲ့စကားကို အစ်ကို ဘယ်လိုပြောထွက်ပါ့မတုန်း.. အစ်ကို့ကို ခွင့်လွှတ်ပေးပါတော့.. နောက်ဘ၀မှသာ အပြစ်တွေ ကျေအောင်ဆပ်ပါရစေ.... ကောင်းမွန်ရာ ဘုံဘ၀မှာ အစ်ကို့ကိုစောင့်နေပါ အစ်ကိုတို့ ဆုံတဲ့အခါမှသာ အပြစ်တင်ပါတော့´´ ဆိုပြီး ရှေးနည်းအတိုင်း ၄-၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပြန်ပါသတဲ့....။
ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်း ကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။
ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို ရိပ်စား မိတာကြောင့် သားမက်တော်ကို ခေါ်ရင်း...
`` သူ့အစ်မလိုပဲ မှာခဲ့သလားသား´´ လို့ မေးရှာသတဲ့..
သားမက်တော်လည်း မျက်ဝန်းတစ်ဝိုက်က မခြောက်သေးတဲ့ မျက်ရည်စက်တွေကို အင်္ကျီ လက်နဲ့ သုတ်ရင်း... ငိုသံလေးနဲ့
`` ဟုတ်ကဲ့ပါ အမေ´´လို့ ပြောရင်း တရှုံ့ ရှုံ့ ငိုကြွေးပါသတဲ့...
မိခင်ကြီးကလည်း `` ဘယ်တတ်နိုင်မလဲကွယ် သွားလေသူတွေရဲ့ ဆန္ဒကိုတော့ လိုက်လျောပေးရမှာပေါ့´´လို့ ပြောရင်း သားမက်တော် လူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာချထားပေးပြန်သတဲ့...။
ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတဲ့ ည အိပ်ခန်း မ၀င်မီမှာ မိခင်ဖြစ်သူက သမီးနဲ့ သားမက်တော်ကို ခေါ်ရင်း...
`` သမီးလေး အခု အမေ့မှာလည်း သမီးတစ်ယောက်ပဲ ရှိတော့တယ်၊
သမီး ကျန်းမာရေးကို အထူးဂရုစိုက်ပါ၊
ကျန်းမာအောင် နေပါ...
အမေ အထူးမှာချင်တာကတော့ တကယ်လို့ သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ်ဆိုရင်...
နောက်ဆုံးစကားကိုလည်း ဆင်ဆင်ခြင်ခြင် ပြောခဲ့ပါ...
သမီးသေဆုံးသွားရင် အမေပဲကျန်ခဲ့တော့မှာ...
မလုပ်ကောင်းတာတွေကို မမှာခဲ့ပါနဲ့ သမီး´´လို့ ဆုံးမ စကားကို ပြောကြားလိုက်လေသတည်း.....
ပြုံးနိုင်ကြပါစေဗျာ....
(ကွန်ဆူးမား)(၁၆-၁၀-၂၀၁၄)

Wednesday, October 15, 2014

ဗန်းမော်ဆရာတော်

တရားကို တေးလိုဆို
ဖအေကို သားကဆဲ
ဆွေမျိုးထဲက ဓားပြတိုက်
မိုက်ရဲလျှင် သောတာပန်
မကောင်းကြံက သမာဓိ
ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင်
ရိုးသားသူကို အရူးလို့ ထင်
အင်္ကျီပါးနှင့်ဥပုသ်သည်
ဇရပ်အလယ်ကို့ ယိုးကားယား
လူဆင်းရဲက သူဌေးယောင်ဆောင်
အဝတ်ပြောင်မှ လူရိုသေ
ရွှေရှိဘုရားမှ ရှိခိုးချင်
ဇာတ်သမားမှ လူခေါ်ချင်
အပျိုငယ်က လင်နေစော
အမျိုးကောင်းသမီးက ပိုက်ဆံရှာ
လင်ရှိမယားက အပျိုလုပ်
ဆယ်နှစ်သမီးက အိမ်ထောင်ချင်
ဖိုးသူတော်က ဘိုစတောက်ချ
အပျိုပေါက်က နှစ်လင်ယူ
လူရင်းနှီးတော့ အတိုးချ
သူခိုးဓားပြက လူလို့အော်
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
မယ်သီလက အနုဆေးဖော်
မရှောင်တမ်းတိုးတာ တစ်ခုလပ်
အမှန်ပြောတော့ အမုန်းပွား
ဥပုသ်စောင့်ရင်း အတင်းပြော
ခောတ်ကြီးကိုတော့ အပြစ်ဆို
ကိုယ့်ကိုယ်ကိုယ်တော့ဖြင့် အကောင်းထင်
အလှူပေးရင်း ထမင်းရောင်း
မသာပို့ရင်း လူပျိုလှည့်
သူတော်ကောင်းတို့ တရားပျက်ကြပြီ…

~~~ ဗန်းမော် ဆရာတော်~~~

Tuesday, October 14, 2014

ဟာသစုစည်းမှု

#‎အရေးကြီးသော‬ အချက်များ
----
၁။ သင့်မှာ အိမ်မှု့ကိစ္စတွေကို ကူညီပေးဖို့၊ သင့်ကို ချက်ပြုတ်ကျွေးမွေးဖို့၊ အိမ်ကို ရှင်းလင်းဖို့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၂။ သင့်မှာ သင်စိတ်ညစ်လာတဲ့အခါမှာ ပျော်ရွှင်လာအောင် ဟာသလေးတွေနဲ့ စိတ်အပန်းဖြေပေးတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။

၃။ သင့်မှာ ယုံကြည့်စိတ်ချရပြီး ဘယ်တော့မှ လိမ်မပြောတတ်တဲ့ အဖော်မွန်ကောင်းတစ်ယောက် တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၎။ သင့်မှာ သင့်ကို ယုယကြင်နာတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၅။ အရေးအကြီးဆုံးက အဲ့ဒီ မိန်းမ လေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မသိဖို့ အရေးကြီးတယ်။


Credit :Ko Aung Kyaw Soe

#‎မျက်မမြင်‬ ဟာသ
မျက်မမြင်တစ်ဦးသည် လမ်းထောင့်တစ်နေရာတွင် ၎င်း၏ ခွေးနှင့် အတူ ရပ်နေစဉ် ခြေထောက်ပေါ်သို့ ခွေးသေပန်းသောကြောင့် မျက်မမြင်၏ ဘောင်းဘီ ရှည်မှာ သေးစိုသွား၏။ ထိုအခါ မျက်မမြင်သည် ၎င်း အကျီင်္အိတ်ထဲမှ ဘီကွတ်တစ်ချပ်ကို ထုတ်လိုက်ရာ ထိုဖြစ်ရပ်ကို ကြည့်နေသူတစ်ဦးက အလျင်အမြန်ပြော၍ ``ခင်ဗျားဒီလိုမလုပ်သင့်ပါဘူး။ ခွေးက ဒီလိုသေးနဲ့ပန်းတာတောင် ဘီစကွတ်တစ်ချပ်ထုတ် ကျွေးမယ်ဆိုရင် သူ့လုပ်ရပ်ကို အားပေးရာေ၇ာက်နေမှာပေါ့`` ဟု ဝင်တား၏ ။ ထိုအခါ ၎င်းင်းက ဒေါသနှင့် ပြောလိုက်သည်မှာ ``ဘယ်ကလာ… ဆု ချရမှာလဲ။ ကျွန်တော်က သူ့ပါးစပ်ဘယ်နားမှာလဲ သိအောင်လုပ်တာ ။ ခြေထောက်နဲက ဆောင့်ကန်မလို့`` ဟူ၍……….။
Credit-လရိပ်ထိုက်တန်


#‎နထီး‬ နထီး တိုလဒီး
ယောင်္ကျားဖြစ်သူ တာဝန်နှင့် ခရီးထွက်သွားသည်မို့ မိန်းမက လင်ငယ်ကို အိမ်သို့ ခေါ်ကာ ကဲချင်တိုင်းကဲနေ၏ ။
ထိုစဉ် လူခေါ်ဘဲလ် မြည်လာသဖြင့် ချောင်းကြည့်လိုက်ရာ သူ၏ယောင်္ကျားဖြစ်နေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရလေသည်။
သို့နှင့် လင်ငယ်ကို တီးတိုးပြောသည်။
မိန်းမ ဒီမယ် ကျွန်မတံခါးဖွင့်လိုက်တဲ့အခါ အဲဒီတံခါးနောက်မှာ ရှင်ပုန်းနေလိုက် အဲဒီတံခါးနောက်မှာ ရှင်ပုန်းနေလိုက်
သူ့ကို ကျွန်မ ကြည့်ထိန်းထားလိုက်မယ် အဲဒီအချိန် အဲဒီဝင်ပေါက်ကပဲ ရှင်ရအောင်ထွက် တခြားအပေါက်
မရှိဘူး
မိန်းမဖြစ်သူက ပြောပြီးသည်နှင့်ပြုံးရွှင်သည့်မျက်နှာထားဖမ်းကား တံခါးဖွင့်လေ၏ ။ ယောင်္ကျားကြီးက ဒေါသနှင့်မေးသည်။
ယောင်္ကျားကြီး ဟေ့ တံခါးလေးဖွင့်တာဘာဖြစ်လို့ဒီလောက်ကြာရတာလဲ ခုနက တိုးတိုး တိုးတိုးနဲ့

စကားပြောသံလည်းကြားရတယ်
မိန်းမက ပါးစပ်ထဲရှိတာကြံဖန်ပြောလိုက်သည်။
"သြော်မောင်ရယ် ကျွန်မ ကြွက်ပြေးဂါထာ ရွတ်နေရင်းမို့လိုပါ"
ယောင်္ကျားက အံ့သြသွားပြီး "ကြွက်ပြေးဂါထာ ဟုတ်လား ဘယ်လိုလုပ်ရသလဲ"
မိန်းမက စဉ်းစားလိုက်ရင်း "လွယ်ပါတယ်ရှင် ဒီ ကြွပ်ကြွပ်အိပ်အနက်ကို ခေါင်းမှာစွပ်လိုက် ပြီးရင်ဂါထာကို ရွတ်လိုက် ကြွက်တွေ
တန်းနေအောင်ပြေး ကြတာပဲ"
"ကဲ ဒါဖြင့်လည်း ငါ့ကိုသင်ပေးပါဦး"
မိန်းမက ယောင်္ကျားခေါင်းကို ကြွပ်ကြွပ်အိပ်နဲ့ စွပ်လိုက်သည်။ ပြီးတွေ့ကရာ လျှောက်ရွတ်သည်။
"နထီး နထီး တိုလဒီး မကြီးတဲ့ခါ ဟိုဥစ္စာ တိုလိုတဲလဲ မိုးမစဲ မိုးတော်ချုံးမှ ပဲ"
လင်ကြီးကလဲ ဟုတ်နိုးနိုးနှင့် လိုက်ဆိုသည်။ လင်ကြီး ရွတ်ဆိုတာကို ကြည့်ရင်းမှ လင်ငယ်ထွက်မသွားသေးကြောင်း အမျိုးသမီးက
သတိထားမိသွားသည်။ အမြန်ထွက်သွားရန် လက်ရိပ်ပြသည်။ လင်ငယ်က ခေါင်းခါရင်း
"ငါ့အိမ်မှာလဲ ကြွက်တွေသောင်းကျန်းလွန်းလို့ ပါကွာ ငါလည်းဒီဂါထာကို အဆုံးထိ ရချင်တယ်လေ"
Credit-သူရိန်စိုး

#‎ဖယ်ပေးမှာပေါ့‬
့ပြတိုက်ထဲသို့ လူတစ်ဦး ဝင်လာကာ ပြတိုက်ထဲတွင် ပြသထားသော ပစ္စည်းများကို
လိုက်ကြည့်နေစဉ် ခါးတွင်ချိတ်ထားသော ထိုသူ၏ ဟန်းဖုန်းက မြည်လာ၏။
ထိုအခါ ၄င်းက ဖုန်းပြောရန်အတွက် နေရာရှာသောအခါ ၄င်း၏ အနီးရှိ ခုန်ကို တွေ့သွား၏။
ထို့နောက် ၄င်းက အနီးရှိ ခုံတွင် ကျကျနန ဝင်ထိုင်ရင်း ဖုန်းကို ပြောလေသည်။
ထိုအခါ ၄င်းဖုန်းပြောနေသည်ကို မြင်သော ပြတိုက် ဝန်ထမ်း အမျိုးသားတစ်ဦးက မျက်ကလဲ
ဆံပြာနှင့် ပြေးလာရင်း မကျေမနပ်နှင့် တားမြစ်သည်။
"ဟေ့လူ ဒါဘာလုပ်တာလဲဗျ"
"အမ် ကျုပ်က ဘာလုပ်လို့လဲ"
"ဒါမင်းတုန်းမင်းထိုင်တဲ့ သလွန်ညောင်စောင်းဗျ"
ထိုအခါ ဟိုလူက အေးဆေးစွာပြန်ပြောသည်။ "ကဲ အဲဒါ ဘာဖြစ်လဲဗျာ မင်းတုန်းမင်းလာတော့ ကျုပ်က ဖယ်မပေးဘဲ နေပါ့မလား ဟင်း"
ဟုဆိုပြီးဖုန်းကို ဆက်ပြောနေ၏
Credit-သူရိန်စိုး

Thursday, October 2, 2014

သူ့နေရာသူပြန်ထားတာ(ဟာသ)

သူ့နေရာသူ(ဟာသ)

တနင်္လာနေ့ အလုပ်ဆင်းလာတဲ့ အမျိုးသား ၀န်ထမ်း တစ်ဦးဟာ
မျက်လုံး ၂ ဖက်လုံး ရောင်ကိုင်းပြီး အညိုအမဲ စွဲနေရဲ့။

အလုပ်ရှင်က ဘာဖြစ်တာလဲလို့ မေးတော့ ၀န်ထမ်းက ပြန်ဖြေတယ်။

``မနေ့က ဆန်းဒေး ဘုရားကျောင်း အတက်မှာ
အရှေ့က အမျိုးသမီး မတ်တပ်ထ-ရပ်တော့ သူ့ ဖင်ကြားထဲ
စကပ်က ညပ်နေတယ်။

ဒါကြောင့် ကျွန်တော်က ဆွဲထုတ်ပေးလိုက်တာကို ဒေါပွပြီး
အဲ့ဒီ မိန်းမက ကျွန်တော့်ကို လက်သီးနဲ့ ထိုးလိုက်လို့ပါ။´´
အလုပ်ရှင်က သိပ် ဘ၀င်မကျ။

``အဲ့ဒီကိစ္စကြောင့် မျက်လုံး တစ်ဖက် ထိသွားတာက ဟုတ်ပါပြီ။
နောက်တစ်ဖက်ကကော ဘာဖြစ်တာလဲ..´´
ဝန်ထမ်းက ပြန်ဖြေတယ်။

``အဲ့ဒီ မိန်းမက နဂို အနေအထားပဲ ကြိုက်တယ် ထင်တာနဲ့

စကပ်ကို သူ့ ဖင်ကြားထဲ ကျွန်တော် ပြန်ထိုးထည့် မိလို့ပါ..´´ တဲ့။

Saturday, September 27, 2014

ဌ နဲ့ ဋ္ဌ အသုံးကွဲပုံ(သုတ)

ဌ နဲ့ ဋ္ဌ


မြန်မာအက္ခရာတွေထဲမှာဝမ်းဘဲလေးနဲ
့တူတယ်ဆိုပြီးချစ်စနိုးနာမည်ပေးခေါ်ဝေါ်ထားတဲ့ အက္ခရာတစ်လုံးရှိပါတယ်။ အဲဒါကတော့ ဌဝမ်းဘဲပါ။ ကျနော်တို့ အခုအသံထွက်နေကြတာကတော့ ဌဝင်ဘဲပေါ့လေ။

အဲဒီဌဝမ်းဘဲဒါမှ မဟုတ် ဌဝင်ဘဲမှာလည်ရစ်မပါတဲ့ ဌဝမ်းဘဲနဲ့ လည်ရစ်ပါတဲ့ဋ္ဌ ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကိုလည်းအားလုံးအသိပါ။ ဒါပေမဲ့ ဘယ်နေရာမှာလည်ရစ်မပါတဲ့ ဌဝမ်းဘဲကိုသုံးပြီးဘယ်နေရာမှာလည်ရစ်ပါတဲ့ ဋ္ဌဝမ်းဘဲကိုသုံးသလဲဆိုတာကိုတော့ သေသေချာချာ သိသူနည်းပါတယ်။ မသိကြတာကလည်းစိတ်ဝင်စားမှုကိုနည်းလို့လို့လည်းဆိုနိုင်ပါတယ်။
တကယ်တော့ ဘယ်နေရာမှာလည်ရစ်ပါရမယ်၊ ဘယ်နေရာမှာလည်ရစ် မပါရဘူးဆိုတာကို ကွဲကွဲပြားပြားနားလည်ဖို့ဆိုတာဘာ့ကြောင့် လည်ရစ်ပါသလဲဆိုတာကိုအရင်သိမှ ဖြစ်မှာပါ။
လည်ရစ်ပါတဲ့ ဋ္ဌ ဟာ တကယ်တော့ ဋ နဲ့ ဌ နှစ်လုံးဆင့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်လုံးဆင့်ရေးနေရင် နေရာကျယ်မှာစိုးလို့ နှစ်လုံးပေါင်းပြီးအကျဉ်းချုံးရေးပါတယ်။ အပေါ်က င လိုပုံစံလေးကတော့ နှစ်မျိုးစလုံးအတူတူဖြစ်တဲ့ အတွက် အဲဒီ င သဏ္ဍန်လေးကိုသူ့အတိုင်းယူပါတယ်။ ဋဆီကနေတော့ လည်ရစ်ကိုယူပြီး ဌ ဆီကတော့ ဟထိုးသဏ္ဍန်လေးကိုယူလိုက်တဲ့အခါ ဋ နဲ့ ဌ နှစ်မျိုးပေါင်းထားတဲ့ အက္ခရာ ဖြစ်လာပါတယ်။
လည်ရစ်မပါတဲ့ ဌဝမ်းဘဲကတော့ ရိုးရိုးဌဝမ်းဘဲပါ။
အဲဒီလည်ရစ်ပါတဲ့ ဌဝမ်းဘဲ (ဋ္ဌ) ကိုပဲပါဠိလိုသံယုဂ်လို့လည်းခေါ်ပါသေးတယ်။
သံယုဂ်ဆိုတာ ပါဠိလိုခေါ်တာ ဖြစ်ပြီး သံယုဂ ကနေ လာပါတယ်။ အဓိပ္ပါယ်ကတော့ ယှဉ်တွဲထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် စာလုံးနှစ်လုံးဆင့်ထား တွဲထားတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒီတော့ သံယုဂ်ပါတယ်ဆိုရင် လည်ရစ်ကလေးပါတယ်လို့ ကျနော်တို့ နားလည် တတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ နှစ်လုံးဆင့်ထားတယ်ဆိုတဲ့ သဘောချင်းအတူတူပါပဲ။
နှစ်လုံးဆင့်ထားတယ်ဆိုတာကိုကျနော်တို့ သိလိုက်ရရင်ကိုပဲဘယ်နေရာမှာလည်ရစ်ပါရမယ်၊ ဘယ်နေရာမှာလည်ရစ်မပါရဘူးဆိုတာကိုနည်းနည်းတော့ စဉ်းစားလို့ ရပြီထင်ပါတယ်။
နှစ်လုံးဆင့်တို့ရဲ့ သဘောမှာအပေါ်အလုံးဟာအသတ်အဖြစ်ပြောင်းတတ်တာကိုအားလုံးသိပြီးသား ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိစ္စဆိုရင် ကလုံးကြီးတင်နဲ့ အပေါ်ကစလုံးနဲ့ သတ်လို့ ကိစ်သံထွက်ပြီးအောက်ကစနဲ့ ပေါင်းတော့ ကိစ္စဆိုပြီး ဖြစ်လာပါတယ်။ ပဏ္ဍိတ် ဆိုပါတော့ ရှေ့ကပစောက်နဲ့ အပေါ်ကဏနဲ့ သတ်တော့ ပဏ်လို့ အသံထွက်ပါတယ်။ အောက်ကဍနဲ့ အပေါ်ကလုံးကြီးတင်ရယ် တသတ်ရယ်ပေါင်းတော့ ဒိတ်ထွက်ပါတယ်။ အဲဒီတော့ ပဏ္ဍိတ်ရယ်လို့ ထွက်ပါတယ်။ ဒီတော့ နှစ်လုံးဆင့်မှန်သမျှရဲ့ ရှေ့မှာစာလုံးတလုံးအမြဲရှိရမယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒီတော့ ဌဝမ်းဘဲဟာဝေါဟာရတလုံးရဲ့ ရှေ့ဆုံးစာလုံးဖြစ်နေရင်တော့ အဲဒီဌဝမ်းဘဲဟာလည်ရစ် မပါဘူးဆိုတာလုံးဝသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဌာနဆိုတဲ့စကားလုံးဟာလည်ရစ်မပါတာသေချာပါပြီ။ ဌာနကနေဆင်းသက်လာတဲ့ ဌာန်ကရိုဏ်းမှာလည်းလည်ရစ် မပါပါဘူး။ ဌာပနာဆိုရင်လည်းလည်ရစ်မပါပါဘူး။ ဌာယိဘာဝဆိုရင်လည်းလည်ရစ် မပါပါဘူး။ ဥပါဒ်ဌီဘင် တို့မှာသုံးတဲ့ ဌီဟာလည်းလည်ရစ်မပါပါဘူး။ ရာထူးဌာနန္တရ မှာသုံးတဲ့ ဌာနန္တရမှာလည်းလည်ရစ်မပါပါဘူး။
ရှေ့ဆုံးစာလုံးမှန်သမျှဟာလည်ရစ်မပါပါဘူး။ ဒါပေမဲ့ ရှေ့ဆုံးကမဟုတ်တဲ့ စာလုံးတိုင်းကတော့ လည်ရစ်သေချာပေါက်ပါမယ်လို့ မပြောနိုင်ပါဘူး။ ပါတာလည်းရှိသလိုမပါတာလည်းရှိနိုင်ပါတယ်။
ဌဝမ်းဘဲလည်ရစ်ပါတဲ့ စာလုံးတချို့ကို ပြောရရင်တော့ ဆဋ္ဌမ၊ အဋ္ဌမ၊ သမ္မာဓိဋ္ဌိ၊ ရှင်မဟာရဋ္ဌသာရ ၊ အဓိဋ္ဌာန်၊ သန္နိဋ္ဌာန်၊ ပြဋ္ဌာန်း၊ ပဋ္ဌာန်း စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အများကြီး ရှိပါတယ်။
ဒါပေမဲ့ ဒုတိယ ၊ တတိယနေရာမှာရှိတိုင်းလည်ရစ်ပါမယ်လို့ မုချ မဆိုနိုင်ပါဘူး။ ဥပမာတခုပေးရရင် ပဌမဆိုတဲ့စကားလုံးပါ။
ပထမကို အခုစာလုံးပေါင်း သတ်ပုံကျမ်းမှာသက္ကတမူကိုယူပြီးထဆင်ထူးနဲ့ပဲပေါင်းဖို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ပါဠိမူနဲ့ ဌဝမ်းဘဲသုံးပြီးရေးရင်လည်းအဲဒီဌဝမ်းဘဲမှာလည်ရစ်မပါ ရိုးရိုးဌဝမ်းဘဲသာ သုံးရမှာဖြစ်ပါတယ်။ အရင်က ပဌမကို ဌဝမ်းဘဲနဲ့ ပေါင်းခဲ့ဖူးပါတယ်။ကျနော် သတိထားမိသလောက်ကတော့ ဒုတိယတတိယနေရာမှာ ရှိပြီး လည်ရစ်မပါတာဟာပဌမတလုံးပဲရှိတယ်လို့ ထင်ပါတယ်။ တခြားစာလုံးများ သတိထားမိ တွေ့မိတာရှိရင်လည်း ကျနော့်ကို အသိပေးကြစေချင်ပါတယ်။ ရှိကောင်းရှိနိုင်ပါတယ်။
လောလောဆယ်တော့ အဲဒီပဌမဆိုတဲ့ စာလုံးတလုံးကလွဲပြီးဒုတိယ၊ တတိယ၊ စတုတ္ထနေရာတွေမှာရှိတဲ့ ဌဝမ်းဘဲစာလုံးမှန်သမျှမှာလည်ရစ်ပါရမယ်လို့ ယေဘုယျ မှတ်ထားလို့ ရမယ် ထင်ပါရဲ့ဗျာ။
ဒီနေရာမှာစိတ်ဝင်စားစရာစကားလုံးလေးတလုံးကိုပြောချင်ပါတယ်။ အဲဒီစကားလုံးလေးကို ကြည့်ရင် အပြောင်းအလဲကိုပိုပြီးရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။
အဲဒါကတော့ အဋ္ဌုပ္ပတ္တိကိုပါဠိမူနဲ့ ရေးတဲ့ ရေးထုံးမှာဌဝမ်းဘဲဟာလည်ရစ်ပါပါတယ်။ ဘုန်းတော်ကြီးများကဆိုရင် အတ်-ထုတ်-ပတ်-တိ လို့ အသံထွက်တတ်ကြပါတယ်။ ဒါပေမဲ့ ရှေ့က အ မပါဘဲဌုပ္ပတ်လို့ ပြောတဲ့ အခါမှာတော့ ဌဝမ်းဘဲဟာလည်ရစ်မပါတော့ပါဘူး။ ဌုပ္ပတ်သဘော ၊ ဗျုပ္ပတ်ဟောသည် ဆိုတဲ့ ဌုပ္ပတ်မှာလည်ရစ်မပါပါဘူး။ အဓိပ္ပါယ်ကအတူတူပါပဲ။ နေရာကွဲသွားတာနဲ့ လည်ရစ်ပြုတ်သွားတာကိုထင်ထင်ရှားရှားတွေ့ရမှာ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာစကားလုံးလေးတလုံးကိုပြောရရင်တော့ ပြဋ္ဌာန်းပါ။ ပြဋ္ဌာန်းဟာ သက္ကတသုံးဖြစ်ပါတယ်။ ပြတ်-ဌာန်းလို့ အသံထွက်ရပါတယ်။ ပါဠိသုံးနဲ့ ပြောရရင် ပြဋ္ဌာန်းဟာ ပဋ္ဌာန်း ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ဒီနေ့ သုံးနေကြတဲ့ ပြဋ္ဌာန်းသည် ၊ သတ်မှတ်သည် ဆိုတဲ့ စကားလုံးနဲ့ ပဋ္ဌာန်း တရားတော်ဆိုတဲ့ စကားလုံးဟာ အတူတူဖြစ်ပါတယ်။ ပါဠိမူနဲ့ သက္ကတမူ ကွာခြားတာမျှသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြဋ္ဌာန်းနဲ့ ပဋ္ဌာန်းဟာ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုတာ ဖြစ်ပါတယ်။
ဌ နဲ့ ဋ္ဌ ဘယ်နေရာမှာ ဘယ်လိုခွဲသုံးရမယ်ဆိုတဲ့ ပြဿနာ အတွက်ကတော့ ဒီလောက်ဆိုရင် လုံလောက်ပြီ ထင်ပါရဲ့ဗျာ။

မောင်သိန်းမြတ်
ဘီဘီစီ အလင်္ကာ ပုလဲပန်း အစီအစဉ် ·

Thursday, September 25, 2014

လယ်သမားရဲ့နာရီ

လယ်သမားရဲ့နာရီ
==============
တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။
သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။
ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။
လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။
လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။
ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို အာရုံစိုက် နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."
သင်ခန်းစာ ။ စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို အာရုံစိုက် တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးတယ်ဆိုတာပါပဲ.။
Credit - Original Writer

Saturday, September 20, 2014

အမုန်းတွေကို မသယ်ဆောင်ထားပါနဲ့

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲကကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။
အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့အိတ်တစ်လုံးစီ ယူလာရမယ်လို့ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်း တယ်ဆိုတဲ့လူရဲ့ နာမည်ကို ရေးရမယ်။ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက် လောက်မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေကိုယ်စီသယ်လာကြတယ်။

တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကလေးတချို့ကစပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅) လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြ တာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့်ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာဘယ်လိုခံစားရလဲလို့ ဆရာမကမေးတော့သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။
အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီအာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှမခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကိုမင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင်ဘယ်လိုနေမလဲ။ လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။

ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ ”မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကိုချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။” ဆိုပြီး ကလေးတွေကို ဆုံးမစကားပြောကြားလိုက်ပါတယ်

Wednesday, September 17, 2014

စကားပြောနည်း



 https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t1.0-9/10703682_695428360547658_2558167142637699800_n.jpg?oh=ecb380e828a799511ee5bb44076422bd&oe=54C880BF&__gda__=1422807509_3a0920b6f993af2faa989a3b84fe97ea
စကားပြောနည်း ၁၅ နည်း
၁ ။ အလောတကြီးကိစ္စ~ဖြေးဖြေးပြောပါ ။
၂ ။ အရေးတကြီးကိစ္စ~ရှင်းရှင်းလင်း
လင်းပြောပါ ။
၃ ။ အရေးမကြီးသည့်ကိစ္စ~ဟာသနှော၍ပြောပါ ။
၎ ။ မပိုင်နိုင်သောကိစ္စ~ဆင်ဆင်ခြင်ခြင်ပြောပါ ။
၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ~ ကာလံဒေသံကိုက်၍ပြောပါ ။
၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ~ပြောသင့်သူမှပြောပါ ။
၇ ။ ၀မ်းနည်းဖွယ်ကိစ္စ~လူတွေ့ တိုင်းမပြောပါနဲ့  ။
၈ ။ သူတစ်ပါးကိစ္စ~သတိထားပြီးပြောပါ ။
၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ ~လက်လွတ်စပယ်မပြောပါနဲ့ ။
၁၀ ။ မလုပ်နိုင်သောကိစ္စ~ကြွားဝါမပြောပါနဲ့  ။
၁၁ ။ သူတစ်ပါးထိခိုက်မည့်ကိစ္စ~လုံးဝမပြောရ ။
၁၂ ။ လင်မယားကိစ္စ~တိုင်ပင်ဆွေးနွေးပြောပါ ။
၁၃ ။ ကလေးများကိစ္စ~လမ်းကြောင်းညွှန်၍ေ ပြာပါ ။
၁၄ ။ မိမိ၏ကိစ္စ~သူများမည်သို့ပြောသည်ကိုနားထောင်ပါ ။
၁၅ ။ သက်ကြီးဝါကြီးသူနှင့်ပြောလျှင်~များများနားထောင် နည်းနည်းပြောပါ။
..... (¯`v´¯)
.......•.¸.•´
....¸.•´
... (
☻/
/▌
/ \
\
\
◙~~>>ငဖြိုး

ဖတ်ခဲ့ဖူးသမျှလေးတွေ ပြန်လည် မျှဝေခြင်းပါ....

Monday, September 15, 2014

သူကြီးဆီသာပို့ပါတော့(ဟာသ)

တစ်ခါတုန်းက ရွာတရွာမှအပျိုကြီးတစ်ယောက်ရှိ
သတဲ့ဗျ၊ သူ့ခမျာ မိန်းမသားပီပီ၊ အချိန်တန် အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ချင် ရှာပေမဲ့၊ရုပ်ဆင်းအဂါင်္မလှရှာတော့၊အိမ်ထောင် ဖက် မတွေ့နိုင်ပဲတစ်ကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။

မိဘဆွေမျိုးညာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်းလေးဆယ်ကျော်ဖြစ်လာတော့ တစ်အိမ်လုံးမှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေရင်း၊ အိမ်ထောင်ကျနိုင်မဲ့အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ကိုရင်။
ဒီလိုနဲ့တစ်နေ့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော်သူခိုးတစ်ယောက်ဝင်ခိုးတော့၊ ကံဆိုးတဲ့ သူခိုး ခင်မျာ၊ အပျိုကြီးရဲ့လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။
သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့၊ပြန်လွှတ်ပေးဖို့တောင်းပန်ရတာပေါ့၊ ဒီမှာတင်အပျိုကြီးဟာ “နင်လူပျိုလား” လို့ သူခိုးကို မေးသတဲ့ဗျ။
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူးဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”တဲ့။
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိုးတဲ့သူခိုးထင်ပါရဲ့။
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အမကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို့ တောင်းဆိုလိုက်တော့ အပျိုကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်း ကြားမှာ ခပ်တင်းတင်းညှပ်ထားရင်း ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ကနဲခြစ် လိုက် ရောပေါ့ ကိုရင်ရယ်။
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်းစားထပ်ခြစ်ရှာပါတယ်။
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင် သွားတယ်ထင်ပါရဲ့၊ “အမကြီးရယ်။သူကြီးအိမ်သာပို့ပါတော့”..ဆိုပဲ။

စာရေးသူ Min Din

Thursday, September 11, 2014

မိဘ (ဂျပန်ပုံပြင်)

 ဂျပန်ပုံပြင်လေးတစ်ပုဒ်
----------------------------
ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။

ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံးဝ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အ၀တ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာ ဘဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ဘဲ . . “အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိဘဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်” ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။ (အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါဘဲ)

အဖိုးကြီးလည်း မျက်ရေတွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး” “အေးလေ . . ဒါ ထုံးစံအတိုင်းဘဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ၀မ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ - သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေ၀င်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက “မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံးဝမတွေးခဲ့တဲ့ စကား။ တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံးဝ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် - ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။ နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ - အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူဘဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါဘဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါဘဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။ ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားခြင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ၀ိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာဘဲ” ဆိုပြီး ပညာရှိလေသံနဲ့ ၀င်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းဘဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာဘဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေ၀က်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ဘဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရင်ဂို” ရဲ့ လုပ်ရပ်ကိုဘဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းဘဲ ပြောနေကြတော့တာဘဲ။ အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။ ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။ ဒီမှာဘဲ ဖြစ်ရပ်မှန်တစ်ခုအပေါ်မှာ အခြေတည်ထားတဲ့ ပုံပြင်လေး တစ်ခု ပြီးဆုံးသွားပါပြီ။

သင်္ခန်းစာ (၁) ကလေးများ၏ လက်ဦးဆရာသည် မိဘများ ဖြစ်ကြသည်။ သူတို့သည် မိဘများ၏ အပြုအမူ ဓလေ့စရိုက်တို့ကို ပုံတူကူးချလေ့ရှိသည်။ ထို့ကြောင့် သင်၏ မိဘများ အပေါ် ဆက်ဆံပြုမူသည့်အတိုင်း (သင် အသက်ကြီးလာသောအခါ) သင့် သားသမီးများက ဆက်ဆံပြုမူကြလိမ့်မည်။ သင်သည် မိအိုဖအို များကို “အခိုင်းအစေများသဖွယ်” ဆက်ဆံလျှင် သင် အဖိုးကြီး အဖွားကြီး ဖြစ်လာသောအခါ သင့်သားသမီးများကလည်း ထိုသို့ ဆက်ဆံလိမ့်မည်။ မိအိုဖအိုများကို “ဘုရားတစ်ဆူ ဂူတစ်လုံး” ဆက်ဆံလျှင် သင့်သားသမီးများကလည်း ထိုအတိုင်း ပြုမူပေလိမ့်မည်။ ဤကား “၀ဋ်” လည်ခြင်းတည်း။

သင်္ခန်းစာ (၂) “အများ မိုးခါးရေ သောက်လို့ ၊ သောက်ရသည်” ဟူသော စကားသည် အခါခပ်သိမ်း မမှန်ချေ။ သင်၏ “ယုံကြည်ချက် နှင့် အလုပ်အကိုင်” သည် လူအများနှင့် ဆန့်ကျင်နေသော်လည်း “အမှန်တရား စစ်စစ်သာလျှင် ဖြစ်ပါစေ” ။ (နောက်ဆုံးတွင်) သင်၏ ပြင်းထန်သော ယုံကြည်ချက်နှင့် ဦးဆောင်မှု နောက်သို့ တစ်တိုင်းပြည်လုံး လိုက်ပါလာရမည်သာ ဖြစ်လေသည်။
credit-original writer

Saturday, August 30, 2014

အမြင်ကိုပြောင်းလဲကြည့်လိုက်ပါ

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”
=====================

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်

စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။

သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို

ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနား

ခံယူခဲ့ပါတယ်။

ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။

လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီး
သူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ 
တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။

ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။

အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို စည်ပိုင်းလိုက်ကို

ဝယ်ထားပါတော့တယ်။

ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကို

အစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို ညွှန်ကြားထားလိုက်ပါတော့တယ်။

ရက်အနည်းငယ်လောက်အကြာမှာ ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။

အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီး

ဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။

ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ မျက်စိဝေဒနာ

ပြန်မဖြစ်ရလေအောင် အခြားသောအရောင်တွေကို မမြင်စေလိုတဲ့အတွက် ကြောင့် ပါတဲ့။

အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….
အကယ်လို့ သာ မင်းဟာ အစိမ်းရောင် မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်
ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ 
တခြားသော ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင် ခြယ်သနေစရာ မလိုတဲ့အတွက်
အကုန်အကျတွေလည်း မများတော့ဘူး။

ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့  ခက်ခဲစွာ ဆေးလိုက်ခြယ်မယ့်အစား
မင်းအမြင်ကိုသာ ပြောင်းလဲလိုက်ပါ
အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို ပြောင်းလဲလာမှာပါ…

Credit - Original Writer

ပျော်ရွှင်ခြင်းပူစီဖောင်းများ

ပျော်ရွှင်ခြင်းပူစီပေါင်းများ ။
---------------------------
တခါက ဟောပြောပွဲ တစ်ခုမှာ လူ ၅၀၀ လောက် တက်ရောက်နေတယ်။ဟောပြောသူက အုပ်စုလိုက် လှုပ်ရှားမှု လုပ်ဖို့ ပြောပြီး အစီအစဉ်ကို ခန ရပ်လိုက်တယ်။ ပြီးတော့ လူတစ်ယောက်ကို ပူစီပေါင်း တစ်လုံးစီ ဝေ ပေးပြီး အဲဒီအပေါ်မှာသူတို့ နာမည်ကို ( Marker Pen ) နဲ့ ရေးခိုင်းတယ်။ပြီးတော့ ပူစီပေါင်းတွေ ကိုယူပြီးတခြားအခန်း တစ်ခုထဲထဲ့လိုက်တယ်။
အဲဒီနောက် လူတွေကို ပူစီပေါင်းတွေ ရှိတဲ့ အခန်းထဲကိုသွားပြီး
၅မိနစ် အတွင်းမှာ မိမိရဲ့ နာမည်ပါတဲ့ ပူစီပေါင်းကို ရှာခိုင်းတယ်။
အားလုံးက ကိုယ့်နာမည်ပါတဲ့ ပူစီပေါင်းကို အမြန်ရှာကြတာပေါ့ ။
တစ်ယောက်နဲ့ တစ်ယောက်တိုက်မိကြ လဲကျကြ နဲ့ ရှုပ်ရှက် ခတ်ပြီး
အခန်းထဲမှာ အတော့်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။

အချိန်၅မိနစ်သာစေ့သွားပေမဲ့ ဘယ်သူမှ ကိုယ့်ရဲ့ပူစီပေါင်းကို
ရှာမတွေ့ဘူး။
အဲဒီနောက်မှာ ဟောပြောသူက ကိုယ့်အနီးအနားမှာရှိတဲ့ နာမည်ပါတဲ့
ပူစီပေါင်းတစ်လုံးကိုကောက်ယူပြီးနာမည်ကို အော်ခေါ်ပြီး
ပူစီပေါင်းပိုင်ရှင်ကိုရှာပြီး ပေးလိုက်ပါလို့ ပြောတယ်။
အဲဒီအတိုင်း လုပ်ကြတဲ့အခါ မိနစ်ပိုင်းအတွင်းမှာပဲ
လူတိုင်းဟာ ကိုယ့်နာမည်ပါတဲ့ပူစီပေါင်းကို ကိုယ်စီကိုယ်ငှ ရသွားကြတယ်။
အဲဒီတော့မှ ဟောပြောသူက ဆက်ပြောတယ်။ကျွန်တော်တို့ဘ၀မှာလဲ
အခုလိုပါပဲ။လူတိုင်းဟာ ပျော်ရွှင်မှုကိုမိမိ ဘေးပတ်ဝန်းကျင်မှာအသည်းအသန်
လိုက်ရှာနေကြပေမဲ့ ဘယ်နေရာမှာ ရှိနေမှန်း မသိကြဘူး။
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ သူတစ်ပါးရဲ့ ပျော်ရွှင်မှု အထဲမှာ
တည်ရှိနေတာပါ ။သူတစ်ပါးကို သူတို့ရဲ့ပျော်ရွှင်မှု အရင် ပေးကမ်းလိုက်ပါ။
ဒါဆိုရင် သင့်ကိုယ်ပိုင် ပျော်ရွှင်မှုကို အလိုလို ရရှိ လာပါလိမ့်မယ်။
ဒါဟာ လူ့ဘ၀ရဲ့ ရည်ရွယ်ရာ၊ပျော်ရွှင်မှုကို ရှာဖွေရယူခြင်း ပါပဲ။
Credit > > >Fireflies

ခြင်းတောင်းထဲကကြက်

ခြင်းတောင်းထဲကကြက်။ (ပါရဂူ)
--------------------------------
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကြပ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။
ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။
အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။
တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။
---------------------
creditး ဆရာ ပါရဂူ