ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, August 30, 2014

အမြင်ကိုပြောင်းလဲကြည့်လိုက်ပါ

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”
=====================

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်

စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။

သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို

ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနား

ခံယူခဲ့ပါတယ်။

ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။

လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီး
သူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ 
တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။

ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။

အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို စည်ပိုင်းလိုက်ကို

ဝယ်ထားပါတော့တယ်။

ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကို

အစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို ညွှန်ကြားထားလိုက်ပါတော့တယ်။

ရက်အနည်းငယ်လောက်အကြာမှာ ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။

အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီး

ဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။

ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ မျက်စိဝေဒနာ

ပြန်မဖြစ်ရလေအောင် အခြားသောအရောင်တွေကို မမြင်စေလိုတဲ့အတွက် ကြောင့် ပါတဲ့။

အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….
အကယ်လို့ သာ မင်းဟာ အစိမ်းရောင် မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်
ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ 
တခြားသော ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင် ခြယ်သနေစရာ မလိုတဲ့အတွက်
အကုန်အကျတွေလည်း မများတော့ဘူး။

ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့  ခက်ခဲစွာ ဆေးလိုက်ခြယ်မယ့်အစား
မင်းအမြင်ကိုသာ ပြောင်းလဲလိုက်ပါ
အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို ပြောင်းလဲလာမှာပါ…

Credit - Original Writer

ပျော်ရွှင်ခြင်းပူစီဖောင်းများ

ပျော်ရွှင်ခြင်းပူစီပေါင်းများ ။
---------------------------
တခါက ဟောပြောပွဲ တစ်ခုမှာ လူ ၅၀၀ လောက် တက်ရောက်နေတယ်။ဟောပြောသူက အုပ်စုလိုက် လှုပ်ရှားမှု လုပ်ဖို့ ပြောပြီး အစီအစဉ်ကို ခန ရပ်လိုက်တယ်။ ပြီးတော့ လူတစ်ယောက်ကို ပူစီပေါင်း တစ်လုံးစီ ဝေ ပေးပြီး အဲဒီအပေါ်မှာသူတို့ နာမည်ကို ( Marker Pen ) နဲ့ ရေးခိုင်းတယ်။ပြီးတော့ ပူစီပေါင်းတွေ ကိုယူပြီးတခြားအခန်း တစ်ခုထဲထဲ့လိုက်တယ်။
အဲဒီနောက် လူတွေကို ပူစီပေါင်းတွေ ရှိတဲ့ အခန်းထဲကိုသွားပြီး
၅မိနစ် အတွင်းမှာ မိမိရဲ့ နာမည်ပါတဲ့ ပူစီပေါင်းကို ရှာခိုင်းတယ်။
အားလုံးက ကိုယ့်နာမည်ပါတဲ့ ပူစီပေါင်းကို အမြန်ရှာကြတာပေါ့ ။
တစ်ယောက်နဲ့ တစ်ယောက်တိုက်မိကြ လဲကျကြ နဲ့ ရှုပ်ရှက် ခတ်ပြီး
အခန်းထဲမှာ အတော့်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။

အချိန်၅မိနစ်သာစေ့သွားပေမဲ့ ဘယ်သူမှ ကိုယ့်ရဲ့ပူစီပေါင်းကို
ရှာမတွေ့ဘူး။
အဲဒီနောက်မှာ ဟောပြောသူက ကိုယ့်အနီးအနားမှာရှိတဲ့ နာမည်ပါတဲ့
ပူစီပေါင်းတစ်လုံးကိုကောက်ယူပြီးနာမည်ကို အော်ခေါ်ပြီး
ပူစီပေါင်းပိုင်ရှင်ကိုရှာပြီး ပေးလိုက်ပါလို့ ပြောတယ်။
အဲဒီအတိုင်း လုပ်ကြတဲ့အခါ မိနစ်ပိုင်းအတွင်းမှာပဲ
လူတိုင်းဟာ ကိုယ့်နာမည်ပါတဲ့ပူစီပေါင်းကို ကိုယ်စီကိုယ်ငှ ရသွားကြတယ်။
အဲဒီတော့မှ ဟောပြောသူက ဆက်ပြောတယ်။ကျွန်တော်တို့ဘ၀မှာလဲ
အခုလိုပါပဲ။လူတိုင်းဟာ ပျော်ရွှင်မှုကိုမိမိ ဘေးပတ်ဝန်းကျင်မှာအသည်းအသန်
လိုက်ရှာနေကြပေမဲ့ ဘယ်နေရာမှာ ရှိနေမှန်း မသိကြဘူး။
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ သူတစ်ပါးရဲ့ ပျော်ရွှင်မှု အထဲမှာ
တည်ရှိနေတာပါ ။သူတစ်ပါးကို သူတို့ရဲ့ပျော်ရွှင်မှု အရင် ပေးကမ်းလိုက်ပါ။
ဒါဆိုရင် သင့်ကိုယ်ပိုင် ပျော်ရွှင်မှုကို အလိုလို ရရှိ လာပါလိမ့်မယ်။
ဒါဟာ လူ့ဘ၀ရဲ့ ရည်ရွယ်ရာ၊ပျော်ရွှင်မှုကို ရှာဖွေရယူခြင်း ပါပဲ။
Credit > > >Fireflies

ခြင်းတောင်းထဲကကြက်

ခြင်းတောင်းထဲကကြက်။ (ပါရဂူ)
--------------------------------
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကြပ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။
ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။
အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။
တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။
---------------------
creditး ဆရာ ပါရဂူ

ပန်းစိုက်တယ်ဆိုတာ

ပန်းစိုက်ရခြင်းအကြောင်းရင်း ( နိုင်းနိုင်းစနေ )
-----------------------------------
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။
ဆရာတော်ဘုန်းဘုန်းဟာ ဘုရားတရားအားထုတ်ပြီး အားရင် ပန်းစိုက်တာနဲ့ပဲ အချိန်ကုန်နေလေ့ရှိတယ်။
တစ်နေ့မှာ ဆရာတော်ဘုန်းဘုန်းဟာ တခြားနေရပ်တစ်ခုကို ကြွဖို့အကြောင်းပေါ်လာတယ်။
မကြွခင် ပန်းတွေကိုသေချာစောင့်ရှောက်ဖို့ ကိုရင်လေး တွေကို မှာခဲ့တယ်။
ကိုရင်လေးတွေကလည်း ပန်းကို သေသေချာချာစောင့်ရှောက်ကြပါတယ်။
ဒါပေမယ့်တစ်ရက်မှာကိုရင်လေးတွေ ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိသွားတယ်။
သစ်ခွစင်ပြိုကျပြီး သစ်ခွအိုးတွေ ကွဲကြေကုန်ရော။
ဆရာတော်ဘုန်းဘုန်း အင်မတန်နှစ်သက်တဲ့သစ်ခွပန်းတွေ ကျိုးကြေကုန်လို့ ကိုရင်လေးတွေလည်းအရမ်းထိတ်လန့်သွားကြတယ်။
ဆရာတော်ပြန်လာချိန်မှာ တောင်းပန်ပြီး ပေးတဲ့အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်ကြတယ်။
ဆရာတော်ဘုန်းဘုန်း ပြန်ရောက်တဲ့အခါ ကိုရင်လေးတွေက အကျိုးအကြောင်းလျှောက်တင်ကြတယ်။
သူတို့ ကိုထိုက်သင့်တဲ့ အပြစ်ပေးပါ လို့ လျှောက်ကြတာပေါ့။
ဆရာတော်ဘုန်းကြီးက သူတို့ကို စိတ်မဆိုးတဲ့အပြင်
"ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဆရာတော်ဘုန်းဘုန်းမိန့်တာ အဓိပ္ပာယ်ရှိပါတယ်။
“ စိတ်ဆိုးဖို့၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။"
ဆရာတော်ဘုန်းဘုန်းက သစ်ခွပန်းကြိုက်တယ်ဆိုတာမှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွပန်းဆိုတဲ့အစွဲအလန်း မထားဘူး။
ဒါကြောင့် သစ်ခွပန်းရှိတာနဲ့ သစ်ခွပန်း ဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ဒါမှမဟုတ် ဒေါသထွက်အောင် မပြောင်းလဲစေနိုင်ဘူး။
နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများတယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ကြတယ်။
ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်နိုင်ကြဘူး။
(တကယ်ဆိုရင် )
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
“ စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင်
ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်ကြမယ်။
---------------------------------------------------------------------
credit to မူရင်းစာရေးဆရာနှင့် ဘာသာပြန်သူ ဆရာမ နိုင်းနိုင်းစနေ
ပန်းချီပုံကို Google Search မှကူးယူပါတယ်။
* ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ရေးသားတဲ့ ( သတ္တိရှိသော ပထမခြေလှမ်း )စာအုပ်ထဲက
( စိတ်တို ၊ ဒေါသဖြစ်ဖို့ ) ဆောင်းပါးမှ ထုတ်နှုတ်ဝေမျှပါတယ်။* ( Fireflies )

အဖြူလား အမဲလား

အဖြူလား? အမည်းလား?
===============
ကျနော်မူလတန်းတုန်းကပေါ့….
အတန်းထဲကသူငယ်ချင်းတစ်ယောက်နဲ့ အကြောင်းအရာတစ်ခုကို အပြင်းအထန်ငြင်းခုန်နေခဲ့ကြတယ်…။ ကျနော်တို့ငြင်းခုန်နေခဲ့တဲ့ အကြောင်းအရာကို မမှတ်မိတော့ပေမယ့်.. အဲ့ဒီနေ့ကရခဲ့တဲ့ သင်ခန်းစာကိုတော့ ကျနော့်တစ်သက် မမေ့နိုင်ခဲ့ပါဘူး..။
အဲ့ဒီနေ့က ကျနော်ကကျနော်ဘက်ကအမှန်၊ သူ့ဘက်ကအမှားလို့ လက်ခံယုံကြည်ထားသလို သူငယ်ချင်းကလည်းသူ့ဘက်ကသာအမှန်၊ ကျနော်ကအမှားလို့ အခိုင်အမာယူဆထားကြတယ်…။
ဒါကိုဆရာမကသိတော့ …ကျနော်တို့ကိုဆုံးမချင်တာနဲ့ အတန်းရှေ့ ကိုခေါ်ထုတ်လိုက်တယ်…။ ကျနော်နဲ့ သူငယ်ချင်းကို ဆရာမကသူ့စားပွဲခုံတစ်ဖက်စီမှာနေရာယူခိုင်းလိုက်တယ်..။

ဆရာမရဲ့ စားပွဲပေါ်မှာတော့ အတော်သင့် ကြီးမားပြီးလုံးဝန်းတဲ့ အရာဝတ္ထုတစ်ခုကိုတင်ထားတယ်…။ကျနော် ရှင်းရှင်းလင်းလင်းကြီးမြင်နေရတာပဲ…အဲ့ဒါဟာအမည်းရောင်ဆိုတာ…။ ဆရာမကဒါဘာအရောင်လဲမေးတော့ ယုံတောင်မယုံနိုင်အောင်ပဲ တစ်ဖက်ကသူငယ်ချင်းကအဖြူရောင်ပါလို့ ဖြေလိုက်တယ်…။ အဲ့ဒီမှာပဲကျနော်နဲ့ သူငယ်ချင်းအဖြူအမည်းအငြင်းအခုန်သစ်တစ်ခုပါ ထပ်တိုးလာတယ်…။
ဒီတော့ဆရာမကဆက်မငြင်းဖို့တားပြီး ကျနော်နဲ့ ကျနော့သူငယ်ချင်းကိုနေရာချင်းလဲဖို့ပြောတယ်…။ ကျနောလည်းသူ့နေရာသွား သူလည်းကျနော့နေရာလာတယ်..။ ကျနော်တို့လည်းနေရာလဲပြီးရော ဆရာမကဒီအရာဝတ္ထုရဲ့  အရောင်ကိုထပ်မေးပြန်တယ်…။ ကျနော်လည်းဖြေဖို့ အရာဝတ္ထုကိုကြည့်လိုက်တော့ အဲဒါဟာတစ်ဖက်စီမှာမတူတဲ့အရောင်သုတ်ထားတာကိုး…။ ကျနော့ဘက်မှာအမည်းရောင်ဖြစ်ပြီးသူငယ်ချင်းဘက်မှာကအဖြူရောင်ဖြစ်နေတာ…။ ဒီတော့မှ ဆရာမကဆုံးမတယ်…
“သားတို့… ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်တစ်ဖက်သတ်ဘက်ကအမြင်မှန်တယ်ဆိုတိုင်းကိုယ်မှန်တယ် သူမှားတယ်လို့ မဆုံးဖြတ်သင့်ဘူး…ဒီပြဿနာကိုပဲသူ့ဘက်ကဘယ်လိုရှုမြင်တယ်…ဘယ်လိုခံစားတယ်ဆိုတာကိုလည်းဝင်ကြည့်သင့်တယ်…။ ကိုယ်ချင်းစာကြည့်သင့်တယ်…”
လို့…တစ်သက်စာတန်ဖိုးရှိတဲ့ အဆုံးအမပေးခဲ့တယ်…။ ။
ဦးသုည… စကားလုံးဖလှယ်သည်…။