ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, August 24, 2012

သဘောင်္ပျက်တဲ့နေ့


သဘောင်္ပျက်တဲ့နေ့

 
ကယ်ပါ-- ယူပါ
တစာစာဖြင့်
ဟစ်ကာငိုကြွေး
သေမည့်ဘေးမှ
ကယ်ယူမရန်
လုံ့လအလျင်းမထုတ်
ငုတ်တုတ်ပူဇော်
ကယ်သူခေါ်လည်း
အာခေါင်ကွဲကာ
မြုတ်ရာသဘောင်္
``ဝဲ `` နှင့်နှော၍
သေခြင်းတွေ့ကြ
မဟာဇနက္ကတို့
ဒုက္ခပင်လယ်ဝေတဲ့ တစ်နေ့။     ။

မဟာဇနက္က 
ထိုပုရိသ ကား
အများသူငါ
ပူဆွေးစွာဖြင့်
ဟစ်ကာကျွေးအော်
ကယ်သူခေါ်လည်း
ပညာဥာဏ်ထုတ်
မတုံလှုပ်လျှက်
ထောပတ်ဆီဗူး
တစ်ကိုယ်လုံးလူးကာ
ဆန္ဒပြည့်မျှ
ဝမ်းဝအောင်စား
ရွက်တိုင်ဖျားတတ်
ဝဲဂယက်ကျော်ရာ
မာန်ဟုန်မာဖြင့်
လွှားခုံလွတ်မြောက်ခဲ့လေသည်။              ။

အပြောလည်းကျယ်
ကမ်းဘယ်မမြင်
စိတ်ထင်ရာသာ
ကူးနေပါတဲ့
အာဂေယာက်ာၤး
ထုိလူသားကုိ
မေခလာ နတ်သမီး
မြင်လတ်ပြီးသော်
``အချင်းယောကျာင်္း--
အိုလူသား------------
မမော မပန်း
ဘယ်ကမ်းဘယ်သောင်
မြင်တောင် မမြင်ရ
ကူးခပ်ရကျှိုး
မျှော်ကိုးမရှိ
လုံ့လရှိလည်း
သေပွဲဝင်မှာ
သိနေပါလျှက်
ဘယ်အတွက်ကြောင့်
မိုက်ချက်ကမ်းကုန်
ကူးနေတုံသနည်း။               ။

``အို--------------
အချင်းနတ်သမီး
နှုတ်စောင့်စည်းလော့---
ယောကျာင်္းတို့ဇွဲ
အသက်မြဲသမျှ
လုံ့လမလျှော့
သေတော့မှသာ
သေစေပါတော့
ဇွဲလျှော့စကား
မမြွက်ကြားနှင့်
ငါနှင့် ဝေးရာ
သွားနေပါတော့----``

စိတ်ထားရင့်ကျက်
ကူမယ့်လက်ကို
မျက်မြင်ထင်ရှား
တွေ့သော်ငြားလည်း
``ကူပါ  ကယ်ပါ``
တောင်းဆိုမလာသည့်
ယောကျာင်္း မြင့်မြတ်
ထိုစိတ်ဓါတ်ကို
လေးစားချစ်ခင်
စိတ်ဘဝင်ကြောင့်
မေခလာနတ်သမီး
ကယ်မပြီးလာ
အသက်ချမ်းသာ၏။    ။
ဇနက္ကစိတ်ထား
အစဉ်လေးစားလျှက်။               ။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)





No comments:

Post a Comment