ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, July 31, 2012

အထိုးခံရမှာစိုးလို့(ဟာသ)

 

အထိုးခံရမှာ စိုးလို့

ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။
လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။
ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။
လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်။
ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။
ကိုစိုးပိုင်က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။
သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။
ကိုစိုးပိုင်ကလည်းမဖြေ။
ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။
ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။
ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။
မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။
ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်။
ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။

No comments:

Post a Comment