’’၀ါးရမ်းပြေးဘိုးဒန်း တော့၊ ဘိုးဒန်လာစားသွားတယ်။ သူ့လက်ကဒါးကြီးကြောင့် မပြောဝံ့လို့ မျိုသိပ်ပြီးကြည့်နေရတယ်။
ကျုပ်ကတော့ရွာလယ်က သေနတ်ဖောက်သံကြားရတာနဲ့ မိအောင်မ နေတာ ကိုယ်တော်မြတ်က ဒီလာပြီး ရှိသမျှဟာတွေ အကုန်ပွဲတော်တည်သွားရုံမကသေးဘူး ၊ဇွန်းတွေ ပန်းကန် တွေကို လွှင့်ပစ်ပေါက်ပစ်နဲ့ ဒါးနဲ့ခုတ်မှာစိုးလို့ မပြောဝံ့ဘူး၊
တံခါးလုံအောင်ပိတ်ပြီး အပေါက်ကလေးက ကြိတ်ကြည့် နေရတယ်။တော်တို့ပြန်မလာခင် လေးတင်ဘဲရွာ ပြင်ထွက်သွားတော့။
ဟုအငေါ့အထေ့စုံစွာနှင့် ထမင်းပွဲကြောင်လှဲသွားကြောင်း၊ ပါးစပ်အစီအရင်ခံစာတင် လေ တော့၏။
ကိုဘိုးကွန်း မှာ မိမိကိုပမာမခန့်အရူးလုပ်သွားသော ၀ါးရမ်းပြေးဘိုးဒန်အား မခံမရပ်နိုင် အောင် ဒေါပွနေလေ၏။
မအေ နှမနှင့်လည်းရစရာမရှိအောင် ဆဲရေးရေရွတ်လျှက်အရှက်ပြေ ကြိမ်းဝါးမန်မဲ နေတော့၏။
ရွာသားများနှင့် ပုလိပ်အမှုထမ်းတို့ကား ၀ါးရမ်းပြေးဘိုးဒန်၏ ရဲစွမ်းပုံကို ဆပ်ဆပ်တုန်အောင် ကြောက်လန့် နေကြလေ၏။
’’ဒါလောက်စွမ်းနေတဲ့ လူတယောက်ကို ဘမ်းလို့မရနိုင်ပါဘူးကွာ။ သေနတ်နဲ့ ကပ်ပစ်တာမှ မသေတဲ့ နောက် ဘယ့်နှယ့်လုပ်ဘမ်းမလဲ။
အရင်တုန်းကစံဖဲနာမည်ကြီးမဲ့သာ ကြီးနေတာ ဘိုးဒန်လိုတခါမှ အနားကပ်ပြီး သေနတ်ပြောင်းအဖြုတ်မခံရသေးဘူးကွ။
ဒါကမှတကယ့် လူစွမ်းကောင်း။
ဟု တိုးတိုးတိတ်တိတ် ကြိတ်ပြောသူကပြော၍ အချို့ကလည်း-
’’အလကားပါကွာ၊ဒီကောင်ကစွမ်းတာ မဟုတ်ပါဘူး။ လာဘမ်းတဲ့ ပုလိပ်တွေက အသုံးမကျတဲ့ ဟာတွေမို့ သူတို့ဟာသူတို့လန့်နေတာပါ။
သေသေချာချာ ဘမ်းတဲ့နောက်မိလွန်းလို့ မှမရှိဘူး။ဟုပြောသောအခါ
အချို့က’’ အမယ်လေး- ဒီလူ့နှယ်တွေရှောက်ပြောနေတာလဲ ဟိုကကိုယ်ပျောက်တတ်တယ် သေနတ်ဒါးလဲ ပီးတယ်။
ဒီလောက်အစွမ်းကောင်းတဲ့ လူဆိုတာသူ့အကြောင်းကွယ်ရာတောင် ပြောမဖြစ်ဘူး။
ဟိုက နားကျပ် ရတယ်တဲ့ ကြားသွားလို့ခင်ဗျားကို လာသတ်မှလှနေမယ်။ ဟုစိုးရိမ်စွာ သတိပေးသူကပေးနှင့် အတော်ကလေး ပါးစပ်အလုပ်များနေကြ၏။
ဘိုးဒန်၏သတင်းကား တနေ့တခြားကြီးလာတော့၏။
သတင်းကြီးခြင်းကြောင့်ပင် ဘိုးဒန်၏ အစွမ်းများကို တဆင့် စကား တဆင့်နားနှင့် သတင်းကျယ်ပွားလေ၏။
ဆိပ်ပေါက်ရွာက မယားနဲ့ လင်ငယ်ကို ထောင်ထဲက တိတ်တိတ်ထွက်ပြေးလာပြီး
သတ်ပစ်တဲ့တောပုန်း ၀ါးရမ်းပြေး ဘိုးဒန်ဆိုတာ အင်မတန် လူစွမ်းကောင်းသတဲ့၊ပုလိပ်တွေတပ်နဲ့ ၀ိုင်းထားတာတောင် ကိုယ်ဖျောက် ပြေးတဲ့၊
ရာဇ၀တ်အုပ်သို့ ပြင်ထားတ့မင်းပွဲကြီးကိုပြောင်အောင်ဝင်စားသွားလိုက်သေးတဲ့၊
ဆိပ်ပေါက် ရွာမှာ သူ့ကိုဘမ်းရအောင် စတဲချနေတာ သိရက်နဲ့ ရွာထဲညတိုင်းဝင်ဝင်လာသတဲ့
တောထဲမှာ ဟင်းရွက်ခူး ထင်းရောင်း လာတဲ့ လူတွေလဲ ရိပ်ခနဲ ရိပ်ခနဲ အမြဲတွေ့လိုက်တာဘဲတဲ့၊
ဘယ့်လောက်ရဲသလဲ သတ္တိနဲတဲ့ အကောင်သာဆိုရင်၊ ပုလိပ် နဲ့ ဝေးရာသို့ပြေးမှာပေါ့ဟူသော ကျော်စောသတင်းတွေ ဆူဝေလျှက်ရှိလေ၏။
အချို့ကလည်းဘိုးဒန်၏ အစွမ်းသတ္တိကို ချီးမွမ်းသည့်အပြင်၊ ဘိုးဒန်မှာရွာသားများကို ယနေ့ထက် တိုင်အောင် ရန်မရှာခဲ့သေးဘဲ။
တောထဲတွင် ရိပ်ခနဲ့တွေ့ရများကိုလည်း။ အနည်းငယ်မျှ ဖြစ်သဖြင့် ပုလိပ်မှတပါး ဘိုးဒန်အား မေတ္တာတိမ်းညွတ်သွားကြပြီး၊
ဘိုးဒန်ကသာ တောပုန်းလူဆိုးအသင်းကြီး ဖွဲ့စည်း မည်ဆိုကာ ထိုသူတို့မှာ စိတ်အားထက်သန်စွာပါဝင် ကြမည်ကဲ့သို့ပင် ဖြစ်နေလေ၏။
ပုလိပ်များကို ဗြောင်ထားကာ ဘိုးဒန်၏အစွမ်းကောင်းပုံကို ချီးမွမ်းကြ၏။
ကိုဘိုးကွန်း မှူးရှိသော အထူးပုလိပ်ဝတ္တရားနှင့် ရောက်လာကြသူပုလိပ်အရာရှိများမှာ မခံချည့်မခံသာ မျက်နှာပူစွာ နေကြသည့်အပြင်
ယခုထက်တိုင် ၀ါးရမ်းပြေး ဘိုးဒန်ကိုတွေ့ရလျှက်၊မမိ အထက်လူကြီးများ၏ ဆူပူကြိမ်းမောင်း ထုချေလွှာအတောင်းခံရလေ၏။
အကြီးအကဲပြုသူရာဇ၀တ်အုပ်ကို ကိုဘိုးကွန်းမှာ တရားခံကိုလည်း ဘမ်းမမိ။
အထက် လူကြီး ၏ပြစ်တင်ခြင်း ကိုလည်းမခံဝံ့ နှင့်မလွန်သာမလှုပ်သာအောင်ဖြစ်ရလေတော့၏။
အထက်အ ရာရှိများ ထံသို့လည်း ယခင်က တောပုန်းစံဖဲကဲ့သို့ သတင်းကြီး၍ အစွမ်းကောင်းလှသော တရားခံ ဖြစ်ပါကြောင်း။
သို့အတွက် ရုတ်တရက်မမိနိုင်ဘဲ သေနတ်ဖျားမှ သီသီလွတ်သွားရကြောင်း မှ သီသီလွတ်သွားရကြောင်း များနှင့်
ဘိုးဒန်အား ခတ်သဲသဲကလေး အစီအရင် တောင်းခံလေ၏။
ကိုဘိုးဒန်၏အစီအရင်ခံစာအရ စစ်ပုလိပ်များလည်း မကြာမှီထပ်၍ရောက်လာလေ၏
ဤအခါတွင် ကိုဘိုးကွန်းမှာ မနေသာတော့ချေ။ မမိလျှင် မိမိဖျင်းညံ့ရာကျချေတော့မည်။
ဇက်ရဲလှသော ဘိုးဒန်ကို အသေရရ အရှင်ရရ အဓမ္မဒလကြမ်း နောင်ဂျိန်ရိုက်၍ တမ်းတော့မည်ဟု လက်သီးလက်မောင်းတန်းကား၊
စစ်ပုလိပ် နှင့် အမှုထမ်းပုလိပ်တို့အား ဘိုးဒန်လာတတ်သောအိမ် ကို တခါတည်း နေ့ညမဟူဝိုင်းထားတော့၏။
ဘိုးဒန်ကား ရွာထဲသို့မပေါ်လာတော့ချေ။ ရွာပြင် တောစပ်မှ မကြာခဏ ကိုယ်တိုင် လာ၍ ပြကြောင်းကြားရပြန်၏။
သူကြီးအိမ်မှမောင်းထု၍ ရွာသားတွေကို စုခေါ်ပြီး မင်းတို့အားလုံးရွာထဲကို လူဝင်လူထွက် စောင့်ကြည့်ရမယ်။
ငါတို့ပုလိပ်ဘက်က တောထဲမှာ တောနင်းရှာနေတုန်းကို ဟိုကောင်ရွာထဲ ၀င်လာတယ် ကြားရင် မင်းတို့တာဝန်ဘဲ။
မင်းတို့မရ ရအောင်ဘမ်းထားရမယ် ဟုဆိုကာ ကိုဘိုးကွန်းတို့ ပုလိပ်တပ်မှာ လက်နက်ရိက္ခာအပြည့်အစုံနှင့် တောနင်းကြလေ၏။
ရွာတွင်ကား သူကြီးနှင့်ရွာသားများမှ ဘိုးဒန်အတွက် ဘေးကြပ်နံကြပ် တာဝန်ကြီးကျလာသဖြင့် ရွာဝတိုင်း အလှည့်ကျစောင့်ဆိုင်းနေရတော့၏။
၎င်းတို့မှာပုလိပ်တမျိုးကြောက်ရ၊ ဘိုးဒန်ကိုတ မျိုးကြောက်ရနှင့် ဆူးကြားသီးတဲ့ဗူးလို၊ မလွန့်သာ မလှုပ်သာရှိရှာကြ၏။
ဘိုးဒန်လာလျှင် ဘမ်းလည်းမဘမ်းဝံ့။ မိအောင်လည်းမဘမ်းနိုင်၊မဘမ်းဘဲ ထိုင်ကြည့် နေပြန်လျှင်လည်း
ပုလိပ်တော်မင်းများက ၀ါးရမ်းပြေးကူညီအားပေးမှုနှင့် အရေးယူပြန်ဦးတော့မည်။ ငါတို့မှာ ဘယ်ဆီကမှ မသက်သာပါကလား။
နေ့ခင်းလယ်လုပ်ယာလုပ်သွားရလို့ ပင်ပန်းတာတမျိုး၊ ညညအမော အပမ်းကလေးမှမဖြေရ၊
ဘိုးဒန်စောင့်ရသည် မဘမ်းပြန် ပုလိပ်ကလက်ထိပ်ခတ်မှာ ကြောက်ရတာ တမျိုးုနှင့် အမျိုးမျိုးစိတ်ရှုတ်နေရှာကြရာ၊
နောက်ဆုံးမှာသက်သာရာအရ ဆုံးသော နည်းဖြစ်သည့် (ဘိုးဒန်မလာပါစေနဲ့ဗျာ ဟူသောဆုကိုသာတောင်းနေမိကြလေတော့၏။)
အများ၏ဆုတောင်းပင်ပြည့်သလားမသိ။ ဘိုးဒန်ကား ရာဇ၀တ်အုပ်ကိုဘိုးကွန်း တို့တော နင်း ထွက်သွားသော နေ့ကစပြီး၊ ရွာသို့လည်းမလာ။
ရွာပြင်တောစပ်မှာလည်း မတွေ့ရခြင်းနေသဖြင့်ကြာသော် ရွာသူများမှာတောထဲတွင်
ဘိုးဒန်နှင့်ပုလိပ်တပ်တို့ မည်သို့မည်ပုံများဖြစ်နေကြသလဲဟု အမြဲ နားစွင့်၍နေကြရင်း ရွာတွင်းရွာပြင်မှာလည်း၊
သူကြီး၏ အာဏာအရ အလှည့်ကျ ကင်းစောင့်၍ နေကြရ တော့သတည်း။
ကိုဘိုးကွန်းမှာ နောက်ပါ စစ်ပုလိပ် အမှုထမ်းပုလိပ်မြောက်မြားစွာနှင့် ဘိုးဒန်ကို တောနင်း ရှာခဲရာ၊
တရက်ကနှစ်ရက်ကျူးလာသည့်တိုင်အောင်၊ဘယ်သို့သော အစအနမျှမရအောင်၊ ရှိခဲ့လေ ၏။
သို့နှင့် သုံးရက်မြောက်သော နေ့တွင်ကား၊ ခါတိုင်းကဲ့သို့ပင် သေနတ်များချိန်ရွယ်လျက် စစ်တက်သကဲ့သို့ ခြေသံကြား ရအောင်၊
တဖြည်းဖြည်းချောင်းကာ ချုံကြိုချုံကြားမှတိတ်ဆိတ်စွာ လာခဲ့ကြစဉ်
ကိုဘိုးကွန်းသည် ရှေ့မှဆီးကြိုနေသော ရေစပ်သဲချောင်းကလေးတခုကို တွေ့မြင်ရ သောကြောင့် မိမိ လူများအား ချုံကြိုချုံကြားတွင်ဝပ်နေစေပြီး။
''ဟေ- ကောင်တွေရှေ့ ကိုကြည့်နေကြ၊ ဒီ- ချောင်းကလေးကို ဟိုကောင်ဘယ်နည်းနဲ့မဆို၊ ရေလာသောက်လိမ့်မယ်ထင်တယ်။
မြင်လို့ရှိရင် မင်းတို့တတွေတခါထဲ သာချိန်ပြီးပစ်ဟေ့။ အသေရအောင် ဘမ်းရမယ်။ ညှာမနေနိုင်တော့ဘူး။
တို့လဲ တောထဲတောင်ထဲ အစာငတ်ဘာငတ်နဲ့ ဒုက္ခဖြစ်လှပြီ။ ရှေ့လ မိုးကျလာရင် ငှက်ဖျား- ဖျားလာမှာ ကြောက်ရတယ်။
မတတ်နိုင်ဘူးဟေ့။ မြင်တာနဲ့ တချက်ထဲသာ တင်ကြပေတော့။ဟု တိုးတိုးတိတ်တိတ် ကြိတ်မှာကာ၊
တစီတတန်းကြီး အသင့်ချောင်းမြောင်း နေကြ လေ၏။
ကိုဘိုးကွန်း ကား သားကောင်ကို တွေ့မြင်ရသော တောမုဆိုးပမာ သူ၏မျက်လုံးများသည် ၀င်းဝင်း ပြောင်ပြောင် အရောင်တွေထွက်လာလေ၏။
မိမိ၏ ၀ဲယာရှိ သေနတ်ကိုင်စစ်ပုလိပ်တို့အား လှဲ့၍ အချက်ပေး လိုက်ခါ မိမိ၏ ငါးချက်ထွက် ရိုင်ဖယ်သေနတ်ကို
ုကျကျနနချိန်ဆပြီး တပြိုင်တည်း ရှေ့နောက် ဆက်ကာ တဒိုင်းဒိုင်း နှင့် အချက်ပေါင်းများစွာ ထွက်သွားလေ၏။
ကိုဘိုးကွန်း၏ အထင်ကား ဤမျှသော သေနတ်ချက်ပေါင်းစွာတပြိုင်တည်း ပစ်လိုက်ခြင်းဖြင့် မမှန်သည့် သေနတ်က မမှန်ဘူး ထားလိုက်အုံး၊
သုံးမျက်နှာမှာ ၀ဲယာညှပ်၍ ပစ်လိုက်သော သေနတ်များမှ တချို့တ၀က်မှန်ရုံနှင့်ပင် ဘိုးဒန်ပုံရက်လဲနေပြီး
သေနပ်ချက်တွေမှာလည်း မရှင်းဂန်းထိသူ လိုတကိုယ်လုံးသေနတ်ချက်တွေက ဆကာကျ နေလိမ့်မည်ထင်လိုက်မိ၏။
ဘိုးဒန်ကိုသေနတ်မီးများအကြားမှာ စိတ်အားထက်သန်စွာ လှမ်းကြည့် လိုက်သောအခါမိမိ အထင် နှင့် မျက်မြင်မှာ
အလွန်ကွာနေသည်ကို တွေ့ရသောကြောင့် အံ့သြခြင်းကြီးမက အံ့လျက် ရုတ်တရက်ကြက်သေနေမိလေ၏။
ကိုဘိုးကွန်း မြင်ရပုံမှာ ဘိုးဒန်သည် သေနတ်မှန်သလိုနှင့် ရှေ့ကိုအားယားထိုးကြီးကျသွားရာမှ ရုတ်တရက် လူးလဲထကာ
မိမိလာလမ်းသို့ ပြန်ဝင်ပြေးသည် ကို တွေ့ရလေ၏။
’’ဟ..ဘယ့်နှယ့်လဲ ပြေးပါကလား’’ဟုယောင်အော်လိုက်ပြီးမှ ပုလိပ်တွေကလည်း
’’ဟာပြေးပေတဲ့ မှန်သွားတယ်ဆရာ ဒီကောင်ကြာကြာမပြေးနိုင်ဘူး လိုက်ရင်မိမယ် လိုက်ရအောင် ဆရာ။’’
ဟုဆိုကာ ကိုဘိုးပြေးသွားသောနောက်သို့ အပြေးအလွှား ချီတက်လိုက်ပါသွားကြပြန်လေ၏။
ကိုဘိုးကွန်းနှင့် ပုလိပ်များလည်း ချောင်းတဘက်ရှိ တောထဲသို့ စစ်တပ်ကိုလမ်း ကြောင်းခွဲ၍ ပိုက်စိတ်တိုက် သလို လိုက်ကြသော်လည်း
ဘိုးဒန်မှာ အစပျောက်သွားပြန်လေ၏။
ကိုဘိုးကွန်းလည်း လက်မတင် ကလေးလွတ်ထွက်သွားသောကြောင့် ဒေါပွကြီးပွကာရှေ့သို့်သာ စိတ်ဆောင်ပြီိး အလောတကြီး လိုက်လေ၏။
လိုက်ရင်းလိုက်ရင်းနှင့်ပင် ကိုဘိုကွန်းနှင့် စစ်ပုလိပ် များမှာ လူစုကွဲမှန်းမသိ ကွဲလာပြီး အားလုံးပင် တယောက်တခြားစီဖြစ်လာကြလေ၏။
ကိုဘိုကွန်းကား မိမိနောက်မှ ပုလိပ်များ ပါသည်ထင်ကာ ရှေ့သို့သာအာရုံစိုက်ပြီး သေနတ်ကြီး မောင်းတင် ၍ လိုက်ချောင်းနေ၏။
ဟိုချုံထဲမှာရှိမလား ဒီသစ်ပင်ကွယ်မှာ ပုန်းနေမလားဟု မျက်စိနှင့်နားကို များစွာအလုပ်ပေးထားလေ၏။
သို့နှင့် အနည်းငယ် ဆက်လက်၍ လာခဲ့ပြန်ရာမှ ရှေ့ကမိုးနံချုံပုတ်တခုတွင် တလှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့ရသောကြောင့်
ကိုဘိုးကွန်းမှာ စိတ်အား ထက်သန်စွာ ခွေးမသားဒီချုံထဲက ဘယ်ပြေးနိုင်မလဲ၊ အသေပေါ့ကွာဟု တယောက်တည်းကြိမ်းဝါးလျက်
သေနပ်မောင်း ကို ဖြုတ်တော့မည်အပြုတွင် ချုံထဲမှလွှားကနဲ အားလျှော့သွားလေ၏။
အချိန်ကား နေလုံးလုံးမ၀င်သေးသဖြင့် ကွဲပြားစွာ မြင်နိုင်သေး၍ ခုန်လွှားပြေးသွားသောရှဥ့်ကလေးကို ငေးကြည့်နေမိစဉ်
ကိုဘိုးကွန်းမှာ မိမိနောက်ကျောသို့ အေးစက်သောလက်ကြီးတခုဖြင့် ဗျန်းကနဲ အရိုက်ခံလိုက်ရသဖြင့် နောက်သို့ခြာကနဲလှဲ့ကြည့်သော အခါ
ဝက်မွှေးပမာ ထိုးထိုးထောင်ထောင် ထွက်နေသော မုတ်ဆိတ်ကြင်စွယ်အများနှင့် အသား ညိုညိုဖေါသွပ်သွပ်မျက်နှာကြီးတွင်
ချွေးသီး ချွေးပေါက် တွေ အရွဲသားနှင့်သွားကြီးဖြဲပြီး မချင့်မရဲ ရယ်ပြနေသော တောပုန်းဝါးရမ်းပြေးကြီး ဘိုးဒန်ကို တွေ့မြင်ရလေ၏။
ကိုဘိုးကွန်း မှာ တောတည်းသို့ ကျားပစ်ရန်လာသူ ကျားနှင့်နီးကပ်စွာရင်ဆိုင်လာ၍ တွေ့ရဘိအလား ရုတ်တရုက်အားဖြင့်
့် ကြောက်ဒူးများ တုန်နေသကဲ့သို့ ကြက်သေသေ နေလေ၏။
ဘိုးဒန်၏မျက်နှာကြီးမှာ ဆန်ကော တမျှ ကြီးမားပွရောင်လာသည် ထင်ရပြီး ကိုယ်ကြီးမှာလည်း
သာမန်လူထက် တဆလောက် ကြီးမား ထွားကျိုင်းလျက် လက်တဘက်ကမချတမ်းကိုင်ထားသော ဒါးကြီးမှာလည်း
သွေးစီးတွေ နီရဲနေသကဲ့သို့ ထင်ရပြီး လက်ထဲ ကသေနတ်ကိုပင် သတိမရ၊
ဘိုးဒန် ငါ့ကို ဘယ့်နှယ့်များ လုပ်မယ်လို့ ပါလိမ့်ဟု နှလုံးသား သိမ့်သိမ့်တုန်နေလေ၏။
ဘိုးဒန်၏ မျက်နှာကြီး မှာ မချိမဆန့်နှင့် ဒေါသဖြစ်ရာမှ ကြိုးကြီုးစားစားရယ်ရပုံ ကြီးမျိုးကိုမြင်ရပြီး
မိမိအနား သို့၎င်း၏ မျက်နှာကြီးနီးမှန်းမသိနီးကပ်လာသည့်အတွက် ကိုဘိုးကွန်းမှာ
ရုတ်တရက် ခေါင်းကြီးပြီး ကြက်သီးတွေဖျန်းကနဲ ထလာရာမှလက်က သေနတ်ကိုသတိရပြီိး
တုန်တုန် ရီရီ ကြောက်ကြောက် လန့်လန့်ကြီးနှင့် မောင်းကိုနှိပ်ချလိုက်မိသည်တွင် ဒိန်းဟိန်းဟိန်း ဆိုသော အသံကြီး ပေါ်ထွက် လာပြီး။
ဘိုးဒန်လည်း ဖျပ်သွားသလို ခုန်ပေါက်ခါ ချုံကလေးတခုနောက်၌ ပျောက်ကွယ်၍ သွားလေ တော့၏။
ကိုဘိုးကွန်းမှာလည်း ဂဒုံဂရင်ကြီး ဖြစ်ကျန်ရစ်လေ၏။
မိမိနောက်တွင် အဖော်တ ယောက်မျှမပါဘဲ တောထဲ၌ ဘိုးဒန်နှင့် လက်ပူးလက်ကြပ်တွေ့ရသောအခါ
အဘယ်မျှကြောက် လန့်သွားမိသည်ကို သတိရ၏။
ကိုဘိုးကွန်း၏သေနတ်သံကြောင့် မနီိးမဝေးတွင် တယောက်တကွဲစီ သဲသဲမဲမဲရှာဖွေနေသော ပုလိပ် တွေလည်း နီးရာမှစုပြေးလာကြ၏။
’’ဆရာ..ဆရာ..ဘယ်မလဲ ၊မိပလား။’’ဟု ၀ိုင်းမေးမှ ၊ကိုဘိုးကွန်းမှာ တွေတွေကြီး ရပ်နေရာက သတိဝင်လာလေ၏။
တပည့်တွေကိုမြင်မှ ကပြာကရာ ဣနြေ္ဒဆယ်ကာ....
’’ဟိုကောင် -ဟိုကောင် ငါနဲ့တွေ့လို့ ပစ်လိုက်ထားခုဘဲ ဟိုဘက်ထွက်ပြေးတယ် ဟေ့’’ ဟု ပြောလိုက်စဉ် တဘက်မှအမယ်လေးလေးဗျ။
ဒိုင်း-ဒိုင်း။ဟုအော်သံရော။ သေနတ်သံပါ ပေါ်ထွက်လာပြန်၍ အားလုံးအသံကြားရာသို့ ပြေးသွားကြလေ၏။စစ်ပုလိပ်တယောက်မှာ။
သေနတ်ကြီးကိုင်လျက် တုန်တုန် ရီရီကြီးဖြစ်နေသည်ုကို တွေ့ရသဖြင့် ကိုဘိုးကွန်း ခေါင်းဆောင်ကာ....
’’ဟေ့ကောင်ဘာတုံး ဘာဖြစ်တာတုံး ဟု’’၀ိုင်းမေးမှ။ ပုလိပ်လည်းထိန်လန့် တုန်လှုပ်နေရာမှ သတိရ လာပြီး။
အမယ်ဆရာ ရဲ့ ကျွန်တော်နဲ့နှစ်ယောက်ထဲလာတွေ့နေတယ်။ ဒါးကြီးကိုင်ပြီိး ကျွန်တော်ကို ပြုံးစိစိကြီိး ကြည့်နေလိုက်တာ
သိပ်ကြောက်စရာကောင်းတာဘဲ။ ဒါနဲ့ကြောက်ကြောက်လန့်လန့် နဲ့ဘဲ သေနတ်မောင်း ဖြုတ်လိုက်တာ
ဘိုးဒန်တော့ ဟောဟိုဘက်စွပ်ပြေးလေရဲ့ဆရာ ရဲ့ ဟု ခရီးဝေးကြီးကပြေးလာသူအလား၊ ဟောဟဲ လိုက်ခါကတိုက်ကရိုက်ကြီး ပြောလေ၏။
ကိုဘိုးကွန်းလည်း မိမိဖြစ်ပုံနှင့် ကိုယ်ချင်းစာမိလေ၏။ထိုခဏ၌ တဘက်ဆီမှ စူးစူးဝါးဝါး အော်လိုက်သောအသံတခုကိုကြားရပြန်ရာ
ကိုဘိုးကွန်း တို့ လူစု လည်း အသံလာရာသို့ပြေးကြပြန်၏။
စစ်ပုလိပ်တယောက်မှာခရိုင်ဖယ်သေ နတ်ကြီး ကိုင်ရက် ပက်လက် လန့်ရာ ယက်ကန်ယက်ကန်နှင့် တက်နေလေ၏။
ရောက်လာသူတို့ဝိုင်းနှိပ်ကြမှ သတိရလာလေ၏။
ဟေ့ကောင် ရ သေနတ်ကြီးကိုင်ပြီးဘယ့်နှယ့်ဖြစ်နေရတာလဲဟု ဆွဲထူ လှုပ်မေးကြမှ မျက်နှာကြီးက ပြဲပြဲကြီး။
ဟုပြောနေစဉ် စကားမဆုံးမှီ တဘက်ဆီမှ စူးရှကျယ်လောင်သော အော်သံတခု ပေါ်လာပြန်ရာ ကိုဘိုးကွန်း တို့မှာ အသံလာရာသို့ ပြေးကြရပြန်လေ၏။
သေနတ်ကြီး ကိုင်ရက်က နတ်ကျသလို တဆပ်ဆပ်တုန်နေသော ပုလိပ်တယောက် ကိုတွေ့ရသည်။"ဟေ့ ဘာလဲ" ဟု မေးပြန်ရာ...
"ဖြူဖြူကြီး ဆရာ ဖြူဖြူကြီး၊ ကျွန်တော့်အနား ဝါးကနဲဆို လာလှန့်သွားတယ်၊
ကျွန်တော်လဲ သေ နတ်ကြီး ကိုင်ရက်က ဆပ်ဆပ်တုန်အောင် ကြောက်သွားတာပဲ ဘာလဲ မသိဘူး ဆရာရဲ့"ဟု လှိုက်လှိုက်လှဲလှဲကြီး ပြောလေ၏။
ထိုခဏ၌ ကွဲနေသော ပုလိပ်များလည်း အားလုံးစုမိကြ၏။
ကိုဘိုးကွန်း နှင့် ပုလိပ်များမှာ ဘိုးဒန်အရူးလုပ်သမျှခံနေရသဖြင့် မခံချိ မခံသာလည်းဖြစ်ရ၊
ဘမ်းမမိ နိုင် သေနတ်နှင့် မထိနိုင်၍လည်း အခက်ကျပြီး၊ ဤမျှအစွမ်းကောင်းနေသူနှင့် ဘက်ပြိုင်ရန်မှာလည်း
တဖြည်းဖြည်း ကြက်သီးမွေးညှင်းများ ထလောက် ထိတ်လန့်ကြောက်ရွံ့လာတော့၏။
သို့ရာတွင် ကိုဘိုးကွန်း မှာ၊ ဟန်မပျက်စေဘဲ။ လက်နက်လူသူစုရုံးလာသဖြင့်လည်း တနည်းအားတက်ခါ...
"တောက် ဒီအကောင် သိပ်ဇက်ရဲတာဘဲကွာ၊ တို့အနားမှာ အမြဲရစ်နေတာဘဲ၊ ကဲ... ကဲ... လာကွာ ဒီအကောင် ဘာမို့လဲ၊
တနေ့တော့ မိရမှာဘဲ။ လာလိုက်ကြအုံးစို့။"ဟု ကြိမ်းဝါးကာ လိုက်ရန် ဟန်ပြင်ပြန်လေ၏။
တပည့်များလည်း ကိုယ်စီကြောက်နေကြရာမှ ဆရာ ကဲ့သို့ပင် ဟန်တပြင်ပြင်နှင့် ရောယောင်ကြခါ..
."လိုက်တာကတော့ ဟုတ်ပါရဲ့ ဆရာ၊ ဘယ်ဘက်ကိုလိုက်မလဲ၊ ခုန ဟိုကောင်းပြေးတာ ဘယ် ဘက် ပြေးတုန်း ဆရာရဲ့" ဟု မေးနေစဉ်...
တဘက်မှာ (ဟီဟီဟိ)ဟု အသံကွဲကြီးနှင့် လှောင်ရီရီလိုက်သံကြားရ၍၊ အသံလာရာဘက်သို့ လှည့်ကြည့်ကြသော အခါ
နံငယ်ပိုင်းကို ဝတ်ထားသော ဘိုးဒန်လည်းကိုင်ထားသော ဓါးမကြီးကို မြှောက်ခါမြှောက်ခါ ပြလျှက် သူ ဒီမှာရှိသည်ဆိုသော အထိမ်းအမှတ်ပြနေလေ၏။
ကိုဘိုးကွန်း နှင့် ပုလိပ်တို့သည် "ဟော ဟိုမှာ" ဟုဆိုကာ သေနတ်တွေနှင့် ချိန်ကာ တဒိန်းဒိန်းပစ်ရင်း
လိုက်လာသော နောက်က ပုလိပ်များအား မကြာခဏလှဲကာ၊ လက်ယပ်ခေါ်သလို သရော်သလို နှင့် လုပ်၍ သွားလေရာ
ကိုဘိုးကွန်းမှာ မခံမရပ် နိုင်အောင် ဒေါပွ၍ သေနတ်ခလုပ်ကိုသာ တခုပြီးတခု ဖြုတ်ရင်း ရှေ့ဆုံး မှ ခေါင်းတယ်၍လိုက်ခဲ့လေ၏။
ကုန်း၊ ကျင်း၊ ခလုတ်၊ သစ်ငုတ်၊ ဆူးညှောင့်များကို တုံးတိုက်တိုက် တိုင်တိုက်တိုက် သဘောနှင့် ဒရောသောပါး လိုက်လာခဲ့ရာ
တောနက်ကြီးထဲသို့ရောက်မှန်းမသိ ရောက်လာပြီး၊ ထိုအချိန်တွင် နေလည်း လုံးလုံးဝင်သဖြင့် မမြင်မကန်း အမှောင်တွေဖုံးလွှမ်းလာလေရာ
ဘိုးဒန်ကိုလည်း လုံးလုံး သား မျက်ခြေပြတ်သွားလေ၏။ ကိုဘိုးကွန်းတို့မှာ ထိုအခါမှပင် မောမှန်း ပန်းမှန်း သိကြပြီး။
လွယ် ထားသော... ဗူးထည်းက ရေများသောက်ခါ၊ မြေပေါ်ဖင်ထိုင်၍ အမောဖြေရင်း။
အမှောင်ကို လင်း စေခြင်းငှာ သစ်ကိုင်းခြောက်များ စုပုံပြီး မီးဖိုကြီးတစ်ခုဖိုကြလေ၏။
မီးဖိုအလင်းရောင်ကြောင့် မိမိတို့ရောက်နေသော တောကြီးမှာ အဓိကရသစ်ပင်ကြီးများဖြင့် ဖုံးလွှမ်း ထားကြောင်း သိရလေ၏။
မီးဖိုကြီးမှာလည်း သစ်ရွက်ခြောက်များအရှိန်ကြောင့် မီးတောက်ကြီး များမှာ လူတစ်ရပ် စာ မျှ မြင့်မားပြီး
မိမိတို့ပတ်ဝန်းကျင်တဝိုက်မှာပင် လင်းထိန်နေတော့၏။ ထိုခဏ ၌ ပုလိပ် တစ်ယောက်က"ဟော... ဟော ဟိုမှာ ဟိုမှာ လာပြန်ပြီ"
ဟု ပြောသဖြင့် ကိုဘိုးကွန်းနှင့် လူအများလည်း ပြရာသို့ကြည့်ကြရာ မနီးမဝေးမီးရောင်အလင်း၌ ထားကြီး ကိုင်ကာ
ပြုံးစိစိမျက်နှာကြီးနှင့် ရပ်ကြည့်နေသော ဘိုးဒန်၏ပုံသဏ္ဍာန်ကို တွေ့မြင်ရပြန် လေ၏။
"ဟေ့ ပစ်ကြကွာ၊ တညီတညွတ်ထဲဟေ့၊ (ဝမ်း၊ တူး၊ သရီး")ဟုကိုဘိုးကွန်းက ခေါင်းတည်ကာ သေနတ်တွေ တပြိုင်ထဲ မောင်းဖြုတ်လိုက်ရာ
တတောလုံး ဟိန်း သွားလေ၏။ ဘိုးဒန်ကား သေနတ်မှထွက်လာသော မီးခိုးများနှင့် ရောထွေးကာ
ဘယ်ဆီသို့ရောက် မှန်းမသိ ပျောက်ကွယ်သွားလေတော့၏။ ကိုဘိုးကွန်းမှာ စိတ်ပျက်လက်ပျက်ဖြစ်လာလေ၏။
"ဒီအကောင်ဟာ တကယ်ဘဲ သေနတ်ပြီးနေပါပြီကွာ၊ ဒီလိုသာဘမ်းနေရင် တသက်လုံးမိမှာမဟုတ် ဘူး၊
ဓါတ်ငွေ့ ပါတဲ့ ယမ်းတောင့် နဲ့ ပစ်ဘမ်းရင်တော့ ရချင်ရမလား မသိပါဘူးကွာ" ဟု ညည်းမိရှာတော့၏။
ထိုခဏ၌ မီးပုံကြီးထဲသို့ မြေစိုင်ခဲကြီးတစ်လုံး အုံးကနဲ ကျလာလေ၏။
ကိုဘိုးကွန်းလည်း ခဲလာရာ သို့ မှန်းကာ တစ်ချက်ပစ်ပြန်ရာ နောက်ထပ်မြေစိုင်ခဲနှစ်လုံး ကျပြန်၏။
သေနတ်တစ်ချက်ပစ်ပြန်ရာ နောက်ထပ် မြေစိုင်ခဲလေးလုံး ကျလာ၏။
သို့နှင့် တချီထက်တချီ မြေစိုင်ခဲတွေ တဆတဆတိုး၍ ကျ လာရာ ကဟုန်းဟုန်း တောက်နေသော မီးပုံကြီးမှာ မြေစိုင်ခဲတို့ ဖုံးလွှမ်းမိ၍
မီးရောင်ပျောက်ကွယ် မှေးမှိန်ပြီး မှောင်ကြီးကျသွားလေ၏။
မီးရောင်မှိတ်သွားသောအခါ၌မူကား မြေစိုင်ခဲများ ကျမလာ တော့သဖြင့် အတော်သက်သာစရာရသွားလေ၏။
မီးကို ထပ်ထည့်မည်ကြံမိရာ တချို့က မြေစိုင်ခဲ တွေကျလာမှာ စိုးရိမ်သည့်အတွက်
မှောင်ထဲမှာပင် ထိုညအဘို့ လူစောင့်နှင့်လဲ၍ အိပ်ကြရန် တိုင် ပင်ကြ လေ၏။
အားလုံးအညောင်းပြေလှဲမိကြသောအခါ လေအေးကလေးကလည်း တသုံသုံ တဖြူး ဖြူးတိုက်လာလေ၏။
လေအေး ထဲမှာ အလွန်ဆိုးဝါးပုပ်ဟောင်လှသော လူသေကောင်ပုပ်နံ့ကဲ့သို့ အနံ့ဆိုးကြီးတစ်ခု ပါလာ လေရာ
ကိုဘိုးကွန်း တို့ လူစုမှာ အသက်မရှုနိုင်အောင် ပုပ်ဟောင်နံစော်ခြင်း ကြောင့် တဝေါ့ဝေါ့ဖြစ် နေကြသောကြောင့် မည်သူမျှအိပ်မပျော်နိုင်ကြတော့ပေ။
အချိန်ကား ကြာ လေကြာလေ ညဥ့်နက်၍ လာလေ၏။
တောသံတောင်သံများဟိန်းလာပြီး တောတန်းတောင်တန်း တါင် မှီတင်းနေထိုင်ကြကုန်သော သတ္တဝါကြီးငယ် တို့၏
ဟိန်းဟောက် ညည်းညူသံတွေလည်း ဆူညံလာလေ၏။
ကျားဟိန်းသံ၊ သစ်ကြုတ်သံ၊ ဝက်ဝံအော်သံတွေ တချက်တချက် အဝီစိပွက်သ လို ညံလိုက်လျှက်၊
တခါတရံလည်း တောကျီး တောငှက် တွေ လန့်ဖြတ်ပြိုကြသော အသံကိုကြားရ ရာ၊
ကိုဘိုးကွန်းတို့လူစုမှာ လူတွေများ ပါလျှက် အသက်ရှူမှားအောင် ကြောက်အားပိုမိကြလေ၏။
ထိုခဏ၌ပင် ၎င်းတို့နှင့် မလှမ်းမကမ်းနေရာဆီမှ တောခွေးအတွေ ဝမ်းနည်းကြေကွဲစွာ အူကြသော အသံတွေ ပေါ်လာလေ၏
ကိုဘိုးကွန်းလည်း အရပ်လေးမျက်နှာမှောင်တိုက်ထည်းသို့ လှည့်ကြည့်မိ ပြန်ရာ၊
မိမိတို့နေရာ၏လက်ဝဲဘက် မှောင်တည်းတွင် မီးခဲတမျှ နီရဲဝင်းပြောင်လှသော မျက်လုံးအစုံ ကလေး တွေ မြောက်မြားစွာကို တွေ့ရလေ၏။
မြင်ရသောမျက်လုံးနီရဲရဲကလေးတွေမှာ အားလုံး အထက် သို့ မော်ကြည့်ကြလျှက်၊
လှုပ်လှုပ်ရှက်ရှက် အူနေကြခြင်းဖြင့် ထိုသတ္တဝါတွေမှာ တောခွေး တွေ ဖြစ်ကြောင်း သိရ၏။
"ဟေ့... ဟေ့.. လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်း၊ ဟောဟို တောခွေးတောဟာအပေါ်မော့ကြည့် ကြတယ်၊
သစ်ပင်ပေါ် မှာ ဘာရှိသလဲ မပြောတတ်ဘူး၊ မီးနဲ့ထိုးကြည့်ကြစမ်း"ဟု အမိန့် ပေး၍ အပေါ်သို့ ဓါတ်မီးထိုးကြည့်ကြရာ
သစ်ကိုင်းမှ တွဲလွဲဆွဲကျနေသော ဖြူဖြူပွပွ အရာ ဝတ္ထုကြီး တစ်ခု လေထဲတွင် တနွဲ့နွဲ့ တအိအိ လှုပ်ရှားနေသည်ကို
အောက်က တောခွေးများ မျှော် ကြည့်ကာ၊ အူနေသည်ကို တွေ့မြင်ရလေ၏။ခွေးများလည်း ဓါတ်မီးရောင်ကြောင့် လန့်ကာ ထွက်ပြေးကြလေ၏။
"ဟေ... ဘာကြီးတုံးကွ။ သေသေချာချာ မီးထိုးကြည့်ကြစမ်းပါ"ဟု ကိုဘိုးကွန်း က ပြော၍ လက်နှိပ်ဓါတ်မီးလေးငါးခု စုပြုံ၍ ထိုးကြည့်ကြပြန်၏။
"ဟာ... လူကြီးဘဲ ဆရာ၊ ကြိုးကြီးတန်းလန်းနဲ့ ကြိုးဆွဲချသေနေတာဘဲ၊ ဟာ... ယောင်ဖေါလိုက် ထာကြီး ကလဲ၊
မြင်မကောင်းပါလား၊ ခြေထောက်ကြီးတွေများ ဆင်ခြေထောက်ကျလို့။
ဟယ်... အရေတွေရော တစက်စက်ကျလို့ လောက်တွေကလဲ တဖွားဖွားနဲ့၊ စောစောက ပုပ်စော်နံတာ ဒါကြီးက နံတာကိုး ဆရာရဲ့"ဟု
တစ်ယောက်တစ်ပေါက် ကြောက်ရွံ့အံ့သြစွာ ပြောကြလေ၏။ ကိုဘိုးကွန်းလည်း ရုပ်လက္ခဏာ ကို သေသေချာချာကြည့်ပြီး။
"ဟေ့... လက်ကဓါးကြီးလဲ ဆုပ်ထားရက်ပါကလား၊ ဝတ်ထားတာကလဲ နံငယ်ပိုင်း၊
ဘယ့်နှယ် ကြောင့် ဒီလောက်မြင့်တဲ့သစ်ပင်ကြီးပေါ်တက်ပြီး၊ ခေါင်ဖျားကြီးကနေ ကြိုးဆွဲချရပါလိမ့်။ အို... ငါ အခုမှ သတိရတယ်။
ဘိုးဒန်နဲ့ မတူလားဟေ့။ မျက်နှာကို သေသေချာချာ မီးထိုးပြကြစမ်း"ဟု ဆိုရာ မီးများမျက်နှာဆီသို့စု၍ ထိုးကြရာ၊
ဖေါယောင်ဖောင်းပွနေသော ဘိုးဒန်၏မျက်နှာကြီးကို တွေ့ရလေ၏။
ဤတွင်မှအားလုံး ဘိုးဒန်လူသတ်ထွက်ပြေး၍ တောပုန်းလုပ်ရင်း ကြိုးဆွဲချသေဆုံးကြောင်း ရိပ်မိ ကာ၊
မိမိတို့တွေ့ရသော ဘိုးဒန်မှာ စွဲလမ်းသောဇောကြောင့် အယူတိမ်း၍ အစိမ်းသေတစ္ဆေသရဲအ ဖြစ်နှင့်
ဇက်ရဲလက်ရဲ ပြုမူချောက်လှန့်နေကြောင်း ကောင်းစွာအရည်လည်ကြတော့လေ၏။
ရာဇ ဝတ်အုပ် ကိုဘိုးကွန်းအား အထက်အစိုးရများထံသို့ ဘိုးဒန် သေဆုံးနေကြောင်း၊
ရွာတွင်တွေ့ရ သော ဘိုးဒန်မှာ နာနာဘာဝဖြစ်ကြောင်း၊ မှန်တိုင်း အစစ်ခံလျှင်၊ အထက်အရာရှိတွေက တစ္ဆေသရဲ ယုံချင်မှယုံမည်။
သည်တော့ ဆုငွေလဲရ နာမည်ကောင်းလဲရအောင်၊ ဘိုးဒန်ကို မိမိတို့အစွမ်းနှင့် အသေရအောင် ဘမ်းခဲ့ ရသည်ဟု အစီရင်ခံရန်နှင့်
အလောင်းပုံစံကို ဆေးရုံသို့ယူလာရန် အကြံရ လေ၏။
တပည့်များနှင့်တိုင်ပင်ကာ ပုပ်ပွနံစော်လှသော အလောင်းကြီးကို သယ်ယူသွားရန်၊
ညချင်း ပင် ကြိုးဆွဲချ ထားသောကြိုးကို သေနတ်နှင့်ချိန်၍ ပစ်လိုက်ရာ၊ အလောင်းကြီးမှာ ကြိုးပြတ်ပြီး ဘုံး ကနဲကျလာလေ၏။
အလောင်းကြီး သည် မြေပေါ်သို့ရောက်သည်နှင့် တပြိုင်နက်
ရုတ်တရက်ထိုး ထိုးထောင်ထောင် ထလာသော လှိုဏ်သံပါသော အသံကြီးတမျိုးနှင့် ဟစ်အော်ပြီး၊
လက်ကားယား ခြေကားယားကြီးနှင့် ကိုဘိုးကွန်း နောက်သို့ လိုက်လေရာ၊ ကိုဘိုးကွန်းနှင့် ပုလိပ်သားများလည်း၊
တခါမှ မကြုံဘူးသည့် ကြောက်မက် ဘွယ်ရာကြီး တွေ့ရသောကြောင့် ငယ်သံပါအောင် ဟစ်အော် ကြကာ
ဖနောင့် နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးခဲ့ကြလေ၏။
ကိုဘိုးကွန်း မှာ အကြီးအမှူးဖြစ်သော်လည်း အကြောက်ဆုံးဖြစ်၍ ရှေ့ဆုံးကပြေးခဲ့သော်လည်း၊
ထပ်ကြပ် လိုက်ပါလာသော အလောင်းကြီးကို မရှောင်သာဘဲ၊ ခလုပ်တိုက်လဲရာက ကုန်း၍ထနေရ သည်တွင် နောက်မှ ကျန်ရစ်ခဲ့ပြီး၊
အလောင်းကောင်ကြီး မိမိကိုယ်ပေါ်သို့ ခွစီးမိသည့်အချိန်ကစ၍ သတိမရဘဲ မေ့မြော သွားလေရာ၊
နောက်တစ်နေ့ နေ့ခင်းပုလိပ်များ တောနင်းရှာမှ မေ့မြောပြီး အလောင်းကြီးနှင့်အတူ လဲနေသည်ကို တွေ့ကြရတော့သဖြင့်
အလောင်းရောလူပါ မြို့ဌာနသို့ သယ်ပိုး လာပြီး ဖြစ်သမျှကို အစအဆုံး ပုလိပ်အမှုထမ်းများက အစီရင်ခံကြရလေ၏။
ကိုဘိုးကွန်းကား ဆရာဝန်များကုသပေးခြင်းဖြင့် သတိရလာသော်လည်း သည်းခြေပျက်ခါ အရူးကြီး လုံးလုံး ဖြစ်သွားရရှာလေ၏။
သားမယားနှင့် မိဘဆွေမျိုးများမှာ တဆရာမကောင်း၊ တဆရာပြောင်း ဆိုသလို၊ ဝဋ်ဟောင်းဖြင့်ကြေ ဝဋ်သစ်ဖြင့်ပြေပါစေဟူသော
စိတ်ထားနှင့် ကြိုးစားကုသကြရာ သုံး လေးနှစ်ရာသီ ရှိသော်လည်း သက်သာသည်မရှိဘဲ ကိုဘိုးကွန်းမှာ သေနတ်ပစ်ပုံ
အလောင်းကောင် ကြီး လိုက်လာပုံ တွေကို ရေရွတ်မြည်တမ်းကာသာ အချိန်ကုန်ခဲ့ရှာလေ၏။
နောက်ဆုံးတွင် ကံအားလျော်စွာ ကျွန်တော်၏ဆရာကြီးနှင့် သူတို့၏ရင်းနှီးသောမိတ်ဆွေများ တွေ့ သွား ကြရာက အစပြုလျက်၊
ဘုရားကု၊ သမားကု၊ သမာဓိကု၊ အထက်လမ်းကုနည်းဖြင့် ကုစားခဲ့ရာ ယခုအခါ ကိုဘိုးကွန်း မှာ
ကောင်းစွာပျောက်ကင်းချမ်းသာသွားရှာပြီး သူတော်သူမြတ်အဖြစ်နှင့် ဘဝခရီးကို ရုန်း တော့မည်ဟု ဆုံးဖြတ်ခါ
အစိုးရအလုပ်ကိုလည်း ပြန်ဝင်ခြင်းမပြု။ သားမယားကို လည်း လျစ်လျူရှုလျက်
ဥရုဝေဠချောင် တွင် ရဟန်းအသွင်နှင့် ကမ္မဋ္ဌာန်းဝင်လျှက်ရှိရာလေတော့ သတည်း။
ကျုပ်ကတော့ရွာလယ်က သေနတ်ဖောက်သံကြားရတာနဲ့ မိအောင်မ နေတာ ကိုယ်တော်မြတ်က ဒီလာပြီး ရှိသမျှဟာတွေ အကုန်ပွဲတော်တည်သွ
တံခါးလုံအောင်ပိတ်ပြီး အပေါက်ကလေးက ကြိတ်ကြည့် နေရတယ်။တော်တို့ပြန်မလာခင် လေးတင်ဘဲရွာ ပြင်ထွက်သွားတော့။
ဟုအငေါ့အထေ့စုံစွာနှင့် ထမင်းပွဲကြောင်လှဲသွားကြောင်း၊ ပါးစပ်အစီအရင်ခံစာတင် လေ တော့၏။
ကိုဘိုးကွန်း မှာ မိမိကိုပမာမခန့်အရူးလုပ်သွားသော ၀ါးရမ်းပြေးဘိုးဒန်အား မခံမရပ်နိုင် အောင် ဒေါပွနေလေ၏။
မအေ နှမနှင့်လည်းရစရာမရှိအောင် ဆဲရေးရေရွတ်လျှက်အရှက်ပြေ ကြိမ်းဝါးမန်မဲ နေတော့၏။
ရွာသားများနှင့် ပုလိပ်အမှုထမ်းတို့ကား ၀ါးရမ်းပြေးဘိုးဒန်၏ ရဲစွမ်းပုံကို ဆပ်ဆပ်တုန်အောင် ကြောက်လန့် နေကြလေ၏။
’’ဒါလောက်စွမ်းနေတဲ့ လူတယောက်ကို ဘမ်းလို့မရနိုင်ပါဘူးကွာ။ သေနတ်နဲ့ ကပ်ပစ်တာမှ မသေတဲ့ နောက် ဘယ့်နှယ့်လုပ်ဘမ်းမလဲ။
အရင်တုန်းကစံဖဲနာမည်ကြီးမဲ့သာ ကြီးနေတာ ဘိုးဒန်လိုတခါမှ အနားကပ်ပြီး သေနတ်ပြောင်းအဖြုတ်မခံရသေးဘူးကွ
ဒါကမှတကယ့် လူစွမ်းကောင်း။
ဟု တိုးတိုးတိတ်တိတ် ကြိတ်ပြောသူကပြော၍ အချို့ကလည်း-
’’အလကားပါကွာ၊ဒီကောင်ကစွမ်းတာ မဟုတ်ပါဘူး။ လာဘမ်းတဲ့ ပုလိပ်တွေက အသုံးမကျတဲ့ ဟာတွေမို့ သူတို့ဟာသူတို့လန့်နေတာပါ။
သေသေချာချာ ဘမ်းတဲ့နောက်မိလွန်းလို့ မှမရှိဘူး။ဟုပြောသောအခါ
အချို့က’’ အမယ်လေး- ဒီလူ့နှယ်တွေရှောက်ပြောနေတာလဲ ဟိုကကိုယ်ပျောက်တတ်တယ် သေနတ်ဒါးလဲ ပီးတယ်။
ဒီလောက်အစွမ်းကောင်းတဲ့ လူဆိုတာသူ့အကြောင်းကွယ်ရာတောင် ပြောမဖြစ်ဘူး။
ဟိုက နားကျပ် ရတယ်တဲ့ ကြားသွားလို့ခင်ဗျားကို လာသတ်မှလှနေမယ်။ ဟုစိုးရိမ်စွာ သတိပေးသူကပေးနှင့် အတော်ကလေး ပါးစပ်အလုပ်များနေကြ၏။
ဘိုးဒန်၏သတင်းကား တနေ့တခြားကြီးလာတော့၏။
သတင်းကြီးခြင်းကြောင့်ပင် ဘိုးဒန်၏ အစွမ်းများကို တဆင့် စကား တဆင့်နားနှင့် သတင်းကျယ်ပွားလေ၏။
ဆိပ်ပေါက်ရွာက မယားနဲ့ လင်ငယ်ကို ထောင်ထဲက တိတ်တိတ်ထွက်ပြေးလာပြီး
သတ်ပစ်တဲ့တောပုန်း ၀ါးရမ်းပြေး ဘိုးဒန်ဆိုတာ အင်မတန် လူစွမ်းကောင်းသတဲ့၊ပုလိပ်တွေတပ်
ရာဇ၀တ်အုပ်သို့ ပြင်ထားတ့မင်းပွဲကြီးကိုပြောင်ေ
ဆိပ်ပေါက် ရွာမှာ သူ့ကိုဘမ်းရအောင် စတဲချနေတာ သိရက်နဲ့ ရွာထဲညတိုင်းဝင်ဝင်လာသတဲ့
တောထဲမှာ ဟင်းရွက်ခူး ထင်းရောင်း လာတဲ့ လူတွေလဲ ရိပ်ခနဲ ရိပ်ခနဲ အမြဲတွေ့လိုက်တာဘဲတဲ့၊
ဘယ့်လောက်ရဲသလဲ သတ္တိနဲတဲ့ အကောင်သာဆိုရင်၊ ပုလိပ် နဲ့ ဝေးရာသို့ပြေးမှာပေါ့ဟူသော ကျော်စောသတင်းတွေ ဆူဝေလျှက်ရှိလေ၏။
အချို့ကလည်းဘိုးဒန်၏ အစွမ်းသတ္တိကို ချီးမွမ်းသည့်အပြင်၊ ဘိုးဒန်မှာရွာသားများကို ယနေ့ထက် တိုင်အောင် ရန်မရှာခဲ့သေးဘဲ။
တောထဲတွင် ရိပ်ခနဲ့တွေ့ရများကိုလည်း။ အနည်းငယ်မျှ ဖြစ်သဖြင့် ပုလိပ်မှတပါး ဘိုးဒန်အား မေတ္တာတိမ်းညွတ်သွားကြပြီး၊
ဘိုးဒန်ကသာ တောပုန်းလူဆိုးအသင်းကြီး ဖွဲ့စည်း မည်ဆိုကာ ထိုသူတို့မှာ စိတ်အားထက်သန်စွာပါဝင် ကြမည်ကဲ့သို့ပင် ဖြစ်နေလေ၏။
ပုလိပ်များကို ဗြောင်ထားကာ ဘိုးဒန်၏အစွမ်းကောင်းပုံကို ချီးမွမ်းကြ၏။
ကိုဘိုးကွန်း မှူးရှိသော အထူးပုလိပ်ဝတ္တရားနှင့် ရောက်လာကြသူပုလိပ်အရာရှိများမှာ မခံချည့်မခံသာ မျက်နှာပူစွာ နေကြသည့်အပြင်
ယခုထက်တိုင် ၀ါးရမ်းပြေး ဘိုးဒန်ကိုတွေ့ရလျှက်၊မမိ အထက်လူကြီးများ၏ ဆူပူကြိမ်းမောင်း ထုချေလွှာအတောင်းခံရလေ၏။
အကြီးအကဲပြုသူရာဇ၀တ်အုပ်ကို ကိုဘိုးကွန်းမှာ တရားခံကိုလည်း ဘမ်းမမိ။
အထက် လူကြီး ၏ပြစ်တင်ခြင်း ကိုလည်းမခံဝံ့ နှင့်မလွန်သာမလှုပ်သာအောင်ဖြစ်ရေ
အထက်အ ရာရှိများ ထံသို့လည်း ယခင်က တောပုန်းစံဖဲကဲ့သို့ သတင်းကြီး၍ အစွမ်းကောင်းလှသော တရားခံ ဖြစ်ပါကြောင်း။
သို့အတွက် ရုတ်တရက်မမိနိုင်ဘဲ သေနတ်ဖျားမှ သီသီလွတ်သွားရကြောင်း မှ သီသီလွတ်သွားရကြောင်း များနှင့်
ဘိုးဒန်အား ခတ်သဲသဲကလေး အစီအရင် တောင်းခံလေ၏။
ကိုဘိုးဒန်၏အစီအရင်ခံစာအရ စစ်ပုလိပ်များလည်း မကြာမှီထပ်၍ရောက်လာလေ၏
ဤအခါတွင် ကိုဘိုးကွန်းမှာ မနေသာတော့ချေ။ မမိလျှင် မိမိဖျင်းညံ့ရာကျချေတော့မည်။
ဇက်ရဲလှသော ဘိုးဒန်ကို အသေရရ အရှင်ရရ အဓမ္မဒလကြမ်း နောင်ဂျိန်ရိုက်၍ တမ်းတော့မည်ဟု လက်သီးလက်မောင်းတန်းကား၊
စစ်ပုလိပ် နှင့် အမှုထမ်းပုလိပ်တို့အား ဘိုးဒန်လာတတ်သောအိမ် ကို တခါတည်း နေ့ညမဟူဝိုင်းထားတော့၏။
ဘိုးဒန်ကား ရွာထဲသို့မပေါ်လာတော့ချေ။ ရွာပြင် တောစပ်မှ မကြာခဏ ကိုယ်တိုင် လာ၍ ပြကြောင်းကြားရပြန်၏။
သူကြီးအိမ်မှမောင်းထု၍ ရွာသားတွေကို စုခေါ်ပြီး မင်းတို့အားလုံးရွာထဲကို လူဝင်လူထွက် စောင့်ကြည့်ရမယ်။
ငါတို့ပုလိပ်ဘက်က တောထဲမှာ တောနင်းရှာနေတုန်းကို ဟိုကောင်ရွာထဲ ၀င်လာတယ် ကြားရင် မင်းတို့တာဝန်ဘဲ။
မင်းတို့မရ ရအောင်ဘမ်းထားရမယ် ဟုဆိုကာ ကိုဘိုးကွန်းတို့ ပုလိပ်တပ်မှာ လက်နက်ရိက္ခာအပြည့်အစုံနှင့် တောနင်းကြလေ၏။
ရွာတွင်ကား သူကြီးနှင့်ရွာသားများမှ ဘိုးဒန်အတွက် ဘေးကြပ်နံကြပ် တာဝန်ကြီးကျလာသဖြင့် ရွာဝတိုင်း အလှည့်ကျစောင့်ဆိုင်းနေရတော့၏။
၎င်းတို့မှာပုလိပ်တမျိုးကြောက်
ဘိုးဒန်လာလျှင် ဘမ်းလည်းမဘမ်းဝံ့။ မိအောင်လည်းမဘမ်းနိုင်၊မဘမ်းဘဲ ထိုင်ကြည့် နေပြန်လျှင်လည်း
ပုလိပ်တော်မင်းများက ၀ါးရမ်းပြေးကူညီအားပေးမှုနှင့် အရေးယူပြန်ဦးတော့မည်။ ငါတို့မှာ ဘယ်ဆီကမှ မသက်သာပါကလား။
နေ့ခင်းလယ်လုပ်ယာလုပ်သွားရလို့ ပင်ပန်းတာတမျိုး၊ ညညအမော အပမ်းကလေးမှမဖြေရ၊
ဘိုးဒန်စောင့်ရသည် မဘမ်းပြန် ပုလိပ်ကလက်ထိပ်ခတ်မှာ ကြောက်ရတာ တမျိုးုနှင့် အမျိုးမျိုးစိတ်ရှုတ်နေရှာ
နောက်ဆုံးမှာသက်သာရာအရ ဆုံးသော နည်းဖြစ်သည့် (ဘိုးဒန်မလာပါစေနဲ့ဗျာ ဟူသောဆုကိုသာတောင်းနေမိကြလေတော့
အများ၏ဆုတောင်းပင်ပြည့်သလားမသိ
ရွာပြင်တောစပ်မှာလည်း မတွေ့ရခြင်းနေသဖြင့်ကြာသော် ရွာသူများမှာတောထဲတွင်
ဘိုးဒန်နှင့်ပုလိပ်တပ်တို့ မည်သို့မည်ပုံများဖြစ်နေကြသလဲဟု အမြဲ နားစွင့်၍နေကြရင်း ရွာတွင်းရွာပြင်မှာလည်း၊
သူကြီး၏ အာဏာအရ အလှည့်ကျ ကင်းစောင့်၍ နေကြရ တော့သတည်း။
ကိုဘိုးကွန်းမှာ နောက်ပါ စစ်ပုလိပ် အမှုထမ်းပုလိပ်မြောက်မြားစွာနှင့
တရက်ကနှစ်ရက်ကျူးလာသည့်တိုင်အော
သို့နှင့် သုံးရက်မြောက်သော နေ့တွင်ကား၊ ခါတိုင်းကဲ့သို့ပင် သေနတ်များချိန်ရွယ်လျက် စစ်တက်သကဲ့သို့ ခြေသံကြား ရအောင်၊
တဖြည်းဖြည်းချောင်းကာ ချုံကြိုချုံကြားမှတိတ်ဆိတ်စွာ လာခဲ့ကြစဉ်
ကိုဘိုးကွန်းသည် ရှေ့မှဆီးကြိုနေသော ရေစပ်သဲချောင်းကလေးတခုကို တွေ့မြင်ရ သောကြောင့် မိမိ လူများအား ချုံကြိုချုံကြားတွင်ဝပ်နေစေပြီ
''ဟေ- ကောင်တွေရှေ့ ကိုကြည့်နေကြ၊ ဒီ- ချောင်းကလေးကို ဟိုကောင်ဘယ်နည်းနဲ့မဆို၊ ရေလာသောက်လိမ့်မယ်ထင်တယ်။
မြင်လို့ရှိရင် မင်းတို့တတွေတခါထဲ သာချိန်ပြီးပစ်ဟေ့။ အသေရအောင် ဘမ်းရမယ်။ ညှာမနေနိုင်တော့ဘူး။
တို့လဲ တောထဲတောင်ထဲ အစာငတ်ဘာငတ်နဲ့ ဒုက္ခဖြစ်လှပြီ။ ရှေ့လ မိုးကျလာရင် ငှက်ဖျား- ဖျားလာမှာ ကြောက်ရတယ်။
မတတ်နိုင်ဘူးဟေ့။ မြင်တာနဲ့ တချက်ထဲသာ တင်ကြပေတော့။ဟု တိုးတိုးတိတ်တိတ် ကြိတ်မှာကာ၊
တစီတတန်းကြီး အသင့်ချောင်းမြောင်း နေကြ လေ၏။
ကိုဘိုးကွန်း ကား သားကောင်ကို တွေ့မြင်ရသော တောမုဆိုးပမာ သူ၏မျက်လုံးများသည် ၀င်းဝင်း ပြောင်ပြောင် အရောင်တွေထွက်လာလေ၏။
မိမိ၏ ၀ဲယာရှိ သေနတ်ကိုင်စစ်ပုလိပ်တို့အား လှဲ့၍ အချက်ပေး လိုက်ခါ မိမိ၏ ငါးချက်ထွက် ရိုင်ဖယ်သေနတ်ကို
ုကျကျနနချိန်ဆပြီး တပြိုင်တည်း ရှေ့နောက် ဆက်ကာ တဒိုင်းဒိုင်း နှင့် အချက်ပေါင်းများစွာ ထွက်သွားလေ၏။
ကိုဘိုးကွန်း၏ အထင်ကား ဤမျှသော သေနတ်ချက်ပေါင်းစွာတပြိုင်တည်း ပစ်လိုက်ခြင်းဖြင့် မမှန်သည့် သေနတ်က မမှန်ဘူး ထားလိုက်အုံး၊
သုံးမျက်နှာမှာ ၀ဲယာညှပ်၍ ပစ်လိုက်သော သေနတ်များမှ တချို့တ၀က်မှန်ရုံနှင့်ပင် ဘိုးဒန်ပုံရက်လဲနေပြီး
သေနပ်ချက်တွေမှာလည်း မရှင်းဂန်းထိသူ လိုတကိုယ်လုံးသေနတ်ချက်တွေက ဆကာကျ နေလိမ့်မည်ထင်လိုက်မိ၏။
ဘိုးဒန်ကိုသေနတ်မီးများအကြားမှာ စိတ်အားထက်သန်စွာ လှမ်းကြည့် လိုက်သောအခါမိမိ အထင် နှင့် မျက်မြင်မှာ
အလွန်ကွာနေသည်ကို တွေ့ရသောကြောင့် အံ့သြခြင်းကြီးမက အံ့လျက် ရုတ်တရက်ကြက်သေနေမိလေ၏။
ကိုဘိုးကွန်း မြင်ရပုံမှာ ဘိုးဒန်သည် သေနတ်မှန်သလိုနှင့် ရှေ့ကိုအားယားထိုးကြီးကျသွားရာ
မိမိလာလမ်းသို့ ပြန်ဝင်ပြေးသည် ကို တွေ့ရလေ၏။
’’ဟ..ဘယ့်နှယ့်လဲ ပြေးပါကလား’’ဟုယောင်အော်လိုက်ြ
’’ဟာပြေးပေတဲ့ မှန်သွားတယ်ဆရာ ဒီကောင်ကြာကြာမပြေးနိုင်ဘူး လိုက်ရင်မိမယ် လိုက်ရအောင် ဆရာ။’’
ဟုဆိုကာ ကိုဘိုးပြေးသွားသောနောက်သို့ အပြေးအလွှား ချီတက်လိုက်ပါသွားကြပြန်လေ၏။
ကိုဘိုးကွန်းနှင့် ပုလိပ်များလည်း ချောင်းတဘက်ရှိ တောထဲသို့ စစ်တပ်ကိုလမ်း ကြောင်းခွဲ၍ ပိုက်စိတ်တိုက် သလို လိုက်ကြသော်လည်း
ဘိုးဒန်မှာ အစပျောက်သွားပြန်လေ၏။
ကိုဘိုးကွန်းလည်း လက်မတင် ကလေးလွတ်ထွက်သွားသောကြောင့် ဒေါပွကြီးပွကာရှေ့သို့်သာ စိတ်ဆောင်ပြီိး အလောတကြီး လိုက်လေ၏။
လိုက်ရင်းလိုက်ရင်းနှင့်ပင် ကိုဘိုကွန်းနှင့် စစ်ပုလိပ် များမှာ လူစုကွဲမှန်းမသိ ကွဲလာပြီး အားလုံးပင် တယောက်တခြားစီဖြစ်လာကြလေ၏။
ကိုဘိုကွန်းကား မိမိနောက်မှ ပုလိပ်များ ပါသည်ထင်ကာ ရှေ့သို့သာအာရုံစိုက်ပြီး သေနတ်ကြီး မောင်းတင် ၍ လိုက်ချောင်းနေ၏။
ဟိုချုံထဲမှာရှိမလား ဒီသစ်ပင်ကွယ်မှာ ပုန်းနေမလားဟု မျက်စိနှင့်နားကို များစွာအလုပ်ပေးထားလေ၏။
သို့နှင့် အနည်းငယ် ဆက်လက်၍ လာခဲ့ပြန်ရာမှ ရှေ့ကမိုးနံချုံပုတ်တခုတွင် တလှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့ရသောေ
ကိုဘိုးကွန်းမှာ စိတ်အား ထက်သန်စွာ ခွေးမသားဒီချုံထဲက ဘယ်ပြေးနိုင်မလဲ၊ အသေပေါ့ကွာဟု တယောက်တည်းကြိမ်းဝါးလျက်
သေနပ်မောင်း ကို ဖြုတ်တော့မည်အပြုတွင် ချုံထဲမှလွှားကနဲ အားလျှော့သွားလေ၏။
အချိန်ကား နေလုံးလုံးမ၀င်သေးသဖြင့် ကွဲပြားစွာ မြင်နိုင်သေး၍ ခုန်လွှားပြေးသွားသောရှဥ့်ကလေးကု
ကိုဘိုးကွန်းမှာ မိမိနောက်ကျောသို့ အေးစက်သောလက်ကြီးတခုဖြင့် ဗျန်းကနဲ အရိုက်ခံလိုက်ရသဖြင့် နောက်သို့ခြာကနဲလှဲ့ကြည့်သော အခါ
ဝက်မွှေးပမာ ထိုးထိုးထောင်ထောင် ထွက်နေသော မုတ်ဆိတ်ကြင်စွယ်အများနှင့် အသား ညိုညိုဖေါသွပ်သွပ်မျက်နှာကြီးတွ
ချွေးသီး ချွေးပေါက် တွေ အရွဲသားနှင့်သွားကြီးဖြဲပြီး မချင့်မရဲ ရယ်ပြနေသော တောပုန်းဝါးရမ်းပြေးကြီး ဘိုးဒန်ကို တွေ့မြင်ရလေ၏။
ကိုဘိုးကွန်း မှာ တောတည်းသို့ ကျားပစ်ရန်လာသူ ကျားနှင့်နီးကပ်စွာရင်ဆိုင်လာ၍ တွေ့ရဘိအလား ရုတ်တရုက်အားဖြင့်
့် ကြောက်ဒူးများ တုန်နေသကဲ့သို့ ကြက်သေသေ နေလေ၏။
ဘိုးဒန်၏မျက်နှာကြီးမှာ ဆန်ကော တမျှ ကြီးမားပွရောင်လာသည် ထင်ရပြီး ကိုယ်ကြီးမှာလည်း
သာမန်လူထက် တဆလောက် ကြီးမား ထွားကျိုင်းလျက် လက်တဘက်ကမချတမ်းကိုင်ထားသော ဒါးကြီးမှာလည်း
သွေးစီးတွေ နီရဲနေသကဲ့သို့ ထင်ရပြီး လက်ထဲ ကသေနတ်ကိုပင် သတိမရ၊
ဘိုးဒန် ငါ့ကို ဘယ့်နှယ့်များ လုပ်မယ်လို့ ပါလိမ့်ဟု နှလုံးသား သိမ့်သိမ့်တုန်နေလေ၏။
ဘိုးဒန်၏ မျက်နှာကြီး မှာ မချိမဆန့်နှင့် ဒေါသဖြစ်ရာမှ ကြိုးကြီုးစားစားရယ်ရပုံ ကြီးမျိုးကိုမြင်ရပြီး
မိမိအနား သို့၎င်း၏ မျက်နှာကြီးနီးမှန်းမသိနီးကပ်လာ
ရုတ်တရက် ခေါင်းကြီးပြီး ကြက်သီးတွေဖျန်းကနဲ ထလာရာမှလက်က သေနတ်ကိုသတိရပြီိး
တုန်တုန် ရီရီ ကြောက်ကြောက် လန့်လန့်ကြီးနှင့် မောင်းကိုနှိပ်ချလိုက်မိသည်တွင် ဒိန်းဟိန်းဟိန်း ဆိုသော အသံကြီး ပေါ်ထွက် လာပြီး။
ဘိုးဒန်လည်း ဖျပ်သွားသလို ခုန်ပေါက်ခါ ချုံကလေးတခုနောက်၌ ပျောက်ကွယ်၍ သွားလေ တော့၏။
ကိုဘိုးကွန်းမှာလည်း ဂဒုံဂရင်ကြီး ဖြစ်ကျန်ရစ်လေ၏။
မိမိနောက်တွင် အဖော်တ ယောက်မျှမပါဘဲ တောထဲ၌ ဘိုးဒန်နှင့် လက်ပူးလက်ကြပ်တွေ့ရသောအခါ
အဘယ်မျှကြောက် လန့်သွားမိသည်ကို သတိရ၏။
ကိုဘိုးကွန်း၏သေနတ်သံကြောင့် မနီိးမဝေးတွင် တယောက်တကွဲစီ သဲသဲမဲမဲရှာဖွေနေသော ပုလိပ် တွေလည်း နီးရာမှစုပြေးလာကြ၏။
’’ဆရာ..ဆရာ..ဘယ်မလဲ ၊မိပလား။’’ဟု ၀ိုင်းမေးမှ ၊ကိုဘိုးကွန်းမှာ တွေတွေကြီး ရပ်နေရာက သတိဝင်လာလေ၏။
တပည့်တွေကိုမြင်မှ ကပြာကရာ ဣနြေ္ဒဆယ်ကာ....
’’ဟိုကောင် -ဟိုကောင် ငါနဲ့တွေ့လို့ ပစ်လိုက်ထားခုဘဲ ဟိုဘက်ထွက်ပြေးတယ် ဟေ့’’ ဟု ပြောလိုက်စဉ် တဘက်မှအမယ်လေးလေးဗျ။
ဒိုင်း-ဒိုင်း။ဟုအော်သံရော။ သေနတ်သံပါ ပေါ်ထွက်လာပြန်၍ အားလုံးအသံကြားရာသို့ ပြေးသွားကြလေ၏။စစ်ပုလိပ်တယောက်
သေနတ်ကြီးကိုင်လျက် တုန်တုန် ရီရီကြီးဖြစ်နေသည်ုကို တွေ့ရသဖြင့် ကိုဘိုးကွန်း ခေါင်းဆောင်ကာ....
’’ဟေ့ကောင်ဘာတုံး ဘာဖြစ်တာတုံး ဟု’’၀ိုင်းမေးမှ။ ပုလိပ်လည်းထိန်လန့် တုန်လှုပ်နေရာမှ သတိရ လာပြီး။
အမယ်ဆရာ ရဲ့ ကျွန်တော်နဲ့နှစ်ယောက်ထဲလာတွေ့ေ
သိပ်ကြောက်စရာကောင်းတာဘဲ။ ဒါနဲ့ကြောက်ကြောက်လန့်လန့် နဲ့ဘဲ သေနတ်မောင်း ဖြုတ်လိုက်တာ
ဘိုးဒန်တော့ ဟောဟိုဘက်စွပ်ပြေးလေရဲ့ဆရာ ရဲ့ ဟု ခရီးဝေးကြီးကပြေးလာသူအလား၊ ဟောဟဲ လိုက်ခါကတိုက်ကရိုက်
ကိုဘိုးကွန်းလည်း မိမိဖြစ်ပုံနှင့် ကိုယ်ချင်းစာမိလေ၏။ထိုခဏ၌ တဘက်ဆီမှ စူးစူးဝါးဝါး အော်လိုက်သောအသံတခုကိုကြားရပြန်
ကိုဘိုးကွန်း တို့ လူစု လည်း အသံလာရာသို့ပြေးကြပြန်၏။
စစ်ပုလိပ်တယောက်မှာခရိုင်ဖယ်သေ နတ်ကြီး ကိုင်ရက် ပက်လက် လန့်ရာ ယက်ကန်ယက်ကန်နှင့် တက်နေလေ၏။
ရောက်လာသူတို့ဝိုင်းနှိပ်ကြမှ သတိရလာလေ၏။
ဟေ့ကောင် ရ သေနတ်ကြီးကိုင်ပြီးဘယ့်နှယ့်ြ
ဟုပြောနေစဉ် စကားမဆုံးမှီ တဘက်ဆီမှ စူးရှကျယ်လောင်သော အော်သံတခု ပေါ်လာပြန်ရာ ကိုဘိုးကွန်း တို့မှာ အသံလာရာသို့ ပြေးကြရပြန်လေ၏။
သေနတ်ကြီး ကိုင်ရက်က နတ်ကျသလို တဆပ်ဆပ်တုန်နေသော ပုလိပ်တယောက် ကိုတွေ့ရသည်။"ဟေ့ ဘာလဲ" ဟု မေးပြန်ရာ...
"ဖြူဖြူကြီး ဆရာ ဖြူဖြူကြီး၊ ကျွန်တော့်အနား ဝါးကနဲဆို လာလှန့်သွားတယ်၊
ကျွန်တော်လဲ သေ နတ်ကြီး ကိုင်ရက်က ဆပ်ဆပ်တုန်အောင် ကြောက်သွားတာပဲ ဘာလဲ မသိဘူး ဆရာရဲ့"ဟု လှိုက်လှိုက်လှဲလှဲကြီး ပြောလေ၏။
ထိုခဏ၌ ကွဲနေသော ပုလိပ်များလည်း အားလုံးစုမိကြ၏။
ကိုဘိုးကွန်း နှင့် ပုလိပ်များမှာ ဘိုးဒန်အရူးလုပ်သမျှခံနေရသဖြင့် မခံချိ မခံသာလည်းဖြစ်ရ၊
ဘမ်းမမိ နိုင် သေနတ်နှင့် မထိနိုင်၍လည်း အခက်ကျပြီး၊ ဤမျှအစွမ်းကောင်းနေသူနှင့် ဘက်ပြိုင်ရန်မှာလည်း
တဖြည်းဖြည်း ကြက်သီးမွေးညှင်းများ ထလောက် ထိတ်လန့်ကြောက်ရွံ့လာတော့၏။
သို့ရာတွင် ကိုဘိုးကွန်း မှာ၊ ဟန်မပျက်စေဘဲ။ လက်နက်လူသူစုရုံးလာသဖြင့်လည်း တနည်းအားတက်ခါ...
"တောက် ဒီအကောင် သိပ်ဇက်ရဲတာဘဲကွာ၊ တို့အနားမှာ အမြဲရစ်နေတာဘဲ၊ ကဲ... ကဲ... လာကွာ ဒီအကောင် ဘာမို့လဲ၊
တနေ့တော့ မိရမှာဘဲ။ လာလိုက်ကြအုံးစို့။"ဟု ကြိမ်းဝါးကာ လိုက်ရန် ဟန်ပြင်ပြန်လေ၏။
တပည့်များလည်း ကိုယ်စီကြောက်နေကြရာမှ ဆရာ ကဲ့သို့ပင် ဟန်တပြင်ပြင်နှင့် ရောယောင်ကြခါ..
."လိုက်တာကတော့ ဟုတ်ပါရဲ့ ဆရာ၊ ဘယ်ဘက်ကိုလိုက်မလဲ၊ ခုန ဟိုကောင်းပြေးတာ ဘယ် ဘက် ပြေးတုန်း ဆရာရဲ့" ဟု မေးနေစဉ်...
တဘက်မှာ (ဟီဟီဟိ)ဟု အသံကွဲကြီးနှင့် လှောင်ရီရီလိုက်သံကြားရ၍၊ အသံလာရာဘက်သို့ လှည့်ကြည့်ကြသော အခါ
နံငယ်ပိုင်းကို ဝတ်ထားသော ဘိုးဒန်လည်းကိုင်ထားသော ဓါးမကြီးကို မြှောက်ခါမြှောက်ခါ ပြလျှက် သူ ဒီမှာရှိသည်ဆိုသော အထိမ်းအမှတ်ပြနေလေ၏။
ကိုဘိုးကွန်း နှင့် ပုလိပ်တို့သည် "ဟော ဟိုမှာ" ဟုဆိုကာ သေနတ်တွေနှင့် ချိန်ကာ တဒိန်းဒိန်းပစ်ရင်း
လိုက်လာသော နောက်က ပုလိပ်များအား မကြာခဏလှဲကာ၊ လက်ယပ်ခေါ်သလို သရော်သလို နှင့် လုပ်၍ သွားလေရာ
ကိုဘိုးကွန်းမှာ မခံမရပ် နိုင်အောင် ဒေါပွ၍ သေနတ်ခလုပ်ကိုသာ တခုပြီးတခု ဖြုတ်ရင်း ရှေ့ဆုံး မှ ခေါင်းတယ်၍လိုက်ခဲ့လေ၏။
ကုန်း၊ ကျင်း၊ ခလုတ်၊ သစ်ငုတ်၊ ဆူးညှောင့်များကို တုံးတိုက်တိုက် တိုင်တိုက်တိုက် သဘောနှင့် ဒရောသောပါး လိုက်လာခဲ့ရာ
တောနက်ကြီးထဲသို့ရောက်မှန်းမသိ ရောက်လာပြီး၊ ထိုအချိန်တွင် နေလည်း လုံးလုံးဝင်သဖြင့် မမြင်မကန်း အမှောင်တွေဖုံးလွှမ်းလာလေရာ
ဘိုးဒန်ကိုလည်း လုံးလုံး သား မျက်ခြေပြတ်သွားလေ၏။ ကိုဘိုးကွန်းတို့မှာ ထိုအခါမှပင် မောမှန်း ပန်းမှန်း သိကြပြီး။
လွယ် ထားသော... ဗူးထည်းက ရေများသောက်ခါ၊ မြေပေါ်ဖင်ထိုင်၍ အမောဖြေရင်း။
အမှောင်ကို လင်း စေခြင်းငှာ သစ်ကိုင်းခြောက်များ စုပုံပြီး မီးဖိုကြီးတစ်ခုဖိုကြလေ၏။
မီးဖိုအလင်းရောင်ကြောင့် မိမိတို့ရောက်နေသော တောကြီးမှာ အဓိကရသစ်ပင်ကြီးများဖြင့် ဖုံးလွှမ်း ထားကြောင်း သိရလေ၏။
မီးဖိုကြီးမှာလည်း သစ်ရွက်ခြောက်များအရှိန်ကြောင့် မီးတောက်ကြီး များမှာ လူတစ်ရပ် စာ မျှ မြင့်မားပြီး
မိမိတို့ပတ်ဝန်းကျင်တဝိုက်မှာ
ဟု ပြောသဖြင့် ကိုဘိုးကွန်းနှင့် လူအများလည်း ပြရာသို့ကြည့်ကြရာ မနီးမဝေးမီးရောင်အလင်း၌ ထားကြီး ကိုင်ကာ
ပြုံးစိစိမျက်နှာကြီးနှင့် ရပ်ကြည့်နေသော ဘိုးဒန်၏ပုံသဏ္ဍာန်ကို တွေ့မြင်ရပြန် လေ၏။
"ဟေ့ ပစ်ကြကွာ၊ တညီတညွတ်ထဲဟေ့၊ (ဝမ်း၊ တူး၊ သရီး")ဟုကိုဘိုးကွန်းက ခေါင်းတည်ကာ သေနတ်တွေ တပြိုင်ထဲ မောင်းဖြုတ်လိုက်ရာ
တတောလုံး ဟိန်း သွားလေ၏။ ဘိုးဒန်ကား သေနတ်မှထွက်လာသော မီးခိုးများနှင့် ရောထွေးကာ
ဘယ်ဆီသို့ရောက် မှန်းမသိ ပျောက်ကွယ်သွားလေတော့၏။ ကိုဘိုးကွန်းမှာ စိတ်ပျက်လက်ပျက်ဖြစ်လာလေ၏။
"ဒီအကောင်ဟာ တကယ်ဘဲ သေနတ်ပြီးနေပါပြီကွာ၊ ဒီလိုသာဘမ်းနေရင် တသက်လုံးမိမှာမဟုတ် ဘူး၊
ဓါတ်ငွေ့ ပါတဲ့ ယမ်းတောင့် နဲ့ ပစ်ဘမ်းရင်တော့ ရချင်ရမလား မသိပါဘူးကွာ" ဟု ညည်းမိရှာတော့၏။
ထိုခဏ၌ မီးပုံကြီးထဲသို့ မြေစိုင်ခဲကြီးတစ်လုံး အုံးကနဲ ကျလာလေ၏။
ကိုဘိုးကွန်းလည်း ခဲလာရာ သို့ မှန်းကာ တစ်ချက်ပစ်ပြန်ရာ နောက်ထပ်မြေစိုင်ခဲနှစ်လုံး ကျပြန်၏။
သေနတ်တစ်ချက်ပစ်ပြန်ရာ နောက်ထပ် မြေစိုင်ခဲလေးလုံး ကျလာ၏။
သို့နှင့် တချီထက်တချီ မြေစိုင်ခဲတွေ တဆတဆတိုး၍ ကျ လာရာ ကဟုန်းဟုန်း တောက်နေသော မီးပုံကြီးမှာ မြေစိုင်ခဲတို့ ဖုံးလွှမ်းမိ၍
မီးရောင်ပျောက်ကွယ် မှေးမှိန်ပြီး မှောင်ကြီးကျသွားလေ၏။
မီးရောင်မှိတ်သွားသောအခါ၌မူကား မြေစိုင်ခဲများ ကျမလာ တော့သဖြင့် အတော်သက်သာစရာရသွားလေ၏။
မီးကို ထပ်ထည့်မည်ကြံမိရာ တချို့က မြေစိုင်ခဲ တွေကျလာမှာ စိုးရိမ်သည့်အတွက်
မှောင်ထဲမှာပင် ထိုညအဘို့ လူစောင့်နှင့်လဲ၍ အိပ်ကြရန် တိုင် ပင်ကြ လေ၏။
အားလုံးအညောင်းပြေလှဲမိကြသောအခါ လေအေးကလေးကလည်း တသုံသုံ တဖြူး ဖြူးတိုက်လာလေ၏။
လေအေး ထဲမှာ အလွန်ဆိုးဝါးပုပ်ဟောင်လှသော လူသေကောင်ပုပ်နံ့ကဲ့သို့ အနံ့ဆိုးကြီးတစ်ခု ပါလာ လေရာ
ကိုဘိုးကွန်း တို့ လူစုမှာ အသက်မရှုနိုင်အောင် ပုပ်ဟောင်နံစော်ခြင်း ကြောင့် တဝေါ့ဝေါ့ဖြစ် နေကြသောကြောင့် မည်သူမျှအိပ်မပျော်နိုင်ကြတော့ေ
အချိန်ကား ကြာ လေကြာလေ ညဥ့်နက်၍ လာလေ၏။
တောသံတောင်သံများဟိန်းလာပြီး တောတန်းတောင်တန်း တါင် မှီတင်းနေထိုင်ကြကုန်သော သတ္တဝါကြီးငယ် တို့၏
ဟိန်းဟောက် ညည်းညူသံတွေလည်း ဆူညံလာလေ၏။
ကျားဟိန်းသံ၊ သစ်ကြုတ်သံ၊ ဝက်ဝံအော်သံတွေ တချက်တချက် အဝီစိပွက်သ လို ညံလိုက်လျှက်၊
တခါတရံလည်း တောကျီး တောငှက် တွေ လန့်ဖြတ်ပြိုကြသော အသံကိုကြားရ ရာ၊
ကိုဘိုးကွန်းတို့လူစုမှာ လူတွေများ ပါလျှက် အသက်ရှူမှားအောင် ကြောက်အားပိုမိကြလေ၏။
ထိုခဏ၌ပင် ၎င်းတို့နှင့် မလှမ်းမကမ်းနေရာဆီမှ တောခွေးအတွေ ဝမ်းနည်းကြေကွဲစွာ အူကြသော အသံတွေ ပေါ်လာလေ၏
ကိုဘိုးကွန်းလည်း အရပ်လေးမျက်နှာမှောင်တိုက်ထည်း
မိမိတို့နေရာ၏လက်ဝဲဘက် မှောင်တည်းတွင် မီးခဲတမျှ နီရဲဝင်းပြောင်လှသော မျက်လုံးအစုံ ကလေး တွေ မြောက်မြားစွာကို တွေ့ရလေ၏။
မြင်ရသောမျက်လုံးနီရဲရဲကလေးတွေ
လှုပ်လှုပ်ရှက်ရှက် အူနေကြခြင်းဖြင့် ထိုသတ္တဝါတွေမှာ တောခွေး တွေ ဖြစ်ကြောင်း သိရ၏။
"ဟေ့... ဟေ့.. လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်း၊ ဟောဟို တောခွေးတောဟာအပေါ်မော့ကြည့် ကြတယ်၊
သစ်ပင်ပေါ် မှာ ဘာရှိသလဲ မပြောတတ်ဘူး၊ မီးနဲ့ထိုးကြည့်ကြစမ်း"ဟု အမိန့် ပေး၍ အပေါ်သို့ ဓါတ်မီးထိုးကြည့်ကြရာ
သစ်ကိုင်းမှ တွဲလွဲဆွဲကျနေသော ဖြူဖြူပွပွ အရာ ဝတ္ထုကြီး တစ်ခု လေထဲတွင် တနွဲ့နွဲ့ တအိအိ လှုပ်ရှားနေသည်ကို
အောက်က တောခွေးများ မျှော် ကြည့်ကာ၊ အူနေသည်ကို တွေ့မြင်ရလေ၏။ခွေးများလည်း ဓါတ်မီးရောင်ကြောင့် လန့်ကာ ထွက်ပြေးကြလေ၏။
"ဟေ... ဘာကြီးတုံးကွ။ သေသေချာချာ မီးထိုးကြည့်ကြစမ်းပါ"ဟု ကိုဘိုးကွန်း က ပြော၍ လက်နှိပ်ဓါတ်မီးလေးငါးခု စုပြုံ၍ ထိုးကြည့်ကြပြန်၏။
"ဟာ... လူကြီးဘဲ ဆရာ၊ ကြိုးကြီးတန်းလန်းနဲ့ ကြိုးဆွဲချသေနေတာဘဲ၊ ဟာ... ယောင်ဖေါလိုက် ထာကြီး ကလဲ၊
မြင်မကောင်းပါလား၊ ခြေထောက်ကြီးတွေများ ဆင်ခြေထောက်ကျလို့။
ဟယ်... အရေတွေရော တစက်စက်ကျလို့ လောက်တွေကလဲ တဖွားဖွားနဲ့၊ စောစောက ပုပ်စော်နံတာ ဒါကြီးက နံတာကိုး ဆရာရဲ့"ဟု
တစ်ယောက်တစ်ပေါက် ကြောက်ရွံ့အံ့သြစွာ ပြောကြလေ၏။ ကိုဘိုးကွန်းလည်း ရုပ်လက္ခဏာ ကို သေသေချာချာကြည့်ပြီး။
"ဟေ့... လက်ကဓါးကြီးလဲ ဆုပ်ထားရက်ပါကလား၊ ဝတ်ထားတာကလဲ နံငယ်ပိုင်း၊
ဘယ့်နှယ် ကြောင့် ဒီလောက်မြင့်တဲ့သစ်ပင်ကြီးေ
ဘိုးဒန်နဲ့ မတူလားဟေ့။ မျက်နှာကို သေသေချာချာ မီးထိုးပြကြစမ်း"ဟု ဆိုရာ မီးများမျက်နှာဆီသို့စု၍ ထိုးကြရာ၊
ဖေါယောင်ဖောင်းပွနေသော ဘိုးဒန်၏မျက်နှာကြီးကို တွေ့ရလေ၏။
ဤတွင်မှအားလုံး ဘိုးဒန်လူသတ်ထွက်ပြေး၍ တောပုန်းလုပ်ရင်း ကြိုးဆွဲချသေဆုံးကြောင်း ရိပ်မိ ကာ၊
မိမိတို့တွေ့ရသော ဘိုးဒန်မှာ စွဲလမ်းသောဇောကြောင့် အယူတိမ်း၍ အစိမ်းသေတစ္ဆေသရဲအ ဖြစ်နှင့်
ဇက်ရဲလက်ရဲ ပြုမူချောက်လှန့်နေကြောင်း ကောင်းစွာအရည်လည်ကြတော့လေ၏။
ရာဇ ဝတ်အုပ် ကိုဘိုးကွန်းအား အထက်အစိုးရများထံသို့ ဘိုးဒန် သေဆုံးနေကြောင်း၊
ရွာတွင်တွေ့ရ သော ဘိုးဒန်မှာ နာနာဘာဝဖြစ်ကြောင်း၊ မှန်တိုင်း အစစ်ခံလျှင်၊ အထက်အရာရှိတွေက တစ္ဆေသရဲ ယုံချင်မှယုံမည်။
သည်တော့ ဆုငွေလဲရ နာမည်ကောင်းလဲရအောင်၊ ဘိုးဒန်ကို မိမိတို့အစွမ်းနှင့် အသေရအောင် ဘမ်းခဲ့ ရသည်ဟု အစီရင်ခံရန်နှင့်
အလောင်းပုံစံကို ဆေးရုံသို့ယူလာရန် အကြံရ လေ၏။
တပည့်များနှင့်တိုင်ပင်ကာ ပုပ်ပွနံစော်လှသော အလောင်းကြီးကို သယ်ယူသွားရန်၊
ညချင်း ပင် ကြိုးဆွဲချ ထားသောကြိုးကို သေနတ်နှင့်ချိန်၍ ပစ်လိုက်ရာ၊ အလောင်းကြီးမှာ ကြိုးပြတ်ပြီး ဘုံး ကနဲကျလာလေ၏။
အလောင်းကြီး သည် မြေပေါ်သို့ရောက်သည်နှင့် တပြိုင်နက်
ရုတ်တရက်ထိုး ထိုးထောင်ထောင် ထလာသော လှိုဏ်သံပါသော အသံကြီးတမျိုးနှင့် ဟစ်အော်ပြီး၊
လက်ကားယား ခြေကားယားကြီးနှင့် ကိုဘိုးကွန်း နောက်သို့ လိုက်လေရာ၊ ကိုဘိုးကွန်းနှင့် ပုလိပ်သားများလည်း၊
တခါမှ မကြုံဘူးသည့် ကြောက်မက် ဘွယ်ရာကြီး တွေ့ရသောကြောင့် ငယ်သံပါအောင် ဟစ်အော် ကြကာ
ဖနောင့် နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးခဲ့ကြလေ၏။
ကိုဘိုးကွန်း မှာ အကြီးအမှူးဖြစ်သော်လည်း အကြောက်ဆုံးဖြစ်၍ ရှေ့ဆုံးကပြေးခဲ့သော်လည်း၊
ထပ်ကြပ် လိုက်ပါလာသော အလောင်းကြီးကို မရှောင်သာဘဲ၊ ခလုပ်တိုက်လဲရာက ကုန်း၍ထနေရ သည်တွင် နောက်မှ ကျန်ရစ်ခဲ့ပြီး၊
အလောင်းကောင်ကြီး မိမိကိုယ်ပေါ်သို့ ခွစီးမိသည့်အချိန်ကစ၍ သတိမရဘဲ မေ့မြော သွားလေရာ၊
နောက်တစ်နေ့ နေ့ခင်းပုလိပ်များ တောနင်းရှာမှ မေ့မြောပြီး အလောင်းကြီးနှင့်အတူ လဲနေသည်ကို တွေ့ကြရတော့သဖြင့်
အလောင်းရောလူပါ မြို့ဌာနသို့ သယ်ပိုး လာပြီး ဖြစ်သမျှကို အစအဆုံး ပုလိပ်အမှုထမ်းများက အစီရင်ခံကြရလေ၏။
ကိုဘိုးကွန်းကား ဆရာဝန်များကုသပေးခြင်းဖြင့် သတိရလာသော်လည်း သည်းခြေပျက်ခါ အရူးကြီး လုံးလုံး ဖြစ်သွားရရှာလေ၏။
သားမယားနှင့် မိဘဆွေမျိုးများမှာ တဆရာမကောင်း၊ တဆရာပြောင်း ဆိုသလို၊ ဝဋ်ဟောင်းဖြင့်ကြေ ဝဋ်သစ်ဖြင့်ပြေပါစေဟူသော
စိတ်ထားနှင့် ကြိုးစားကုသကြရာ သုံး လေးနှစ်ရာသီ ရှိသော်လည်း သက်သာသည်မရှိဘဲ ကိုဘိုးကွန်းမှာ သေနတ်ပစ်ပုံ
အလောင်းကောင် ကြီး လိုက်လာပုံ တွေကို ရေရွတ်မြည်တမ်းကာသာ အချိန်ကုန်ခဲ့ရှာလေ၏။
နောက်ဆုံးတွင် ကံအားလျော်စွာ ကျွန်တော်၏ဆရာကြီးနှင့် သူတို့၏ရင်းနှီးသောမိတ်ဆွေများ တွေ့ သွား ကြရာက အစပြုလျက်၊
ဘုရားကု၊ သမားကု၊ သမာဓိကု၊ အထက်လမ်းကုနည်းဖြင့် ကုစားခဲ့ရာ ယခုအခါ ကိုဘိုးကွန်း မှာ
ကောင်းစွာပျောက်ကင်းချမ်းသာသွား
အစိုးရအလုပ်ကိုလည်း ပြန်ဝင်ခြင်းမပြု။ သားမယားကို လည်း လျစ်လျူရှုလျက်
ဥရုဝေဠချောင် တွင် ရဟန်းအသွင်နှင့် ကမ္မဋ္ဌာန်းဝင်လျှက်ရှိရာလေတော့ သတည်း။

ပြီးပါပြီ။
cr to Khine Zarli
Lon Ely...........
No comments:
Post a Comment