ကျွန်ုပ်နှင့် ဈေးကွက်တရားစီရင်ရေး (၁)
===================
တရံရောအခါကဖြစ်ပါတယ်။ ........
ကြက်ဆူပင်ကောင်းကောင်းမစိုက
မြို့လေးက ပင်လယ်ရေမျက်နှာပြင်ထက် ပေ လေးထောင်ကျော်အမြင့်မှာပါ။ ....
မြို့တစ်မြို့ကို ပြောင်းရပြီးဆိုရင် တရားရေးဝန်ထမ်းတွေ အရင်ဦးဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက နေစရာအိမ်ပါ။ ....
ကျွန်တော့အရင် တာဝန်ထမ်းတဲ့ တရားသူကြီးအဆက်ဆက်တုန်းကတော
ကျွန်တော့အလှည့်ရောက်တော့ အဲဒိရုံးအကူက သူ့သားမိန်းမရနေပြီတဲ့.... သားလင်မယားကို ထားမှာဖြစ်လို့ ဒီအိမ်ကို ဆက်မငှားနိုင်တော့ဘူးတဲ့ ....
ဒါနဲ့ပဲ ဒုရဲအုပ်တစ်ယောက် အကူအညီတောင်းပြီး သူ့ဆိုင်ကယ်လေးနဲ့ မြို့ထဲပတ်ပြီး ကျောတစ်ခင်းစာ ရှာရတာပေါ့ ...
ဝေးလံခေါင်းပါးဆိုတာ မြို့ကသာ ပေါက်စလေး .. အိမ်ငှားခက ခေါင်ခိုက်နေတာ...
အခုခေတ်လိုမျိုး သံမတကြီးဆီက ထောက်ပံ့ကြေးမရတဲ့ကာလ... ခတ်သင့်သင့် အိမ်တစ်လုံးကို တစ်လ ငါးသောင်းလောက်တောင်းတယ် ....ပြီးတော့ .... နှစ်ချုပ်နဲ့မှ ငှားမယ်ဆိုပဲ။ ...
နိုင်ငံတော်က ပေးတဲ့လစာနှုံးကလည်း သိတဲ့အတိုင်းပဲလေ ဒီတရားသူကြီးက ဘယ်ငှားနိုင်မှာလဲဗျာ ..
နောက်ဆုံးတော့ တစ်လတစ်သောင်းခွဲနဲ့ လချင်းရှင်း လိုင်းခန်းလေး တစ်ခန်းရလိုက်တယ်။ ....
လိုင်းခန်းလို့သာပြောရတာပါ တကယ်တော့ မဆလ ခေတ်က မှောင်ခိုပစ္စည်းတွေ ဖမ်းမိရင် လောင်ထားတဲ့ သွပ်မိုး၊ သွပ်ကာ၊ ဂိုဒေါင်ဟောင်းကြီး အခုတော့ သမဝါယာမပိုင်ပေါ့။ အဲဒါကို ကို (၁၀)ပေ × (၁၅)ပေ အခန်းလေး ၆ ခန်းဖွဲ့ပြီး မြို့နယ် သမဝါယမ ရန်ပုံငွေရအောင် ဒီဘက်ခေတ်မှာ ပြန်အငှားချထားတာ ...
မြို့နယ် သမဝါယာမ ဦးစီးမှူး ဖြစ်တဲ့ အငြိမ်းစားဗိုလ်ကြီးက .... တရားသူကြီး ခင်ဗျားကံကောင်းတယ်ဗျတဲ့ .... ကျွန်တော်တခါတလေ တပည့်တွေနဲ့ လွတ်လွတ်လပ်လပ် သောက်ရအောင်ဆိုပြီး ခေါင်းရင်းခန်းကို လွှတ်ထားတာ အဲဒိအခန်း ခင်ဗျားနေလိုက် တဲ့ ....
ဒီလိုနဲ့ပဲ အခန်း (၆) ခန်းထဲမှာ အသားနားဆုံးဖြစ်တဲ့ ခေါင်းရင်းခန်းလေးကို မြို့နယ်တရားသူကြီး ဖြစ်တဲ့ ကျွန်တော် ရခဲ့တာပေါ့။ ....
အခန်းနားနီချင်းတွေအကြောင်း
ကျွန်တော်နဲ့ အခန်းချင်းကပ်လျှက်က ရေစည်မြင်းလှည်းမောင်းတဲ့ ဂေါ်ရခါး အဖိုးကြီး၊ အဖွားကြီး လင်မယား။ ပါးရည်တွေရှုံ့တွနေတဲ့ အဘိုးအိုလင်မယားနဲ့ မြင်းအိုကြီးတစ်ကောင်။ သားလုပ်တဲ့သူကို သူပုန်က တပ်သားစုဆောင်းဖို့ခေါ်သွားတ
သူတို့နဲ့ ကပ်လျှက်အခန်းက အဖျက်သမားတစ်ယောက်။ အဖျက်သမားဆိုတာ ကျွန်တော့ဖာသာ နာမည်ပေးထားတာ ။ သူလုပ်တဲ့အလုပ်က ဝက်တို့၊ အမဲတို့ ပေါ်ဖို့ရှိရင် ပိုက်ဆံယူပြီး သွားဖျက်ပေးတယ်။ ဈေးထဲမှာ အခစားနဲ့ လိုက်ပြီး ကြက်လည်လှီးတယ် .... ။ သူက လူအေးဗျ (တရားသူကြီးလူအေးနှင့်မဆိုင
သူနဲကပ်လျှက်က အခန်းအလွတ် ပြောင်းဖူးပေါ်ချိန်ဆိုရင် အဲဒိအခန်းလွတ်မှာ ပြောင်းအိပ်တွေ ခဏလှောင်ထားလေ့ရှိတယ်တဲ့။ ...
ကျန်တဲ့နှစ်ခန်းမှာနေတာက မိသားစုအကြီးကြီး တစ်စု။ အားလုံးပေါင်း လူ ၁၀ ယောက်လောက်ရှိတယ်။ ကလေးငယ်လေးတွေကလည်း အရွယ်စုံ ... သူတို့က ပုံသေအလုပ်အကိုင်ရယ်လို့ သိပ်မရှိလှဘူး။ .... သူများယာတွေမှာ လူငှားလိုက်တဲ့လူလိုက်တယ်။ တောထဲ၊ တောင်ထဲ လျှောက်သွားပြီး ပျားဖွတ်၊ ယုံလိုက်၊ မှိုနှုတ်၊ မျှစ်ချိုးပြီး ဈေးထဲမှာ ပြန်ရောင်းတဲ့လူရောင်းတယ်။ .... ကလေးတွေက အမှိုက်ပုံထဲက သံဗူးခွန်၊ ပုလင်းခွန်တွေ ကို ဆာလာအိတ်တွေနဲ့ ကောက်ကောက်လာတတ်တယ် ပြီးရင်အိမ်ရှေ့မှာ ပြန်ပြန်သန့်ပြီး မြို့ထဲက ပုလင်းကုလားဆီမှာ သွားသွား ရောင်းကြတယ်။ .. တမိသားစုလုံး တက်ညီ လက်ညီတော့ ရှိသား။
.... ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာတစ်ခုက အဲဒိမိသားစုက တစ်ပတ်ကို နှစ်ကြိမ်လောက် အမြဲတန်း ရန်ဖြစ်တယ်။ သူတို့ရန်ဖြစ်ပြီးဆိုရင် အော်ကြ၊ ဟစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ငိုကြ၊ ယိုကြ နဲ့ကာ ... သွပ်မိုး သွပ်ကာ ဂိုတောင်အိုကြီးဆို ဆိုက်ကလုန်းဝင်မွှေသလား အောက်မေ့ရပါတယ်။ ...
နောက်တော့ ... ပြီးတော့တဲ့ပြီးသွားတာပါပဲ။
ဒီလိုနဲ့ နတ်ဆြာတစ်ယောက် နိုင်ငံတော်က ပေးအပ်တဲ့ တရားစီရင်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ကျောတစ်ခင်းစာ နေရာလေးရသွားလေ၏ ပေါ့ဗျာ ...
............
............
............
ဆက်ရန်ရှိသေးသည်။
နောက်အပိုင်းတွေမှာ ဒီထက်ပိုစိတ်ဝင်စားစရာကောင်
No comments:
Post a Comment