မိဘဆွေမျိုးညာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်းလေးဆယ်ကျော်ဖြစ်လာတော့ တစ်အိမ်လုံးမှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့နေရင်း၊ အိမ်ထောင်ကျနိုင်မဲ့အခွင့်အလမ်း
ဒီလိုနဲ့တစ်နေ့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော်သူခိုးတစ်ယောက်
သူခိုးလူမိပြီဆိုမှတော့
မျက်နှာငယ်လေးနဲ့၊ပြန်လွှတ်ပေးဖို့တောင်းပန်ရတာပေါ့၊ ဒီမှာတင်အပျိုကြီးဟာ
“နင်လူပျိုလား” လို့ သူခိုးကို မေးသတဲ့ဗျ။
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူးဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”တဲ့။
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိုးတဲ့သူခိုးထင်ပါရဲ့။
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အမကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို့ တောင်းဆိုလိုက်တော့ အပျိုကြီးလည်း
သူခိုးရဲ့လက်ကို ဂျိုင်း ကြားမှာ ခပ်တင်းတင်းညှပ်ထားရင်း
ကျန်တဲ့သူ့လက်တစ်ဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ကနဲခြစ် လိုက် ရောပေါ့
ကိုရင်ရယ်။
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်းစားထပ်ခြစ်ရှာပါတယ်။
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်နဲ့တင်
ဆုံးဖြတ်ချက်ချနိုင် သွားတယ်ထင်ပါရဲ့၊
“အမကြီးရယ်။သူကြီးအိမ်သာပို့ပါတော့”..ဆိုပဲ။
စာရေးသူ Min Din
“လူပျိုပါ”လို့လည်း သူခိုးကဖြေလိုက်ရော၊အပျိုကြီးဟာ “ဒီတစ်ခါတော့ဟန်ကျပြီဟဲ့” ဆိုတဲ့အတွေးနဲ့..၊ “ဒါဆိုနင် ငါ့ကိုလက်ထပ်ယူမလား၊ ယူမယ်ဆိုရင်ငါလွှတ်ပေးမယ်။မယူဘူး
အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ရွာထဲက သူခိုးမဟုတ်ပဲ၊ရွာကျော်ပြီးလာခိ
အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင်၊ သူ့ လူပျိုဘဝကို စတေးရတော့မဲ့အချိန်မို့..၊ “အမကြီးရယ်၊မီးခြစ် ကလေးတချက်လောက်ခြစ်ပါလားဗျာ”လို
အရေးထဲမီးခြစ်က မသုံးတာကြာလို့ထင်ပါရဲ့၊ ဖျတ်ကနဲသာတချက်သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါ လေရော၊ အပျိုကြီးကတော့ မီးခြစ်ကို ချပ်၊ချပ်၊ချပ်နဲ့ကြိုးစားပမ်း
ဒါပေမဲ့သူခိုးအတွက်ကတော့၊ ဖျတ်ကနဲ တစ်ချက်လင်းလိုက်တဲ့အလင်းရောင်
စာရေးသူ Min Din
No comments:
Post a Comment