ကိုယ်တိုင် စိတ်ချမ်းသာချင်ရင်…..
==================
တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။ သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး
မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။
တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့ကိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ
ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။ သတင်းထောက်ဟာ
မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို
လယ်နီးနားချင်းတွေကို မျှဝေပေးတယ်ဆိုတာကို သိရတော့ အံ့သြစွာနဲ့မေးပါတယ်..။
“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို
လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ
ဝင်ပြိုင်ကြတာမဟုတ်လား…” ဆိုတော့ လယ်သမားကြီးက…
“ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို
သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့...ကျုပ်လယ်နီးနားချင်းတွေက
မျိုးစေ့ညံ့တာတွေစိုက်ထားရင်.. အပြန်အလှန်ဝတ်မှုန်ကူးမှုကြောင့် သူတို့ဆီက
အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီ ကူးလာနိုင်တယ်… ကျုပ်က
အမျိုးကောင်းတွေစိုက်ထားရင်..
လယ်နီးနားချင်းတွေကိုလည်း…အမျိုးကောင်းစိုက်နိုင်အောင် ကျုပ်ကူညီရမယ်ဗျ…”
လို့ ပြန်ဖြေလိုက်ပါတယ်….။
ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။ ဘဝမှာ
ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ…ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင်
ကူညီရမယ်….။ ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့ 
အခြေအနေ နဲ့ တိုင်းတာရမယ်….။
စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့သူဟာ… သူတစ်ပါးကိုလည်း
စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့…
တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။
ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်..
သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။
။
Ref: http://www.inspirationpeak.com
ဦးသုည ... စကားလုံးဖလှယ်သည်
No comments:
Post a Comment