ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Showing posts with label နှလုံးသားအဟာရ. Show all posts
Showing posts with label နှလုံးသားအဟာရ. Show all posts

Saturday, November 8, 2014

အပြစ်မတင်တတ်ကြစေနဲ့

 
လင်မယား ၂ ယောက် ငါးနှစ်ကြာ အိမ်ထောင်ပြုနေထိုင်ပြီးမှ ကလေး တစ်ယောက် ရပါတယ်။ ကလေးငယ်လေး ၁ နှစ်သား အရွယ်အရွယ်ရောက်တဲ့ အချိန်မှာ ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေရှင်းဖို့ ဆေးဗူး တစ်ဗူး ရှိသတဲ့။ အဲ့ဒါကို ရုံးသွားခါနီး လှမ်းမြင်လိုက်တဲ့ အမျိုးသားက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ ဇနီးကို အရှေ့ရောက်ရင် ပိတ်လိုက်ပါအုံးလို့ လှမ်းအော်ပြီး ကမန်းကတန်းနဲ့ ထွက်သွား ပါတယ်။

မီးဖိုချောင်ထဲမှာ အလုပ်များနေတဲ့ အမျိုးသမီးကလည်း အလုပ်များနေတော့ ချက်ချင်း လာမပိတ်နိုင်ဘူးပေါ့။ ဒါနဲ့ သွားလာတတ်ပြီ ဖြစ်တဲ့ ကလေးငယ်က အနံ့မွေးတဲ့ ဆေးဗူးကို စားစရာအမှတ်တဲ့ သောက်လိုက်ပါတယ်။ ဒါကိုနောက်မှ မြင်တဲ့ အမေက ဆေးရုံကို ခပ်မြန်မြန် ပို့ပေမယ့် အချိန် မမှီတော့ ပါဘူး။ ကွယ်လွန်သွားရှာ ပါတယ်။ ဒါနဲ့ မိခင် ဖြစ်သူက ခင်ပွန်းဖြစ်သူ လာရင် သူ့ကို ဆူဆဲမယ်။ ကြိမ်းမောင်းမယ်ဆိုတာကို ကြိုတွေးလို့လည်း စိုးရိမ် ပူပန်နေ ပါတယ်။ သူမ အမျိုးသားကို ဘယ်လို ရင်ဆိုင်ရမလဲလဲ မသိပါဘူး။
ဒီလိုနဲ့ ယောင်္ကျားဖြစ်သူ ယောက်လာပြီး ခဏသာ မင်သက်ပြီးမှ ဇနီးကို တယုတယ ဖက်လို့ စကားတစ်ခွန်း စပြောပါတယ်။
“I Love You Darling.”
ဇနီးဖြစ်သူဟာ အံ့သြ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
အမှန်တော့ အမျိုးသား ဖြစ်သူက ဆေးဗူးကို အလုပ်ဘယ်လောက် မျးများ သေချာ ပိတ်ခဲ့ရင် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့လဲ သူလက်ခံတာကြောင့် အမျိုးသမီး ဖြစ်သူကိုလည်း သူ အပြစ် မတင်ပါဘူး။ အမျိုးသမီး ဖြစ်သူဟာလည်း အမျိုးသားကို အပြစ်မတင်တော့ ပါဘူး။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံး မှားယွင်းချက် ရှိတာကိုတော့ အတူ လက်ခံခဲ့ကြ ပါတယ်။
သင်ခန်းစာ -
တစ်ခါတစ်ရံမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာနဲ့ အပြစ်ဖို့လို့ ဘဝရဲ့ ပျော်ရွှင်မှုတွေကို အဆုံးရှုံးခံနေကြ ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲ ဖြစ်ဖြစ် ဘယ်သူ မှားမှား မှန်မှန် ကောင်းကောင်းဆိုးဆိုး တူတူ ပြုပြင်ပြီး ကျန်ရှိနေသေးတဲ့ ဘဝ အချိန်လေးမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ လိုအပ် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ယောက္ခမကိုတိုက်တဲ့ဆေး

 
အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရပါတယ်။

တစ်နေ့တော့ ဒီဒဏ်တွေကို မခံနိုင်လို့ အမျိုးသမီးရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဥာဏ်တောင်းတယ်။ အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ ဆေးကို နည်းနည်းဆီ ခက်ပြီး ၆ လအတွင်း မသိမသာ နဲ့ သေဆုံး သွားအောင် လုပ်ရန်ရကြောင်း နည်းလမ်းပေးပါတယ်။ ပြီးတော့ ဆေးလဲ ပေးလိုက်ပါ သတဲ့။ ဒါမှလည်း သေကြောင်းကြံကြောင်းကို မသိမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ဆေးရသွားတဲ့ အမျိုးသမီးဟာ နေ့တိုင်း သူ့ယောက္ခမစားတဲ့ ထမင်းတိုင်းမှာ ယင်းအဆိပ်ကို ထည့်ပါတယ်။ ဒီတော့ အဆိပ်ထည့်တဲ့ ကာလ အတွင်းတော့ အဆင်ပြေအောင် ပေါင်းရမယ်ဆိုပြီးတော့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါတယ်။ ဒီလိုနဲ့ ပြောဆိုဆက်ဆံမှု ယဉ်ကျေးပြီး အလျော့ပေးတတ်တဲ့ ချွေးမကြောင့် ယောက္ခမလည်း ပြောင်းလဲ လာပါတယ်။ တဖြည်းဖြည်း အကောင်းမြင်ပေးတတ်လာပြီး အတ္တတွေနည်းလို့ အဆင်ပြေလာကြပါတယ်။ ပတ်ဝန်းကျင်မှာလည်း ချွေးမလည်း လိမ္မာကြောင်း တော်ကြောင်းကို သတင်းကောင်းများ ပြောလေ့ ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ မိသားစုလေးဟာ အတော်လေး သာယာအဆင်ပြေ နေပါပြီ။
ဒီတော့ အဆိပ်ခက်မိတဲ့ အမျိုးသမီးက နောင်တရနေတဲ့။ ဒါကြောင့် သူ့အဖေဆီ ပြန်သွားပြီး တောင်းဆိုပါတယ်။ လက်ရှိ ခက်ထားတဲ့ အဆိပ်ကို ပြေအောင် လုပ်နိုင်တဲ့ ဆေးပြန်ပေးပါပေါ့။ ဒါနဲ့ အဖေက ပြန်ဖြေပါတယ်။
"ငါ့သမီးကို ပေးလိုက်တာ အဆိပ်မဟုတ်ပါဘူး။ နေ့စဉ် ကျန်းမာစေဖို့ အားပါဝင်တဲ့ ဗီတာမင် ဆေးတွေပါ။ သမီးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အဆိပ်ကိုသာ အဖေ ဖယ်ရှားပေးလိုက်တာပါ"
သင်ခန်းစာ -
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ဟိုလူမကောင်းဘူး၊ ဒီလို မကောင်းဘူး လို့ ပြောနေမယ့် အစား အရင်ဆုံး ကိုယ်ကိုယ်ကို ကောင်းအောင် အရင်ပြောင်းလဲ ကြည့်ပါ။ ပတ်ဝန်းကျင်က အလိုအလျောက် ပြောင်းလဲ လာလိမ့်မယ်။ သင်ကောင်းလျှင် ကျိုးမဆိုးပါ မဟုတ်။ သင်ကောင်းကောင်း မကောင်းကောင်း ကိုယ်မဆိုးဖို့ လိုအပ်သည်။ ကိုယ်ကောင်းဖို့ လိုအပ်သည်။ လုံးဝ ပြုပြင်မရသော လူတို့နှင့် ကံအကြောင်းကြောင်းကြောင့် မြင်တွေ့၊ ကြုံတွေ့ရလျှင်တောင် "လူတိုင်းဟာ မေတ္တာနှင့် မထိုက်တန်လျှင်တောင် မိမိကိုယ်ကိုက မေတ္တာနှင့် ထိုက်တန်သည်ဟု သတ်မှတ်ယူ၍ အမြဲ ကောင်းအောင် နေရပါမည်"။ မေတ္တာဟူက ရောင်ပြန်ဟပ်သည်။
အောင်ခမ်း (ရိုးရာလေး)

ဆိုင်တဲ့နေရာ



အမေရိကန် သမ္မတ လာရောက်မှာ ဖြစ်တာကြောင့် လမ်းမှာ လှဲကျနေတဲ့ သစ်ပင် တစ်ပင်ကို စစ်သား တစ်စုက မ, ဖယ်ဖို့ ကြိုးစားနေသတဲ့။ ဒါပေမယ့် ဘယ်သူမှ မရွှေ့နိုင်ကြပါဘူး။ ဘေးမှာ တပ်ကြပ်ကြီးဟာ အမိန့်ပေးပြီး ရပ်နေသတဲ့။
ဒါနဲ့ မြင်းစီးလာတဲ့ လူတစ်ယောက်က တပ်ကြပ်ကြီးကို မေးတယ်။ ဘာလို့ ကူမရွှေ့ပေးတာလဲပေါ့။
တပ်ကြပ်ကြီးကလဲ "ဒါ ကျုပ် အလုပ် မဟုတ်ဘူးလေ။ တပ်ကြပ် ဆိုတာ စစ်သားတွေကို အမိန့်ပေးရတာ.. ရွှေ့ပေးစရာ၊ လိုက်လုပ်ပေးစရာ မလိုဘူး" လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ မြင်းပေါ်က လူဟာ ဆင်းလာပြီး သစ်တုံးကို ကူညီသယ်မပေးလိုက်တာ အောင်မြင်သွားပါတယ်။
ပြီးတာနဲ့ ယင်းလူဟာ တပ်ကြပ်ကိုပြောပါတယ်။ "နောက်ခါ အဲ့လို အလေးအပင်တွေ မဖို့ ဖြစ်ရှိလာရင် အကူအညီလိုရင် စစ်တေနာပတိ ကို ခေါ်လိုက်ပါ"
.....
အမေရိကန်ရဲ့ ပထဦးဆုံး သမ္မတဟာ George Washington (ဂျော့ ဝါရှင်တန်) ဖြစ်ပြီး အမေရိကန် စစ်တပ်ရဲ့ စစ်တေနာပတိလည်း ဖြစ်ပါ တယ်။ မြင်းစီးလာသူဟာ အမေရိကန် သမ္မတ တဖြစ်လဲ စေတေနာ ပတိလည်း ဖြစ်ကြောင်းကို တပ်ကြပ်က ပြီးတော့မှ သိလိုက်ရပါတယ်။
သင်ခန်းစာ -
ခေါင်းဆောင်ဆိုတာ နိုင်ငံ တစ်နိုင်ငံ၊ အသိုက်အဝန်း တစ်ခု အတွက် အကြီးမားဆုံး အားအင် လည်း ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

ဂဏန်းလိုလူများ

 
ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့ ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။ "တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး"

Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင် ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။
လူအချို့မှာလဲ ဂဏန်းလို စိတ်ထား ရှိပါတယ်။ မိမိကိုယ်ကို အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး အောင်မြင်တာကိုလည်း မလိုလား ပါဘူး။ မိမိစိတ်ဆင်းရဲနေတဲ့အချိန် သူများ စိတ်ချမ်းသာတာကိုလည်း မမြင်ချင်ကြ ပါဘူး။ မနာလို၊ အူတိုတဲ့ စိတ်ကြောင့် မိမိကိုယ်ကိုလည်း ငြင်းပန်းနှိပ်စက်ရာ ရောက်သလို၊ သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒါကြောင့်မို့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားလို့ ဂဏန်းလိုလူ မဖြစ်ဖို့အတွက် အထူး သတိပြု ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်။
.
http://en.wikipedia.org/wiki/Crab_mentality

ကျေနပ်ပါ

 https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t1.0-9/s720x720/10435979_778586738851247_4269230103028160590_n.jpg?oh=c3335d3200cc8d8eabd0e6874b502176&oe=54EECAC6&__gda__=1424357755_949f07bb26d0a2440408e920b87836fe

ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)
ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)
ခရီးသွား နတ်သား ၂ ဦးဟာ လူသား အဖြစ် ယောင်ဆောင်ပြီး လူချမ်းသာ မိသားစု တစ်ခုရဲ့ အိမ်ကို ရောက်ရှိကာ တစ်ညတာ တည်းခိုဖို့ တောင်းဆိုပါ တယ်။ မရက်ရောပေမယ့် အတင်းအကြပ်တောင်းဆိုဟန် ရှိတာကြောင့် အိပ်ဖို့ နေရာပေးရင် ပြီးရော သဘောမျိုးနဲ့ မြေအောက်က ဂိုထောင် တစ်ခုမှာ တည်းခိုနေစေ ပါတယ်။ ဒီတော့ မြေအောက်က အခန်းမှာ ပေါက်နေတဲ့ နံရံ တစ်ခုကို နောင်တော် နတ်သားက ဖာထေးပေးလိုက်သတဲ့။

နောက်တစ်နေ့ အရောက်တော့ လူဆင်းရဲ မိသားစု တစ်ခုရဲ့ အိမ်ကို သွားပြီး ထုံးစံ အတိုင်း တည်းခိုဖို့ တောင်းဆိုပါတယ်။ ရက်ရောတဲ့ မိသားစုက ခရီးပန်းဟန် ပြုပြီး တည်းခိုစရာမဲ့နေတဲ့ လူ ယောင်ဆောင် နတ်သား ၂ ဦးကို အစားအသောက် ကျွေးမွေးပြီး အိပ်စရာကိုလဲ သူတို့လို တန်းတူ ပေးပါတယ်။ မနက်နိုးတဲ့အချိန် ကျတော့ ဆင်းရဲသား လင်မယားဟာ သူတို့ရဲ့ တစ်ကောင် တည်းသော နွားမ သေဆုံးတာကို ဖက်ပြီး ငိုကြွေး ဝမ်းနည်းနေကြ ပါတယ်။ နတ်သား ၂ ပါးဟာ စကားအရာနဲ့ နှစ်သိမ့်ပြီး ထွက်သွားသတဲ့။
ဒါနဲ့ ညီတော် နတ်သားက နောင်တော် နတ်သားကို မေးပါတယ်။ ဘာကြောင့် စာရိတ္တ မကောင်းမွန်တဲ့ ချမ်းသာတဲ့ မိသားစုကိုကျ အိမ်နံရံပါ ဖာထေးပေးပေမယ့် စိတ်သဘောထားကောင်း ဆင်းရဲသား မိသားစုကိုကျ ဘာလို့ နွားသေတာ မကယ်ပေးလိုက်တာလဲတဲ့။ ဒီတော့ နောင်တော်က ဖြေပါတယ်။
"ချမ်းသာတဲ့ အိမ်မှာ နှစ်၁၀၀ကျော်ကတည်းက မြှုပ်ထား တဲ့ ရွှေတွင်း ကို မြင်တွေ့ နိုင်တဲ့ အပေါက် ဖြစ်ပါတယ်။ ယင်းရွှေတွေကို မထိုက်တန်တဲ့ မိသားစု တစ်ခု မရအောင် နံရံ အပေါက်ကို ပိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဆင်းရဲ မိသားစုမှာ ကံမကောင်းစွာပဲ ဇနီးဖြစ်သူနဲ့ နွားမ ဟာ တစ်ညတည်း မှာပဲ ရောဂါဆိုးကြောင့် သေဖွယ် ရှိပါတယ်။ သူသေရမယ့် ကံဘေးက လွတ်အောင် ကယ်လိုက်နိုင်ပေမယ့် နွားမကတော့ မကယ်လိုက်နိုင်ပါဘူး။ နွားမသာ သေရပြီး အမျိုးသမီးက အသက်ရှင်ရခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ယခု လက်ရှိ ဘမှာ မကောင်းမှုနဲ့ မွေ့လျော်သူမျာက ဘယ်လောက်ပဲ ကောင်းဖို့ ကံနဲ့ကြုံကြုံ လွဲချောတတ်ပါတယ်။ ဥပမာ - ၁၀၀ ရမယ့် အခြေအနေမှာ ၁ ကျပ်သာ ရခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခရောက်နေသူ များလည်း စိတ်ပျက်အားငယ်ခြင်း မပြုပါနဲ့။ စိတ်ကောင်းသာ ဆက်လက် မွေးဖွား၍ ကောင်းသည်များကို ဆက်လက် ပြုလုပ် ကျင့်ကြံပါ။ မိမိ ပြုလုပ်သော ကောင်းမှု၊ ကောင်းကံများကြောင်း ယခု လက်ရှိထက် ပိုဆိုးသော အခြေအနေ တစ်ခုကို မရောက်ရခြင်း ဖြစ်ကြောင်း နှလုံးသွင်း မှတ်ယူ ရပါမည်။
အောင်ခမ်း (ရိုးရာလေး)

Thursday, October 23, 2014

အဖေ

 
အဖေ့အတွက် မအားလပ်ခဲ့သူ
'ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့ ပူစာတော့ အဖေ့ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံ မလောက်တော့ အဖေ့ခမျာ သူ့အပေါင်းအသင်းကြား မျက်နှာ အပျက်ခံပြီး ချေးပေး ခဲ့ဖူးတယ်။ ကျနော် အလုပ်မရတော့လည်း သူ့အသိ မိတ်ဆွေ အကူအညီနဲ့ ရအောင် သူကြိုးစားခဲ့ပေး သေးတယ်။ ကျနော်တို့က အဖေ တစ်ခု သားတစ်ခုလေ။
ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ 'သွားစရာ ရှိလို့ အဖေရေ' လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း 'အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ' လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။
တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။
'နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး' တဲ့။
စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။
ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။'
.
Ref:inspiraquote
အောင်ခမ်း (ရိုးရာလေး

အမေ

 
အမေ့ စာတစ်စောင် (ဖြစ်ရပ်မှန်)
အမေရိကန်- ဗီယက်နန် စစ်ပွဲပြီးတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူဟာ စစ်ထဲမှာ ကျဆုံးသွားပြီး သားအမိ နှစ်ယောက်သာ ကျန်တော့သတဲ့။ ရုပ်ရည်အားဖြင့်ကော၊ စိတ်ထားလှ မှုကြောင့် မုဆိုးမ ဘဝသို့ ရောက်ရတဲ့ အမျိုးသမီးတစ်ဦးဟာ နောက် အိမ်ထောင် ပြုမယ်ဆို ဆက်ပြုနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ကိုယ်တည်း ရုန်းကန်ပြီး သားလေးကို ခေတ်ပညာနဲ့ မပြတ်ပဲ ထားပေးဖို့ပဲ သူဆုံးဖြတ်ခဲ့ပါတယ်။
အလုပ်ကို ဆင်းရဲပင်ပန်းစွာလုပ်ပေမယ့် သားလေးက ပညာတော်တော့ ဝမ်းသာ ရှာပါတယ်။ ဆယ်ကျော်သက် လူငယ်ဘဝရောက်တော့ စကော်လာရှစ်ရပြီး အမေရိကန်မှာ ကျောင်းတက်ခွင့် ရခဲ့ပါတယ်။ နောက်တော့ အမေရိကန် NASA မှာပဲ အလုပ်ရပြီး အမေရိကန်မှာပဲ အသက်ရှင်လုပ်ကိုင်ပါတော့တယ်။ အမေကတော့ ဝမ်းသာမျက်ရည်နဲ့ တစ်ယောက်တည်း ပျော်နေရှာပါတယ်။ လစဉ်လတိုင်း သားဖြစ်သူကလည်း အမေရိကန်ဒေါ်လာ ၁၀၀ စီ ပို့ပေးပါတယ်။ စစ်ပြီးပြီး ဆယ်စုနှစ် သုံးခုလောက်ထိက ဗီယက်နမ်ကော ကမ္ဘာကပါ စီးပွားရေး မပြေလည်ပါဘူး။ သားပို့ပေးတဲ့ ဒေါ်လာ ၁၀၀ ဆိုတာ သူ့ခေတ်သူ့ခါမှာ အင်မတန် သုံးမကုန်အောင် များပါတယ်။ အင်တာနက်လည်း မထွန်းကားတော့ ဖုန်းလည်း သိပ်မပြောဖြစ်ပါဘူး။ အမေ့ကို ငွေပို့ပြီး တာဝန်ကျေတယ်လို့ သားဖြစ်သူ NASA မှ အင်ဂျင်နီယာက ထင်နေရှာ ပါတယ်။ ခရစ်စမတ် ရုံးပိတ်ရက်ရောက်တာတောင် အိမ်ကို ပြန်ဖို့ မစဉ်းစားတော့ပဲ အမေရိကန်မှာ ပျော်နေရှာပါတော့တယ်။ တစ်နေ့ကျတော့ အမေဆုံးတဲ့ သတင်း ရပါတယ်။ ဒါနဲ့ အမေဖြစ်သူကို ဂူသွင်းမြေမြှုပ်ဖို့အတွက် ဗီယက်နန် ကို ပြန်လာပါ တယ်။ သူ့မျက်နှာမှာ အင်မတန် ဝမ်းနည်းတဲ့ ခံစားချက်မျိုးကို မပြပါဘူး။ မျက်ရည်လည်း မကျပါဘူး။ ဒါနဲ့ အမေက သူ့အတွက် စာအိတ်တစ်အိတ်ချန်ခဲ့ကြောင်း ဆိုပြီး အခြားလူတစ်ယောက်က လက်ထဲ ထည့်ပေးပါတယ်။ အင်မတန် ဖောင်းနေတဲ့ စာအိတ်ထဲမှာ ဒေါ်လာ ၁၀၀ တန် ချက်လက်မှတ်ပေါင်းများစွာနဲ့ စာတစ်စောင်ကို သူတွေ့ ပါတယ်။ ဒါနဲ့ပဲ သူ ယူကြုံးမရ အော်ငိုပါတော့တယ်။ စာထဲမှာ ရေးထားတာကတော့ -
"သား အမေဒီလောက်ငွေအများကြီးမလိုဘူး။ သားကိုပဲ လွမ်းတယ်။ အိမ်ရှေ့မှာ မော်တော်ဆိုင်ကယ်ဖြတ်သွားသံတွေ ကြားတိုင်း င့ါသားလေးများ ပြန်လာလေသလားဆိုပြီး ထွက်ထွက် ကြည့်မိတယ်။ င့ါသားလေး ဖျားနာရင် သုံးဖို့ ငွေမရှိမှာစိုးလို့ သားငွေတွေ ထည့်ထားပေးခဲ့တယ်"
“Son, I don’t spend too much money. I miss you a lot. Every time I hear a motorcycle passing by, I run out the door but it wasn’t my son. I saved this money for you in case when you get sick.”
- ဗီယက်နန်မှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်
အောင်ခမ်း (ရိုးရာလေး)

Thursday, September 25, 2014

လယ်သမားရဲ့နာရီ

လယ်သမားရဲ့နာရီ
==============
တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။
သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။
ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။
လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။
လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။
ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို အာရုံစိုက် နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."
သင်ခန်းစာ ။ စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို အာရုံစိုက် တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးတယ်ဆိုတာပါပဲ.။
Credit - Original Writer

Saturday, September 20, 2014

အမုန်းတွေကို မသယ်ဆောင်ထားပါနဲ့

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲကကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။
အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့အိတ်တစ်လုံးစီ ယူလာရမယ်လို့ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်း တယ်ဆိုတဲ့လူရဲ့ နာမည်ကို ရေးရမယ်။ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက် လောက်မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေကိုယ်စီသယ်လာကြတယ်။

တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကလေးတချို့ကစပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅) လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြ တာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့်ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာဘယ်လိုခံစားရလဲလို့ ဆရာမကမေးတော့သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။
အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီအာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှမခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကိုမင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင်ဘယ်လိုနေမလဲ။ လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။

ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ ”မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကိုချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။” ဆိုပြီး ကလေးတွေကို ဆုံးမစကားပြောကြားလိုက်ပါတယ်

Thursday, September 11, 2014

မိဘ (ဂျပန်ပုံပြင်)

 ဂျပန်ပုံပြင်လေးတစ်ပုဒ်
----------------------------
ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။

“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။

ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံးဝ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အ၀တ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာ ဘဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ဘဲ . . “အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိဘဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်” ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။ (အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါဘဲ)

အဖိုးကြီးလည်း မျက်ရေတွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး” “အေးလေ . . ဒါ ထုံးစံအတိုင်းဘဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ၀မ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ - သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေ၀င်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက “မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံးဝမတွေးခဲ့တဲ့ စကား။ တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံးဝ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် - ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။ နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ - အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူဘဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါဘဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါဘဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။ ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားခြင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ၀ိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာဘဲ” ဆိုပြီး ပညာရှိလေသံနဲ့ ၀င်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းဘဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာဘဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေ၀က်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ဘဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရင်ဂို” ရဲ့ လုပ်ရပ်ကိုဘဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းဘဲ ပြောနေကြတော့တာဘဲ။ အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။ ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။ ဒီမှာဘဲ ဖြစ်ရပ်မှန်တစ်ခုအပေါ်မှာ အခြေတည်ထားတဲ့ ပုံပြင်လေး တစ်ခု ပြီးဆုံးသွားပါပြီ။

သင်္ခန်းစာ (၁) ကလေးများ၏ လက်ဦးဆရာသည် မိဘများ ဖြစ်ကြသည်။ သူတို့သည် မိဘများ၏ အပြုအမူ ဓလေ့စရိုက်တို့ကို ပုံတူကူးချလေ့ရှိသည်။ ထို့ကြောင့် သင်၏ မိဘများ အပေါ် ဆက်ဆံပြုမူသည့်အတိုင်း (သင် အသက်ကြီးလာသောအခါ) သင့် သားသမီးများက ဆက်ဆံပြုမူကြလိမ့်မည်။ သင်သည် မိအိုဖအို များကို “အခိုင်းအစေများသဖွယ်” ဆက်ဆံလျှင် သင် အဖိုးကြီး အဖွားကြီး ဖြစ်လာသောအခါ သင့်သားသမီးများကလည်း ထိုသို့ ဆက်ဆံလိမ့်မည်။ မိအိုဖအိုများကို “ဘုရားတစ်ဆူ ဂူတစ်လုံး” ဆက်ဆံလျှင် သင့်သားသမီးများကလည်း ထိုအတိုင်း ပြုမူပေလိမ့်မည်။ ဤကား “၀ဋ်” လည်ခြင်းတည်း။

သင်္ခန်းစာ (၂) “အများ မိုးခါးရေ သောက်လို့ ၊ သောက်ရသည်” ဟူသော စကားသည် အခါခပ်သိမ်း မမှန်ချေ။ သင်၏ “ယုံကြည်ချက် နှင့် အလုပ်အကိုင်” သည် လူအများနှင့် ဆန့်ကျင်နေသော်လည်း “အမှန်တရား စစ်စစ်သာလျှင် ဖြစ်ပါစေ” ။ (နောက်ဆုံးတွင်) သင်၏ ပြင်းထန်သော ယုံကြည်ချက်နှင့် ဦးဆောင်မှု နောက်သို့ တစ်တိုင်းပြည်လုံး လိုက်ပါလာရမည်သာ ဖြစ်လေသည်။
credit-original writer

Saturday, August 30, 2014

အမြင်ကိုပြောင်းလဲကြည့်လိုက်ပါ

“အမြင်ကို ပြောင်းကြည့်လိုက်ပါ”
=====================

တစ်ခါတုန်းက သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိဝေဒနာကို ခံစားနေရတာကြောင့်

စိတ်ပင်ပန်းဆင်းရဲ လို့ နေပါတယ်။

သူဟာ နားလည်တက်ကျွမ်းတဲ့ သမားတော်တွေနဲ့ ပြသတိုင်ပင်ခဲ့ပြီး သူ့ မျက်စိရောဂါကို

ကုသခဲ့ပါတယ်။
ဝါရင့်ကျွမ်းကျင်တဲ့ သမားတော်တွေဆီက ဆေးထိုး ဆေးသောက်နဲ့ ကုသမှုများစွာကို မရပ်မနား

ခံယူခဲ့ပါတယ်။

ဒါပေမယ့် ဒီဝေဒနာက ကုသပေမယ့် မပျောက်ဘဲ ပိုဆိုးလာသလို ဖြစ်နေတယ်။

နောက်ဆုံးမှာ ဘုန်းကြီးတစ်ပါးက သူဌေးရဲ့ ရောဂါဝေဒနာကို လာ ကြည့်ပါတယ်။

လာကြည့်တဲ့အခါ ဘုန်းကြီးက သူဌေးရဲ့ မျက်စိရောဂါအခက်အခဲကို နားလည်သွားပြီး
သူရဲ့ မျက်စိအတွက် အစိမ်းရောင်တစ်မျိုးတည်းကိုသာ အာရုံစိုက်ကြည့်ဖို့ နဲ့ 
တခြားအရောင်တွေကို ကြည့်လို့ မရဘူး လို့ ပြောပါတယ်။

ရှင်းရှင်းပြောရရင် သူ့ မျက်စိရောဂါက အစိမ်းရောင်ကလွဲရင် ကျန်တဲ့ အရောင်တွေနဲ့ မတည့်တာပါ။

အဲဒီ့တော့ သူဌေးဟာ ပန်းချီဆရာများကို ခေါ်စုပြီး အစိမ်းရောင်ဆေးတွေကို စည်ပိုင်းလိုက်ကို

ဝယ်ထားပါတော့တယ်။

ပြီးတော့ ဘုန်းကြီး မိန့် မှာထားတဲ့အတိုင်း သူ့ မျက်စိနဲ့ ကြည့်မယ့် အရာဝတ္ထုတိုင်းကို

အစိမ်းရောင်တွေ ဆေးသုတ်ထားလိုက်ဖို့ ကို ညွှန်ကြားထားလိုက်ပါတော့တယ်။

ရက်အနည်းငယ်လောက်အကြာမှာ ဘုန်းကြီးက သူဌေးကို လာကြည့်ပါတယ်။

အဲဒီ့အချိန်မှာ သူဌေးရဲ့ တပည့်တပန်းတွေက အစိမ်းရောင်သုတ်ဆေးတွေ ပုံးနဲ့ ယူချလာပြီး

ဘုန်းကြီးသင်္ကန်းပေါ် လောင်းချလိုက်ပါတော့တယ်။

ဘုန်းကြီးရဲ့ သင်္ကန်းဟာ အနီရောင်ဆင်မြန်းထားတာကြောင့် သူတို့ ဆရာရဲ့ မျက်စိဝေဒနာ

ပြန်မဖြစ်ရလေအောင် အခြားသောအရောင်တွေကို မမြင်စေလိုတဲ့အတွက် ကြောင့် ပါတဲ့။

အဲ့ဒီလိုလည်း ကြားရရော ဘုန်းကြီးက ရယ်ပါလေရော ….
အကယ်လို့ သာ မင်းဟာ အစိမ်းရောင် မျက်မှန်တစ်စုံသာ ၀ယ်တပ်လိုက်မယ်ဆိုရင်
ငွေကြေးအနည်းငယ်သာ ကုန်ကျမှာဖြစ်ပြီး မင်းဒီလို နံရံတွေ ပန်းအိုးတွေနဲ့ 
တခြားသော ပစ္စည်းတွေလည်း သိပ်ပြီး အစိမ်းရောင် ခြယ်သနေစရာ မလိုတဲ့အတွက်
အကုန်အကျတွေလည်း မများတော့ဘူး။

ကမ္ဘာကြီးတစ်ခုလုံးကို အစိမ်းရောင်တွေနဲ့  ခက်ခဲစွာ ဆေးလိုက်ခြယ်မယ့်အစား
မင်းအမြင်ကိုသာ ပြောင်းလဲလိုက်ပါ
အဲဒါဆို ကမ္ဘာကြီးလည်း သူ့ အလိုလို ပြောင်းလဲလာမှာပါ…

Credit - Original Writer

ပျော်ရွှင်ခြင်းပူစီဖောင်းများ

ပျော်ရွှင်ခြင်းပူစီပေါင်းများ ။
---------------------------
တခါက ဟောပြောပွဲ တစ်ခုမှာ လူ ၅၀၀ လောက် တက်ရောက်နေတယ်။ဟောပြောသူက အုပ်စုလိုက် လှုပ်ရှားမှု လုပ်ဖို့ ပြောပြီး အစီအစဉ်ကို ခန ရပ်လိုက်တယ်။ ပြီးတော့ လူတစ်ယောက်ကို ပူစီပေါင်း တစ်လုံးစီ ဝေ ပေးပြီး အဲဒီအပေါ်မှာသူတို့ နာမည်ကို ( Marker Pen ) နဲ့ ရေးခိုင်းတယ်။ပြီးတော့ ပူစီပေါင်းတွေ ကိုယူပြီးတခြားအခန်း တစ်ခုထဲထဲ့လိုက်တယ်။
အဲဒီနောက် လူတွေကို ပူစီပေါင်းတွေ ရှိတဲ့ အခန်းထဲကိုသွားပြီး
၅မိနစ် အတွင်းမှာ မိမိရဲ့ နာမည်ပါတဲ့ ပူစီပေါင်းကို ရှာခိုင်းတယ်။
အားလုံးက ကိုယ့်နာမည်ပါတဲ့ ပူစီပေါင်းကို အမြန်ရှာကြတာပေါ့ ။
တစ်ယောက်နဲ့ တစ်ယောက်တိုက်မိကြ လဲကျကြ နဲ့ ရှုပ်ရှက် ခတ်ပြီး
အခန်းထဲမှာ အတော့်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။

အချိန်၅မိနစ်သာစေ့သွားပေမဲ့ ဘယ်သူမှ ကိုယ့်ရဲ့ပူစီပေါင်းကို
ရှာမတွေ့ဘူး။
အဲဒီနောက်မှာ ဟောပြောသူက ကိုယ့်အနီးအနားမှာရှိတဲ့ နာမည်ပါတဲ့
ပူစီပေါင်းတစ်လုံးကိုကောက်ယူပြီးနာမည်ကို အော်ခေါ်ပြီး
ပူစီပေါင်းပိုင်ရှင်ကိုရှာပြီး ပေးလိုက်ပါလို့ ပြောတယ်။
အဲဒီအတိုင်း လုပ်ကြတဲ့အခါ မိနစ်ပိုင်းအတွင်းမှာပဲ
လူတိုင်းဟာ ကိုယ့်နာမည်ပါတဲ့ပူစီပေါင်းကို ကိုယ်စီကိုယ်ငှ ရသွားကြတယ်။
အဲဒီတော့မှ ဟောပြောသူက ဆက်ပြောတယ်။ကျွန်တော်တို့ဘ၀မှာလဲ
အခုလိုပါပဲ။လူတိုင်းဟာ ပျော်ရွှင်မှုကိုမိမိ ဘေးပတ်ဝန်းကျင်မှာအသည်းအသန်
လိုက်ရှာနေကြပေမဲ့ ဘယ်နေရာမှာ ရှိနေမှန်း မသိကြဘူး။
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ သူတစ်ပါးရဲ့ ပျော်ရွှင်မှု အထဲမှာ
တည်ရှိနေတာပါ ။သူတစ်ပါးကို သူတို့ရဲ့ပျော်ရွှင်မှု အရင် ပေးကမ်းလိုက်ပါ။
ဒါဆိုရင် သင့်ကိုယ်ပိုင် ပျော်ရွှင်မှုကို အလိုလို ရရှိ လာပါလိမ့်မယ်။
ဒါဟာ လူ့ဘ၀ရဲ့ ရည်ရွယ်ရာ၊ပျော်ရွှင်မှုကို ရှာဖွေရယူခြင်း ပါပဲ။
Credit > > >Fireflies

ခြင်းတောင်းထဲကကြက်

ခြင်းတောင်းထဲကကြက်။ (ပါရဂူ)
--------------------------------
ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကြပ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။
ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက်၊ နောက်ခဏနေ၊ နောက်တစ်ကောင် ထုတ်၊ သတ်လိုက်နဲ့။
ဒါပေမယ့် ခြင်းတောင်းထဲမှာ ကြက်တွေ အများကြီးကျန်ပါသေးတယ်။ ကျန်ခဲ့တဲ့ ကြက်တွေက တစ်ကောင်လျော့ သွားရင် လျော့သွားတဲ့ အလျောက် ဝမ်းသာကြတယ်။ “ငါတို့ ကို ထိုးနေဆွနေတဲ့ သကောင့်သားတွေတော့ သွားရှာပြီ။ ငါတို့ အသက်ရှူချောင်ပြီ။ ငါ့ ကြက်မကို လုနေတဲ့ ပြိုင်ဘက် အေပေးလေးတွေ ခုတော့ ဘာတတ်နိုင်သေးလဲ၊ သွားကုန်ပြီ” ဆိုပြီး ဝမ်းသာအယ်လှဲ ဖြစ်ကြတယ်။ ရှိတဲ့ ကြက်တွေနဲ့ ဆက်ပြီး ခိုက်ရန် ဖြစ်ကြတယ်။ ထိုးကြဆိတ်ကြ၊ လုနေကြတယ်။ ကြက်ခြင်းကြီးဟာ သွေးအလိမ်းလိမ်းနဲ့ အော်ဟစ်ဗြောင်းဆန် နေကြတယ်။
အဲ့လိုနဲ့ နောက်ဆုံးမှာ ခြင်းကြီးထဲက ကြက်တွေ အားလုံးဟာ ကြက်သတ်သမားရဲ့ ဓားစာ ဖြစ်ကုန်ကြတယ်။ အဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် ထိုးဆိတ်နေတဲ့ အကောင်တွေ မရှိတော့ဘူး။ ခွပ်နေ၊ သတ်နေ သံတွေ မရှိတော့ဘူး။ အသက်ရှူမဝတာတွေ မရှိတော့သလို၊ အသက်ရှူ မဝတဲ့ကောင်တွေ လည်း မရှိတော့ဘူး။ အတင်းကာရော အလိုက်ခံလုယက်နေကြတဲ့ ကြက်မတွေ လည်း မရှိတော့သလို၊ မွှန်ထူလိုက်နေကြတဲ့ ကြက်ထီး/ကြက်ဖတွေလည်း မရှိတော့ဘူး။ ကြက်ခြင်းကြီး တစ်ခုလုံးဟာ သွေးအလိမ်းလိမ်းသာ ကျန်ခဲ့တယ်။ ဘာသံမှ မကြားရတော့ဘူး။ ငြိမ်ဝပ်လို့။
ဒီရုရှားပုံပြင်ရဲ့ အမည်က “လောက” ဖြစ်ပါတယ်။ လောက ဟာ ဘာလဲ။ ဘယ်လိုဟာမျိုးလဲ။ လောကမှာ ဘယ်အရာတွေ ရှိသလဲ။ ဒီမေးခွန်းတွေထက် ကျိန်းသေတာက- လောကအတွင်းမှာ ရှိရှိသမျှ အရာ အားလုံးဟာ ပျက်စီးမှုကိုသာ အဆုံးသတ် စောင့်မျှော်နေကြတယ်။ ခဏတိုင်း ခဏတိုင်းမှာ အရာရာတိုင်း၊ သတ္တဝါတိုင်း၊ တစ်ခုပြီး တစ်ခု၊ တစ်ကောင်ပြီး တစ်ကောင် – သေမင်းရဲ့ လက်မှာ သတ်ဖြတ်ခံ၊ လည်စင်းခံနေကြရတယ်။ ဒါကိုပဲ – လည်စင်းမခံရသေးတဲ့ ကြက်တွေ၊ အလှည့်မရောက်သေးတဲ့ ကျန်သူတွေက တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်နေကြ၊ သေသွားသူတွေ အတွက် ဝမ်းသာအယ်လှဲ နေရာလုကြ။ အသက်ရှူဝဖို့ ထိုးဆိတ် နေကြဆဲပဲ။ လိုချင်တဲ့ အရာတွေ တစ်ခုပြီး တစ်ခုနောက်ကို လိုက်ရင်း အပြိုင်အဆိုင် လုယက်နေဆဲပဲ။
တစ်နေ့မှာ ကိုယ့်လည်ပင်းကို ဆွဲဆုပ်၊ ခေါ်ထုတ်သွားမယ့် လက်တံရှည်ကြီးဟာ ဘယ်သူမဆို အပေါ် ချွင်းချက်မရှိ ရောက်လာပါလိမ့်မယ်။ တစ်ဦးနဲ့ တစ်ဦး အရင်သွားမယ့်သူ၊ နောက်သွားမယ့်သူ၊ အရှေ့နဲ့ နောက် သာ ကွာခြားလိမ့်မယ်။ ခဏတိုင်း ခဏတိုင်းမှာ သေမင်းရဲ့ ဓားချက်နဲ့ အသက်ထွက် ကြရမယ်။ အဲ့မတိုင်ခင်ကြား – မိမိ အသက်ရှူဝဖို့၊ မိမိ ဂုဏ်သိက္ခာတက်ဖို့၊ မိမိ အထင်ကြီးခံရဖို့၊ မိမိ လိုရာ ရဖို့ ပြိုင်ဆိုင်နေဆဲ၊ ညှင်းဆဲနေဆဲ။ တိုက်ခိုက် ပုတ်ခတ်နေကြဆဲပဲ။ မိမိ မျက်စိရှေ့မှောက်- သွေးအလိမ်းလိမ်း မြင်နေရတဲ့တိုင် – လျော့သွားတဲ့ သူနေရာကို ဝင်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်နေကြဆဲ။ နောက်ဆုံးမှာတော့ ဒီသူတွေ အားလုံးပဲ သေမင်းရဲ့ လက်အောက် လည်စင်းရောက်သွားကြတော့တာပဲ။
---------------------
creditး ဆရာ ပါရဂူ

ပန်းစိုက်တယ်ဆိုတာ

ပန်းစိုက်ရခြင်းအကြောင်းရင်း ( နိုင်းနိုင်းစနေ )
-----------------------------------
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။
ဆရာတော်ဘုန်းဘုန်းဟာ ဘုရားတရားအားထုတ်ပြီး အားရင် ပန်းစိုက်တာနဲ့ပဲ အချိန်ကုန်နေလေ့ရှိတယ်။
တစ်နေ့မှာ ဆရာတော်ဘုန်းဘုန်းဟာ တခြားနေရပ်တစ်ခုကို ကြွဖို့အကြောင်းပေါ်လာတယ်။
မကြွခင် ပန်းတွေကိုသေချာစောင့်ရှောက်ဖို့ ကိုရင်လေး တွေကို မှာခဲ့တယ်။
ကိုရင်လေးတွေကလည်း ပန်းကို သေသေချာချာစောင့်ရှောက်ကြပါတယ်။
ဒါပေမယ့်တစ်ရက်မှာကိုရင်လေးတွေ ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆတိုက်မိသွားတယ်။
သစ်ခွစင်ပြိုကျပြီး သစ်ခွအိုးတွေ ကွဲကြေကုန်ရော။
ဆရာတော်ဘုန်းဘုန်း အင်မတန်နှစ်သက်တဲ့သစ်ခွပန်းတွေ ကျိုးကြေကုန်လို့ ကိုရင်လေးတွေလည်းအရမ်းထိတ်လန့်သွားကြတယ်။
ဆရာတော်ပြန်လာချိန်မှာ တောင်းပန်ပြီး ပေးတဲ့အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်ကြတယ်။
ဆရာတော်ဘုန်းဘုန်း ပြန်ရောက်တဲ့အခါ ကိုရင်လေးတွေက အကျိုးအကြောင်းလျှောက်တင်ကြတယ်။
သူတို့ ကိုထိုက်သင့်တဲ့ အပြစ်ပေးပါ လို့ လျှောက်ကြတာပေါ့။
ဆရာတော်ဘုန်းကြီးက သူတို့ကို စိတ်မဆိုးတဲ့အပြင်
"ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဆရာတော်ဘုန်းဘုန်းမိန့်တာ အဓိပ္ပာယ်ရှိပါတယ်။
“ စိတ်ဆိုးဖို့၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။"
ဆရာတော်ဘုန်းဘုန်းက သစ်ခွပန်းကြိုက်တယ်ဆိုတာမှန်ပေမယ့် သူ့စိတ်ထဲမှာ သစ်ခွပန်းဆိုတဲ့အစွဲအလန်း မထားဘူး။
ဒါကြောင့် သစ်ခွပန်းရှိတာနဲ့ သစ်ခွပန်း ဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ဒါမှမဟုတ် ဒေါသထွက်အောင် မပြောင်းလဲစေနိုင်ဘူး။
နေ့စဉ်လူ့ဘဝမှာ ကျွန်မတို့ရဲ့ လိုအင်တွေကများတယ်။ ရယူတာနဲ့ ဆုံးရှုံးတာကို ကျွန်မတို့အရမ်း ဂရုစိုက်ကြတယ်။
ဒါကြောင့် ကျွန်မတို့ရဲ့ခံစားချက်က နိမ့်လိုက်မြင့်လိုက်နဲ့ ကျွန်မတို့ မပျော်ရွှင်နိုင်ကြဘူး။
(တကယ်ဆိုရင် )
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ တွေ့ဆုံခဲ့ကြတာမဟုတ်ဘူး""
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ အလုပ်လုပ်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ စာသင်နေတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေထားတာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ လင်နဲ့မယားအဖြစ် ကျွန်မတို့ ပေါင်းသင်းခဲ့တာမဟုတ်ဘူး"
"စိတ်တို၊ ဒေါသဖြစ်ဖို့ ကျွန်မတို့ ကလေးမွေးခဲ့ကြတာမဟုတ်ဘူး"
“ စိတ်တို၊ ဒေါသထွက်ချိန်မှာ ကျွန်မတို့ဒီလို တွေးတောနိုင်ခဲ့ကြရင်
ကျွန်မတို့ရဲ့စိတ်ညစ်စရာ ခံစားချက်တွေကို ကျွန်မတို့ တနည်းနည်းနဲ့ ဖြေသိမ့်နိုင်ကြမယ်။
---------------------------------------------------------------------
credit to မူရင်းစာရေးဆရာနှင့် ဘာသာပြန်သူ ဆရာမ နိုင်းနိုင်းစနေ
ပန်းချီပုံကို Google Search မှကူးယူပါတယ်။
* ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ရေးသားတဲ့ ( သတ္တိရှိသော ပထမခြေလှမ်း )စာအုပ်ထဲက
( စိတ်တို ၊ ဒေါသဖြစ်ဖို့ ) ဆောင်းပါးမှ ထုတ်နှုတ်ဝေမျှပါတယ်။* ( Fireflies )

အဖြူလား အမဲလား

အဖြူလား? အမည်းလား?
===============
ကျနော်မူလတန်းတုန်းကပေါ့….
အတန်းထဲကသူငယ်ချင်းတစ်ယောက်နဲ့ အကြောင်းအရာတစ်ခုကို အပြင်းအထန်ငြင်းခုန်နေခဲ့ကြတယ်…။ ကျနော်တို့ငြင်းခုန်နေခဲ့တဲ့ အကြောင်းအရာကို မမှတ်မိတော့ပေမယ့်.. အဲ့ဒီနေ့ကရခဲ့တဲ့ သင်ခန်းစာကိုတော့ ကျနော့်တစ်သက် မမေ့နိုင်ခဲ့ပါဘူး..။
အဲ့ဒီနေ့က ကျနော်ကကျနော်ဘက်ကအမှန်၊ သူ့ဘက်ကအမှားလို့ လက်ခံယုံကြည်ထားသလို သူငယ်ချင်းကလည်းသူ့ဘက်ကသာအမှန်၊ ကျနော်ကအမှားလို့ အခိုင်အမာယူဆထားကြတယ်…။
ဒါကိုဆရာမကသိတော့ …ကျနော်တို့ကိုဆုံးမချင်တာနဲ့ အတန်းရှေ့ ကိုခေါ်ထုတ်လိုက်တယ်…။ ကျနော်နဲ့ သူငယ်ချင်းကို ဆရာမကသူ့စားပွဲခုံတစ်ဖက်စီမှာနေရာယူခိုင်းလိုက်တယ်..။

ဆရာမရဲ့ စားပွဲပေါ်မှာတော့ အတော်သင့် ကြီးမားပြီးလုံးဝန်းတဲ့ အရာဝတ္ထုတစ်ခုကိုတင်ထားတယ်…။ကျနော် ရှင်းရှင်းလင်းလင်းကြီးမြင်နေရတာပဲ…အဲ့ဒါဟာအမည်းရောင်ဆိုတာ…။ ဆရာမကဒါဘာအရောင်လဲမေးတော့ ယုံတောင်မယုံနိုင်အောင်ပဲ တစ်ဖက်ကသူငယ်ချင်းကအဖြူရောင်ပါလို့ ဖြေလိုက်တယ်…။ အဲ့ဒီမှာပဲကျနော်နဲ့ သူငယ်ချင်းအဖြူအမည်းအငြင်းအခုန်သစ်တစ်ခုပါ ထပ်တိုးလာတယ်…။
ဒီတော့ဆရာမကဆက်မငြင်းဖို့တားပြီး ကျနော်နဲ့ ကျနော့သူငယ်ချင်းကိုနေရာချင်းလဲဖို့ပြောတယ်…။ ကျနောလည်းသူ့နေရာသွား သူလည်းကျနော့နေရာလာတယ်..။ ကျနော်တို့လည်းနေရာလဲပြီးရော ဆရာမကဒီအရာဝတ္ထုရဲ့  အရောင်ကိုထပ်မေးပြန်တယ်…။ ကျနော်လည်းဖြေဖို့ အရာဝတ္ထုကိုကြည့်လိုက်တော့ အဲဒါဟာတစ်ဖက်စီမှာမတူတဲ့အရောင်သုတ်ထားတာကိုး…။ ကျနော့ဘက်မှာအမည်းရောင်ဖြစ်ပြီးသူငယ်ချင်းဘက်မှာကအဖြူရောင်ဖြစ်နေတာ…။ ဒီတော့မှ ဆရာမကဆုံးမတယ်…
“သားတို့… ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်တစ်ဖက်သတ်ဘက်ကအမြင်မှန်တယ်ဆိုတိုင်းကိုယ်မှန်တယ် သူမှားတယ်လို့ မဆုံးဖြတ်သင့်ဘူး…ဒီပြဿနာကိုပဲသူ့ဘက်ကဘယ်လိုရှုမြင်တယ်…ဘယ်လိုခံစားတယ်ဆိုတာကိုလည်းဝင်ကြည့်သင့်တယ်…။ ကိုယ်ချင်းစာကြည့်သင့်တယ်…”
လို့…တစ်သက်စာတန်ဖိုးရှိတဲ့ အဆုံးအမပေးခဲ့တယ်…။ ။
ဦးသုည… စကားလုံးဖလှယ်သည်…။

Saturday, March 29, 2014

သူကြွယ်နဲ့သူတောင်းစား

 
သူကြွယ်နဲ့ သူတောင်းစား ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )
-----------------------
ကျွန်တော် အင်္ဂလန်မှာ နေတုန်းက ထူးဆန်းတဲ့ နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါ ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ စိတ်ဝင်စားစရာဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင်
ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။

ဆိုင်တံခါးဝ ကောင်တာမှာ အလှူခံသေတ္တာလေး တစ်လုံးချထားတယ်။ သေတ္တာပေါ်မှာ ဆိုမားလီးယား (Somalia) အတွက်လို့ ရေးထားပြီး ဘေးမှာ မကြည့်ရက်စရာအငတ်ဘေးကြုံ နေတဲ့လူတွေရဲ့ ပိုစတာပုံ တစ်ခု ကပ်ထားတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာ ကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင် ထိုင်လိုက်တယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့ သိချင်စိတ်က နှိုးထလာတယ်။

ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်လောက်က ဒီနေရာ တစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက်(၆၀)ပြည့် မွေးနေ့မတိုင်မီ တစ်ရက်မှာ ပန်းချီဆရာတစ်ဦး ရှာပြီး သူ့အိမ်နဲ့ မိသားစု အားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့ အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ် ခန့်ခန့်နဲ့ သားသားနားနားပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူက ထိုင်၊ ရပ်သူက ရပ်၊ ကစားတဲ့သူက ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာ အတိ၊ ဆွဲထားတယ်။

မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ၀မ်းနည်းစရာ အဖြစ်တစ်ရပ် ပေါ်ခဲ့တယ်။ လယ်သမားတစ်ဦး သေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမား ဇနီးဟာ ကလေးတွေစားမဲ့ အစာထဲ အဆိပ် အရင်ခတ်ပြီး ၊ကလေးတွေ သေသွားတာကို ကြည့်ပြီးတော့မှ ကိုယ့်ကိုယ် ကို အဆုံးစီရင်လိုက်တာဖြစ်တယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာ ထိုင်ပြီး သူတို့ကို လက်ဖြန့် တောင်းနေတဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျှစ်လျှူရှုထားတဲ့အကြောင်း ပြောပြတယ်။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲ ဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။

ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ငြင်းခုန် မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားအချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်
လို့လဲ ပြောတယ်။ မြို့စားေ ပြာလိုက်တဲ့ စကားက ရိုးရိုးလေးပါပဲ
“သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။

မြို့စားရဲ့ သားစဉ်မြေးဆက် တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ အင်္ဂလန်မှာရှိတဲ့ မရှိ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့ စနစ်ကို မြို့စားကြီးရဲ့ မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ရှင်ပြောပြတဲ့ ရာဇ၀င်ပုံပြင်ကို နားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော် စားလိုက်တယ်။
သောက်စားပြီး ဗိုက်ဝလို့ တံခါးနားက ကောင်တာမှာ ငွေပေးချေတော့ ဆိုမားလီးယားအတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကို ပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။

ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျှောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတစ်ချို့ ကျွန်တော် ထိုးထည့်လိုက်မိတယ်။

ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ဝိညာဉ်ကို ကောင်းချီးပေးပါစေ”
လို့ နှုတ်ဆက်လိုက်တယ်။

ကျွန်တော်ခြေလှမ်း လေးငါးလှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစား နှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီး ဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...?

ရုတ်တရက် ကျွန်တော် သဘောပေါက် နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံ ပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာပဲ ဖြစ်တယ်။
--------------------------------

credit toး မူရင်း ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee) နှင့် တရုတ်ဘာသာမှ ပြန်ဆိုပေးသူ ဆရာမ နိုင်းနိုင်းစနေ

Friday, March 14, 2014

မိသားစု


"မိသားစု"

(၁) ပြောဆိုဆက်ဆံခြင်း

ခြင်္သေ့တစ်ကောင်နဲ့ ကျားတစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ပြင်းပြင်းထန်ထန် သတ်ဖြတ်ကြတယ်။ နောက်ဆုံးမှာ နှစ်ကောင်စလုံး ဒဏ်ရာအနာတရ ရခဲ့ကြတယ်။

ခြင်္သေ့က သေလုမြောမြောဖြစ်နေချိန်မှာ ကျားကိုမေးတယ်။

“ငါ့နေရာကိုသာ မင်းဝင်မလုရင် ငါတို့နှစ်ကောင်လုံး ဒီလိုထိခိုက်ဒဏ်ရာရကြမှာမဟုတ်ဘူး”

“မင်းနေရာကိုလုဖို့ ငါတစ်ခါမှ မတွေးခဲ့မိဘူး။ မင်းသာ ငါ့နေရာကို ကျူးကျော်မယ်လို့ ငါထင်ခဲ့တာ” ကျားက အသက်ငင်ရာကနေ တအံ့တသြပြန်ပြောတယ်။

အချင်းချင်းပြောဆိုဆက်ဆံခြင်းက မိသားစုပျော်ရွှင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်။ ပြောချင်တဲ့စကား၊ ပြောသင့်တဲ့စကားကို ရင်ထဲသိမ်းဆည်းမထားပါနဲ့။ မိသားစုနဲ့ ပိုဆက်ဆံပြောဆိုခြင်းအားဖြင့် ကိုယ့်ကိုသူတို့နားလည်နိုင်ပါစေ။ အချင်းချင်းဆက်ဆံပြောဆိုခြင်းက အထင်မှား အမြင်မှားခြင်း၊ သဘောထားကွဲလွဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) ယုံကြည်မှု

ငှက်နှစ်ကောင် အတူနေကြတယ်။ ငှက်ဖိုက သစ်စေ့တွေ ငှက်သိုက်တစ်သိုက်စာလောက်ရှာပြီး ငှက်မကိုစောင့်ရှောက်ခိုင်းတယ်။ ရာသီဥတုပူတော့ သစ်စေ့တွေခြောက်ပြီး ကျုံ့ကုန်လို့ နဂိုထက် တစ်ဝက်လောက်လျော့သွားတယ်။ ဒါကို ငှက်မ ခိုးစားလိုက်တယ်လို့ ငှက်ဖိုကထင်ပြီး ငှက်မကို ထိုးစိုက်မောင်းထုတ်ပစ်လိုက်တယ်။ ရက်အနည်းငယ်အကြာ မိုးတွေရွာပြီးတဲ့နောက် ရာသီဥတုစိုထိုင်းလာတော့ သစ်စေ့တွေက ရေဓာတ်တွေပြည့်ပြီး ငှက်သိုက်တစ်ခုလုံးပြည့်သွားခဲ့တယ်။ ဒီအချိန်ကျမှ ငှက်ဖိုကနောင်တရပြီး “ငှက်မကို ငါအထင်မှားခဲ့ပြီ”လို့ဆိုတယ်။

မိသားစုအချင်းချင်းကြားမှာ ယုံကြည်မှုဆိုတာ ရှိရတယ်။ ပျော်ရွှင်တဲ့မိသားစုတွေ အိမ်ထောင်ပျက်ရတာက သံသယနဲ့ မသင်္ကာမှုတွေကြောင့်ပါ။ မိသားစုအပေါ် ယုံကြည်မှုရှိပါစေ။ သံသယကြောင့် မိသားစုပျော်ရွှင်ချမ်းမြေ့ခြင်းတွေ မပျက်စီးပါစေနဲ့။

(၃) သတိရှိခြင်း

ကျီးကန်းနှစ်ကောင်ဟာ တစ်ကောင်ကိုတစ်ကောင် ဆဲဆိုနေကြတယ်။ ဆဲလေ ရန်ပွဲကကြီးလေ၊ စိတ်ပိုလှုပ်ရှားလေ ဒေါသပိုထွက်လေဖြစ်နေတယ်။ နောက်ဆုံးမှာ ကျီးတစ်ကောင်က အရာတစ်ခုကိုကောက်ပြီး နောက်ကျီးတစ်ကောက်ကို ပေါက်ထည့်လိုက်တယ်။ သူပစ်လိုက်တဲ့အရာက ကျီးကိုထိပြီး ကွဲသွားခဲ့တယ်။

အဲဒီအချိန်ကျမှ သူပစ်လိုက်တဲ့အရာဟာ သူ့အသိုက်ထဲက ပေါက်ခါနီးဥတစ်လုံးဖြစ်နေတယ်ဆိုတာကို သူသတိထားလိုက်မိတယ်။

မိသားစုအချင်းချင်းကြားမှာ မကျေနပ်မှု၊ ပြဿနာဆိုတာ ရှိတတ်ကြတယ်။ မကျေနပ်မှုနဲ့ကြုံတဲ့အခါ စိတ်အေးအေးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် သဘောထားကွဲလွဲမှုနဲ့ကြုံတဲ့အခါ ပိုပြီးတော့တောင် အသိဉာဏ်ရှိရပါတယ်။ တဇွတ်ထိုးလုပ်လို့မရပါဘူး။ တဇွတ်ထိုးလုပ်တာဟာ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် ပိုလို့တောင်ဆိုးဝါးသွားစေပါတယ်။ ပြီးတော့ မိသားစုပျော်ရွှင်ခြင်းကိုပါ ထိခိုက်သွားစေနိုင်ပါတယ်။

(၄) နေရာပြောင်းကြည့်ခြင်း

ဆိတ်တစ်ကောင်က ခွေးတစ်ကောင်ကို ထမင်းစားဖိတ်တယ်။ သူ့အတွက် စားကောင်းသောက်ဖွယ်ဖြစ်တဲ့ မြက်နုကို ဆိတ်က တစ်စားပွဲလုံးကောင်းကောင်းပြင်ဆင်ပြီး ခွေးကိုကျွေးခဲ့တယ်။ ခွေးက မြက်တွေကို တစ်လုတ်နှစ်လုတ်ပဲစားပြီး မစားနိုင်ခဲ့တော့ဘူး။

ရက်အတန်ကြာတော့ ခွေးက ဆိတ်ကိုထမင်းဖိတ်ကျွေးတယ်။ စိတ်ထဲမှာလည်း “ဆိတ်လို ငါကပ်စီးမနည်းသင့်ဘူး။ သူ့ကို အစားကောင်း အသောက်ကောင်းနဲ့ ငါဧည့်ခံမယ်”ဆိုပြီး အသားတစ်ပွဲကို ကောင်းကောင်းပြင်ဆင်ပြီး ဆိတ်ကိုကျွေးခဲ့တယ်။ နောက်ဆုံးမှာ ဆိတ် စားတောင်မစားဘဲ ထွက်သွားခဲ့တယ်။

တစ်ခါတလေမှာ ကိုယ့်ဆန္ဒအတိုင်း တခြားသူကိုအကျပ်မကိုင်သင့်ဘူး။ ကိုယ့်အတွေးကို မိသားစုပေါ် အတင်းအကြပ် ဖြည့်မပေးသင့်ဘူး။ ပြဿနာနဲ့ကြုံတဲ့အခါ နေရာလဲ ရှုထောင့်ပြောင်းပြီး တွေးတောကြည့်ပါ။ တစ်ဘက်လူရဲ့နေရာကနေ ဝင်စဉ်းစားပေးကြည့်ပါ။ ဒီလိုဆိုရင် မိသားစုဝင်တွေအပေါ် သင်ပိုနားလည်လာပါလိမ့်မယ်။

(၅) ပျော်ရွှင်ခြင်း

ဝက်ကလေးတစ်ကောင်က ကိတ်မုန့်ဖုတ်သင်တယ်။ ဒါပေမယ့် သူလုပ်လိုက်တဲ့ကိတ်မုန့်တိုင်းက စားမကောင်းဖြစ်နေတယ်။ သူ့ဆရာကြက်ဖကို ဝက်ကလေးက ဘာကြောင့်လဲလို့မေးတယ်။ ကြက်ဖက စဉ်းစားပြီး ကိတ်မုန့်ဖုတ်ဖို့ ဘာတွေထည့်သလဲလို့ မေးတယ်။ ဝက်ကလေးက မဖြုန်းတီးချင်၊ နှမြောလို့ ဒိတ်လွန်တဲ့ကြက်ဥတွေကို သုံးပါတယ်လို့ ဖြေတယ်။

ဝက်ကလေးရဲ့အဖြေကို ကြက်ဖက “သေချာမှတ်ထား.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကိတ်မုန့်ကောင်းကိုရလိမ့်မယ်”လို့ ပြောတယ်။

ဟုတ်ပါတယ်.. ကောင်းတဲ့အစာပလာတွေကိုသုံးမှ ကောင်းတဲ့ကိတ်မုန့်ကိုရမှာဖြစ်တယ်။ ထိုနည်းတူ ကောင်းမွန်ပျော်ရွှင်တဲ့စိတ်ထားနဲ့မှ သာယာချမ်းမြေ့တဲ့မိသားစုဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အပြင်ကပြန်လာချိန် အိမ်ထဲမဝင်ခင် စိတ်ညစ်စိတ်ရှုပ်စရာတွေကို အိမ်အပြင်ဖက်မှာ ပစ်ထားခဲ့လိုက်ပါ။ အပြုံးတစ်ခုကိုပဲ အိမ်ပြန်ယူခဲ့ပါ။ တကယ်လို့ မိသားစုဝင်တိုင်းသာ ဒီလိုလုပ်နိုင်ခဲ့ရင် ဒီမိသားစုဟာ အပျော်ရွှင်ဆုံးမိသားစုတစ်စုဖြစ်သွားပါလိမ့်မယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20131016/272119.html

နိုင်းနိုင်းစနေ

သူလိုလူ (စိတ်ဓါတ်အာဟာရ)

 
ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး WarrenBuffett ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁)ဘီလီယံကိုရက်ရက်ရောရောလှူဒါန်း

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။
တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်…..

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

(၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)

(၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

(၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

(၄) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

(၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)

(၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

(၇) အဲ့ဒီ CEO တွေကို စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

(၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)

(၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

(၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့….
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။

(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။

(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။

(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။

(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။

(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..

source” CNBC
Bamar Pyi Thar
Credit By Myanmar CNN

Monday, February 3, 2014

ရှင်သူနှင့်သေသူများ

 
ရှင်သူနှင့်သေသူများ

-------------- ရေးသားသူ- ရဲမိုး

 နိုင်ငံရေးသမား နှစ်မျိုးနှစ်စားရှိပါသည်။ တစ်မျိုးကတော့ သမိုင်း၏ဆယ်စုနှစ်၊ ရာစုနှစ်များစွာကို ဖြတ်သန်းပြီး ဘယ်တော့မှမသေဆုံးသူ Immortal များဖြစ်ပြီး နောက်တစ်မျိုးကတော့ မရဏကိုမလွန်ဆန်နိုင်သည့် လူသားများအဖြစ် သေခြင်းတရား၏ ခေါ်ဆောင်ရာကို လိုက်ပါသွားကြသူများဖြစ်သည်။ ဘယ်တော့မှမသေဆုံးသည့် ထာဝရရှင်သန်မှု (Immortality)ကို ရရှိသွားသူများကတော့ သူတို့၏သတ္တိ၊ ရိုးသားမှု၊ စွန့်လွှတ်အနစ်နာခံမှုနှင့် သဘောထားကြီးမှုကို ရင်းနှီးပြီး သမိုင်း၏ရှင်သန်မှုကို ပိုင်ဆိုင်သွားခဲ့ကြသည်။ မရဏကိုမလွန်ဆန်နိုင်သူများကတော့ အချိန်တန်သည့်အခါ သင်္ခါရတရားအရ လူ့လောကကိုနှုတ်ဆက်စွန့်ခွာသွားကြသည်။ တဖြည်းဖြည်းနှင့် သမိုင်းစာမျက်နှာများအကြားမှာ သူတို့နာမည်များ မှေးမှိန်ပျောက်ကွယ်သွားကြရသည်။ ပြောရလျှင်တော့ ကမ္ဘာ့သမိုင်း၏ နိုင်ငံရေးသမားအများစုက ဒီအစုမှာ ပါပါလိမ့်မည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ နယ်လ်ဆင်မန်ဒဲလား မသေဆုံးခဲ့ပါ။ “သတ္တိရှိတဲ့လူဟာ ငြိမ်းချမ်းရေးရဖို့အတွက် ခွင့်လွှတ်ပေးရမှာကို ဘယ်တော့မှမကြောက်ဘူး”ဟုဆိုသည့် နယ်လ်ဆင်မန်ဒဲလားက မသေဆေး(Immortality)ကို ရရှိသွားခဲ့သူဖြစ်သည်။ သူ၏ယဉ်ကျေးသည့်ဘာသာစကား၊ သဘောထားကြီးသည့် စိတ်ဓာတ်နှင့် ပြည်သူအများအတွက် အနစ်နာခံမှုက လူသားရာဇ၀င်၏ ကျောက်သားမှာ ထွင်းထုခံထားရပြီဖြစ်သည်။ ၂၇ နှစ်တိတိ အကျဉ်းထောင်ထဲမှာနေခဲ့ရသူ၏ ယဉ်ကျေးဖော်ရွေသည့်အပြုံးက ကမ္ဘာမြေသားကို ထုတ်ချင်းပေါက်သွားစေခဲ့သည်။ မန်ဒဲလား မသေဆုံးပါ။ သူ့အသက် (၉၈)နှစ်ရှိပါပြီ။ ၁၈၀၉ ခုနှစ်၊ ဧပြီ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ်မှာ အေဘရာဟင်လင်ကွန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် သူ မသေဆုံးခဲ့ပါ။ သူ အခုထိ အသက်ရှင်ရပ်တည်နေဆဲ။ အမေရိကန်ပြည်ထောင်စုမှာ သူရှိနေဆဲပါ။ “ကျွန်တော် ရန်သူတွေကို ချေမှုန်းတဲ့နည်းလမ်းကတော့ သူတို့ကိုမိတ်ဆွေပြုလိုက်တာပါပဲ”ဟု သူဆိုခဲ့သည်။ လင်ကွန်း၏ စိတ်ရှည်မှု၊ သည်းခံမှုနှင့် သဘောထားကြီးမှုက သူ၏ခေတ်ပြိုင်နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များကို တုန်လှုပ်စေခဲ့သည်။ လင်ကွန်းမသေပါ။ သူ့အသက် (၂၁၅)နှစ်ရှိပါပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့အတွင်းဝန်ရုံးမှာ ဦးအောင်ဆန်း လုပ်ကြံခံခဲ့ရသည်။ သို့သော် ဦးအောင်ဆန်း မသေဆုံးခဲ့ပါ။ ကျွန်တော်တို့နှင့်အတူ ဦးအောင်ဆန်း ရှိနေပါသည်။ နေ့တိုင်း ကျွန်တော်တို့ကို သူလမ်းပြနေသည်။ ကျွန်တော်တို့ သူနှင့် နေ့တိုင်းစကားပြောနေရသည်။ “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကိုကြည့်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဟု ပြောခဲ့သည့် ဦးအောင်ဆန်းက သူ၏အနစ်နာခံမှု၊ ငွေကြေးစီးပွားမတပ်မက်မှု၊ တစ်ဘ၀လုံးကို ပြည်သူ့အကျိုးအတွက် မြှုပ်နှံထားမှုနှင့် အာရှတိုက်၏ ထင်ရှားသောခေါင်းဆောင်တစ်ယောက်အဖြစ် (Immortality)ကို ရရှိသွားခဲ့သည်။ သူ့အသက် (၉၉)နှစ်ရှိပါပြီ။ မန်ဒဲလား၊ လင်ကွန်းနှင့် ဦးအောင်ဆန်းတို့လိုမဟုတ်သူ နိုင်ငံရေးသမားများကတော့ လူ့သက်တမ်းကုန်ဆုံးသည့်အခါ မရဏတရားနောက်ကို လိုက်ပါသွားကြသူ အများစုကြီးဖြစ်ပါသည်။ သူတို့ကိုတော့ သက်တမ်းကုန်ဆုံးလျှင် သေဆုံးသွားကြသူများ Mortals ဟု ခေါ်ရမည်။ သေဆုံးသူ Mortals များအကြားမှာ ထူးခြားသည့် နောက်အစုအဖွဲ့တစ်ခုရှိသည်။ သူတို့ကတော့ လူ့သက်တမ်းမကုန်ဆုံးမီမှာပင် နာမည်သေဆုံးသွားကြရသူများဖြစ်သည်။ ပြည်သူအများစုက သူတို့၏အမည်များကို သမိုင်းစာမျက်နှာများပေါ်မှာ မြေမြှုပ်သင်္ဂြိုဟ်ခြင်းခံလိုက်ရသူများဖြစ်သည်။ “ကြိုတင်သေဆုံးသွားကြသူများ”ဟု ခေါ်ကြရမည်လား။ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးသမားများခင်ဗျာ - ထာဝရရှင်သန်မှု Immortality ကို ၀ယ်ယူ၍ရပါသည်။ သင်တို့၏ပြည်သူလူထုအပေါ် ယဉ်ကျေးမှု၊ အနစ်နာခံမှုနှင့် သဘောထားကြီးမှုများဖြင့် ၀ယ်ယူနိုင်ပါသည်။ City Mart ကို မသွားပါနှင့်၊ သူတို့ရောင်းချနိုင်သည့် ကုန်ပစ္စည်းမဟုတ်ပါ။ ပြည်သူလူထုဆီကသာ ၀ယ်ယူနိုင်မှာဖြစ်ပါသည်။ အချိန်မီမ၀ယ်ယူလျှင်တော့ “ကြိုတင်သေဆုံးသူများ” စာရင်းတွင် ပါသွားနိုင်ကြောင်း သတိပေးချင်ပါသည်။ ပြီးခဲ့သည့်ရက်များအတွင်းကတော့ မြန်မာနိုင်ငံအလယ်ပိုင်း၊ ကျေးရွာတစ်ရွာမှာ ၀န်ကြီးတစ်ဦး သေဆုံးခဲ့ပါသည်။ မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းပါသည်။ ကောင်းရာသုဂတိလားပါစေ။ ငြိမ်းချမ်းစွာအိပ်စက်ပါတော့။ ။

Saturday, January 25, 2014

မနက်ဖြန်မှ ပြန်လာပါ

 
::: မနက်ဖြန်ရောက်မှ ပြန်လာပါ။ :::

~~~~~~~~~~~~~~~~~~~~~~~~~ လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာရာထူးအတွက် အလုပ်သွားလျှောက်ပါတယ်။ သူဟာ အစောပိုင်းအင်တာဗျုးကို အောင်မြင်သွားခဲ့ပြီး ယခုအခါ နောက်ဆုံးအင်တာဗျုးအတွက် ဒါရိုက်တာနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါရိုက်တာဟာ လူငယ်ရဲ့အလုပ်လျှောက်လွှာကိုကြည့်လိုက်တဲ့အခါမှာ ပညာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုဟာ ထွန်းထွန်းပေါက်ပေါက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါရိုက်တာကမေးပါတယ်။ “မင်းကျောင်းမှာ စကောလာရှစ်တစ်ခုခုရခဲ့သလား?” “မရခဲ့ပါဘူး” ဟုလူငယ်ကဖြေသည်။ “ ဒါဆိုကျောင်းစရိတ်ကို မင်းရဲ့ဖခင်က ပေးတာပေါ့ ဟုတ်လား?” “ကျွန်တော့်အဖေဟာ ကျွန်တော်တစ်နှစ်သားမှာပဲ ဆုံးသွားပါတယ်။ ကျောင်းစားရိတ်ကို အမေကပေးတာပါ” ဟုသူပြန်ဖြေ၏။ “မင်းရဲ့အမေက ဘယ်မှာ အလုပ်လုပ်သလဲ?” “ကျွန်တော့်အမေက အ၀တ်လျှော်တဲ့သူပါ ခင်ဗျာ” ဒါရိုက်တာက လူငယ်ဖြစ်သူအား လက်နှစ်ဘက်ကို ပြရန်ပြောလိုက်ပါတယ်။ လူငယ်ဟာ သူ့ရဲ့ချောမွေ့ပြီး အပြစ်ကင်းစင်နေတဲ့လက်အစုံကို ပြသလိုက်ပါတယ်။ “အရင်က မင်းရဲ့အမေကို မင်းအ၀တ်ကူလျှော်ဖူးသလား?” “တစ်ခါမှ မလျှော်ဖူးပါဘူးပါခင်ဗျာ။ အမေက ကျွန်တော့်ကို စာကြည့်ဖို့နဲ့ စာများများဖတ်စေချင်တာပါ။ နောက်ပြီးတစ်ခုရှိတာက ကျွန်တော့်အမေဟာ ကျွန်တော့်ထက် အ၀တ်တွေကို ပိုပြီးမြန်မြန်လျှော်နိုင်ပါတယ်။” ဒါရိုက်တာကပြောလိုက်ပါတယ်။ “ကိုယ် မင်းကိုတစ်ခုတောင်းဆိုချင်တယ်။ ဒီနေ့ မင်းအိမ်ကိုပြန်ရောက်တဲ့အခါမှာ မင်းအမေရဲ့လက်တွေကို သွားပြီးသန့်သန့်ရှင်းရှင်းဖြစ်အောင်ဆေးကြောပေးပါ။ ပြီးပြီဆိုရင် နောက်နေ့ မနက်ဖြန်မနက်မှာ ကိုယ့်ကိုလာတွေ့ပါ။” --- လူငယ်မှာ သူအလုပ်ရဖို့အခွင့်အလမ်းများနေပြီဟု ခံစားမိလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ အမေ့ကိုမေးပြီး အမေ၏လက်များကိုဆေးကြောခွင့်ပြုဖို့ပြောသည်။ အမေဖြစ်သူမှာ ထူးဆန်းမှု နှင့်ပျော်ရွှင်မှုရောထွေးနေသော အရသာကိုခံစားမိလျှက် အမေ၏လက်များကို သားဖြစ်သူအားပြသလိုက်လေ၏။ လူငယ်သည်အမေ၏လက်များကို ဖြေးညင်းစွာဆေးကြောပေးသည်။ ဆေးကြောပေးနေချိန်တွင် လူငယ်၏မျက်ရည်စက်များ ကျလာလေသည်။ သူ့မိခင်၏လက်များမှာ အလွန်အမင်းတွန့်လိပ်နေပြီး လက်ပေါ်တွင် အနာများစွာပေါက်နေသည်ကို တွေ့ရှိလိုက်သည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ အချို့အနာများသည် နာလွန်း၍ထင်ပါသည်။ သူထိလိုက်သည့်အချိန်တွင် မိခင်ဖြစ်သူမှာ တစ်ချက် တစ်ချက် တွန့် တွန့် သွားလေသည်။ လူငယ်အတွက်တော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ပါပဲ။ သူ့ကျောင်းစားရိတ်တွေကိုပေးနိုင်အောင် နေ့စဉ်နဲ့အမျှ ဒီလက်အစုံဟာ အ၀တ်တွေကိုလျှော်ခဲ့တာပါ။ တကယ်တော့ အမေဖြစ်သူရဲ့လက်ပေါ်က အနာတွေဟာ သူ့ပညာရေးအတွက်၊ သူ့ကျောင်းတွင်းကိစ္စတွေအတွက်၊ သူ့အနာဂတ်အတွက်ပေးဆပ်ထားတဲ့ တန်ဖိုးတွေပါ။ အမေဖြစ်သူရဲ့လက်ကို သန့်စင်ဆေးကြောအပြီးမှာတော့ လူငယ်ဟာ သူ့အမေလျှော်ဖို့ကျန်နေသေးတဲ့အ၀တ်တွေကို တိတ်တိတ်ဆိတ်ဆိတ်လျှော်ဖွတ်လိုက်ပါတယ်။ --- အဲဒီညက အမေနဲ့သားဟာ စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြပါတယ်။ --- နောက်နေ့မနက်မှာတော့ လူငယ်ဟာ ဒါရိုက်တာရဲ့ရုံးခန်းကိုသွားပါတယ်။ ဒါရိုက်တာဖြစ်သူဟာ လူငယ်ရဲ့မျက်ဝန်းထဲက မျက်ရည်စတွေကို သတိပြုမိပြီး လူငယ်ကိုမေးလိုက်ပါတယ်။ “ ကဲ ပြောပါဦး မနေ့က မင်းအိမ်မှာ မင်းဘာတွေလုပ်ခဲ့တယ်၊ ဘာသင်ခန်းစာတွေရခဲ့တယ်ဆိုတာကို” လူငယ်ကဖြေပါတယ်။ “ ကျွန်တော်အမေ့လက်တွေကို ဆေးကြောသန့်စင်ပေးပြီးတော့ ကျန်နေတဲ့အ၀တ်တွေကို ပြီးအောင်လျှော်ဖွပ်ခဲ့ပါတယ်” “ ကျွန်တော်အခု နှစ်သက်မြတ်နိုးတန်ဖိုးထားစရာဟာ ဘာလဲဆိုတာသိလိုက်ပါပြီ။ အမေသာ မရှိခဲ့ရင် ကျွန်တော်အခုဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ အမေ့ကို ကူညီပေးရင်းနဲ့ အလုပ်တစ်ခုကို ကိုယ့်ဘာသာ ပြီးအောင်လုပ်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းသလဲဆိုတာ သဘောပေါက်လိုက်ပါပြီ။ နောက်ပြီး မိသားစုကို ကူညီလုပ်ကိုင်ပေးခြင်းရဲ့ တန်ဖိုးနဲ့အရေးပါမှုကို ကျွန်တော် ခံစားနားလည်မိလိုက်ပါပြီ။” --- ဒါရိုက်တာက “ မန်နေဂျာရာထူးအတွက် ကိုယ်ရှာနေတာ အဲဒါပဲ။ လူတစ်ယောက်ဟာ အခြားသူတွေရဲ့ အကူအညီကို တန်ဖိုးထားတတ်တဲ့သူ၊ အလုပ်တစ်ခုပြီးအောင်ဘယ်လောက် ဒုက္ခခံရတယ်ဆိုတာ သိတဲ့သူ၊ ပြီးရင် ဘ၀မှာ ပိုက်ဆံကို သူ့ရဲ့တစ်ခုတည်းသောပန်းတိုင်အဖြစ် သတ်မှတ်မထားတတ်သူ ကိုပဲ ကိုယ်အလုပ်ခန့်ချင်တယ်။” --- “ မင်းကို အလုပ်ခန့်လိုက်ပါပြီ”။ === မှတ်ချက်။ ။ ဒီစာကို like လုပ်မယ်။ tag လုပ်မယ်။ share မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ဘ၀ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ======================== One young man went to apply for a managerial position in a big company. He passed the initial interview, and now would meet the director for the final interview. The director discovered from his CV that the youth’s academic achievements were excellent. He asked, “Did you obtain any scholarships in school?” The youth answered “no”. ” Was it your father who paid for your school fees?” “My father passed away when I was one year old, it was my mother who paid for my school fees.” he replied. ” Where did your mother work?” “My mother worked as clothes cleaner.” The director requested the youth to show his hands. The youth showed a pair of hands that were smooth and perfect. ” Have you ever helped your mother wash the clothes before?” “Never, my mother always wanted me to study and read more books. Besides, my mother can wash clothes faster than me. The director said, “I have a request. When you go home today, go and clean your mother’s hands, and then see me tomorrow morning. The youth felt that his chance of landing the job was high. When he went back home, he asked his mother to let him clean her hands. His mother felt strange, happy but with mixed feelings, she showed her hands to her son. The youth cleaned his mother’s hands slowly. His tear fell as he did that. It was the first time he noticed that his mother’s hands were so wrinkled, and there were so many bruises in her hands. Some bruises were so painful that his mother winced when he touched it. This was the first time the youth realized that it was this pair of hands that washed the clothes everyday to enable him to pay the school fees. The bruises in the mother’s hands were the price that the mother had to pay for his education, his school activities and his future. After cleaning his mother hands, the youth quietly washed all the remaining clothes for his mother. That night, mother and son talked for a very long time. Next morning, the youth went to the director’s office. The Director noticed the tears in the youth’s eyes, when he asked: “Can you tell me what have you done and learned yesterday in your house?” The youth answered,” I cleaned my mother’s hand, and also finished cleaning all the remaining clothes’ “I know now what appreciation is. Without my mother, I would not be who I am today. By helping my mother, only now do I realize how difficult and tough it is to get something done on your own. And I have come to appreciate the importance and value of helping one’s family. The director said, “This is what I am looking for in a manager. I want to recruit a person who can appreciate the help of others, a person who knows the sufferings of others to get things done, and a person who would not put money as his only goal in life.” “You are hired.” Now Like,Tag&SHARE this story to as many as possible…this may change somebody’s fate. 

 Credit to English-မြန်မာ စာပဒေသာ။