ရွာတစ်ရွာက ထင်းခုတ်ရောင်းစားသော ကိုလူအေးသည် တစ်ရွာတည်းနေ မစံပါယ် ဆိုသော သူမအား ကြိတ်ပြီး ကြိုက်နေ၏။ မစံပါယ်ကလည်း ကိုလူအေးကို ပြန်ကြိုက်ပါသည်။ သို့သော် ကိုလူအေးက ဖွင့်မပြောသဖြင့် သူ့မှာလည်း အဖြေပေးလို့မရ။ ကိုလူအေးကလည်း လာလာ ပြီးလူပျိုလှည့်သော်လည်း လုံးဝဖွင့်မပြော။ ဒီတော့ မစံပါယ်မှာ မိန်းမတို့မာယာသုံးပြီး ရေလာမြောင်းပေးစကားပြောရပေတော့
``ကိုလူအေး---``
`` အင်း ပြောလေ``
``အိမ်ရှေ့မှာလေး စံပါယ်ပင်ကြီးမှာ စံပါယ်ပန်းတွေ အများကြီး ပွင့်နေတယ် စံပါယ်ပန်းလေးတွေကို ခူးပြီးမွှေးမယ့်သူလည်း မရှိ ပန်မယ့်သူလည်းမရှိ------``
အဲဒီလို ရေလာမြောင်းပေး ပြောတုန်း ကိုလူအေးဖြတ်ပြောလိုက်တဲ့စကာြးေ
`` ရှုတ်ပါတယ် ခုတ်ပစ်လိုက် `` တဲ့။
(ဖေ့စ်ဘွတ်တွင် ဖတ်မိတာကို မှတ်မိသလို ပြင်ရေးထားခြင်းဖြစ်ပါသည်)
No comments:
Post a Comment