ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label ဦးဇောတိက. Show all posts
Showing posts with label ဦးဇောတိက. Show all posts

Tuesday, October 23, 2012

စိတ်ချမ်းသာချင်ရင်




စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်...
*********************************************
(ဆရာတော်ဦးဇောတိက)

တချို.ကပြောတယ်၊ တပည်.တော်တို. တရားအားထုတ်တဲ.အခါမှာ၊ ဟိုတွေးဒီတွေး
အလွန်ပေါတယ်ဘုရားတဲ.။ လောဘတွေက သိပ်များတာပဲ၊ ဒီလောဘတွေကို ဖြတ်နိုင်မှ
တရားအားထုတ်လို.ရမှာလို. ပြောကြတယ်။ လောဘကို ဖြတ်နိုင်မှ တ
ရားအားထုတ်လို. ဖြစ်မယ်ဆိုရင်တော. တရားအားထုတ်လို. ဘယ်တော.မှ ဖြစ်မှာ
မဟုတ်တော.ဘူး။ လောဘဟာ သူ.အလိုလို ပြတ်ဖို.ရာ အကြောင်းမရှိဘူး။ သူ.ရဲ.
သဘောသဘာဝတွေကို သိရင်း သိရင်းနဲ. အသိဥာဏ်ရင်.ကျက်လာပြီး တဖြည်းဖြည်း
သူ.ဟာသူ အားနည်းသွားတာပါပဲ။ အဲဒီတော. သူ.ရဲ. သဘောသဘာဝတွေကို သိဖို.က
အင်မတန်အရေးကြီးပါတယ်။

လောက မှာ လောဘ ဒေါသဆိုတာတွေဟာ အရာကျယ်ဆုံး အရာတွေပဲ။ အဓိကကျတာ
သူတို.နှစ်ခုပဲ။ ဖြည်.ပြောလိုက်ရမယ်ဆိုရင်တော. မာန၊ က္ကုဿာ မစ္ဆရိယ၊ ဥဒ္ဒစ္စ
ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာ အများကြီးရှိတယ်။ သူတို.က နေရာတကာ ချယ်လှယ်နေတာပဲ။
တစ်ခုဖြစ်မနေရင် နောက်တစ်ခုဖြစ်တယ်။ လောဘဖြစ်ရင်ဖြစ် ၊ မဖြစ်ရင်
ဒေါသဖြစ်တယ်။ သို.မဟုတ်ရင် မာနဖြစ်တယ်။ မဟုတ်ရင် မနာလို
ဝန်တိုတဲ.စိတ်တွေဖြစ်တယ်။ ဒါမှမဟုတ်ရင် ဖြစ်ခဲ.ပြီးတဲ. ကိစ္စတွေ
ပြန်တွေးပြီးတော. စိတ်မကောင်းဖြစ်နေတယ်။ ဒါတွေဟာ တစ်ခုမဟုတ် တစ်ခု
တစ်လှည်.စီဖြစ်နေတယ်။

ဒီကိလေသာတွေဖြစ်လာတဲ.အခါ ချက်ချင်းကြီးဖျောက်ပစ်ဖို. မကြိုးစားပါနဲ.။
သူတို.ရဲ. သဘောသဘာဝတွေကို စိတ်ဝင်စားပြီးတော. သေသေချာချာကြည်.ပါ။
သူတို.နဲ.အတူတူပါလာတဲ. ဆင်းရဲတဲ.သဘော၊ ပင်ပန်းတဲ.သဘောတွေကိုလည်း
တွေ.ရလိမ်.မယ်။ ဆင်းရဲတဲ.သဘော ပင်ပန်းတဲ.သဘောတွေကို
မြင်ပါများလာလို.ရှိရင် ကိလေသာတွေကို လက်မခံချင်တော.ဘူး။ ဒီလိုသူတို.ကို
သိပါများရင် သူတို.အဖြစ်နည်းလာလိမ်.မယ်။ ဖြစ်တဲ.အခါမှာလည်းသူတို.ရဲ.
intensity သူတို.ရဲ. ပြင်းအားကလည်း နည်းသွားလိမ်.မယ်။ အရင်တုန်းက
မသိတဲ.အခါမှာ လောဘဖြစ်စေ၊ ဒေါသဖြစ်စေ ဖြစ်လာပြီဆိုရင် နာရီပေါင်းများစွာ
ကြာချင်လည်းကြာမယ်။ သတိနဲ.ဒီလိုကြည်.နေလို.ရှိရင် ဖြစ်လာတဲ.အခါ
သိလိုက်လို.ရှိရင် မိနစ်ပိုင်းလောက်ပဲ ကြာမယ်။ ပြီးသွားတယ်။
သတိပိုကောင်းလာရင် စက္ကန်.ပိုင်းလောက်ပဲ ကြာမယ်။ ဒီထက်သတိပိုကောင်းလာရင်
ဖြစ်မှန်းသိလိုက်တာနဲ. မရှိတော.ဘူး။

အဲဒီတော. လောဘ ဒေါသဖြစ်တဲ.အခါမှာ အင်မတန်ပင်ပန်းတယ်ဆိုတာ
ကိုယ်တွေ.သိအောင် ဖြစ်တိုင်း ဖြစ်တိုင်း သေသေချာချာမြင်အောင်ကြည်.ပါ။
ကိလေသာက အမျိုးမျိုးလှည်.စားတတ်တယ်နော်။ လိုချင်တာလေးရရင် ချမ်းသာမယ်။
ဖြစ်ချင်တာလေး ဖြစ်ရရင် ချမ်းသာမယ်လို. ထင်နေတာ။ ဒီလိုထင်နေရင်တော.
မှားမယ်။ အဲဒါမိမိစိတ်က မိမိကို လှည်.စားတာပဲ။ အဲဒါ လောဘက လှည်.စားတာပဲ။
ငါလိုချင်တာ ငါဖြစ်ချင်တာတွေ အကုန်လုံးဖြစ်ရရင် စိတ်ချမ်းသာမယ်ဆိုတာ
စိတ်ရဲ. လှည်.စားမှုပါပဲ။ လောကရဲ. သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော.မှ
ဖြစ်မှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေ အများကြီးထဲက နည်းနည်းပါးလောက်ပဲ
ဖြစ်မယ်။ ဖြစ်လာတဲ. ကိစ္စတိုင်းကလည်း ကိုယ်.စိတ်တိုင်းကျ ဖြစ်မှာ
မဟုတ်ဘူး။ စိတ်တိုင်းကျ ဖြစ်လာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ.သဘာဝကိုက
ဒီတိုင်းပဲ။ မကျေနပ်ခြင်းဆိုတဲ. သဘာဝဟာ စိတ်ရဲ.သဘာဝပဲ။

စိတ်ရဲ.သဘာဝကို ကြည်.ကြည်.ပြီးတော. အဲဒီလို သိလာတယ်ဆိုရင်ကိုပဲ အင်မတန်
အသိဥာဏ်နက်နဲတဲ.သူ ဖြစ်လာပြီ။ ဘ၀လမ်းကြောင်းဟာ နည်းနည်းပြောင်းသွားပြီ။
အရာရာကို ပိုပြီးတော. လေးလေးနက်နက် စဉ်းစားပြီးတော. လုပ်တော.မှာ။ လောဘ
ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဥာဏ်ပညာအင်မတန်ရှိတဲ. ပုဂ္ဂိုလ်၊ ဥာဏ်ပညာ
ရင်.ကျက်တဲ.ပုဂ္ဂိုလ်ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို.
မရင်.ကျက်သလဲဆိုတော. လောဘ ဒေါသတို.ရဲ. လွှမ်းမိုးမှုကို ခံနေရလို.ပဲ။
ဒီကိလေသာတွေကို နည်းနည်းသိတယ်ဆိုရင်ပဲ သူတို.ရဲ. လွှမ်းမိုးမှုကနေ
သက်သာရာရပြီ။ သူတို.လုံးဝ အပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ
သူတို.ရဲ. လွှမ်းမိုးမှုက အများကြီးနည်းသွားပြီ။

လောဘကြောင်. စိတ်ပင်ပန်းတယ်၊ ဒေါသကြောင်. စိတ်ပင်ပန်းတယ်။ မာနကြောင်.
စိတ်ပင်ပန်းတယ်၊ ကိုယ်.ထက် သူများက သာသွားပြီ၊ ကိုယ်ရမယ်. အခွင်.အရေးကို
ကိုယ်က မရဘဲနဲ. သူများက ရသွားပြီ၊ အဲဒါတွေ တွေးတွေးပြီးတော.
အိပ်မပျော်တော.ဘူး။ အင်မတန်စိတ်ဆင်းရဲရတယ်။ မာနဖြစ်နေရင်လည်း
ပြိုင်ချင်တယ်၊ ယှဉ်ချင်တယ်။ သားသမီးချင်းလည်း ပြိုင်လိုက်တာပဲ။
လင်မယားချင်းလည်း ပြိုင်လိုက်တာပဲ။ ငါ.ယောကျာ်းက ဘယ်လိုတော်တာ၊
ငါ.မိန်းမက ဘယ်လိုတော်တာ၊ ငါ.သားသမီးက ဘယ်လိုတော်တာ၊
နောက်ဆုံးရောဂါချင်းတောင် ပြိုင်လိုက်သေးတယ်။ ငါ.ရောဂါက
မြန်မာပြည်ကဆေးနဲ. မပျောက်ဘူး၊ ငါ.ရောဂါက အဆင်.အတန်း သိပ်မြင်.တယ်။
ဂျာမနီက လာတဲ. ဆေးနဲ.မှရတာ။ ငါ.ရောဂါက တော်ရုံတန်ရုံဆရာဝန်နဲ.
ပြလို.မရဘူး။ ဘယ်နိုင်ငံကလာတဲ. ပါရဂူကို ပြမှဖြစ်မှာ။ အဲဒီလို
တွေးပြီးတော. ပြိုင်ချင် ကြွားချင်တဲ. သဘောတွေက ဖြစ်တတ်တယ်။
တော်ရုံတန်ရုံ ဆရာဝန်နဲ. ပျောက်သွားရင်ကိုပဲ သိပ်မကြိုက်ချင်ဘူး။
စိတ်ရဲ.သဘာဝဟာ ဒီလိုပါပဲနော်။ တခါတလေ တော်တော်ရယ်စရာကောင်းတယ်။
တရားအားထုတ်ရင်တောင်မှ ရိပ်သာချင်းပြိုင်ချင်တယ်။ တော်တော်ကို
ပြိုင်ချင်တဲ.စိတ်ပဲ၊ အင်မတန်ဆန်းကြယ်တယ်နော်။

မာနကို အဓိပ္ပါယ်ပြန်တဲ.နေရာမှ တချို. ထောင်လွှားခြင်းလို.
အဓိပ္ပါယ်ပြန်တယ်။ ထောင်လွှားခြင်း သက်သက်မဟုတ်ပါဘူး၊ သူနဲ.ငါနဲ.ဆိုတဲ.
ယှဉ်တဲ.သဘော၊ ပြိုင်တဲ.သဘောကလည်း မာနပါပဲ။ သူတို.က ငါ.ထက်သာသွားပြီ။
ငါတို.ကတော. နိမ်.ကျတယ်ဆိုတာတွေဟာ မာနတွေပဲ။ ဘယ်လိုနည်းနဲ.ပဲဖြစ်ဖြစ်
မိမိနဲ.သူတစ်ပါးနဲ.ဖြစ်ဖြစ်၊ မိမိပစ္စည်းနဲ. သူတစ်ပါးပစ္စည်းဖြစ်ဖြစ်
မိမိနဲ.ပက်သက်နေတာတစ်ခုခုနဲ. သူတစ်ပါးနဲ.ပက်သက်နေတာ တစ်ခုခုဖြစ်ဖြစ်
တစ်နည်းနည်းနဲ.နှိုင်းယှဉ်လိုက်တာဟာ မာနပဲ။ compare လုပ်တာ မာနပဲ။
တကယ်အသိဥာဏ်ရင်.ကျက်သွားတဲ. ပုဂ္ဂိုလ်ဟာ compare မလုပ်တော.ဘူး။
သူလုပ်နိုင်တာလုပ်ပြီးတော. သူ.ဟာသူ အေးအေးဆေးဆေးနေသွားတာပဲ။ ဘယ်သူက
ဘာဖြစ်တယ်ဆိုတာ သူ.စိတ်ထဲမှာ မရှိတော.ဘူး။ compare လုပ်တာ နှိုင်းယှဉ်တာ
အင်မတန် ပင်ပန်းပါတယ်။ ကိုယ်.စိတ်ထဲမှာ သတိထားကြည်.စမ်းပါ။ တစ်နေ.တစ်နေ.
ဘယ်လောက် compare လုပ်နေလဲဆိုတာ၊ ဒါတွေကို မြင်အောင်ကြည်.စမ်းပါနော်။
ကိုယ်.ကို နှိပ်စက်နေတာ သူများမဟုတ်ဘူး။ ကိုယ်.စိတ်ပဲ။ အဲဒါကို
သေသေချာချာလေးလေးနက်နက် သဘောပေါက်ဖို.လိုတယ်။

စားစရာမရှိလို. စိတ်ဆင်းရဲတယ်ဆိုရင် နားလည်နိုင်ပါတယ်။ ၀တ်စရာမရှိလို.
စိတ်ဆင်းရဲတယ်ဆိုရင်လည်း နားလည်နိုင်ပါတယ်။ နေစရာမရှိလို. သူ.မှာ
စိတ်ဆင်းရဲခြင်းဖြစ်နေတယ်ဆိုရင်လည်း နားလည်နိုင်ပါသေးတယ်။ သို.သော်
လူတော်တော်များများမှာ စားစရာလည်း ရှိပါတယ်။
နေစရာကောင်းကောင်းမွန်မွန်လည်း ရှိပါတယ်။ ၀တ်စရာတွေလည်း
အများကြီးရှိပါတယ်။ ဒါပေမယ်. စိတ်မချမ်းသာဘူး။ ငါ.မှာစားစရာလည်းရှိတယ်၊
ဝတ်စရာလည်းရှိတယ်၊ နေစရာလည်းရှိတယ်။ ငါဘာလို. စိတ်ဆင်းရဲ.နေတာလဲ။
ဘယ်သူကနှိပ်စက်နေတာလဲ။ ကိုယ်.စိတ်က ကိုယ်.ကို နှိပ်စက်နေတာပါ။ အဲဒီတော.
စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှဖြစ်မယ်။ လောလောဆယ်
နှိပ်စက်နေတာကြီး မပျောက်ခင်မှာ နှိပ်စက်နေမှန်း အသေးစိတ်သိဖို.လိုတယ်။
ဘယ်လောက်ထိအောင် အသေးစိတ် နှိပ်စက်နေလဲဆိုတာ သိဖို.လိုတယ်။
စိတ်ဝင်စားမှုရှိဖို.လိုတယ်။ စိတ်ကိုသိလို.ရှိရင် စိတ်ရဲ.လွှမ်းမိုးမှု
နှိပ်စက်မှု ခြယ်လှယ်မှုကို မခံရတော.ဘူး။ စိတ်ကိုမသိလို.ရှိရင်
သူနှိပ်စက်သမျှ လွှမ်းမိုးသမျှ ခြယ်လှယ်သမျှ ဧကန်မုချ ခံရမှာပဲ။
သေသည်ထိအောင် နှိပ်စက်မှာ။

အဲဒီတော. သေခါနီး နောက်ဆုံးအချိန်အထိအောင် မနှိပ်စက်အောင်ဆိုရင်
သူ.သဘာဝကို သေသေချာချာသိဖို. အင်မတန် အရေးကြီးပါတယ်။ အဲဒီတော. နေတတ်ရင်
စိတ်ချမ်းသာမယ်။ စိတ်ထားတတ်ရင် စိတ်ချမ်းသာမယ်။ အသိဥာဏ်နဲ.နေတတ်ရင်
အများကြီး သက်သာရာရမယ်။

လူတွေဟာ စိတ်ချမ်းသာမလားဆိုပြီး အမျိုးမျိုး ရှာကြံလုပ်ကြတယ်။ ဘယ်ဟာမှ
တကယ်နက်နက်နဲနဲ အတွင်းကျကျ စိတ်ချမ်းသာမှု မပေးနိုင်ဘူး။ ဘယ်ဟာရရ ခဏလေးပဲ
စိတ်ချမ်းသာတယ်။ အဆင်မပြေမှုဟာ တစ်ခုပြီး တစ်ခုပေါ်နေမှာပဲ။
အဆင်မပြေမှုဆိုတာ လောကရဲ. သဘာဝပဲ။ လောကကြီးဟာ ဘယ်တော.မှ perfect
မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်နေတဲ. သဘာဝတွေကို ဥာဏ်နဲ.ယှဉ်ပြီးတော. နေသွားရင်
အသိဥာဏ် တဖြည်းဖြည်းနဲ.ရင်.ကျက်လာပြီးတော. စိတ်က ဖြစ်သမျှ ကိစ္စတွေပေါ်မှာ
လိုက်ပြီးတော. တုန်.ပြန်မှု react မလုပ်တော.ဘူး။ မြင်ရုံမျှ၊ ကြားရုံမျှ၊
သိရုံမျှလေးပဲ နေသွားလို.ရတယ်။ စိတ်က မတုန်.ပြန်ရင် အများကြီးသက်သာပါတယ်။
ဘာဖြစ်လို. စိတ်ဆင်းရဲနေတာလဲဆိုတာ သိဖို.လိုတယ်။ စိတ်က တုန်.ပြန်နေလို.
ဆင်းရဲနေတာပါ။

ဒါကြောင်. စိတ်က တုန်.ပြန်နေတာ react လုပ်နေတာတွေကို လိုက်ကြည်.ဖို.
သိဖို.လိုတယ်။ သိလာလို.ရှိရင် react လုပ်တာ နည်းနည်းသွားတယ်။
စိတ်အကြောင်း အပြည်.အစုံသိသွားပြီဆိုရင် စိတ်က မတုန်.ပြန်တော.ဘူး။
မတုန်.ပြန်တော.ရင် လုပ်သမျှ ကိစ္စတိုင်းက reaction မဟုတ်တော.ပဲနဲ. ဥာဏ်နဲ.
သိပြီးလုပ်တဲ. Action၊ ဥာဏ်နဲ.သိပြီး လုပ်တဲ. ကုသိုလ်စိတ်ဖြစ်တယ်။
အချိန်ပြည်.လောဘနဲ. react လုပ်တယ်၊ ဒေါသနဲ. React လုပ်တယ်၊ မာနနဲ. React
လုပ်တယ်၊ မနာလို ၀န်တိုမှုနဲ. React လုပ်တယ်။ တုံ.ပြန်နေကြတာနော်။

သတိနဲ.မနေတတ်ရင်တော. မြင်လိုက်တာနဲ. Automatic reaction ဖြစ်ပြီးနေပြီ။
ကြားလိုက်တာနဲ. Automatic reaction ဖြစ်ပြီးနေပြီ။ တစ်ခုခုသိလိုက်တာနဲ.
အလိုအလျောက် စိတ်က တုန်.ပြန်ပြီးနေပြီ။ အဲဒီတော. အလိုအလျောက် automatic
စိတ်က တုံ.ပြန်လိုက်လို.ရှိရင် များသောအားဖြင်.တော. အကုသိုလ်နဲ.
တုံ.ပြန်တာဖြစ်နေပြီ။ ဒီလိုဖြစ်နေရင် စိတ်က ရှုပ်ထွေးတယ်။ ဘ၀ရှုပ်ထွေးတယ်။
အကုသိုလ်ဆိုတာ ဘ၀ကို သိပ်ရှုပ်ထွေးစေတယ်။ စိတ်ချမ်းသာဖို.ဆိုတာ
သိပ်မျှော်လင်.လို.မဖြစ်တော.ဘူး။ ဒီလိုဖြစ်နေတာကိုပဲ ဖြစ်နေမှန်းသိနေရင်
အဲဒီလို အလိုအလျောက် တုံ.ပြန်နေတဲ. သဘောတွေ automatic reaction တွေ
နည်းသွားတယ်။ ဖြစ်လာရင် ချက်ချင်းသိတယ်၊ ချက်ချင်းပျောက်သွားတယ်။
ဒီထက်ကြာလို.ရှိရင် ဖြစ်ကိုမဖြစ်တော.ဘူး။

သိပြီးတော. လုပ်လိုက်တဲ.အလုပ်တစ်ခုဟာ ကုသိုလ်ဖြစ်သွားတယ်။ သတိနဲ.အတူ
ပါလာတဲ. ဥာဏ်ပညာ wisdom က ဘ၀ကိုရှင်းလင်းပေးသွားတယ်။ ဘ၀ဟာအများကြီး
simple ဖြစ်လာတယ်။ ရိုးရှင်းလာတယ်။ စိတ်ရှုပ်ထွေးရင် ဘ၀ရှုပ်ထွေးတယ်။
စိတ်ရှင်းရင် ဘ၀လည်းရှင်းသွားတာပါပဲ။ ဘ၀ဆိုတာ စိတ်ရဲ. Reflection ၊
စိတ်ရဲ.ရောင်ပြန်ဟပ်မှုပါပဲ။ အဲဒီတော. ရှုပ်နေတာကို အရင်သိဖို.လိုတယ်။
ရှုပ်နေတာကို သေသေချာချာသိသွားရင် တဖြည်းဖြည်း တဖြည်းတဖြည်း ရှင်းသွားတယ်။
automatic reaction မလုပ်တော.ဘူး။ အဲဒီ automatic reaction ကြောင်.
ရှုပ်နေတာ။ mindful wholesome action က မရှုပ်ဘူး။ ဥာဏ်နဲ.သိပြီးတော.
သေသေချာချာလုပ်တဲ.အလုပ်က ဘ၀ကို မရှုပ်ထွေးစေဘူး။

--

Saturday, June 9, 2012

ဗုဒ္ဓဘာသာသည် ---



 Written By  ဆရာတော်ဦးဇောတိက --
           

              ဒကာကြီးတို့ ဘုန်းကြီးဆီကို ခဏခဏ လာနေကြတယ်။ ဘုန်းကြီးဆီကို ခဏခဏ လာရင် သက်သာမှာ မဟုတ်ဘူး။ ဘုန်းကြီးက ကိုယ်တိုင်လည်း သက်သာအောင်မနေဘူး။ ဘယ်သူ့ကိုမှ သက်သာအောင်လုပ်မပေးဘူး ။ ဘုန်းကြီးက ဒကာကြီးတို့ကို စဉ်းစားစရာတွေဘဲပြောမယ်။ အဆင်သင့်ယူသွားစရာ ဘာမှ မပေးဘူး။

              ဘုန်းကြီးဆီကိုလာရင် ဒကာကြီးတို့ လွယ်လွယ်နဲ့ လက်ခံထားတာတွေကို ပြန်ပြီးစဉ်းစားရလိမ့်မယ်။ ဒကာကြီးတို့သိပြီးသားတွေကို ဟုတ်ရဲ့လားလို့ပြန်ပြီး မေးရလိမ့်မယ်။ ကိုယ်ပိုင်ဥာဏ်နဲ့ လွတ်လွတ်လပ်လပ် စဉ်းစားရလိမ့်မယ်။ ကိုယ့်တာဝန် ကိုယ်ယူရလိမ့်မယ်။

               လွတ်လွတ်လပ်လပ် အမှန်တရားကိုရှာမှ ဗုဒ္ဓဘာသာဝင်ပီသမယ်နော်။ ကြားရသမျှကို ယုံနေရင်ဗုဒ္ဓဘာသာဝင် မပီသဘူး။ ယုံရတာ လွယ်တယ်။ ကိုယ်တိုင်သိအောင် လုပ်ရတာ မလွယ်ဘူး။ ဘုန်းကြီးက မလွယ်တာကိုကြိုက်တယ်။ ဒကာကြီးတို့ကော လွယ်တာကိုကြိုက်သလား။ မလွယ်တာကို ကြိုက်သလား။

              ``တပည့်တော် တို့လည်းမလွယ်တာပဲ  ကြိုက်ပါတယ် ဘုရား။ ဒါကြောင့် အရှင်ဘုရားဆီကို မကြာမကြာ လာတာပါ``

               ဘုန်းကြီးက သံသယ ကြီးတဲ့သူ ဖြစ်တယ်။ အထူးသဖြင့်ဘာသာရေးနဲ့ပတ်သတ်လာ
ရင် ပိုပြီးသံသယ ကြီးတယ်။ ယုံလွယ်တဲ့သူမဟုတ်ဘူး။ အကြောင်းအရာတစ်ခု အယူအဆတစ်ခုကို အဘက်ဘက်က စဉ်းစားတယ်။ မယုံပဲနေလို့ရရင် မယုံပဲနေချင်တယ်။ ဟုတ်မှန်းမသိ မဟုတ်မှန်းမသိပဲ သိမ်းကြုံးပြီး ယုံနေရတာကို မလုပ်နိုင်ဘူး။ ကိုယ့်စိတ်ကို ရှင်းထားချင်တယ်။ အခုလည်း စိတ်ကိုရှင်းထားလိုက်တာ တော်တော်တော့ ရှင်းသွားပြီ။

               ဗုဒ္ဓဘာသာ တရားကို ဘုန်းကြီးငယ်ငယ်ကတည်းက စိတ်ဝင်စားလာတာ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓက ``မယုံနဲ့``  လို့ပြောလို့ပဲ။ ``ယုံပါ -- ယုံရမယ် `` လို့ပြောရင် ဘုန်းကြီးက `` လာပြန်ပြီ နောက်ဆရာ တစ်ယောက် ။ ယုံခိုင်းနေပြီ။  ညာတော့မှာပဲ။ `` လို့တွေးပြီး လက်ခံမှာ မဟုတ်ဘူး။ စိတ်ဝင်စားမှာ မဟုတ်ဘူး။ `` မယုံပါနဲ့``လို့ပြောလို့ ဘုန်းကြီးက စိတ်ဝင်စားတာ။ `` လက်တွေ့စမ်းကြည့်ပါ``ပြောလို့ ဘုန်းကြီးက လက်တွေ့စမ်းကြည့်တာ။ စာတွေ့လောက်နဲ့ မှန်တယ် မှားတယ် မဆုံးဖြတ်နိုင်ဘူး။ ဆုံးဖြတ်လို့မရနိုင်ဘူး။ လက်တွေ့စမ်းဘို့လိုတယ်။
               လက်တွေ့စမ်းပြီးမှ ဘုန်းကြီးက ဗုဒ္ဓဘာသာတရားကို The Religion of Freedom လို့ခေါ်လိုက်တယ်။
               ဗုဒ္ဓဘာသာတရားဟာ dogmatism  မဟုတ်ဘူး။ dogmatism ဆိုတာ ခိုင်လုံတဲ့ အထောက်အထား မရှိပဲ မှန်တယ်လို့ယုံရတာကိုခေါ်တယ်။ dogmatism ဆိုတဲ့စကားလုံးကို အင်္ဂလိပ်အဘိဓါန်မှာကြည့်တော့ --
                                            unfounded positiveness in matters of opinion
              အဓိပ္ပါယ်က ``အယူအဆပိုင်းမှာ အထောက်အထားမရှိပဲ မှန်တယ်လို့ပြောတာ`` လို့တွေးရတယ်။ unfounded ဆိုတဲ့စကားလုံးကို အဓိပ္ပါယ် ရှာကြည့်တော့ without factual or rational foundation ``မှန်ကန်တိကျသော အချက်အလက် အထောက်အထား အုတ်မြစ်မရှိသော သို့မဟုတ် အကြောင်းအကျိုး ခိုင်လုံမှု အုတ်မြစ်မရှိသော``လို့တွေ့ရတယ်။ အခြေအမြစ်မရှိသော လို့အဓိပ္ပါယ်ရတယ်။ အခြေအမြစ်မရှိတဲ့စကားကို ယုံရမှာလား။
              မှန်ကန်တိကျတဲ့ အချက်အလက် အကြောင်းအကျိုးအထောက်အထား မရှိပဲ မှန်တယ်လို့ပြောတာကို ဘာကြောင့်လက်ခံရမှာလဲ။ လက်မခံနိုင်ပါဘူး။ အဲသလိုသာ လက်ခံနေရရင် ကိုယ့်ခေါင်းဟာ အမှိုက်ပုံးလိုဖြစ်သွားမှာပေါ့။
             opinion တွေ .ထင်မြင်ချက်တွေ- အယူအဆတွေ- ကိုပဲအမှန်တရားလို့ပြောနေကြတာပါ။ နှစ် နဲ့နှစ် ပေါင်း လေး  ဆိုတာကိုဘယ်သူမှ မငြင်းကြဘူး။ ဘာကြောင့်မငြင်းတာလဲ။ ငြင်းနေဘို့မလိုလို့ပေါ့။ ဘာကြောင့်ငြင်းနေဘို့ မလိုတာလဲ။ ထင်မြင်ချက်မဟုတ်လို့။ သဘာဝဖြစ်လို့။ အမှန်တရားဖြစ်လို့။ လက်တွေ့သိနိုင်လို့။ အငြင်းအခုံလုပ်နေရတာတွေဟာ ထင်မြင်ချက်တွေပဲ။ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့အရာဖြစ်တယ်။
              တချိုကပြောကြတယ်- အထောက်အထားမရှိပဲယုံတာမှ တကယ်ယုံတာ။ အထောက်အထားခိုက်လုံမှယုံတာက တကယ်ယုံတာမဟုတ်ဘူး။ တဲ့  -- တကယ်ယုံတာမဟုတ်လဲ အထောက်အထားနဲ့ ကိုယ်တွေ့မရှိပဲ လက်မခံနိုင်ဘူး။ ယုံတာက အဓိကမဟုတ်ဘူး ။သိတာက အဓိက.။
              မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။ ယုံရင်အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။ အဲဒီတော့ ကြောက်ကြောက်နဲ့ယုံလိုက်တာပဲ။
              သံသယ ဖြစ်တယ်ဆိုတာ လူသားပဲဖြစ်နိုင်တယ်။ ဘယ္တိရိစ ၦာန္မွ သံသယ မျဖစ္တတ္ဘူး။ သဘာဝကျကျ အကြောင်းအကျိုးကိုက်အောင် စဉ်းစားနိုင်တာလည်း လူသားပဲ။ ဘယ်တိရိစ္ဆာန်မှ အကြောင်းအကျိုးကိုက်အောင် မစဉ်းစားနိုင်ဘူး။

                     ``အကြောင်း အကျိုးကိုက်အောင်စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တားဆီးတာဟာ လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးတာ ``
                     ``ဒါဟာ အရက်စက်ဆုံး အကြီးလေးဆုံးပြစ်မှုပဲ။ အမှန်တရားကိုမသိအောင် ပိတ်ပင်တာ အကြီးမားဆုံးပြစ်မှုကိုလွန်ကြူးတာပဲ။``   

              ဘယ်သူတွေက ဒီပြစ်မှုတွေကိုလွန်ကြူးနေကြသလဲ။ လူတွေကို လွှမ်းမိုးချယ်လှယ်ချင်ကြတဲ့သူတွေ- လူတွေကြောင်အောင်လုပ်ပြီး ကိုယ်ကျိုးရှာချင်တဲ့သူတွေ။

                       ``စဉ်းစားခွင့်မပေးတာ - သံသယ ဖြစ်ခွင့်မပေးတာ - ကြောက်အောင်လုပ်တာဟာ အသိဥာဏ်ကိုသတ်လိုက်တာပဲ ။ လူသားရဲ့အကောင်းဆုံးအရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။
                         လူသားကို လူသားအဆင့်ကနေ ကျသွားအောင်လုပ်လိုက်တာပဲ `` 
     
           မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကိုလူသားနဲ့ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်။ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာ မထေရ်ကို ချီးမွမ်းတဲ့အချက်က ``အသဒ္ဓေါ`` ``မယုံသောသူ``တဲ့။ ဘာဖြစ်လို့ ``မယုံသောသူ`` လို့ချီးမွမ်းတာလဲ။ ယုံနေဘို့မလိုတော့လို့ပေါ့. ။ ဘာဖြစ်လို့ယုံနေဘို့ မလိုတော့တာလဲ။ ကိုယ်တိုင်ကိုယ်တွေ့သိတဲ့သူ ဖြစ်လို့ပေါ့။ ဘုန်းကြီးလည်း မယုံသောသူပဲ ဖြစ်ချင်ပါတယ်.။ဒကာကြီးတို့ကော--
          
                       ``တပည့်တော်တို့လည်း ကိုယ်တိုင်သိချင်တယ် - အဲဒါကို မယုံသောသူလို့ခေါ်ရင် မယုံသောသူပဲဖြစ်ချင်ပါတယ် ဘုရား``

                                                     ( ဆရာတော်ဦးဇောတိက၏ ဗုဒ္ဓဘာသာသည် လွတ်လပ်သောဘာသာတရား စာအုပ်ငယ်လေးမှ မဖတ်ဖြစ်သေးသူများနှင့် ဗုဒ္ဓဘာသာကို ခေတ်လူငယ်များ အမြင်သစ်ရစေရန်စေတနာဖြင့် မျှဝေခြင်းဖြစ်ပါသည်)               



                                                                           ကိုစိုးနိုင် --(စိတ်ဝင်စားသူများရှိလျှင် ဆက်လက်တင်ပေးပါမည်)
                                                                           ရွှင်လန်းချမ်းမြေ့ကြပါစေ--   

ရှင်းရှင်းလင်းလင်းသိရအောင်



ဆရာတော် ဦးဇောတိက ရဲ့တရားကိုကြိုက်လို့ မျှဝေတဲ့အခါ --ယုံကြည်သောသူ-- နဲ့-- မယုံကြည်သောသူ-- ဆိုတဲ့စကားစု   နှစ်ခုဟာ ဆန့်ကျင်ဘက်သဘောသက်ရောက်နေတော့ အတွေးချော်သွားကြတဲ့ သို့မဟုတ်  ဆရာတော်ရဲ့ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မသိတာလေး တွေကို ရီပလိုင်းမေးလ် တွေကတစ်ဆင့်သိရပါတယ်--ရတနာသုံးပါး ကိုအကြွင်းမဲ့ယုံကြည်တဲ့ ညီမငယ် ရဲ့အမေးကို ပို့စ်တစ်ခုအနေနဲ့ ကျွန်တော်နားလည်ထားသလိုရှင်းပြပါရစေ--

                       ဥပမာဆိုပါတော့-----    ပင်လယ်ပြင်ကို တစ်ခါမှမမြင်ဘူးတဲ့  တောင်ပေါ်သား တစ်ယောက်ကို  ပင်လယ်ထဲမှာ  ရေတွေအများကြီး ရှိတယ် ယုံလား လို့ မေးတယ်ဆိုပါတော့   --  တောင်ပေါ်သားက  --ယုံပါတယ်-- လို့ဖြေပါလိမ့်မယ် ။  သူတစ်ခါမှ ပင်လယ်ကိုမမြင်ဘူးပေမယ့် ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတာ အမှန်တရားမို့ သူက ယုံပါတယ် လို့ပြောတာ မမှားပါဘူး။  သူ့ကို ယုံကြည်သူ ဆိုပါတော့။ ။

                      နောက်တစ်ယောက်---  သူက ပင်လယ်ကမ်းစပ်မှာ မွေးပြီး ပင်လယ်ကြီးကိုနေ့တဓူဝ မြင်နေရတဲ့သူ ။  သူ့ကို ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတယ် ယုံလား လို့သွားမေးရင်--   ဟကောင် ယုံလား လို့မေးနေစရာ လိုလို့လား  မင်းမျက်လုံးကန်းနေလား   လို့ဘုတောပါလိမ့်မယ်။   ဘာဖြစ်လို့လဲဆိုတော့ သူက ယုံဘို့မလိုတော့တဲ့သူ ပင်လယ်ပြင်ကို ကိုယ်တိုင်မြင်သိနေတဲ့သူလေ--

                        ဆရာတော်ဆိုလိုတာက အဲသလိုပါ -- မယုံရဘူးဆိုတာထက်  ယုံတာလေးနဲ့ ကျေနပ်နေမယ့်အစား  ကိုယ်တိုင်သိအောင်ကြိုးစားစေချင်တာပါဘဲ။  တောင်ပေါ်သားဟာ ပင်လယ်ပြင်ကိုသွားကြည့်ပြီး ကိုယ်တိုင်မြင်ဘူးသွားရင်  -- နောက်တစ်ကြိမ်အမေးခံရတယ်ဆိုပါတော့ -- ယုံ ရုံတင်လားကွာ -- ကိုယ်တိုင်မြင်ဘူးလို့သိထားပါတယ် လို့ဖြေမှာပါ--

                       ရတနာမြတ်သုံးပါးကိုလည်း ယုံကြည်ရုံမဟုတ်ဘဲ  ရတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကို ရင်ထဲကသိအောင်ကြိုးစားကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်--     

                                                                      ရွှင်လန်းချမ်းမြေ့ကြပါစေ----
                                                                      ကိုစိုးနိုင်  

ဆရာတော်ဦးဇောတိက




ဆရာတော်ဦးဇောတိက ၏ တရားတော်

           ဗုဒ္ဓဘာသာတရားမှာ ယုံတာဟာ အရေးကြီးဆုံးအချက်မဟုတ်ဘူး။ ကိုယ်တိုင်သိတာက အရေးကြီးဆုံးအချက် ဖြစ်တယ်။ ဗုဒ္ဓဘာသာတရားဟာ အမှန်ကိုလွတ်လွတ်လပ်လပ်ရှာဘို့ လက်တွေ့စမ်းသပ်ဖို့အားပေးတဲ့ တရားဖြစ်တယ်။ ဒါကြောင့် Buddhism Is The Religion of Freedom လို့ခေါ်သင့်တယ်။ ဗုဒ္ဓဘာသာတရားဟာ စကတည်းက လွတ်လွတ်လပ်လပ်အမှန်တရားကိုရှာ
ဖို့ အားပေးတယ်။ မျက်ကန်းယုံကြည်မှုကိုအားမပေးဘူး။ မြတ်စွာဘုရားက ငါဘုရားဟောတာကိုယုံရမယ်။ မယုံရင်အပြစ်ရှိတယ်လို့မဟောဘူး။
            တရားဂုဏ်တော်တွေထဲမှာ ``သန္ဒိဌိကော --ကိုယ်တိုင်သိနိုင်တယ် ။ ဧဟိပသ၁ိကော --လာကြည့်ပါ -စမ်းကြည့်ပါ လက်တွေ့လုပ်ကြည့်ပါလို့ဆိုထားပါတယ်။ အဓိပ္ပါယ်က အပြောကိုယုံနေဖို့မလိုဘူး။ လက်တွေ့လုပ်ပြီးမှ မှန်ရင် လက်ခံဖို့ပြောတာနော်။ သိစေချင်လို့ပြောတာ။ ယုံစေချင်လို့ပြောတာမဟုတ်ဘူး။``ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ`` ဥာဏ်ရှိသူတို့သည်ကိုယ်စီ ကိုယ်စီ အသီးသီး မိမိတို့ဥာဏ်ရှိသလောက်သိနိုင်မယ်။
             ဗုဒ္ဓဘာသာတရားမှာ အထူးခြားဆုံးတရားဟာ ကာလာမသုတ် တရားတော်ပဲ။ ဒကာကြီးတို့ကြားဖူးတယ်မဟုတ်လား။

        ကြားဖူးပါတယ်ဘုရား ။ကြာပါပြီ ဒါပေမယ့် အရှင်ဘုရားထပ်ပြီးပြောပြရင် တပည့်တော်တို့ပြန်ပြီးသတိရလာမှာပါဘုရား။ တပည့်တော်က ကာလာမသုတ်ကို ဖတ်ပြီးကြောက်တောင်လာတယ်ဘုရား ။ မယုံနဲ့လို့ပြောတာတွေ ကဘာမှမကျန်တော့လို့။ တပည့်တော်တို့ကမိဘတွေပြောပြတာတွေ ဆရာသမားတွေပြောပြထားတာတွေ အမှန်တွေဘဲလို့လက်ခံလာခဲ့ကြတာ ။ သူတို့ပြောတာကိုမှန်ချင်မှမှန်မယ်လို့တွေးရတာ စိတ်ထဲသူတို့ကို စော်ကားသလိုများ ဖြစ်သွားမလားလို့ တွေးမိတယ်။ ပြီးတော့ကိုယ်ကိုယ်တိုင်လည်း ဘာမှမသိတော့ ဘာကိုယုံရမှန်းမသိတော့ဘူး။ ယုံစရာဘာမှမကျန်တော့တာကို ကြောက်တယ် ။ မှီစရာတွယ်စရာမရှိတော့သလို အားကိုးစရာမရှိတော့သလို ဖြစ်သွားတယ်။ insecure ဖြစ်တယ်။ ဘာမှမယုံပဲနေလို့ဖြစ်ပါမလားလို့မေးမိတယ်။ အရာရာတိုင်းကို ကိုယ့်ဥာဏ်နဲ့ကိုယ် အမှားအမှန်ဆုံးဖြတ်ရမယ်ဆိုတဲ့ ကိစ္စဟာ မနိုင်တဲ့ကိစ္စဖြစ်တယ်လို့ တွေးမိပါတယ်။ ယုံလိုက်ရတာကသက်သာပါတယ်။ ယုံလောက်တဲ့သူကပြောတာကို ယုံလိုက်ချင်တယ်။ဒါပေမယ့် ကာလာမသုတ်မှာ ``ပုဂ္ဂိုလ်ကိုအထင်ကြီးပြီးတော့ သူပြောတာကိုမှန်တယ်လို့မယုံပါနဲ့``လို့ဆိုထားတော့ ဘယ်သူ့ကိုယုံရမှာလဲဆိုတာ မဆုံးဖြတ်နိုင်တော့ဘူး။ အမှန်တရားကိုရှာတဲ့သူဟာ ပုဂ္ဂိုလ်စွဲ မရှိရဘူး။  ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့်အတွေးနဲ့ လက်ခံတာပါ။ အရှင်ဘုရားကိုတောင် တပည့်တော်တို့က ပုဂ္ဂိုလ်စွဲဖြစ်လာပါတယ်။ အရှင်ဘုရားကတော့မှန်တာဘဲပြောမှာလို့ ယုံကြည်လာတယ်။

              အဲဒါ ဘုန်းကြီးအတွက်လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ် ။ဘုန်းကြီးပြောတာကိုပုဂ္ဂိုလ်စွဲပြီး မစဉ်းစားတော့ဘဲ လက်ခံရင် ဘုန်းကြီးက အရာရာတိုင်းမှာ ဆုံးဖြတ်ပေးရမယ့် သူဖြစ်သွားမယ်။ အဲဒီတာဝန်ကိုဘုန်းကြီး မ.ယူနိုင်ဘူး။

          အဲဒါကိုလည်း တပည့်တော်နားလည်ပါတယ် -အရှင်ဘုရားကိုယ်တိုင်က ပုဂ္ဂိုလ်စွဲမရှိတော့ အရှင်ဘုရားကို ပုဂ္ဂိုလ်စွဲ သဘောထားမျိုးနဲ့ ဆက်ဆံတာကို အရှင်ဘုရားကြိုက်မှာ မဟုတ်ဘူး ဆိုတာတွေးမိပါတယ်ဘုရား။

              ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ရတဲ့တာဝန်ဟာ အင်မတန်ကြီးပါတယ်။ ဒါကြောင့်လူတွေဟာ ဒီတာဝန်ကိုမယူနိုင်လို့ ကိုယ့်အတွက်အရာအရာကို ဆုံးဖြတ်ပေးမယ့်သူလက်ထဲ ကိုယ့်ဘဝကိုအပ်လိုက်တာပဲ။ အဲဒါကြောင့်ပဲ လွတ်လပ်မှုမရှိတော့တာ။ လွတ်လပ်မှုမရှိတော့တာကို လက်ခံလိုက်တယ်။ ဆုံးဖြတ်ရမယ့်တာဝန်ကို မယူရရင်ပြီးရော။ ဒါပေမယ့်--

                 ``အမှန်တရားကို တကယ်လိုလားရင် လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှား-အမှန်ကို ကိုယ်တိုင်ဆုံးဖြတ်ရမယ် ။ဒီတာဝန်ကို ရှောင်လွှဲလို့မရနိုင်ဘူး။

              မှန်ပါတယ်ဘုရား သဘောပေါက်ပါတယ်.။တပည့်တော်တို့ကြောက်တာကို ပြောပြတာပါဘုရား။

           ဟုတ်တယ်ဒကာကြီးတို့ ဒီတရားက ကြောက်စရာကောင်းလောက်အောင် လွတ်လပ်မှုကို လမ်းဖွင့်ပေးထားတာ ။သတ္တိနည်းတဲ့သူဆိုရင် ဒါလောက်လွတ်လပ်တာကို ယူရဲမှာမဟုတ်ဘူး။ ကလေးဘဝကပြောသမျှကိုယုံလို့ စိတ်မှာတစ်မျိုးသက်သာမှုရတယ်။ ကြီးလာတော့ ဘာကိုမှမယုံတော့လို့ ဟာတာတာဖြစ်နေတယ်။ ပြောသမျှကိုယုံနေလို့ စိတ်ဆင်းရဲရတာလည်းရှိတယ်။ ကိုယ့်အတွက်အရာရာတိုင်းကို အမှား အမှန်ဆုံးဖြတ်ပေးနိုင်တဲ့ သူရှိတယ်လို့ ယုံရတာ false security ရတယ်။ အဲဒီ false securityကိုရဘို့ ပေးလိုက်ရတဲ့ price အဖိုးအခဟာ မသေးဘူး။အမှန်တရားကို ရှာတယ်ဆိုတာကိုက ပြောသမျှမယုံဘူးလို့ဆိုရာရောက်တယ်။ အဲဒါကြောင့်တော်လှန်ရေးတစ်မျိုးဖြစ်နေတယ်။  ကာလာမသုတ်ဟာ အမှန်တရားကိုလွတ်လွတ်လပ်လပ် ရှာသူတွေအတွက် လမ်းညွှန်တဲ့တရား အားပေးတဲ့တရားဖြစ်တယ်။ ဒီသုတ်ကို ဘုန်းကြီး ပထမအကြိမ်ဖတ်တာ အသက်  ၁၆--၁၇ လောက်မှာဘဲ ဒီတရားကိုဖတ်ပြီးကတည်းက တခြားဘာကိုဖတ်ဖတ် ကာလာမသုတ်နဲ့ မှတ်ကျောက်တင်တော့တာပဲ။

                           နားဦးမည်------
            ကိုစိုးနိုင်  (ကျေးဇူးတင်ပါသည်)

Thursday, May 17, 2012

ရှင်းရှင်းလင်းလင်းသိရအောင်

   

 ဆရာတော် ဦးဇောတိက ရဲ့တရားကိုကြိုက်လို့ မျှဝေတဲ့အခါ --ယုံကြည်သောသူ-- နဲ့-- မယုံကြည်သောသူ-- ဆိုတဲ့စကားစု   နှစ်ခုဟာ ဆန့်ကျင်ဘက်သဘောသက်ရောက်နေတော့ အတွေးချော်သွားကြတဲ့ သို့မဟုတ်  ဆရာတော်ရဲ့ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မသိတာလေး တွေကို ရီပလိုင်းမေးလ် တွေကတစ်ဆင့်သိရပါတယ်--ရတနာသုံးပါး ကိုအကြွင်းမဲ့ယုံကြည်တဲ့ ညီမငယ် ရဲ့အမေးကို ပို့စ်တစ်ခုအနေနဲ့ ကျွန်တော်နားလည်ထားသလိုရှင်းပြပါရစေ--

                       ဥပမာဆိုပါတော့-----    ပင်လယ်ပြင်ကို တစ်ခါမှမမြင်ဘူးတဲ့  တောင်ပေါ်သား တစ်ယောက်ကို  ပင်လယ်ထဲမှာ  ရေတွေအများကြီး ရှိတယ် ယုံလား လို့ မေးတယ်ဆိုပါတော့   --  တောင်ပေါ်သားက  --ယုံပါတယ်-- လို့ဖြေပါလိမ့်မယ် ။  သူတစ်ခါမှ ပင်လယ်ကိုမမြင်ဘူးပေမယ့် ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတာ အမှန်တရားမို့ သူက ယုံပါတယ် လို့ပြောတာ မမှားပါဘူး။  သူ့ကို ယုံကြည်သူ ဆိုပါတော့။ ။
                      နောက်တစ်ယောက်---  သူက ပင်လယ်ကမ်းစပ်မှာ မွေးပြီး ပင်လယ်ကြီးကိုနေ့တဓူဝ မြင်နေရတဲ့သူ ။  သူ့ကို ပင်လယ်ထဲမှာ ရေတွေအများကြီးရှိတယ် ယုံလား လို့သွားမေးရင်--   ဟကောင် ယုံလား လို့မေးနေစရာ လိုလို့လား  မင်းမျက်လုံးကန်းနေလား   လို့ဘုတောပါလိမ့်မယ်။   ဘာဖြစ်လို့လဲဆိုတော့ သူက ယုံဘို့မလိုတော့တဲ့သူ ပင်လယ်ပြင်ကို ကိုယ်တိုင်မြင်သိနေတဲ့သူလေ--

                        ဆရာတော်ဆိုလိုတာက အဲသလိုပါ -- မယုံရဘူးဆိုတာထက်  ယုံတာလေးနဲ့ ကျေနပ်နေမယ့်အစား  ကိုယ်တိုင်သိအောင်ကြိုးစားစေချင်တာပါဘဲ။  တောင်ပေါ်သားဟာ ပင်လယ်ပြင်ကိုသွားကြည့်ပြီး ကိုယ်တိုင်မြင်ဘူးသွားရင်  -- နောက်တစ်ကြိမ်အမေးခံရတယ်ဆိုပါတော့ -- ယုံ ရုံတင်လားကွာ -- ကိုယ်တိုင်မြင်ဘူးလို့သိထားပါတယ် လို့ဖြေမှာပါ--

                       ရတနာမြတ်သုံးပါးကိုလည်း ယုံကြည်ရုံမဟုတ်ဘဲ  ရတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကို ရင်ထဲကသိအောင်ကြိုးစားကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်--     

                                                                      ရွှင်လန်းချမ်းမြေ့ကြပါစေ----
                                                                      ကိုစိုးနိုင်  

Thursday, May 3, 2012

ဗုဒ္ဓဘာသာသည်လွတ်လပ်သောဘာသာတရား



ဆရာတော်ဦးဇောတိက --

          မြတ်စွာဘုရားဟာ လမ်းကိုညွှန်ပြတဲ့သူပဲဖြစ်တယ်။ ကယ်တင်ရှင်မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်တာကို လိုချင်တဲ့သူမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။ ဒီဆင်းတုတော်ကိုကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ ဒီဆင်းတုတော်ကတန်ခိုးကြီးတယ် လို့ပြောနေတာ ဟာ ဘုရားဟောနဲ့ဘယ်လောက်ဝေးကွာသွာြး
ပီလဲ။ ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ပြောတာဟာ ဗုဒ္ဒဘာသာတရားကို ဘာမှမသိတဲ့သူတွေရဲ့ အတွေးအခေါ် ပါ။ idol worship ရုပ်တုကိုးကွယ်မှုဖြစ်သွားပြီ။ ဗုဒ္ဒဘာသာတရားဟာ ရုပ်တုကိုးကွယ်မှုကို အားပေးတဲ့ဘာသာတရားမဟုတ်ပါဘူး။

         ဝက္ကလိ မထေရ်အကြောင်း ကြားဖူးသလား

         ကြားဖူးပါတယ်ဘုရား

         အကျဉ်းချုပ်ပြောမယ်။ ဝက္ကလိမထေရ်ဟာ ဘုရားကိုသိပ်ကြည်ညိုတယ်။ ဖူးလို့အားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့နေရာမှာထိုင်ပြီးတော့ ဖူးနေတတ်တယ်။ အေးချမ်းတဲ့သူကို ဖုးရတာအေးချမ်းမှာပဲနော်။ သာမနဉ္စဒသ၁နံ ဆိုတဲ့ မင်္ဂလာတရားနဲ့လည်းညီပါတယ်။ အကျိုးရှိပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက ဝက္ကလိမထေရ်ကို မိန့်တော်မူတယ်။

          ကိံတေ ဝက္ကလိ က္ကုမာနာ ပူတိကာယေန ဒိဌေန
          ယော ဓမ္မံ ပသ၁တိ သော မံ ပသ၁တိ
                                              ဓမ္မပဒ
          What does it bring to you , Vakkali by looking at this physical body of filth? He who sees the Dhamma sees me.

          မြတ်စွာဘုရားဟာ လွတ်လပ်သူဖြစ်တယ်။ လွတ်လပ်စေချင်တယ်။ ဒါကြောင့် --- ဒီခန္ဒာကိုယ် အပုတ်ကောင်ကို ဖူးနေတာ ဘာအကျိုးရှိသလဲ -- ဝက္ကလိ တရားကိုမြင်တဲ့သူဟာ ငါဘုရားကိုမြင်တယ် ။ တရားကိုမမြင်ရင် ဘုရားကိုမမြင်ဘူး ---  လို့ မိန့်တော်မူလိုက်တယ်။ တရားကိုမြင်ပြီးလွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကိုဖူးနေယုံနဲ့ လွတ်လပ်တဲ့သူမဖြစ်နိုင်ဘူး။
         သက်တော်ထင်ရှားဘုရားကိုတောင် ဖူးနေတာကိုအားမပေးဘူး။ ရုပ်ရည်ကိုဦးစားပေးတာကိုအားမပေးဘူးလို့လည်းဆိုနိုင်တယ်. ။ ဒီရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကိုသိတော်မူတဲ့ ဥာဏ်တော်ကသာ ဘုရားအစစ် ။ ရုပ်ရည်က အဲဒီဥာဏ်တော်ရဲ့ မှီရာပဲဖြစ်တယ်။ အဲဒီတော့အခုခေတ်ဆင်းတုတော်တွေကို ကိုကွယ်တာကို ဘုရားဘယ်လို မိန့်တော်မူမလဲ။ ဆင်းတုတော်ဆိုတာ symbol ဖြစ်ပါတယ်။ ရည်မှန်းရာသင်္ကေတတစ်ခု။ ကိုယ့်မိဘရဲ့ဓါတ်ပုံဟာ မိဘအစစ်မဟုတ်ဘူး။ ဒါပေမယ့်မိဘကိုယ်စား ကြည့်စရာ ရည်မှန်းရာပဲ။

           He who sees the Dhamma sees me.
           တရားကိုမြင်တဲ့သူမှ ဘုရားကိုမြင်တယ်။

          အမှန်တရားကို မြင်ပြီးသိပြီး လွတ်လပ်တဲ့အခါမှာ မှ ဘုရားကို ကြည်ညိုတတ်လာတယ်. ။ထူးထူးဆန်းဆန်းပုံတော်ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုယုံနဲ့ ဘုရားကိုကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူးနော်----

           the  Tathagatas are only showing the way.

           ဘုရားဟာ လမ်းကိုညွှန်ပြလိုက်တာပဲ ။ ညွှန်ပြတဲ့လက်ညှိုးကိုကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုးဘယ်ကိုညွှန်သလဲဆိုတာ ကို ကြည့်ပြီး ရောက်အောင်သွားရမယ်။

                     ဗုဒ္ဒဘာသာတရားဟာ လွတ်မြောက်မှုကို လမ်းညွှန်ပေးတဲ့ဘာသာတရားဖြစ်တယ်။

                                                                  ရွှန်လန်းချမ်းမြေ့ကြပါစေ--
                                                                  ကိုစိုးနိုင်
 
 

Saturday, April 7, 2012

ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း



ဆရာတော် ဦးဇောတိက---

          ``လောကမှာ အပြစ်တင် အကဲ့ရဲ့ မခံရတဲ့သူဟာ မရှိပါဘူး``တဲ့။     မှန်တယ်နော် ။   အဲဒီတရားကို ဘုန်းကြီးခပ်ငယ်ငယ်တုန်းက ပါဠိစာပေတွေဖတ်ရင်းနဲ့  တစ်နေရာမှာ ဖတ်မိတယ်။  ဝါကျလေးက အင်မတန် တိုတယ်။  ``နတ္ထိ လောကေ  အနိန္ဒိတော `` ဆိုတော့ သုံးလုံးပဲရှိတယ်။ အဲဒါကို အလွတ်ရသွားတယ်။  ဘာဖြစ်လို့ အလွတ်ရသွားတာလဲဆိုတော့  ဘုန်းကြီးက ငယ်ငယ်လေး  ထဲက အမျိုးမျိုးအပြစ်တင်တာ ဝေဖန်တာကို ခံရတဲ့သူဖြစ်လို့ပဲ။

            ဘာဖြစ်လို့ အမျိုးမျိုးအပြစ်တင်တာ ဝေဖန်တာ ခံရလဲဆိုတော့  ကိုယ့်စိတ်ကူးထဲမှာ  ကိုယ့်ဟာကို မှန်တယ်ထင်တာကို လုပ်တယ်။  ကိုယ့်စိတ်ထဲမှာ မှန်တယ်ထင်တာကို ပြောတယ်။  အဲသလိုပြောတော့ တချို့နေရာတွေမှာ  အများယူဆတာနဲ့  အများလုပ်တာနဲ့ အများပြောတာနဲ့ မတူဘူး။

             ကိုယ်လုပ်တာ မှားတယ်  ၊ မှန်တယ်ဆိုတာက  တစ်ကဏ္ဍ ။  ဘုန်းကြီးမှားတာလဲ ရှိမှာပဲ။  မှန်တာလဲ ရှိမှာပဲ။  ဒါပေမယ့် သူများလုပ်တာနဲ့  မတူရင်ကိုဘဲ  ဝေဖန်တာ  အပြစ်တင်တာ  ခံရတယ်။

             နောက်တစ်ခုကလည်း  ဘုန်းကြီးက  သူများခိုင်းတာဆို  သိပ်မလုပ်ချင်ဘူး။   ကိုယ့်ဟာကို လုပ်ချင်ရင်တော့  လုပ်တယ်။ဘယ်ကိစ္စဖြစ်ဖြစ်  ကိုယ့်ဟာကိုယ် စိတ်ပါတာဆိုရင်တော့  အဲဒါကို နေ့မအိပ် ညမအိပ်  လုပ်တာပဲ။  အဲ--- မလုပ်ချင်ဘူး ဆိုရင်လည်းပဲ  ဘယ်သူက ဘယ်လောက်တိုက်တွန်း  တိုက်တွန်း  ဘယ်လောက်ခိုင်းခိုင်း  မရဘူး။  မလုပ်တော့ဘူး။

            ဒီ့ထက်မကောင်းတဲ့ အကျင့်တစ်ခုရှိတယ်။  ဘုန်းကြီးနဲ့အကျင့်တူတဲ့လူ ဘယ်နှစ်ယောက်ရှိလဲတော့  မသိဘူး။  ပြောလိုက်ဦးမယ်။  အဲဒါဘာလဲဆိုတော့ ကိုယ်ဟာကိုယ် လုက်ချင်တာလေးတစ်ခုကိုလုပ်နေတယ်။ အဲဒါကို တစ်ယောက်ယောက်က တွေ့လို့ သူကသဘောကျပြီးတော့  ``ဟာ-- အဲဒါသိတ်ကောင်းတာပဲ  လုပ်--လုပ်``လို့ပြောရင် မလုပ်တော့ဘူး။ ဘုန်းကြီးနဲ့အကျင့်တူတဲ့သူ  ဒီပရိသ၁တ်ထဲမှာ ဘယ်နှစ်ယောက်လောက် ရှိလဲ။  အများကြီးလား။  အဲ--  ဟုတ်ပြီနော်-----။

             အဲသလိုဖြစ်တော့ အမျိုးမျိုးအပြစ်တင်ခံရတယ်။  အိမ်မှာလည်း ဒီလိုပဲအပြစ်တင်ခံရသလို  ဘုန်းကြီးနေတဲ့ကျောင်းမှာလည်း ဒီလိုပဲ အများကြီးအပြစ်တင်ခံရတယ်။  အတန်းအပြင်မှာ ထွက်ပြီး ရပ်နေရတယ်။ ကျောင်းအုပ်ကြီးလှည့်လာလို့  တွေ့သွားရင်  ရုံးခန်းကိုသွားရတယ်။ အရိုက်ခံရတယ်။  ဒါပေမယ့် ဘယ်သူဘာပြောပြော ဘုန်းကြီးကတော့ ကိုယ်မှန်တယ်ထင်ရင်လုပ်တာပဲ။

           သူတို့က ငါလုပ်တာကို သဘောမပေါက်လို့ အဓိပ္ပါယ်ကောက်လွဲလို့ သို့မဟုတ် သူတို့မကြိုက်လို့ ငါ့ကို အပြစ်ဒဏ်ပေးတာ ငါကတော့ ငါ့အသိဥာဏ်ရှိသလောက် ငါ့ဟာငါ ကောင်းတယ်ထင်တာကို ကြိုးစားပြီး လုပ်တာပါလို့တွေးတယ်။ ကိုယ့်ကိုယ် ကိုတော့မကောင်းတာ လုပ်ချင်တဲ့သူ လို့မယူဆဘူး။ ကောင်းတာကို လုပ်ချင်တာပဲ။ မတော်တစ်ဆ မှားတာတော့ရှိမှာပေါ့။

          ပြီးတော့ အယူအဆ အတွေးအခေါ်နဲ့  ပတ်သတ်ပြီးတော့လည်းပဲ ဘုန်းကြီးက ကိုယ့်ဟာကို စဉ်းစားတယ်။ ကိုယ်ပိုင်ဥာဏ်နဲ့စဉ်းစားတယ်။ ကိုယ့်ဟာကို ယုံချင်ယုံတယ်။ မယုံချင်မယုံဘူး။  လွတ်လွတ် လပ်လပ် တွေးခေါ်ချင်တယ်။  လွတ်လွတ်လပ်လပ် စဉ်းစားချင်တယ်။  မှားတယ် မှန်တယ်ဆိုတာကို  ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်တယ်။  ကောင်းတယ် မကောင်းဘူးဆိုတာကိုလည်း  ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်တယ်။  လုပ်သင့်တယ် မလုပ်သင့်ဘူး ဆိုတာကိုလည်း ကိုယ့်ဟာကို ပဲဆုံးဖြတ်ချင်တယ်။  အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို  သူတစ်ပါးလက်ထဲကို မထည့်ဘူး။  ဘာလို့တုန်းဆိုတော့  အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူများလက်ထဲ ထည့်လိုက်ရင်  ဘာဖြစ်သွားမလဲ။  ကိုယ့်ဘဝဟာ သူများလက်ထဲ ရောက်သွားမှာပေါ့။

          ဘုန်းကြီးငယ်ငယ်ကတည်းက ကိုယ့်ဟာကိုယ် အင်မတန်လွတ်လွတ်လပ်လပ်နေချင်တာ။  ဒီလွတ်လပ်ချင်တဲ့စိတ်က  တော်တော်ကိုပြင်းထန်တယ်။  ဒါကြောင့် ဘာမဆို ကိုယ့်ဟာကို သိအောင် ကြိုးစားတယ်။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တယ်။  ကိုယ့်ဟာကိုယ် လုပ်တယ်။  လွဲသွားရင်လည်း ပြင်ဖို့တော့ ဝန်မလေးဘူး။

            ငယ်ငယ်ထဲက ခေါင်းမာလို့မှားခဲ့တာ  လွဲခဲ့တာတွေလည်းတော်တော်များတယ်။ ဒါပေမယ့် လွဲမှန်းသိရင်တော့ ချက်ချင်းပြင်ပါတယ်။  ကိုယ့်အမှားကို ပြင်ရင်းပြင်ရင်းနဲ့  အမှားနည်းနည်းပြီးတော့ အဲ-------အဲဒါကြောင့်ပဲ  ဘုန်းကြီးဖြစ်သွားတယ်လို့ထင်ပါတယ်။ (ရယ်ကြသည်) နောက်တစ်ခုကလည်း  သူများခိုင်းတာ မလုပ်ချင်လို့  ဘုန်းကြီးဖြစ်တာပဲ။ (ရယ်ကြသည်)။  အဲဒါ ဘယ်လိုဘဝကပါတဲ့ ဗီဇ လဲတော့မသိဘူး။

                          ရွှင်လန်းချမ်းမြေ့ကြပါစေ။
                          ကိုစိုးနိုင်



လွတ်လပ်သောဘာသာတရား



ဆရာတော်ဦးဇောတိက --

          မြတ်စွာဘုရားဟာ လမ်းကိုညွှန်ပြတဲ့သူပဲဖြစ်တယ်။ ကယ်တင်ရှင်မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်တာကို လိုချင်တဲ့သူမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။ ဒီဆင်းတုတော်ကိုကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ ဒီဆင်းတုတော်ကတန်ခိုးကြီးတယ် လို့ပြောနေတာ ဟာ ဘုရားဟောနဲ့ဘယ်လောက်ဝေးကွာသွာြး
ပီလဲ။ ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ပြောတာဟာ ဗုဒ္ဒဘာသာတရားကို ဘာမှမသိတဲ့သူတွေရဲ့ အတွေးအခေါ် ပါ။ idol worship ရုပ်တုကိုးကွယ်မှုဖြစ်သွားပြီ။ ဗုဒ္ဒဘာသာတရားဟာ ရုပ်တုကိုးကွယ်မှုကို အားပေးတဲ့ဘာသာတရားမဟုတ်ပါဘူး။

         ဝက္ကလိ မထေရ်အကြောင်း ကြားဖူးသလား

         ကြားဖူးပါတယ်ဘုရား

         အကျဉ်းချုပ်ပြောမယ်။ ဝက္ကလိမထေရ်ဟာ ဘုရားကိုသိပ်ကြည်ညိုတယ်။ ဖူးလို့အားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့နေရာမှာထိုင်ပြီးတော့ ဖူးနေတတ်တယ်။ အေးချမ်းတဲ့သူကို ဖုးရတာအေးချမ်းမှာပဲနော်။ သာမနဉ္စဒသ၁နံ ဆိုတဲ့ မင်္ဂလာတရားနဲ့လည်းညီပါတယ်။ အကျိုးရှိပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက ဝက္ကလိမထေရ်ကို မိန့်တော်မူတယ်။

          ကိံတေ ဝက္ကလိ က္ကုမာနာ ပူတိကာယေန ဒိဌေန
          ယော ဓမ္မံ ပသ၁တိ သော မံ ပသ၁တိ
                                              ဓမ္မပဒ
          What does it bring to you , Vakkali by looking at this physical body of filth? He who sees the Dhamma sees me.

          မြတ်စွာဘုရားဟာ လွတ်လပ်သူဖြစ်တယ်။ လွတ်လပ်စေချင်တယ်။ ဒါကြောင့် --- ဒီခန္ဒာကိုယ် အပုတ်ကောင်ကို ဖူးနေတာ ဘာအကျိုးရှိသလဲ -- ဝက္ကလိ တရားကိုမြင်တဲ့သူဟာ ငါဘုရားကိုမြင်တယ် ။ တရားကိုမမြင်ရင် ဘုရားကိုမမြင်ဘူး ---  လို့ မိန့်တော်မူလိုက်တယ်။ တရားကိုမြင်ပြီးလွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကိုဖူးနေယုံနဲ့ လွတ်လပ်တဲ့သူမဖြစ်နိုင်ဘူး။
         သက်တော်ထင်ရှားဘုရားကိုတောင် ဖူးနေတာကိုအားမပေးဘူး။ ရုပ်ရည်ကိုဦးစားပေးတာကိုအားမပေးဘူးလို့လည်းဆိုနိုင်တယ်. ။ ဒီရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကိုသိတော်မူတဲ့ ဥာဏ်တော်ကသာ ဘုရားအစစ် ။ ရုပ်ရည်က အဲဒီဥာဏ်တော်ရဲ့ မှီရာပဲဖြစ်တယ်။ အဲဒီတော့အခုခေတ်ဆင်းတုတော်တွေကို ကိုကွယ်တာကို ဘုရားဘယ်လို မိန့်တော်မူမလဲ။ ဆင်းတုတော်ဆိုတာ symbol ဖြစ်ပါတယ်။ ရည်မှန်းရာသင်္ကေတတစ်ခု။ ကိုယ့်မိဘရဲ့ဓါတ်ပုံဟာ မိဘအစစ်မဟုတ်ဘူး။ ဒါပေမယ့်မိဘကိုယ်စား ကြည့်စရာ ရည်မှန်းရာပဲ။

           He who sees the Dhamma sees me.
           တရားကိုမြင်တဲ့သူမှ ဘုရားကိုမြင်တယ်။

          အမှန်တရားကို မြင်ပြီးသိပြီး လွတ်လပ်တဲ့အခါမှာ မှ ဘုရားကို ကြည်ညိုတတ်လာတယ်. ။ထူးထူးဆန်းဆန်းပုံတော်ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုယုံနဲ့ ဘုရားကိုကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူးနော်----

           the  Tathagatas are only showing the way.

           ဘုရားဟာ လမ်းကိုညွှန်ပြလိုက်တာပဲ ။ ညွှန်ပြတဲ့လက်ညှိုးကိုကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုးဘယ်ကိုညွှန်သလဲဆိုတာ ကို ကြည့်ပြီး ရောက်အောင်သွားရမယ်။

                     ဗုဒ္ဒဘာသာတရားဟာ လွတ်မြောက်မှုကို လမ်းညွှန်ပေးတဲ့ဘာသာတရားဖြစ်တယ်။



                                                                  ရွှန်လန်းချမ်းမြေ့ကြပါစေ--
                                                                  ကိုစိုးနိုင်

Thursday, March 29, 2012

ဦးဇောတိက



ဆရာတော် ဦးဇောတိက -------

Action /Reaction/Response

           ခွဲပြီးပြောရရင်  Action /Reaction/Response  ဆိုပြီး သုံးမျိုးခွဲပြီးပြောလို့ရတယ်။ Action  ဆိုတာကတော့  ဘယ်သူမှခိုင်းလို့လဲ  မဟုတ်ဘူး။  ကိုယ့်ဟာကို တစ်ခုခု လုပ်ချင်တဲ့အခါ  သေသေချာချာစဉ်းစားပြီးတော့  လုပ်သင့်တယ်လို့ယူဆပြီး  ဆုံးဖြတ်ပြီးတော့  ကိုယ့်သဘောနဲ့ကိုယ်  လုပ်လိုက်တာ  ဒါကိုယ့်ရဲ့ action ပဲနော်။ 

           Reaction ဆိုတာက  သူများတစ်ခုခုလုပ်လို့  ကိုယ်က တစ်ခုခု ပြန်လုပ်လိုက် တာပဲ။ သူ့ကိုတုန့်ပြန်တာ။  reaction က သတိမပါဘဲ ဥာဏ်မပါဘဲ တုန့်ပြန်နေတာဖြစ်လို့ မကောင်းဘူး။

            Response ဆိုတာကတော့ ဖြစ်နေတဲ့အခြေအနေကိုသိတယ်။ သိပြီးမှ အခြေအနေနဲ့  ကိုက်အောင် အကောင်းဆုံးဖြစ်အောင် ဥာဏ်နဲ့လုပ်လိုက်တာပဲ။

             ကိုယ်တစ်နေ့တာ သွားတာ လာတာမှာ စိတ်ကသတိမပါလို့  အလိုအလျှောက်တုန့်ပြန်နေတာ  react လုပ်နေတာတွေ  ဘယ်လောက်များသလဲ။  သတိမထားမိရင် အင်မတန်များပါတယ်။  ဒေါသစရိုက်ရှိတဲ့သူဆိုရင်  မြင်တာ ကြားတာတွေနဲ့ပတ်သတ်ပြီးတော့ ဒေါသဖြစ်တာ ပိုများတယ်။ လောဘ စရိုက်ရှိတဲ့သူဆိုရင်  သူကြိုက်တတ်တာတွေကိုကြည့်ရှု နားထောင်ပြီး  လောဘဖြစ်တာ ပိုများနေမယ်။  မနာလို စိတ်အားကြီးတဲ့သူဆိုရင် လည်း အများအဆင်ပြေနေတာတွေ ကိုမြင်ရကြားရရင်  မနာလိုစိတ်ဖြစ်မယ်။

             လောဘနဲ့ တုန့်ပြန်တာ  ဒေါသနဲ့တုန့်ပြန်တာ  များလို့ရှိရင်  တော်တော်ပင်ပန်းတယ်။  တော်တော်ဆင်းရဲတယ်။  အထူးသဖြင့် ဒေါသက ပိုပင်ပန်းတယ်။  စိတ်က အင်မတန်မြန်တယ်။ သတိမထားရင် မြင်တိုင်း ကြားတိုင်းစိတ်က တုန့်ပြန်နေတယ်။ မြင်ရင်မြင်ကာမျှ  ကြားရင်ကြားကာမျှ  နေတတ်အောင် အလေ့အကျင့် တော်တော်လုပ်ထားမှ  တော်ရုံကျတယ်။

သူများကိုတုန့်ပြန်တာများရင် ကိုယ့်ဘဝလမ်း ကောက်ကွေ့သွားတယ်။

            မနက်က ဒကာကြီးတစ်ယောက်က ပြောတယ်။ သူ အခုတရား အားထုတ်လာလို့  တော်တော်တန်တန် ကိစ္စတွေကို  သူ့စိတ်က  ဘာမှပြန် react မလုပ်တော့ပါဘူးတဲ့။ အရင်တုန်းက  သူ့အလုပ်ရှင်က သူမကြိုက်တဲ့စကား  တစ်ခွန်းပြောတာနဲ့  မျက်နှာပျက်သွားပြီးတော့  တစ်ကိုယ်လုံး ထူပူလာပြီးတော့  လုပ်တာကိုင်တာတွေ  လွဲကုန်ရော  မှားကုန်ရောတဲ့။

             သူ့အလုပ်ရှင်ကလည်း အပြောဆိုးတယ်လို့ ထင်တယ်။ သူကလည်း နဂို ဒေါသကြီးတတ်တဲ့သူ  အပြောမခံချင်တဲ့သူ။  ဒါပေမယ့်အခုတော့ သူတရားစာပေလဲ ဖတ်တယ်  ။တရားလည်းအားထုတ်တော့  ပြောပေမယ့်လည်း သူ့စိတ်ထဲမှာ  ဘယ်လိုမှ မတုန့်ပြန်တော့ဘူး။  react မလုပ်တော့ဘူးတဲ့။ သူ့အလုပ်ရှင် ကပြောတဲ့အခါ  ဒါသူပြောရိုးပြောစဉ်အတိုင်းပဲ  သူပြောရမယ့်ထုံးစံရှိလို့ ပြောလိုက်တာပဲဆိုပြီး  ဘယ်လိုမှ သဘောမထားတော့လို့ စိတ်ပင်ပန်းမှု အင်မတန်သက်သာသွားတယ်တဲ့။ သူ့အလုပ်ရှင်ကလည်း  သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့  အနေအထိုင် အပြောအဆိုကို  သတိထားမိလာလို့  သူနဲ့ပြောတဲ့ဆိုတဲ့အခါမှာ  အရင်ကထက်သူ့ကို  ပိုပြီးလေးလေးစားစားပြောတယ်တဲ့။

              ပြင်ပက အကြောင်းအရာ  ပြင်ပက လူတွေက  ကိုယ့်ဘဝမှာ အဓိကလွှမ်းမိုးနေတဲ့  အကြောင်းတရား မဖြင့်သင့်ဘူး။ နည်းနည်းတော့ လွှမ်းမိုးမှာပဲနော်။  ဒါပေမယ့် အဓိကနေရာမှာ  မထားပါနဲ့။ အရေးကြီးတဲ့ကိစ္စတစ်ခုခုကို  ဆုံးဖြစ်ရတော့မယ်ဆိုရင်  သူများကြောင့်ဆုံးဖြတ်တာ  ဘယ်တော့မှ မလုပ်ပါနဲ့။ ကိုယ့်ဥာဏ်နဲ့ကိုယ်ပဲ ဆုံးဖြတ်ပါ။ 

               မြင်တာ ကြားတာတွေကို  အလိုအလျှောက်တုန့်ပြန်တာ  နဲအောင် ကိုယ့်စိတ်ကို ကိုယ်သတိနဲ့ သိနေပါ။ ဒါမှ လွတ်လပ်မှုပိုရှိမယ်။  ဒါမှ ကိုယ်လုပ်တာတွေဟာ  ကိုယ့်စိတ်နဲ့ကိုယ်လုပ်တာ ဖြစ်မယ်။ အဲဒီလို နေမှ  ကိုယ့်ဘဝလမ်းဟာဖြောင့်မယ်။  သူများကိုတုန့်ပြန်တာများရင်  ကိုယ့်ဘဝလမ်းကောက်ကွေ့ သွားတယ်။

              တစ်နေ့တစ်နေ့ သူများအကြောင်းတွေးတာ ဘယ်လောက်များလဲ ဆိုတာသတိထားကြည့်ရင်  ကိုယ့်ဘဝကို ကိုယ့်စိတ်ကို  သူများဘယ်လောက် လွှမ်းမိုးထားလဲဆိုတာ  တွေ့လိမ့်မယ်။ အံ့သြသွားလိမ့်မယ်။ သူများဝတ်လို့ လိုက်ဝတ်တာ  သူများစားလို့လိုက်စားတာ  သူများကြည့်လို့လိုက်ကြည့်တာတွေ ဘယ်လောက်များနေသလဲ။  သူများအထင်ကြီးအောင်လုပ်ပြရတာ  နေပြရတာ ဘယ်လောက်များသလဲ။