ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, December 21, 2013

ကမ္ဘာ့အသန်မာဆုံး

 
ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ်အစားကတော့ မီလီမီတာ အတိုင်းအတာသာရှိပြီး အလွန်သေး ငယ်ပါတယ်။ ထူးခြားချက်ကတော့
သေပြီးရင် ပြန် ရှင်နိုင်ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ် ဆိုတဲ့ နေရာဒေသတွေမှာတောင် အသက်ရှင် နေထိုင်နိုင်ပါတယ်။

အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ ၁ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။ ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ Pressure တောင် ခံနိုင်ရည် ရှိပါတယ်။ အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။ water bear ဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

water bear ကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန် လည် ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့အသန်မာဆုံး တိရစ္ဆာန်တို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။

Ref:wikipeida
လင်းလက်ြ­ကယ်လေးများ

ယောက္ခမ အချစ်


အဲ့လောက်ချစ်ထှာ ..

လင်မယားနှစ်ယောက် ပြင်းထန်တဲ့ ကားအက်ဆီးဒင့်ဖြစ်ပြီး မိန်းမမျက်နှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတယ်။ ဒါကြောင့် အရေပြားအစားထိုးကုသဖို့ လိုပေမယ့် အဲဒီမိန်းမက ပိန် လွန်းတဲ့အတွက် သူ့ကိုယ်ပေါ်က အရေပြားက အစားထိုးဖို့ သင့်တော်တဲ့ နေရာမရှိဘူးလို့ ဒေါက်တာက သူ့ယောက်ကျားကို ပြောပြတယ်။

ယောက်ကျားက ဒီလိုဆိုရင် သူ့အရေပြားကို ပေးပါ မယ်လို့ ပြောတယ်။ ဒါနဲ့ယောက်ကျားကို စမ်းသပ်စစ်ဆေးတော့ အရေပြားယူဖို့ သင့်တော်တာက သူ့တင်ပါးက အရေပြားပဲရှိတယ်။ ဒါနဲ့ သူတို့ လင်မယားကို မိန်းမမျက်နှာကို ဘယ်နေရာက အရေပြားနဲ့ အစားထိုးတယ်ဆိုတာ ဘယ်သူကိုမှ မပြောပြဖို့ နှစ်ဦးသဘောတူလိုက်ပြီး ဆရာဝန်ကိုလဲ လှိျု့ဝှက်ပေးဖို့ တောင်းဆိုလိုက်တယ်။ အဲဒီလိုနဲ့ အရေပြား အစားထိုးဖြစ်သွားတယ် ဆိုပါတော့။

အရေပြား အစားထိုးပြီးသွားတဲ့ အချိန်မှာ အမျိုးသမီးရဲ့မျက်နှာဟာ မတော်တဆမှု မဖြစ်ခင်တုန်းကထက်တောင် ပိုချောသွားတယ်ဆိုပဲ။ လူနာလာမေးတဲ့ သူတို့မိတ်ဆွေတွေနဲ့ အမျိုးတွေကလဲ တအံ့တဩနဲ့ ချီးကျူးကြတာပေါ့။

တနေ့တော့ အမျိုးသမီးက သူ့ယောက်ကျားကို ပြောတယ်

“ယောက်ကျားရယ် ၊ ကျွန်မအတွက် ရှင်လုပ်ပေးခဲ့တာအတွက် ကျွန်မအရမ်းကျေးဇူးတင်ပါ တယ်၊ ရှင့်ကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင်မသိပါဘူး”

အဲဒီတော့သူ့ယောက်ကျားက “‘ကျေးဇူးဆပ်စရာမလိုပါဘူး မိန်းမရယ်၊ အခု နင့်အမေကြီး နင်ပါး ကိုနမ်းတာမြင်တိုင်း ငါသောက်ရမ်းကျေနပ်နေတာပါ” လို့ ပြန်ပြောလိုက်သတဲ့။

Credit - Original Writer


ရင်စူးမြှား

 
'ရင်စူးမြား' အမှတ်(၁)မှ ရသစာများ
--------------------------------

* ဥယျာဉ်မှူးတစ်ယောက်အကြောင်း *
ကွန်ဆူးမား

..... ဒီ တပည့်လေးက ဆိုးတယ်။ စာမရလို့ လက်ကိုဖြစ်ဖြစ်၊ တင်ပါးကိုဖြစ်ဖြစ် ရိုက်ရင်လည်း ရုပ်တည်နဲ့ပဲ။
ရှက်အောင် ခုံပေါ်ထရပ်ခိုင်းလည်း ဒီအတိုင်းပဲ။ အတန်းရှေ့မှာ ထွက်ရပ်ခိုင်းလည်း ဒီအတိုင်းပဲ။ အိမ်စာတွေကို ဘယ်တော့မှ လုပ်မလာဘူး။ အတန်းလည်းမကြမကြာ နောက်ကျတယ်၊ ကျက်စာတွေလည်း သိပ်မရ။ တွက်စာတွေတော့ တော်သေးတယ်လို့ပြောရမယ်။ နောက်ပြီး သပ်သပ် ရပ်ရပ်လေးလည်း မနေဘူး။ သူငယ်ချင်းတွေနဲ့လည်း သိပ်ရင်းရင်းနှီးနှီးမနေဘူး။ လှစ်ကနဲဆို ကျောင်းအရင်ဆင်းတယ်။ ဖော်ဖော်ရွေရွေလည်း မရှိဘူး။
ကျောင်းသားရေးရာ ကိစ္စတွေမှာလည်း သူပါခဲတယ်။ အားကစားလည်း ဘာမှမလုပ်ဘူး၊ ကျောင်းဆရာတစ်ယောက် အနေနဲ့ကတော့ ဒီကောင်လေးကို Bအဆင့် ကျောင်းသားတစ်ယောက်လို့ပဲ စိတ်ထဲမှာ မြင်နေတယ်။ ယုတ်စွအဆုံး ပြုံးတာတောင် မမြင်ဖူးတဲ့ ကောင်လေးပါပဲ။ အထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်နေပြီဆိုတော့ အရွယ်မရောက်တစ်ရောက်လေး၊ ရှက်လည်း မရှက်တတ်ဘူးလားလို့။
သူ့နဲ့ပတ်သက်ရင် ကျွန်တော် မကြာခဏ စိတ်တိုရတယ်။ တစ်ခါတစ်လေ နေ့တစ်ဝက်လောက်လည်း ကျောင်းမတက်တော့ဘူး၊ နှစ်ကြိမ်သုံးကြိမ်ဖြစ်လာတော့ ကျွန်တော်ခေါ်မေးတယ်။ ခပ်တည်တည်ပဲ ဘာမှမပြောဘူး။ အောက်ကိုပဲ ငုံ့ကြည့်နေတယ်။
ကျွန်တော် အားနဲ့အင်နဲ့ကို ရိုက်ပစ်ချင်လာတယ်။ ကျွန်တော်က တပည့်တွေကို သပ်သပ်ရပ်ရပ် ရည်ရည်မွန်မွန်လေးနဲ့ စာတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်လေ။ ဒါကြောင့် ကျွန်တော် အချိန်ရတဲ့အခါ ကလေးတွေအားရင် စာခေါ်ခေါ်ပြပေးတယ်။ ကြိုးစားတဲ့ ကလေးတွေရှိသလို ဒီကောင်လေးက အချိန်ပိုခေါ်သင်ရင် ဘယ်တော့မှမလာဘူး။
ဒါနဲ့ကျွန်တော် ကျောင်းအုပ်ကြီးဆီကို မတင်ပြသေးဘဲနဲ့ သူ့မိဘတွေကို ခေါ်လိုက်တယ်။ ဒီကောင်လေးအကြောင်း ဆွေးနွေးမလို့။ စာကိုလည်း သူ့ကို ကိုယ်တိုင်ပေးလိုက်တယ်။ နောက်နေ့မှာကျွန်တော်နဲ့ လာတွေ့ဖို့ပါ။
ဒါပေမယ့် မလာဘူး။ သူ့ကိုကျွန်တော်ခေါ်လိုက်တယ်။
“ကောင်းကျော် မင်းကို ဆရာ မနေ့က မိဘခေါ်လာဖို့ စာပေးခိုင်းလိုက်တယ်၊ မင်းအိမ်မှာပေးလိုက်လား”
မျက်နှာကို မကြည့်ပဲနဲ့ပြန်ဖြေတယ်၊ ခပ်ပြတ်ပြတ်အသံနဲ့
“ဟုတ်ကဲ့ဆရာ”
ကျွန်တော်ကြည့်ရင်းနဲ့ စိတ်တိုလာတယ်။
“ဒါဆို ဘာလို့မလာလဲ မင်း မိဘတွေ”
သူ ကျွန်တော့်ကို မော့ကြည့်တယ်၊ ပြီးတော့ တုံးတိဖြေတယ်။
“ကျွန်တော့်မှာ အဖေမရှိတော့ဘူး” တဲ့။
စိတ်ထဲ ထွေကနဲဖြစ်သွားတယ်၊ ကရုဏာစိတ်လိုလိုပါပဲ။
“ဒါဆို အမေရော ဘာလို့မလာလဲ”
ဘာမှ ပြန်မပြောဘူး၊ ခေါင်းငုံ့ထားတယ်၊
“ပြောလေကွာ”
ဘာမှ ပြန်မပြောဘူး၊ ကျွန်တော်စိတ်တိုသွားပြီ ဒီကောင်လေး သူ့အမေကို စာ မပေးဘူးထင်တယ်၊
“မင်း ဟိုဘက်လှည့်စမ်း”
“ဖြောင်း ဖြောင်း”
ကျွန်တော် ကြိမ်လုံးနဲ့ တင်ပါးကို နှစ်ချက် ရိုက်လိုက်တယ်။ ပြီးတော့ ..
“မင်းတို့ကို မင်းတို့မိဘတွေက ကျောင်းထားပေးကြတယ်၊ စာတတ်အောင် ပညာတတ်ဖြစ်အောင် ပြီးရင် သင့်တော်တဲ့ ဘ၀ရပ်တည်မှုအတွက် အဆင်ပြေအောင်၊ ဒါက သူတို့အပိုင်း၊ ငါတို့က မင်းတို့ကို စာတတ်အောင် သင်ပေးရတယ် စာရိတ္တကောင်းအောင် သင်ပေးရတယ် ခေတ်နဲ့အညီ အတွေးအခေါ် မြင့်မားအောင် သင်ပေးရတယ်၊ ဒါကငါတို့အပိုင်း၊ မင်းတို့လုပ်ရမှာကကျောင်းစာ ရအောင်လုပ်ရမယ် စည်းကမ်းလိုက်နာရမယ် သမဂ္ဂစိတ် အဖွဲ့အစည်းစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်ရမယ် ကျန်းမာသန်စွမ်းအောင်လည်း ဂရုစိုက်ရမယ် မင်းဘာအသုံးကျလဲ ပြောစမ်း”
ကောင်လေး ကျွန်တော့်ကို မော့ကြည့်လာတယ်၊ မျက်လုံးတွေနီရဲလို့။ ကျွန်တော် သူ့မျက်လုံးတွေကို သေသေချာချာကြည့်မိတယ်။ မကျေနပ်တာ မဟုတ်ပေမဲ့ အားငယ်နေတယ်လို့ ခံစားလိုက်ရတယ်၊
ကျွန်တော်ကြိမ်လုံးနဲ့ ရိုက်လိုက်တာ သူတော်တော်နာသွားမယ်လို့တော့ သိနေခဲ့ပါတယ်။
တပည့်တွေကို ရိုက်နှက် ဆုံးမပြီးရင် ကျွန်တော်တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော် ပြန်လာပြီးတော့လည်း စိတ်မကောင်းဖြစ်နေတာက မပျောက်ဘူး။ ကျွန်တော် ကောင်းကျော်ရဲ့ မျက်လုံးတွေထဲမှာ တစ်ခုခု ပြောသွားတယ်ဆိုတာ သိနေသလိုပါဘဲ။ ဒီလိုလည်း တစ်ခါမှ မရိုက်ခဲ့ဖူးဘူးလေ။
ဒီနေ့တော့ ကျောင်းပိတ်ရက် ကောင်းကျော်အိမ်ဘက်ကို ထွက်လာခဲ့တယ်၊ တပည့်တစ်ယောက်ဆီက လိပ်စာစုံစမ်းထားတာ။ သူ့အိမ်က ဆင်ခြေဖုန်း ဆင်းရဲသားရပ်ကွက်လေးထဲမှာလေ။ သူ့အိမ်ရောက်တော့ ကောင်းကျော်က မရှိဘူး။ အပြင်သွားတယ် ပြောတယ်၊ သူ့အောက်က ညီမလေးခြောက်တန်း ခုနစ်တန်းအရွယ်လေးက ထမင်းချက်နေတယ်။ သူ့အမေကတော့ ရင်ကြပ်နေလို့တဲ့။
ထွက်ပြီး ဖျာ အဟောင်းလေးခင်းပေးလို့ ဧည့်ခံစကားပြောတယ်။ သူ့အဖေဆုံးတာတော့ တော်တော်ကြာပြီတဲ့ ရှစ်နှစ်လောက်ရှိပြီတဲ့။ သူ့အမေက အကြော်လည်းရောင်းတယ်။ သူဌေးအိမ်တွေမှာလည်း သန့်ရှင်းရေးလုပ် အ၀တ်လေးလျှော်ပြီး လုပ်ကိုင် စားသောက် နေရတာတဲ့။
ကောင်းကျော်လေးက အရွယ်နဲ့ လိုက်ဖက်တဲ့ ရရာအလုပ်လေးကို မနက်နဲ့ည မခွဲပဲ ကျောင်းချိန် မတိုင်ခင်ရော၊ ညနေကျောင်းဆင်းပြီးရင်ရော လိုက်လုပ်ပြီး အမေကို ထောက်ပံ့တယ်တဲ့ နောက် ညပိုင်းတွေမှာလည်း မုန့်ဖက်ထုပ်လေး လည်ရောင်းသေး တယ်လို့ပြောတယ်။ လိမ်လည်း လိမ်မာတယ်တဲ့။
ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတဲ့အပြင် ကရုဏာလည်း ဖြစ်ရတယ်၊ အရောင်လွင့်နေတဲ့ ကျောင်းဝတ်စုံလေးကလည်း နှစ်စုံထဲ ရှိတယ်လို့ သိခဲ့ရတယ်။
နောက်ပြီး ကောင်းကျော်ရဲ့ ပညာရေးအတွက် ဆွေးနွေးဖို့ ကျွန်တော် မိဘခေါ်တော့လည်း မိခင်ကြီးက ရင်ကျပ်ရောဂါ ထနေလို့ မလိုက်လာနိုင်တဲ့အကြောင်း ကောင်းကျော်ကို ကျောင်းအုပ်ကြီးရုံးခန်း တင်မှာနဲ့ ဆရာစိတ်ဆိုးပြီး ရိုက်နှက်မှာကို သူ စိတ်ပူနေသေးတယ်ဆိုတဲ့ အကြောင်း၊ ပြန်လာမှမေးကြည့်တော့ ဆရာက ဘာမှမလုပ်တဲ့ အကြောင်းနဲ့ ဆူလည်း မဆူတဲ့အကြောင်း ကောင်းကျော် ပြန်ပြောပြခဲ့တယ်တဲ့။ အခု ဆရာကိုယ်တိုင် လိုက်လာခဲ့တဲ့ အတွက် သူ ဆရာ့ကို ကျေးဇူးတင်ပါကြောင်း ပြောပြနေတယ်။
ကျွန်တော်ရှက်လိုက်တာ .....

Wednesday, December 18, 2013

နောက်တစ်ခါ လာပြန်ချည်သေး(သင့်နော်)

 
ပြီးခဲ့တဲ့ အတိတ်ကာလာတစ်လျှောက်လုံးမှာ နှုတ်ကျိုးနေလို့ ဗိုလ်ချုပ်ခင်ညွန့်လို့ပဲ သုံးနှုန်းပါရစေ။

  ဟုတ်ကဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် သတင်းစာတွေထဲမှာ မျက်နှာဖုံးကနေ "ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ဟု ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဆို" ခေါင်းစဉ်တပ်ထားတဲ့ သတင်းတစ်ပုဒ်ကို ဓါတ်ပုံနှင့်တကွ တွေ့လိုက်ရတော့ "နောက်တစ်ခါ လာပြန်ချည်သေး ... ဟေး ... ဟေ .... ၀ါး" ဆိုတဲ့ နပန်းဆံ သီချင်းထဲက အသံတွေ ပြန်ကြားယောင်ပြီး ကြက်သီးတွေရော ဘဲသီးတွေရော ထလိုက်တာဗျာ။
  "ထောက်လှမ်းရေး" တဲ့ဗျာ .... ပြောရက်လိုက်တာ။ "ပြန်ဖွဲ့သင့်တယ်" တဲ့ .. ပြောရဲလိုက်တာဗျာ။ ဟုတ်တာပေါ့လေ။ သူကတော့ စင်ပေါ်မှာ နေခဲ့သူကိုး။ 'တူ' ဖြစ်ခဲ့တဲ့သူကိုး။ ဖွဲ့သင့်တယ်ပြောမှာပေါ့။ ပြန်ဖွဲ့စေချင်မှာပေါ့။ တကယ်လို့ ပြန်ဖွဲ့ခဲ့ရင် သူပဲ ထိပ်ဆုံးပြန်ရောက် နိုင်ချေ အရှိဆုံး ပုဂ္ဂိုလ်မဟုတ်လား။ တစ်ကျော့ပြန်ထောက်လှမ်းရေး တစ်စခန်းပြန်ထလာရင် သူပဲ ကန့်လန့်ကာ နောက်ကွယ်မှာ အခန့်သား မြိန့်မြိန့်ကြီးပြန်ထိုင်နိုင်ချေ အရှိဆုံးမဟုတ်လား။ နောက်ဆုံးထွက်သက်အထိ ရွှေထီးဆောင်းရမယ့် ကိစ္စဆိုတော့ သူက အခုလတ်တလောမှာ အဲသည်လို စကားဦးသန်းလိုက်တာပေါ့ဗျာ။ "နိုင်ငံတော် လုံခြုံရေးကို ထိပါးလာသော လုပ်ရပ်များကို ကာကွယ်ရန်" တဲ့ဗျာ။ အကြောင်းပြချက်က မပြီးသေးဘူး ကျန်သေးတယ်။ "နိုင်ငံတော်နှင့် ပြည်သူများ လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခု လိုအပ်နေကြောင်း" တဲ့ဗျာ။
ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်။ ကျေးဇူးကြီးမား ပါတယ် ဗိုလ်ချုပ်ရယ်။ ထောက်လှမ်းရေးဆိုတာ ဘာလဲ ဆိုတာ လူတိုင်းသိကြပါတယ်။ "နိုင်ငံတော် လုံခြုံရေးကို ထိပါးသော လုပ်ရပ်များကို ကာကွယ်ရန်" နဲ့ "ပြည်သူများလုံခြုံရေးကို စောင့်ရှောက်ရန်" ဆိုတာက အပေါ်ယံအုပ်ထားတဲ့ Sugar Coated ပါဗျာ ... အထဲမှာ ဆေးခါးကြီးရှိတယ်ဆိုတာ ကြုံဖူးသူရော မကြုံဖူးသူပါ သိကြပါရဲ့။ ဘ၀ပျက်အောင် ၊ အသက်ဆုံးပါးအောင် ၊ ဒုက္ခိတ ဖြစ်အောင် ခံခဲ့ရသူတွေ ခုထိလက်ညှိုးထိုး မလွဲ ရှိနေဆဲပါ ခင်ဗျာ။ အဲသည့် ဒဏ်ရာ ဒဏ်ချက်ကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် အလူးအလဲ ခံနေရသူတွေ လက်တစ်ဖက်ကမ်းမှာ အမြောက်အများ ရှိနေဆဲပါခင်ဗျာ။
  ထောက်လှမ်းရေးတဲ့ဗျာ ... အားလုံးက ကြောက်ဒူးတုန်နေရတဲ့အဖွဲ့အစည်းပါ။ သာမန်အရပ်သား ကလေးကအစ သိတယ်။ ထောက်လှမ်းရေးဆိုရင် အသွေးအသားထဲကပါ ကြောက်ခဲ့ကြရတာ။ ရေကြည်အိုင် ကို ကြောက်တယ် ၊ ကျိုက္ကဆံကွင်း ကို ကြောက်တယ်။ မန္တလေး၊ ရန်ကုန်မြို့ကြီး နှစ်မြို့အပါအ၀င် ရှိရှိသမျှ ဗမာ တပြည်လုံး ထောက်လှမ်းရေး ကွန်ယက်အောက် ပြားပြား မှောက်ရောက်ပြီး နားရွက်တောင် မခတ်ရဲဘူး။ စကားကျယ်ကျယ် မပြောရဲဘူး။ အနီးအနားမှာ လူစိမ်း တစ်ယောက်ယောက် ရောက်လာရင် ကိုယ်ရှိန်သတ်နေရတယ်။ နံရံတိုင်းမှာ နားတွေ ရှိတယ်။ ဘယ်သူ့ ဘယ်သူမှ မယုံခဲ့ကြရတဲ့ခေတ်ဟာ ထောက်လှမ်းရေး အင်အားကောင်းတဲ့ ခေတ်ပဲလေ။ အိမ်နီးချင်းလည်း မယုံရ။ သမ၀ါယမ စာရေးလည်း မသင်္ကာ။ ညည အရပ်ထဲ မုန့်ဖက်ထုပ် လည်ရောင်းတဲ့သူလည်း ထောက်လှမ်းရေးထင်ပြီး ကြောက်တာပေါ့။ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပဲ မတရားအမှုဆင်ဖမ်းတာတွေ ရေတွက်မကုန်အောင်ရှိတယ်။ သမာသမတ်မရှိဘူး။ မတရား ညှဉ်းပန်းတယ်။ ရက်ရက်စက်စက် အနိုင်ကျင့်တယ်။ အပြစ်မရှိ အပြစ်ရှာပြီး အမှုမကြီးကြီးအောင် ဇွတ်ဖန်တီးတယ်။ ဇာတ်လမ်းတွေ ဆင်တယ်။ ဇာတ်ကောင်တွေ အတင်းရိုက်သွင်းတယ်။ မတရား ပြစ်ဒဏ်တွေ စီရင်စေတယ်။ သူတို့ကြီးစိုးတဲ့ ကာလမှာ တရားရုံးတွေကိုလွှမ်းမိုးတယ်။ အာမခံ ပေးနိုင်တဲ့ အမှု Billable ဖြစ်သည့်တိုင် ထောက်လှမ်းရေးက စွဲတင်ထားတာကြောင့် တရားသူကြီးက အာမခံမပေးရဲဘူး။ ဒါဟာ ဥပဒေပြဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပဲ။
ဘယ်တုန်းကမှ မကြားဖူးတယ် ထောင်ဒဏ် အနှစ်ခြောက်ဆယ်။ အနှစ်တစ်ရာ။ အနှစ်တစ်ရာကျော်အထိ ချခံခဲ့ကြရတာတွေ ဟာ ထောက်လှမ်းရေးတွေရဲ့ ရက်စက်မှုတွေမဟုတ်လား။ ထောက်လှမ်းရေးဒဏ်ခံရဖူးသူ မည်သူ့ကိုမဆိုမေးပါ။ အညစ်မခံရပါဘူး။ အရစ်မခံရပါဘူး။ အနှိပ်စက် မခံရပါဘူး။ သေလုမျောပါး အထုအထောင်းမခံရပါဘူး။ လူကို လူလို ဆက်ဆံခံရပါတယ် လို့ ဖြေမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ လူမဆန်တဲ့ အပြုအမူတွေ ၊ မိုက်ရိုင်းမှုတွေ၊ ရက်စက်မှုတွေနဲ့ နာဇီအော့စ၀စ် အကျဉ်းစခန်းထက်သာအောင် ချေမှုန်းတာ ခံရသူတွေချည်းပါပဲ။ အစာရေစာ အငတ်ထားတာလောက်တော့ ပျင်းစရာကောင်းတယ်။ လေးငါးည မအိပ်ရတာလောက်တော့ ပျင်းသေးတယ်။ ဘယ်လောက်ဒုက္ခပေးသလဲဆိုရင် ထောင်ထဲရောက်သွားတာတောင် ဇာတ်လမ်းကမဆုံးသေးဘူး။ ထောင်ကျသူ မှန်သမျှ ခံစားရတဲ့ လျှော့ရက်(ကွာ) ပုံမှန်ရနေကျကိစ္စအထိပါ စွက်ဖက်တတ်လို့ (ကွာ) ၃ လတစ်ကြိမ်မရပဲ ပြစ်ဒဏ် ခံရက် အတိအကျ နဲ့ နေခဲ့ကြရသူတွေ အများကြီးမှ အများကြီးပါ။ အကျဉ်းဦးစီးဌာနကလည်း စစ်ထောက်လှမ်းရေးကို ဘာမှ ပြန်ပြောရဲကြတာမှ မဟုတ်တာ။ သူတို့လုပ်သမျှ ခံကြရသူချည်းပါပဲ။ သူတို့လုပ်သမျှဟာလည်း တရားလက်လွတ်တွေချည်းပါပဲ။
ဘယ်လိုပဲ ဆေးကြော ဆေးကြော မပျေက်ပျက် မပြယ်လွင့်နိုင်တဲ့ ပြစ်မှု အညစ်အကြေးတွေ ဗိုလ်ချုပ်ခင်ညွန့် ဆီမှာ ရှိတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေဟာ လူမျိုးဆက် တစ်ဆက် (One Generation) နဲ့ မလုံလောက်ဘူး၊ ဂယက်တွေ အကျိုးဆက်တွေဟာ နောင်နှစ်ကာလများစွာအထိ သက်ရောက်နေမှာ။ သူပြုသမျှဟာ ကောင်းကျိုးဘာမှ မရခဲ့ဘူး။ နေရာတိုင်းမှာ ဥက္ကဌ ၀င်လုပ်ပြီး တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးခဲ့တယ်လို့ပြောရင် အားလုံးက သဘောတူမှာပါ။
  အတွင်းရေးမှူး(၁)ဖြစ်တယ်။ ၀န်ကြီးချုပ်ဖြစ်တယ်။ သူ့မှာ တာဝန်အရှိဆုံး။ ကောင်းကျိုးသာ ခံစားရစတမ်းဆိုရင် ခုလောက်ရှိ တိုင်းပြည်ဟာ လျှမ်းလျှမ်းတောက်နေရောပေါ့။ အကြောင်းကြောင့် အကျိုးဖြစ်တာပါ။ သူလုပ်တာကိုင်တာ ညံ့ဖျင်းလို့၊ စေတနာမပါလို့ အခု အဲသည် အကျိုးဆက်တွေ ဆက်ခံနေရတာပဲပေါ့။ သူရှုပ်ထားတဲ့ အရှုပ်ထုပ်ကြီးကို အခု အသေအလဲ ရှင်းနေရတာပဲလေ။ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးယူတယ်ဆိုပြီး အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ ဖောခြင်း သောခြင်း ပေးထားတာတွေဟာ ခုနေခါမှာ ခေါင်းခဲရတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ပညာရေး အနှုတ်လက္ခဏာပြရတဲ့ အခြေအနေကို ဆိုက်ရောက်သွားရတာလည်း ပညာရေးကော်မတီ ဥက္ကဌ မှာ တာဝန် အရှိဆုံး မဟုတ်လား။
  မှားခဲ့ကြောင်း ၀န်ခံဖို့ တောင်းပန်ဖို့ ခုထိ မစဉ်းစားသေးဘူး။ နိုင်ငံရေး မလုပ်တော့ပါဘူးလို့တော့ ပြောပြီးရင်းပြောနေတယ်။ နိုင်ငံရေးလုပ်ပါလို့ ခင်ဗျားကို ဘယ်သူက အဘိယာစက ပြုနေလို့လဲ။ သူ့ကြောင့် တိုင်းပြည်ပျက်ခဲ့တာ လူတိုင်းသိပြီးသားပဲ။ နိုင်ငံရေးဆိုတာ ထ လုပ်ချင်တိုင်း ထ လုပ်လို့ ရတယ်များ ထင်နေသလားမသိဘူး။ လွယ်တယ်ထင်ရင် စမ်းကြည့်လေ။ ပါတီထောင်ကြည့်ပါလား။ လူထု တရားပွဲ တစ်ပွဲလောက်လုပ်ပြီး ဟောကြည့်ပါလား။ လူထု သဘောထား သိသွားအောင် နိုင်ငံရေးထဲ ၀င်လုပ်ကြည့်စေချင်တယ်။ အဲသည်တော့မှ အမယ်လေး အဘ လေး တ နေရမယ်။ မယုံရင် စမ်းကြည့်ပါ။ လုပ်ကြည့်ပါ။ လုပ်ကြည့်လိုက်စမ်းပါ။ နိုင်ငံရေးနယ်ပယ်ထဲဝင်ပြီး လက်စွမ်းပြကြည့်စမ်းပါ။ ကြိုးဝိုင်းထဲ ၀င်လှည့်စမ်းပါ။ ဘယ်လိုခံစားသွားရမလဲ ဆိုတာ သိသွားစေချင်တယ်။ ၀င်ဖြစ်အောင် ၀င်ပြီး နွှဲစေချင်တယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုး စိတ်ဓါတ်မွေးစေချင်တယ်။
  တိုင်းသူပြည်သား လူအများတို့မှာ ၁၉၈၈ ခုနှစ်ကစပြီး ၂၀၁၀ အထိ အုပ်ချုပ်ခဲ့တဲ့ (န.၀.တ) နဲ့ (န.အ.ဖ) ခေတ်ကို သိပ်ကြိုက်တာပဲ။ သိပ်သဘောကျတာပဲ ဆက်အုပ်ချုပ်ပါလို့ တောင်းဆိုကြမယ့်လူ ဘယ်လောက်  ရှိမယ်ထင်လဲ။ န.၀.တ အတွင်းရေးမှူး(၁)ရဲ့ ဆောင်ရွက်မှုတွေဟာ သိပ်စိတ်ချမ်းမြေ့စရာ ကောင်းတာပဲ။ ၀န်ကြီးချုပ်ဘ၀ရောက်တော့လည်း တိုင်းပြည်တိုးတက်ထွန်းကားအောင်လုပ်သွားလို့ သိပ်သိပ်ကျေးဇူးတင်တာပဲ လို့ ၀မ်းသာ အားရ ပြောမယ့်သူ ဘယ်နှယောက်ရှိမယ်ထင်သလဲ။ အချီးမွမ်း ခံရမယ်လို့ ထင်သလား။
  သူ့လက်ထက်မှာ နေရထိုင်ရတာ အေးချမ်းသာယာပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့လိုက်တာ သူတော်ကောင်းကြီး ဘုန်းကြီးပြီး အသက်ရှည်ပါစေတော် လို့ ဆုတောင်းခံရမယ့် ပုဂ္ဂိုလ်လား။ ဗိုလ်ချုပ်ကြီးဟာ ဘယ်လိုလူလဲ၊ ဘယ်လိုပုဂ္ဂိုလ်လဲ မပြောလည်း သိပါတယ်။ အင်္ဂ၀ိဇ္ဇာ မတတ်လည်း သိတာပါပဲ။ နိုင်ငံရေးမလုပ်တော့ဘူးဆိုရင်လည်း ထောက်လှမ်းရေး ပြန်ဖွဲ့သင့်တယ်လို့ ၀င်ပြောမနေနဲ့လေ။ ကိုယ့်ဖာသာ ကိုယ် ကော်ဖီရောင်းပြီး အေးအေးနေပေါ့။ နိုင်ငံရေး မလုပ်ပါဘူးလို့လည်း ဆိုသေး ၊ ထောက်လှမ်းရေး ပြန်ဖွဲ့သင့်ပါတယ်လို့လည်း အကြံပေးနေသေးတယ်။ ဘယ်သူက အကြံဥာဏ်တောင်းနေလို့ ပေးရတာတုံးဗျား။ တကယ်တော့ နိုင်ငံရေးမလုပ်ပါဘူးလို့ ပြောချင်လို့ ပြောနေတာ။ ဗိုလ်ချုပ်က ဘယ်တုန်းက နိုင်ငံရေးလုပ်ဖူးခဲ့လို့လဲ။ အာဏာရှင် စစ်ဗိုလ်ပဲ လုပ်ခဲ့တာ မဟုတ်လား။ ထောက်လှမ်းရေးမှူးချုပ်ပဲ လုပ်ခဲ့တာ မဟုတ်လား။ နိုင်ငံရေးဆိုတာ ဘာလဲလို့ သေသေချာချာ လေ့လာဖူးရဲ့လား။ အမိန့်နာခံတတ်တာ အမိန့်ပေးတတ်တာလောက်နဲ့ နိုင်ငံကို အုပ်ချုပ်လို့ ဘယ်ရမှာတုံး။
၁၉၆၂ ခုနှစ် (စင်စစ်တော့ ၁၉၅၈ ခုနှစ်) က စ တဲ့ ဇာတ်လမ်းဟာ အခုအထိ မဆုံးသေးပါဘူး။ ဗိုလ်ချုပ်နေ၀င်း အိမ်စောင့်အစိုးရဖြစ်လာပြီ ဆိုကတည်းကစခဲ့တဲ့ ဇာတ်လမ်းဟာ ခုထိ ခံနေရတုန်းပါပဲ။ ဒီကနေ့ တိုင်းပြည်မှာ အချမ်းသာဆုံး မီလျံနာ၊ ဘီလျံနာ တွေဟာ ဘယ်သူတွေလဲ။ သူတို့ ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လို ကြိုးပမ်းအားထုတ်လို့ မီလျံနာ ၊ ဘီလျံနာတွေ ဖြစ်လာခဲ့ကြတာလဲ။ ခေတ်စားတဲ့ စကားလုံးဖြစ်တဲ့ ခရိုနီ ဆိုတာကရော သူတို့ဘာသာ သူတို့ ပေါက်ဖွားလာကြတာလား။ ဘယ်သူတွေက မွေးဖွားပေးခဲ့တာလဲ။ ဘယ်သူတွေက မြေတောင်မြှောက်ပေးခဲ့တာလဲ။
  လုပ်ငန်းရှင် အကြီးစားတွေ ၊ ကုဋေကြွယ်သူဌေးကြီးတွေ ဘယ်ကဘယ်လို အတောင်ပေါက်ပြီး ဒီကိုရောက်လာကြတာလဲ။ ကျောထောက်နောက်ခံ မရှိဘဲ အလိုလိုဖြစ်လာကြတာလား။ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်ထဲမှာ အပါအ၀င်ဖြစ်နေရပေမယ့် ငါတို့တိုင်းပြည်မှာ ကမ္ဘာ့အဆင့်မီ သူဌေးကြီးတွေလည်း အများကြီးရှိသဟ လို့ ဂုဏ်ယူဝင့်ကြွားရမလိုဖြစ်နေပြီ။
ပြဿနာတွေ တစ်ထွေးကြီးနဲ့ ရှေ့ခရီးဆက်နေရတယ်။ ပြည်သူလူထုမှာ ဒုက္ခပင်လယ်တွေ ဝေပြီးရင်း ဝေနေကြတယ်။ ငတ်လို့ သေတဲ့ မသာမရှိဘူးဆိုတဲ့စကားကို လက်မခံကြတော့ဘူး။ တစ်နိုင်ငံလုံး တရုတ်လက်ထဲ ရောက်သလောက်ဖြစ်နေပြီ။ အခြေခံလူတန်းစားအားလုံးလိုလိုဟာ တရုတ်အားထား ၊ တရားအားထုတ်နေရတာပဲလေ။ မိုးလင်းပြီဆိုကတည်းက တရုတ်သွားပွတ်တံ၊ တရုတ်သွားတိုက်ဆေး။ တရုတ်ဆပ်ပြာ၊ တရုတ်ဆပ်ပြာမှုန့်၊ တရုတ်ကျောပိုးအိတ်၊ တရုတ်ဘောလ်ပင်၊ တရုတ်ခြေအိတ်၊ တရုတ်ဖိနပ်၊ တရုတ်ဦးထုပ်၊ တရုတ် T-Shirt ၊ အိပ်ယာဝင်တဲ့အထိ တရုတ်နဲ့ပဲ နပန်းလုံးနေရတယ်။ တရုတ်စက်ဘီး၊ တရုတ်ဆိုင်ကယ်၊ တရုတ် ထော်လာဂျီ၊။ အစားအသောက်လည်း တရုတ်။ အ၀တ်အထည်လည်း တရုတ်၊ သွားလေရာ ရောက်လေရာ တရုတ်နဲ့ ဘာတစ်ခုမှ မလွတ်ဘူးလို ဖြစ်နေတယ်။ ဘယ်အစိုးရလက်ထက်မှာမှ အခုကာလလောက် တရုတ်တွေ ဖောဖောသီသီ လွှမ်းမိုးခြင်းကို မခံခဲ့ရဘူး။
  တရုတ် မြစ်ဆုံ စီမံကိန်း၊ တရုတ်တိုင်းပြည်နှစ်ခြမ်းဖြတ် ဓါတ်ငွေ့ပိုက်လိုင်း၊ တရုတ် လက်ပန်းတောင်းတောင်။ ဘယ်လောက်များ တရုတ်က ၀ါးချင် မျိုချင်နေသလဲ ဆိုရင် ရေကျသွားလို့ မြစ်လယ်ခေါင်မှာ ထွန်းလာတဲ့သောင်ကိုပါ မရအရ ၀ယ်ကြတယ်ဗျာ။ ကြားဖူးကြရဲ့လား။ ဧရာဝတီထဲမှာ ရာသီအလိုက်ပေါ်ထွန်းလာတဲ့ ကျွန်းမြေကို တောင်းသလောက်ပေးဝယ်သတဲ့ဗျို့။
  တရုတ်တွေ နယ်စပ်ဖြတ်ကျော်ဝင်လာပြီး နီးရာမြို့မှာ ရှမ်းအဖြစ်၊ ၀ အဖြစ် ၊ ကိုးကန့်အဖြစ် မှတ်ပုံတင်လုပ်ကြတယ်။ တိုင်းရင်းသားအဆင့် တိုက်ရိုက်ရသွားတယ်။ လွယ်လိုက်တာ။ နယ်စပ်မှာ ဘိန်းနဲ့ ရသမျှပိုက်ဆံတွေနဲ့ မြို့ပေါ်တက်လာပြီး အိမ်၊ ခြံ၊ မြေ ၊ တိုက်တွေ ၀ယ် .. လုပ်ငန်းကြီးတွေ ထူထောင်။ ရွာနေပြည်ထိုင်တွေကို ငွေထုပ်ကြီးနဲ့ ပေါက်ပြီးဖယ်ရှား။ အာဏာပိုင်တွေကို ငွေထုပ်ကြီးတွေပေးပြီး ခစား။ ခုတော့ မန္တလေး တစ်မြို့လုံး တရုတ်တွေကို မနည်းကြီးရှောင်နေရပြီ။ ခွေးလေ ခွေးလွင့်ပေါသလိုကို ပေါနေတာ။ အခု တရုတ်တွေက ဖဆပလ ခေတ်က တရုတ်တွေလို၊ မဆလ ခေတ်က တရုတ်တွေလို မဟုတ်ဘူးဗျို့။ ဟိုတုန်းက တရုတ်တွေက ဗမာပြည်ပေါက် တရုတ်တွေ၊ ဗမာတွေနဲ့ ရောထွေးနေပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ဗမာတွေအပေါ် တလေးတစားရှိတဲ့တရုတ်တွေဗျာ။ အခုတရုတ်တွေက ဗမာတွေဆိုတာ ငါတို့ အရေးစိုက်စရာ အနေအထားမဟုတ်ဘူး။ ဂရုစိုက်စရာ အနေအထားမဟုတ်ဘူး။ ဂရုစိုက်စရာမလိုဘူး။ ငါတို့နဲ့ တခြားစီလို့ သဘောထားပြီး အိမ်ရှင်ကို စော်ကားမော်ကား လုပ်ချင်တဲ့ ဧည့်သည်လို ရိုင်းရိုင်းပျပျ ပုံစံပေါက်နေတဲ့ တရုတ်တွေ။ ဘယ့်နှယ့်လုပ်ကြမလဲ။ န၀တ၊ နအဖ ခေတ်မှာ နောက်တိုးရောက်လာကြ ပေါက်ပွားလာကြတဲ့ တရုတ်တွေ။ အဲသည်လို ဗမာတွေအပေါ် နည်းနည်းကလေးမှ စေတနာမထားဘဲ ဗမာပြည်က အဆီအနှစ်တွေ တစ်စက်မကျန်ညှစ်ယူဖို့ပဲ အာရုံစိုက်နေတဲ့ တရုတ်တွေနဲ့ အခု နှဖူးတွေ့ ဒူးတွေ့ ကြုံနေရတာကတော့ မန္တလေး ဒေသကြီးပါပဲ။ မန္တလေးဟာ အဲသည်ဒဏ်ကို မြိန်မြိန်ကြီး ခံနေရတယ်။ မန္တလေးဟာ တရုတ်လက်ထဲကို တအိအိနဲ့ ကျနေပြီ။ နေ့စဉ် တရုတ်ပြည်ထဲကို သွားနေတဲ့ ကုန်ပစ္စည်းပေါင်း အမျိုးအမည်များစွာ အရေအတွက်များစွာထဲမှာ သဘာဝအရင်းအမြစ်တွေတင် မကဘူး။ လူသားအရင်းအမြစ်တွေပါ တစ်ပုံတစ်ခေါင်းကြီး ပါနေပြီ။ လူကုန်ကူးတယ်လေ။ တရုတ်မယားလုပ်ဖို့ ဗမာမတွေကို ဟိုဘက်ပို့ပေးကြတယ်။ ဗမာတွေက ပို့နေတာပါပဲ။ ဘယ်လောက်များ ယိုယွင်းကုန်ကြသလဲလို့။
  ဒါတွေဟာ ဘယ်အစိုးရလက်ထက်တုန်းကမှ မဖြစ်ခဲ့ဘဲ န.၀.တ ၊ န.အ.ဖ လက်ထက်မှာမှ အုပ်ချုပ်ရေးစီမံခန့်ခွဲရေးစတာတွေမှာ ထင်ရာလုပ်ပြီး ရာဇပလ္လင်ဖင်မြဲစေဖို့သာ ဦးတည်တာကြောင့် ပေါ်လာခဲ့ရတဲ့ ကိစ္စတွေနဲ့ အဲဒါတွေရဲ့ နောက်ဆက်တွဲ ရလဒ်ဆိုးတွေပဲပေါ့။ သွေးရူးသွေးတန်းနဲ့လုပ်ခဲ့တဲ့ စနစ်တကျမရှိတဲ့ တစ်ပွဲတိုး ထွက်ပေါက်ရှာတဲ့ ဈေးကွက်စီးပွားရေးတို့၊ နယ်စပ်ကုန်သွယ်ရေးတို့၊ တံခါးဖွင့်စီးပွားရေးတို့ဆိုပြီး ကမန်းကတန်း ထလုပ်လိုက်တဲ့ ပေါ်ပင်လုပ်ရပ်ကြီးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေမဟုတ်လား။
  အဲဒါတွေဟာလည်း အတွင်းရေးမှူး(၁) ဆိုတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်။ ၀န်ကြီးချုပ်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ပယောဂ တွေပေါ့ဗျာ။ သူထွင်ခဲ့တဲ့၊ သူစီစဉ်ခဲ့တဲ့၊ သူဖော်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ ဆင့်ပွားဒဏ်ရာဒဏ်ချက်တွေ အခုအထိ အလူးအလဲခံနေရတုန်းမှာကို သူက "ထောက်လှမ်းရေး ပြန်ဖွဲ့ဖို့လိုတယ်" တဲ့ဗျာ။ နိုင်ငံရေး မလုပ်တော့ဘူးတဲ့ဗျာ ... ....
အံ့ရော .... အံ့ရော .....။

သင့်နော်

Tuesday, December 17, 2013

ဝီရိယ

 
တစ်ခါတုန်းက တောင်ပို့ ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့  တွင်းကို ကိုယ်တိုင်တူးပြီး
အခြားကြွက်တွေလို နေသတဲ့။
တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။
တွင်းတူးပြီးဖို့ မလို တွင်းဟောင်းတွေ ခိုနေမယ်လို့ တွေးထားတာပါ။
ကြွက်ဖျင်းက သူ့ ကိုယ့်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေ
စရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေးစားပြီး နှပ်နေရတယ်လို့ သူက တွေးပါတယ်။ မိတ်ဆွေ ကြွက်
ကလေးကိုလည်း သူတို့ နေတတ်ဖို့ စည်းရုံးပါသေးတယ်။
လုံ့ လနဲ့ အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်းဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့ အလုပ်ကိုပဲ သူ
အာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာ
လေး ဖြစ်လာမယ်လို့ လည်း ခံယူထားပါတယ်။
ဒါ့အပြင် ငါခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့  အလေ့အကျင့်တောင်
ရနေပါတယ်။ အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့  ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။
ဒီလိုနဲ့  တစ်နေ့ မှာ ကြွက်တို့ နေထိုင်ရာ တောင်ပို့ ရ်လေး ပြိုကျပါတော့တယ်။ ဒီချိန်မှာ ကြွက်အားလုံးဟာ ဘ၀ကို
တစ်ကပြန်စကြရတာပေါ့။
ကြွက်တိုင်းလိုလိုဟာ သူတို့ နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်
ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ ပြီး
နောင်တတွေ ရနေတာပေါ့။
ဒီလိုနဲ့ အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့ လိုကြွက်ဖျင်း တစ်ကောင်ကို
ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့ မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့ 
တွေ မသနားလို့ ပြောလွှတ်ကုန်ပါသတဲ့။
နောက်ဆုံး လုံလနဲ့ အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ ကြွင်းမှာ ထားသတဲ့။ သူ့ 
အတွက်တော့ သူ့ တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာပါပဲ။
ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့  အစာပိုတွေ သယ်လာပြီး ပေးကြတာ
ပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံး
ရှုံးလိုက်ရတာ ပါလားလို့ တွေး မိသွားပါတယ်။
ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်
ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။
ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်
လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်
ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါပြီ။
စာဖတ်သူများလည်း အတွေးထဲမှာ တွင်းတူးသောကြွက်နဲ့ တွင်းမတူးသောကြွက်ရဲ့ ဇာတ်သိမ်းခန်းမှာ သင်ခန်းစာ
လေး တစ်ခု ရသွားမယ်လို့ လည်း မျှော်လင့်ပါတယ်။


ခေါင်းဆောင်

 
တခါတုန်းက တရုတ်ပြည်မှာ အသည်းကွဲ တောင်ကြားလို့ခေါ်တဲ့ နေရာ တစ်ခု ရှိပါသတဲ့။ အဲဒီ တောင်ကြားဟာ အထက်ကနေ အောက်ကို တညီတညာတည်း ဓားနဲ့ ဖြတ်ပိုင်းထားသလို ၁၀ မီတာလောက် ကွဲထွက်နေပြီး တောင်ခြေ အောက်မှာတော့ မြစ်တစ်ခုက စီးနေပါတယ်။ အဲဒီ ဒေသမှာ တောင်ဆိတ်တွေ ကျက်စားလို့နေပါတယ်။

တောင်ဆိတ်တွေဟာ တခါခုန်ရင် ၆ မီတာ လောက် အကွာအဝေးကို ခုန်နိုင်ပါတယ်။ သူတို့ဟာ ခြေတစ်ချောင်းစာ ချဖို့ နေရာရရင် ထပ်ပြီး ခုန်နိုင်ပါသတဲ့။ တနေ့မှာ တောလိုက်မုဆိုးတစ်ဖွဲ့ဟာ တောင်ဆိတ်တွေကို ဖမ်းဆီး ပစ်ခတ်ဖို့ ကြိုးစားတဲ့အခါ တောင်ဆိတ်တွေဟာ တောင်ထိပ်ပေါ်ကို ပြေးသွားပါတယ်တဲ့။ တောင်ဆိတ် တစ်ကောင်ဟာ ကြောက်ကြောက်နဲ့ အခြား ကမ်းပါးတစ်ဘက်ကို ခုန်လိုက်ပေမယ့် ၆ မီတာသာ ခုန်နိုင်တာမို့ တောင်အောက်ကို ကျသွားပြီး ရေစီးနဲ့အတူ မျောပါသွားပါတယ်။
သေဘေးကို ကြောက်ရွံ့လို့ တောင်ဆိတ်များ ဆောက်တည်ရာမရ ဖြစ်နေစဉ်မှာ တောင်ဆိတ် ခေါင်းဆောင်ကြီးဟာ အသံပြုပြီး တောင်ဆိတ်တွေကို ၂ ဖွဲ့ ခွဲခိုင်းလိုက်ပါတယ်တဲ့။ မုဆိုးတွေဟာလည်း စိတ်ဝင်တစားနဲ့ ကြည့်နေကြသတဲ့။ မုဆိုးခေါင်းဆောင်ကလည်း လူတချို့ကို တောင်အောက်ကို သွားစောင့်ခိုင်းပြီး ခုန်ချလာမယ့် တောင်ဆိတ်တွေကို မျောပါမသွားအောင် အသင့်စောင့်ခိုင်းပြီး အချက်ပြ သေနတ်ဖောက်လိုက်ဖို့ မှာလိုက်ပါတယ်။
တောင်ဆိတ်တွေ ၂ ဖွဲ့ ခွဲလိုက်တဲ့အခါ အသက်ကြီးရင့်တဲ့ မျိုးဆက်ဟောင်း တောင်ဆိတ်တွေနဲ့ ငယ်ရွယ်တဲ့ မျိုးဆက်သစ် တောင်ဆိတ်တွေ ဆိုပြီး ၂ ဖွဲ့ ဖြစ်သွားတာကို တွေ့ရပါတယ်တဲ့။ နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးက အချက်ပေးလိုက်တဲ့အခါ မျိုးဆက်သစ် တောင်ဆိတ်ထဲက တစ်ကောင်ဟာ ပြေးထွက်လာသလို မျိုးဆက်ဟောင်း တောင်ဆိတ်ထဲက တစ်ကောင်ဟာလည်း ပြေးထွက်လာပါတယ်။
နောက်တော့ မျိုးဆက်သစ် တောင်ဆိတ်ကအရင်ခုန်လိုက်ပြီး သူနဲ့ စက္ကန့်ပိုင်းအတွင်းမှာဘဲ မျိုးဆက်ဟောင်း တောင်ဆိတ်ကြီးက လိုက် ခုန်လိုက်ပါတယ်။ ပြီးတော့ အောက်ကနေ ခေါင်းကို ထိုးခံပေးလိုက်ပါတယ်။ အဲဒီမှာ မျိုးဆက်သစ် တောင်ဆိတ်ဟာ တောင်ဆိတ်အိုကြီးကို ခေတ္တနင်းလို့ နောက်တစ်ဆင့် ထပ်ခုန်လိုက်တဲ့အခါ အခြားကမ်းပါးတစ်ဘက်ကို လျောလျောလျူလျူပဲ ရောက်သွားပါရောတဲ့။
မျိုးဆက်ဟောင်း တောင်ဆိတ်ကြီးကတော့ တောင်အောက်ကို ပြုတ်ကျပြီး အသက်စတေးသွားပါတယ်။ ဒီလိုနဲ့ တစ်ကောင်ပြီး တစ်ကောင် နှစ်ကောင်တွဲဆီ ခုန်လိုက် ကူးလိုက် လုပ်ပြီးတဲ့အခါ မျိုးဆက်သစ်တောင်ဆိတ်တွေ အားလုံး တစ်ဘက်ကမ်းကို ရောက်သွားခဲ့ပါပြီတဲ့။
အဲဒီမှာ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ မုဆိုးကြီးတို့ ရှိရာကို လှမ်းလာပါတယ်။ မုဆိုးကြီးက သေနတ်နဲ့ ပစ်လိုက်တဲ့အခါ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ ယိုင်သွားပေမယ့် လဲမကျသွားပါဘူးတဲ့။ (သူရဲကောင်း မှန်ရင် ယိုင်ရုံသာ ယိုင်မယ်။ ဘယ်တော့မှ မလဲပါဘူး)။
နောက်တော့ တောင်ဆိတ်ခေါင်းဆောင်ကြီးဟာ မုဆိုးကြီးတို့ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါသတဲ့။
ဒီပုံပြင်ဇာတ်လမ်းလေးမှာ ခေါင်းဆောင်ကောင်းပီသစွာ အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်ခဲ့တဲ့ တောင်ဆိတ် ခေါင်းဆောင်ကြီးနဲ့ မျိုးဆက်သစ်အတွက် အစတေးခံသွားတဲ့ မျိုးဆက်ဟောင်း တောင်ဆိတ်တွေရဲ့ သူရဲကောင်း ပီသမှုဟာ လေးစားစရာပါ။
(ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ စာပေဟောပြောပွဲမှာ ပြောခဲ့တဲ့ ပုံပြင်လေးဖြစ်ပါတယ်။ ကြားဖူးပြီးကြမှာပါ။)
အာကာသနှင့် စကြ၀ဠာ


Monday, December 9, 2013

မိဘ



အဲဒါ ဘာကောင်လဲ ? 08-12-2013 အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အဲဒါကျီးကန်းပါ အဖေ”။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း”။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ “သား အဲဒါ ဘာကောင်လဲ?” ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညာမတာပြန်ပြောလိုက်ပါတယ်။ “အဲဒါ ကျီးကန်း…. ကျီးကန်း….”။ =========== ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ “အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။” “အဲဒါ ကျီးကန်း သိလား” “ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား?” ============ ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကိုဝင်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။ :- ============ ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံးဝကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာသက်မိပါတယ်။ ============== ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် “အဲဒါ ဘာကောင်လဲ?” လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။ ============== ဒါကြောင့်မို့ သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ၀န်ထုပ်ဝန်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအ၀ိုင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။ ========== ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။ Credit to English-မြန်မာ စာပဒေသာ။

ဘဝမှတ်တိုင်

 " ဘ၀မှတ်တိုင် "
★★★★★★★★



ကြာတော့လဲ မေ့သွားကြမှာ
မင်းဘယ်က လာတယ်
မင်း ဘယ်ကိုသွားမယ်
လူတွေ စိတ်မ၀င်စားဘူး

သူ့အကြောင်းနဲ့သူ သူ
သူ့ခေါင်းနဲ့ သူ
သူ့ အဟောင်းနဲ့ သူ

မတူညီတဲ့ ဘ၀တွေ
သယ်ပိုးရင်း
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ် စီးမျောရင်း
သီချင်းဆိုရင်း
အချင်းအချင်း မျိုရင်း
မလင်းတလင်း ငိုရင်း

သူငယ်ချင်း
တစ်ခါတစ်လေတော့
မင်းအကြောင်းပြောချင် ပြောမှာပေါ့

ဒါပေမယ့်
မင်း နာမည်နောက်က
အမြီးဆွဲ တွဲလဲခိုထားတဲ့ ဘွဲ့လက်မှတ်တွေနဲ့
အကြောင်းအရာတွေက ခပ်များများ
မင်းလက်ရှိအကြောင်းက ခပ်ပါးပါး

စိတ်မရှိပါနဲ့ကွာ
တစ်နေ့နေ့ မင်းမှတ်တိုင်ပေါ်မှာ
လာနားမယ့် ငှက်တစ်ကောင်တော့
သေချာရှိနေမှာ ။ ။

(အောင်မိုးသစ်)
ကြာတော့လဲ မေ့သွားကြမှာ
မင်းဘယ်က လာတယ်
မင်း ဘယ်ကိုသွားမယ်
လူတွေ စိတ်မ၀င်စားဘူး

သူ့အကြောင်းနဲ့သူ သူ
သူ့ခေါင်းနဲ့ သူ
သူ့ အဟောင်းနဲ့ သူ

မတူညီတဲ့ ဘ၀တွေ
သယ်ပိုးရင်း
ကိုယ့်ယုံကြည်ရာနဲ့ ကိုယ် စီးမျောရင်း
သီချင်းဆိုရင်း
အချင်းအချင်း မျိုရင်း
မလင်းတလင်း ငိုရင်း

သူငယ်ချင်း
တစ်ခါတစ်လေတော့
မင်းအကြောင်းပြောချင် ပြောမှာပေါ့

ဒါပေမယ့်
မင်း နာမည်နောက်က
အမြီးဆွဲ တွဲလဲခိုထားတဲ့ ဘွဲ့လက်မှတ်တွေနဲ့
အကြောင်းအရာတွေက ခပ်များများ
မင်းလက်ရှိအကြောင်းက ခပ်ပါးပါး

စိတ်မရှိပါနဲ့ကွာ
တစ်နေ့နေ့ မင်းမှတ်တိုင်ပေါ်မှာ
လာနားမယ့် ငှက်တစ်ကောင်တော့
သေချာရှိနေမှာ ။ ။

(အောင်မိုးသစ်)


ပေါ်ဦး နဲ့ ဆရာတော်ဦးဗုဓ်

ဆရာတော် ဦးဗုဓ်နဲ့တော့ အမတ်ကြီးပေါ်ဦး ဘယ်လိုခံလာရသလဲ..?


ကုန်းဘောင် ဘကြီးတော် ဘုရားလက်ထက်၌ ဆရာတော် ဦးဗုဓ်သည် နှုတ်နည်းသည်။ သမာဓိအရာ၌ လက်ဖျားခါရ၏။ ကျောင်းဒါယကာ မင်းနှင့် မိဖရားကိုပင် စကားအပိုမပြော။ အချိန်ရှိသရွေ့ သူစာသူ ကြည့်နေတတ်၏။ အထူးသဖြင့် မည်သူ့ကိုမျှ စတင်၍ နှုတ်ဆက်ခြင်း၊ မေးမြန်းခြင်း အလေ့မရှိ။
" ဒါဖြင့်...ကျုပ်ကိုယ်တိုင် သွားပြီး စကားလျှောက်ထားမယ်..ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာဗျ" ဟူ၍ ပြောဆိုပြီး ဆရာတော်ဦးဗုဓ် သီတင်းသုံးရာ ကျောင်းသို့ သွားပါလေတော့၏။
ဆရာတော်အပါးသို့ ရောက်လေသော် ပြောစရာမရှိ ပြောစရာစကားကိုရှာရင်း အနီးအပါးရှိ ရေကန်ကြီးကို မြင်လိုက်ရကာ...

" ဟောဒီရေကန်ကြီးဟာ အတော်လေး ကောင်းလှပါလား ဘုရား"
" အေးကောင်းတယ်"

" ရေကလည်း သိပ်ကိုကြည်နေတာပါပဲလား ဘုရား"
" အေး ကြည်တယ်"

"ဒါထက် ဒါထက် ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲ ဘုရား"
" ငါမသိဘူး"

" ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မယ် အထင်နဲ့ လျှောက်ထားမိတာပါ ဘုရား"
" ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ"
" ဒါ...ဒါတော့ သတိမထားမိလို့ မ...မသိကြောင်းပါဘုရား"
" အေး....ဒကာကြီးရဲ့ နှုတ်ခမ်းမှာပေါက်နေတဲ့ အမွေးကိုတောင် ဘယ်နှပင်ရှိမှန်းမသိရင် ကျုပ်ဘည်း ရေကန်ရဲ့ အနက်ကိုမသိနိုင်ဘူး..သွားတော့..."
" တင်ပါ့...ဘုရား"

သို့ဖြင့် ပညာရှိအမတ်ကြီး ဦပေါ်ဦးလည်း မသက်မသာ ခံစားရပြီး လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရလေသတည်း။

Saturday, December 7, 2013

ပြုံးတော်မူ



မြင်ရသေးဝူး
*********

 ဆရာ။ ။ လနဲ့ အမေရိက၊ ဘယ်ဟာက ဝေးသလဲ။

 ကျောင်းသား။ ။ အမေရိကပါ ဆရာ။

ဆရာ။ ။ ဘာကြောင့်လဲ။

 ကျောင်းသား။ ။ လကို ကျွန်တော် မြင်နိုင်ပါတယ်။ ဒါပေမဲ့ အမေရိကကိုတော့ မမြင်နိုင်ပါဘူး ဆရာ။

 ဆရာ။ ။ အရူး ၊ ခုံပေါ်မှာ မတ်တပ်ရပ်စမ်း။ 

 ကျောင်းသား။ ။ ဆရာ ၊မတ်တပ်ရပ်တာတောင် ကျနော် ခုထိ အမေရိကကို မမြင်ရသေးဘူး။ 

 ငင် TL

အခေါ်အပြော(ဟာသ)


""အခေါ်အပြော""

စစ်သားလင်မယား...........
ယောင်္ကျား - ခြင်ထောင်ထဲဝင်ခွင့်ပြုပါ
မိန်းမ -အမြန်ဝင် ပြီးရင်သတင်းပို့

ရှေ့နေလင်မယား.......
ယောင်္ကျား -ခြင်ထောင်ထဲ ဝင်ရောက်ရန် အကြောင်းပေါ်ပေါက်ပါပြီးလား
မိန်းမ- လျော်ကန်သင့်မြတ်သဖြင့် ဝင်ခွင့်ပြုပါတယ်

လွှတ်တော်လင်မယား..........
ယောင်္ကျား -အပြင်မှာ ခြင်များသောင်းကျန်းနေပါသဖြင့် ခြင်ထောင်ထဲပေးဝင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါတယ်
မိန်းမ -ကလေးအိပ်ပျော် သွားသည့်အချိန် တွင် စဉ်းစားပေးမည်ဖြစ်ပါတယ်

ဆရာဝန်လင်မယား.......
ယောင်္ကျား -သွေးလွန်တုပ်ကွေး ရောဂါ ကျရောက်မှာ ဆိုးရတယ်
မိန်းမ -ခြင်ထောင်အပြင်မှာ ခြင်ဆေးခွေထွန်းပြီးဝင်ခဲ့လေ

မီးသတ်လင်မယား............

ယောင်္ကျား-မိန်းမရေ... ငါခြင်ထောင်ထဲ ဝင်လာပြီဟေ့....ဝေါ..ဝေါ...ဝေါ...ဒုန်း
မိန်းမ-အွတ်...အမလေး...သေပါပြီရှင်...တော်ကလည်း ခြင်ထောင်ထဲ မီးမလောင်ပါဘူး

ရဲလင်မယား......
ယောင်္ကျား-တာဝန် နဲ့ဝတ္တရားအရ ခြင်ထောင်ထဲဝင်မယ်
မိန်းမ- ဆူပူမှု မဖြစ်ရန်နဲ့ တည်ငြိမ်မှုရရှိဖို့ ဝင်လာခဲ့..ဒါပဲ...

အချစ်


ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမ ကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မ ကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီး ကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စ မတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြော လိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်း များစွာ ချမ်း သာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန် ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ် တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေ အပေါ် နှိမ့် ချ မဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

Tuesday, December 3, 2013

နှင်းဆီ


နှင်းဆီ
****
ရနံ့မွှေးမြ
ရောင်စုံကြွသည်
လှပပွင့်ဖူး
နှင်းဆီဖူးလျှင်
စူးမြထက်သန်
ဆူးတို့ရံ၏။ ။

ဆယ်ကျော်သက်ရွယ်
ပျိုမျစ်ငယ်သည့်
နုပျိုဖူးကြွ
ချစ်နှမလျှင်
အိနြေ္ဒသိက္ခာ
လုံခြုံစွာဖြင့်
ပညာပြည့်စုံ
စောင့်ထိမ်းတုံလော့။ ။

ထိုမှသွေဖီ
လျှပ်ပေါ်လီ၍
တီတီတာတာ
ပမာမခန့်
တိုနန့်စကတ်
ရင်စုံ လှပ်ပြ
ဆွဲဆောင်ကြလျှင်
ပုတုံးပျားရိုင်း
ဝေ့ကာဝိုင်းပြီး
ဝတ်မှုံစုတ်ဖျက်
ပွင့်ဖတ်တို့ကြွေ
ရိုးတံခွေမည်
နွမ်းကြေပန်းတစ်ပွင့်
မဖြစ်သင့်။ ။

Tuesday, November 19, 2013

ကိုးရီးယားသီချင်း

♥My Love♥
ငါ့ ချစ်သူ မင်း♥

사랑해 그말은 무엇보다 아픈말

ချစ်တယ်ဆိုတဲ့ စကားက အခြားစကားတွေထက်ကို ပိုနာကျင်ခံစားရတဲ့ စကား

숨죽여서 하는말 이젠 하기 힘든말

ရင်ခုန်သံတွေ မျိုသိပ်ပြီး ပြောတဲ့ စကား အခုတော့ ပြောရခက်သွားတဲ့ စကား


Oh 햇살이 밝은 아침보다 밤의 달빛이 어울려요

Oh နေပြောက်လေးတွေ လင်းတဲ့ မနက်ထက် ညရဲ့ လရောင်နဲ့ ပိုလိုက်ဖက်တယ်

이별의 그 입맞춤 잠시 접어둔채 이대로 이렇게

ခွဲခွာ့ခြင်း အနမ်းတွေရဲ့ ခံစားချက်ကို တဒင်္ဂ ရုတ်သိမ်းရင်းနဲ့ အဲဒီအတိုင်းလေး အဲဒီလိုပဲ


힘껏 안아줄께 널 그리고 말할께

ကိုယ်လေ မင်းကို တအား ဖက်ထားပေးမယ် ပြီးတော့ မင်းကို ပြောရမယ်

나 이렇게 너를 외치면서 My Love

ကိုယ် ဒီလို မင်းကိုပဲ အော်ခေါ်ရင်းနဲ့
My Love

넌 보지 못할 내 마지막 눈물

မင်း မမြင်နိုင်တဲ့ ကိုယ့်ရဲ့ နောက်ဆုံးမျက်ရည်


힘껏 안아줄께 널 그리고 보낼께

ကိုယ်လေ မင်းကို တအား ဖက်ထားပေးမယ် ပြီးတော့ မင်းကို လွှတ်ပေးမယ်

나 또한번 너를 외치면서 My Love

ကိုယ်လေ နောက်ထပ် တစ်ခေါက် မင်းကို အော်ခေါ်ရင်းနဲ့ပဲ My Love

넌 듣지 못할 사랑한단 내말

မင်းမကြားနိုင်တော့တဲ့ ကိုယ့်ရဲ့ ချစ်တယ်ဆိုတဲ့ စကားသံ


괜찮아 그말은 안쓰러운 거짓말

အဆင်ပြေပါတယ်ဆိုတဲ့ စကားက အားနာပြီး ထွက်သွားတဲ့ လိမ်ညာစကားပါ

애쓰면서 웃어도 우린 그저 눈물만

အားတင်းပြီး ပြုံးနေလည်း တို့တွေက မျက်ရည်တွေ မခြောက်ခဲ့ပါဘူး


Oh 햇살이 밝은 아침보다 밤의 달빛이 어울려요

Oh နေပြောက်တွေ လင်းတဲ့ မနက်ခင်းထက် ညဘက်ရဲ့ လရောင်က ပိုလိုက်ဖက်တယ်

이별의 그 입맞춤 잠시 저어둔채 이대로 이렇게

ခွဲခွာခြင်းရဲ့ နှုတ်ဆက်အနမ်း အဲဒီ့ ခံစားချက်ကို ခဏတာ ချုပ်တည်းထားလျက်နဲ့ပဲ အဲဒီအတိုင်းလေးပဲ အဲဒီလိုလေး


힘껏 안아줄께 널 그리고 말할께

ကိုယ်လေ မင်းကို စိတ်ကြိုက်ဖက်ထားပေးမယ် ပြီးတော့ မင်းကို ပြောရမယ်

나 이렇게 너를 외치면서 My Love

မင်းကို အဲဒီလို အော်ခေါ်ရင်းနဲ့ My Love

넌 보지 못할 내 마지막 눈물

မင်း မမြင်နိုင်တော့တဲ့ ကိုယ့်ရဲ့ နောက်ဆုံးကျတဲ့ မျက်ရည်စက်


힘껏 안아줄께 널 그리고 보낼께

ကိုယ်လေ မင်းကို တအား ဖက်ထားပေးမယ် ပြီးတော့မှ မင်းကို သွားခွင့်ပြုမယ်

나 또한번 너를 외치면서 My Love

ကိုယ်လေ နောက်ထပ် တစ်ခေါက် ထပ်ပြီး အော်ခေါ်ရင်းနဲ့ My Love

넌 듣지 못할 사랑한단 내말

မင်း မကြားနိုင်တော့တဲ့ ကိုယ့်ရဲ့ ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်း
https://www.youtube.com/watch?v=Ooq_FFkXQwM&feature=youtube_gdata_player

အတွင်းရေးမှုးလေး(ဟာသ)


လိမ္မာယာဉ်ကျေးသူလေး
•••••••••••••••••••••••••••

အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှုး မလေးဟာ ရုပ်ရည် ချောမော လှပသလောက် စကားပြောဆိုရာမှာ လည်း လိမ္မာ ပါးနပ်လှတယ်..

တစ်ရက်တော့..
အိမ်သာထဲက ထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို ပြန်ဆွဲ မပိတ်မိဘူး... ဒါကို အတွင်းရေးမှုးမလေးက မြင်တော့... သူဌေးကို သတိပေးလိုက်တယ်..

" ဆရာရှင့်..ဆရာ့ရဲ့ စစ်တန်းလျား တံခါး ပွင့်နေပါတယ်ရှင်..."

ဒါကို သူဌေးက ဘာပြောမှန်း မသိဘူး..ဇဝေဇဝါ ဖြစ်ပြီး.. ဘာမှ ပြန်မပြောပဲ သူ့ရုံးခန်းထဲ.. ဝင်သွားတယ်..။

ခဏနေတော့မှ သူ့ဘောင်းဘီ ဇစ်မပိတ်မိတာကို သတိထားမိ သွားပြီး.. အတွင်းရေမှုးမလေးရဲ့ စကားကို သဘောပေါက်တော့တယ်။

ဒါနဲ့.. သူ့အတွင်းရေးမှုးမလေးကို နောက်ချင်လာလို့.. အင်တာကွန်း ကနေ လှမ်းခေါ်လိုက်တယ်...

" တွီ..တွီ.."

" ပြောပါဆရာ..."

" သမီးရေ... ခုနက စစ်တန်းလျားထဲ မှာ စစ်သားတစ်ယောက် တောင့်တောင့်ကြီး ရပ်နေတာ မတွေ့မိဘူးလား..ကွယ့်.."

ဒီတော့.. အတွင်းရေးမှုး မလေးက ပြန်ပြောတယ်...

" ဟင့်အင်း..ဆရာ.. ဒုက္ခိတ ဖြစ်နေတဲ့ စစ်သားအို တစ်ယောက်တော့ တွေ့တယ်.. သဲအိပ် အစုတ်ကြီးနှစ်လုံးပေါ်မှာ.. ပုံပုံကြီး ထိုင်လို့..."

" ဟေ..အေး..အေးပါကွာ...!!!.."



( thanlay ko)

Monday, November 11, 2013

ဟာသတိုထွာ

 
အတိုကြိုက်သူများအတွက်

=====
အတို (၁)
=====
“ဘယ်အချိန်လဲ”

လူတစ်ယောက်ကို တရားသူကြီးက အမိန့်ချနေတယ်... ...
"စတိုးဆိုင်ကို နေ့အချိန် ဖောက်ထွင်းတဲ့အတွက် ထောင်ဒဏ် ၁၈ လ ကျခံစေ"
ဒီတော့ တရားခံက ပြန်မေးတယ်... ....
"လူကြီးမင်းခင်ဗျား၊ အရင်တခါက စတိုးဆိုင်ကို ညအချိန်ဖောက်ထွင်းလို့ဆိုပြီး ထောင် ၁၈ လချတာ မှတ်မိလား"
"အေး... မှတ်မိတယ်"
"နေ့ဘက် ဖောက်လည်းထောင်ချ၊ ညဘက် ဖောက်လည်း ထောင်ချဆိုတော့ ကျနော်က ဘယ်အချိန် လုပ်စားရမှာတုန်း ကဲ"

=====
အတို (၂)
=====
“လုံခြုံရေး”

ကားကို ရပ်ထားခဲ့တဲ့နေရာမှ မတွေ့တော့လို့ လုံခြုံရေးကို မေးကြည့်တယ်... ...
"ကျနော့်ကား ဒီနားမှာရပ်ထားတာ မရှိတော့ဘူး"
"ဟုတ်တယ်၊ လူတစ်ယောက် မောင်းပြေးတာ မြင်လို့ ပြေးလိုက်သေးတယ် မမှီဘူး"
"ဒါဆို သူမျက်နှာကို မှတ်မိလိုက်လား"
"ဟင့် အင်း"
"ဟာဗျာ"
"မပူပါနဲ့ဗျ၊ ကားနံပတ်တော့ မှတ်ထားလိုက်ပါတယ်"

=====
အတို (၃)
=====
“ယောက်ျားကောင်း”

ယောက်ျားကောင်းဆိုတာ... ...
1. -အရက်မသောက်ဘူး
2. -ဆေးလိပ်မသောက်ဘူး
3. -ဖဲမရိုက်ဘူး
4. -ဘောလုံးပွဲမလောင်းဘူး
5. -မိန်းမ မလိုက်စားဘူး
6. -လောကမှာ မရှိဘူး

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Saturday, November 9, 2013

ပုံမှန်အတိုင်းဆက်ဆံ

 
“ပုံမှန်ဆက်ဆံ” ရုံးဆင်းလို့ အိမ်ပြန်မယ်လုပ်တော့ သူငယ်ချင်းက သူ့အိမ်မှာ ညစာလိုက်စားဖို့ဖိတ်လို့ လိုက်သွားလိုက်တယ်. သူ့အိမ်ပေါက်ရောက်တော့ သူငယ်ချင်းက အိမ်ထဲကို လှမ်းအော်ခေါ်တယ်… … 

“ချစ်ဆုံးရေ… မောင်ပြန်လာပြီ၊ သူငယ်ချင်းလည်း ပါလာတယ်ဟေ့” 

“ဟုတ်ကဲ့ပါမောင်”…

 ဆိုပြီး သူ့မိန်းမက ထွက်ကြိုတယ် သူငယ်ချင်းကလည်း သူ့မိန်းမကို ဆီးပွေ့ပြီး နဖူးလေးကို နမ်းလိုက်တယ်။ ဒီနောက်တော့ သူ့မိသားစုလေးနဲ့ သန့်ရှင်းတဲ့ ထမင်းဝိုင်းလေးကို ပျော်ပျော်ရွှင်ရွှင် စားလိုက်ကြတယ်။ မြင်ခဲ့ကြုံခဲ့ရတဲ့ သူတို့မိသားစုရဲ့ မြင်ကွင်းလေးတွေက ကြည်နူးစရာလေး ကိုယ်လည်း အိမ်ထောင်သက် ၁၀ နှစ်ရှိပြီ တခါမှ မိန်းမနဲ့ အဲလို ယုယုယယမနေဖူးဘူး ဒါနဲ့ အိမ်ပြန်လမ်းမှာ စဉ်းစားလာမိတယ် ‘ငါလည်း အိမ်ပြန်ရောက်ရင် ဟိုကောင့်လို လုပ်ကြည့်အုံးမှ၊ မိန်းမလည်း ကျေနပ်မှာပါ’ ဒီလိုနဲ့ အိမ်ပေါက်ရောက်တော့ လှမ်းခေါ်လိုက်တယ်… … 

“ချစ်ဆုံးလေးရေ… ကိုကိုပြန်လာပြီဟေ့” …

 ဆိုတော့ အခန်းထဲက မိန်းမက ပြန်အော်တယ်… … 

“ဟဲ့… ဘယ်ကကောင်လဲ၊ အိမ်များမှားဝင်လာတာလား”

 “မမှားပါဘူးကွ၊ မင်းကလည်း ထွက်ကြိုပါအုံး” 

ခဏနေတော့ မိန်းမထွက်လာတယ်၊ ဒါနဲ့ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ဘာမပြောညဘာမပြောနဲ့ ဆွဲပွေ့ပြီး ပါးလေးကို ဖွဖွနမ်းလိုက်တယ်။ အဲ… အဲဒီမှာဗျာ မယ်မင်းကြီးမက ချုံးပွဲချ ငိုပါလေရော… .. 

“အီး…အီး…ဟီး ဒီနေ့တော့ ကံဆိုးတာတွေက အစုလိုက်အပြုံလိုက်ပါလား အီးဟီး” 

“ဟင်… မိန်းမ ငါဘာအမှားလုပ်မိလို့လဲ ဟ”

 “ကျမအဖြစ်က ဆိုးပါတယ်တော်” 

“ဘာဆိုးတာလဲ”

 “မနက်ထဲက အငယ်ကောင်ကဖျားနေတာ ပိုက်ဆံမရှိလို့ ဆေးခန်မသွားနိုင်ဘူး၊ အကြီးကောင်က ရေချိုးခန်းထဲ ချော်လဲတယ်၊ EPC ကလည်း မီးတာမဆောင်လို့တဲ့ ခုနက မီးလာဖြတ်သွားတယ်” “ဟင်… ဟုတ်လား” “ဒီကြားထဲ ယောက်ျားလုပ်သူက မမူးစဘူး မူးပြီးပြန်လာတယ်တော့်” 

“သေပါတော့ကွာ…” 

သန်၎ကို ဘာသာပြန်သည်။၏
 

သူလိုလူ

 

ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ် လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။ ထို့ကြောင့် ဘေဖန်လီ ဟာ သူ၏ ဆိုက်ကား နင်းတဲ့ အလုပ် ကို ပြန်လုပ် ပါတော့တယ်။ အိမ်လခ ပေးရမှာ စိုးသော ကြောင့် သူဟာ ဘူတာရုံ မှာ နေပါတယ်။ အဝတ်အစား ဆိုလျှင် လည်း ဝယ်ပြီး မဝတ်ပါဘူး။ လမ်းဘေးမှာ သူများ တွေ ပစ်ထားသော အဝတ်အစား တွေ ကိုပဲ ဝတ် ပါတယ်။ အစား အသောက် ဆိုလျှင် လည်း ချို့ချို့ တည့်တည့် စားပြီး ပိုက်ဆံ ကို စုဆောင်း ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၀၁ ခုနှစ် အရောက် မှာ သူ၏ အသက် ဟာ ၉၀ ရှိပါပြီ။ တရုတ် နိုင်ငံမှ တန်ဂျင် ရိုဟ ဆိုတဲ့ အလယ်တန်း ကျောင်းကို သွားခဲ့ ပါတယ်။ ထို့နောက် သူဟာ အခုလို ပြောပါတယ်။ " ကျွန်တော် အလုပ် မလုပ်နိုင် တော့ ပါဘူး၊ ဒီ ပိုက်ဆံ ဟာ ကျွန်တော် ၏ နောက်ဆုံး ထောက်ပံ့ ငွေပါ။ " ထို အချိန်မှာ အဲဒီ ကျောင်းမှ ဆရာမနှင့် ကျောင်းသား တွေ ဟာ မျက်ရည် တွေ ကြခဲ့ ကြပါတယ်။ဘေလီဖန် ဟာ ၃၅၀၀၀၀ ယွမ် ကို ဆင်းရဲသော ကျောင်းသား များ အတွက် လှူဒါန်း လိုက် ပါတယ်။ ၎င်းဟာ ၂၀၀၅ ခုနှစ်မှာ လူ့လောကကြီး ကို ကျောခိုင်း ထွက်ခွာ သွားခဲ့ပါတယ်။ အချုပ်အား ဖြင့် ဆိုရလျှင် လေလီဖန် ဟာ အလွန် ဆင်းရဲသော လူ့ အသိုင်း အဝိုင်း မှာ ပေါင်ဖွား ကြီးပြင်း လာခဲ့ တယ်။ သူဟာ ဆိုက်ကား နင်းတဲ့ အလုပ် ကို လုပ်ကိုင် ခဲ့တယ်။ သူဟာ ပညာ မတတ်ပါဘူး။ သို့သော်လည်း ပဲ သူဟာ ကျောင်းသား ၃၀၀ ကို ပညာတတ် အောင် သင်ကြား ပေးနိုင် ခဲ့တယ်။ ဒါကြောင့် ဘေလီဖန် ဟာ ဂုဏ်ယူ လေးစား ထိုက်တဲ့ လူ တစ်ယောက် ဆိုလည်း မမှားပါဘူး။ လောက မှာ ဖြစ်ချင် တဲ့ စိတ်၊ လုပ်ချင် တဲ့ စိတ် တစ်ခု တည်းသာ ရှိပါစေ အရာ အားလုံး၊ အခက် အခဲ အားလုံး ကို ကျော်လွှား နိုင်မှာ အလွဲ ဧကန်ပါ။ တန်ဖိုး ရှိတဲ့ လူ တစ်ယောက် ဖြစ်ချင်တယ် ဆိုလျှင် မိမိ တစ်ယောက် တည်း အောင်မြင် နေရုံ ဖြင့် မလုံလောက် ပါဘူး။ မိမိ ပတ်ဝန်းကျင် မိမိ အသိုင်း ကိုပါ ပြုပြင် ပြောင်းလဲ ပေးနိုင်ရ လိမ့်မယ်။ ကျော်လင်းနိုင်

EQ နဲ့ IQ (ဒေါက်တာအောင်မျိုး)


 
EQ နဲ့ IQ အကြောင်း ( ဒေါက်တာအောင်မျိုး - ကင်ဆာအထူးကု ဆရာဝန်ကြီး )

ကျနော်တို့ ငယ် ငယ် က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။ I.Q ဆို တာ Intelligent Quotient ဥာဏ် ရည် ကို တိုင်းတာ တဲ့ အညွှန်းကိန်း ပေါ့။ I.Q မြင့်ရင် ဥာဏ် ကောင်းတယ်ပေါ့ ..စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့် တယ်တယ်လို့ ပြောကြတယ်။ လွန် ခဲ့ တဲ့ ၁၀ နှစ်။၁၅ နှစ် လောက် က စပြီး E.Q ဆို တာ ခေတ်စားလာ တယ်။E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့ လဲ ဆို တော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊E.Q ရော တိုင်းကြည့် တဲ့ အခါ I.Q မြင့် တဲ့ သူတွေ ထက် E.Q မြင့်တဲ့သူတွေ ဟာ ဘ၀မှာ ပို အောင်မြင် တာ တွေ့ ရတယ်။ ဆို လို တာ က ဘ၀မှာ အောင်မြင် ဖို့ ဆို ရင် ဥာဏ် ကောင်းဖို့ ထက် စိတ် ဓါတ် ရင့် ကျက်၊ခိုင်မာ မှု က ပို အရေး ကြီးတယ် ဆို တဲ့ သဘောပေါ့ ။
လွန် ခဲ တဲ့ တပါတ် က Harvard Business Review စာအုပ် ထဲ က Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာ က ခေါင်းဆောင် ဖြစ်စေသလဲ) ဆို တဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော် တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲ လို့ ပြော ရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့ိ နိုင်တယ် ဆို တာ ပြေပြထားတာ။ အကျဉ်း ချုပ် ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေ နဲ့ သာမန် ခေါင်းဆောင်တွေ ကို ကွဲပြားစေတဲ့အရာ က technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ် ရင့် ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ် တဲ့ အဖွဲ့ အစည်း တစ်ခု ဟာ တနှစ် ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည် တွေ ကတော့ .. (၁)Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂)Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃)Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄)Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅)Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည် တွေ ကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့် ဖို့ နည်းတွေ ကတော့ ...ဇွဲ ရှိရှိ နဲ့ လေ့ကျင့်တာ၊ မိတ်ဆွေတွေ၊လေ့ကျင့်ပေးတဲ့ ဆရာ တွေ ဆီက ဝေဖန်၊အကြံပေးမှု တွေ တွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့် ကို ကိုယ် ဆန်းစစ်တဲ့ နည်း ကတော့ စွမ်း ရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။ နံပါတ်(၁) စွမ်းရည် မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။ E.Q ကောင်းအောင်...... **************************************************************** ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Qနိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေး မိ လို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြော လို က် ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေး ခြင်း နဲ့ အခြားစာတန်း များ “ စာအုပ် ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထား တဲ့ စာပုဒ် ကို ဖတ် ကြည့် စေချင်တယ်..
“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာ လို့ ရသော ဥာဏ် စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊ထို ခုနှစ်မျိုးမှာ...... ၁။ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။ ၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊ ၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။ ၄။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်.. ၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။ ၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။ ၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”
ဆရာ ကိုတာ ရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကို စိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုတ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။စာပေ ပညာရှင် တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာ နေ မှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆို ရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အား သန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့ သာ အောင် မြင် ကြတာ..လို့ ။
တကယ် တော့ ကျနော် တို့ မှာ မွေး ကထဲ က ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံ ရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆို တာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေ မှာလဲ သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...
ဒေါက်တာ အောင်မျိုး

ကျွန်ုပ်နှင့် တရားစီရင်ရေး(၁) By နတ်ဆြာ



ကျွန်ုပ်နှင့် ဈေးကွက်တရားစီရင်ရေး (၁)
===================

တရံရောအခါကဖြစ်ပါတယ်။ ........

ကြက်ဆူပင်ကောင်းကောင်းမစိုက်တဲ့ အပြစ်။ ခွဲတန်း ဟုခေါ်တွင်သော ဂါရဝကြေးများ အလွန်များပြားကြောင်း ကွန်ပလိန့် တက်မိတဲ့ အပြစ်။ တရားရုံးတွင် ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းထားသော မော်တော်ယာဉ်တစ်စီးအား ခယက ဥက္ကဌ ၏ သမီးဖြစ်သူ ကျောင်းကြို၊ ပို့ ကိစ္စတွင် အသုံးပြုရန်ငြင်းဆန်မိတဲ့ အပြစ်။ စတဲ့ အပြစ်များကို ကျူးလွန်မိခဲ့သည့်အတွက် ကျွန်ုပ် နတ်ဆြာ ဟာ ဝေးလံခေါင်းပါးလို့ အမည်ရတဲ့ မြိုလေးတစ်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းခဲ့ရဖူးပါတယ်။ ...

မြို့လေးက ပင်လယ်ရေမျက်နှာပြင်ထက် ပေ လေးထောင်ကျော်အမြင့်မှာပါ။ ....

မြို့တစ်မြို့ကို ပြောင်းရပြီးဆိုရင် တရားရေးဝန်ထမ်းတွေ အရင်ဦးဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက နေစရာအိမ်ပါ။ ....

ကျွန်တော့အရင် တာဝန်ထမ်းတဲ့ တရားသူကြီးအဆက်ဆက်တုန်းကတော့ မြို့နယ် ထွေအုပ်က ရုံးအကူအတွက် ချထားပေးတဲ့ ထွေအုပ်ဌာနပိုင်အိမ်မှာ အဲဒိရုံးအကူဆီက တဆင့် ပြန်ငှားပြီး နေကြတယ်။ ....

ကျွန်တော့အလှည့်ရောက်တော့ အဲဒိရုံးအကူက သူ့သားမိန်းမရနေပြီတဲ့.... သားလင်မယားကို ထားမှာဖြစ်လို့ ဒီအိမ်ကို ဆက်မငှားနိုင်တော့ဘူးတဲ့ ....

ဒါနဲ့ပဲ ဒုရဲအုပ်တစ်ယောက် အကူအညီတောင်းပြီး သူ့ဆိုင်ကယ်လေးနဲ့ မြို့ထဲပတ်ပြီး ကျောတစ်ခင်းစာ ရှာရတာပေါ့ ...

ဝေးလံခေါင်းပါးဆိုတာ မြို့ကသာ ပေါက်စလေး .. အိမ်ငှားခက ခေါင်ခိုက်နေတာ...

အခုခေတ်လိုမျိုး သံမတကြီးဆီက ထောက်ပံ့ကြေးမရတဲ့ကာလ... ခတ်သင့်သင့် အိမ်တစ်လုံးကို တစ်လ ငါးသောင်းလောက်တောင်းတယ် ....ပြီးတော့ .... နှစ်ချုပ်နဲ့မှ ငှားမယ်ဆိုပဲ။ ...
နိုင်ငံတော်က ပေးတဲ့လစာနှုံးကလည်း သိတဲ့အတိုင်းပဲလေ ဒီတရားသူကြီးက ဘယ်ငှားနိုင်မှာလဲဗျာ ..

နောက်ဆုံးတော့ တစ်လတစ်သောင်းခွဲနဲ့ လချင်းရှင်း လိုင်းခန်းလေး တစ်ခန်းရလိုက်တယ်။ ....
လိုင်းခန်းလို့သာပြောရတာပါ တကယ်တော့ မဆလ ခေတ်က မှောင်ခိုပစ္စည်းတွေ ဖမ်းမိရင် လောင်ထားတဲ့ သွပ်မိုး၊ သွပ်ကာ၊ ဂိုဒေါင်ဟောင်းကြီး အခုတော့ သမဝါယာမပိုင်ပေါ့။ အဲဒါကို ကို (၁၀)ပေ × (၁၅)ပေ အခန်းလေး ၆ ခန်းဖွဲ့ပြီး မြို့နယ် သမဝါယမ ရန်ပုံငွေရအောင် ဒီဘက်ခေတ်မှာ ပြန်အငှားချထားတာ ...

မြို့နယ် သမဝါယာမ ဦးစီးမှူး ဖြစ်တဲ့ အငြိမ်းစားဗိုလ်ကြီးက .... တရားသူကြီး ခင်ဗျားကံကောင်းတယ်ဗျတဲ့ .... ကျွန်တော်တခါတလေ တပည့်တွေနဲ့ လွတ်လွတ်လပ်လပ် သောက်ရအောင်ဆိုပြီး ခေါင်းရင်းခန်းကို လွှတ်ထားတာ အဲဒိအခန်း ခင်ဗျားနေလိုက် တဲ့ ....

ဒီလိုနဲ့ပဲ အခန်း (၆) ခန်းထဲမှာ အသားနားဆုံးဖြစ်တဲ့ ခေါင်းရင်းခန်းလေးကို မြို့နယ်တရားသူကြီး ဖြစ်တဲ့ ကျွန်တော် ရခဲ့တာပေါ့။ ....

အခန်းနားနီချင်းတွေအကြောင်း ပြောရဦးမယ် ...
ကျွန်တော်နဲ့ အခန်းချင်းကပ်လျှက်က ရေစည်မြင်းလှည်းမောင်းတဲ့ ဂေါ်ရခါး အဖိုးကြီး၊ အဖွားကြီး လင်မယား။ ပါးရည်တွေရှုံ့တွနေတဲ့ အဘိုးအိုလင်မယားနဲ့ မြင်းအိုကြီးတစ်ကောင်။ သားလုပ်တဲ့သူကို သူပုန်က တပ်သားစုဆောင်းဖို့ခေါ်သွားတယ်တဲ့။ သမီးလုပ်တဲ့လူက စစ်တပ်ကခေါ်လို့ လမ်းပြလိုက်လုပ်ရင်း တိုက်ပွဲဖြစ်တော့ သေနပ်မှန်သေသွားတယ်ဆိုပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပေါ့။ ......

သူတို့နဲ့ ကပ်လျှက်အခန်းက အဖျက်သမားတစ်ယောက်။ အဖျက်သမားဆိုတာ ကျွန်တော့ဖာသာ နာမည်ပေးထားတာ ။ သူလုပ်တဲ့အလုပ်က ဝက်တို့၊ အမဲတို့ ပေါ်ဖို့ရှိရင် ပိုက်ဆံယူပြီး သွားဖျက်ပေးတယ်။ ဈေးထဲမှာ အခစားနဲ့ လိုက်ပြီး ကြက်လည်လှီးတယ် .... ။ သူက လူအေးဗျ (တရားသူကြီးလူအေးနှင့်မဆိုင်ပါ) ... တနေကုန် အိမ်သိပ်မကပ်ဘူး။ ညနေ စောင်းလောက်မှ ခတ်ထွေထွေလေးနဲ့ အိမ်ပြန်လာတတ်တယ်။

သူနဲကပ်လျှက်က အခန်းအလွတ် ပြောင်းဖူးပေါ်ချိန်ဆိုရင် အဲဒိအခန်းလွတ်မှာ ပြောင်းအိပ်တွေ ခဏလှောင်ထားလေ့ရှိတယ်တဲ့။ ...

ကျန်တဲ့နှစ်ခန်းမှာနေတာက မိသားစုအကြီးကြီး တစ်စု။ အားလုံးပေါင်း လူ ၁၀ ယောက်လောက်ရှိတယ်။ ကလေးငယ်လေးတွေကလည်း အရွယ်စုံ ... သူတို့က ပုံသေအလုပ်အကိုင်ရယ်လို့ သိပ်မရှိလှဘူး။ .... သူများယာတွေမှာ လူငှားလိုက်တဲ့လူလိုက်တယ်။ တောထဲ၊ တောင်ထဲ လျှောက်သွားပြီး ပျားဖွတ်၊ ယုံလိုက်၊ မှိုနှုတ်၊ မျှစ်ချိုးပြီး ဈေးထဲမှာ ပြန်ရောင်းတဲ့လူရောင်းတယ်။ .... ကလေးတွေက အမှိုက်ပုံထဲက သံဗူးခွန်၊ ပုလင်းခွန်တွေ ကို ဆာလာအိတ်တွေနဲ့ ကောက်ကောက်လာတတ်တယ် ပြီးရင်အိမ်ရှေ့မှာ ပြန်ပြန်သန့်ပြီး မြို့ထဲက ပုလင်းကုလားဆီမှာ သွားသွား ရောင်းကြတယ်။ .. တမိသားစုလုံး တက်ညီ လက်ညီတော့ ရှိသား။

.... ဒါပေမဲ့ စိတ်ပျက်စရာကောင်းတာတစ်ခုက အဲဒိမိသားစုက တစ်ပတ်ကို နှစ်ကြိမ်လောက် အမြဲတန်း ရန်ဖြစ်တယ်။ သူတို့ရန်ဖြစ်ပြီးဆိုရင် အော်ကြ၊ ဟစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ ငိုကြ၊ ယိုကြ နဲ့ကာ ... သွပ်မိုး သွပ်ကာ ဂိုတောင်အိုကြီးဆို ဆိုက်ကလုန်းဝင်မွှေသလား အောက်မေ့ရပါတယ်။ ...
နောက်တော့ ... ပြီးတော့တဲ့ပြီးသွားတာပါပဲ။ ....

ဒီလိုနဲ့ နတ်ဆြာတစ်ယောက် နိုင်ငံတော်က ပေးအပ်တဲ့ တရားစီရင်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ကျောတစ်ခင်းစာ နေရာလေးရသွားလေ၏ ပေါ့ဗျာ ...
............
............
............
ဆက်ရန်ရှိသေးသည်။
နောက်အပိုင်းတွေမှာ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံလေးတွေ ရေးပါဦးမယ်။

Tuesday, October 8, 2013

ကျမ်းကျွံရင် နှုတ်လို့ရတယ်

 
အတင်းအဖျင်း
----------------------------------------------------------------

တစ်ခါက အဘိုးအိုတစ်ယောက်ဟာ သူ့အိမ်နီးချင်းကို သူခိုးတစ်ယောက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုသတင်းလွှင့်ပါတယ်... အဲ့ဒီအကျိုးဆက်ကြောင့် အိမ်နီးချင်းလူငယ်ဟာ အဖမ်းခံရပါတယ်...

ရက်အတန်ကြာတဲ့အခါမှာတော့ လူငယ်လေးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့ပါတယ်... ပြန်လွတ်လာပြီးတဲ့အခါမှာ အိမ်နီးချင်းအဘိုးအိုကို သူ့အပေါ် မတရား စွပ်စွဲပြောဆိုမှုအတွက် တရားပြန်စွဲပါတယ်...

တရားခွင်ရောက်တဲ့အခါ အဘိုးအိုက တရားသူကြီးကိုပြောပါတယ်..
"ကျွန်တော်က စကားအဖြစ်ပြောလိုက်တာပါ... ဘယ်သူ့ကိုမှ ထိခိုက်ပြောဆိုနေတာမဟုတ်ပါဘူး..."

တရားသူကြီးက အဘိုးအိုကို ပြောတယ်...
"ခင်ဗျားရဲ့ အိမ်နီးချင်းအကြောင်း ခင်ဗျားပြောခဲ့သမျှကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးရမယ်...
ပြီးရင် ခင်ဗျားပြန်တဲ့လမ်းတစ်လျှောက်လုံးမှာ အဲ့ဒီစာရွက်ကို ဖြဲပြီး လွှင့်ပစ်သွားရမယ်...
မနက်ဖြန်ကျရင် အမိန့်ချတာကို နာကြားဖို့ပြန်လာခဲ့ပါ...."

နောက်တစ်နေ့ရောက်တဲ့အခါ တရားသူကြီးက အဘိုးအိုကို ပြောပါတယ်...
"အမိန့်မချခင်မှာ မနေ့က လမ်းတစ်လျှောက်လုံး ခင်ဗျားပစ်ခဲ့တဲ့ စာရွက်အပိုင်းတွေကို ပြန်စုပေးရမယ်...."

အဘိုးအိုကပြန်ပြောတာပေါ့...
"အဲ့လိုလုပ်လို့ ဘယ်ရမလဲဗျ... မနေ့က ကျွန်တော်လွှင့်ပစ်ပြီးတော့ လေကလည်း တိုက်တယ်လေ... အဲ့ဒီစာရွက်အပိုင်းလေးတွေကို အခုမှ ဘယ်လိုပြန်ရှာမလဲ..."

အဲ့ဒီအခါမှ တရားသူကြီးက ပြန်ပြောတယ်...
"အဲ့ဒီလိုပဲပေါ့... ခင်ဗျားပြောလိုက်တဲ့ ရိုးရိုးစကားလေးတွေကလည်း လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်နိုင်တယ်... ဒီစာရွက်တွေလိုပဲ ဘယ်လိုမှ ပြန်ပြီးစုစည်းတည်ဆောက်လို့မရတော့ဘူး... တစ်ယောက်ယောက်အကြောင်း ခင်ဗျားအကောင်းမပြောနိုင်ရင် ဘာမှမပြောဘဲနေလိုက်တာက ပိုကောင်းတယ်...."

ဒါကြောင့် စာဖတ်သူတို့လည်း ကိုယ့်ပါးစပ်တစ်ပေါက်ကို ဆင်ခြင်ထိန်းသိမ်းနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားကြပါ.... စကားလုံးတွေရဲ့ ကြေးကျွန်အဖြစ်ကို မကျရောက်ပါစေနဲ့လို့ ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်...
----------------------------------------------------------------
Ref: I Can't Believe Itနှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway
----------------------------------------------------------------

Tuesday, September 24, 2013

အရံငွေဆိုတာ


အရံငွေဆိုသည်မှာ

ကမ္ဘာပေါ်ရှိ တိုင်းပြည်အားလုံးတွင် “အရံငွေ” (reserves) များ ရှိကြပါသည်။ ဤအရံငွေ များကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးပြုလေ့ရှိကြသည်။ သမိုင်းအရပြောရလျှင်၊ တိုင်းပြည်၏ ငွေကြေးကို ကျောထောက်နောက်ခံ ပြုနိုင်ရန်၊ အရံငွေများကို အသုံးပြုခဲ့ကြသည်။ ဥပမာ-တောင်အာဖရိက ငွေကြေး “ရန်း” နှင့် အာဂျင်တီးနားငွေကြေး “ပီဆို” ဆိုလျှင်၊ ၎င်းငွေကြေး များ၏ ကျောထောက် နောက်ခံအဖြစ်၊ ဒေါ်လာ (သို့မဟုတ်) ရွှေဖြင့် လဲလှယ်နိုင်သည်။ သို့နှင့်အမျှ အဆိုပါ “ရန်း” နှင့် “ပီဆို” ကိုင်ထားသူများမှာ၊ သူတို့လက်ထဲမှ ငွေကြေးများကို ယုံကြည်မှုအပြည့်ရှိခဲ့ကြသည်။

ရှေးအခါက အရောင်းအဝယ်လုပ်ကြသည့်အခါ ရွှေကို ဖလှယ်မှုကိရိယာ (ငွေကြေးအဖြစ်) အသုံးပြု ခဲ့ကြသည်။ စားစရာ၊ ဝတ်စရာ စသော ကုန်စည်များကို ရွှေဖြင့် ဖလှယ်နိုင်သည်။ ထိုသည်၏နောက် တွင်မူ၊ သက်ဆိုင်ရာအစိုးရများ၏ အမိန့်နှင့် သတ်မှတ်ထားသော၊ “သင်္ကေတ ပိုက်ဆံ” (fiat money) များ ပေါ်လာသည်။ သင်္ကေတ ပိုက်ဆံဆိုသည်မှာ၊ ရွှေနှင့်လဲလှယ်နိုင်သော ငွေစက္ကူများကို ဆိုလို သည်။ ဤသို့သော သင်္ကေတ ပိုက်ဆံကို အသုံးပြုရသည်က၊ ပိုမိုအဆင်ပြေ လွယ်ကူသောကြောင့်၊ အစိုးရများနှင့် ဗဟိုဘဏ်များက ငွေစက္ကူများ ထုတ်ဝေလာကြသည်။

ပထမတွင်၊ ထုတ်ဝေသော ငွေစက္ကူများကို အပြည့်အဝ ကျောထောက်နောက်ခံပြုဖို့၊ လိုလိမ့်မည်ဟု ယူဆခဲ့ကြသည်။ ဥပမာ-ငွေစက္ကူတစ်ဒေါ်လာထုတ်တိုင်း၊ အစိုးရနှင့် ဗဟိုဘဏ်လက်ထဲတွင် တစ်ဒေါ်လာနှင့်ညီမျှသည့် ရွှေကိုင်ထားနိုင်ရမည်ဟု ဆိုလိုရင်း ဖြစ်သည်။ ထို့နောက်တွင်မူ၊ ဤသို့ တန်ဖိုးပြည့် ကျောထောက်နောက်ခံပြုစရာမလို၊ ထုတ်ဝေလိုက်သော ငွေစက္ကူအပေါ် ယုံကြည်မှု ကသာ ပိုအရေးကြီးသည်ဟု၊ သဘော ယူလာကြသည်။ ယုံကြည်မှုဆိုသည်မှာ၊ လူအများက အဆိုပါ ငွေစက္ကူများကို ငွေပေးချေ ရေးကိရိယာအဖြစ်၊ ယုံကြည်စွာ လက်ခံအသုံးပြုခြင်းပင် ဖြစ်သည်။ ဤသို့သော ယုံကြည်မှု ရစေရန် ရှေးကလို တန်ဖိုးပြည့် ကျောထောက်နောက်ခံ ထားစရာမလို။ တစ်စိတ်တစ်ပိုင်း ထားရုံနှင့် လုံလောက်သည်ဟု ယူဆလာကြသည်။

ဤသို့သော ကျောထောက်နောက်ခံ ထားရာတွင်လည်း မူလက၊ ရွှေကိုထားနိုင်မှ ခိုင်မာ လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ယခုဤသို့မဟုတ်တော့၊ ရွှေအစား ငွေမာတစ်ခုခုကို ကျောထောက်နောက်ခံ ထားပြီး၊ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာကို အသုံးပြု လာကြသည်။

ဤသို့သော အရံငွေ (တစ်နည်း-ကျောထောက်နောက်ခံငွေများ) မှာ၊ တိုင်းပြည်များ ရင်ဆိုင် ကြ ရသော အန္တရာယ်များကို စီမံခန့်ခွဲရာတွင်၊ အကူအညီ ပေးနိုင်ပါသည်။ သက်ဆိုင်ရာ တိုင်းပြည် ကိုရော၊ ၎င်း၏ ငွေကြေးအပေါ်တွင်ပါ ယုံကြည်မှု ရှိလာစေရန်လည်း၊ အထောက် အပံ့ပြုပါသည်။ ထို့ထက် လိုအပ်သည့်အချိန်တွင်၊ အချိန်မရွေး ထုတ်သုံးနိုင်သေးသည်။ ထိုမျှမက၊ အတိုးနှုန်း အပြောင်းအလဲ၊ သီးနှံအထွက်ကျမှု စသော မမျှော်လင့်သည့် အပြောင်းအလဲများနှင့် ရင်ဆိုင်ရ ရာတွင်လည်း၊ အဆိုပါ အရံငွေက ဒဏ်ခံအဖြစ် တာဝန်ယူ ပေးနိုင်သည်။

တိုင်းပြည်တစ်ပြည်အနေနှင့်၊ အရံငွေ မည်ရွေ့မည်မျှ ထားသင့်၊ မထားသင့် ဆိုသည်မှာ၊ တိုင်းပြည် တစ်ပြည်နှင့် တစ်ပြည်မတူကြပါ။ ယေဘုယျအားဖြင့်ဆိုလျှင်၊ လ, အချို့ သွင်းကုန်အတွက် လုံလောက်မည့်ငွေမမာဏကို၊ အရံငွေထားလေ့ရှိသည်။ ယခင်က ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ၊ သုံးလစာ သွင်းကုန်အတွက် အရန်ထားပြီး၊ ယခု နောက်ပိုင်းတွင် ရှစ်လစာ သွင်းကုန်အတွက် အရန်ထားကြ သည်ကို တွေ့ရသည်။

နိုင်ငံတော်တော်များများမှာ ငွေမာ (အထူးသဖြင့် ဒေါ်လာ) ကို၊ ရေတိုချေးငွေအဖြစ် စုဆောင်း ရယူလေ့ ရှိတတ်ပါသည်။ ဤသို့သော ရေတိုချေးငွေများ ထုတ်ပေးကြသည့် မြီရှင် နိုင်ငံများမှာ၊ မကြာခဏဆိုသလို စိတ်အပြောင်းအလဲမြန်တတ်ကြသည်။ အကယ်၍ မြီစား နိုင်ငံဘက်မှ၊ ပေးရန်ရှိသော အကြွေးများကို ပြန်မဆပ်နိုင်တော့ဟု စိုးရိမ်လာလျှင်၊ ၎င်းတို့ ထုတ်ချေးထားသော ရေတိုချေးငွေများကို၊ ဒရောသောပါး ပြန်တောင်းလေ့ ရှိကြသည်။ ဤတွင် သက်ဆိုင်ရာ မြီစားနိုင်ငံ များအတွက် အခက်အခဲတွေ့ရတော့သည်။

အဆိုပါမြီစားနိုင်ငံတွင် စုဆောင်းပြီး အရံငွေရှိလျှင်မူ ပြဿနာ သိပ်မရှိ။ မြီရှင် နိုင်ငံဘက် မှလည်း သိပ်အစိုးရိမ်ကြီးစရာမရှိ၍ အတင်းအကျပ် ပြန်မတောင်း။ အကယ်၍ တောင်းခဲ့ လျှင်လည်း၊ အရံငွေထဲမှ ထုတ်ယူပြီး ပြန်ဆပ်နိုင်သည်။ သို့အတွက်၊ အမြော်အမြင်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ၊ ၎င်းတို့ပေးရန်ရှိသော ရေတိုချေးငွေနှင့် တန်ဖိုးညီသည့် ဒေါ်လာငွေကို၊ အရံငွေအဖြစ် ထိန်းသိမ်း ထားတတ်ကြသည်။ ဒေါ်လာ မဟုတ်လျှင်လည်း၊ ယူရို, ယန်း စသော အခြားနိုင်ငံခြားငွေ တစ်ခုခုကို၊ ကျောထောက်နောက်ခံ အဖြစ် ထားလေ့ရှိကြသည်။

ဤသို့သော အရံငွေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုလည်း စီမံခန့်ခွဲ နိုင်ပါသည်။ အကယ်၍၊ တိုင်းပြည်တစ်ပြည်တွင် အရံငွေမရှိတော့လျှင်၊ နိုင်ငံခြားငွေနှင့် လဲလှယ်နိုင်သော ၎င်းတိုင်းပြည်၏ ငွေတန်ဖိုးမှာ၊ ရုတ်တရက် ကျဆင်းသွားပါလိမ့်မည်။ ဤသို့ဆိုလျှင်၊ စိတ်အပြောင်းအလဲမြန်သော ရင်းနှီးမြှုပ်နှံသူများ၊ (သို့မဟုတ်) အမြတ်ကိုသာ မျှော်ကိုး သော ငွေကြေးကစားသူများ၊ (သို့မဟုတ်) ငွေကြေးလောကအပေါ် ကြိုးကိုင်ခြယ်လှယ်သူ များအနေနှင့်၊ တန်ဖိုးကျလာသော အဆိုပါနိုင်ငံများ၏ ငွေကြေးကို ထုတ်ရောင်းကြပေလိမ့် မည်။ ဤနည်းဖြင့်၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်ရာမှ အလွန်ကြီးမားသော စီးပွားရေးမတည်ငြိမ်မှုဆီသို့ ဦးတည်သွားကြသည်များ၊ မကြာခဏ ဆိုသလို တွေ့နေရ သည်။

နိုင်ငံတစ်ခုအနေနှင့်၊ ဤသို့သော မတည်ငြိမ်မှုနှင့် ရင်ဆိုင်လာရလျှင် ပြန်လည် ချိန်ခွင်လျှာ မျှနိုင်စေရန်၊ သီးသန့် အရံငွေရှိဖို့ လိုပါသည်။ အခြားသူများက မိမိတို့ ငွေကြေးကို ထုတ်ရောင်း လာလျှင်၊ ငွေတန်ဖိုးကျသထက် မကျစေရန် ကိုယ်ကလိုက်ဝယ်ရပါလိမ့်မည်။ အလားတူ အခြားသူ များက မိမိတို့ငွေကြေးကို လိုက်ဝယ်နေလျှင်လည်း၊ အလွန်အကျွံ တန်ဖိုးတက်မသွားစေရန်၊ ကိုယ်က ပြန်ထုတ်ရောင်းရပါလိမ့်မည်။ ဤနည်းဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်အောင် ဖန်တီးနိုင်ပြီး၊ ထိုမှတစ်ဆင့် စီးပွားရေး တည်ငြိမ်အောင် ပြန်လည်တည့်မတ်ယူနိုင်စရာ ရှိပါသည်။ သို့နှင့်တိုင် ဤသို့ ကစားနိုင်စေရန် မိမိတွင် အရံငွေ ရှိထားဖို့ လိုပါလိမ့်မည်။ အကြောင်းမူ မိမိငွေကြေးကို မိမိငွေကြေးဖြင့် ပြန်ဝယ် လို့မရ၊ ဒေါ်လာနှင့်ဝယ်မှ ရသောကြောင့် ဖြစ်သည်။

တိုင်းပြည်များအနေနှင့် ဆိုခဲ့ပါအတိုင်း အရံငွေများကို ကိုင်ထားကြစဉ်အတွင်းမှာပင် သူတို့ ကိုင်ထားသော ငွေပမာဏမှာ ပို၍ ပို၍ များလာလေ့ရှိပါသည်။ ၂၀၀၁ မှ ၂၀၀၅ အထိ ၄ နှစ်တာ ကာလအတွင်း အရှေ့အာရှ ရှစ်နိုင်ငံ (ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်) တို့၏ စုစုပေါင်း အရံငွေမှာ နှစ်ဆကျော် တိုးပွားလာသည်။ အကြမ်းအားဖြင့် ဒေါ်လာ ၁ ထရီလီယံမှ ဒေါ်လာ ၂.၃ ထရီလီယံ ဖြစ်သွားသည်။

ဤဖြစ်စဉ်တွင် တကယ့်စူပါစတားမှာ တရုတ်ပြည်ဟု ဆိုရပါလိမ့်မည်။ ၂၀၀၆ ခုနှစ် နှစ်လယ်လောက် တွင် တရုတ်ပြည်စုဆောင်းထားနိုင်သော အရံငွေမှာ ဒေါ်လာ ၉၀၀ ဘီလီယံခန့် အထိ ရှိသည်။ ယောက်ျား, မိန်းမ, ကလေးမှအစ နိုင်ငံသားတစ်ဦးချင်း ခေါင်းတွင် ဒေါ်လာ ၇၀၀ မျှ ကိုင်ထားနိုင် သည့်သဘော ဖြစ်ပါသည်။ ဤအချိန်တွင် တရုတ် ပြည်၏ တစ်ဦးချင်း တစ်နှစ် ဝင်ငွေမှာ ဒေါ်လာ ၁၅၀၀ ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံး၏ စုစုပေါင်း အရံငွေ တိုးတက်မှုနှုန်းကို ကြည့်လိုက်လျှင် ၁၉၇၀ အလွန် နှစ်များနှင့် ၁၉၈၀ အလွန်နှစ်များအတွင်း ဂျီဒီပီ၏ ၇ % မှ ၈ % အထိ တိုးလာပြီး၊ ၂၀၀၄ ခုနှစ်သို့ ရောက် သောအခါ ဂျီဒီပီ၏ ၃၀ % အထိ ရောက်လာသည်။ ၂၀၀၆ အဆုံး စာရင်း ဇယားများအရ ပြောရလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရံငွေမှာ ဒေါ်လာ ၃.၃၅ ထရီလီယံ အထိ ရှိလာပြီဟု ခန့်မှန်းရပါသည်။

ဤသို့ အရံငွေများ အကြီးအကျယ် တိုးပွားလာသည့်အကြောင်းနှင့် ပတ်သက်ပြီး အများ သဘောတူ လက်ခံနိုင်သော ရှင်းလင်းချက်မျိုးကား ယခုအချိန်ထိ မရှိသေးပါ။ သို့နှင့်တိုင် အရေးကြီးသည့် ဖက်တာနှစ်ခုကိုမူ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါသည်။ “ကမ္ဘာလုံးချီ စီးပွားရေးနှင့် ဘဏ္ဍာရေး စနစ်၏ အလွန်မြင့်မားသော မတည်ငြိမ်မှု” နှင့် “၁၉၉၇ အရှေ့အာရှ အကျပ်အတည်းအပေါ် အိုင်အမ်အက်(ဖ) ၏ ကိုင်တွယ်ပုံ” တို့ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံတော်တော်များများ (အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ) မှာ မိမိတို့၏ စီးပွားရေးအချုပ်အခြာအာဏာများ ထိခိုက်ပွန်းပဲ့ ခဲ့ရသည်ဟု ခံစားကြရသည်။ ထို့ထက်ပို၍ အခြေအနေ ဆိုးစေသည်မှာ အိုင်အမ်အက်(ဖ) ပေါ်လစီအညွှန်း ဖြစ်သည်။ ဤပေါ်လစီအညွှန်းအတိုင်း လိုက်နာဆောင်ရွက်ခဲ့သော နိုင်ငံများမှာ “ဆေးအတွက်လေး” သလို ဖြစ်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး “၉၇ စာသင်နှစ်” (Class of '97) ဆိုသော စကားပင် ရှိသည်။ ၁၉၉၇ အကျပ်အတည်း၏ သင်ခန်းစာများကို ကိုယ်တွေ့လေ့လာခွင့်ရခဲ့သော အရှေ့အာရှနိုင်ငံ များကို ရည်ညွှန်း သည့် ဝေါဟာရ ဖြစ်ပါသည်။

ဤနိုင်ငံများအနေနှင့် နောက်တစ်ကြိမ် အကျပ်အတည်းနှင့် ရင်ဆိုင်ရလျှင် ဘာလုပ်ကြ မည်နည်း ဆိုသည်ကို ဦးတည်စဉ်းစားလာကြရသည်။ ယခင်ကလို “ဆေးအတွက်လေး” စေသည့် အိုင်အမ်အက်(ဖ) ချေးငွေကို မယူချင်တော့။ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဖြေရှင်း နိုင်ရန် မိမိတို့၏ အရံငွေများကိုသာ အဆတိုး စုဆောင်းကြဖို့ အားသန်လာကြသည်။ မိမိတို့ အိမ်နီးနားချင်းများ၏ ဒုက္ခ,သုက္ခကို အနီးကပ် မြင်တွေ့ခဲ့ရသော အခြားအာရှနိုင်ငံများ ကလည်း အလားတူ နိဂုံးချုပ်လာကြသည်။ “ကမ္ဘာ့စီးပွားရေးသံသရာ၏ အဆိုးဆုံး အခြေ အနေများကို ရင်ဆိုင်နိုင်ရန် လုံလောက်သော အရံငွေရှိရေးမှာ နိုင်ငံများ၏ မလွှဲမရှောင်သာ လုပ်ကိုလုပ်ကြရသည့် တာဝန်” ဆိုသော နိဂုံးချုပ်ချက် ဖြစ်ပါသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ စီမံခန့်ခွဲမှုကလည်း အရံငွေ စုဆောင်းရေးအပေါ် အရေးကြီးသော သြဇာ သက်ရောက်မှု ရှိပါသည်။ တိုင်းပြည်များအနေနှင့် မိမိ ငွေကြေးနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း ကို ချထားနိုင်မှသာ ပို့ကုန်လုပ်ငန်းကို မြှင့်တင်နိုင်မည် ဖြစ်သည်။ ဤသို့ မိမိတို့ငွေကြေးကို ငွေမာ မဖြစ်အောင် ထိန်းထားဖို့ဆိုလျှင် ၎င်းတို့ကို ထုတ်ရောင်းပြီး ဒေါ်လာဝယ်ကြရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် အရံငွေကို ဖြည့်ပေးရသည့် သဘော ပင် ဖြစ်ပါသည်။

Joseph Stiglitz ရေးသားသည့် Making Globalization Work စာအုပ်အား ကျော်ဝင်းဘာသာပြန်ဆို သည့် `လက်တွေ့အသုံးချ ဂလိုဘယ်လိုက်ဇေးရှင်း´ ဒုတိယတွဲ အခန်း(၉) ကမ္ဘာ့သီးသန့်ရန်ပုံငွေ စနစ် ပြုပြင်ပြောင်းလဲရေး မှကူးယူဖော်ပြသည်

Friday, September 20, 2013

အလှုရေစက်လက်နဲ့မကွာ

 
"အလှူရေစက် လက်နဲ့မကွာ"

သူငယ်ချင်းသုံးယောက် ဘယ်သူက အလှူအတန်း ပိုရက်ရောသလဲဆိုတာ ပြိုင်နေကြတယ်

ပထမတစ်ယောက်က ပြောတယ်... ...
"ငါက ရက်ရောတာပေါ့"
"ဘာလို့လဲ"
"ငါ့ဝင်ငွေကို ဆယ်ပုံ ပုံတယ်၊ တစ်ပုံကို ဘုရားလှူတယ်၊ ကျန်တဲ့ကိုးပုံ ငါသုံးတယ်"

နောက်တစ်ယောက်က ပြောတယ်... ...
"ငါက ပိုရက်ရောတယ်"
"ဘာလို့လဲ"
"ငါက မြေပြင်မှာ စက်ဝိုင်းတခု ဝိုင်းလိုက်တယ်၊ အဲဒီစက်ဝိုင်းထဲကို ငါ့ပိုက်ဆံတွေအကုန် ပစ်ထည့်လိုက်တယ်၊ အပြင်ထွက်တဲ့ပိုက်ဆံ ငါယူတယ် အထဲဝင်တဲ့ပိုက်ဆံ ဘုရားလှူတယ်"

နောက်ဆုံးတစ်ယောက်က ပြောတယ်...
"ငါကမှ အရက်ရောဆုံး အလှူရှင်"
"ဘာလို့လဲ"

"ငါ့ပိုက်ဆံတွေအားလုံး ဘုရားကို လှူလိုက်တယ်"
"ဟာ... ရက်ရောလှချည်လား၊ ဘယ်လို လှူလိုက်တာလဲ"

"ဘုရားသခင် စိတ်ကြိုက်သုံးပါ ဆိုပြီး ငါ့ပိုက်ဆံတွေအကုန်လုံး ကောင်းကင်ပေါ်ပစ်တင်လိုက်တယ်၊ သူ မလိုချင်လို့ ပြန်ကျလာတာကိုပဲ ငါယူတယ်"
"ဟေ..."

သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

နေရာတကျပြန်ထားပါ

 
"နေရာတကျထားပါ"

ဆေးရုံတွေမှာဖြစ်ဖြစ်၊ ကားဝပ်ရှော့တွေမှာဖြစ်ဖြစ်၊ လုပ်ငန်းသုံး ကိရိယာတန်ဆာပလာတွေကို ယူသုံးပြီးရင် နဂိုနေရာမှာ စနစ်တကျ ပြန်ထားရတယ်
ဒါ တင်းကြပ်တဲ့ စည်းကမ်းပဲ
ဒါမှ လိုတဲ့အခါ လိုက်မရှာရမှာကိုး
လူနာက ဗိုက်ဖွင့်ရက်ကြီး ဟောင်းလောင်းနဲ့ကျမှ ချုပ်အပ်ပျောက်နေလို့ဆိုပြီး လိုက်ရှာလို့ ရတာမျိုးမှ မဟုတ်တာ

တနေ့တော့... ဆေးရုံတစ်ခုမှာပေါ့... ...
ဆရာဝန်က ခိုင်းစရာရှိလို့ နပ်စ်မတစ်ယောက်ရဲ့ အခန်းတံခါးကို သွားခေါက်တယ်
ခဏနေတော့ အခန်းထဲကနေ ဆေးကျောင်းသားတစ်ယောက် ကပြာကရာနဲ့ ထွက်သွားတယ်
ပြီးတော့မှ နပ်စ်မ ထွက်လာတယ်

အင်း...
ခက်တာက ဆရာမရဲ့ ရင်တမွှာက အင်္ကျီအပြင်ထွက်နေတယ်
ဒါကို ဆရာဝန်က မြင်တော့ မေးငေါ့ပြပြီး သတိပေးလိုက်တယ်... ...
"ဆရာမ ပြန်ထည့်လိုက်အုံး၊ မြင်မကောင်းဘူး"

... ဆိုတော့ ဆရာမက ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြောသတဲ့... ...

"ဟုတ်ပ့ါ၊ ဟိုဆေးကျောင်းသား ပစ္စည်းကိုယူကိုင်ပြီး နေရာတကျ ပြန်မထားဘူး"... တဲ့



ဟာသကို ဟာသလိုပဲ မြင်ပေးပါ၊ ဖတ်ပြီး ရယ်မောပြီး မေ့ပစ်လိုက်ပါ
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko

Monday, September 16, 2013

ထက်မြတ်သူနဲ့ ညံ့ဖျင်းသူ


ထက်မြက်သူနဲ့ ညံ့ဖျင်းသူ

ထက်မြက်သူက နားထောင်ကောင်းသူတစ်ဦးဖြစ်တယ်။
ညံ့ဖျင်းသူက မပြတ်ညည်းတွားတိုင်တန်းတယ်။

ထက်မြက်သူက သင့်လျော်တဲ့အချိန်မှာ တုံးအချင်ဟန်ဆောင်တယ်။
ညံ့ဖျင်းသူက ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုထက်မြက်သူလုပ်ပြီး ဂုဏ်ဖော်တယ်။

ထက်မြက်သူက ဘဝရဲ့အသေးစိတ်အချက်အလက်ကို မှတ်သားတယ်။
ညံ့ဖျင်းသူက တစ်ဖက်သားရဲ့အားနည်းချက်တိုင်းကို မှတ်သားတယ်။

ထက်မြက်သူက ကိုယ့်ကိုယ်ကို ဟာသလုပ်တယ်။
ညံ့ဖျင်းသူက တစ်ဖက်သားကို ဟာသလုပ်တယ်။
ထက်မြက်သူက ဆင်းရဲနွမ်းပါးချိန်မှာလည်း အိနြေ္ဒထိန်းနိုင်တယ်။
ညံ့ဖျင်းသူက ချမ်းသာကြွယ်ဝချိန်မှာ ဝင့်ကြွားဂုဏ်မောက်တယ်။

ထက်မြက်သူက အချစ်ဆုံးရှုံးသွားလည်း ကိုယ်ကိုယ်တိုင် မဆုံးရှုံးအောင်နေတယ်။
ညံ့ဖျင်းသူက အချစ်ဆုံးရှုံး/မဆုံးရှုံးလည်း ကိုယ့်ကိုယ်ကို အမြဲဆုံးရှုံးတယ်။

ထက်မြက်သူက မကောင်းတဲ့အတိတ်ကို လက်လွတ်ပြီး ရှေ့ကိုခရီးဆက်တယ်။
ညံ့ဖျင်းသူက အတိတ်မှာတင် နစ်ပြီး အနာဂတ်ကို လျစ်လျူရှုတယ်။

ထက်မြက်သူက တခြားသူရဲ့အစွမ်းအစကို အောက်ကျို့သင်ယူတယ်။
ညံ့ဖျင်းသူက တခြားသူရဲ့ရှေ့မှာ ကိုယ့်အစွမ်းအစကို ကြွားဝါတယ်။

ထက်မြက်သူက သင်ယူဖို့ရာအားသန်တယ်။ ကိုယ့်လောက်မသိသူဆီကလည်း သင်ယူဖို့ဝန်မလေးဘူး။
ညံ့ဖျင်းသူက လူတွေနဲ့အမြဲငြင်းခုန်တယ်။ ကိုယ့်လောက် မသိသူနဲ့လည်း ငြင်းခုန်ရန်ဖြစ်တယ်။

ထက်မြက်သူက ပေးဆပ်ဖို့နားလည်တယ်။ ညံ့ဖျင်းသူက ရယူဖို့ပဲကြံတယ်။

ထက်မြက်သူက အရှုံးထဲက အတွေ့အကြုံ၊ သင်ခန်းစာကိုယူတယ်။
ညံ့ဖျင်းသူက အရှုံးထဲကနေ ကိုယ့်ကိုယ်ကို လက်လွတ်ဆုံးရှုံးတယ်။

ထက်မြက်သူက ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည် မပေါ်မချင်း ကြံ့ကြံ့ခံတယ်။
ညံ့ဖျင်းသူက ဘာလုပ်လုပ် ဇွဲလုံ့လမရှိဘူး။

ထက်မြက်သူက ဘယ်အချိန်မှာစတင်မယ်၊ ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို သိတယ်။
ညံ့ဖျင်းသူက မရေမရာချိန်မှာစတင်ပြီး ဘယ်အချိန်မှာ စွန့်လွှတ်ရမယ်ဆိုတာကို နားမလည်ဘူး။

ထက်မြက်သူက မွေးရာပါ ပါရမီတစ်ဝက်ရှိလည်း ကျန်တစ်ဝက်ကို ကျင့်ယူရတယ်ဆိုတာကိုနားလည်တယ်။
ညံ့ဖျင်းသူက မွေးရပါ ပါရမီရှိလည်း နောက်ပိုင်းမှာ တုံးအညံ့ဖျင်းသွားအောင်ကျင့်တယ်

Credit-နိုင်းနိုင်းစနေ

စွတ်စွတ်စွဲစွဲဗျာ

 
"အကြားနဲ့ အမြင်"

တရားခွင်တစ်ခုမှာ ဖြစ်ပါတယ်
သက်သေတစ်ယောက်ကို ရှေ့နေက မေးခွန်းထုတ်နေတယ်... ...

"ဒီ လူသတ်သမားလို့ အစွပ်စွဲခံရသူက သေဆုံးသူကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ခင်ဗျား ပြောတယ်နော်"
"ဟုတ်ပါတယ်"

"ဒါဆို သူပစ်လိုက်တာ ခင်ဗျားကိုယ်တိုင် မြင်တာလား"
"မမြင်ပါဘူး၊ သေနတ်သံကြားတာပါ"

... ဆိုတော့ တရားသူကြီးက သက်သေကို လှမ်းပြောတယ်... ...

"အဓိပ္ပာယ် မရှိလိုက်တာဗျာ၊ ကြားယုံလေးနဲ့ သူများကို စွပ်စွဲလို့ ဘယ်ရမလဲ"... တဲ့

အဲဒီမှာ သက်သေလုပ်သူက တရားသူကြီးကို ကျောပေးလိုက်ပြီး ဟက်ဟက်ပက်ပက် ထ,ရီတယ်... ...

"ဟား ဟား ဟား ဟီး ဟီး"

ပထမတော့ တရားသူကြီး ကြောင်အမ်းအမ်းဖြစ်သွားတယ်
နောက်မှ သတိရပြီး သက်သေကို လှမ်းမေးမယ်... ...

"ဟေ့လူ ခင်ဗျား တရားရုံးကို မထီမဲ့မြင် လုပ်တာလား"

သက်သေက ပြန်လှည့်လာပြီး မေးတယ်... ...

"ကျနော် ဘာလုပ်မိလို့လဲ တရားသူကြီးမင်း"
"ခုနက ရီလိုက်တယ်လေ"

"အင်... တရားသူကြီးမင်း မြင်လိုက်သလား"
"မမြင်ပါဘူး၊ ရီသံကြားလိုက်တာ"

ဒီတော့ သက်သေက တခွန်းထဲ ပြန်ပြောတယ်... ...

"အဓိပ္ပာယ် မရှိလိုက်တာဗျာ၊ ကြားယုံလေးနဲ့ သူများကို စွပ်စွဲလို့ ဘယ်ရမလဲ"... တဲ့


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko

Saturday, September 14, 2013

လူတတ်ကြီး

"လူတတ်ကြီး"


မူလတန်းကျောင်းသားလေး မောင်ကျေးညိုမှာ 'လက်မ' စုပ်တဲ့အကျင့် ရှိတယ်
ဒါကို သူ့အမေက မကြိုက်ဘူး
တရက်တော့ ကျေးညို လက်မကို စုပ်နေတာတွေ့လို့ သူ့အမေက ပြောတယ်... ...

"သား ... လက်မကြီးကို စုပ်စုပ်မနေနဲ့၊ ဗိုက်ကြီးပူတတ်တယ်"
"ဟုတ်လား မေမေ"

ဒါနဲ့ ဗိုက်ပူမှာကြောက်လို့ လက်မ မစုပ်ရဲတော့ဘူး

တရက်တော့ ကျောင်းမှာ သူ့အတိုင်းပိုင်ဆရာမ ခွင့်ယူလို့ တခြားဆရာမတစ်ယောက် အစားထိုး လာသင်တယ်
ဖြစ်ချင်တော့ အဲဒီဆရာမက ကိုယ်ဝန်ကြီးနဲ့
သူက ဆရာမကို သွားပြောတယ်... ...

"ဆရာမ ဘာလုပ်လို့ ဗိုက်ကြီးစူနေတာလဲဆိုတာ သားသိပါတယ်နော်" .. တဲ့

ဟိုက ရှက်ရှက်နဲ့ တီးလွှတ်လိုက်တာ သူ့ခမျာ ဘုမသိ ဘမသိနဲ့ တော်တော်အီသွားတယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်ခန်းစာ။. ။ သိတိုင်းလည်း ဆရာကြီး မလုပ်နဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/thanlayko