ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Wednesday, July 10, 2013

အထာသိမှဟော

 
တနေ့ သံဃာတော်တစ်ပါးဟာ ရွာစပ်က ဘုန်းကြီးကျောင်းတစ်ခုမှာ သီတင်းသုံးရင်းတရားကျင့်ကြံတော်မူနေပါတယ်။ထိုကျောင်းင်္သခန်းလေး အနီးအနားမှာ ထင်းလာလာ ရှာတဲ့ ထင်းခွေသမားတစ်ဦးလည်းရှိသဗျ။တနေ့တော့ ဆရာတော်က ထိုထင်းခွေယောက်ျားကိုခေါ်ပြီးမေးမြန်းသတဲ့။

ဆရာတော်။        ။အမောင်လုလင် တနေ့ကို ထင်းခွေပြီး ရောင်းချတာ အသပြာ
ဘယ်လောက်များ ရပါသလဲ။

ထင်းခွေလုလင်။    ။တင့်ပါ့ဘုရား.တပည့်တော် တနေ့စာရှာဖွေတာ အသပြာတမတ် ရ
ပါတယ်ဘုရား။

ဆရာတော်။      ။ကဲဒါဆို အမောင်လုလင် နေ့စဉ် ငါ့ဆီကိုလာခဲ့။ ငါတရားဟောတာတွေကို လာနားထောင်ပေး။တနေ့ကို အသပြာ တမတ် ငါပေးမယ်ဟဲ့

ထင်းခွေလုလင်။     ။တင့်ပါ့ဘုရား.တပည့်တော် လာခဲ့ပါ့မယ်ဘုရား။

လို့ဆိုကာနေ့စဉ် တရားလာနာသတဲ့။ဒီလိုနဲ့ နေ့စဉ် ဆရာတော်ကဟောလိုက်။
ထင်းခွေလုလင်က စိတ်မပါတပါနဲ့ ငိုက်ရင်း နားထောင်လိုက်လုပ်လာတာအတော်ကြာလာတော့
ဆရာတော်က ဒေါသထွက်လာပါတယ်။

ဒီတော့ ဟဲ့ ထင်းခွေသမား..ငါက တနေ့တနေ့အာပေါက်အောင်ဟောနေတာ မင်းအတွက်ပြောနေတာ။မင်းကိုနိဗ္ဗာန်ရောက်စေချင်လို့ ကွ။ငါ့အတွက်ဘာမှမပါဘူး.................... လို့ အော်ဟစ်ကြိမ်းမောင်းပါတော့တယ်။ဒီအခါ ထင်းခွေလုလင်ပြန်ဖြေတာက

အော်.....အရှင်ဘုရားဟောနေတာ အရှင်ဘုရားအတွက် လို့ထင်လို့တပည့်တော် နေ့တိုင်းလာပေးနေတာပါဘုရား။တပည့်တော်အတွက်ဆိုရင်တော့အပင်ပန်းမခံပါနဲ့တော့ဘုရား၊ကျောပူခံနိုင်တယ်နားပူမခံနိုင်လို့ပါဘုရားဆိုပြီး ဆရာတော့်အနားကနေ တစ်ခါတည်းပြေးပါရောတဲ့ခင်ဗျားးးးးးးး

(ဟာသနှော တရားပုံပြင်လေးတစ်ခုကို စကားပြောမှစာချောအဖြစ်ဆီလျော်အောင်ပြန်စီထားပါသည်)

No comments:

Post a Comment