ဇိမ်ခံသင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင်
သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း
တံငါသည် တစ်ယောက်နှင့် တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေးလှဲကာ ဆေးတံကိုခဲနေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌးကြီး စိတ်ပျက်သွားပြီး ဂရုဏာဒေါသောနှင့်မေးသည်။
”မင်းဘာလို့ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေတာလဲ” ၊
“မနက်အစောကြီးကတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီးပြီဗျ” တံငါကဖြေသည်။
“ ဟ ၊ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား”
“ ဖမ်းပြီး ဘာလုပ်ရမှာလဲ”
“ ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင်
မင်းလှေမှာ စက်တပ်လို့ရမယ်
စက်နဲ့ဆိုရင် ပင်လယ်ထဲအဝေးကြီးထွက်နိုင်မယ်၊ အဲဒီမှာငါးပိုရမယ်၊
အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင်
မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ဖမ်းတော့ ငါးပိုရမယ်၊
ငွေပိုရမယ်၊ လှေတစ်စီးက နှစ်စီးဖြစ်လာမယ်
ဒီထက်အမြောက်အမြားလည်းဖြစ်လာနို
သူဌေးတစ်ယောက်ဖြစ်လာမှာပေါ့ကွ”
သူဌေးကြီးက င်္ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။
” အဲဒီအခါကျတော့ ကျွန်တော်ကဘာလုပ်ရမှာလဲ”
“ အဲဒီအခါ မင်းငါ့လိုအေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ”
“ သြ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ”
( မူရင်း။ Anthony Demello ၏ How Much Is Enough )
No comments:
Post a Comment