ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း
Monday, July 1, 2013
ငွေရတု
  • ငွေရတု
    မြန်မာနိုင်ငံရှိ ခရိုနီ သဌေးတဦး ၏ ကုပ္မဏီ သည်
    အမြတ်အစွန်းများစွာရကာ ငွေရတု ပင်ကျော်လာပြီ ဖြစ်၏။
    သို့နှင့် သဌေးဖြစ်သူ သည် ၀န်ထမ်းများ အားလုံး ကို စုရုံး ပီး ငွေရတု သဘင်အဖြစ် လုပ်ချင်ကြောင်း အောက်ပါတိုင်း ပြောပြ၏။
    " ပီးခဲ့တဲ့နှစ်အနဲငယ်အတွင်းမှာ ကျုပ် တို့ကုပ္မဏီဟာ ငွေရတု ၅ နှစ်ကိုကျော် လာပီဖြစ်တယ်။
    ဒီပီးခဲ့တဲ့ နှစ်ပတ်လည်နေ့ကို ထိုက်ထိုက်တန်တန်ကျင်းပမှာဖြစ်တယ်...
    ဒါကြောင့် ဘယ်လို ကျင်းပရင်ကောင်းမလဲဆိုတာ စုပေါင်းပီး အကြံဥာဏ်ပေးစေချင်ပါတယ်....ဒီလိုအကြံပေးတဲ့နေရာမှာ...
    နံပါတ် ၁။ မီဒီယာခေတ်ဆိုတော့ တစ်နိုင်ငံလုံးက ဒီကုပ္မဏီ အကြောင်းကို ပြောစမှတ်တွင်စေရမယ်.....
    နံပါတ် ၂။လူတိုင်းပါးစပ်ဖျားမှာ ဒီအကြောင်းပဲပြောစေချင်တယ်
    နံပါတ် ၃။ ဒါပေမဲ့ ဒီငွေရတုပွဲဟာ ပိုက်ဆံအကုန်အကျများလို့ မဖြစ်ဖူး.....
    နံပါတ် ၄။ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရ ၀မ်းသာဖြစ်ရမယ်......ကဲ..အကြံဥာဏ်များ ပေးကြပါ..."..ဟု ဆို၏။
    မိနစ်အနည်း ငယ်ကြာသွား၏။ ဘာသံမှပြန်ထွက်မလာ။အားလုံးအတွေးကိုယ်စီဖြင့် တွေးနေကြသည်။
    သဌေးလည်း ပြုံး၂ ကြီးနှင့် ထိပ်ဆုံးခုံတွင်ထိုင်ကာ အားလုံးအားကြည့်နေ၏။
    ၁၀ မိနစ် ခန့်ကြာသောအခါ.....အခန်းထောင့် တစ်နေရာမှ ဘောနပ်စ်လဲမရ၊တခုမဟုတ်တခု အမြဲအဆူခံနေရသော....
    လာချိန်နောက်ကျ၍ တရက်စာအဖြတ်ခံရသော လစာနဲ ၀န်ထမ်းတဦးသည် နေရာမှထ၏။
    သဌေး။ ။အင်း......ပြောပါ......
    ခုလိုသဌေးခုန်ချတဲ့အကြောင်း ကြောင့်မီဒီယာတွေ အသံလွှင့်ဌာနတွေ၊ဂျာနယ်တွေသတင်းစာတွေမှာပါပီး ရောင်းကောင်းမှာပါ။
    ၁။ ဒါကြောင့် ဒီကုပ္မဏီအကြောင်း ကို တစ်နိုင်ငံလုံးက ပြောစမှတ် တွင်နေကြမှာပါ။ အခင်းဖြစ် ဓါတ်ပုံ လည်း ပါမှာ ဆိုတော့....
    ၂။ လူတိုင်း ပါးစပ်ဖျားက ချမှာကိုမဟုတ်ဖူး ဒီအကြောင်းကို ပြောနေကြမှာသေချာပါတယ်။
    ၃။ ဒီအတွက် ကုန်ကျစရိတ်ကတော့ ဓါတ်လှေကားသုံးတဲ့ မီတာခဖိုးပဲကုန်ကျပါ မယ်။
    ၄။ အဲ....၀န်ထမ်းတွေရဲ့ ကျေနပ်အားရမှူ ကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ သဌေး ....ခင်ဗျာ.........တဲ့
    တိန်
    ရီမောပျော်ရွှင်စေရန်သာ
    ကိုလုံ ( Lon Ely )
No comments:
Post a Comment