ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Saturday, March 2, 2013
စွန့်လွှတ်အချစ်
"စွန့်လွှတ်အချစ်"
ဝန်ခံတာဟာရိုးသားခြင်းတစ်မျိုးတဲ့
ငါ့ အရေပြားတွေ   ကြက်သီးထတဲ့ အထိ
နင်  ရိုးသားပြနေလိုက်တာ  ငါဝမ်းနည်းတယ်
တကယ်ဆို..
ငါဟာနင်နဲ့ မထိုက်တန်အကြွေပန်းတစ်ပွင့်ပါ
စုံလုံးကန်းတဲ့ ရင်ဘတ်ကြီးတစ်စုံနဲ
ငါ့ဘ၀ထဲကို ပစ်‎၀င်ဖို့
နင်မဆုံးဖြတ်လိုက်ပါနဲ့နော်
အသက်ရှုနေတဲ့ နှလုံးသားက
လက်ခံလိုက်တာနဲ့
နံရိုးတွေကိုပြေးတိုက်တဲ့အခါ
ရင်နာရမှာ  နင်ဘဲဟာ
ဒါကြောင့်..
စွန့်လွှတ်အချစ်နဲ့ဘဲ  ဆက်ချစ်ရအောင်
ပျော်ရွှင်ခြင်းတ၀က်
ငါ နှုတ်ဆက်လိုက်တယ်
(စွန့်လွှတ်နှင်းဆီ)
No comments:
Post a Comment