ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, April 8, 2013

မျှော်လင့်မဲ့ ဖြူစင်တဲ့ အကျိုး

ကျေးဇူးသိတတ်သော လူငယ်လေး တစ်ယောက်အကြောင်း


တစ်နေ့မှာ ဆင်းရဲသား Howard Kelly ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ကျောင်းစရိတ်အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း အ၀တ်အစားတွေ လိုက်ရောင်းနေပါတယ်။ သူဟာ သိပ်ပြီး စာလောင်မွတ်သိပ်နေပေမဲ့ ၀ယ်စားဖို့ ပိုက်ဆံ အလုံအလောက်မရှိတာကြောင့် နောက်ထပ်သွားရောင်းမဲ့ အိမ်မှာ တော့ အစာ တစ်ခုခု တောင်းစားဖို့ စဉ်းစားလိုက်ပါတယ်။

အိမ်တံခါးဖွင့်လိုက်တယ် ဆိုရင်ပဲ သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်တော့ စာလောင်မှုတွေ ပျောက်ပြီး ၊ ရေတစ်ခွက်ပဲ တောင်းခဲ့ပါတယ်။
သူသိပ်ဆာလောင်နေတာကို သိတဲ့ ကောင်မလေးဟာ နို့တစ်ခွက် ယူလာခဲ့ပါတယ်။

ကောင်လေး (Kelly) : "မင်းငါ့အပေါ် ဘယ်လောက် အကြွေးတင်သွားပြီလဲ"
ကောင်မလေး :"အမေက ပြောတယ် ၊ လူတစ်ယောက်ကို ကူညီပြီးရင် သူ့ဆီက ပြန်လည်ရယူဖို့ ဘာမှ မျှော်လင့်ချက် မထားရဘူးတဲ့။"
ကောင်လေး (Kelly) : "မင်းကို ငါ့ရင်ထဲ အသည်းထဲကနေ ကျေးဇူးတင်သွားပြီ"

နောင် နှစ်ပေါင်းများစွာ ကြာ ပြီး

တစ်နေ့မှာ

အဲဒီ မိန်းကလေး အပြင်း ဖျားပြီး သူတို့ မြို့လေးက ဆရာဝန်တွေ မနိုင်လို့ မြို့ကြီးက အထူးကု ဆရာဝန်တွေ ရှိတဲ့ ဆေးရုံကို ပို့လိုက်ရပါတယ်။

ဟိုးလွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာက ဆင်းရဲသားလေး Howard Kelly ဟာ အဲဒီဆေးရုံမှာ အထူးကု ဆရာဝန်ကြီး Doctor Howard Kelly ဖြစ်နေပါပြီ။
သူကြည့်မဲ့ လူနာရဲ့ မြို့နာမည်ကို ကြားလိုက်ရုံနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နို့တစ်ခွက် ကို သွားသတိရလိုက်ပါတယ်။

အဲဒီမိန်းကလေး ကိုမြင်လိုက်တယ် ဆိုရင်ပဲ Dr.Howard Kelly ကောင်းစွာ မှတ်မိပါတယ်။ သူအစွမ်းကုန်ကြိုးစား ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမိန်းကလေး ရဲ့ ရောဂါကို အောင်မြင်စွာ ကု နိုင်ခဲ့ပါတယ်။ အဲဒီမိန်းကလေး ရဲ့ ဆေးကုသ စရိတ် Bill ကို သူ့ဆီကို ပို့ဖို့ ဆေးရုံမှာ မှာခဲ့ပါတယ်။

အဲဒီ Bill ထဲမှာ စာတစ်ကြောင်း ရေးပြီး မိန်းကလေး ဆီပို့လိုက်ပါတယ်။
စာအိတ်ဖွင့်နေစဉ် ဒီလောက် ကုသစရိတ်ကြီးတဲ့ ဆေးရုံကြီးမှာ ဆေးဖိုးတွေ ကြည့်ဖို့ လန့်နေပါတယ်။

Bill ကို ကြည့်လိုက်တော့ . ...

" Paid in full with a glass of milk : Doctor Howard Kelly "

သူမရဲ့ မျက်ဝန်းတွေ ထဲမှာ ၀မ်းသာ မှု မျက်ရည်တွေ နဲ့ ပြည့်နှက် နေပါတော့တယ်။

ပြန်လည်ရယူဖို့ မျှော်လင့်ချက် မပါဘဲ သင်ပြုထားသော ကောင်းမှုတို့သည် သင့်ထံသို့ တစ်နေ့နေ့ တစ်ချိန် ပြန်ရောက်လာပါလိမ့်မည်။



Ref>>>
https://www.facebook.com/sarpayyeikmonbooks

No comments:

Post a Comment