သူတောင်းစား ခွက်ပျောက်တဲ့နေ့----
************************
တစ်နေ့သ၌ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု၏ တစ်ခုသော လူစည်ကားရာ
ဈေးတစ်ခုတွင် အသက် ၅၀ ခန့် သူတောင်းစားကြီး တစ်ဦးသည် သူ၏ တစ်နေ့တာ
တောင်းရမ်းခြင်းအတွက် လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသည်။ သူ၏ရှေ့တွင်
ပိန်နေသော ဒန်ဖလားကြီး တစ်လုံးလည်း ချထားလိုက်၏။ သူသည် တစ်ချိန်က
အနာကြီးရောဂါ၏ ပြင်းထန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရပုံရသည်။
သူ့လက်ချောင်းလေးများ အားလုံး တိုနေကာ လက်ဖဝါး လက်ဖမိုးသာ ကျန်နေပြီး
နှာခေါင်းမှာလည်း သိသာစွာ ချိုင့်ဝင်နေရကား နှာသံပါသော အသံဖြင့်
အောက်ပါအတိုင်း တောင်းနေလေတော့သည်---
``တနားဂျပါခညာ--- တနားဂျဘာ - အတိုကြီး အမဂျီးဒို့ တနားမှ ချားရမယ့်
ဘဝဘာ-- အတိုကြီးအမဂျီးဒို့ -- ပေးမှ ကျွေးမှ ချားရမယ့်ဘဝဘာ----``
အနှီသူတောင်းစားကြီးမှာ အထက်ပါအတိုင်း သံစဉ်နရီ စည်းဝါး ကျစွာ
ဒိုင်ယာလော့ခ် မပြောင်းပဲ ပုံမှန် ပြောပြီး တောင်းနေလေ၏။ မကြာမီ
ဈေးကလေးမှာ သက်ဝင်လာပြီး လူစည်ကားလာသကဲ့သို့ သူတောင်းစားကြီး၏
ခွက်ထဲတွင်လည်း တစ်ကျပ်တန်လေးများ ငါးကျပ်တန်လေးများသာမက နှစ်ဆယ်တန်လေး
အချို့ပင် ရစပြုလာသည်။ သူတောင်းစားကြီးမှာ ပုံမှန် အော်တောင်းရင်
ခွက်ထဲမှ ဝင်ငွေ ကိုလည်း မကြာခဏရေတွက်ကြည့်နေတတ်၏။
ထိုအချိန်တွင် စက်ဘီးတစ်စီးဖြင့် အဖြူရောင်အကျီ င်္လည်ကတုံးဝတ်ဆင်ထားသော
လူငယ်တစ်ဦးသည် အဆိုပါ သူတောင်းစားကြီးနားသို့ ရောက်သောအခါ ရပ်ပြီး
ဘောင်းဘီအိပ်ထဲမှ ပိုက်ဆံအိပ်ကို ထုတ်လေ၏။ သူတောင်းစားကြီးလည်း
ကတ်စထော်မာ(customar) မှန်းသိသည်နှင့် သူ၏ နရီစည်းဝါးကိုဖြတ်ကာ
--``တနားဂျပါခညာ--- ``အစချီပြီး တောင်းလေတော့သည်။
လူငယ်သည် သူတောင်းစားကြီး၏ ခွက်ထဲတွင် ငါးကျပ်တန်တစ်ရွက်ထည့်ပြီး
မသွားသေးပဲ သူတောင်းစားကြီး နားတွင် ငုတ်တုတ်ထိုင်ကာ --
``ဘကြီး-- ဒီနေရာမှာ တောင်းတာ တစ်နေ့ ဘယ်လောက်ရလဲ--``
မထင်မှတ်သော မေးခွန်းကြောင့် သူတောင်းစားကြီးမှာ ကြောင်သွားပြီး---
``မောင်ရင်လေးက ဒီတောင်းဂျားဂို အင်တာဂျူးမီယို့ယား ဘီဂျာနီကယဲ--``
``အင်တာဗျူးဘို့ မဟုတ်ပါဘူးဗျ--``
``ဒီလိုချို အထွန်ဦးဂျီးထာန ကယား မီယုတ်ပါနဲ့ဂွယ်
အထွန်ချောင်ဘို့ထိ မီရပါဘူးဂွယ်-- တီနီရာယေး မှာ ပူမန်နေဘို့ ချီဘင်ကိုယဲ
ပေးရတေးဒယ်ယေ--``
``အာ--- အခွန်ဦးစီးကလည်း မဟုတ်ဘူး စည်ပင်ကလည်းမဟုတ်ဘူး ကျွန်တော်က
ပရဟိ ဝါသနာပါလို့ အဲဒါ ဘကြီးကို ဒီနေ့ ကူပြီးအလှုခံပေးမယ် --``
ဟုပြောပြောဆို ဆို သူတောင်းစားကြီး၏ ခွက်ကိုယူကာ အောက်ပါအတိုင်း စပြီး
အလှုခံလေတော့သည်---
``လမ်းသွားလမ်းလာနဲ့ ဈေးသွားဈေးလာ ရပ်မိရပ်ဖ သူတော်ကောင်း
သူမြတ်လောင်းတို့ခင်ဗျားးး အတိတ်ကံအကျိုးကြောင့် အခုဘဝမှာ
ဒုက္ခဆင်းရဲရောက်နေသော လူသားများကို လူသားစိတ်ဓါတ်ဆန်စွာဖြင့် စေတနာ မေတ္တာ
ဂရုဏာ တည်းဟူသော ဗြမ္မထိုလ် တရား လက်ကိုင်ထားကာ ----------``
ဟု အစချီကာ ကရားရေလွှတ်သကဲ့သို့ စတင်အလှုခံလေတော့သည်။ လမ်းသွားလမ်းလာ
သူများမှာ ထိုသူငယ်ကို အထူးအဆန်းသဖွယ် ကြည့်ပြီး အချို့က ပြုံးစိစိဖြင့်
လှုသွားကြ၏။ အချို့က လူငယ်ကို ပုခုံးညင်သာစွာ ပုတ်ရင်း ချီးကျူးပါတယ်
ဟုပြောကာ လှုသွား၏။ အချို့လည်း လက်ဆွဲနှုတ်ဆက်ကာ လှုသွား၏။ အချို့လည်း
အထူးအဆန်းသဖွယ်ကြည့်ပြီး လှုသွားကြ၏။ မည်သို့ပင်လှုစေကာမူ သူတောင်းစားကြီး
၏ခွက်ထဲတွင် အလှုငွေ များကား တဖွဲဖွဲဖြင့် ဝင်နေလေတော့၏။
သူတောင်းစားကြီးမှာ ထိုအလှုခံရရှိငွေများကို မှန်းကြည့်ပြီး များစွာ
ပျော်ရွှင်လျှက်ရှိသကဲ့သို့ သူ၏ စိတ်ထဲတွင်လည်း `` တီကောင်ဂွာ --
တော်တော် အကြောဂေါင်းဒယ် တီဂေါင် တီတောင်းချား လုပ်ရင် နာတို့
တော့ထီမင်း ငဲ့ယောက်ဒယ်----``ဟု တွေးနေလေ၏။
သူတောင်းစားကြီး၏ ခွက်ပိန်ကြီးထဲဝယ် အလှုခံရရှိငွေ အတော်ရလာသောအခါ
လူငယ်သည် သူတောင်းစားကြီးနားသို့ ငုတ်တုတ်ထိုင်ရင်း---
``အင်း-- အလှုခံပေးရင်းနဲ့ ကျွန်တော် အလုပ်သွားဖို့တောင်
အချိန်မမှီတော့ဘူး ကျွန်တော့လုပ်အားခ လေးတော့ နည်းနည်းယူမယ်နော်--``
``ယူပါ မောင်ယင်ယယ် ယူဘာ ယူဘာ--``
သူတောင်းစားကြီး ခွင့်ပြုတာနဲ့ အဆိုပါလူငယ်သည် သူ၏ ကြီးမားသော
လက်ကြီးဖြင့် သူတောင်းစားကြီး၏ ခွက်ပိန်ထဲသို့ အပြည့်နှိုက်ကာ
ပါသလောက်ယူပြီး ဘောင်းဘီအိပ်ထဲထည့်ကာ စက်ဘီးစီး၍ ထွက်သွားလေတော့သည်။
သူတောင်းစားကြီးလည်း ကြောင်ပြီးကြည့်နေရာမှ သူ့ခွက်ပိန်ထဲကိုတစ်လှည့်
စက်ဘီးစီးထွက်သွား သော လူငယ်ကို တစ်လှည့် နားမလည်သလို
အံ့သြခြင်းကြီးစွာဖြင့် ကြည့်ပြီး နောက် သတိကပ်သွားကာ အောက်ပါတိုင်း
ငိုချင်းချ ဆိုဆဲနေပါတော့သတည်း။
`` အီးးး -----ဟီးးးး တေဂျင်းချိုးယေး တတောင်းချား - လေး
တောင်းချားတာတောင် ညောက်ကျပြီး (အဲ) အနူပြပြီး တောင်းရဒယ်လို့ အီးးး
နာတောင်းလို့ရထားဒါလေးတောင် အဆစ်ပါတွားဒေးတယ် ကာလနာယေး တူညားတွေက
ပယဟိတယူငယ်ယေး ချိုပီး အထင် ဂျီးနေယိုက်ဒါ တူက ဒီယုံမြီယို့
ဒီခြုံထွင်တွားဒယ် အီးးး ဟီးးးး-----``
****************************** ****************************** **
လေးစားရပါသော စေတနာရှင် မိတ်ဆွေများခင်ဗျား--
အခုခါမှာ ပရဟိတလုပ်ငန်းလုပ်တဲ့ အဖွဲ့လေးများ မြောက်များစွာ
ပေါ်ပေါက်လာတာဖြင့် အင်မတန်ကို ဝမ်းသာကြည်နူးအားတတ်ဖွယ်တွေ့ရပါ တယ်။
လေးစားဂုဏ်ယူပါတယ်။ အဲဒီလို လူသားဆန်တဲ့ အဖွဲ့လေးတွေ ပေါ်ပေါက်လာသလို
အဖွဲ့လေးတွေကို ကပ်ပြီး အင်းမတန်ဖြူစင်တဲ့ ပရဟိတ လုပ်ငန်းကိုမှ
မျက်နှာမထောက်ဘဲ နူရာဝဲစွဲ လဲရာသူခိုးထောင်း ချင်သောစိတ်ဓါတ်၊ တစ်ပူပေါ်
နှစ်ပူဆင့်စေတဲ့စိတ်ဓါတ်၊ ရေနစ်သူ ဝါးကူလို့ထိုးတဲ့စိတ်ဓါတ်၊ စတဲ့
အင်မတန်အောက်တန်းကျတဲ့ စိတ်ဓါတ်ရှိသူ အချို့ဟာလည်း ပရဟိတကို ဘန်းပြပြီး
လုပ်စားတတ်ကြတာကိုလည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို မျိုး ကြားနေရတာလည်း
ရှိတတ်ပါတယ်။ လက်တွေ့တော့ မမြင်ဘူးသေးသော်လည်း တစ်ထစ်ချ
မရှိပါဘူးလို့တော့ဖြင့် အာမမခံရဲပါ။ အင်မတန်စက်ဆုတ်ဖွယ်ကောင်းတဲ့
စိတ်ဓါတ်မျိုးမို့ ``မြန်မာ့အရုဏ်သစ်``က ထိုလူမျိုးများကို
ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
``မြန်မာ့အရုဏ်သစ်`` ပရဟိတ လူမှုကူညီရေးအသင်း ရယ်လို့ ပရဟိတလုပ်ငန်းတွေ
လုပ်ရင်း အမြဲတန်း အာမခံချက်ပေးနိုင်တာကတော့ ကျွန်တော်တို့အသင်းမှာ
အဆိုပါ ``ကြွက်ချေး`` နဲ့တူသူများ လုံးဝမရှိပါကြောင်း ကတိပေးပါတယ်။
ကျွန်တော်တို့အသင်းရဲ့ အသက်အဖြစ်-
၁။ စိတ်ထားဖြူစင်သန့်ရှင်းခြင်း
၂။ ကိုယ်ကျိုးမဖက် အများတွက် ဦးစားပေးခြင်း
၃။ ပွင့်လင်းမြင်သာခြင်း
၎။ နွေးထွေးခိုင်မာ ကျစ်လှစ်သော မိတ်ဆွေစစ်စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း
၅။ စာရင်းဇယား တို့ဖြင့် စနစ်တကျဖြစ်ခြင်း
၆။ ယူခြင်းထက် ပေးခြင်းတွင်သာ မွေ့လျှော်ကြသူများဖြစ်ခြင်း
၇။ အတ္တနှင့် ပရကို ခွဲခြားနားလည်ခြင်း
စသော ကောင်းမြတ်တဲ့ စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသဖြင့်
မိတ်ဆွေတို့ လှုဒါန်းသော ငါးရာ တစ်ထောင်မှသည် ငါးသောင်း တစ်သိန်းသာမက
သိန်းရာချီထောင်ချီအထိ တစ်ပြားတစ်ချပ်မှ အလဟဿတ် မဖြုံးတီးပဲ
စည်းစနစ်ကျနစွာ လှုဒါန်းသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
****************************** ****************************** ************

******************************
လေးစားရပါသော စေတနာရှင် မိတ်ဆွေများခင်ဗျား--
အခုခါမှာ ပရဟိတလုပ်ငန်းလုပ်တဲ့ အဖွဲ့လေးများ မြောက်များစွာ
ပေါ်ပေါက်လာတာဖြင့် အင်မတန်ကို ဝမ်းသာကြည်နူးအားတတ်ဖွယ်တွေ့ရပါ
လေးစားဂုဏ်ယူပါတယ်။ အဲဒီလို လူသားဆန်တဲ့ အဖွဲ့လေးတွေ ပေါ်ပေါက်လာသလို
အဖွဲ့လေးတွေကို ကပ်ပြီး အင်းမတန်ဖြူစင်တဲ့ ပရဟိတ လုပ်ငန်းကိုမှ
မျက်နှာမထောက်ဘဲ နူရာဝဲစွဲ လဲရာသူခိုးထောင်း ချင်သောစိတ်ဓါတ်၊ တစ်ပူပေါ်
နှစ်ပူဆင့်စေတဲ့စိတ်ဓါတ်၊ ရေနစ်သူ ဝါးကူလို့ထိုးတဲ့စိတ်ဓါတ်၊ စတဲ့
အင်မတန်အောက်တန်းကျတဲ့ စိတ်ဓါတ်ရှိသူ အချို့ဟာလည်း ပရဟိတကို ဘန်းပြပြီး
လုပ်စားတတ်ကြတာကိုလည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို မျိုး ကြားနေရတာလည်း
ရှိတတ်ပါတယ်။ လက်တွေ့တော့ မမြင်ဘူးသေးသော်လည်း တစ်ထစ်ချ
မရှိပါဘူးလို့တော့ဖြင့် အာမမခံရဲပါ။ အင်မတန်စက်ဆုတ်ဖွယ်ကောင်းတဲ့
စိတ်ဓါတ်မျိုးမို့ ``မြန်မာ့အရုဏ်သစ်``က ထိုလူမျိုးများကို
ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
``မြန်မာ့အရုဏ်သစ်`` ပရဟိတ လူမှုကူညီရေးအသင်း ရယ်လို့ ပရဟိတလုပ်ငန်းတွေ
လုပ်ရင်း အမြဲတန်း အာမခံချက်ပေးနိုင်တာကတော့ ကျွန်တော်တို့အသင်းမှာ
အဆိုပါ ``ကြွက်ချေး`` နဲ့တူသူများ လုံးဝမရှိပါကြောင်း ကတိပေးပါတယ်။
ကျွန်တော်တို့အသင်းရဲ့ အသက်အဖြစ်-
၁။ စိတ်ထားဖြူစင်သန့်ရှင်းခြင်း
၂။ ကိုယ်ကျိုးမဖက် အများတွက် ဦးစားပေးခြင်း
၃။ ပွင့်လင်းမြင်သာခြင်း
၎။ နွေးထွေးခိုင်မာ ကျစ်လှစ်သော မိတ်ဆွေစစ်စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း
၅။ စာရင်းဇယား တို့ဖြင့် စနစ်တကျဖြစ်ခြင်း
၆။ ယူခြင်းထက် ပေးခြင်းတွင်သာ မွေ့လျှော်ကြသူများဖြစ်ခြင်း
၇။ အတ္တနှင့် ပရကို ခွဲခြားနားလည်ခြင်း
စသော ကောင်းမြတ်တဲ့ စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသဖြင့်
မိတ်ဆွေတို့ လှုဒါန်းသော ငါးရာ တစ်ထောင်မှသည် ငါးသောင်း တစ်သိန်းသာမက
သိန်းရာချီထောင်ချီအထိ တစ်ပြားတစ်ချပ်မှ အလဟဿတ် မဖြုံးတီးပဲ
စည်းစနစ်ကျနစွာ လှုဒါန်းသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
******************************
No comments:
Post a Comment