ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, January 25, 2014

မနက်ဖြန်မှ ပြန်လာပါ

 
::: မနက်ဖြန်ရောက်မှ ပြန်လာပါ။ :::

~~~~~~~~~~~~~~~~~~~~~~~~~ လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါရိုက်တာကမေးပါတယ်။ “မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?” “မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။ “ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?” “ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။ “မင်းရဲ့အမေက ဘယ်မှာ အလုပ်လုပ်သလဲ?” “ကျွန်တော့်အမေက အ၀တ်လျှော်တဲ့သူပါ ခင်ဗျာ” ဒါရိုက်တာက လူငယ်ဖြစ်သူအား လက်နှစ်ဘက်ကို ပြရန်ပြောလိုက်ပါတယ်။ လူငယ်ဟာ သူ့ရဲ့ချောမွေ့ပြီး အပြစ်ကင်းစင်နေတဲ့လက်အစုံကို ပြသလိုက်ပါတယ်။ “အရင်က မင်းရဲ့အမေကို မင်းအ၀တ်ကူလျှော်ဖူးသလား?” “တစ်ခါမှ မလျှော်ဖူးပါဘူးပါခင်ဗျာ။ အမေက ကျွန်တော့်ကို စာကြည့်ဖို့နဲ့ စာများများဖတ်စေချင်တာပါ။ နောက်ပြီးတစ်ခုရှိတာက ကျွန်တော့်အမေဟာ ကျွန်တော့်ထက် အ၀တ်တွေကို ပိုပြီးမြန်မြန်လျှော်နိုင်ပါတယ်။” ဒါရိုက်တာကပြောလိုက်ပါတယ်။ “ကိုယ် မင်းကိုတစ်ခုတောင်းဆိုချင်တယ်။ ဒီနေ့ မင်းအိမ်ကိုပြန်ရောက်တဲ့အခါမှာ မင်းအမေရဲ့လက်တွေကို သွားပြီးသန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးကြောပေးပါ။ ပြီးပြီဆိုရင် နောက်နေ့ မနက်ဖြန်မနက်မှာ ကိုယ့်ကိုလာတွေ့ပါ။” --- လူငယ်မှာ သူအလုပ်ရဖို့အခွင့်အလမ်းများနေပြီဟု ခံစားမိလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ အမေ့ကိုမေးပြီး အမေ၏လက်များကိုဆေးကြောခွင့်ပြုဖို့ပြောသည်။ အမေဖြစ်သူမှာ ထူးဆန်းမှု နှင့်ပျော်ရွှင်မှုရောထွေးနေသော အရသာကိုခံစားမိလျှက် အမေ၏လက်များကို သားဖြစ်သူအားပြသလိုက်လေ၏။ လူငယ်သည်အမေ၏လက်များကို ဖြေးညင်းစွာဆေးကြောပေးသည်။ ဆေးကြောပေးနေချိန်တွင် လူငယ်၏မျက်ရည်စက်များ ကျလာလေသည်။ သူ့မိခင်၏လက်များမှာ အလွန်အမင်းတွန့်လိပ်နေပြီး လက်ပေါ်တွင် အနာများစွာပေါက်နေသည်ကို တွေ့ရှိလိုက်သည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အချို့အနာများသည် နာလွန်း၍ထင်ပါသည်။ သူထိလိုက်သည့်အချိန်တွင် မိခင်ဖြစ်သူမှာ တစ်ချက် တစ်ချက် တွန့် တွန့် သွားလေသည်။ လူငယ်အတွက်တော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ပါပဲ။ သူ့ကျောင်းစားရိတ်တွေကိုပေးနိုင်အောင် နေ့စဉ်နဲ့အမျှ ဒီလက်အစုံဟာ အ၀တ်တွေကိုလျှော်ခဲ့တာပါ။ တကယ်တော့ အမေဖြစ်သူရဲ့လက်ပေါ်က အနာတွေဟာ သူ့ပညာရေးအတွက်၊ သူ့ကျောင်းတွင်းကိစ္စတွေအတွက်၊ သူ့အနာဂတ်အတွက်ပေးဆပ်ထားတဲ့ တန်ဖိုးတွေပါ။ အမေဖြစ်သူရဲ့လက်ကို သန့်စင်ဆေးကြောအပြီးမှာတော့ လူငယ်ဟာ သူ့အမေလျှော်ဖို့ကျန်နေသေးတဲ့အ၀တ်တွေကို တိတ်တိတ်ဆိတ်ဆိတ်လျှော်ဖွတ်လိုက်ပါတယ်။ --- အဲဒီညက အမေနဲ့သားဟာ စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြပါတယ်။ --- နောက်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရဲ့ရုံးခန်းကိုသွားပါတယ်။ ဒါရိုက်တာဖြစ်သူဟာ လူငယ်ရဲ့မျက်ဝန်းထဲက မျက်ရည်စတွေကို သတိပြုမိပြီး လူငယ်ကိုမေးလိုက်ပါတယ်။ “ ကဲ ပြောပါဦး မနေ့က မင်းအိမ်မှာ မင်းဘာတွေလုပ်ခဲ့တယ်၊ ဘာသင်ခန်းစာတွေရခဲ့တယ်ဆိုတာကို” လူငယ်ကဖြေပါတယ်။ “ ကျွန်တော်အမေ့လက်တွေကို ဆေးကြောသန့်စင်ပေးပြီးတော့ ကျန်နေတဲ့အ၀တ်တွေကို ပြီးအောင်လျှော်ဖွပ်ခဲ့ပါတယ်” “ ကျွန်တော်အခု နှစ်သက်မြတ်နိုးတန်ဖိုးထားစရာဟာ ဘာလဲဆိုတာသိလိုက်ပါပြီ။ အမေသာ မရှိခဲ့ရင် ကျွန်တော်အခုဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အမေ့ကို ကူညီပေးရင်းနဲ့ အလုပ်တစ်ခုကို ကိုယ့်ဘာသာ ပြီးအောင်လုပ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းသလဲဆိုတာ သဘောပေါက်လိုက်ပါပြီ။ နောက်ပြီး မိသားစုကို ကူညီလုပ်ကိုင်ပေးခြင်းရဲ့ တန်ဖိုးနဲ့အရေးပါမှုကို ကျွန်တော် ခံစားနားလည်မိလိုက်ပါပြီ။” --- ဒါရိုက်တာက “ မန်နေဂျာရာထူးအတွက် ကိုယ်ရှာနေတာ အဲဒါပဲ။ လူတစ်ယောက်ဟာ အခြားသူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့သူ၊ အလုပ်တစ်ခုပြီးအောင်ဘယ်လောက် ဒုက္ခခံရတယ်ဆိုတာ သိတဲ့သူ၊ ပြီးရင် ဘ၀မှာ ပိုက်ဆံကို သူ့ရဲ့တစ်ခုတည်းသောပန်းတိုင်အဖြစ် သတ်မှတ်မထားတတ်သူ ကိုပဲ ကိုယ်အလုပ်ခန့်ချင်တယ်။” --- “ မင်းကို အလုပ်ခန့်လိုက်ပါပြီ”။ === မှတ်ချက်။ ။ ဒီစာကို like လုပ်မယ်။ tag လုပ်မယ်။ share မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ======================== One young man went to apply for a managerial position in a big company. He passed the initial interview, and now would meet the director for the final interview. The director discovered from his CV that the youth’s academic achievements were excellent. He asked, “Did you obtain any scholarships in school?” The youth answered “no”. ” Was it your father who paid for your school fees?” “My father passed away when I was one year old, it was my mother who paid for my school fees.” he replied. ” Where did your mother work?” “My mother worked as clothes cleaner.” The director requested the youth to show his hands. The youth showed a pair of hands that were smooth and perfect. ” Have you ever helped your mother wash the clothes before?” “Never, my mother always wanted me to study and read more books. Besides, my mother can wash clothes faster than me. The director said, “I have a request. When you go home today, go and clean your mother’s hands, and then see me tomorrow morning. The youth felt that his chance of landing the job was high. When he went back home, he asked his mother to let him clean her hands. His mother felt strange, happy but with mixed feelings, she showed her hands to her son. The youth cleaned his mother’s hands slowly. His tear fell as he did that. It was the first time he noticed that his mother’s hands were so wrinkled, and there were so many bruises in her hands. Some bruises were so painful that his mother winced when he touched it. This was the first time the youth realized that it was this pair of hands that washed the clothes everyday to enable him to pay the school fees. The bruises in the mother’s hands were the price that the mother had to pay for his education, his school activities and his future. After cleaning his mother hands, the youth quietly washed all the remaining clothes for his mother. That night, mother and son talked for a very long time. Next morning, the youth went to the director’s office. The Director noticed the tears in the youth’s eyes, when he asked: “Can you tell me what have you done and learned yesterday in your house?” The youth answered,” I cleaned my mother’s hand, and also finished cleaning all the remaining clothes’ “I know now what appreciation is. Without my mother, I would not be who I am today. By helping my mother, only now do I realize how difficult and tough it is to get something done on your own. And I have come to appreciate the importance and value of helping one’s family. The director said, “This is what I am looking for in a manager. I want to recruit a person who can appreciate the help of others, a person who knows the sufferings of others to get things done, and a person who would not put money as his only goal in life.” “You are hired.” Now Like,Tag&SHARE this story to as many as possible…this may change somebody’s fate. 

 Credit to English-မြန်မာ စာပဒေသာ။

ဒေါသရှေ့ထားမှားတတ်တယ်(ဟာသ)


မမြင်ရစေနဲ့


ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။

သူဌေး - ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.

သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "

သူဌေး - ဟေ............

Tuesday, January 21, 2014

မြန်မာစကားပုံများ



က ၁. “ကြက်ကန်း ဆန်အိုးတိုး” ၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ” ၄. “ကိုယ်ထင် ကုတင်ရွှေနန်း” ၅. “ကျွဲပါး စောင်းတီး” ၆. “ကတုံးပေါ် ထိပ်ကွက်” ၇. “ကျေးဇူးရှိမှ ကျေးစွပ်” ၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ” ၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး” ၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ” ၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်” ၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်” ၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့” ၁၄. “ကျီစားသန်က..ရန်များ၏” ၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ” ၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး” ၁၇. “ကံကိုယုံတော့..စုံလုံးကန်း” ၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား” ၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း” ၂၀. “ကျားရှေ့...မှောက်ရက်လဲ” ၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ” ၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်” ၂၃. “ကျားကြီး..ခြေရာကြီး” ၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ” ၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်” ၂၆. “ကြောင်သူတော်..ကြွက်သူခိုး” ၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား” ၂၈. “ကြွက်သေတစ်ခု....အရင်းပြု” ၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ” ၃၀. “ကုလားမနိုင်....ရခိုင်မဲ” ၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်” ၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်” ၃၃. “ကြောင်အိုတော့...ကြွက်မလေး” ၃၄. “ကြိုက်မရှက်...ငိုက်မရှက်” ၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ” ၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ” ၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်” ၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့” ၃၉. “ကချင်ရက်...လက်ကျိုး” ၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ” ၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ” ၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်” ၄၃. “ကျားရဲလည်းသေ...တောလည်းကျေ” ၄၄. “ကြက်မ.တွန်လို့..မိုးမလင်း” ၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး” ၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့” ၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်” ၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ” ၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်” ၅၀. “ကျေးဇူးမတင်...-င်လှန်ပြ” ၅၁. “ကြပ်ပူထိုးလေ ရောင်လေ” ၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်” ၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ” ၅၄. “ကုလားသိုက်...ကျားဝင်ကိုက်” ၅၅. “ကျီးကြည့်...ကြောင်ကြည့်” ၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်” ၅၇. “ကြောင်မရှိ....ကြွက်ထ” ၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်” ၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်” ၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး” ၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်” ၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ” ၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်” ၆၄. “ကိစ္စများမြောင်....လူတို့ဘောင်” 

 ခ ၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း” ၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်” ၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်” ၄. “ချွေးထွက်များမှ...သွေးထွက်နည်းမည်” ၅. “ခလုတ်ထိမှ...အမိတ” ၆. “ခုစာကလေးကြော်...ခုဆီထမင်း” ၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်” ၈. “ချစ်ခြင်းအစ...မျက်စိက” ၉. “ချက်ဆို...နားခွက်က...မီးတောက်” ၁၀. “ခဲလေသမျှ......သဲရေကျ” ၁၁. “ခရုခါးတောင်းကျိုက်ဖမ်း” ၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်” ၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ” ၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်” ၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်” ၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ” ၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်” ၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော” ၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ” ၂၀. “ခရမ်းသီးပိန်...ဓားတုံး” ၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်” ၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်” ၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်” ၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်” ၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်” ၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်” ၂၇. “ခြောက်ပြော..မြှောက်ပြော” ၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်” ၂၉. “ချော်လဲ..ရောထိုင်” ၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ” ၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး” ၃၂. “ခွေးဟောင်လို့...တောင်မရွေ့” ၃၃. “ခိုးစားမှ..လူမိ” ၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်” ၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ” ၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်” ၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်” 

 ဂ ၁. “ဂိုက်ကောင်း..ဆိုက်ကောင်း” 

 င ၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်” ၃. “ငိုချင်ရက်...လက်တို့” ၄. “ငွေမရှိ...စကားမတည်”

 စ ၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ၂. “စကားနောက် တရားပါ” ၃. “စုပ်လဲဆူး..စားလဲရူး” ၄. “စည်းကမ်းသည်..လူ့တန်ဖိုး” ၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်” ၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း” ၇. “စိုင်ကော်လို့...ချုံပေါ်ရောက်” ၈. “စကားနည်း...ရန်စဲ..” ၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...” ၁၀. “စစ်မရောက်ခင်..မြှားကုန်” ၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ” ၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ” ၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ” ၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ” ၁၅. “စကောလောက်မှ..စောက်မနက်” ၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း” ၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်” ၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်” ၁၉. “စစ်ရောက်မှ...မြှားချွန်” 

 ဆ ၁. “ဆရာမပြ..နည်းမကျ” ၂. “ဆရာထက်..တပည့်လက်စောင်းထက်” ၃. “ဆင်သွားရင်.လမ်းဖြစ်တယ်” ၄. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်” ၅. “ဆရာများ..သားသေ” ၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ” ၇. “ဆင့်ပါးစပ်...နှမ်းပက်” ၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး” ၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ” ၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်” ၁၁. “ဆရာ့ထက်..သားတစ်လကြီး” ၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်” ၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့” ၁၄. “ဆုပ်လည်းစူး...စားလည်းရူး” ၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ” ၁၆. “ဆန်မရှိ...ေ-ာက်စားကြီး” ၁၇. “ဆင်စွယ်မှန်..ပိုးမစား” ၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်” ၁၉. “ဆပ်ပြာသည်..လင်ပျောက်” ၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်” 

ည ၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား” ၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်” ၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ” ၄. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

 တ ၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်” ၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ၃. “တလုတ်စားဖူး သူ့ကျေးဇူး” ၄. “တီးတိုးတီးတိုး သဖန်းပိုး” ၅. “တစ်ရွာ..တစ်ကျီဆောက်” ၆. “တပည့်မကောင်း ဆရာ့ခေါင်း” ၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ” ၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး” ၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား” ၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်” ၁၁. “တရားမပျက်...ကျောင်းမခက်” ၁၂. “တစ်ယောက်စကား...တစ်ယောက်နား” ၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်” ၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်” ၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်” ၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ” ၁၇. “တစ်နွယ်ငင်...တစ်စင်ပါ” ၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း” ၁၉. “တောပြော..တောင်ပြော” ၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်” ၂၁. “တစ်လ.ကိုးသီတင်း” ၂၂. “တိတ်တိတ်နေ..ထောင်တန်” ၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း” ၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့” ၂၅. “တော်သလင်းနေ ပုစွန်သေ” ၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်” ၂၇. “တောင်လဲရာ...မြက်ပြတ်” ၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်” ၂၉. “တတ်သည့်ပညာ...မနေသာ” ၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး” ၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း” ၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ” 

 ထ ၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ” ၂. “ထောင်မြင်ရင် ရာစွန့်” ၃. “ထမင်းရည်ပူ..လျှာလွှဲ” ၄. “ထမင်းကြမ်းက..အငွေ့ထွက်ချင်” ၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်” ၆. “ထီးဖြူ..ဖိနပ်ပါး” ၇. “ထောင်အပြင်..တန်းမရှိ” ၈. “ထိပ်ပေါက်မှ..ထိမှန်းသိ” ၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်” ၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့” ၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်” ၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်” ၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်” ၁၄. “ထားရာနေ...စေရာသွား” ၁၅. “ထုံးလိုမွှေ..ရေလိုနှောက်” ၁၆. “ထုလေ.မာလေ..ငါးဖယ်တေ” ၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး” ၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ” ၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ” 

န ၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး” ၂. “နွားရှေ့ထွန်ကျူး” ၃. “နတ်ကရာ...ကျီးမော့” ၄. “နေရိပ်လို..နေပူကစောင့်” ၅. “နီးရာပေါင်..ပြေးကပ်” ၆. “နှုတ်တစ်ရာ စာတစ်လုံး” ၇. “နွားကွဲရင်....ကျားဆွဲ” ၈. “နဂိုရှိမှ...နဂိုင်းထွက်” ၉. “နောင်ခါလာ..နောင်ခါဈေး” ၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်” ၁၁. “နီးရာဓား...ကြောက်ရတယ်” ၁၂. “နေသာသပ...လေညာက” ၁၃. “နွားသိုး.ကြိုးပြတ်...” ၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်” ၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်” ၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” ၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား” ၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်” ၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်” ၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ” ၂၁. “နောင်တဆိုတာ..နောင်မှရ” ၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း” ၂၃. “နေပူတုန်း...စပါးလှန်း” ၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး” ၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်” ၂၆. “နှာရည်စိုရွှဲ...တပို့တွဲ” ၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်” ၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း” ၂၉. “နဖူးစာ...ရွာလည်” ၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့” ၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ” ၃၂. “နွားအို...မြက်နုကြိုက်” 

 ပ ၁. “ပညာရှိသတိဖြစ်ခဲ” ၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်” ၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်” ၄. “ပညာရှာ ပမာသူဖုန်းစား” ၅. “ပညာရွှေအိုး လူမခိုး” ၆. “ပွဲပြီး မီးသေ” ၇. “ပိုနေမြဲ..ကျားနေမြဲ” ၈. “ပျော်ပျော်နေ သေခဲ” ၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...” ၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..” ၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်” ၁၂. “ပျက်အစဉ်...ပြင်ခဏ” ၁၃. “ပွဲလန့်တုန်း.ဖျာခင်း” ၁၄. “ပြောတော့မူး..လူးတော့အိုင်” ၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့” ၁၆. “ပျာသလောက်...ဖွဲမထွက်” ၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ” ၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်” ၁၉. “ပညာရှိအမျက်..အပြင်မထွက်” ၂၀. “ပုလင်းတူ...ဘူးဆို့” ၂၁. “ပညာလို...အိုသည်မရှိ” ၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်” ၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်” ၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ” ၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား” ၂၆. “ပျားအုံကို..တုတ်နဲ့ထိုး” ၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်” ၂၈. “ပညာရဲရင့်...ပွဲလယ်တင့်” ၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း” ၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်” ၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့.. ၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်” ၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး” ၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်” ၃၅. “ပါးပုပ်၍..လက်ဝှက်သည်” ၃၆. “ပြဿနာမရှိ...ပြဿနာရှာ” ၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ” ၃၈. “ပျားရည်နဲ့ဝမ်းချ” ၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း” ၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ” ၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..” ၄၂. “ပလီစိ...ချောက်ချက်” ၄၃. “ပါးစပ်ပါ..ရွာရောက်” ၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ” ၄၅. “ပလူမွှေး..ပလူတောင်” ၄၆. “ပေါက်တဲ့ နဖူး မထူး” ၄၇. “ပိုးဖလံမျိုး...မီးကိုတိုး” ၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်” ၄၉. “ပြန်မပြော....နားမထောင်” ၅၀. “ပုထုဇနော..ဥမ္မတကော” 

 ဖ ၁. “ဖောင်စီးရင်း ရေငတ်” ၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့” ၃. “ဖြစ်သမျှအကြောင်း..အကောင်း” ၄. “ဖွတ်မရ...ဓားမဆုံး” ၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်” ၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ” ၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ” ၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား” ၉. “ဖွတ်ကျော..ပြာစု” ၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်” ၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်” ၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်” ၁၃. “ဖာတစ်လုံး..ခေါင်းကျား” 

ဘ ၁. “ဘနဖူး သိုက်တူးမယ့်သူ” ၂. “ဘူးကောင်းမှ စင်ခံ” ၃. “ဘမျိုး...ဘိုးတူ”

 မ ၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်” ၂. “မိုးထိအောင် လှေကားထောင်” ၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ” ၄. “မေးပါများ..စကားရ” ၅. “မအိပ်မနေ..အသက်ရှည်” ၆. “မြွေမသေ..တုတ်မကျိုး” ၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်” ၈. “မသိလျှင်မေး...မစင်လျှင်ဆေး” ၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ” ၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်” ၁၁. “မြင်းကမလှုပ်...ခုံကလှုပ်” ၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်” ၁၃. “မယားနေစ...ကြောင်သေမှ” ၁၄. “မီးများမီးနိုင်...ရေများရေနိုင်” ၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း” ၁၆. “မြေနိမ့်ရာ...လှံစိုက်” ၁၇. “မိုးရွာတုန်း...ရေခံ” ၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ” ၁၉. “မသိသူကျော်စား...သိသူဖော်စား” ၂၀. “မြွေမြွေချင်း..ခြေမြင်” ၂၁. “မူးကို.မြစ်ထင်” ၂၂. “မျက်ကန်း..တစ္ဆေမကြောက်” ၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ” ၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ” ၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..” ၂၆. “မလို...ကူးတို့ခတောင်း” ၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း” ၂၈. “မျောက်ပြ..ဆန်တောင်း” ၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်” ၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး” ၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့” ၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်” ၃၃. “မီးဝေး...ချိတ်မာ” ၃၄. “မြွေမကြောက်....ကင်းမကြောက်” ၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်” 

ယ ၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်” ၂. “ယုန်ကမတိုး..ပိုက်ကတိုး” ၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့” 

 ရ ၁. “ရည်းစားလူလု..အူနုကျွဲခတ်” ၂. “ရလေလိုလေ..အိုတစ္ဆေ” ၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ၄. “ရတာမလို..လိုတာမရ” ၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်” ၆. “ရာသီမသိ...ပန်းနဲ့ညှိ” ၇. “ရရစားစား..၀ါးဝါးမြိုမြို” ၈. “ရှိတန်ဆာ...မရှိဝမ်းစာ” ၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ" ၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ” ၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ” ၁၂. “ရွာနားကမြက်...ရွာနွားမစား” ၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး” ၁၄. “ရှမ်းကြိုက်ရင်..နွားချော” ၁၅. “ရတနာရှိရာ..ရတနာလာ” ၁၆. “ရေသာများ၍.ငါးမတွေ့” ၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ” ၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့” ၁၉. “ရေကြည်ရာ..မြက်နုရာ” ၂၀. “ရှာဖွေလေ..တွေ့ရှိလေ” ၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်” ၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ” ၂၃. “ရယ်သောသူ...အသက်ရှည်၏” ၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်” ၂၅. “ရေများရေနိုင်..မီးများမီးနိုင်” ၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်” ၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်” ၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး” ၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်” ၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်” ၃၁. “ရေမနောက်.....ကြာမရှောက်” ၃၂. “ရွှေပင်နားတော့....ရွှေကျေး” 

လ ၁. “လူလိမ္မာသား ယဉ်ပါး” ၂. “လသာတုန်း ဗိုင်းငင်” ၃. “လည်လွန်းတဲ့ဘီး ချီးသင့်” ၄. “လူမိုက်သား ရမ်းကား” ၄. “လင်ကိုဘုရား..သားကိုသခင်” ၅. “လယ်ထွန်သွား..နွားမေ့” ၆. “လူပျို့လက်..၀က်မြီး” ၇. “လိုတာမရ...ရတာမလို” ၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်” ၉. “လမ်းမသိ....ခွေးနောက်လိုက်” ၁၀. “လူမလေး....ခွေးမခန့်” ၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ” ၁၂. “လူတူမရှား...နာမည်တူမရှား” ၁၃. “လူ့အလို..နတ်မလိုက်နိုင်” ၁၄. “လူအကြောင်း..ပေါင်းမှသိ” ၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား” ၁၆. “လှတာမက်ရင်...ညစာခက်တယ်” ၁၇. “လှေအဆင်း...ကုန်းအတက်” ၁၈. “လူ့စည်း..ဘီလူးစည်း” ၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး” ၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ” ၂၁. “လူပြောမသန်...လူသန်မပြော” ၂၂. “လာမယ့်ဘေး...ပြေးတွေ့” ၂၃. “လင်နဲ့မယား...လျှာနဲ့သွား” ၂၄. “လွတ်တဲ့ငါး..ကြီး” ၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့” ၂၆. “လူမှာအမျိုး...ကြက်မှာအရိုး” ၂၇. “လိုက်လေ...ဝေးလေ” ၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ” ၂၉. “လူပျင်းလုံ့လ..တစ်ခဏ” ၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး” ၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ” ၃၂. “လျင်သူ...စားစတမ်း” ၃၃. “လှေနံ..နှစ်ဖက်နင်း” ၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

 ၀ ၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့” ၂. “၀ါးလုံးခေါင်းထဲ..လသာ” ၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့” ၄. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်” 

 သ ၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်” ၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်” ၃. “သူခိုးပြေးမှ ထိုးကွင်းထ” ၄. “သေချင်တဲ့ကျား တောပြောင်း” ၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့” ၆. “သတိမမူ ဂူမမြင်” ၇. “သခွပ်ပင်က..မီးတကျည်ကျည်” ၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ” ၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်” ၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း” ၁၁. “သားသမီးမကောင်း မိဘခေါင်း” ၁၂. “သက်ကြီးစကား သက်ငယ်ကြား” ၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ” ၁၄. “သေမြေကြီး....ရှင်ရွှေထီး” ၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ” ၁၆. “သားကိုသခင်..လင်ကိုဘုရား” ၁၇. “သားရေပေါ်အိပ်...သားရေနားစား” ၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်” ၁၉. “သိသာသိစေ...မမြင်စေနဲ့” ၂၀. “သဲထဲရေသွန်” ၂၁. “သမီးမွေးမှ...ဓားတသွေးသွေး” ၂၂. “သူများတံတွေးခွက်....ပက်လက်မျော” ၂၃. “သူခိုးကျင့်...သူခိုးကြံ” ၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်” ၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ” ၂၆. “သခင်အားရ...ကျွန်ပါးဝ” ၂၇. “သူတော်ကောင်း..နတ်ကောင်းမ” ၂၈. “သူခိုးက..လူဟစ်” ၂၉. “သူခိုးရွှေရ...တပြပြ” ၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်” ၃၁. “သမင်မွေးရင်း...ကျားစားရင်း” ၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု” ၃၃. “သားသမီးယုံ...စုံလုံးကန်း” ၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...” ၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်” ၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း” ၃၇. “သစ်မရခင် ၀ါးကူ” ၃၈. “သောင်မတင်..ရေမကျ” ၃၉. “သူ့ဆန်စား ရဲရ” ၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့” ၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ” ၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား” 

ဟ ၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့” ၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

 ဠ ၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ” 

 အ ၁. “အိုးကမပူ စလောင်းကပူ” ၂. “အစကောင်းမှ အနှောင်းသေချာ” ၃. “အိုးချင်းထားတော့ အိုးချင်းထိ” ၄.“အချစ်ကြီးရင် အမျက်ကြီးတယ်” ၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်” ၆. “အမှိုက်ကစ..ပြသဒ်မီးလောင်” ၇. “အချိန်ရှိခိုက်...လုံ့လစိုက်” ၈. “အနာပေါ်တုတ်ကျ” ၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ” ၁၀. “အကြံကုန်...ဂဠုန်ဆားချက်” ၁၁. “အိုးမလုံ...အုံပွင့်” ၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည” ၁၃. “အကျိုးဆော့.....အကန်းမော့” ၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"


 www.facebook.com/free.of.charge.Ads Credit to ပညာပေးသော ကမ္ဘာကျော် စကားလုံးများ --- (မဖတ်ရသေးတဲ့ မိတ်ဆွေများအတွက် Royal Sai Notes မှ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်)

Monday, January 20, 2014

စိတ်နယ်လွန်


အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ" ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။ "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား" သို့သော် တစ်မိနစ်မျှပင် မကြာလိုက်.... "ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ" "ဟား....သရဲဖြစ်ရတာပျော်လား" "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး" "ဟား...ဟား.. အချစ်အတွက်ကြောင့်လား" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။ "ကျွန်မ အခုဘာလုပ်နေလဲ" တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး... "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်" "ကော်ဖီတွေ သိပ်မသောက်နဲ့လေ" "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ" တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။ ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။ "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား" "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ" "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်" "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်" "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်" "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား" "ကောင်းပြီလေ" မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။ ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်" "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား" "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား" ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။ "ခင်ဗျားက ထူးခြားတယ်" "ဘာဖြစ်လို့လဲ" "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား" "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး" သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။ အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။ "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား... စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။ "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ" ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။ "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။ "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ" "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်" "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။ "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ" ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်... သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။ ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။ ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား... "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား" သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။ "နည်းနည်းတော့ ကြောက်မိပါတယ်" ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။ "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ" "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး" "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား" "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။ "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်" "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ" "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။ "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။ "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား" မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။ "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်" စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။ "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ" ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။ "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ" "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်" တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။ "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ" ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။ "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး" "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး" ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။ လေးထောင့်အခန်း......... ခန္ဓာကိုယ်.... "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား" "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။ "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား" "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်" သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။ "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)" ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။ "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်" "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား" "ဟုတ်တယ်" "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား" "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။ "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။ "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်" မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။ "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား" "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်" ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။ "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်" နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။ ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။ မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစံကို ရပ်လိုက်သည်။ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ" ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။ သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။ "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ" ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။ "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်" "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ" သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။ "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်" "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ" ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။ "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား" ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။ နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် I Miss You

Saturday, January 18, 2014

ဒေါက်တာ ဂျက်

 
ဒေါက်တာဂျက်.... အထူးကု ဆေးခန်းတစ်ခုတွင်ဖြစ်သည်။ ထိုဆေးခန်းရှိဆရာဝန်မှာ ကုသပုံမြန်လွန်းလှ၍ ဒေါက်တာဂျက် ဟုပင် အမည်ပေးခြင်း ခံရလေ၏။ဆေးကုခန်းတွင်းသို့အဖွားအိုတဦးဝင်လာ၏။ 
လူနာအဖွားအို။ ။ဒေါက်တာ ဒေါ်ဒေါ် အသားတွေဝါးလို့မရတော့ဖူးကွယ်...
 ဒေါက်တာဂျက်။ ။အဒေါ်ရဲ့အသက်ဘယ်လောက်ရှိပီလဲ...
လူနာအဖွားအို။ ။၉၀ ပါ..... 
 ဒေါက်တာဂျက်။ ။ဒီအရွယ်ထိ ၀ါးခဲ့ ပြီးပြီပဲ၊ ကျေနပ်လိုက်တော့ ၊ ကဲ...နောက်တစ်ယောက်... 
ကလေးငယ်တဦးဝင်လာ၏။ 
ကလေးငယ်။ ။ကျနော် ခဲတံကို မြိုချလိုက်မိပါတယ် ဆရာ.... 
ဒေါက်တာဂျက်။ ။ဘောပင်နဲ့ရေး.....။နောက်တစ်ယောက်..... 
ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ဝင်လာ၏။ 
မိန်းကလေး။ ။ဆရာ။ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမလဲဟင်....... 
ဒေါက်တာဂျက်။ ။ရည်းစားမထားနဲ့ ၊ ယောက်ကျားမယူနဲ့ ၊နောက်တစ်ယောက် 
လူငယ်ယောက်ကျားတဦး ၀င်လာ၏။ 
လူငယ်။ ။ဒေါက်တာ့ကို ပြောရမှာတော့ ခပ်ရှက်ရှက်ပဲဗျ။ ဟိုဟာလေ....ကျနော့်အောက်ကကောင်လေ.... သိတယ်မဟုတ်လား....၊ဟဲဟဲ....၊အဲဒါ အဲ့ကောင် ကောင်းကောင်းအလုပ်မလုပ်တော့လို့......... 
 ဒေါက်တာဂျက်။ ။အဲဒါဆို အဲဒီကောင်ကို အလုပ်ဖြုတ်လိုက်...... 
လူငယ်။ ။ " ဗျာ !!!!!!!!!!!! "

ဆူးခင်းလမ်း

 
အောင်မြင်တဲ့သူတိုင်း ပန်းခင်းလမ်းကို လျှောက်ခဲ့ကြတယ်လို့တော့ မထင်လိုက်ပါနဲ့။
ကျနော်တို့ မြန်မာမှာ Rambo မင်းသား လို့ သိထားကြတဲ့ Sylvester Stallone ရဲ့ ဘ၀ အစ ကောက်ကြောင်းလေးပါ။ အဖြစ်မှန်လေးပါ ဖတ်ကြည့်ကြပါ။

သူ Hollywood မှာ မင်းသားအဖြစ် နာမည်မကြီးခင်မှာ သူ့ဘ၀ဟာ
ကောက်ကြောင်းများလှပါတယ်။ သူ ရုပ်ရှင်မင်းသား အရမ်း ဖြစ်ချင်ပါတယ်။ သူကြိုးစားပါတယ် သို့သော် မအောင်မြင်ပါဘူး။ အလုပ်မရှိ ပိုက်ဆံလည်း မရှိတော့ မိန်းမ လက်ဝတ်လက်စားတွေကို ခိုးရောင်းပါတယ်။ နောက်ဆုံး မိန်းမကွဲ အိမ်ကနှင်ချခံရ အိမ်ရာမဲ့ဘ၀တောင် ရောက်သွားပါတယ်။

နောက်ဆုံးတော့ သူနဲ့အတူ ပါလာတဲ့ သူ့ခွေးလေးကို လူတစ်ယောက်ဆီမှာ
ဒေါ်လာ ၅၀ နဲ့ ရောင်းလိုက်ပါတယ်။ သူ ပိုက်ဆံလိုလို့ ရောင်းတာ မဟုတ်ပါဘူး သူ့ခွေးလေးကို သူအစာမကျွေးနိုင် တော့လို့ပါ။ သူ့ ပြောပြ ပါတယ် သူ့ခွေးလေးကို ရောင်းတုန်းက သူ့စိတ်ထဲမှာ နာကျဉ်းလွန်းလို့ ယောင်္ကျားတန်မဲ့ မျက်ရည်တွေ ကျခဲ့ပါတယ်တဲ့။

ဒီအတိုင်း နှစ်ပတ်လောက် ရှာကြံစားသောက်ပြီး နေရင်း နာမည်ကျော် လက်ဝှေ့သမား Mohammed Ali နဲ့ Chuck Wepner တို့ရဲ့ ပွဲကို ကြည့်မိရာမှ အကြံရကာ ဇာတ်ညွန်းတခုရေးပါတယ်။

ထို ဇာတ်ညွန်းကို ရုပ်ရှင်ရိုက်သူတွေဆီ သွားရောင်းပါတယ် ၊ သူတို့ ဒေါ်လာ ၁၂၅,၀၀၀ ပေးပါတယ်၊ ဒါပေမယ့် သူ မရောင်းပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သူ့ ကိုယ်တိုင် မင်းသားလုပ်ရမှ သူရောင်းမယ်လို့ အခိုင်အမာကို ပြောတဲ့ အတွက် ဟိုဘက်က သူ့ကို မလိုချင်ဘူး၊ Rambo လည်း မရဘူးပဲ။

နောက် studio company တခုက သူ့ကို ဒေါ်လာ သုံးသိန်းပေးတယ်၊ မရောင်း ဘူး၊ သူ့ကို မင်းသားအဖြစ် သဘောမတူလို့၊ နောက်ဆုံး အဲ့ studio ကပဲ လက်ခံလိုက်တယ်၊ ဒေါ်လာ သုံးသိန်းကျော်နဲ့ ဇာတ်ညွှန်း ကို ရောင်းတယ် သူ မင်းသားလုပ်ခွင့်ရတယ်။

နောက်ဆုံး ရုပ်ရှင်ရိုက်ပြီး ရုံတင်တော့ သူရုပ်ရှင်ဟာ အကောင်းဆုံး ဓါတ်ပုံဆု၊ အကောင်းဆုံး ဒါရိုက်တာ ဆု၊ အကောင်းဆုံး ရုပ်ရှင် တည်းဖြတ် ဆု၊ စသဖြင့် Oscar ဆုတွေ တန်းစီပြီး ရပါတယ်။ သူ့ဘ၀လည်း အဲက စပြီး လုံးဝပြောင်းလဲသွားပါတယ်။ ရုပ်ရှင်ကတော့ ROCKY BALBOA ပါ။

သူ့ပိုက်ဆံရတော့ သူပထမဆုံး လုပ်တဲ့ အလုပ်က သူ့ ခွေးလေးကို ရှာပုံတော် ဖွင့်ပါတယ်။ နောက်ဆုံး ပြန်တွေ့တယ် သူပြန်ဝယ်ဖို့လုပ်တယ်။ ဟိုလူက မရောင်းဘူး ဈေးကိုင်တယ် နောက်ဆုံး ဒေါ်လာ ၃၀၀၀ နဲ့ ဈေးတည့်ပြီး သူ့ ခွေးလေးကို သူပြန်ရပါတယ်။

ဒါသူ့ရဲ့ ဘ၀ အစလေးပါ။ အောင်မြင်သူတိုင်းမှာ အခက်အခဲရှိ စမြဲပါပဲ။ ကိုယ်ယုံကြည်ရာကို ဇွဲမလျော့ တန်း ကြိုးစားသူကတော့ ကိုယ့် ပန်းတိုင်ကို ရောက်သင့်တဲ့ အချိန်ကြရင် ရောက်သွားမှာပဲ၊ မနက်ဖြန် ဖြစ်ချင် ဖြစ်မယ် နောက် ၃ နှစ် ဖြစ်ချင်ဖြစ်မယ်၊ ကြိုးစားနေဖို့က ကိုယ့်တာဝန်၊ လောကမှာ မဖြစ်နိုင်ဆိုတာ မရှိပါ။

~MM~


Wednesday, January 15, 2014

တာချီလိတ်စာပေဟောပြောပွဲ(ဦးဘုန်း)

ချစ်ဦးညို - တာချီလိတ် (2013)

အမိမဲ့သား(ဟာသ)



=======
“အမိမဲ့သား”
=======

တခါက ‘ခြင်နိုင်ဆေးရည်’ အရောင်းသမားတစ်ယောက်ဟာ တောနယ်ဘက်ကို အရောင်းထွက်လာတယ်။
စိုက်ပျိုးရေးခြံတစ်ခုကိုရောက်တော့ တောင်သူဦးကြီးတစ်ယောက်ကို တွေ့တာနဲ့ သူု့ခြင်ဆေးကို ဝင်ရောင်းတယ်...

“ဦးကြီးခင်ဗျား၊ ကျနော့်ရဲ့ခြင်နိုင်ဆေးရည်ဟာ အလွန်ကောင်းပါတယ်၊ ဒီဆေးရည်ကို ခန္ဓာကိုယ်မှာ လိမ်းထားရင် ၂၄ နာရီင်္အတွင်း ဘယ်ခြင်မှမကိုက်ပါဘူး၊ အာမခံပါတယ်”
“မရပါဘူးကွာ၊ တို့တောဘက်ကခြင်တွေက အလွန်ဆိုးတာပါ၊ ဘယ်ခြင်ဆေးမှ မရဘူး”

“ကျနော့်ဆေးရည်ကိုတော့ အာမခံပါတယ်၊ လက်တွေ့ စမ်းကြည့်ပါ”
“ဒါဆို မင်းကိုယ်တိုင် စမ်းပြမလား”

“ပြမယ်ဗျာ၊ ဘယ်လို စမ်းပြရမလဲ ပြော”
“ဒီညကျရင် မင်းကို ဟိုးတောစပ်က နွားခြံကြီးထဲမှာ ကိုယ်တုံးလုံးချွတ်ပြီး တိုင်မှာကြိုးနဲ့ချည်ထားမယ်၊ တစ်နာရီကြာလို့မှ မင်းကို ခြင်တစ်ကောင်မှ မကိုက်ဘူးဆို မင်းခြင်ဆေးအကုန်လုံး ငါဝယ်မယ်ကွာ ကဲ”

“စိန်လိုက်လေ ဦးကြီး”

ဒီလိုနဲ့ ညဘက်ရောက်တော့ အဲဒီအရောင်းသမားလေးကို ကိုယ်တုံးလုံးချွတ်ပြီး သူ့ဆေးရည်နဲ့ ဖျန်းလိုက်တယ်။ ပြီးတော့ နွားခြံကျယ်ကြီးထဲက တိုင်မှာ ကြိုးနဲ့ တုတ်ထားလိုက်တယ်။

နောက်တစ်နာရီကြာလို့ နွားခြံထဲ သွားကြည့်တော့…

တကိုယ်လုံး ပြာနှမ်းနေတဲ့ အရောင်းသမားလေးကို မျက်လုံးပြူးတိပြူးကြောင်နဲ့ တွေ့လိုက်ရတယ်
ပါးပြင်မှာလည်း မျက်ရည်တွေချောင်းစီးလို့

ခန္ဓာကိုယ်ပေါ် လိုက်ကြည့်တော့လည်း ခြင်ကိုက်ရာ တဖုမှ မတွေ့ရဘူး
ဒါနဲ့ တောင်သူဦးကြီးက မေးတာပေါ့… …

“မင်းကိုကြည့်ရတာ အတော်ထိတ်လန့်နေပုံပေါက်တယ်၊ ဘယ်လိုဖြစ်လို့လဲ”
“ဦးကြီးတို့ကို အော်ခေါ်နေတာ၊ မကြားကြဘူးလားဗျာ”
“အေးကွာ၊ မကြားမိဘူး၊ သရဲခြောက်လို့လား”
“မခြောက်ပါဘူးဗျာ”
“ဒါဆို ဘာဖြစ်လို့ ဒီလောက်တောင် ချိနဲ့သွားရတာလဲ”

ဒီတော့မှ ဘေးနားမှာဝပ်နေတဲ့ နွားပေါက်စလေးကို လက်ညိုးထိုးပြရင်း မေးရှာတယ်… …

“သူ့မှာ အမေ မရှိဘူးလားဗျာ”… တဲ့


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Tuesday, January 14, 2014

ရန်ကြွေး



=====
'ရန်ကြွေး'
=====
တောလမ်းတစ်နေရာမှာ...
လူဆိုးဗိုလ်မဲလုံးရဲ့ မိန်းမနဲ့ ယောက္ခမကြီးကို သူရဲ့ရန်ဘက်ဂိုဏ်းက ဖမ်းမိသွားတယ်။

ဒီဘက်ဂိုဏ်းက လူဆိုးဗိုလ်မိုးကြီးက ပြောတယ်... ...

"ဟား ဟား... မဲလုံး၊ မဲလုံး၊ ပြီးခဲ့တဲ့ နှစ်က င့ါမိန်းမနဲ့ ယောက္ခမကို ဖမ်းခေါ်သွားပြီး မုဒိမ်းကျင့်လွတ်လို်က်တာ၊ ခု အဲဒီရန်ကြွေးကို ပြန်ဆပ်ရမယ်ကွ ငှဲ ငှဲ"

... ဆိုတော့ ဗိုလ်မဲလုံးရဲ့ မိန်းမက တောင်းပန်ရှာတယ်... ...

"ဗိုလ်ကြီးရယ်၊ ကျမအမေက အသက်ကြီးပါပြီ၊ သူ့ကိုတော့ ဘာမှမလုပ်ပါနဲ့ရှင်"

အဲဒီမှာ...
အဖွားကြီးက ဒေါသတကြီးနဲ့ သူ့သမီးကို အော်တယ်... ...

"ဟဲ့ ကောင်မ... ညည်းပါးစပ်ကို ပိတ်ထားစမ်း၊ ရန်ကြွေးက ရန်ကြွေးပဲ"... တဲ့။


(ညှင်း.. ညှင်း... ရန်ကြွင်းရန်စ မထားချင်တဲ့ သဘောပေါ့)
သန်၎ကို-ဘာသာပြန်သည်။

Monday, January 13, 2014

မိတ်ဆွေစစ် ရှာတတ်ရန်

*** မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတုလေးယောက်။ ***

 ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ မိတ်ဆွေ မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။ 

၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲ ဖြစ်ဖြစ် ရအောင်ယူတတ်ပါတယ်။ ဟိုဟာလေး တောင်းမယ်။ ဒီဟာလေး တောင်းမယ်။ ဟိုဟာ လေး ယူမယ်။ ဒီဟာလေး ယူမယ်။ အမြဲတမ်းရအောင် ယူတတ်ပါတယ်။ ပေးရင်လည်း နည်း နည်းပါးပါးလေး ပေးပြီး များများရအောင် ယူသွားတတ်ပါတယ်။

 ၂။ ၀စီပရမ = ပေးရန် လက်မပါဘူး။ အပြောသက်သက်သာ ရှိပါတယ်။ အပြောနဲ့ လောကွတ်လုပ်တဲ့ မိတ်ဆွေမျိုးပါ။ သူက အတိတ်နဲ့ လောကွတ်လုပ်ပါတယ်။ အနာဂတ်နဲ့ လော ကွတ်လုပ်ပါတယ်။ ဆိုပါစို့၊ အိမ်တစ်အိမ်သွားတယ်၊ အိမ်ရှင်သူငယ်ချင်းက၊ ဟာ.. သူငယ်ချင်း ကွာ၊ မင်းနောက်ကျ လိုက်တာကွာ၊ ငါတို့ ကြက်သားချက်ထားတာ၊ ငါတို့အားလုံး စားလို့ကုန် သွားပြီ။ အခုတော့ ချဉ်ပေါင်ဟင်းပဲ ကျန်တော့တယ်ကွာ။ (တကယ်ချက်ထားတာ မဟုတ်ဘူး) တစ်ခါတစ်ရံ ဟိုမနှစ်က အရာနဲ့ ဧည့်ခံလိုက်တယ်။ “ဟို မနှစ် ငါစီးပွားဖြစ်တုန်းက မင်းကိုမျှော် လိုက်တာ၊ မင်းမလာဘူး။ အခုတော့ ငါလည်း ဒုက္ခရောက်နေတယ်ကွာ။ ကူညီချင်လိုက်တာ။ (ဒါပေမယ့် ဟိုလူက၀မ်းသာသွားတယ်၊ သြော်..ဒီလူ ငါ့အပေါ်ကောင်းသားပဲလို့ ထင်သွားတယ်)

 ၃။ အနုပိယဘာဏီ= ဘယ်တော့မဆို အကြိုက်ကို လိုက်ပြောတတ်တဲ့ မိတ်ဆွေ။ ကောင်းတာပြောလည်း အေး..ကောင်းတယ်။ မကောင်းတာပြောလည်း အေး..ကောင်းတယ်။ ဟို တစ်ဖက်သား အကြိုက်ကို လိုက်ပြောတာပါ။ ဘယ်တော့ဖြစ်ဖြစ် အကောင်းဖက်ကနေ လိုက် ပြောပါတယ်။ မကောင်းမှုတွေလုပ်လည်း ဟာ..ကောင်းတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာ လူရှေ့ ကျတော့ ချီးမွမ်းတတ်တယ်။ မင်းသိပ်တော်တာပေါ့ ဘာညာနဲ့ဆိုပြီး၊ ဒီလူလည်း ထွက်သွားရော မေးငေါ့ကျန်ခဲ့တယ်။ ရှေ့တင် ကောင်းတယ်။ ကွယ်ရာကျတော့ အတင်းပြောတယ်။ 

၎။ အပါယသဟာယ= ပျက်စီးဖို့အတွက် အပေါင်းအသင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ ဘီယာ၊ အရက် သောက်ဖေါ်သောက်ဖက်။ အချိန်မတော် အချိန်တော် ထွက်လည်ဖို့ခေါ်မယ်၊ လိုက်မယ်၊ ဖဲရိုက်မယ်၊ လောင်းကစားလုပ်မယ်။ ဘုရားသွား၊ ကျောင်းတက်ကျတော့ မလိုက်ဘူး။ အဲဒီကိစ္စ မျိုးမှာ လိုက်လျောတဲ့၊ အဖေါ်ပြုတဲ့ မိတ်ဆွေမျိုးဟာ မိတ်ဆွေအစစ် မဟုတ်ပါဘူး။ မြတ်စွာဘုရားက အဲဒီပုဂ္ဂိုလ်လေးမျိုးကို မိတ်ဆွေလို့ မခေါ်ဘူး။ အမိတ္တ ရန်သူလို့တောင် သတ်မှတ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်သင့်ဘူး။ ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်မှာလည်း ဒါမျိုးကို မိတ်ဆွေအဖြစ် မပေါင်းသင်းရဘူး။ ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံအားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းက လည်း မိတ်ကောင်းဆွေကောင်းကို ပေါင်းသင်းကြကာ ဘ၀မြင့်မြတ်သထက် မြင့်မြတ်ပြီး မြတ် နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ { ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ ၀ံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပါသည်။ } Post By thein wai. Credit to ဗုဒ္ဓကမ္ဘာ။

Sunday, January 12, 2014

စိတ်ချမ်းသာဘို့

ကိုယ်တိုင် စိတ်ချမ်းသာချင်ရင်….. ==================

တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။ သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။ တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့ကိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။ သတင်းထောက်ဟာ မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို လယ်နီးနားချင်းတွေကို မျှဝေပေးတယ်ဆိုတာကို သိရတော့ အံ့သြစွာနဲ့မေးပါတယ်..။ “ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတာမဟုတ်လား…” ဆိုတော့ လယ်သမားကြီးက… “ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့...ကျုပ်လယ်နီးနားချင်းတွေက မျိုးစေ့ညံ့တာတွေစိုက်ထားရင်.. အပြန်အလှန်ဝတ်မှုန်ကူးမှုကြောင့် သူတို့ဆီက အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီ ကူးလာနိုင်တယ်… ကျုပ်က အမျိုးကောင်းတွေစိုက်ထားရင်.. လယ်နီးနားချင်းတွေကိုလည်း…အမျိုးကောင်းစိုက်နိုင်အောင် ကျုပ်ကူညီရမယ်ဗျ…” လို့ ပြန်ဖြေလိုက်ပါတယ်….။ ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။ ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ…ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင် ကူညီရမယ်….။ ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေ နဲ့ တိုင်းတာရမယ်….။ စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့သူဟာ… သူတစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့… တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။ ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်.. သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။ 

။ Ref: http://www.inspirationpeak.com ဦးသုည ... စကားလုံးဖလှယ်သည်

ခေါက်ဆွဲတစ်ပွဲ

သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲတစ်ပွဲ


ညတစ်ညမှာပေါ့….
ကျမ မေမေနဲ့ စကားများတယ်.. . ပြီးတော့ မေမေ့ကိုအော်ဟစ်ပြီး အိမ်ကပြေးထွက်လာခဲ့တယ်။
လမ်းပေါ်ရောက်မှသတိရတယ်… ပိုက်ဆံပါမလာခဲ့ဘူး။ဖုန်းဆက်စရာ အကြွေလေးတောင်ပါမလာခဲ့ဘူး။

ဒီလိုနဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ ရောက်လာခဲ့တယ်။ ဆိုင်ထဲကပျံ့ လွင့်လာတဲ့ ခေါက်ဆွဲရနံ့ ကြောင့် ဗိုက်ကလည်းဆာလာတယ်…ပိုက်ဆံကလည်း တစ်ပြားမှမရှိ…။
အဲဒီအချိန်မှာ ဆိုင်ရှင်ဦးလေးကြီးက ခေါက်ဆွဲဖျောနေရင်း လှမ်းမေးတယ်…။

“ ဟေ့…တူမကြီး…ခေါက်ဆွဲစားချင်လို့ လား”

“ သ..သ. မီးမှာ …ပိုက်ဆံ ပါမလာ ဘူး ..”
လို့  ရှက်ရှက်နဲ့ ပြန်ဖြေခဲ့တယ်..။

“ လာပါ တူမကြီးရ … ဦးကျွေးပါ့မယ်…လာဝင်ထိုင်…ဦး ခေါက်ဆွဲပြုတ်လိုက်ဦးမယ်…”

ခဏကြာတော့ …အငွေ့ တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ ရောက်လာပါတယ်…။ နည်းနည်းစားပြီးတော့ ကျမပါးပြင်ပေါ် မျက်ရည်စတွေ လှိမ့်ဆင်းလာပါတော့တယ်…။ဆိုင်ရှင်ဦးလေးကြီးကမြင်တော့မေးတယ်…။.

“ ဘာဖြစ်လို့ လဲ တူမကြီးရဲ့  …”

“ ဘာမှမဟုတ်ပါဘူး…ဦးလေးခုလို သမီးအပေါ် စေတနာထားတာတွေ့ ရတော့ ၀မ်းနည်းမိလို့ ပါ…ဒီလမ်းမှာတွေ့ တဲ့သူစိမ်းတစ်ယောက်ကတောင် သမီးကို ခေါက်ဆွဲကျွေးတယ် သမီးမေမေကတော့ …သမီးနဲ့  စကားများပြီး သမီးကို လိုက်ရိုက်တယ်…မေမေ သိပ်ရက်စက်တာပဲ…”
ဆိုင်ရှင်ဦးလေးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပါတယ်…

“ တူမကြီးရယ်… အဲဒီလို ဘာလို့ တွေးရတာလဲ… ဦးလေးခေါက်ဆွဲလေးတစ်ပွဲ ကျွေးတဲ့ စေတနာကိုတောင် သမီး ဒီလောက်ခံစားရတယ်နော်…သမီးမေမေ ကတော့ သမီးငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာ မဟုတ်လား…အဲဒါတွေအတွက် အမေ့ကိုကျေးဇူးမတင်ဘဲ အမေနဲ့  ရန်ဖြစ်လာရတယ်လို့  ကွယ်…”

ဒီစကားကိုကြားလိုက်ရတော့ ကျမ တကယ့်ကို အံ့အားသင့်သွားခဲ့ရပါတယ်…။
ငါဘာလို့ ဒါကိုမတွေးမိခဲ့ပါလိမ့်…သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲလေးတစ်ပွဲကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတွေတင်မိနေပြီး ငါငယ်ငယ်ကတည်းက ကျွေးမွေးပြုစုခဲ့တဲ့ အမေ့မေတ္တာတွေကိုကျတော့ နည်းနည်းလေးမှ ကျေးဇူးမတင်မိခဲ့ပါလား…။
အိမ်ပြန်လမ်းမှာ အမေ့ကိုပြောဖို့စကားတွေ စဉ်းစားလာခဲ့တယ်… “ အမေ… သမီးဘက်က မှားတာပါ…သမီးကိုခွင့်လွတ်ပါ…” လို့…။

အိမ်ရောက်တော့ အမေ့ခမြာ ကျမထွက်သွားလို့ စိုးရိမ်တကြီးနဲ့ နေရာအနှံ့လိုက်ရှာပြီး ပြာလောင်ခတ်နေတာတွေ့ရတယ်..။ ကျမကိုလည်း မြင်ရော.. အမေက

“ အို..သမီးလေးရယ်…အမေ့ဖြင့်စိတ်ပူလိုက်ရတာကွယ်…လာအထဲဝင်…သမီးဗိုက်ဆာနေရောပေါ့…အမေ သမီးအတွက် ထမင်းခူးထားတယ်…ပူတုန်းလေးစားလိုက်ဦးနော်…” လို့ ညင်သာစွာပြောပါတယ်…။

ကျမ ဟန်မဆောင်နိုင်တော့ပါဘူး… ။ အမေ့ရဲ့ရှေ့မှာ ရှိုက်ကြီးတငင် ငိုကြွေးမိပါတော့တယ်…။

......... .......... .............. ............

ဒီလိုပါပဲ...ကျနော်တို့ဟာ…ပတ်ဝန်းကျင်က သူစိမ်းတွေရဲ့  အကူအညအသေးအဖွဲလေးတွေဆိုရင် ကျေးဇူးတတင်ရှိတ⁠တ်ကြပြီး ဆွေမျိုးတွေ အထူးသဖြင့် မိဘတို့ရဲ့  စွန့်လွှတ်အနစ်နာခံမှုတွေကိုတော့ ဒါဝတ္တရားပဲလေ…လို့ သဘောထားတ⁠တ်ကြတယ်…။
ကျနော်တို့ မွေးစကနေ ခုချိန်ထိရနေတဲ့ မိဘမေတ္တာဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ…။
မိဘတွေဟာ သားသမီးတွေဆီက ဘာမှမျှော်လင့်မထားပါဘူး…။ ဒါပေမယ့် တို့တတွေက မိဘတို့ မေတ္တာကို အသိအမှတ်ပြု တန်ဖိုးထားကြရအောင်လားဗျာ………..

Ref: academictips.org/blog
ဦးသုည ... စကားလုံးဖလှယ်သည်

စောင့်စည်းသင့်သည့် နှုတ်စကား



ဆုံးဖြတ်မစောပါနဲ့ ( ၂ )

 ============ ရထားတစ်စင်းပေါ်မှာပေါ့… ၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်… “အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…” သူ့အဖေကတော့ ပြုံးနေပါတယ်…။ သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက လင်မယားနှစ်ယောက်ကတော့ ကောင်လေးရဲ့  ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။ ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။ “ ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…” ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။ “ ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…” အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်… “ ဆရာဝန်ပြပြီးပါပြီ…ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ… ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…” ## လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…

သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့…

## ဦးသုည ... စကားလုံးဖလှယ်သည်...

Saturday, January 11, 2014

လူရိုးကြီး


ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊
အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်
ဒီနေ့တော့ သူ့မွေးနေ့လေ
သူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်

ကလပ်ထဲဝင်တော့ ဧည့်ကြိုကောင်လေးက လှမ်းနုတ်ဆက်တယ်... ...
"ဟလို... ဆရာ၊ စောလှချည်လား"... တဲ့
မိန်းမလုပ်သူလဲ ဇဝေဇဝါဖြစ်သွားတာပေါ့... ...
"ရှင် အရင်နေ့တွေက ဒီနေရာကို လာဖူးလို့လား"
"မလာဖူးပါဘူးကွာ၊ ဒီကောင်လေးက ငါတို့ကြက်တောင်အသင်းကကွ"
"အော်..."

အထဲရောက်လို့ စားပွဲမှာထိုင်ခါရှိသေး၊ စာပွဲထိုးမလေးက ကိုကျေးညိုအတွက် ဘဒ်ဝှိုက်ဇာဘီယာ လာချပေးသွားတယ်...
"ဟင်... ရှင် ဘဒ်ဝှိုက်ဇာကြိုက်တာ ဒီကောင်မက ဘယ်လိုလုပ်သိတာတုန်း"
"သူကလည်း ငါတို့ ကြက်တောင်အသင်းကပဲကွ"
"ဟွင့်... "

ခဏနေတော့ စင်တင်အဆိုတော်မလေးက ဗြုန်းဆို ကိုကျေးညိုကို နောက်ကသိုင်းဖက်လိုက်ရင်း မေးတယ်... ...
"ဦး... ဒီနေ့ ဘာသီချင်းဆိုပြရမလဲ၊ ဆုတွေအများကြီးချနော်".... တဲ့

အဲ...
အဲဒီမှာ မိန်းမလုပ်သူလည်း အသားတဆတ်ဆတ်တုန်လို့ သူ့စလင်းဘက်ကို ကောက်ဆွဲပြီး၊ ကလပ်ခန်းမထဲကနေ ဇောင့် ဇောင့် နဲ့ထွက်သွားတော့တယ်
ကိုကျေးညိုလည်း နောက်ကပြေးလိုက်ရတာပေါ့
မိန်းမက တက်စီတစီးပေါ်ကို အတက်၊ ကားမထွက်ခင် ကမန်းကတန်းအထဲဝင်လိုက်ပြီး တောင်းပန်ရတယ်... ...

"ရှုင်းပြပါရစေအုံးကွာ"
"ဘာမှ ရှင်းပြမနေနဲ့၊ မသာကြီး၊ အယုတ်တမာကြီး"
"သူ့ကို ငါမသိပါဘူးကွာ၊ သူက လူမှားပြီး လာပြောနေတာပါ"
"တော်စမ်းပါ၊ လူလိမ် လူညာ၊ သွား... သွား... သွား"... ဆိုပြီး အာခေါင်ခြစ်ပြီး အော်တယ်

ဒီတော့ တက်စီကားဆရာက နောက်လှည့်ကြည့်ပြီး ပြောတယ်... ....

"အိုး..ဟိုး၊ ကျေးညို၊ ဒီနေ့တော့ မင်း မ,လာတဲ့ ဆော်ကြီးက အတော်ကြမ်းသကိုးကွ"... တဲ့

သန်၎ကို-ဘာသာပြန်သည်။


Tuesday, January 7, 2014

အပွေးမြင်သော်လည်း အပင်မသိလျှင်--


US မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတခုပါ။

လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ၀တ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။

လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။ နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ
"ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ "

အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် " ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ " ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက
" အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ " လို့ ပြန်ပြောတယ်။

အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အ၀တ်အစားကို ကြည့်ပြီး နောက် ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား " ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။

နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။

စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ

~MM~
သုတစွယ်စုံကျမ်း

ပြုံးစရာ


ဆန္ဒပြည့်စေ
=======
ကားဝယ်ဖို့အတွက် လင်မယားနှစ်ယောက် အခြေအတင် ဖြစ်နေကြတယ်။
ယောက်ျားက ပစ်ကပ်ကားဝယ်ချင်တယ်။
မိန်းမက ပြိုင်ကား ဝယ်ချင်တယ်။

"မင်းပြိုင်ကား ဘာလုပ်ဖို့လဲ၊ ပစ်ကပ်ကားက ငါ့လုပ်ငန်းအတွက်လည်း သုံးလို့ရတယ်"
"အဲဒါတွေ ကျမ မသိဘူး၊ ကျမက ကားဆိုမြန်မှ"

"ပစ်ကပ်ကားလည်း မြန်ပါတယ်ကွ"
"ဟင့်အင်း... ကျမ ခြေထောက်တင်လိုက်တာနဲ့ ဒိုင်ခွက်က ဂဏန်း 0 ကနေ 200 ကို ၄စက္ကန့်အတွင်း ရောက်မှ ကြိုက်တာ"

"အေး... မင်းပြောတဲ့အတိုင်း ရစေရမယ်၊ "

... ဆိုပြီး ယောက်ျားလည်း အပြင်ထွက်သွားတယ်။

ပြန်လာတော့ သူဝယ်လာတဲ့ဟာ မိန်းမကို ပေးလိုက်တယ်။
ဖွင့်ကြည့်လိုက်တော့ အထဲမှာ......

'ပေါင်ချိန်စက်လေး' တစ်လုံး

သန်၎ကို-ဘာသာပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏နောက်ဆုံးမိန့်ခွန်း


ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်း

ဧပြီလ 13, 2011 6:43pmတွင်rockergyi မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
သူ၏ဘလော့အားလုံးကြည့်ရန်

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် မြို့တော်ခမ်းမ လူထု စည်းဝေးပွဲတွင် ပြည်သူများသို့ နောက်ဆုံး ပြောကြားခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အစတုန်းက တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကို ကိုယ့်နယ်ဆိုင်ရာ ကိုယ့်ပရိသတ်ကို တိုင်းပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်နေတယ် ဆိုတာ အစီရင်ခံဖို့ စီစဉ်ခဲ့တယ် အခြား တိုင်းပြည်တွေမှာ လွှတ်တော် အမတ်တွေကို တင်မြှောက်တဲ့ အခါ လွှတ်တော် အမတ်တွေဟာ အစည်းဝေး မရှိတဲ့ အချိန်အခါမှာ ကိုယ့်နယ်ကို ကိုယ်ပြန်ပြီး လွှတ်တော်မှာ ဘာတွေ လုပ်တယ် ဆိုတာကို အခြေအနေ အရပ်ရပ် အစီရင်ခံတဲ့ ထုံးစံ ရှိတယ်။ အဲဒီ ထုံးစံမျိုးအတိုင်း ဗမာပြည်မှာလဲ ဖြစ်စေချင်တဲ့ အတွက် ဖဆပလ အဖွဲ့ချုပ်မှ ရန်ကုန် နယ်အသီးသီးကို လွှတ်တော် အမတ်တွေပြန်ပြီး အစီရင်ခံတဲ့ အစည်းအဝေးပွဲတွေ လုပ်ပါလို့ ပြောတဲ့အခါ တိုင်းပြု ပြည်ပြု လွှတ်တော် အမတ်တွေဟာ ကိုယ့်နယ်တိုင်းမှာ ပြန်၍ အစီရင်ခံကြတဲ့ နိုင်ငံရေး ရှင်းလင်းပွဲများ လုပ်ခဲ့ကြတယ်။ ယနေ့လဲ ရန်ကုန် တမြို့လုံး အတွက် ဖြစ်တယ်။

ကျွန်တော်က နဂိုရ်က ပြောခဲ့တဲ့ အတိုင်း ယနေ့ ကျနော့် နိုင်ငံရေး ရှင်းတမ်းဟာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေမဟုတ်ဘဲ ရန်ကုန်မြို့နယ် တနယ်က တင်မြှောက်လိုက်တဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ ဘာတွေ လုပ်တယ်ဆိုတာ နယ်သူ နယ်သားတွေ သိရအောင် အစီရင်ခံဖို့ အဓိက ရည်ရွယ်ချက်ထားပြီး ပြောဖို့ဘဲ။ ကနေဒါ တောင်အာဖရိက စတဲ့ နိုင်ငံတွေကတော့ သွေးတူ သားတူ ဖြစ်တယ်ဆိုပြီး အကုန်လုံး မျက်နှာဖြူ လူမျိုးတွေဖြစ်တော့ သူတို့အဖို့မှာ အင်္ဂလိပ် ရှင်ဘုရင်ကို သူတို့ ဘုရင်အဖြစ် ထားကြတယ်။

'ဒိုမီနီယံ' သဘောကတော့ အင်္ဂလိပ် ရှင်ဘုရင်ထားပြီး အင်္ဂလိပ်နှင့် တအိမ်ထောင်တည်း သဘောထားပြီး နေရတဲ့ဟာဘဲ၊ ဥပဒေ သဘောအားဖြင့် မျိုးတူလျှင် သူ့တိုင်းပြည် သူအုပ်ချုပ် သွားတယ်။ အဲသည်လို အုပ်ချုပ်တဲ့ အခါမှာ တိုင်းပြည်မှာ ရှိတဲ့ လွှတ်တော်တွေဟာ အာဏာ ရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ရတဲ့ လက်တွေ့လုပ်တဲ့ နေရာမှာ လုပ်နိုင်တယ်၊ ကျွန်တော် အဆင့်အတန်းမှာ ကျွန်တော်တို့ အာဏာရှိတဲ့ အဆင့်အတန်း မဟုတ်ဘူး။ နိုင်ငံခြား ဆက်သွယ်တဲ့ နေရာမှာ ကျွန်တော်တို့ တိုင်းပြည်ကို အခြားနိုင်ငံက မေးတဲ့ အခါမယ် သမ္မတ နိုင်ငံလား၊ လွတ်လပ်သော နိုင်ငံလား၊ ဒိုမီနီယံလား မေးလျှင် ဘယ်လို ဖြေရမလဲ မသိဘူး။ ဘယ်လို ခေါ်ရမလဲ ဆိုတာ ပြန်ဖြေရလျှင် အစိုးရရဲ့ အခြေအနေအရ မရေရာလို့ မဖြေနိုင်ကြောင်း ပြောရမှာဘဲ။ အိန္ဒိယပြည်မှာကတော့ သြဂုတ်လမှာ 'ဒိုမီနီယံ' အစိုးရ ဖြစ်သွားလျှင် သူတို့ အစိုးရ အဆင့်အတန်းဟာ ကျွန်တော်တို့ အစိုးရ အဆင့်အတန်းထက် မြင့်သွားမယ်။

သူတို့နယ်တွေမှာ ပေါ်လာမဲ့ တိုင်းပြည်ပြု လွှတ်တော်တွေမှာ အချုပ်အချာ အာဏာနှင့် ပြည့်စုံမဲ့ လွှတ်တော်တွေ ဖြစ်တယ်။ အဲဒီ တိုင်းပြည်ပြု လွှတ်တော်က ရေးဆွဲမဲ့ ဥပဒေတွေကို ချက်ခြင်း အတည်ဖြစ်အောင် လုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ အဲဒီလို အိန္ဒိယပြည်က တပန်းသာတာ ရှိမယ်။ အဲဒီနေရာမှာ (ဗမာပြည်) တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာ မရသေးဘူး။ အချုပ်အချာ အာဏာသဘော ဖြစ်တဲ့ အဆင့်အတန်းကိုတော့ ရပါတယ်။

အဲဒီတော့ ကျွန်တော်တို့ လွတ်လပ်ရေး ကိစ္စနှင့် ပတ်သက်လို့ ဖဆပလ အဖွဲ့ချုပ်ကြီးက ၁၉၄၆ ခု၊ ဇန်နဝါရီလမှာ ကျင်းပတဲ့ ပထမဆုံး ညီလာခံ သဘင်ကြီးက ဗမာပြည်ဟာ လုံးဝ လွတ်လပ်ရေး လိုချင်တယ်။ တခြား ဘယ်လို အဆင့်အတန်းမှ မလိုချင်ဘူးလို့ ဆုံးဖြတ်ခဲ့တာ သိတဲ့ အတိုင်းဘဲ။ လွန်ခဲ့တဲ့ မေလက ဖဆပလ ပြင်ဆင်မှု ပဏာမ ညီလာခံ သဘင်မှ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံ ထူထောင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တိုင်းပြည်ပြု လွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် တင်သွင်း ဆုံးဖြတ်ခဲ့တဲ့ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပြီးပြီ။ ဖဆပလ အဖွဲ့ချုပ်က အလုပ်လုပ်တာ အင်မတန် ရှင်းတယ်။ အဲဒီလို ဖြစ်တဲ့အတိုင်း လုံးဝ လွတ်လပ်ရေး ရအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အတိုင်း တိုင်းပြည်က သိတဲ့အတိုင်း တနှစ်အတွင်း လုံးဝ လွတ်လပ်ရေး ရအောင် လုပ်နေဒါဘဲ။ တနှစ်လဲ မစေ့သေးဘူး။ တနှစ် ဆိုသော်လည်း အလျော့အပေါ့ နည်းနည်းပါးပါး ရှိမယ်။

တိုင်းပြည်ပြု လွှတ်တော်က ဗမာပြည် လုံးဝ လွတ်လပ်ရေး ရအောင် မလုပ်နိုင်လို့ ရှိရင် ကတိဖျက်တယ် ပြောနိုင်တယ်၊ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရအောင် ကြိုးစားနေတယ်။ လုပ်ငန်းကို အောင်မြင်သည် မအောင်မြင်သည်ကို ယခုအခါ မပြောနိုင်သေးဘူး။ လုပ်ငန်း မပြီးသေးဘူး။ ခင်းဗျားတို့ ပြီးတဲ့ တနေ့မှာ အောင်သလား၊ မအောင်သလား တွေ့ရမယ်၊ ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို အဖွဲ့ချုပ်လဲ ဆိုတာ မြင်လာမယ်၊ ယခုအခါ ကြီးကြီးကျယ်ကျယ် မပြောလိုဘူး ဖဆပလ အဖွဲ့ချုပ်ဟာ သွေဖယ်ပြီး လုပ်တာ မရှိဘူး။ သို့သော်လည်း အဲဒီလို လွတ်လပ်ရေး ရအောင် လုပ်တဲ့ နေရာမှာ အလွယ်ဆုံး အကောင်းဆုံး အအေးဆုံးနည်းနဲ့ ရအောင် ကျွန်တော်တို့ လုပ်နေတယ် ကျွန်တော်တို့မှာ ဘာအပြစ် ပြောစရာ ရှိသလဲ။ ဘယ်သူတွေက ဘာကြောင့် အပြစ်တင်ရသလဲ အဲဒီလို လုပ်တဲ့ နေရာမယ်၊ ဖဆပလ အဖွဲ့ချုပ်က ဒိုမီနီယံဘဲ လက်ခံတော့ မလိုလို ပြောဆို ရေးသား နေကြတယ်၊ ခင်ဗျားတို့ တိုင်းပြည်က ယုံချင် ယုံနိုင်တယ်၊ မယုံချင် နေနိုင်တယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။

ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။ လွန်ခဲ့တဲ့ နှစ်မှစ၍ လွတ်လပ်ရေး စခန်း ဘယ်အထိ တက်လာသလဲ အစရှိ သဖြင့်အချက်အလက်တွေ မြင်ရမယ်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးမှာ တဆင့် တက်သလား၊ လွတ်လပ်ရေး လုပ်ငန်း တဆင့် တက်လာတာတွေ ရက်များ မကြာမီ မြင်ရမယ်၊ ကျွန်တော် ယခု အစိုးရနဲ့ ဟိုတုန်းက အစိုးရတွေကို ယှဉ်ကြည့်လျှင် မတူဘူး ဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲတယ်၊ အခု အစိုးရ အဖွဲ့ထဲမှာ လာဘ်စားတဲ့လူ မရှိဘူး၊ ယခင် အစိုးရတုန်းက တည့်တည့်လင်းလင်း ပြောရဲတယ် လာဘ်စားတဲ့ လူတွေ ရှိတယ်၊ ဒီလူတွေရဲ့ ပါတီ ပြန်လည် အာဏာရအောင် လုပ်နေတာကို တိုင်းပြည် အတွက် စေတနာ ပါသည် မပါသည် ဖြစ်စေ တိုင်းပြည်ရဲ့ ရန်သူနံပါတ် (၁) ဖြစ်တယ်။ခင်ဗျားတို့ ထောက်ခံရင် ခင်ဗျားတို့ လည်ပင်း ကြိုးကွင်းတပ်ရာ ရောက်မယ်။

ကျွန်တော်တို့ အစိုးရဟာ တိုင်းပြည်လူထု ထောက်ခံလို့ ဖြစ်လာတဲ့ အစိုးရ ဖြစ်တယ်၊ တိုင်းပြည် လူထုက မကြည်ညိုဘူးလို့ သိလာတဲ့ တနေ့မှာ တွယ်ကပ် မနေဘူး ထွက်ပေးမယ်၊ သို့သော် တနှစ်လောက် စောင့်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ ဘယ်လို လူစားလဲ ဆိုတာ သိမယ်။ ရာဇဝင်မှာ အဆဲခံမဲ့ လူစား မဟုတ်ဘူး ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိမယ်၊ လွတ်လပ်ရေးရတဲ့ အခါမယ် အခွင့်အရေး ပိုတာ ရှိမယ်၊ တာဝန်တွေ ပိုလာမယ်၊ ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်း အခါမှာ ဗမာပြည် ကာကွယ်ရေး အတွက် အင်္ဂလိပ်ရဲ့ တာဝန်ဘဲ၊ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ဗမာပြည် ကာကွယ်ဖို့ ဗမာတွေရဲ့ အဓိက တာဝန် ဖြစ်လာမယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။

တိုင်းပြည် ကာကွယ်ဖို့ ဗမာပြည်မှာ စစ်သားတွေ လိုလာမယ်၊ အဲဒီအခါ ဗမာတိုင်း အရွယ်ရောက်သူတိုင်း ကျန်မာရေးနဲ့ ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်၊ ခင်ဗျားတို့ တိုက်ချင်တိုက် မတိုက်ချင်လဲ တိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန် ကြေမယ်။ လွတ်လက်ရေး ရတဲ့အခါ ယိုးဒယားလို ဖြစ်ချင်သလား၊ တူရကီလို ဖြစ်ချင်သလား၊ အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား၊ ဆိုဗီယက် ရုရှားလို ဖြစ်ချင်သလား။ ဗမာပြည် လွတ်လပ်ရေးရတဲ့ အခါမှာ ပြန်လည် ထူထောင်ရေး စီမံကိန်းများကို အမျိုးမျိုးသော နည်းများဖြင့် လုပ်မှ ခပ်ရိုင်းရိုင်း ဗမာစကား ပြောရလျှင် အတော်ကို ပြဲအောင် ကျိုးစား လုပ်ကိုင်မှ အနှစ် ၂၀ လောက်ကြာမှ ဗမာပြည် တော်ရုံရောက်မယ် မလုပ်လို့ ရှိရင် ယိုးဒယားတောင် မှီမှာ မဟုတ်ဘူး။

အခြား လွတ်လပ်သော တိုင်းပြည်များ ခြေတလှမ်း လှမ်းလျှင် ကိုယ်က ခြေ ၄-၅ လှမ်း လှမ်းနိုင်မှ တော်ရုံရမယ်။ အဲဒီလို မလုပ်ရင် ဟိုလူလာလဲ မျက်နှာချိုသွေးရ ဒီလူလာလဲ မျက်နှာချို သွေးရ၊ ဖာသယ်နိုင်ငံ ဖြစ်မှာဘဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင် လုံ့လ ဝီရိယဖြင့် ကြိုးစား အားထုတ် လုပ်ကိုင်ဖို့ လိုတယ်၊ ဗမာရဲ့ စိတ်ဓာတ်ဟာ ကျွန်တိုင်းပြည် ဖြစ်သည့်အတိုင်း ပုသိမ်ဘက် လှေပြိုင်ပွဲ တပွဲမှာ မြင်ရသလို လှေတစင်းကို အနည်းငယ် နိုင်လိုက်၍ ပန်းသို့ မဝင်ရသေးခင် လှေတက်ကို မြှောက်သလို ဗမာ့ စိတ်ဓာတ်ဟာ အောင်မြင်ခြင်းသို့ မရောက်ခင် စိတ်ဓာတ် လျှော့ပေါ့တတ်မှု ရှိတယ်။ ဒီလို စိတ်မျိုး မထားဘဲ ရှုံးရှုံးနိုင်နိုင် မလျော့တမ်းလုပ်ဖို့ တည့်တည့်လင်းလင်း သတိပေးခဲ့မယ်။

ဗမာပြည်မှာ လူအမျိုးမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ပိုင်း ဖြစ်သော လက်ဝဲသမား အချင်းချင်း မကွဲဖို့ သတိပေးလိုတယ်။ နိုင်ငံရေးသမား ချေထိုးမှုကို ယောင်မှားသွားလို့ ရှိရင် ခင်ဗျားတို့ လွတ်လပ်ရေး မရဘဲ အိန္ဒိယပြည်လို အင်္ဂလိပ် ပေးသမျှ မယူဘဲ မနေနိုင် ဖြစ်လိမ့်မယ်၊ ပြန်လည် ထူထောင်ရေးနှင့် ပက်သက်၍ ဗမာပြည်ဟာ မိအေး နှစ်ခါနာ ဆိုသလို စစ်ဒဏ် နှစ်ကြိမ်ခံခဲ့ရသည့် အတွက် ကူးသန်း ရောင်းဝယ်မှုများ ပျက်စီးခဲ့တယ်၊ ဗမာပြည်မှာ စားကုန် သောက်ကုန် အသုံးစရိတ် ကြီးမြင့်ခြင်းဟာ ခင်ဗျားတို့ ဘုံးပေါလအော သုံးမှုကြောင့် ဖြစ်တယ်။ ခြိုးခြံ သင့်တာ ခြိုးခြံ ကိုယ့်အိမ် စိုက်စားသင့်တာ မစားဘဲ နိုင်ငံခြား သွင်းကုန်ပေါ်မှာ မှီစားသည့် အတွက် ဈေးကြီးတယ်၊ ပုဂ္ဂိုလ် တဦးတယောက် ဖောက်ပြန်တာလဲ ရှိမယ်၊ အဖွဲ့ အနေနှင့် ဘယ်တော့မှ မလုပ်ဘူး၊ ဖဆပလ အဖွဲ့ချုပ်မှ စေတနာကောင်းဖြင့် လွတ်လပ်ရေး ရုပ်လုံးဖော်ရာမှာ အကောင်းဆုံးနည်း အအေးဆုံးနည်းနှင့် လုပ်နေတယ် နောက်ဆုံး အေးအေးဆေးဆေး နည်းနှင့် မရလျှင် ရတဲ့နည်း လုပ်မယ်လို့ ပြောခဲ့ပြီ လွတ်လပ်ရေး လိုချင်ရင် လွတ်လပ်ရေးရတဲ့ စည်းကမ်း ညီညွတ်မှုတွေကို ထိမ်းသိမ်းထားပါ၊ ထူထောင်မှုကို လုပ်ကြပါ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာ ကိစ္စအတွက် အလုပ်လုပ်တဲ့ နေရာမှာ စည်းကမ်းရှိဖို့၊ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ စောက်ကျင့်တွေ ပြင်ဖို့ လိုနေပြီလို့ ကျွန်တော် ပြောခဲ့မယ်။

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူး၊ ဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်၊ အချိန်မရလို့ မရှင်းနိုင်ဘူး အဲဒီတော့ ခင်ဗျားတို့ သေသေချာချာ သတိထားစေချင်တာက ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့လဲ ဆိုတာ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်၊ လူတွေကိုလဲ ရာဇဝင်နဲ့ ပြန်ကြည့်စေချင်တယ်။ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မာတိကာကို တင်၍ စဉ်းစားကြပါ၊ ဘယ်လို လူတွေ ဘယ်လို အဖွဲ့တွေ ဆိုတာ တွေ့လာရမလဲ။

( ပါလီမန် ဒီမိုကရေစီ ပါတီ၊ က နေ ရှာဖွေထုတ်ပြန်တင်ပြတာကို ပြန်လည် ကူးရေးတာပါ။ နောက်ပြီးတော့ ဗိုလ်ချုပ်ရဲ့ စကားမိန့် ခွန်းက ခုခေတ်နဲ့ ကိုက်ညီမှု ရှိနေသေးပါတယ်။ )
အေးကျော့မေhttp://www.shwemyotaw.com/profiles/blogs/5442636:BlogPost:672841