ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, April 4, 2013

ဝရမ်းပြေး(၂)

  https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQpkY1eEsgzN4sBbV1QSkvvzdtaHnCw1VQCtJKjuXuR4-UMzzC0bB7dFrU4jJUEMjg4NI6J70Bzm8B7_uj2_IB1d5w0s3iChOh2XK5cYAw56AFdOKOzT-2cEN94KGAfGpRbQSLMkOqOf4/s1600/67862_499599073435205_1707496616_n.jpg
တဲအတွင်းရှိ လူမောင်နှင့်မယ်အိတို့ကို သွားကြည့်ကြသောအခါ၊ ရန်ညှိုးကြီးကြီးနှင့် အကြိမ်ပေါင်း မြောက်မြား စွာ နောက်ထပ်ခုတ်ထစ်ထားသော ဒါးဒဏ်ရာများနှင့် ဦးနှောက်ထွက် ဗိုက်ပေါက် နေသော လူမောင်၏ အလောင်းနှင့် လည်ပင်းတိတိယိယိပြတ်နေသော မယ်အိတို့အ လောင်းကို တွေ့ရသောကြောင့်၊ တရွာလုံသနားစုတ်သပ်၍ မဆုံးရှိလြေ၏. တချို့ကလည်း။


"သူ့မယားခိုးတဲ့ကောင် သေတာတောင်နဲသေးတယ်" လင်ငယ်နေတဲ့မိန်းမလဲ ဒီလိုဘေးဆိုးမျိုးနဲ့ တွေ့မှ ကောင်းတယ်။

ဘယ့်နှယ်တော်လင်က တောင်တဲနေရရှာတဲ့အခိုက်မှာ မယားက ဒီလို ရက်ရက်စက်စက် လင်ငယ် ယူပစ်လိုက်တာကောင်းရော့မလား၊

မတရားလို့ ဘုရားပြတာဟု ပြောကြလျှက်၊ အချို့ကလည်း မယ်အိဘက်မှ ရှေ့နေလိုက်ခါ-

"ဒီလိုဖြစ်တာ မယ်အိလဲအဆိုးမဆိုသာဘူး၊ သူ့ခမြာစာရမဲ့ သောက်ရမဲ့နဲ့ လင်လုပ်တဲ့ အကောင် ကလ

ဲထောင်ထဲကထွက်ရတယ်မရှိတော့ ဖြစ်မိဖြစ်ရာဆိုတာကို အားကိုးရာမဲ့ လူမောင်နဲ့ တွေ့ တော့ယူလိုက်တာဘဲ

သူမတော့ ဒီကောင်မလေး ကံဆိုးရှာတာပေါ့လေ၊

လူမောင်ကလဲ သနားလို့ ကြည့် ရှုစောင့် ရှောက်ရာက သနားလွန်းလို့ တဏှာကျွန်ဖြစ်သွားရရှာတာပါ"ဟု

ဘုရားတကာပိုင်းကျောင်းအမပိုင်းနှင့် လူငယ်လတ်ပိုင်းတို့တွင် ကိုယ့်အတွေးနှင့် ကိုယ်အမျိုးမျိုး အထွေထွေ ပြဿနာဖြေ၍ နေကြလေ၏။

ရွာသားများလက်မှ လွတ်ထွက်သွားသော ရာဇ၀တ်ကောင်ကိုမူကား နောက်တနေ့ ပုလိပ်များနှင့် တောနက် ရှာကြလေ၏။

ဘိုးဒန်မှာ ထောင်ပြေးဖြစ်နေရာတွင် ရက်စက်သောလူသတ်မှုကြီးကို ကျူးလွန် တိမ်းရှောင်နေသူ ဖြစ်သောကြောင့်၊

ပုလိပ်အရာရှိများမှာ မနေမနားကြိုးစား၍ လိုက်နေရ လေ၏။

ဘိုးဒန်ရှောင်ပုန်း နေသော တောအတွင်းသို့ ခြေရာချင်းထပ်အောင် ရှာဖွေနေရသည် တိုင်အောင် အထက်ရာရှိကြီးများကလည်း

ဤမျှ ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်သူ ထောင်ပြေး အား၊ အပူတပြင်းလက်ရဘမ်းဆီးရန်၊

အမိန့်ထုတ်ပြန်ထားရုံမက ဆုငွေငါးရာနှင့် ပင်လူပုံစံပေး၍၊ မြန်မာ တပြည်လုံး အနှံ့အပြား ကြော်ငြာထားပြန်သောကြောင့်၊

လက်အောက် ရာဇ၀တ်အမှုထမ်း များမှာ နေ့ည မနား၊ ရှေးကထက်ကြိုးစားရလေသတည်း။

ဘိုးဒန်ဝေးဝေးမပြေးဘူး ၊ ရွာနားကတောထဲမှာဘဲ ရှိသည်ဟူသော သတင်းမှာ အနံ့ထွက်လာလေ ၏။

ပုလိပ်များလည်း တောနင်းကာ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာက၊ ဤသတင်းကိုကြားရသော အခါ၊ မခံ နိုင်အောင် ရှိကြလေ၏။

သတင်းကြားသူကို မရအရပိုက်စိတ်တိုက်၍၊ လိုက်လံစုံစမ်း သောအခါ ရွာမှ ယာလုပ် ထင်းခုတ် ထွက်ကြသူများထံမှ

တောစပ်တွင် ဘိုးဒန်ရိပ်ခနဲ ဖြတ်ပြေး သည်ကိုတကိုယ်လျှင် နှစ်ကြိမ် သုံးကြိမ်မျှ တွေ့မြင်လာကြကြောင်း အစစ်ခံချက်ရလေ၏။

ထို့ကြောင့်အထူးဝတ္တရားနှင့်ရောကလာသော ရာဇ၀တ်အုပ်ကိုဘိုးကွန်းမှာ မိမိတို့ဤမျှရှာဖွေ နေပါလျက်၊ မတွေ့မမိရမလား။

ဟုရှူးရှားရှား ဒေါပွကာ၊ လက် အောက်အမှုထမ်းပုလိပ်များနှင့် ရွာသားများကိုပါ ဆင့်ခေါ်ပြီး၊

တောကြီး တလျှောက် သို့ ဖက်ရွက်ချောက်မျှမကျန် မြေလှန်၍ ရှာကြပြန်လေ၏။

သို့သော်လည်း ဘိုးဒန်၏ အရိပ်အစ မျှ မတွေ့ရရာဇ၀တ်အုပ် ကိုဘိုးကွန်းကလည်း လုံးလမလျှော့ဘဲ၊

တောကြီး မျက်မဲတွင် မရမနေ ရှာဖွေ ၍ နေတော့၏။အစာပြတ် ရေငတ်နှင့် မရပ်မနားရှာဖွေလာကြပါသော်လည်း

လေးငါးရက်ခရီး ရှိသည်တိုင် မထူးခြား ခဲ့သောကြောင့် စိတ်အားလျှော့ကာ ဆိပ်ပေါက်ရွာသို့ တလှည့်ပြန်လာခဲ့ကြရပြန်လေ၏။

ရွာသို့ ရောက်လျှင်ပင် ရွာကလူများမှာ ဋ္ဌာဏာအုပ်နှင့် သူကြီးထံသို့ အူယားဖါးယားပြေးလာကြ ပြီး

"သူကြီးမင်း - သူကြီးမင်း- ဘိုးဒန်ကို ဘမ်းလို့ မမိခဲ့ဘူးလား၊ ဘာမိမလဲဗျ၊ ဘိုးဒန်က ဒီရွာထဲ ရောက်နေ တာကလား"ဟု

ဆီးပြောကြသောကြောင့် ရာဇ၀တ်အုပ်ရော သူကြီးပါ မိမိတို့မောဟိုက် စွာရှာခဲ့ရသည်ကို သက်ပြင်းချ လိုက်ကြလေ၏။

"ဘယ်မလဲကွ၊ ဒီအကောင်ရွာထဲလာတယ် ဟုတ်လား၊ မင်းတို့ကဘာလို့ ဘမ်းမထားကြသလဲ။

မင်းတို့က ဒီဝရမ်းပြေး ကို လက်ခံထားကြတယ်ပေါ့လေ"ဟု ရာဇ၀တ်အုပ်ကိုဘိုးကွန်းက ပုလိပ်ပြီင်္ပြီ ရွာသားတွေကို ကြိမ်းလေ၏။

ရွာသားများမှာ အကျိုးလို လို့ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့ဆို သလိုပြောသည့်အတွက် အခက်ကြုံရတော့မလို ရှိကြ၏။

သို့ရာတွင် ခပ်စွာစွာရွာသားတစ်ဦးက

"ဟာ ကျွန်တော်ဘာလို့ လက်ခံရမှာလဲဗျ၊ လက်ခံမထားလို့ ဖမ်းပေးရမှာကလဲ၊

ကျွန်တော်တို့ လက်ထဲမှာ လက်နက်ဆိုလို့ နစ်ဘက်ချွန်မှမရှိတဲ့ဟာ၊ ဘယ့်နှယ်လုပ်ဘမ်းမလဲ၊

ဘိုးဒန်လက်ထဲ မှာသွေးစီး နီနီရဲရဲတွေ ခြောက်နေတဲ့ ဒါးကြီးကိုင်ရက်မြင်ရတယ်ဗျ၊ သူကမျက်နှာကြီးကလဲ၊

အဲဟိုညက၊ မယ်အိတို့ကို ခုတ်သတ်တဲ့ မျက်နှာထားမျိုးကြီးအတိုင်းဘဲ၊ ဒီရွာထဲမှာ ဘယ်သူ့ကို များသတ်အုံးမယ်လို့လဲ မပြော တတ်ဘူး"ဟ

ု ပြူးပြူးပြာပြာပြောလေ၏။

"ဟေ့နေပါအုန်း၊ မင်းတို့ဘယ်လိုမြင်ရသလဲ၊ ဘယ်နေရာမှာမြင်ရတာလဲ"

"မယ်အိတို့တဲကလေးရှေ့မှာဘဲဗျ၊ လရောင်အောက်မှာ ဒါးမကြီးတမမနဲ့ ခေါက်တုံ့ခေါက်ပြန် ရှောက် နေတာဘဲ၊

ကျွန်တော်တို့လဲ အဝေးကသာ ချောင်းကြည်ဝံ့တာ၊ လူမြင်ရင် မြင်တဲ့လူ လိုက်ခုတ်မှာ စိုးရ သေးတယ်၊"

"အခုရှိသေးသလား"

"ဘယ်သိမလဲဗျ၊ သူ့အိမ်နားမကပ်ဝံ့ဘဲ"

"နေ့ခင်းတော့ အိမ်ရှေ့ထွက်တာ မမြင်ရဘူးလား"

"နေ့တော့ မမြင်ရဘူး၊ ညမှမြင်ရတယ်၊ သိပ်ရဲတဲ့လူဗျ ဒီလူဟာထောင်ကလဲ ထွက်ပြေးနိုင်၊

ပုလိပ်တွေ ဒါလောက် လိုက်နေတာ သိရက်နဲ့များ ဒီလိုရဲရဲကြီး လာဝံ့တာအံသဗျာ၊ ကျုပ်တော့ မဟုတ်မှလွဲရော၊

ဒီလူမှာ စွတ်တာ တခုတော့ ရှိပြီထင်တယ်၊ မစွမ်းဘဲနဲ့ ဒီလောက်အတင့်မရဲဝံ့ဘူး"

ဟုတ်တယ်- သူကြီးမင်းရဲ့၊ ဟိုတလောက သာစည်နယ်မဲတောရွာက စံဖဲလိုလူသားမျိုးထင် တယ်၊

သူ့ကိုပုလိပ်တွေလိုက်နေမှန်း သိရက်နဲ့၊ ဒီနားတ၀ိုက်က ဘယ်မှမပြေးဘဲ နေရုံမကဘူး ကြည့်ပါ အုံး၊

ပုလိပ်တွေက တောနင်းရှာတုံး သူကရွာထဲလာပြီး လူယောင်ပြတယ်၊ ပုလိပ်တွေ ရွာထဲရှိတဲ့ အခါတော့လဲ တောထဲက ရိပ်ခနဲ လူမြင်အောင်ပြတယ်၊

လက်ကဒါးမကြီးလဲ ဘယ်တော့မှမချဘူးတဲ့၊ သိပ်စွမ်းနေတဲ့ လူဘဲဟု ပြောကြရာ၊

ရာဇ၀တ်အုပ် ကိုဖိုးကွန်းမှာ ပုလိပ်တွေအများနှင့် လာဘမ်းသူ ဖြစ်ပါလျှက် ၀ရမ်းပြေး ဘိုးဒန် ဤမျှဇက်ရဲနေသည်ကို မခံနိုင်အောင် ရှိတော့၏။

"ဟေ့- ဒီနေ့ကြည့်ကြကွယ်၊ မြင်တာနဲ့ တပြိုင်နက်ထဲ ငါ့လာပြောလှည့်ကြ၊ အိမ်ကိုပုလိပ်ဝိုင်း ပြီးဘမ်းရင် မင်းအကောင်ခံနိုင်မလားဟု

ကြိမ်းဝါးကာ ရွာသားများအား အရိပ်အဆင်စောင့်ကြည့် စေပြီးမိမိတို့ကား အစားအစာအတော်ပင် ငတ်ပြတ်လာသည့်အားလျော်စွာ

ရွာကခန့်ခွဲရရှိသော ဆန်-ဆီ-ငရုပ်- ကြက်သွန်တို့ဖြင့် ကြက်လေးငါးကောင်ကို တပည့်ပုလိပ်များ ချက်ပြုတ်နေကြ သည်ကို

ထန်းရည်ကလေး တမြမြနှင့် သူကြီးအိမ်ရှေ့ ကွပ်ပြစ်ပေးမှ ထိုင်၍စောင့် နေလေ၏။ အချိန်လည်း မီးခွက်ထွန်း သာသာရှိလာ၏။

ဆာလောင်မွတ် သိပ် ခြင်းကလည်း ပြင်းထန်လာရ ကား......."

"ဟေ့ကောင် တွေ ချက်လို့်မပြီးသေးဘူးလားကွ- ဆာလှပြီ၊ ထမင်းမြန်မြန်ပြင်ပါတော့ကွ"

ဟု အိမ်ရှေ့ဆီမှ အော်ဟစ်လိုက်သောကြောင့်၊ ဟင်းအိုးအနီးတွင် ကြက်ခြေထောက်ရိုးနှင့် ထန်းရည် ခါးကို

ို မြီးနေကြသော ပုလိပ်အမှုထမ်းကလေးများသည် ပြာရီးပြာရာ ထမင်းပွဲပြင်ပြီး ဆရာ့အနီးသို့ ယူလာကြ လေ၏။

ကိုဖိုးကွန်းသည် အလွန်အမင်း ဆာလောင်၍ ၀မ်းဟောင်နေရာတွင် အငွေ့တထောင်းနှင့် ပြင်လာ သော

ထမင်းပွဲရံကြီးကို ကြည့်ပြီး ကြေနပ်ခြင်းကြီးမက ကြေနပ်သွားလေ၏။

အငွေတထောင်း ထောင်းနှင့် မောင်းထောင်းဆန်ကိုချက်ထားသော ထမင်းမှာ သင်းပျံ့ မွေးကြိုင်သော အနံ့ကို

ပြန့် နှံ့ဝေငှပြီးလျှင် ဆနွင်းဝါ၀ါနှင့် တောလိုက်ဘာသာဖြစ်သလို ချက်ထားသောကြက်သား၊ ဟင်းကလေး မှာလည်း မွေးကြိုင်လှသော

ယနံ့ထောင်းထောင်းဖြင့် နှာခေါင်းကိုထိစေငြိစေလေ၏။

ကြက်မြစ်ကြက်သဲ တွေကိုလည်း ပန်းကန်ကြီးတချပ်နှင့် သီးခြားကြော်ထဲ့ထားလျက်

ငြုပ်သီးစိမ်း နှင့်ကြက်သွန် ကိုသံပုရာရည်ညှစ် ထာသောချပ်တနီး ကလေးကလည်း မွေးချင်တိုင်းမွေးနေတော့ ၏။

အားရပါးရ လွေးတော့မည်ဟု ထန်းရေးအိုကို ဖယ်ခါ ဇလုံပန်းကန်တွင် လက်ဆေးပြီး ထမင်းပွဲထဲသို့ လက် စိုက်မိသည်နှင့် တပြိုင်နက်

ရွာသားတယောက်သည် သုတ်သီးသုတ်ပြာ နှင့် အပြေး ရောက်လာသောကြောင့်

သူကြီးအိမ်သားများ ပုလိပ်များနှင့် ကိုဘိုးကွန်းပါ အံ့အားသင့် ခြင်းဖြင့် ကြောင် တက်တက်ကြီး ငိုင်ကြည့်နေကြရတော့၏။

ပြေးလာသူလည်း ကိုဘိုးကွန်း အနီး သို့ကပ်ခါ......

"ဆရာ-ဆရာ၊ ဟိုမှစံဖဲ- အဲလေ၊ ယောင်လို့- ဘိုးဒန်- ဘိုးဒန်ရောက်နေပြီဆရာရဲ့၊ တဲရှေ့မှာ မတတ်တတ်ကြီး ရပ်လို့ လက်ကလဲ ဒါကြီးနဲ့ဘဲ"

ဟု မောဟိုက်ပင်ပန်း ကမန်းကတန်း ပြောလေရာ တအိမ်သားလုံး ဒိတ်ခနဲ ဖြစ်သွားကြသော်လည်း

ကိုဘိုးကွန်းမှာမူကား ထမင်းစားရန်ကိုမျှ သတိ မရတော့ ဘဲ ဆပ်ခနဲ ခြောက်လုံးပြူးကို ဆွဲနှုတ်ခါ..

"ဟေ့ ဘယ်မလဲကွာလာ- လာ- သွားကြမယ်၊ ဟေ့ကောင်တွေအားလုံး ဒါလွတ်တွေချွတ်ကိုင် ခဲ့ကြ၊

ဟိုရောက်ရင် ခပ်လှမ်းလှမ်းကနေပြီး မင်းတို့လက်ချင်းဆက်ပြီး တခါထဲဝိုင်းထားကြ။ လာဟေ့သွား မယ်။"

ဟု ဆိုဆိုပြောပြော။ ဒေါရောမောရော ကသောကမြောထွက်ခဲ့ရာ။ ပုလိပ်အမှုထမ်းတွေလည်း ထမင်းပွဲကြီးတန်းလန်းမျှ မသိမ်းနိုင်ကြတော့ဘဲ။

ကိုဘိုးကွန်းနောက်သို့ လိုက်ပါခဲ့ကြရလေ၏။

သူကြီး မှာလည်း မနေသာသဖြင့် ရွာသားများကို စုရုံး ခေါ်ယူကာကိုဘိုးကွန်းသွားရာသို့၊ ကူညီရန် လိုက်ပါလာကြရပြန်သဖြင့်၊

အိမ်တွင် လူရှင်းသွားလေ၏။

သူကြီးကတော်နှင့် ကလေးများမှာလည်း ၊ စားမည့်တန်းလန်း ထမင်းပွဲကြီး ကို မသိမ်းရသေးဘဲ

ပြန်လာလျှင် အဆင်သင့်စားရန် ပြင်ထား သော အိမ်ရှေ့ဝါးကွပ်ပြစ်ပေါ်မှာပင်၊ သံဆကာအုပ်ဆာင်း အုပ်ထားလိုက်ရလျှက်၊

မိမိတို့မိသားတစု မှာ နောက်ထပ်အိမ်ပြင်လည်း မထွက်တော့ဘဲ။

တရွာလုံး တိတ်ဆိတ်၍ အထိတ်တခန့်ဖြင့် သွားကြသလို ကိုယ်စီ ကိုယ်စီ ကိုယ်ဘေးကိုယ် မြင်သဖြင့် အိမ်တွင်းမှပင်တံခါးကို လုံခြုံစွာပိတ် ပြီး၊

ဘိုးဒန်ကို ဘမ်းဆီး၍ မိပြီဆိုသော သတင်းကိုနားစွင့်နေကြရတော့သည်။

သူကြီးကတော်လည်း။ အတန်ကြာ ငြိမ်ဝပ်စွာ နားစွင့်နေရာမှ၊ ရွာလည်ဆီကဒိန်းကနဲ- ဒိန်းကလဲ သေနတ်သံ နှစ်ချက်ဆင့်၍ ကြားလိုက်ရသဖြင့်။

တောပုန်း ၀ရမ်းပြေးကြီး ဘိုး ဒန်ကိုမိလေပြီဟု၊ အသင့်တင့်စိတ်အေးသွားမိလေ၏။

ထို့နောက်တခဏမျှကြာသောအခါ ထမင်းပွဲပြင်ထားသော အိမ်ရှေ့ ကွပ်ပြစ်စီမှ ပန်းကန်းသံဇွန်းသံတွေ ကြားရသဖြင့်

ရာဇ၀တ်အုပ်ကိုဘိုးကွန်းတို့ ပြန်လာကြ ပြီအထင်နှင့် အိမ်တံခါးပေါက် သို့ ကပြာကရာလာကြည့်မိသောအခါ။

သူကြီးကတော် နှင့် အိမ်သား တစုမှာ၊ နဂိုက ပူနေအောင် ကြောက်ကြရာတွင် အိမ်ရှေ့ကွပ်ပြစ် ထမင်းပွဲ မှာ ကိုဘိုးကွန်းတို့ မဟုတ်ဘဲ၊

ဝါးရမ်းပြေးဘိုးဒန် ဖြစ်နေလျှက် ကိုဘိုးကွန်း တို့စားရန် အသင့်ပြင်ထားသော ထမင်းပွဲ ကြီးကို ပိုင် စိုးပိုင်နင်း အခန့်စားထိုင်းစားနေရုံမက၊

စားပြီးသော ဇွန်းများ ပန်းကန်များ ကိုပင်၊ ဂျိုးဂျိုး ဂျောင်းဂျောင်း၊ မြည်အောင် ပေါက်ချလွင့်ပစ်နှင့်

လုပ်ချင်သလို မလေးမခန့်လုပ်နေသည်ကို တွေ့ရလေ၏။

ဘိုးဒန်၏မျက်မှာကြီးမှာလည်း လွန်စွာကြမ်းတမ်းခက်ထန်ျးက်၊ လက်တဘက် က ဒါးကြီးကိုလည်းမချ၊

တင်းကြပ်မြဲမြန်စွာ ဆုပ်ကိုင်ထားသည်ကိုကို တွေ့ရပြီး၊ အင်္ကျီတုံးလုံး အောက် ပိုင်းတွင် နံငယ်ကလေးမျှ ဖုံးထားသောဘိုးဒန်၏ ကိုယ်ကြီးမှာလည်း။

ယခင် ကထက် ကြီးမားထွား ကျိုင်းနေသည်ကို တွေ့မြင်ရလေ၏။

သူကြီးကတော် နှင့် အိမ်သားများမှာ ပုလိပ်တွေနေတ်ဒါးလှန်တို့နှင့် ၀ိုင်းအဘမ်းခံရသူတောပုန်း ၀ရမ်းပြေးကြီး ဘိုးဒန်၏ရဲရင့်ပုံကို၊

အသည်းဆပ်ဆပ်တုန်းအောင်ကြောက်ရွံ့လျက် အိမ်ထဲသို့ ရုတ်ရက် ၀င်မလာ နိုင်ရန်၊ တံခါးကို အမြန်ပိတ် ပြီး ကြိတ်မြုံနေရရှာလေ၏။

ဘိုးဒန် ကား ပုလိပ်တွေ စား မည့် ထမင်းပွဲကို၊ ဗိုက်ပြဲဗိုက်သန်း အ၀နှံပြီး။ ပန်းကန်ခွက်ယောက်တွေ ကန်ကြေက်ပေါက်ခွဲကာ၊

ရွာပြင်သို့ ပြန်ထွက်သွား လေတော့၏။

သူကြီးကတော်နှင့် အိမ်သားများလည်း။ ကြောက်ရွံ့ငြိမ်သက်စွာကြည့်နေကြ၍၊

အတန်ကြာမှ သူကြီးနှင့် ရာဇာဝတ်အုပ် တို့ လူစုဆူဆူညံညံဆဲဆိုမန်မဲကာ ရောက်လာကြလေသည်။

သူကြီးကတော် လည်း။ သူကြီး နှင့် ကိုဘိုးကွန်း တို့ဆီသို့ အူယားဖားယားပြေးထွက်လာ၏။

ရာဇ၀တ်အုပ်နှင့် သူကြီးတို့မှာ မကြေမချမ်း တဖြစ်တောက်တောက် ရေရွတ်နေကြလေ၏။

’’လွတ်သွားတာ နာသဗျာ သူကြီးရယ်။’’

’’ဟုတ်ပါရဲ့ ရာဇ၀တ်အုပ်မင်းရယ်။ ဒီ-တခါတော့ ပုလိပ်တွေလက်ချင်းဆက်ပြီိး။

ပိုင်ပိုင်နိုင်နိုင်ကြီး ၀ိုင်းမိပါရက် နဲ့ ဒီလိုဖြစ်ရတာ သိပ်အခံရခက်ထာဘဲဗျာ။’’

’’၀ိုင်းမိတာထက်သူကြီးနဲ့ ကျွန်တော်နဲ့ ဒီကောင်တဲထဲဝင်ပြေး-ပြေးချင်းလိုက်တယ်မဟုတ် လားး။’’

တဲထောင့်ကြားမှာ ဒါးကြီးတန်းလန်း နဲ့ ဒီကောင်ကို ကျုပ်ကပိတ်နေလို့။ ခြောက်လုံးပြူးနဲ့ တေ့ချိတ်ပြီးလက်နှိပ်ဓါတ်မီး ထိုးကြည့်တော့လဲ ။

ထူအမ်းအမ်းဖောသွတ်သွတ် မျက်နှာကြီးမှာ အဆီတွေဝေပြီး ပါးမြိုင်းမုတ်ဆိတ်တွေကလဲ

ဝက်မွေးလို ထိုးထိုးထောင်ထောင်ကြီး နဲ့ ဖြဲစပ်စပ်ကြီး ကျုပ်ကိုလှမ်းကြည့်နေတာဘဲ။

သူ့လက်ထဲက ဒါးကြီးကို ချခိုင်းတာ မချတာ နဲ့ ဒေါသထွက်ပြီး သေနတ်ကိုနှစ်ချက်တေ့ပြီး မောင်းဖြုတ်ချလိုက်တာ

ကျုပ် အထင်တော့ အူတွေထုတ်ခြင်း ပေါက်ထွက်ပြီး သေပြီထင်လိုက်တာ ၊ခွေးသားအတော်ခံနိုင်ရေရှိတယ်။

ဘာမှ မဖြစ်ဘူးဗျို့၊ ကျုပ်မျက်နှာကို သူ့ကိုယ်လုံးကြီးနဲ့ ပစ်တိုက်ပြီး ၀ှီးကနဲအပြင်ထွက်သွားတာဘဲ၊

ဒီကောင် သေနတ်များ ပီးလေသလားမသိဘူးဗျာ၊ထူးတော့အတော်ထူးတာဘဲ။

’’ကျွန်တော်တော့ သေနတ်ပီးရုံတင်မကဘူး ကိုယ်ပျောက်အတတ်ပါတတ်တယ် ထင် တာဘ။ဲ

ဘာပြုလို့လဲ ဆိုတော့ ဒီကောင်တဲထဲက ထွက်ပြေးလာတော့ တဲပြင်မှာလဲတဲကို ပုလိပ်တွေကရော ရွာသားပါ လက်ချင်း ဆက်ပြီး ၀ိုင်းထားတယ်ဗျာ။

ဒီလောက်ကြပ်ကြပ်တဲထဲ ၀ိုင်းထားတဲ အထဲရှာလို့မရအောင် လွတ်ထွက် သွားတာ။

ဒီကောင်ကိုယ်ပျောက်မတတ်ရင် ငှက်မို့ပျံမလား၊ နဂါးမို့ မြေလျှံသွားနိုင်သလား၊ စဉ်းစားကြည့်စမ်းရာဇ၀တ်မင်းရဲ့၊

ဘယ်နည်းနဲ့မှ မဆိုဒီအကောင်သေနတ်ပီး ဒါးပြီးနဲ့ ကိုယ်ပျောက် အတတ် ရှိရမယ့် တကယ့်လူစွမ်းကောင်းကြီးဘဲ။’’

ဒါကြောင့် ဒီလောက်တောင် ရဲပေတာ ပေါ့ဗျာ။

သူကြီးပြောသလိုလဲ တွေးနိုင်တာဘဲဗျို့ ကျုပ်လဲဒီကောင်ကြီးရဲ့ ထူအမ်းအမ်းစပ်ဖြဲဖြဲမျက်နှာကြီးကို မြင်ပြီး ကြက်သီိးထ သလိုလိုတောင်ဖြစ် လာသည်။

’’ ဒီလိုအစွမ်းသတ္တိရှိတဲ့တောပုန်း ၀ါးရမ်းပြေး ဖမ်းရတာ သိပ်ခက်တာဘဲဗျာ။

သာစည် နယ်မှာပေါ်ဘူးတဲ့ စံဖဲလိုအကောင်မျိုးနဲ့ တူတာလို့ ဖြစ်ရတာ မဟုတ်လား။ ကဲဗျာ- ဒါတွေထားပါအုံး၊

ဒီနေ့မမိလဲ တနေ့နေ့တော့မိအောင် ဖမ်းရမှာဘဲဗျာ။

ဒါကြောင့် ကျုပ်လဲ ထမင်းစား မဲ့ တန်းလန်းကြီးက ထပြေးရတာခုမှဆာရမှန်း ပြန်သတိရလာတယ်ဗျို့။

ထမင်းစား လိုက်ကြ ဦးစို့။ဟုပြောကာ ကိုဘိုးကွန်းသည် အခွံချည်းသက်သက် ဗြောင်းဆန်မှောက်လန်နေသော

ထမင်းစားပွဲနား သို့ ရောက်သွားလေသည်။ ”ဟောဗျာ- ထမင်းတွေ ဟင်းတွေ ပြောင်ကုန်ပကော။”ဟု အံ့သြနမြောသောမျက်နှာနှင့်ပြောလေ၏။

သူကြီးမှာလည်း အားတုန်အားနာကြီးဖြစ်ခါ-’’ဟင်-ဟုတ်ပါရဲ့ ဟဲ့-မလေး ထမင်းပွဲံကြီး ဘယ်လိုဖြစ်တာတာလဲ ၊

ညည်းတို့ကလဲ အိမ်မှာ နေရစ်ပြီးတော့ ဘာမှပြန်မကြည့်ကြဘဲကိုး’’ ဟုမြည်တွန်တောက်တီးလေ၏။

သူကြီးကတော် လည်း တုန်တုန် ရီရီကြီးနှင့်- အမယ်လေးမောင်ရင် ကျုပ်ကိုအပြစ်တင်မစောပါနဲ့အုံး ၊

ထမင်းပွဲကြီးကို ရာဇ၀တ်မင်း တို့ပြန်လာတော့စားရအောင်လို့ ကျုပ်ကိုယ်တိုင် သေသေချာချာ အုပ်ဆိုင်း ထားပါတယ် တော်။

’’ဟဲ့-မလေးရ အုပ်ဆိုင်းထားရင် ခုမြင်ရတာက ဘယ်လို ဖြစ်ရတာလဲလို့၊

ထမင်းတွေဟင်းတွေ ခွေးယက် သလို ပြောင်နေပြီ ဒါတွေဘယ်သူလာစားသလဲ။

ဆက်ရန်။
 
 
အပိုင်း ၃ ( ဇာတ်သိမ်း)

No comments:

Post a Comment