2012/9/28 soe naing <snsoenaing4@gmail.com>
ကျေးဇူးတင်ပါတယ် ကိုကွန်းဇော်။ ဆင့်ကဲဖြစ်စဉ် နဲ့အကျိုးသက်ရောက်မှုတွေ ကို အရင်က အွန်လိုင်းမှာ ဒိုမီနိုဖြစ်စဉ်လေးတွေကို ဗီဒီယိုဖိုင်မှာ ကြည့်ဖူးတယ်။ အခန်းထဲမှာ ဆင့်ကဲ သက်ရောက်မှုတွေဖြစ်အောင် ပစ္စည်းအမျိုးမျိုးကို ချိတ်ဆက် စီစဉ်ထားပြီး တစ်ခုကို တွန်းလှဲလိုက်တာနဲ့ အားလုံး ပြိုလဲကုန်တဲ့ပြကွက်လေးတွေပါ။ တော်တော်ဆော့တာပဲလို့ ကလေးတွေး (လူကြီးဖြစ်နေတော့ သူငယ်နာတွေး ပေါ့) အဲလိုတွေးမိယုံပါ။ အခုမှ လေးနက်တဲ့သီအိုရီ အဖြစ်နဲ့ လူတစ်ယောက်ချင်းစီရဲ့ ဘဝဖြစ်စဉ်မှာသာမက နိုင်ငံအရေးနဲ့ ကမ္ဘာ့ဖြစ်စဉ်အထိပါ သီအိုရီ အဖြစ် မြင်မိပါတယ်။ ဥပမာ ကျွန်တော်ဆို ကျမ်းမာရေး လေ့ကျင့်ခန်းလုပ်၇မှာ ပျင်းပါတယ်။ ပျင်းတော့ ကျမ်းမာရေး ပျက်မယ်။ ကျမ်းမာရေးပျက်တော့ ဝင်ငွေထိခိုက်မယ်။ ဝင်ငွေထိခိုက်တော့ စီးပွားရေး အဆင်မပြေမယ်။ စီးပွားရေးအဆင်မပြေရင် အိမ်ထောင်ရေးထိခိုက်မယ်။ လူမှုရေး ထိခိုက်မယ်။ ဆက်တွေးရင် ဆင့်ကဲဖြစ်စဉ်တွေ အများကြီး ရနိုင်ပါတယ။်ကောင်းတဲ့အပိုင်းတွေမှာလည်း အဲလိုပဲဖြစ်မှာပါ။ ဆင့်ကဲဖြစ်စဉ်ဟာ ``အကြောင်းတရားကြောင့် အကျိုးတရားဖြစ် ၊ အကျိုးတရားက တစ်ဖန်အကြောင်းတရားဖြစ်ပြီး နောက်ထပ်အကျိုးတရားဖြစ် `` ဆိုတဲ့ ဗုဒ္ဓရဲ့ ကံ အကျိုးတရား သံသရာလည်ပုံနဲ့လည်း ဆင်တူမယ်လို့ ထင်မြင်မိပါကြောင်း။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
2012/9/27 ဦးဦး မှော်ဆရာ <mrsorcerer9@gmail.com>
*** တော်တော်လေး ကောင်းမွန်တဲ့ အကြောင်းအကျိုးဆက်စပ်ပြီး သရုပ်ခွဲ စဉ်းစားနည်းလေးတစ်ခုပါပဲ ။
ဒီစာပို့သူ ကိုကွန်းဇော်လည်း ကျေးဇူးတင်ပါတယ် ။ ဒီဆောင်းပါးမှာပါတဲ့ အကြောင်းအကျိုးဆိုတဲ့ အချက်နဲ့
ပက်သက်ပြီး ကျနော့်အမြင်ကို ဆွေးနွေးချင်ပါတယ် ။
အကြောင်း နဲ့ အကျိုးကို သာမာန်လူတွေ အသုံးပြုကြသလို သိပံပညာမှာလည်း အသုံးပြုပါတယ် ။ ဒါပေမဲ့
သိပံပညာရှင်များ သုံးနှုန်းပုံက ပိုပြိးတိကျတယ် ။ဒီလိုပါ ..
" အကြောင်းတရားလို့ ခေါ်ဆိုနိုင်ရန် အခြေအနေတစ်ရပ်သည် လိုအပ်သည့်အခြေအနေဖြစ်ရသလို ၊လုံလောက်သည့်အခြေအနေလည်း ဖြစ်ရမယ် ။"*****************************************************************တောအုပ်တစ်အုပ်ထဲမှာ လူတစ်ယောက်က သောက်လက်စဆေးလိပ်တိုကို အမှတ်တမဲ့ပစ်လိုက်မိတဲ့အတွက်တောမီးလောင်မှု ဖြစ်လာတယ် ။တောမီးလောင်မှုစတင်ခြင်းဟာ ဆေးလိပ်မီးကြောင့်ဖြစ်တယ်လို့ လူအများစုကဆိုကြပါလိမ့်မယ် ။ ဥပဒေအရလည်း ဆေးလိပ်မီးပစ်ခဲ့တဲ့သူကို တရားစွဲမှာပဲ ။ ဒါပေမဲ့ ပညာရှင်များကတော့ဒီအခြေအနေကို အတိအကျဖေါ်ပြနိုင်ရန် ကြိုးပမ်းကြပါလိမ့်မယ် ။ မကြာသေးမီးက မိုးရွာခဲ့ပါက သစ်ရွက်များရေစိုနေသဖြင့် တောမီးလောင်ကျွမ်းမှု ရှိခဲ့မည် မဟုတ်။ ထို့ကြောင့် တောမီးလောင်ကျွမ်းမှုဖြစ်စေရန်အတွက်သစ်ရွက်များခြောက်သွေ့နေခြင်းက လိုအပ်ချက်တစ်ရပ်ဖြစ်ပြီး ၊ လေတိုက်ခြင်း ၊ ဆေးလိပ်မီးကျခြင်းတို့ကလည်းလိုအပ်သောအခြေအနေနဲ့ လုံလောက်သော အခြေအနေများ ဖြစ်ကြပါတယ် ။ ဒီအခြေအနေတစ်ရပ်ရပ်ချို့တဲ့ပါက တောမီးလောင်မှု ဖြစ်ပေါ်လိမ့်မယ် မဟုတ်ပါ ။ လိုအပ်သော အခြေအနေအားလုံးရှိမှသာတောမီးလောင်မှု ဖြစ်ပေါ်လာနိုင်ပါသည် ။ဒီလိုပါပဲ..တစ်ချို့ပြဿနာတွေနဲ့ပက်သက်ရင် အကျိုးတရားတစ်ခုဖြစ်ပေါ်တိုင်း ဆက်နွယ်နေသော ယေဘုယျ
အကြောင်းတရားအားလုံးကို ရှာဖွေ ဖေါ်ထုတ်ရပါမယ် ။ ဒါမှ အဖြေမှန်ကို ချဉ်းကပ်နိုင်ပါလိမ့်မယ်။နောက်ဥပမာ တစ်ခုကိုဖတ်ကြည့်ပါ ။ အမျိုးသမီးတစ်ဦးက မိတ်ကပ်တစ်မျိုးကို အသုံးပြုတယ် ။ ဒီမိတ်ကပ်ကိုလိမ်းတိုင်းအရေပြားလောင်ကျွမ်းမှု ဖြစ်ပေါ်တယ်။ ဒီလိုအရေပြားလောင်ကျွမ်းတာဟာ ဒီမိတ်ကပ်ကြောင့်ဖြစ်ရတာလို့ တစ်ထစ်ချတွေးဆပြီး မိတ်ကပ်ကို မလိမ်းဘဲ ရက်သတ္တပတ်အတော်ကြာ နေကြည့်တယ်။အရေပြားက တဖန်ပြန်ကောင်းမွန်လာတယ် ။ မိတ်ကပ်ကို ပြန်အသုံးပြုတဲ့အခါ မျက်နှာက ပြန်ပြီးနီးမြန်းလာပြန်တယ် ။သူ့ပြဿနာအတွက် အဖြေကို သူ့ဟာသူတွေးဆကြည့်လိုက်တယ် ။ ဒီမိတ်ကပ်ကြောင့် မျက်နှာဒီလိုဖြစ်ရတယ်ပေါ့ဗျာ ။ ဒါပေမဲ့ ခက်တာက ဒီအမျိုးသမီးက မိတ်ကပ်မလိမ်းဘဲ နေလို့မရဘူး။ မိတ်ကပ်တစ်ခုခု သုံးမှဖြစ်မယ်။သူ့ပြဿနာကို ဓါတုဗေဒပညာရှင်က ရှာပေးလိုက်တယ် ။ အဲဒီမိတ်ကပ်မှာပါတဲ့ မွှေးကြိုင်မှုရှိအောင်အနံ့အဖြစ်ထည့်ထားတဲ့ ဓါတုပစ္စည်းက သူ့အရေပြားနဲ့မတည့်လို့ ခုလိုဖြစ်ရတယ်လို့ ပြောတယ် ။ ဒီတော့အနံ့ခြင်းမတူတဲ့ မိတ်ကပ်ကိုပြောင်းလိမ်းလိုက်တဲ့အခါ သူ့အရေပြားလောင်ကျွမ်းတဲ့ ပြဿနာရှင်းသွားတယ် ။ဒီဥပမာလိုပဲ တစ်ချို့ပြဿနာတွေမှာ တစ်ကယ်ရှင်းပြစ်ရမဲ့ အရာတွေကို မှန်မှန်ကန်ကန် ရှာဖွေနိုင်ရပါမယ်။--
Ƭнαиκƨ,
\\\ ///
/ \
| \\ // |
( | (.) (.) | )
---------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►
======ஜ۩۞۩ஜ=======
-------------ooo0---------------------------------
( ) 0ooo
\ ( ( )
\_) ) /
(_/--
No comments:
Post a Comment