ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label ဟာသများ. Show all posts
Showing posts with label ဟာသများ. Show all posts

Saturday, November 8, 2014

နာလည်းနာသေး နံလည်းနံသေး

တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်းခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသ အကြီးအကျယ်ထွက်ကာမောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန် ရုံးတင်စစ်ဆေးဖို့ အကြောင်း ဆရာတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဖာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကားအား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ မခံချိမခံသာ ဖြစ်ကြရလေသည် ။
မဟုတ်သေးပါဘူး ၊ ဆရာတော်ဘုရား ။ သည်လိုမျိုးသံဃာတော်အပေါ်ကို ကာယကံမြောက်
စော်ကားတဲ့ ငမိုက်သားကို ထိရောက်တဲ့ ဒဏ်ခတ်မှု့ မျိုးတော့ပြုသင့်ပါတယ်ဘုရား ။
အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ ဟာ တပည့်တော်တို့ ရုံးတွင် အမှု့ ဖွင့်ချင်ပါတယ် ဘုရား ... ။
"သည်းခံကြပါ ဒကာတို့ ရယ် ။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကို
လက်ကိုင်ထားကြပါ။ အမှု့ အခင်းတစ်ခုဖြစ်တယ်ဆိုရင် အင်မတန်မှ
အလုပ်များတယ်လို့  လောကီလူသားတွေ ပြောကြဆိုကြတာကို
ဘုန်းကြီးကြားပါတယ်။အမှု့ အခင်း တစ်ခုဖြစ်လာရင် အသိသက်သေတွေဆိုတာ
ရုံးကဆင့်ခေါ်လို့ မပျက်မကွက်သွားရပါလိမ့်မယ် ။
အဲဒီမှာ အဓိကကျတဲ့ ဘုန်းကြီးဟာလည်းရုံးတော်က ဆင့်ဆိုရင် မကြွမဖြစ်
ကြွရမှာအမှန်ပဲ။ အဲသည် အခါကျရင် ဘုန်းကြီး မမြင်လို ၊ မတွေ့ လိုတဲ့
ငသာဝရဲ့ မျက်နှာကို တွေ့ ရဦးမယ် ။
ဘုန်းကြီးအဖို့  ငသာဝလို ငမိုက်သား မျိုးကို
မြင်လည်းမမြင်လိုဘူး။အသံလည်း
မကြားလိုဘူး။သည်လိုငမိုက်သားမျိုးဆိုတာ
သည်ဘ၀မှာပဲ လူ့ အဖြစ်ကိုရတာပါ။ တမလွန်ရောက်ရင်ဖြင့် လူ့ ပြည်မှ
ဖဲကြဉ်ပြီး ငရဲကို ဇောက်ထိုး တန်းကျမှာ သေချာတယ်။
အဲသည်လို ငရဲကို ကျိန်းသေဧကန် တန်းကျမယ့် ငမိုက်သားကို ဘာ့ကြောင့်များ
ရန်လုပ်လိုကြသေး တာလဲကွယ်။သူ့ ထိုက်နဲ့ သူ့ ကံ ရှိပါစေတော့ ။ ကျေကြပါတော့
ဒကာတို့ ရယ်"
"ဆရာတော် ပြောတာလည်း ပြောတာပေါ့ ဘုရား။ တပည့်တော်တို့ ကတော့
ကိုယ့်ဆရာအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ငသာဝအပေါ် နည်းနည်းကလေးမှ
မကျနပ်နိုင်ပါဘူး ဘုရား။ အသည်းတဆတ်ဆတ် နာလှပါတယ်ဘုရား ။
"အင်း...ဒကာတို့ မှာ တော့ နာရုံသာ နာပါတယ်။ဘုန်းကြီးမှာတော့
တရားလည်းဟောရသေး။သေနတ်လည်းအပစ်ခံရသေးဆိုတော့
'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလိုဖြစ်နေပြီကောကွယ်"
"အရှင်ဘုရား ... အဲသည် 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ့ စကားဥပမာလေးကို
ရှင်းလင်းဟောကြားပေးတော်မူပါဘုရား။"
တပည့် ဒကာ၊ဒကာမ အပေါင်းက လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်သည်လည်း
စကားဥပမာ ထင်လင်းစေရန် ပုံပြင်တစ်ပုဒ်ကို ထုတ်နုတ်ပြောဆို
လေတော့သည်။ရှေးအခါက တောရွာတစ်ရွာတွင် အဘိုးကြီး၊ အဘွားကြီး လင်မယားသည်
အကြောင်းကိစ္စ တစ်ခုဖြင့် ခွန်းကြီးခွန်းငယ် စကားများ သတ်ပုတ်ကြရာမှ
ဒေါသကို မထိန်းနိုင်ဘဲ လုံးထွေး သတ်ပုတ်ကြလေသည်။ ထိုသို
့လုံးထွေးသတ်ပုတ်ကြစဉ် တစ်ယောက်နှင့်တစ်ယောက်
မိရာလှမ်းဆွဲ၊ကုပ်ဖဲ့၊ကိုက်ခဲကြရာ အဘိုးကြီးသည် အဘွားကြီး၏ ပေါင်ခြံကို
ကိုက်မိလေသည်။ အဘွားကြီးကလည်း အဘိုးကြီး၏ ကျောကုန်းကို
တံတောင်ဖြင့်ဆောင့်၍ ထောင်းတော့သည်။
ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အိမ်နီးနားချင်းများ ရောက်ရှိလာကြကာ
အဘိုးကြီးကိုလည်းကောင်း၊
အဘွားကြီးကိုလည်းကောင်း ဆွဲလွဲ၍ ဖျန်ဖြေပေးလိုက်ကြလေ၏ ။
ညဘက်သို့ ရောက်လေသော် အဘိုးကြီးနှင့်အဘွားကြီးလည်း
စိတ်အနည်ထိုင်စပြုပြီဖြစ်၍ အဘွားကြီးကပင် စတင်စကားစလိုက်လေသည်။
"အဘိုးကြီးနှယ်တော် ... သွားတွေအပြည့်အစုံမရှိပေလို့ ဘဲ။
ကျုပ်ပေါ်င်သားတွေ ပြတ်ကျမလားတောင် မသိဘူး။နာလိုက်တာမှ တစစ်စစ်နဲ
့။အကွင်းကြီးကို ဖြစ်လို့ ။ဆန်ကွဲထောင်းပြီး အုံမှဖြစ်မယ်။"
ထိုအခါ အဘိုးကြီးက
"အောင်မာ ...မယ်မင်းက နာရုံသာ၊နာတာပါကွယ်။ကျုပ်မှာ ကျောပြင်တစ်ခုလုံး
အောင့်လောက်အောင် နာနေတယ်။သံတူရွှင်းနဲ့  ထောင်းသလးတောင်
အောက်မေ့ရတယ်။ကျုပ်မှာတော့ မယ်မင်းရဲ့ ပေါင်ခြံကို ကိုက်မိလို့ 
ကျောပြင်တစ်ခုလုံး နာလည်းနာတဲ့အပြင် ၊ နှာခေါင်းတစ်ခုလုံးဟောင်နေအောင်ကို
နံလည်းနံသေးဗျာ.။"ဟူ၍ ပြောလိုက်လေ၏ ။
ပုံပြင်ကလေး အဆုံးကတော့ ဆရာတော်ကြီးက
"အဲသည် ပုံပြင်ဥပမာလိုပေါ့ကွယ် ။ တပည့်တော်တို့ မှာ ကိုယ့်ဆရာတော်အတွက်
နာရုံသာ နာတာပါ။
ဘုန်းကြီးမှာတော့ဖြင့်လား 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုသလို ဖြစ်နေပြီကွယ့်"
ဟူ၍ ပြောဆိုလေရာ ဒကာ၊ ဒကာမ အပေါင်းမှာလည်း ရှေ့ နောက်ဆင်ခြင်တွေးတောလျက်
ဒေါသအရှိန်များလျော့ပါးသွားပြီး ပြုံးပြုံးရယ်ရယ် ဖြစ်သွားကြလေသတည်း...........။ ။
(မမ) မှကူးယူဖော်ပြသည်။

ဘာသာပြန်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHFZW0S3TUT04PTYIIyPZqWozviZrUlq6t5_2W6a7VZoVMieCkucvnffTG9HN39E4e1Wil0QhHBbegBsCfHBU9pZsBd8-CwrqVLBj51_SWJMVHOeCrj3m6qXgiS9DLvkNGZ89rcBCeQzg/s1600/1383586_10151696015417358_1934393596_n.jpg
မိန်းမ ။ ။ ကိုရေ ကနေ့ သူငယ်ချင်းများ တွေ့ဆုံပွဲ
တက်ရမယ်တဲ့ အခုမှ သိရတာ။
အဲ့ဒါ နေ့လည်စာကိုအဆင်ပြေသလိုစားလိုက်
တော့နော်
ယောင်္ကျား။ ။ ဟင် ဟုတ်လား။ ရပါတယ်ကွာ။ တစ်ခါတစ်လေပဲ
မိန်းမ ။ ။ ကနေ့တစ်ရက်ပါ ကို ။ ငါးသေတ္တာတွေ ရှိတယ်


ရယ်ဒီမိတ်ပဲ ဟာ ရတယ်နော်။
ယောင်္ကျား။ ။ ကိုအဆင်ပြေသလိုစားလိုက်တော့မယ် ။ ကိုအတွက်
မပူနဲ့နော်။
ညနေရောက်သော်-တွေ့ဆုံပွဲသွားပြီး ပြန်လာသော မိန်းမ မှ
မိန်းမ ။ ။ ကို ရေ ငါးဟင်းနဲ့ စားကောင်းရဲ့ လား
ယောင်္ကျား။ ။ဟာ စားရတာ အရမ်းကောင်းတယ် ။
ဒါပေမယ့် ကိုယ့်ခြေထောက်တွေပူသွားတယ် ။
အရည်ကြည်ဖုတောင်ထနေတယ်။
မိန်းမ ။ ။ ဟင် ဘာဖြစ်လို့လဲ ။ ဘယ်လိုလုပ်ပြီး
စားလိုက်လို့လည်း။အညွန်းစာပါတယ်လေ။
ယောင်္ကျား။ ။ ကိုလည်း ဗူးမှာ ပါတဲ့ အညွှန်းအတိုင်းလုပ်စားတာပဲလေ။(ငါးသေတ္တာကိုဖွင့်ရေပူထဲမှာ ငါးမိနစ်ရပ်)
“ Open tin and stand in hot water
for five minutes ‘’ လို့ ရေးထားတာပဲ။
မိန်းမ ။ ။ ဟောတော်။
Credit-လမင်း(shwelaminlay)

အကြံအစည်(ဟာသ)

ရှုပ်တယ်ကွာ သမ္မတနဲ့အစိုးရကို ဒီလောက်ဖြုတ်ချချင်နေကြတာ
ရှိသမျှ အကုန်လုံးကိုရှင်းထုတ် ....
အလားအလာရှိတဲ့လူငယ်တွေနဲ့ သွေးသစ်လောင်းမယ်
ဇေယျာသော် သမ္မတ တက်လုပ်  .....
သဇင်နဲ့မိုးဟေကို ကို သမ္မတအကြံပေးလုပ်ခိုင်း .....

ရသ က အမတ်အနေနဲ့ဝန်းရံ
ဂျောက်ဂျက်လက်ထဲ စစ်တပ်ကိုထည့်လိုက်
Dဖြိုးက မူးယစ်နှိမ်နင်းရေးမှာ တာဝန်ယူ
အိန်အိမ်းကို ယဉ်ကျေးမှုဦးစီးဌာနမှာ ဦးစီးမှုးခန့်ထားလိုက်
ဗီဗာဟိန်းကို အနုပညာဦးစီးလုပ်ငန်းကို ဦးဆောင်ပစေ
ထက်ထက်မိုးဦးကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ၀န်ကြီးအဖြစ်ထား
မီဒီယာနဲ့ ထိပ်တိုက်တွေ့ပစေ(ပါးချည်းဘဲကွဲအောင်ချ)
စန္ဒီမြင့်လွင်ကို နိုင်ငံခြားရေးဝန်ကြီးခန့်ထား
ငါ့မိန်းမကို အမေရိကန်သံအမတ်ဖြစ်ခန့်လိုက် ဟိုမှာ
တာဝန်ထမ်းဆောင်ပစေ ကလေးတွေပါ ထည့်လွှတ်လိုက် တော်တော်နဲ့ပြန်မလာစေနဲ့
တရုတ်တန်းကAh boy က မြစ်ဆုံနဲ့ကြေးနီတောင် စီမံကိန်းတွေ စစ်ဆေးဖို့
ကော်မရှင်မှာ ဥက္ကဌလုပ်
မင်းအုပ်စိုးက ယဉ်စည်းကမ်းထိမ်းသိမ်းရေး ကော်မတီမှာကြီးကြပ်
ယုန်လေးကိုတော့ တိရိစ္ဆာန်ရုံမှာပဲအစောင့်ထား
အဲ့ဒီကောင် ငါ တစ်စက်ကလေးမှ ကြည့်လို့မရဘူး
ဖြစ်နိုင်ရင် ကျားတွေ ခြင်္သေတွေကို သန့်ရှင်းရေးလုပ်ခိုင်း..
သြော် ဒါနဲ့ စစ်ကိုင်းရဲမှုးကိုတော့ မဖြုတ်ပစ်နဲ့
သာသနာရေးဝန်ကြီးအဖြစ်နဲ့ ဌာနပြောင်းလိုက်
သူ့အောက်ကသူတွေကိုတော့ နူကလီးယားစက်ရုံဓါတ်ခွဲခန်းမှာ
ကျွမ်းကျင်ပညာရှင်အဆင့်နဲ့ ပြောင်းပေးလိုက်
သက်မွန်မြင့်ကိုတော့ ဒီနေ့ည ငါ့ဆီလွှတ်လိုက်
ချင်းပြည်နယ်တိုးတက်ကောင်းစားစေဖို့အတွက်
ငါ့အိမ်မှာ တံခါးပိတ် အစည်းအဝေးပွဲ ရှိတယ်.း)
ရဲတိုက်နဲ့ ဘာဘူကိုတော့ လူမျိုးရေးတွေကိုဖြေရှင်းခိုင်း
နောက်နေ့ညမှာ အယ်လ်ဆိုင်းစီကို လွှတ်လိုက်..
ကြားဝင်ဖိုရှိတယ် .
ငါတို့နဲ့.ကေအိုင်အေ ကြား ကြားဝင်စေ့စပ်ညှိနှိုင်းဖို့ သူ့ကိုတာဝန်ပေးရမယ်...
အဲ့ဒါလည်းအရေးကြီးတယ်
လောလောဆယ်ငါကြံတာ ဒါအကုန်ပဲ။ ကျန်တာ မင်းတို့ ဘယ်ကောင်ကို
ထည့်ချင်သေးလဲ အမျိုးတွေရှိရင် စာရင်းလုပ်ထား
ရန်မဖြစ်နဲ့ ခွက်မလုနဲ့
ကြည့်ကြပ်လုပ်လိုက်ကြ..
ငါသေချာ စီမံအကွက်ချထားတာ
တိုင်းပြည် သေချာပေါက် ကောင်းစားမယ်။     ။
Credit-*ဆောင်းကဗျာ*

ဟာသမှတ်စု

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1e4qqH6GcB1LTis50Ev0efIN8fHS6jbHC5dj5tyTeTUtB6nqkohVWY3NKEBkQyjAHre4r7seUgC5yPyWQZuxkbj2tPqg2ftM_JyhQ4HaWvdydVxJb7VRIAJIZv3-Ge_OBLK_ZjZQKV0s/s1600/10421118_581651988634950_2050396721977059747_n.jpg
မပြောတော့ပါဘူး ..
"ပြတိုက်သို့  လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီးနောက် အတန်းသူ အတန်းသားများကို ဆရာမက မေးသည် ။
" ပြတိုက်ထဲမှာ ဘာကို အကြိုက်ဆုံးလဲ... မောင်ဖြူဖြေကြည့်စမ်း.."
" အလှဘုရင်မရဲ့  ရုပ်တု ပါ.."


" ဟုတ်ပြီရုပ်တုရဲ့  ဘယ်အပိုင်းကိုလဲ..."
" ရင်သားနဲ့  ချက်အပိုင်းပါ "ကျောင်းသားလေးအဖြေကြောင့် ဆရာမ စိတ်ဆိုးသွား၏
" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."
" ကိုင်း..မောင်နီမင်းကကော ဘာကို အကြိုက်ဆုံးလဲ.."
" နတ်သမီး ရုပ်တု ပါပဲ "" ဘယ်အပိုင်းကိုလဲ.."
" တင်ပဆုံပိုင်းပါ.."
" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."
" ကိုင်း မောင်ဝင်း..မင်းကော ဘာအကြိုက်ဆုံးလဲ.."
" မပြောပါရစေနဲ့ ဆရာမ...ကျနော် အခန်းထဲက အခုပဲ ထွက်သွားပါမယ်.."
______________________________
______________________

ငါ့သားတော်လိုက်တာ
သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့ သူ့ကိုကြက်တွေ အရင်ယူသွားခိုင်းတာပါ ။ကောင်လေးလဲအဖေ့ရဲ့ ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ် ။ဒါပေပမယ့်ကံဆိုးစွာပဲ ရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေ ထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကို ရပ်ကွက်တခွင်ပြဲပြဲစင်အောင် လိုက်ဖမ်းရင်း မိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊ ဒါနဲ့ကြက်ခြင်းကို အဖေ့ကိုပေးပြီး လမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့ ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီးသူ့သားကိုပြောလိုက်
တာက
"တော်လိုက်တဲ့ငါ့သား အဖေပေးလိုက်တဲ့ကြက်၇ကောင်ကို  နေ့ခြင်းပွါးအောင် လုပ်ပြစ်လိုက်နိုမင်းတော်တယ်"
_______________________________________


လူတစ်ယောက် စိတ်ကျရောဂါ ဖြစ်နေတာကို
ဆရာဝန်က အကြံပေးနေတယ်
"အိပ်ရာဝင်တဲ့အခါ ပြဿနာကို ဖယ်ထုတ်ထားနှိင်ရင်
အကောင်းဆုံးပဲဗျ"" ဟာ.....အဲ့ဒါတော့ မဖြစ်နှိင်ဘူး ဒေါက်တာ
ဘာဖြစ်လို့ တုံး
ကျနော့်မိန်းမက ဘယ်တော့မှ တစ်ယောက်ထဲ မအိပ်ဘူးဗျ"
____________________________________


နိုင်ငံတော် လှိုဝှက်ချက်

ပြင်သစ်နှိင်ငံသားတစ်ယောက် စကာပြန်တဦးနှင့် နေပြည်တော်သို့  သွားလည်သည်-သွားရာလမ်းတွင် စစ်ကားတန်းကိုတွေ့သွားပြီးမြန်မာလိုတတ်ချင်သော ပြင်သစ်ကြီးက
လက်ညှိုးထိုးပြီး သူ့ကိုမြန်မာလိုဘယ်လိုခေါ်လဲ ဟုဘေးနားမှ ဂိုက်အားမေး၍ သူ၏မှတ်စုစာ အုပ်ကိုဖွင့်ကာ သူ့ဘာသာစကားဖြင့်ရေးမှတ်လိုက်ပါတယ်
တစ်ခါဈေးနားသို့ ရောက်ရာ တောင်းစားနေသူအားတွေ့ပြီး ထပ်မေးကာ မှတ်ထားလိုက်ပြန်ပါတယ် ။ တခါ ခေါင်းပေါင်းစနှင့် လျွှတ်တော်အမတ်များတွေ့ ပြန်တော့ ဗမာလိုမည်သို့ ခေါ်ကြောင်းမေးမြန်သည်။
နောက် ပိုင်းဘုရားပေါ်မှဆင်း ဈေးတန်းကလေးမှာ လမ်းလျှောက်တုန်း လူတစ်စုဝိုင်းဖမ်းထားတဲ့ လူတစ်ယောက်ကို ထပ်တွေ့ ထပ်မေး ထပ်မှတ် လိုက်ပါတယ်။ ဒါနဲ့ပဲ လမ်းလျှောက်တာမောလို့ ထင်ပါရဲ့သစ်ပင်အောက်ကခုံတန်းလေးမှာထိုင်ရင်း လမ်းသွားလမ်းလာလူတွေကို လိုက်ကြည့်နေတယ်။ ခဏကြာတော့ ပျင်းလာပြီး သူရဲ့မှတ်စုစာအုပ်လေးဖွင့်ကာ သူမှတ်ထားသမျှကို ဘေးနားက စကားပြန် (ဂိုက်) အား အသံထွက် မှန်မမှန် စစ်ပေးရန် ကျယ်ကျယ်အော်ဖတ်လိုက်လေ၏
"ပြည်သူ့ စစ်သား
သူတောင်းစား
လွှတ်တော်အမတ်မင်း
သူခိုး " ဟု အော်၍ ရွတ်ပြလိုက်ပါတယ်။ နောက်တနေ့ တွင် ပြင်သစ်ကြီးအား နိုင်ငံတော်လှိုဝှက်ချက်အား လူလည်ခေါင်မှာ အော်ပြောမှုဖြင့် ထောင်ဒဏ်ခြောက်နှစ်ကျသွား၏။
_______________________________________

လျှပ်စစ်အင်ဂျင်နီယာတစ်ဦး၊ ဓာတုဗေဒအင်ဂျင်နီယာတစ်ဦးနှင့် မိုက်ကရိုဆော့ဖ်အင်ဂျင်နီယာတစ်တို့ ကားတစ်စီးအတွင်း လိုက်ပါလာကြသည်။ ရုတ်တရက်ဆိုသလို ကားထိုးရပ်သွားသောအခါ ၎င်းအင်ဂျင်နီယာများမှာ ဘာလုပ်ရမှန်းမသိဘဲ ကားပျက်သွားခြင်း ဖြစ်နိုင်ခြေအကြောင်းအရာများကို တစ်ယောက်တစ်မျိုးပြောကြသည်။ လျှပ်စစ်အင်ဂျင်နီယာက ကား၏အီလက်ထရွန်နစ် တစ်ခုလုံးဖြုတ်ထုတ်အဖြေရှာရန်ပြောသည်။ ကားအကြောင်းသိပ်မသိသော ဓာတုဗေဒ အင်ဂျင်နီယာက တစ်နေရာရာတွင် ဆီပိတ်နေခြင်းဖြစ်နိုင်ကြောင်း ပြောပြီး နောက်ဆုံးတွင် မိုက်ကိုဆော့ဖ်အင်ဂျင်နီယာက အကြံပြုသည်မှာ " ကားက Windows တွေအကုန်ပိတ်၊ ငါတို့အကုန်လုံးပြန်ထွက်၊ နောက်ပြန်ဝင်ပြီး
ကာ;စက်နှိုးကြည့်ရင် ဘယ်လိုနေမလဲ"
_________________________________________________
တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်...... ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကိုယူပြီး နောက်ကျောကို တံထွေး ထွေး
ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှ မြဲနေတာပဲ
စာတိုက်မှုး.......သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
__________________________________________________

တခါက နိုင်ငံတော် သမတနှင့် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။
လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
ဆေးရုံသို့ ရောက်သွားကြသည်။ သမတ၏ သတင်းကို မေးမြန်းစုံစမ်း
ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
ကြသည်။
သတင်းထောက်....ဆရာ...ဆရာ..သမတကြီး အခြေအနေ ဘယ်လိုလဲ
ဆရာဝန်..........အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်......သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်...... အခြေအနေ ကောင်းတာက..ငါတို့တိုင်းပြည်ဘဲကွ
_____________________________________

မိန်းမ နဲ့ ခရီးသွားပါ ”
Highway လမ်းမကြီးပေါ်တွင် မိန်းမနှင့်အတူ ကားမောင်းလာသောယောက်ျားတစ်ယောက် သူ့နောက်သို့ ရဲကားလိုက်လာသည်ကို တွေ့သောအခါ ကားကို လမ်းဘေးသို့ထိုးရပ်လိုက်သည်။ ရဲ - တစ်နာရီ ၅၅ မိုင်နှုန်းဇုန်မှာ ခင်ဗျား ၇၅ မိုင်လောက် မောင်းနေတယ်၊ ခင်ဗျားကို ဖြတ်ပိုင်းဖြတ်မယ်။ ယောက်ျား - မဟုတ်ရပါဘူး ဆရာရယ်၊
ကျွန်တော်မောင်းတာ မိုင် ၆၀ လောက်ပဲ ရှိပါတယ်။
မိန်းမ - အိုး....ကိုမောင်၊ ရှင်မောင်းနေတာက အနည်းဆုံး မိုင် ၈၀ လောက်ရှိတယ်တော်။
(ယောက်ျားက မိန်းမကို ရွံမုန်းစွာကြည့်သည်)
ရဲ - ခင်ဗျား လုံခြုံရေးခါးပတ် မပတ်တဲ့အတွက်လည်း ဖြတ်ပိုင်းဖြတ်မယ်။ယောက်ျား -
ဟာ.... မဟုတ်တာ ဆရာရယ်၊ ဆရာ ကားနားရောက်လာမှ ကျွန်တော် ခါးပတ်ဖြုတ်လိုက်တာပါ။
မိန်းမ - ကိုမောင်ရယ်၊
ရှင် ဘယ်တုံးက လုံခြုံရေးခါးပတ် ပတ်လို့လဲ။ ဤတွင် ယောက်ျားကမိန်းမဘက်သို့ လှည့်၍အော်သည်။ `` မင်း ပါးစပ်ကို ခဏလေး ပိတ်ထားလို့ ရမလား၊ ဒီ မိန်းမတော့ကွာ´
´ထိုအခါ Highway ရဲက အမျိုးသမီးဘက်လှည့်၍
`` ခင်ဗျားယောက်ျား အမြဲတမ်း အခုလိုအော်တာလား´´ ဟု မေးရာ အမျိုးသမီးက `` မဟုတ်ပါဘူးဆရာရယ်၊ သူမူးသွားမှ အခုလိုအော်တာပါ´


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/08/2014 12:15:00 PM

Thursday, October 23, 2014

မှားပါတယ်(ဟာသ)

နယူးယောက်မြို့က လှပျိုဖြူတစ်ဦးဟာ တက်ဆပ်ပြည်နယ်ဘက်ကို ကားမောင်းသွားရင်းနဲ့ တောလမ်းတနေရာမှာ ကားပျက်သွားတယ်။
အဲဒီအချိန်မှာ ရက်အင်ဒီးယမ်းလူငယ်တစ်ယောက်က မြင်းတစ်စီးနဲ့ ရောက်လာသတဲ့။
သူမကို အနီးဆုံးမြို့ကို လိုက်ပို့ပေးမယ်လို့ ပြောတယ်။

ဒါနဲ့ ကောင်မလေးက မြင်းစီးရမှာ ကြောက်ပေမယ့် ရွေးချယ်စရာလမ်းမရှိတော့လို့...
ကြောက်ကြောက်နဲ့ပဲ မြင်းပေါ်ကို တက်လိုက်တယ်။
အဲ...
လမ်းက ကြမ်းတာရော၊ မြင်းက ပြေးတာရောဆိုတော့ မြင်းပေါ်က နှစ်ယောက်သား ခုန်ပေါက် ယိမ်းထိုးနေတာပေါ့။
ခက်တာက ကောင်မလေးက ဘာမှ မဖြစ်ပဲ ဟိုကိုယ်တော်ချော ရက်အင်ဒီးယမ်းက...
"အူး... အားယားယား... အီး၊ အိုး... အား"... နဲ့ တစ်လမ်းလုံး အော်ပြီး လိုက်လာသတဲ့။
ဒါနဲ့ မြို့ကိုရောက်တော့ ကားဝပ်ရှော့တစ်ခုမှာ ကောင်မလေးကို ချပေးလိုက်တယ်။
ကောင်မလေးလည်း မြင်းပေါ်က ဆင်းသွားရော ကိုရွှေရက်အင်ဒီးယမ်းက ပျှော်ရွှင်မြူးတူးသွားတဲ့ မျက်နှာနဲ့...
"ရဟူး... လွတ်ပြီကွ"... ဆိုပြီး မြင်းကို ကဆုန်စိုင်း စီးသွားတယ်။
အဖြစ်အပျက်ကို နားမလည်နိုင်တဲ့ ကလေးမက ဝပ်ရှော့ဆရာကို မေးတယ်.... ...
"ဒီလူ ဘာလို့ ဒီလောက်ပျော်သွားတာလဲ ရှင့်"
"သိဘူးလေ"
"ကျမ သူ့နောက်က ခါးကိုသိုင်းဖက်ပြီး ရှေ့က မြင်းကုန်းနှီးစွန်းကို လက်နဲ့ ကိုင်စီးလာတာ၊ ဒီလူ တလမ်းလုံး အော်ဟစ်နေတာ ဘာလို့ မှန်းမသိ"
ဒီတော့...
ဝပ်ရှော့ဆရာက ဇဝေဇဝါနဲ့ ကြည့်ရင်းး ပြန်ပြောတယ်... ...
"ကလေးမ... ရက်အင်ဒီးယမ်းတွေက မြင်းစီးရင် ဘယ်တော့မှ ကုန်းနှီး မပါပါဘူးကွဲ့"
"ရွှမ်..."
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

Tuesday, October 21, 2014

မှတ်မိတယ်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAOEtAZR0wA69zxi6lDp0jpqlEgUV3W_OapZ2WbF-31GwEQJJLlkloa4z-tSuHaOtbZRpRMThyphenhyphenDZIrO1nmpcvP1c3B5VNPteWyvvK6zbIEtF2laAfYAnAdCXDzduJa0qGXwmDstgyI3w/s1600/378958_10150381981393560_705153559_8289018_1145588815_n.jpg
အမျိုးသမီး တစ်ယောက် အိမ်မွေးတိရိစ္ဆာန် ရောင်းသည့် ဆိုင်တစ်ဆိုင်ကို သွားခဲ့သည်။
လှပသည့် ကြက်တူရွေး တစ်ကောင်ကို မြင်သည့်အခါ သဘောကျသွားပြီး ဈေးနုန်းကို မေးကြည့်မိသည်။

" ဒီကောင်ဆိုရင်တော့ ငါးရာနဲ့သာယူသွားဗျာ"
" ရှင်---ဘာဖြစ်လို့ ဈေးသက်သာရတာလဲ ? "
" ဒီကောင်လား၊ အရင်တုန်းက ပြည့်တန်ဆာအိမ်မှာ နေခဲ့တာလေ။ မိုက်မိုက်ရိုင်းရိုင်းတွေ သိပ်ပြောလို့ ဈေးချထားတာ"

အမျိုးသမီး ခဏတော့ စဉ်းစားလိုက်သေးသည်။
သို့သော် ဈေးသက်သာနေသည့်အတွက် ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကြက်တူရွေးကို အိမ်ယူသွားပြီး ငှက်လှောင်အိမ်ထဲထည့်ကာ ဧည့်ခန်းတွင် ချိတ်ထားလိုက်သည်။
ကြက်တူရွေးသည် အိမ်ကို အနည်းငယ် လှည့်ပတ်ကြည့်ပြီး စကားစတင်ပြောလိုက်သည်။
" အိမ်အသစ်၊ သခင်မအသစ်"
ဒီလောက်ဆို သိပ်တော့မဆိုးဟု အိမ်ရှင်မ တွေးလိုက်မိသည်။
ထိုအချိန်တွင် သမီးဖြစ်သူ နှစ်ယောက် ကျောင်းမှပြန်လာသည်။
ကြက်တူရွေး ဆက်ပြောသည်။
" အိမ်အသစ်၊ သခင်မအသစ်၊ မိန်းကလေးတွေကလဲ အသစ်"
ပထမတော့ သားအမိတွေ အံသြသွားပြီး နောက်မှ စကားတတ်လှသော ကြက်တူရွေးကို ရီမောမိကြသည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူ ကိုသောင်းစိန် တစ်ယောက် အလုပ်မှပြန်လာသည်။
ကြက်တူရွေးမှ လှမ်းနုတ်ဆက်လိုက်သည်။
" ဟေးးးးး ကိုသောင်းစိန်"
Credit-Nanda

အမေပဲကျန်တော့တယ်(ဟာသ)

 https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xfp1/v/t1.0-9/s526x395/1457744_717999081613169_3554570453131656220_n.jpg?oh=46d3c5b87b5d0820308e1ecc9aa80e08&oe=54F39356&__gda__=1421125412_f1adf8319f8700d1c26428693f7820a0
တစ်ခါက ရွာ တစ်ရွာမှာ သမီး ၃ ယောက်မွေးထားတဲ့ အဒေါ်ကြီး တစ်ယောက်ရှိသတဲ့...။
အဲဒီရွာမှာပဲ မြို့ က ရောက်လာတဲ့ အင်မတန် အပြောကောင်းပြီး အလုပ်မလုပ်ပဲ လိမ်ညာ စားသောက်နေတဲ့ ပတ်ချွဲ နှပ်ချွဲ လူရှုပ်တစ်ယောက်လည်း ရှိသတဲ့။
ကျေးလက်ဒေသရဲ့ ဓလေ့ စရိုက်အရ ရွာသူရွာသားတွေဟာ အင်မတန်လည်း ရိုးသားကြပါတယ်တဲ့...။

ဒီလိုနဲ့ အဒေါ်ကြီးရဲ့ သမီးအကြီးဆုံးဟာ လူရှုပ်နဲ့ အကြောင်းပါလေပါရော...။
လူရှုပ်လူလည်ကလည်း သူ့ထုံးစံအတိုင်း ယောက်ခမကိုရော ခယ်မတွေပါ အဆင်ပြေအောင် ပြောဆိုစည်းရုံးပြီး တစ်အိမ်လုံးရဲ့ မေတ္တာကို ရအောင်ယူထားနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ လူရှုပ်ရဲ့ ဇနီးဟာ အမျိုးသမီးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ပါတယ်...။
မိန်းမဖြစ်သူရဲ့ အသုဘမှာ လူရှုပ်ဟာ အမျိုးမျိုးသော အလွမ်းအဆွေး တမ်းတမှုတွေနဲ့ ကျူကျူပါအောင် ငိုပါတယ်....
ယောက်ခမ၊ ခယ်မတွေသာမက အသုဘလာကြတဲ့ ပရိသတ်ကြီးလည်း လူရှုပ်ရဲ့ အလွမ်းအသော လေးတွေကို နားထောင်ရင်း ကရုဏာ ဖြစ်မိကြတယ်။
ဒီလိုနဲ့ အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း လူရှုပ်က သူရဲ့ နောက်ဆုံး ငိုကြွေး တမ်းတခြင်းကို ဟန်အပြည့်နဲ့ လုပ်ဆောင်ခဲ့ပါတယ်...
`` ဟမ်မာလေး မောင့် အချစ်ရဲ့ မင်းနောက်ဆုံး အချိန်မှာ တတွတ်တွတ် မှာကြားခဲ့တဲ့စကားကို မောင်မပြောရက်ပါဘူး မောင့်ကို ခွင့်လွှတ်ပေးပါတော့.. နောက်ဘ၀မှသာ အပြစ်တွေ ကျေအောင်ဆပ်ပါရစေ.... ကောင်းမွန်ရာ ဘုံဘ၀မှာ မောင့်ကိုစောင့်နေပါ မောင်အရောက်လာခဲ့ပါ့မယ်... တို့နှစ်ဦးဆုံတဲ့အခါမှသာ မောင့်ကို အပြစ်တင်ပါတော့ မောင့်အချစ်ရဲ့´´ ဆိုပြီး ၄-၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပါလေရော..။
ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။
ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို လိုက်လျောချင်တာကြောင့် သားမက်တော်ကိုခေါ်ပြီး
``သမီး နောက်ဆုံး ဘာမှာခဲ့သလဲသား၊ အားမနာနဲ့ အမေ့ကိုပြောပါ ဘာဖြစ်ဖြစ် လုပ်ပေးပါ့မယ် အမေ့သမီးလေး သူ့ခရီးကို ကောင်းကောင်းသွားပါစေကွယ်´´ လို့ ပြောသတဲ့။
သားမက်ဖြစ်သူကလည်း အပူရုပ်ကို ဟန်လုပ်ရင်း
`` ကျွန်တော် မပြောရက်ပါဘူး အမေရယ်´´ လို့ မျက်ရည်လေး တစမ်းစမ်း၊ အသံ တိုးတိုးညင်းညင်းလေးနဲ့ ပြောရှာသတဲ့။
ဒီလိုနဲ့ ကြိမ်ဖန်များစွာ အားနာဖို့ မလိုကြောင်း ယောက်ခမဖြစ်သူကပြောလေတော့ ဘေးက ခယ်မ အလတ်လေးကို လှမ်းကြည့်ရင်း...
`` နားနဲ့ မနာ ဖ၀ါးနဲ့ နာပါအမေ... အမေ့သမီးက သူမရှိတဲ့ နောက်ပိုင်းမှာ ဒီအိမ်ကနေ ဘယ်ကိုမှ ထွက်မသွားပဲ.... ညီမလေးနဲ့ ကျွန်တော့်ကို လက်ထပ်ပါလို့ သေသေချာချာ မှာသွားတယ်.. ဒါပေမယ့် ကျွန်တော် ဘယ်လို ပြောရက်မှာလဲ အမေရယ်´´ လို့ ပြောရင်း ငိုချပါလေရော။
သမီးဖြစ်သူကို ချစ်ရတဲ့ ချစ်ခြင်းကြောင့် ယောက်ခမကြီးခမျာ မကြာခင်မှာပဲ သားမက်ဖြစ်သူကို သမီးအလတ်နဲ့ နေရာချပေးပါသတဲ့...
သားမက်တော် လူရှုပ်ကလည်း ရှေးကထက်တိုးလို့ ကွယ်လွန်သူ ဇနီးစကားကို အလေးထားပြီး မိသားစုအပေါ်မှာ အရင်ကထက်ပိုပြီး ကြင်ကြင်နာနာ ဆက်ဆံပါသတဲ့။
ဒီလိုနဲ့ မကြာခင်မှာ သမီးအလတ်လေးလည်း အမျိုးသမီးရောဂါ နဲ့ ကွယ်လွန်ပြန်ပါလေရောတဲ့...
အဲဒီအခါမှာတော့ သားမက်တော်ဟာ သူရဲ့ ငိုချင်းကို အရှိန်ပိုမြှင့်ပြီး သူ့ဘ၀ကံဆိုးကြောင်းတွေရော... သူ့ကို ကြင်နာသူမှန်သမျှ လူ့လောကကြီးက စောစော ထွက်သွားတတ်ကြောင်းတွေကိုရော... သူဟာ မကောင်းသော ဂြိုဟ်ကောင်ကြီးသာ ဖြစ်ကြောင်း... ဇနီးများရဲ့ ကိုယ်စား သူသာ သေသွားလိုက်ချင်ကြောင်းတွေကို စီကာပတ်ကုံး ဖွဲ့နွဲ့ ငိုကြွေး ပါသတဲ့။
ရွာသူရွာသားတွေလည်း မယားနှစ်ယောက် ဆက်တိုက်ယူနိုင်ခြင်းကို မေ့ပျောက်ပြီး ကောင်လေးကံဆိုးလိုက်တာ ဆိုတဲ့ မှတ်ချက်လေးပြုရင်း ကရုဏာ သက်ကြပြန်သတဲ့။
ဒီလိုနဲ့ အသုဘကိစ္စပြီးလို့ ရက်လည်ဆွမ်းသွပ်တဲ့ အခါ အမျှဝေရင်း လူရှုပ်က သူရဲ့ ဒုတိယမြောက် နောက်ဆုံး ငိုကြွေး တမ်းတခြင်းကို အရင်ကထက်ပိုတဲ့ ဟန်နဲ့ ထပ်ပြီး လုပ်ဆောင်ခဲ့ပြန်ပါတယ်။
`` ဟမ်မာလေး ညီမလေးရဲ့ မင်းလည်း မင်းအစ်မလို အစ်ကို့ကို နောက်ဆုံး အချိန်မှာ တတွတ်တွတ် မှာကြားခဲ့တဲ့စကားကို အစ်ကို ဘယ်လိုပြောထွက်ပါ့မတုန်း.. အစ်ကို့ကို ခွင့်လွှတ်ပေးပါတော့.. နောက်ဘ၀မှသာ အပြစ်တွေ ကျေအောင်ဆပ်ပါရစေ.... ကောင်းမွန်ရာ ဘုံဘ၀မှာ အစ်ကို့ကိုစောင့်နေပါ အစ်ကိုတို့ ဆုံတဲ့အခါမှသာ အပြစ်တင်ပါတော့´´ ဆိုပြီး ရှေးနည်းအတိုင်း ၄-၅ ကြိမ် အသံပြာအောင် အော်ဟစ်ငိုယိုပြန်ပါသတဲ့....။
ပရိသတ်တွေနဲ့ ဆွမ်းစားကြွတဲ့ သံဃာတော်တွေလည်း ယခင်အတိုင်း ကရုဏာသက်ရင်း ပြန်သွားကြပါသတဲ့။
ဒီလိုနဲ့ ကိစ္စပြီးတော့ ယောက်ခမကြီးက သမီးဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒကို ရိပ်စား မိတာကြောင့် သားမက်တော်ကို ခေါ်ရင်း...
`` သူ့အစ်မလိုပဲ မှာခဲ့သလားသား´´ လို့ မေးရှာသတဲ့..
သားမက်တော်လည်း မျက်ဝန်းတစ်ဝိုက်က မခြောက်သေးတဲ့ မျက်ရည်စက်တွေကို အင်္ကျီ လက်နဲ့ သုတ်ရင်း... ငိုသံလေးနဲ့
`` ဟုတ်ကဲ့ပါ အမေ´´လို့ ပြောရင်း တရှုံ့ ရှုံ့ ငိုကြွေးပါသတဲ့...
မိခင်ကြီးကလည်း `` ဘယ်တတ်နိုင်မလဲကွယ် သွားလေသူတွေရဲ့ ဆန္ဒကိုတော့ လိုက်လျောပေးရမှာပေါ့´´လို့ ပြောရင်း သားမက်တော် လူရှုပ်ကို သမီးအငယ်ဆုံးလေးနဲ့ နေရာချထားပေးပြန်သတဲ့...။
ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတဲ့ ည အိပ်ခန်း မ၀င်မီမှာ မိခင်ဖြစ်သူက သမီးနဲ့ သားမက်တော်ကို ခေါ်ရင်း...
`` သမီးလေး အခု အမေ့မှာလည်း သမီးတစ်ယောက်ပဲ ရှိတော့တယ်၊
သမီး ကျန်းမာရေးကို အထူးဂရုစိုက်ပါ၊
ကျန်းမာအောင် နေပါ...
အမေ အထူးမှာချင်တာကတော့ တကယ်လို့ သမီးလည်း သမီးအစ်မတွေလို သေဆုံးခဲ့ရမယ်ဆိုရင်...
နောက်ဆုံးစကားကိုလည်း ဆင်ဆင်ခြင်ခြင် ပြောခဲ့ပါ...
သမီးသေဆုံးသွားရင် အမေပဲကျန်ခဲ့တော့မှာ...
မလုပ်ကောင်းတာတွေကို မမှာခဲ့ပါနဲ့ သမီး´´လို့ ဆုံးမ စကားကို ပြောကြားလိုက်လေသတည်း.....
ပြုံးနိုင်ကြပါစေဗျာ....
(ကွန်ဆူးမား)(၁၆-၁၀-၂၀၁၄)

Tuesday, October 14, 2014

ဟာသစုစည်းမှု

#‎အရေးကြီးသော‬ အချက်များ
----
၁။ သင့်မှာ အိမ်မှု့ကိစ္စတွေကို ကူညီပေးဖို့၊ သင့်ကို ချက်ပြုတ်ကျွေးမွေးဖို့၊ အိမ်ကို ရှင်းလင်းဖို့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၂။ သင့်မှာ သင်စိတ်ညစ်လာတဲ့အခါမှာ ပျော်ရွှင်လာအောင် ဟာသလေးတွေနဲ့ စိတ်အပန်းဖြေပေးတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။

၃။ သင့်မှာ ယုံကြည့်စိတ်ချရပြီး ဘယ်တော့မှ လိမ်မပြောတတ်တဲ့ အဖော်မွန်ကောင်းတစ်ယောက် တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၎။ သင့်မှာ သင့်ကို ယုယကြင်နာတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၅။ အရေးအကြီးဆုံးက အဲ့ဒီ မိန်းမ လေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မသိဖို့ အရေးကြီးတယ်။


Credit :Ko Aung Kyaw Soe

#‎မျက်မမြင်‬ ဟာသ
မျက်မမြင်တစ်ဦးသည် လမ်းထောင့်တစ်နေရာတွင် ၎င်း၏ ခွေးနှင့် အတူ ရပ်နေစဉ် ခြေထောက်ပေါ်သို့ ခွေးသေပန်းသောကြောင့် မျက်မမြင်၏ ဘောင်းဘီ ရှည်မှာ သေးစိုသွား၏။ ထိုအခါ မျက်မမြင်သည် ၎င်း အကျီင်္အိတ်ထဲမှ ဘီကွတ်တစ်ချပ်ကို ထုတ်လိုက်ရာ ထိုဖြစ်ရပ်ကို ကြည့်နေသူတစ်ဦးက အလျင်အမြန်ပြော၍ ``ခင်ဗျားဒီလိုမလုပ်သင့်ပါဘူး။ ခွေးက ဒီလိုသေးနဲ့ပန်းတာတောင် ဘီစကွတ်တစ်ချပ်ထုတ် ကျွေးမယ်ဆိုရင် သူ့လုပ်ရပ်ကို အားပေးရာေ၇ာက်နေမှာပေါ့`` ဟု ဝင်တား၏ ။ ထိုအခါ ၎င်းင်းက ဒေါသနှင့် ပြောလိုက်သည်မှာ ``ဘယ်ကလာ… ဆု ချရမှာလဲ။ ကျွန်တော်က သူ့ပါးစပ်ဘယ်နားမှာလဲ သိအောင်လုပ်တာ ။ ခြေထောက်နဲက ဆောင့်ကန်မလို့`` ဟူ၍……….။
Credit-လရိပ်ထိုက်တန်


#‎နထီး‬ နထီး တိုလဒီး
ယောင်္ကျားဖြစ်သူ တာဝန်နှင့် ခရီးထွက်သွားသည်မို့ မိန်းမက လင်ငယ်ကို အိမ်သို့ ခေါ်ကာ ကဲချင်တိုင်းကဲနေ၏ ။
ထိုစဉ် လူခေါ်ဘဲလ် မြည်လာသဖြင့် ချောင်းကြည့်လိုက်ရာ သူ၏ယောင်္ကျားဖြစ်နေသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့ရလေသည်။
သို့နှင့် လင်ငယ်ကို တီးတိုးပြောသည်။
မိန်းမ ဒီမယ် ကျွန်မတံခါးဖွင့်လိုက်တဲ့အခါ အဲဒီတံခါးနောက်မှာ ရှင်ပုန်းနေလိုက် အဲဒီတံခါးနောက်မှာ ရှင်ပုန်းနေလိုက်
သူ့ကို ကျွန်မ ကြည့်ထိန်းထားလိုက်မယ် အဲဒီအချိန် အဲဒီဝင်ပေါက်ကပဲ ရှင်ရအောင်ထွက် တခြားအပေါက်
မရှိဘူး
မိန်းမဖြစ်သူက ပြောပြီးသည်နှင့်ပြုံးရွှင်သည့်မျက်နှာထားဖမ်းကား တံခါးဖွင့်လေ၏ ။ ယောင်္ကျားကြီးက ဒေါသနှင့်မေးသည်။
ယောင်္ကျားကြီး ဟေ့ တံခါးလေးဖွင့်တာဘာဖြစ်လို့ဒီလောက်ကြာရတာလဲ ခုနက တိုးတိုး တိုးတိုးနဲ့

စကားပြောသံလည်းကြားရတယ်
မိန်းမက ပါးစပ်ထဲရှိတာကြံဖန်ပြောလိုက်သည်။
"သြော်မောင်ရယ် ကျွန်မ ကြွက်ပြေးဂါထာ ရွတ်နေရင်းမို့လိုပါ"
ယောင်္ကျားက အံ့သြသွားပြီး "ကြွက်ပြေးဂါထာ ဟုတ်လား ဘယ်လိုလုပ်ရသလဲ"
မိန်းမက စဉ်းစားလိုက်ရင်း "လွယ်ပါတယ်ရှင် ဒီ ကြွပ်ကြွပ်အိပ်အနက်ကို ခေါင်းမှာစွပ်လိုက် ပြီးရင်ဂါထာကို ရွတ်လိုက် ကြွက်တွေ
တန်းနေအောင်ပြေး ကြတာပဲ"
"ကဲ ဒါဖြင့်လည်း ငါ့ကိုသင်ပေးပါဦး"
မိန်းမက ယောင်္ကျားခေါင်းကို ကြွပ်ကြွပ်အိပ်နဲ့ စွပ်လိုက်သည်။ ပြီးတွေ့ကရာ လျှောက်ရွတ်သည်။
"နထီး နထီး တိုလဒီး မကြီးတဲ့ခါ ဟိုဥစ္စာ တိုလိုတဲလဲ မိုးမစဲ မိုးတော်ချုံးမှ ပဲ"
လင်ကြီးကလဲ ဟုတ်နိုးနိုးနှင့် လိုက်ဆိုသည်။ လင်ကြီး ရွတ်ဆိုတာကို ကြည့်ရင်းမှ လင်ငယ်ထွက်မသွားသေးကြောင်း အမျိုးသမီးက
သတိထားမိသွားသည်။ အမြန်ထွက်သွားရန် လက်ရိပ်ပြသည်။ လင်ငယ်က ခေါင်းခါရင်း
"ငါ့အိမ်မှာလဲ ကြွက်တွေသောင်းကျန်းလွန်းလို့ ပါကွာ ငါလည်းဒီဂါထာကို အဆုံးထိ ရချင်တယ်လေ"
Credit-သူရိန်စိုး

#‎ဖယ်ပေးမှာပေါ့‬
့ပြတိုက်ထဲသို့ လူတစ်ဦး ဝင်လာကာ ပြတိုက်ထဲတွင် ပြသထားသော ပစ္စည်းများကို
လိုက်ကြည့်နေစဉ် ခါးတွင်ချိတ်ထားသော ထိုသူ၏ ဟန်းဖုန်းက မြည်လာ၏။
ထိုအခါ ၄င်းက ဖုန်းပြောရန်အတွက် နေရာရှာသောအခါ ၄င်း၏ အနီးရှိ ခုန်ကို တွေ့သွား၏။
ထို့နောက် ၄င်းက အနီးရှိ ခုံတွင် ကျကျနန ဝင်ထိုင်ရင်း ဖုန်းကို ပြောလေသည်။
ထိုအခါ ၄င်းဖုန်းပြောနေသည်ကို မြင်သော ပြတိုက် ဝန်ထမ်း အမျိုးသားတစ်ဦးက မျက်ကလဲ
ဆံပြာနှင့် ပြေးလာရင်း မကျေမနပ်နှင့် တားမြစ်သည်။
"ဟေ့လူ ဒါဘာလုပ်တာလဲဗျ"
"အမ် ကျုပ်က ဘာလုပ်လို့လဲ"
"ဒါမင်းတုန်းမင်းထိုင်တဲ့ သလွန်ညောင်စောင်းဗျ"
ထိုအခါ ဟိုလူက အေးဆေးစွာပြန်ပြောသည်။ "ကဲ အဲဒါ ဘာဖြစ်လဲဗျာ မင်းတုန်းမင်းလာတော့ ကျုပ်က ဖယ်မပေးဘဲ နေပါ့မလား ဟင်း"
ဟုဆိုပြီးဖုန်းကို ဆက်ပြောနေ၏
Credit-သူရိန်စိုး

Thursday, October 2, 2014

သူ့နေရာသူပြန်ထားတာ(ဟာသ)

သူ့နေရာသူ(ဟာသ)

တနင်္လာနေ့ အလုပ်ဆင်းလာတဲ့ အမျိုးသား ၀န်ထမ်း တစ်ဦးဟာ
မျက်လုံး ၂ ဖက်လုံး ရောင်ကိုင်းပြီး အညိုအမဲ စွဲနေရဲ့။

အလုပ်ရှင်က ဘာဖြစ်တာလဲလို့ မေးတော့ ၀န်ထမ်းက ပြန်ဖြေတယ်။

``မနေ့က ဆန်းဒေး ဘုရားကျောင်း အတက်မှာ
အရှေ့က အမျိုးသမီး မတ်တပ်ထ-ရပ်တော့ သူ့ ဖင်ကြားထဲ
စကပ်က ညပ်နေတယ်။

ဒါကြောင့် ကျွန်တော်က ဆွဲထုတ်ပေးလိုက်တာကို ဒေါပွပြီး
အဲ့ဒီ မိန်းမက ကျွန်တော့်ကို လက်သီးနဲ့ ထိုးလိုက်လို့ပါ။´´
အလုပ်ရှင်က သိပ် ဘ၀င်မကျ။

``အဲ့ဒီကိစ္စကြောင့် မျက်လုံး တစ်ဖက် ထိသွားတာက ဟုတ်ပါပြီ။
နောက်တစ်ဖက်ကကော ဘာဖြစ်တာလဲ..´´
ဝန်ထမ်းက ပြန်ဖြေတယ်။

``အဲ့ဒီ မိန်းမက နဂို အနေအထားပဲ ကြိုက်တယ် ထင်တာနဲ့

စကပ်ကို သူ့ ဖင်ကြားထဲ ကျွန်တော် ပြန်ထိုးထည့် မိလို့ပါ..´´ တဲ့။

Monday, September 15, 2014

သူကြီးဆီသာပို့ပါတော့(ဟာသ)

တစ်ခါတုန်းက ရွာတရွာမှအပျိုကြီးတစ်ယောက်ရှိ
သတဲ့ဗျ၊ သူ့ခမျာ မိန်းမသားပီပီ၊ အချိန်တန် အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ချင် ရှာပေမဲ့၊ရုပ်ဆင်းအဂါင်္မလှရှာတော့၊အိမ်ထောင် ဖက် မတွေ့နိုင်ပဲတစ်ကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။

မိဘဆွေမျိုးညာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်းလေးဆယ်ကျော်ဖြစ်လာတော့ တစ်အိမ်လုံးမှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေရင်း၊ အိမ်ထောင်ကျနိုင်မဲ့အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ကိုရင်။
ဒီလိုနဲ့တစ်နေ့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော်သူခိုးတစ်ယောက်ဝင်ခိုးတော့၊ ကံဆိုးတဲ့ သူခိုး ခင်မျာ၊ အပျိုကြီးရဲ့လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။
သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့၊ပြန်လွှတ်ပေးဖို့တောင်းပန်ရတာပေါ့၊ ဒီမှာတင်အပျိုကြီးဟာ “နင်လူပျိုလား” လို့ သူခိုးကို မေးသတဲ့ဗျ။
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူးဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”တဲ့။
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိုးတဲ့သူခိုးထင်ပါရဲ့။
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အမကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို့ တောင်းဆိုလိုက်တော့ အပျိုကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်း ကြားမှာ ခပ်တင်းတင်းညှပ်ထားရင်း ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ကနဲခြစ် လိုက် ရောပေါ့ ကိုရင်ရယ်။
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်းစားထပ်ခြစ်ရှာပါတယ်။
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင် သွားတယ်ထင်ပါရဲ့၊ “အမကြီးရယ်။သူကြီးအိမ်သာပို့ပါတော့”..ဆိုပဲ။

စာရေးသူ Min Din

Saturday, March 15, 2014

ချစ်သူတိုင်လည်းညားကြပါစေ(သန်လေးကို)

Thanlay Ko
{ 2013 August လထုတ် သဇင်မဂ္ဂဇင်းပါ ကျနော့်ဝတ္ထုလေးပါ။ သူပြောငါပြောနဲ့ ကြားဖူးနားဝဟာသလေးတွေကို ဇာတ်လမ်းဆင်ထားတာ ဖြစ်ကြောင်းပါခင်ဗျာ၊ ကိုယ်တွေ့မဟုတ်ရကြောင်းပါ}
“သုံးကျွန်းစံ”
1။
စင်္ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာအခြင်းခြင်း နောက်ပြောင်ပြီး ပြောတတ်ကြတယ်… “ငါတို့က အလုပ်ကြမ်းနဲ့ တသက်တကျွန်းကျနေတာ”…တဲ့။ စင်္ကာပူကျွန်းမကြီးကနေ ထပ်ပြီးသွားရတဲ့ နောက်ထပ်ကွန်းလေးတစ်ကျွန်းဖြစ်တဲ့ ဂျူရောင်းကျွန်းပေါ်မှာ အလုပ်လုပ်ရတဲ့ ကျွန်တော်တို့အဖို့ဆိုရင်တော့ “နှစ်ကျွန်းစံ” တွေလို့ ဆိုရတော့မယ်။ ကျွန်တော်တို့ဆိုတာက ကျနော်နဲ့ ကြည်ဆွေပါ။ ဒီကောင်နဲ့က ရန်ကုန်မှာ ကုမ္မဏီတစ်ခုထဲ အကြာကြီး လက်တွဲပြီးလုပ်ခဲ့ဖူးတယ်။ ခုလည်း တိုက်တိုက်ဆိုင်ဆိုင် Construction Site တခုထဲမှာ လာဆုံနေကြတာ။ ကုမ္မဏီတော့ မတူဘူး။ ကျနော်က iE Consultant က၊ သူက S.V Co က။ အလုပ်အားတဲ့အခါ Canteen မှာ ကော်ဖီသောက်ရင်း ပေါက်တတ်ကရ ပြောဖြစ်ကြတယ်။
“မင်းတို့ ကုမ္မဏီနာမည် S.V Co ရဲ့ အရှည်က ဘာလဲ”
“Southern Village Company..တဲ့”
“နာမည်လေးက လှသားဟ၊ မြန်မာလိုပြန်ရင် နာမည်လှလှလေးရမယ် နော်”
ကျနော်က ဒီကောင့်အကြောင်းသိလို့ ဆွပေးလိုက်တာ…ထင်တဲ့အတိုင်းပဲ
“ငါ မြန်မာလိုပြန်ပေးထားတာ ရှိတယ်”
“ဟုတ်လား…ဘာတဲ့လဲ”
“သောက်ရေးမပါ…ဒို့ကျေးရွာ ကုမ္မဏီ”
“ဟင်…Village ကို ဒို့ကျေးရွာလို့ ပြန်တာက ထားပါတော့ သောက်ရေးမပါကြီးက ဘယ်ကပါလာတာတုံး”
“လစာပေးတာ နည်းတယ်ကွာ၊ အချိန်ပိုခိုင်းပြီး ပိုက်ဆံ မပေးဘူးကွာ၊ ဘောနပ်စ်မရဘူးကွာ၊ သူဌေးက ရိုင်းစိုင်းတယ်ကွာ၊ မန်နေဂျာက ဆိတ်လစေ့ကွာ…ကဲ ဒီထက် သောက်ရေးမပါတာ ဘာရှိသေးလို့တုံး”
“ဟာ…ပေါက်ပြီ၊ မင်းးရဲ့ ဘာသာပြန်စွမ်းရည် တော်တော်တိုးတက်လာတာပဲ”
“ဟင်း…ဟင်း…ပေါက်စမ်းဘာ”
2။
ဒီကောင်က အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ရာဇဝင်နဲ့။
လူက အင်္ဂလိပ်လို မတောက်တခေါက်သိတာရယ်။ ဘာသာပြန်တာတော့ အရမ်းဝါသနာပါတယ်။
ရန်ကုန်မှာ အလုပ်လုပ်နေတုံးက ညနေပိုင်း အားနေတော့ ကွန်ပြူတာ သင်တန်းသွားတက်တယ်၊ သုံးလေးရက်လောက်နေတော့ မသွားတော့ဘူး၊ ဒါနဲ့ မေးကြည့်မိတယ်… …
“ဟေ့ရောင်… ကွန်ပြူတာ သင်တန်းက မသွားတော့ဘူးလား”
“အေး၊ သင်တန်းဆရာနဲ့ အဆင်မပြေလို့”
အင်း…ဒီကောင် ဘာမတော်မတရား သွားလုပ်ပြန်ပြီလဲ မသိ။ ဟိုက လွန်တာတော့မဖြစ်နိုင်ဘူး။
“ဘယ်လိုဖြစ်တာလဲ ပြောပါအုံး”
“ကွန်ပြူတာအခေါ်အဝေါ်တွေကွာ..၊ အင်္ဂလိပ်လိုခေါ်ရတာခက်လို့ မြန်မာလိုခေါ်ပါလားလို့ ဆရာ့ကိုအကြံပြုတာ၊ သူက မင်းဘာသာပြန်ခဲ့ ဆိုလို့ ငါကဘာသာပြန်ပေးလိုက်တယ်၊ ဒါကို သူက ဖတ်ကြည့်ပြီး၊ မင်းသိပ်တော်တယ်တဲ့ ဒီသင်တန်း တက်စရာမလိုလောက်အောင်ကို တော်နေတယ်လို့ ပြောတယ်၊ ဒါနဲ့ ငါလည်း မသွားတော့တာ”
“ဟုတ်လား၊ ပြစမ်းပါအုံး မင်းဘာသာပြန်”
“ရော့…”
ဖတ်ကြည့်လိုက်တော့… …
ကီးဘုတ် = သော့ခုံ
မောက်စ် = ကြွက်
မော်နီတာ = အတန်းခေါင်းဆောင်
မားသားဘုတ် = အမေရေယဉ်
ဟိုက် ရှားလဘား၊ ဆက်မဖတ်ရဲတော့ဘူး၊ ဆက်ဖတ်ရင် ဦးရှင်ကြီးတို့၊ နန်းကရိုင်းမယ်တော်တို့၊ ကိုကြီးကျော်တို့ ပါလာစရာအကြောင်းရှိတယ်။
“အဲ နေပါအုံး၊ Key Board နဲ့ Mouse ကို ဘာသာပြန်ထားတာကတော့ နီးစပ်မှုရှိလို့ ထားပါတော့၊ ဘယ့်နှယ့် Monitor က အတန်းခေါင်းဆောင်ဖြစ်ရတာလဲ”
“ဟာ…မင်းကလည်း ညံ့ပါ့၊ ငါတို့ငယ်ငယ်လေးထဲက အတန်းခေါင်းဆောင်ကို မော်နီတာ လို့ ခေါ်လာတာပဲလေ”
“အင်း..အဲ ဟုတ်ပ့ါ၊ ဒါဆို အမေရေယဉ် ဆိုတာကြီးကရော”
“Mother က အမေလေ၊ Boat က လှေတို့ မော်တော်တို့ကိုခေါ်တာမလား၊ ဒ့ါကြောင့် Mother Boat အမေရေယဉ်”
“Board ထင်ပါတယ်ကွာ၊ Boat မဟုတ်လောက်ပါဘူး၊ သောက်တလွဲ”
“သိဘူး၊ ငါက Boat ထင်လို့”
ဒီလိုဆိုတော့လည်း ဆရာကပြောတော့မှာပေါ့ တော်တယ်လို့…
ဒီထက်ဆိုးတာက ကျနော်တို့ အလုပ်လုပ်တဲ့ ကုမ္မဏီနာမည်ကို ဘာသာပြန်တဲ့ ကိစ္စပဲ
ကုမ္မဏီနာမည်က Power Man Metal Industry (PMMI)
သူ မြန်မာမှုပြုလိုက်တဲ့ နာမည်က.. …
“မိုးကျရွှေကို သတ္တုတူးဖော်ရေး ကုမ္မဏီ”…တဲ့ဗျား။
ဒါကို သူဌေးက သိသွားတော့ သူကို သုံးလစာ ဆုချပြီး နောက်နေ့ကစလို့ ကုမ္မဏီကို မလာတော့ဖို့ တောင်းပန်လိုက်ရှာတယ်။
3။
တစ်ရက်မှာပေါ့။
Main Con မှာ ECO လုပ်နေတဲ့ မြန်မာမလေး နဲ့ ကျနော်နဲ့ Canteen ထိုင်နေတုံး ဒီကောင်ဘယ်က လှမ်းမြင်တယ် မသိဘူး နောက်ရက်ကျတော့ ကျနော့်ကို ဂျီကျပါလေရော… …
“မင်းက အဲ့ဒီကောင်မလေးနဲ့ သိနေတာတောင် ငါ့ကို မပြောဘူး၊ ဘာလဲ ကြိပ်ကြံနေတာပေါ့လေ”
“ဟကောင် လျှောက်မပြောနဲ့ဟ၊ ဟိုက အပျိုလေး၊ ငါက အိမ်ထောင်ကွဲ၊ ကလေးတစ်ယောက်ဖအေ၊ ကြားသွားရင် မကောင်းပါဘူးကွာ”
“ဒါဆိုလည်း ငါနဲ့ မိတ်ဆက်ပေးပါလားကွ၊ ငါက သူ့ကို Site ထဲမှာ တွေ့တွေ့နေတာ၊ မြင်တိုင်းရင်ခုန်ပေမယ့် ဘယ်လို ချဉ်းကပ်ရမှန်းမသိလို့”
သူ့အကြောင်းသိနေတော့ မိတ်ဆက်မပေးချင်ဘူး။ တော်ကြာ တလွဲတွေ လျှောက်လုပ်နေရင် ကိုယ်ပဲမျက်နှာပျက်ရမှာ။ ဒါနဲ့ အင်တင်တင်လုပ်နေတာပေါ့။
“ဟေ့ရောင် ဘယ်လိုလဲ၊ မိတ်ဆက်ပေးမှာလား?”
“မင်းဟာမင်း ကြိုးစားပါလားကွာ”
“မလွယ်လို့ပေါ့ကွ၊ လွယ်ရင် မင်းတောင် သိလိုက်မှာမဟုတ်ဘူး”
“ငါက ဘယ်လို မိတ်ဆက်ပေးရမှာလဲ”
“နောက်ရက် မင်းတို့ Canteen ထိုင်နေတဲ့အခါ အမှတ်တမဲ့ တွေ့သလိုလိုဘာလိုလိုနဲ့ မင်းကို ငါလာနှုတ်ဆက်မယ်၊ အဲ ဒီတော့ မင်းက မိတ်ဆက်ပေးလိုက်ပေါ့ကွ လွယ်လွယ်လေး”
“ငါက ဘယ်လို ပြောပြီး မိတ်ဆက်ရမှာလဲ”
“ဟေ့ကောင်၊ မင်း ရစ်မနေနဲ့၊ မိတ်ဆက်တာပဲကွာ၊ ဒီမှာဝေဝေ ဒါငါ့သူငယ်ချင်းလေ၊ အင်ဂျင်နီယာလူပျိုကြီးပေါ့၊ သဘောကောင်းတယ် ဘာညာနဲ့ သာသာထိုးထိုးလေးပြောပြီး မိတ်ဆက်ပေးလိုက်ရုံပဲဟာ၊ လုပ်ပါကွာ၊ ပင်နင်ဆူလာက ဧရာဝတီမှာ ဘီယာနဲ့ ပြုစုပါ့မယ်ဆရာရယ်”
“အေးလေ၊ ကြည့်လုပ်တာပေါ့၊ မင်းနဲ့က ခင်မိခဲ့တာကိုး၊ အော် ဒုက္ခ ဒုက္ခ”
4။
တကယ်ပဲဗျာ …
နောက်နေ့ကျတော့ ကျနော်နဲ့ ဝေဝေ Canteen ထိုင်နေတုံး မျက်နှာပြောင်ပြောင်နဲ့ ရောက်ချလာပါရော
ခုမှ မြင်သလိုလို ဘာလိုလိုနဲ့ လာနှုတ်ဆက်တယ်… …
“ဟာ…ဇော်ကြီး၊ ကော်ဖီလာသောက်တာလား”
“မဟုတ်ဘူး၊ လဘက်ရည်လာသောက်တာ”
အမြင်ကပ်လို့ ဘုတောပေးလိုက်တယ်၊ ဒါကို အခွက်ပြောင်ပြောင်နဲ့ ဆက်ပြောတယ်… …
“အော်…ဟုတ်လား၊ ငါလည်း လဘက်ရည်လာသောက်တာကွ၊ ဒီမှာ ထိုင်မယ်နော်”
“ထိုင်လေ၊ ငါတို့က အခုပဲ သွားတော့မလို့၊ ဘိုင့်ဘိုင်နော် နောက်မှတွေ့မယ် သူငယ်ချင်း”
“အာ…နေပါအုံးကွ ချစ်သူငယ်ချင်းကြီးကလည်း၊ မင်းနဲ့မတွေ့တာ ကြာနေပြီဆိုတော့ စကားလေး ဘာလေးပြောကြရအောင်ပါ”
“ဘာ မတွေ့တာ ကြာရမှာလဲကွ၊ မနေ့ကတောင် တွေ့လို့ လဘက်ရည်အတူတူ သောက်ကြသေးတယ်လေ”
“ဟုတ်လား၊ ငါမေ့သွားလို့ပါကွာ…ဟဲ ဟဲ”
ကျနော့်ဘေးကပ်ထိုင်ပြီး ခုံအောက်ကနေ ပေါင်ကိုကုတ်ပြီး အချက်ပြတယ်၊ ဝေဝေနဲ့ မိတ်ဆက်ပေးလေ ဆိုတဲ့ သင်္ကေတပေါ့… …
အင်း… မိတ်ဆက်ပေးရသေးတာပေါ့လေ၊
“အော်…ကြုံတုံး မင်းနဲ့ မိတ်ဆက်ပေးရအုံးမယ်၊ ဒါ ဝေဝေနှင်း တဲ့၊ Main Con က ECO ပေါ့၊ ရောက်လာတာတော့ မကြာသေးဘူး”
“အဟီး…ဟီး၊ ဟုတ်ကဲ့ Site ထဲမှာတော့ တွေ့တွေ့နေတာ မြန်မာမလေးမှန်း မသိဘူး၊ Main Con ယူနီဖောင်းနဲ့ ဆိုတော့ သူတို့လိုပဲ ကိုရီးယားမလေး မှတ်နေတာ၊ လူပုံကလည်း ခပ်ချောချောဆိုတော့လေ…ဟီး”
စ, ပြီ၊ တကယ်ပဲဗျ ဒီက မိတ်ဆက်ပေးတာတောင် မဆုံးသေးဘူး
ပပ်ကြားအက်ထဲက မစင်တုံး ခွေး စ, ကော်နေပြီ။
ဒီမျက်နှာရူးကောင်တော့ တွေ့ကြသေးတာပေါ့… …
“ဝေဝေ၊ သူက ကြည်ဆွေတဲ့၊ အင်ဂျင်နီယာပေါ့၊ လူပျိုကြီး ရီးစားမရှိသေးဘူး”
“ဟုတ်ကဲ့ရှင့်၊ ဦးဇော်လိုပဲ ကျမကို ခင်နိုင်ပါတယ်”
“ဟီး…ဟီး…ဟီး…ဝုတ်ကဲ့ ဝုတ်ကဲ့ ခင်မယ်ခင်ဗျ ခင်မယ်”
“သူတို့က ဆွေကြီးမျိုးကြီးတွေ ဝေဝေရဲ့၊ ဒီမှာလာပြီး အလုပ်မလုပ်လည်း သူ့မိဘတွေက ချမ်းသာပြီးသားရယ်”
“ဟီး..ငါ့သူငယ်ချင်းကလည်း မြောက်နေပြန်ပြီ”
“…ပြီးတော့ သူက တစ်ဦးတည်းသောသားလေ၊ မိဘတွေက အလိုလိုက်ထားတော့ ကောင်လေးက ရူးတူးပေါတောလေးပေမယ့် သဘောကောာင်းတယ် ဝေဝေရဲ့၊ လိုတဲ့ အကူအညီရှိရင်တောင်း”
“ဟုတ်လား…”
ဟိ…ဟုတ်လား တဲ့၊ ဒီကလေးမကလည်း Innocent ရယ်၊ ဘာပြောပြော အဟုတ်ထင်တာ၊ ဟိုကောင်ကတော့ ကျုပ်ကို သတ်ချင်နေပြီ၊ မျက်ထောင့်နီကြီးနဲ့ လူကို ကြည့်နေတယ်၊ ပြီတော့ ဇောင့်ကနဲထပြီး ပြောတယ်… …
“ငါ သွားတော့မယ် ဟေ့ကောင်၊ မင်းနဲ့ငါနဲ့ နက်ဖန်ခါမှ ပြန်တွေ့ကြသေးတာပေါ့ နော့်”…ဆိုပြီး လစ်သွားပါလေရော…
သူတော်တော် ဒေါကန်သွားပြီ၊ ဟီ ဟိ နက်ဖြန်ခါတော့ နဘမ်းလုံးရချေသေးရဲ့
5။
နောက်ရက် Canteen မှာ တွေ့တော့ တန်းဆဲပါလေရော… …
“ဟေ့ကောင် လူယုတ်မာ၊ မင်း မနေ့က ဘာသောက်ချိုးချိုးတာလဲ”
“ဟင်…ဘာချိုးလို့လဲ၊ မင်းပဲ မိတ်ဆက်ပေးဆို၊ သာသာထိုးထိုးလေး ပြောဆို”
“သာသာထိုးထိုး ပြောပေးဆိုတာနဲ့ပဲ ကောင်လေးက ရူးတူးပေါတောလေးလို့ ပြောရရောလားကွ”
“အော်…ငါစကားမှား သွားလို့ပါကွာ၊ ငါတကယ်ပြောချင်တာက ကောင်လေးက ပျော်ပျော်နေတတ်တယ်၊ သဘောကောင်းတယ် အဲလိုပါကွ”
“လုပ်မနေနဲ့ ဟေ့ကောင်၊ ငါက ငါ့ကောင်မလေးရှေ့မှာ သောက်ရှက်ကွဲခဲ့ပြီ”
အမယ်…ငါ့ ကောင်မလေး တဲ့၊ အဟက်ဟက်…ဖြစ်မှ ဖြစ်ရလေ…ဆက်ပြီး နောက်လိုက်အုံးမှ…
“ဒါနဲ့ မိတ်ဆက်ပေးခ ဘီယာက မနက်ဖန်တိုက်မှာလား”
“မင်းလိုကောင်ကို ဘီယာတိုက်ဖို့မပြောနဲ့ သေးနဲ့တောင် လှည့်မပန်းဘူး၊ သေခန်းပြတ်ပြီ မှတ်ထား”
“နေပေါ့လေ၊ ဒါဆိုလည်း ငါနဲ့ဝေဝေ နှစ်ယောက်ထဲ သွားစားရတော့မှာပေါ့”
“ဘာ…ဘာ…ဘာကွ၊ ဘာပြောတာလဲ”
“အော်…မနက်ဖန် စီးတီးဟောမှာ တွေ့ပြီး နေ့လည်စာစားကြဖို့ ဝေဝေက ချိန်းထားတယ်ကွ၊ မင်းကိုလည်း ခေါ်ခဲ့ပါတဲ့၊ ခု မင်းက ငါနဲ့သေခန်းပြတ်ပြီဆိုတော့ ငါတို့ နှစ်ယောက်ထဲ သွားရတော့မှာမလို့ စိတ်မကောင်းဖြစ်မိတယ်ကွာ…”
“ဟင်…ဟဲ..ဟဲ သူငယ်ချင်းကလည်းကွာ၊ နောက်တာပါကွ၊ ဒီလောက် အကြာကြီးခင်လာတဲ့ သူငယ်ချင်းတွေ၊ အလကား လွယ်လွယ်နဲ့ပြတ်ပ့ါမလား၊ မင်း ကလည်း”
“ဒါဆို ဘီယာတိုက်မှာလား၊ သေးနဲ့လှည့်ပန်းမှာလား”
“ဟီး..ဟီး သေးနဲ့ပန်းစရာလားလို့… ဘီယာတိုက်မှာကွ ဘီယာ”
သေနာကောင်…. ခုတစ်မျိုး တော်ကြာတစ်မျိုး။
တော်သေးတယ် ဒီဘက်ကလည်း နိုင်ကွက်ကိုင်ထားနိုင်လို့….
6။
ဒီလိုနဲ့ တိုတိုပဲပြောရရင် သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်။
နားတော့ အတော်အေးသွားတာ
ရီးစားမဖြစ်မချင်း ကျနော့်ကို ခဏခဏလာပြီး ဂျီကျကျနေတာတွေ ရပ်သွားပြီ
ဆိုဒ်ထဲက Canteen မှာ သူတို့နှစ်ယောက်တွဲ ထိုင်ထိုင်ပြီး ပြုံးပျော်နေကြတာတွေ တွေ့တွေ့နေရတယ်။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက် နေလာလိုက်တာ တရက်တော့ မောင်မင်းကြီးသား ပေါက်ချလာပါလေရော…
ပါးစပ်ကလည်း အော်လာတယ်… …
“ဇော်ကြီးရေ… အိုင်ဘလူး အိုင်ဘလူး”
“ဘာလဲဟ အိုင်ဘလူးကြီးက”
“ရိုးရိုးလုပ်ပါကွာ၊ မင့်ဟာကလဲ၊ ဘာပြာတာလဲ”
“ဝေလေးနဲ့ လက်ထပ်တော့မလို့ကွ၊ အဲဒါ ငွေလိုလို့ လုပ်ပါအုံး”
လုပ်ပြီ၊ မအေပေးက၊ ခုထိငါ့လက်က အကူအညီလိုတုံး၊ မတတ်နိုင်ဘူးလေ သူ့ခမျာ ဘလူးနေတော့လည်း၊ အဲ ပြာနေပြီဆိုတော့လည်း ကူညီရတော့မှာပေါ့… ..
“ဒါနဲ့ မင့်နာရေးက ဘယ်တော့တုံး…”
“ဘာကွ…”
“အဲလေ… မင့်မင်္ဂလာရက်က ဘယ်တော့တုံး”
“နောက်လ ၂၆ ရက်”
“အာ… တော်တော်ကပ်နေပြီပဲ၊ ခုမှ ပြောရသလားဟ ကျက်သတုံးရ”
“အေးကွာ၊ ငါလည်း ငါ့ဟာငါ ကြိုးစားကြည့်သေးတယ်၊ သိပ်အဆင်မပြေတာနဲ့ မင်းဆီလာလိုက်တာ”
“ရပါတယ်ကွာ၊ သူငယ်ချင်းတွေပဲ၊ ငွေဘယ်လောက်လိုတာလဲ”
“ငါ့ရှိတာနဲ့ဆို နောက်ထပ် ငါးထောင်လောက်ရရင် ဖြစ်ပါတယ်၊ ပြီးတော့ ခန်းမကိစ္စတွေ အဝတ်အစားကိစ္စတွေ လိုက်လုပ်ပေးအုံးနော်”
“အေးပါကွာ ငုတ်မိသဲတိုင်ပေါ့…”
7။
သူတို့ မင်္ဂလာပွဲကို Cultural Hotel မှာ ကျင်းပဖြစ်တယ်။
အစစ ကိုယ်ပဲ လိုက်လုပ်ပေးရတာပါ။
မင်္ဂလာ အခန်းအနား စိုစိုပြေပြေလေးဖြစ်အောင်လို့ သူငယ်ချင်း ကိုငြိမ်းတိုးရဲ့ Independent Music Group တီးဝိုင်းကို အလကားမတ်တင်းလောက် နီးနီးနဲ့ ငှားထည့်ပေးလိုက်တယ်။
တီးဝိုင်းဆရာကလည်း ငွေးကြေးအတွက်မဟုတ်ဘဲ ဝါသနာပါလို့ လုပ်နေတာဆိုတော့ ပျော်ပျော်ကြီးပဲ လိုက်ပါဆောင်ရွက်ပေးပါတယ်။
မင်္ဂလာပွဲရက်မှာ ကျနော်လည်း သီချင်းတစ်ပုဒ်ဆိုပြီး ချီးမြှင့်ခဲ့တယ်….
ဆိုခဲ့တဲ့ သီချင်းလေးက ….“ပန်းတံတားပေါ်မှလျှောက်ပါ”
ဆိုချင်တဲ့ သီချင်းလေးက… “ချစ်သူတိုင်းလည်း ညားကြပါစေ”
ဒီလိုပါပဲ… လောကသဘာဝ ဖြစ်ချင်တိုင်း မဖြစ်ကြရဘူးမဟုတ်လား
သီချင်းဆိုနေရင်းနဲ့ ပရိသတ်တွေထဲမှာ ပြုံးပျော်ရွှင်မြူးနေတဲ့ သူငယ်ချင်းတို့ စုံတွဲကိုမြင်လိုက်တိုင်း…
ကျနော့် ဘယ်ဘက်ရင်ဘတ် အပေါ်ပိုင်းက အောင့်အောင့်လာတယ်…
အင်း… ခုမှ အောင့်တာတော့ မဟုတ်ပါဘူးလေ
ကြည်ဆွေက သူ ဝေဝေ့ကို ချစ်နေမိပြီလို့ ပြောတဲ့ နေ့ကတည်းပါ… ….
တကယ်တော့… ….
ကျနော်ဟာ သုံးကျွန်းကျနေတဲ့ သူပါဗျာ… ….။
အားလုံး ခဏလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…
သန်၎ကို
{ဝတ္ထုလေးရဲ့ အရသာကို သိရအောင် ဒီသီချင်း ၂ ပုဒ်စလုံးကို နားထောင်ကြည့်သင့်ပါတယ်}
ပန်းတံတားပေါ်မှာ လျှောက်ပါ... လင့်
http://www.youtube.com/watch?v=6xImJwnJE7k
ချစ်သူတိုင်းလည်း ညားကျပါစေ...လင့်
http://www.youtube.com/watch?v=e0jqe3h2NgY

Saturday, January 25, 2014

ဒေါသရှေ့ထားမှားတတ်တယ်(ဟာသ)


မမြင်ရစေနဲ့


ကုမ္မဏီပိုင်ရှင် သူဌေးတစ်ဦးက သူ့စက်ရုံကို ဝင်ရောက်လေ့လာပါတယ်။ လူတစ်ဦးဟာ အလုပ်မလုပ်ပဲ နံရံမှီနေတာတွေ့တော့ သူဌေးဟာ အင်မတန် စိတ်ဆိုးပြီး သူ့ကို ယခုလို စကားအေးအေးဆေးဆေးပဲ ပြောပါတယ်။

သူဌေး - ဒီမယ် မောင်ရင်၊ မင်းရဲ့  တစ်လ ဝင်ငွေ ဘယ်လောက်ရှိလဲ.

လူငယ် - ဒေါ်လာ ၂ထောင်ပါ ခမျာ.

သူဌေး - ရော့ဒီမှာ မင်းအတွက် ဒေါ်လာ ၆ ထောင်၊ သုံးလ အတွက် လောက် တယ်မလား၊ နောက်ခါ ဒီစက်ရုံနဲ့ ငါ့မျက်စိရှေ့ မှာ ဘယ်တော့မှ မမြင်ရစေနဲ့၊ သွားတော့

လူငယ် - ဟုတ်ကဲ့ပါ ဆရာ .

ဒီလိုနဲ သူဌေးက အလုပ်လုပ်နေတဲ့ အခြားအလုပ်သမား တစ်ဦးကို ထွက်သွားတဲ့ လူငယ်အကြောင်းကို မေးတော့ ဒီလိုဖြေပါတယ်။

" သူက ပီဇာပို့သမားပါစရာ။ ဒီစက်ရုံက မဟုတ်ပါဘူး "

သူဌေး - ဟေ............

Saturday, January 18, 2014

ဒေါက်တာ ဂျက်

 
ဒေါက်တာဂျက်.... အထူးကု ဆေးခန်းတစ်ခုတွင်ဖြစ်သည်။ ထိုဆေးခန်းရှိဆရာဝန်မှာ ကုသပုံမြန်လွန်းလှ၍ ဒေါက်တာဂျက် ဟုပင် အမည်ပေးခြင်း ခံရလေ၏။ဆေးကုခန်းတွင်းသို့အဖွားအိုတဦးဝင်လာ၏။ 
လူနာအဖွားအို။ ။ဒေါက်တာ ဒေါ်ဒေါ် အသားတွေဝါးလို့မရတော့ဖူးကွယ်...
 ဒေါက်တာဂျက်။ ။အဒေါ်ရဲ့အသက်ဘယ်လောက်ရှိပီလဲ...
လူနာအဖွားအို။ ။၉၀ ပါ..... 
 ဒေါက်တာဂျက်။ ။ဒီအရွယ်ထိ ၀ါးခဲ့ ပြီးပြီပဲ၊ ကျေနပ်လိုက်တော့ ၊ ကဲ...နောက်တစ်ယောက်... 
ကလေးငယ်တဦးဝင်လာ၏။ 
ကလေးငယ်။ ။ကျနော် ခဲတံကို မြိုချလိုက်မိပါတယ် ဆရာ.... 
ဒေါက်တာဂျက်။ ။ဘောပင်နဲ့ရေး.....။နောက်တစ်ယောက်..... 
ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက်ဝင်လာ၏။ 
မိန်းကလေး။ ။ဆရာ။ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမလဲဟင်....... 
ဒေါက်တာဂျက်။ ။ရည်းစားမထားနဲ့ ၊ ယောက်ကျားမယူနဲ့ ၊နောက်တစ်ယောက် 
လူငယ်ယောက်ကျားတဦး ၀င်လာ၏။ 
လူငယ်။ ။ဒေါက်တာ့ကို ပြောရမှာတော့ ခပ်ရှက်ရှက်ပဲဗျ။ ဟိုဟာလေ....ကျနော့်အောက်ကကောင်လေ.... သိတယ်မဟုတ်လား....၊ဟဲဟဲ....၊အဲဒါ အဲ့ကောင် ကောင်းကောင်းအလုပ်မလုပ်တော့လို့......... 
 ဒေါက်တာဂျက်။ ။အဲဒါဆို အဲဒီကောင်ကို အလုပ်ဖြုတ်လိုက်...... 
လူငယ်။ ။ " ဗျာ !!!!!!!!!!!! "

Wednesday, January 15, 2014

အမိမဲ့သား(ဟာသ)



=======
“အမိမဲ့သား”
=======

တခါက ‘ခြင်နိုင်ဆေးရည်’ အရောင်းသမားတစ်ယောက်ဟာ တောနယ်ဘက်ကို အရောင်းထွက်လာတယ်။
စိုက်ပျိုးရေးခြံတစ်ခုကိုရောက်တော့ တောင်သူဦးကြီးတစ်ယောက်ကို တွေ့တာနဲ့ သူု့ခြင်ဆေးကို ဝင်ရောင်းတယ်...

“ဦးကြီးခင်ဗျား၊ ကျနော့်ရဲ့ခြင်နိုင်ဆေးရည်ဟာ အလွန်ကောင်းပါတယ်၊ ဒီဆေးရည်ကို ခန္ဓာကိုယ်မှာ လိမ်းထားရင် ၂၄ နာရီင်္အတွင်း ဘယ်ခြင်မှမကိုက်ပါဘူး၊ အာမခံပါတယ်”
“မရပါဘူးကွာ၊ တို့တောဘက်ကခြင်တွေက အလွန်ဆိုးတာပါ၊ ဘယ်ခြင်ဆေးမှ မရဘူး”

“ကျနော့်ဆေးရည်ကိုတော့ အာမခံပါတယ်၊ လက်တွေ့ စမ်းကြည့်ပါ”
“ဒါဆို မင်းကိုယ်တိုင် စမ်းပြမလား”

“ပြမယ်ဗျာ၊ ဘယ်လို စမ်းပြရမလဲ ပြော”
“ဒီညကျရင် မင်းကို ဟိုးတောစပ်က နွားခြံကြီးထဲမှာ ကိုယ်တုံးလုံးချွတ်ပြီး တိုင်မှာကြိုးနဲ့ချည်ထားမယ်၊ တစ်နာရီကြာလို့မှ မင်းကို ခြင်တစ်ကောင်မှ မကိုက်ဘူးဆို မင်းခြင်ဆေးအကုန်လုံး ငါဝယ်မယ်ကွာ ကဲ”

“စိန်လိုက်လေ ဦးကြီး”

ဒီလိုနဲ့ ညဘက်ရောက်တော့ အဲဒီအရောင်းသမားလေးကို ကိုယ်တုံးလုံးချွတ်ပြီး သူ့ဆေးရည်နဲ့ ဖျန်းလိုက်တယ်။ ပြီးတော့ နွားခြံကျယ်ကြီးထဲက တိုင်မှာ ကြိုးနဲ့ တုတ်ထားလိုက်တယ်။

နောက်တစ်နာရီကြာလို့ နွားခြံထဲ သွားကြည့်တော့…

တကိုယ်လုံး ပြာနှမ်းနေတဲ့ အရောင်းသမားလေးကို မျက်လုံးပြူးတိပြူးကြောင်နဲ့ တွေ့လိုက်ရတယ်
ပါးပြင်မှာလည်း မျက်ရည်တွေချောင်းစီးလို့

ခန္ဓာကိုယ်ပေါ် လိုက်ကြည့်တော့လည်း ခြင်ကိုက်ရာ တဖုမှ မတွေ့ရဘူး
ဒါနဲ့ တောင်သူဦးကြီးက မေးတာပေါ့… …

“မင်းကိုကြည့်ရတာ အတော်ထိတ်လန့်နေပုံပေါက်တယ်၊ ဘယ်လိုဖြစ်လို့လဲ”
“ဦးကြီးတို့ကို အော်ခေါ်နေတာ၊ မကြားကြဘူးလားဗျာ”
“အေးကွာ၊ မကြားမိဘူး၊ သရဲခြောက်လို့လား”
“မခြောက်ပါဘူးဗျာ”
“ဒါဆို ဘာဖြစ်လို့ ဒီလောက်တောင် ချိနဲ့သွားရတာလဲ”

ဒီတော့မှ ဘေးနားမှာဝပ်နေတဲ့ နွားပေါက်စလေးကို လက်ညိုးထိုးပြရင်း မေးရှာတယ်… …

“သူ့မှာ အမေ မရှိဘူးလားဗျာ”… တဲ့


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Tuesday, January 14, 2014

ရန်ကြွေး



=====
'ရန်ကြွေး'
=====
တောလမ်းတစ်နေရာမှာ...
လူဆိုးဗိုလ်မဲလုံးရဲ့ မိန်းမနဲ့ ယောက္ခမကြီးကို သူရဲ့ရန်ဘက်ဂိုဏ်းက ဖမ်းမိသွားတယ်။

ဒီဘက်ဂိုဏ်းက လူဆိုးဗိုလ်မိုးကြီးက ပြောတယ်... ...

"ဟား ဟား... မဲလုံး၊ မဲလုံး၊ ပြီးခဲ့တဲ့ နှစ်က င့ါမိန်းမနဲ့ ယောက္ခမကို ဖမ်းခေါ်သွားပြီး မုဒိမ်းကျင့်လွတ်လို်က်တာ၊ ခု အဲဒီရန်ကြွေးကို ပြန်ဆပ်ရမယ်ကွ ငှဲ ငှဲ"

... ဆိုတော့ ဗိုလ်မဲလုံးရဲ့ မိန်းမက တောင်းပန်ရှာတယ်... ...

"ဗိုလ်ကြီးရယ်၊ ကျမအမေက အသက်ကြီးပါပြီ၊ သူ့ကိုတော့ ဘာမှမလုပ်ပါနဲ့ရှင်"

အဲဒီမှာ...
အဖွားကြီးက ဒေါသတကြီးနဲ့ သူ့သမီးကို အော်တယ်... ...

"ဟဲ့ ကောင်မ... ညည်းပါးစပ်ကို ပိတ်ထားစမ်း၊ ရန်ကြွေးက ရန်ကြွေးပဲ"... တဲ့။


(ညှင်း.. ညှင်း... ရန်ကြွင်းရန်စ မထားချင်တဲ့ သဘောပေါ့)
သန်၎ကို-ဘာသာပြန်သည်။

Saturday, January 11, 2014

လူရိုးကြီး


ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊
အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်
ဒီနေ့တော့ သူ့မွေးနေ့လေ
သူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်

ကလပ်ထဲဝင်တော့ ဧည့်ကြိုကောင်လေးက လှမ်းနုတ်ဆက်တယ်... ...
"ဟလို... ဆရာ၊ စောလှချည်လား"... တဲ့
မိန်းမလုပ်သူလဲ ဇဝေဇဝါဖြစ်သွားတာပေါ့... ...
"ရှင် အရင်နေ့တွေက ဒီနေရာကို လာဖူးလို့လား"
"မလာဖူးပါဘူးကွာ၊ ဒီကောင်လေးက ငါတို့ကြက်တောင်အသင်းကကွ"
"အော်..."

အထဲရောက်လို့ စားပွဲမှာထိုင်ခါရှိသေး၊ စာပွဲထိုးမလေးက ကိုကျေးညိုအတွက် ဘဒ်ဝှိုက်ဇာဘီယာ လာချပေးသွားတယ်...
"ဟင်... ရှင် ဘဒ်ဝှိုက်ဇာကြိုက်တာ ဒီကောင်မက ဘယ်လိုလုပ်သိတာတုန်း"
"သူကလည်း ငါတို့ ကြက်တောင်အသင်းကပဲကွ"
"ဟွင့်... "

ခဏနေတော့ စင်တင်အဆိုတော်မလေးက ဗြုန်းဆို ကိုကျေးညိုကို နောက်ကသိုင်းဖက်လိုက်ရင်း မေးတယ်... ...
"ဦး... ဒီနေ့ ဘာသီချင်းဆိုပြရမလဲ၊ ဆုတွေအများကြီးချနော်".... တဲ့

အဲ...
အဲဒီမှာ မိန်းမလုပ်သူလည်း အသားတဆတ်ဆတ်တုန်လို့ သူ့စလင်းဘက်ကို ကောက်ဆွဲပြီး၊ ကလပ်ခန်းမထဲကနေ ဇောင့် ဇောင့် နဲ့ထွက်သွားတော့တယ်
ကိုကျေးညိုလည်း နောက်ကပြေးလိုက်ရတာပေါ့
မိန်းမက တက်စီတစီးပေါ်ကို အတက်၊ ကားမထွက်ခင် ကမန်းကတန်းအထဲဝင်လိုက်ပြီး တောင်းပန်ရတယ်... ...

"ရှုင်းပြပါရစေအုံးကွာ"
"ဘာမှ ရှင်းပြမနေနဲ့၊ မသာကြီး၊ အယုတ်တမာကြီး"
"သူ့ကို ငါမသိပါဘူးကွာ၊ သူက လူမှားပြီး လာပြောနေတာပါ"
"တော်စမ်းပါ၊ လူလိမ် လူညာ၊ သွား... သွား... သွား"... ဆိုပြီး အာခေါင်ခြစ်ပြီး အော်တယ်

ဒီတော့ တက်စီကားဆရာက နောက်လှည့်ကြည့်ပြီး ပြောတယ်... ....

"အိုး..ဟိုး၊ ကျေးညို၊ ဒီနေ့တော့ မင်း မ,လာတဲ့ ဆော်ကြီးက အတော်ကြမ်းသကိုးကွ"... တဲ့

သန်၎ကို-ဘာသာပြန်သည်။


Saturday, December 21, 2013

ယောက္ခမ အချစ်


အဲ့လောက်ချစ်ထှာ ..

လင်မယားနှစ်ယောက် ပြင်းထန်တဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမမျက်နှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတယ်။ ဒါကြောင့် အရေပြားအစားထိုးကုသဖို့ လိုပေမယ့် အဲဒီမိန်းမက ပိန် လွန်းတဲ့အတွက် သူ့ကိုယ်ပေါ်က အရေပြားက အစားထိုးဖို့ သင့်တော်တဲ့ နေရာမရှိဘူးလို့ ဒေါက်တာက သူ့ယောက်ကျားကို ပြောပြတယ်။

ယောက်ကျားက ဒီလိုဆိုရင် သူ့အရေပြားကို ပေးပါ မယ်လို့ ပြောတယ်။ ဒါနဲ့ယောက်ကျားကို စမ်းသပ်စစ်ဆေးတော့ အရေပြားယူဖို့ သင့်တော်တာက သူ့တင်ပါးက အရေပြားပဲရှိတယ်။ ဒါနဲ့ သူတို့ လင်မယားကို မိန်းမမျက်နှာကို ဘယ်နေရာက အရေပြားနဲ့ အစားထိုးတယ်ဆိုတာ ဘယ်သူကိုမှ မပြောပြဖို့ နှစ်ဦးသဘောတူလိုက်ပြီး ဆရာဝန်ကိုလဲ လှိျု့ဝှက်ပေးဖို့ တောင်းဆိုလိုက်တယ်။ အဲဒီလိုနဲ့ အရေပြား အစားထိုးဖြစ်သွားတယ် ဆိုပါတော့။

အရေပြား အစားထိုးပြီးသွားတဲ့ အချိန်မှာ အမျိုးသမီးရဲ့မျက်နှာဟာ မတော်တဆမှု မဖြစ်ခင်တုန်းကထက်တောင် ပိုချောသွားတယ်ဆိုပဲ။ လူနာလာမေးတဲ့ သူတို့မိတ်ဆွေတွေနဲ့ အမျိုးတွေကလဲ တအံ့တဩနဲ့ ချီးကျူးကြတာပေါ့။

တနေ့တော့ အမျိုးသမီးက သူ့ယောက်ကျားကို ပြောတယ်

“ယောက်ကျားရယ် ၊ ကျွန်မအတွက် ရှင်လုပ်ပေးခဲ့တာအတွက် ကျွန်မအရမ်းကျေးဇူးတင်ပါ တယ်၊ ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင်မသိပါဘူး”

အဲဒီတော့သူ့ယောက်ကျားက “‘ကျေးဇူးဆပ်စရာမလိုပါဘူး မိန်းမရယ်၊ အခု နင့်အမေကြီး နင်ပါး ကိုနမ်းတာမြင်တိုင်း ငါသောက်ရမ်းကျေနပ်နေတာပါ” လို့ ပြန်ပြောလိုက်သတဲ့။

Credit - Original Writer


Saturday, December 7, 2013

ပြုံးတော်မူ



မြင်ရသေးဝူး
*********

 ဆရာ။ ။ လနဲ့ အမေရိက၊ ဘယ်ဟာက ဝေးသလဲ။

 ကျောင်းသား။ ။ အမေရိကပါ ဆရာ။

ဆရာ။ ။ ဘာကြောင့်လဲ။

 ကျောင်းသား။ ။ လကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကကိုတော့ မမြင်နိုင်ပါဘူး ဆရာ။

 ဆရာ။ ။ အရူး ၊ ခုံပေါ်မှာ မတ်တပ်ရပ်စမ်း။ 

 ကျောင်းသား။ ။ ဆရာ ၊မတ်တပ်ရပ်တာတောင် ကျနော် ခုထိ အမေရိကကို မမြင်ရသေးဘူး။ 

 ငင် TL

အခေါ်အပြော(ဟာသ)


""အခေါ်အပြော""

စစ်သားလင်မယား...........
ယောင်္ကျား - ခြင်ထောင်ထဲဝင်ခွင့်ပြုပါ
မိန်းမ -အမြန်ဝင် ပြီးရင်သတင်းပို့

ရှေ့နေလင်မယား.......
ယောင်္ကျား -ခြင်ထောင်ထဲ ဝင်ရောက်ရန် အကြောင်းပေါ်ပေါက်ပါပြီးလား
မိန်းမ- လျော်ကန်သင့်မြတ်သဖြင့် ဝင်ခွင့်ပြုပါတယ်

လွှတ်တော်လင်မယား..........
ယောင်္ကျား -အပြင်မှာ ခြင်များသောင်းကျန်းနေပါသဖြင့် ခြင်ထောင်ထဲပေးဝင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်
မိန်းမ -ကလေးအိပ်ပျော် သွားသည့်အချိန် တွင် စဉ်းစားပေးမည်ဖြစ်ပါတယ်

ဆရာဝန်လင်မယား.......
ယောင်္ကျား -သွေးလွန်တုပ်ကွေး ရောဂါ ကျရောက်မှာ ဆိုးရတယ်
မိန်းမ -ခြင်ထောင်အပြင်မှာ ခြင်ဆေးခွေထွန်းပြီးဝင်ခဲ့လေ

မီးသတ်လင်မယား............

ယောင်္ကျား-မိန်းမရေ... ငါခြင်ထောင်ထဲ ဝင်လာပြီဟေ့....ဝေါ..ဝေါ...ဝေါ...ဒုန်း
မိန်းမ-အွတ်...အမလေး...သေပါပြီရှင်...တော်ကလည်း ခြင်ထောင်ထဲ မီးမလောင်ပါဘူး

ရဲလင်မယား......
ယောင်္ကျား-တာဝန် နဲ့ဝတ္တရားအရ ခြင်ထောင်ထဲဝင်မယ်
မိန်းမ- ဆူပူမှု မဖြစ်ရန်နဲ့ တည်ငြိမ်မှုရရှိဖို့ ဝင်လာခဲ့..ဒါပဲ...

Tuesday, November 19, 2013

အတွင်းရေးမှုးလေး(ဟာသ)


လိမ္မာယာဉ်ကျေးသူလေး
•••••••••••••••••••••••••••

အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှုး မလေးဟာ ရုပ်ရည် ချောမော လှပသလောက် စကားပြောဆိုရာမှာ လည်း လိမ္မာ ပါးနပ်လှတယ်..

တစ်ရက်တော့..
အိမ်သာထဲက ထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို ပြန်ဆွဲ မပိတ်မိဘူး... ဒါကို အတွင်းရေးမှုးမလေးက မြင်တော့... သူဌေးကို သတိပေးလိုက်တယ်..

" ဆရာရှင့်..ဆရာ့ရဲ့ စစ်တန်းလျား တံခါး ပွင့်နေပါတယ်ရှင်..."

ဒါကို သူဌေးက ဘာပြောမှန်း မသိဘူး..ဇဝေဇဝါ ဖြစ်ပြီး.. ဘာမှ ပြန်မပြောပဲ သူ့ရုံးခန်းထဲ.. ဝင်သွားတယ်..။

ခဏနေတော့မှ သူ့ဘောင်းဘီ ဇစ်မပိတ်မိတာကို သတိထားမိ သွားပြီး.. အတွင်းရေမှုးမလေးရဲ့ စကားကို သဘောပေါက်တော့တယ်။

ဒါနဲ့.. သူ့အတွင်းရေးမှုးမလေးကို နောက်ချင်လာလို့.. အင်တာကွန်း ကနေ လှမ်းခေါ်လိုက်တယ်...

" တွီ..တွီ.."

" ပြောပါဆရာ..."

" သမီးရေ... ခုနက စစ်တန်းလျားထဲ မှာ စစ်သားတစ်ယောက် တောင့်တောင့်ကြီး ရပ်နေတာ မတွေ့မိဘူးလား..ကွယ့်.."

ဒီတော့.. အတွင်းရေးမှုး မလေးက ပြန်ပြောတယ်...

" ဟင့်အင်း..ဆရာ.. ဒုက္ခိတ ဖြစ်နေတဲ့ စစ်သားအို တစ်ယောက်တော့ တွေ့တယ်.. သဲအိပ် အစုတ်ကြီးနှစ်လုံးပေါ်မှာ.. ပုံပုံကြီး ထိုင်လို့..."

" ဟေ..အေး..အေးပါကွာ...!!!.."



( thanlay ko)