ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, June 8, 2013

အိမ်ထောင်ဆိုတာ(ဟာသ)

 
အိမ်ထောင်ဆိုတာ


8/6/2013


သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”


ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။
အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဥာဏ် ပိုလာသလား”

ပါပု – “ဆင်ခြင်ဥာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”

ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု – “မိန်းမဆိုတာဘာလဲ”

ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်



Thit Yar Aik

အေးချမ်းမွန် Copy & Credit To >> Myanma Light << Thank

No comments:

Post a Comment