ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Sunday, August 19, 2012

ပရဟိတဆိုတာ ????




(ပရဟိတဆိုတာ  သူတစ်ပါးအကျိုးအတွက်  ကိုယ်တတ်နိုင်တဲ့ဝန်ကို ထမ်းတာပဲ----)

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခမ်းကျဉ်းလေးတစ်ခုထဲမှာလူနာ
နှစ်ယောက်ရှိကြသည်။
 နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။
အခန်းလေးက ကျဉ်းပြီးအပြင်လောကကိုကြည့်စရာ ပြတင်းပေါက် တစ်ခုသာပါသည်။
လူနာနှစ်ယောက်အနက် တစ်ယောက်ကနေ့လယ်ပိုင်းတွင် သူ့အဆုတ်ထဲက
အရည်တွေပိုက်နှင့် စုပ်ထုတ်ရတာကို အကြောင်းပြုကာ တစ်နာရီထိုင်ခွင့်ရသည်။
သူ့ခုတင်ကပြတင်းပေါက် အနီးမှာရှိနေသည်။ တစ်ဖက်ခုတင်ရှိ လူနာကတော့
တစ်ချိန်လုံး ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည်။
နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိ လူနာကခုတင်မှာ ခေါင်းအုံးတွေဘာတွေဆင့်ကာ
 ကျောမှီထိုင်ခွင့်ရသည့် အချိန် အပြင်ဘက်တွင် သူလှမ်းမြင်ရသည့်အရာတွေကို
အနီးရှိလူအား
 ပြောပြလေ့ရှိသည်။ ပြတင်းပေါက်တွင်လှမ်းကြည့်လျှင်
အပြင်မှာပန်းခြံကြီးတစ်ခုမြင်ရသည်ဟုဆိုသည်။ အဲသည်အထဲမှာ
ရေကန်ကြီးတစ်ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေ ရေကူးနေသည်။
ကလေးများကသုတို့ကို ပေါင်မုန့်တွေ ပစ်ကျွေးကြသည်။ ကလေးတစ်ချို့က
လှေကလေးတွေမျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက်
လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေ က၀ဝေဆာဆာပွင့်နေသည်။
မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ
ဘောလုံးကစားနေကြသူတွေလည်းမြင်ရသည်။ ဟိုးအဝေးက သစ်ပင်တွေ ထိပ်ဖျားမှ
ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ။ ထို့နောက် ပြာလဲ့သော မိုးကောင်းကင်။
ပက်လက်လှန်နေရသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ
ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။ကလေးတစ်ယောက် ရေထဲလိမ့်ကျမလို
 ဖြစ်သွားတာ၊ နွေရာသီ ၀တ်စုံအသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ
စသည်ဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့အာရုံထဲ အသေးစိတ်
မြင်ခွင့်ရနေသည်။
သည်လိုနေရင်း သာယာသောနေ့လည်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ တစ်ဖက်လူက
တော့ ပြတင်ပေါက်နားမှာနေပြီး အပြင်လောကရူခင်းအစုံကို စိတ်တိုင်းကျ
ကြည့်ခွင့်ရနေသည်။ မိမိကိုတော့
ဘာကြောင့် အဲသည်နား ထားမပေးသလဲဟူသော အတွေးဖြစ်သည်။
သည်လို သေးသေးသိမ်သိမ် တွေးမိနေခြင်းအတွက်လည်း သူရှက်တော့ရှက်မိသည်။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က
ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ
သူတွေးမိလာသည်။
တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက်နိုးလာကာ
ချောင်းဆိုးသည်။
ချောင်းဆိုးရင်းသီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်
အချက်ပေးခလုတ်ကိုနှိပ်ရန် လက်က
စမ်းတ၀ါးဝါး လိုက်ရှာသည်။ သို့သော် သူမလှုပ်ရှား။ တစ်ဖက်လူ
အသက်ရူသံရပ်သွားသည်အထိ ငြိမ်သက်
စွာ သူစောင့်ကြည့်နေသည်။
နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ရှိကာ
အလောင်းကိုတိတ်ဆိတ်
စွာပင်သယ်ယူသွားသည်။ ကုနြေမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင်
ကျန်ရစ်သူက သူ့အားပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား
မေးသည်။
သို့နှင့်ပြောင်းပေးကြသည်။ သက်တောင့်သက်သာအရှိဆုံးဖြစ်အောင်
နေရာချပေးသည်။သပ်သပ်ရပ်ရပ်
ပြင်ဆင်ထားသိုပေးသည်။ သူနာပြုတွေထွက်သွားသည်နှင့် တပြိုင်နက်
တံတောင်တစ်ဖက်ပေါ်တွင် အားပြု
ကာ သူကြိုးစားထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ
ခဲယဉ်းပင်ပန်းစွာ ထူမပြီး
ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
 အပြင်ဘက်တွင် နံရံတတိုင်းတစ်ခုသာ သူမြင်ရလေသည်။

( မူရင်း။    အမည်မသိ စာရေးသူ၏  The Window )

No comments:

Post a Comment