ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, August 30, 2014

အဖြူလား အမဲလား

အဖြူလား? အမည်းလား?
===============
ကျနော်မူလတန်းတုန်းကပေါ့….
အတန်းထဲကသူငယ်ချင်းတစ်ယောက်နဲ့ အကြောင်းအရာတစ်ခုကို အပြင်းအထန်ငြင်းခုန်နေခဲ့ကြတယ်…။ ကျနော်တို့ငြင်းခုန်နေခဲ့တဲ့ အကြောင်းအရာကို မမှတ်မိတော့ပေမယ့်.. အဲ့ဒီနေ့ကရခဲ့တဲ့ သင်ခန်းစာကိုတော့ ကျနော့်တစ်သက် မမေ့နိုင်ခဲ့ပါဘူး..။
အဲ့ဒီနေ့က ကျနော်ကကျနော်ဘက်ကအမှန်၊ သူ့ဘက်ကအမှားလို့ လက်ခံယုံကြည်ထားသလို သူငယ်ချင်းကလည်းသူ့ဘက်ကသာအမှန်၊ ကျနော်ကအမှားလို့ အခိုင်အမာယူဆထားကြတယ်…။
ဒါကိုဆရာမကသိတော့ …ကျနော်တို့ကိုဆုံးမချင်တာနဲ့ အတန်းရှေ့ ကိုခေါ်ထုတ်လိုက်တယ်…။ ကျနော်နဲ့ သူငယ်ချင်းကို ဆရာမကသူ့စားပွဲခုံတစ်ဖက်စီမှာနေရာယူခိုင်းလိုက်တယ်..။

ဆရာမရဲ့ စားပွဲပေါ်မှာတော့ အတော်သင့် ကြီးမားပြီးလုံးဝန်းတဲ့ အရာဝတ္ထုတစ်ခုကိုတင်ထားတယ်…။ကျနော် ရှင်းရှင်းလင်းလင်းကြီးမြင်နေရတာပဲ…အဲ့ဒါဟာအမည်းရောင်ဆိုတာ…။ ဆရာမကဒါဘာအရောင်လဲမေးတော့ ယုံတောင်မယုံနိုင်အောင်ပဲ တစ်ဖက်ကသူငယ်ချင်းကအဖြူရောင်ပါလို့ ဖြေလိုက်တယ်…။ အဲ့ဒီမှာပဲကျနော်နဲ့ သူငယ်ချင်းအဖြူအမည်းအငြင်းအခုန်သစ်တစ်ခုပါ ထပ်တိုးလာတယ်…။
ဒီတော့ဆရာမကဆက်မငြင်းဖို့တားပြီး ကျနော်နဲ့ ကျနော့သူငယ်ချင်းကိုနေရာချင်းလဲဖို့ပြောတယ်…။ ကျနောလည်းသူ့နေရာသွား သူလည်းကျနော့နေရာလာတယ်..။ ကျနော်တို့လည်းနေရာလဲပြီးရော ဆရာမကဒီအရာဝတ္ထုရဲ့  အရောင်ကိုထပ်မေးပြန်တယ်…။ ကျနော်လည်းဖြေဖို့ အရာဝတ္ထုကိုကြည့်လိုက်တော့ အဲဒါဟာတစ်ဖက်စီမှာမတူတဲ့အရောင်သုတ်ထားတာကိုး…။ ကျနော့ဘက်မှာအမည်းရောင်ဖြစ်ပြီးသူငယ်ချင်းဘက်မှာကအဖြူရောင်ဖြစ်နေတာ…။ ဒီတော့မှ ဆရာမကဆုံးမတယ်…
“သားတို့… ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ကိုယ့်တစ်ဖက်သတ်ဘက်ကအမြင်မှန်တယ်ဆိုတိုင်းကိုယ်မှန်တယ် သူမှားတယ်လို့ မဆုံးဖြတ်သင့်ဘူး…ဒီပြဿနာကိုပဲသူ့ဘက်ကဘယ်လိုရှုမြင်တယ်…ဘယ်လိုခံစားတယ်ဆိုတာကိုလည်းဝင်ကြည့်သင့်တယ်…။ ကိုယ်ချင်းစာကြည့်သင့်တယ်…”
လို့…တစ်သက်စာတန်ဖိုးရှိတဲ့ အဆုံးအမပေးခဲ့တယ်…။ ။
ဦးသုည… စကားလုံးဖလှယ်သည်…။

No comments:

Post a Comment