အိမ်ထောင်ဆိုတာ
8/6/2013
သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။
အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”
သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဥာဏ် ပိုလာသလား”
ပါပု – “ဆင်ခြင်ဥာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု – “မိန်းမဆိုတာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
Thit Yar Aik
အေးချမ်းမွန် Copy & Credit To >> Myanma Light << Thank

No comments:
Post a Comment