ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, March 22, 2014

ထိမ်းသိမ်းသတိ



ဒေါသအမျက်
ချောင်းချောင်းထွက်လည်း
ထွက်သည့်ခန္ဓာ
လောင်ကျွမ်းတာမို့
ပူလောင်ဆွေးပျက်
ထိုအမျက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲလော့။ ။

လောဘရမ္မက်
ဟုန်းဟုန်းတတ်က
တတ်သည့်ခန္ဓာ
ပျက်စီးရာမို့
ပုတ်ဟောင်ကျိုးပျက်
လောဘရမ္မက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲလော့။ ။

မောဟမှောင်မဲ
ဥာဏ်မြင်နည်းက
နည်းသည့်ခန္ဓာ
လွဲစေရာမို့
ဝေဝါးလွဲချက်
မောဟနက်ကို
သတိကိုမြဲ
ဥာဏ်ကွတ်ကဲကာ
အလင်းရှာလော့။ ။

လောဘ-ဒေါသ-ထိုမောဟကား
ကောင်းကျိုးဘယ်ခါ
မရပါလည်း
သံသရာအဆက်ဆက်
နွံတွင်းနက်ဝယ်
ပျော်မွေ့ပွေလီ
ထုံပါရမီမို့
သတိလွတ်မြဲ
ကျူးလွန်နွဲကြ
သဘာဝမို့
ခဏခဏ
လက်တို့ရသည်
``သတိကိုမြဲ--- ဥာဏ်ကွတ်ကဲရန်--``

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

No comments:

Post a Comment