ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, April 9, 2013

ယောင်္ကျားသစ္စာ

 
စားသောက်ဆိုင် စားပွဲဝိုင်းတခုမှာ ယောက်ျားတယောက်နဲ့ မိန်းကလေးတယောက်ထိုင်နေကြတယ်
မိန်းကလေးက ဝိုင်ခွက်ကို လှုပ်ကစားရင်းနဲ့  စကားစပြောလိုက်တယ်
"ကျွန်မ ရှင်ကို ကြိုက်တယ်"
"ငါမှာ မိန်းမရှိတယ်လေ"
ယောကျာ်းက လက်မှာဝတ်ထားတဲ့လက်စွပ်ကို ပွတ်သပ်ရင်ပြန်ပြောလိုက်တယ်
"ကျွန်မ ဒါတွေဂရုမစိုက်ဘူး ရှင့်စိတ်ကိုပဲကျွန်မသိချင်တယ် ရှင်ကျွန်မ ကို ကြိုက်လား "
ဒီအဖြေကို ကြိုတွေးမိကြမှာပါ ယောကျာ်းက ခေါင်းမော့ပြီး ကောင်နလေးကို သေချာကြည့်လိုက်တယ်
မိန်းကလေးက အသက် ၂၄နှစ်
ငယ်ရွယ်နုပျိုတယ် အရွယ်ကောင်းတဲ့ အသက်အရွယ်ပါ
အသားအရေဖြူစွတ်တယ် ဖျတ်လတ်သန်စွမ်းတယ်
အရောင်တောက်ပြီး စွဲဆောင်မှုရှိတဲ့မျက်ဝန်းတစုံပိုင်ဆိုင်ထားတယ်
အရမ်းကောင်းတဲ့မိန်းကလေးတယောက်ပါပဲ ဒါပေမဲ့

"တကယ်လို့  ရှင်လည်းကျွန်မကို သဘောကျတယ်ဆိုရင်
ကျွန်မရှင်နဲ့ ချစ်သူဖြစ်ချင်တယ်"
စိတ်မရှည်တဲ့အဆုံးမှာ ကောင်မလေးက ဒီစကားကို ထပ်ပြောလိုက်တယ်

"ငါ့မိန်းမကိုငါချစ်တယ်" ယောကျာ်းက ပြတ်ပြတ်သားသားဖြေလိုက်တယ်

"ရှင်သူကိုချစ်တယ် ? သူကိုဘယ်လိုချစ်တာလဲ?
အခုလက်ရှိ သူ့ အသက်အရွယ်က အိုနေပြီ
အရင်လိုကြည့်မကောင်းတော့ဘူးမလား
အဲဒါကြောင့် ကုမ္ပဏီက ပါတီပွဲကို ရှင်တခါမှမခေါ်လာရဲတာမလား ••••"
ကောင်မလေးက ဆက်ပြောသွားချင်တယ်
ဒါပေမဲ့ ယောကျာ်းရဲ့ အေးစက်စက်အကြည့်တွေကြောင့်စကားကိုရပ်တန့် လိုက်တယ်
၂ယောက်လုံးအနည်းငယ်နှုတ်ဆိတ်သွားကြတယ်

"မင်းငါကိုဘာတွေသဘောကျတာလဲ" ယောကျာ်းကမေးလိုက်တယ်

"ရင့်ကျက်တယ် တည်ငြိမ်တယ် အပြုအမူတွေက
ယောကျာ်းပီသတယ် ဂရုစိုက်တတ်တယ်
အများကြီးရှိသေးတယ် ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်မတွေ့ ခဲ့ဖူးတဲ့ယောကျာ်းတွေ့ နဲ့ မတူဘူး
ရှင်ကထူးခြားတယ် "

ယောက်ျားက ဆေးလိပ်မီးညှိရင်းမေးလိုက်တယ်
"လွန်ခဲ့တဲ့ ၃နှစ်တုန်းက ငါဘယ်လိုပုံစံလဲဆိုတာ မင်းသိလား? "

"ကျွန်မမသိပါဘူး ဒါပေမဲ့ ကျွန်မဂရုမစိုက်ဘူး ရှင်ထောင်ကျဖူးလည်း အရေးမကြီးဘူး"

"လွန်ခဲ့တဲ့ ၃နှစ်က ငါလည်း မင်းတွေ့ ခဲ့ဖူးတဲ့ယောကျာ်းတွေလိုပါပဲ"
ကောင်မလေးကို ဂရုမစိုက်ပဲ ယောကျာ်းကဆက်ပြောတယ်
"သာမန် တက္ကသိုလ်ဘွဲ့ ရ အလုပ်လုပ်တာအဆင်မပြေဘူး
တနေ့ ကုန် အရက်တွေသောက် ဒေါသတွေခဏခဏထွက်
ကိုယ့်ချစ်သူကိုလည်း ဂရုစိုက်ချင်မှစိုက်တယ် "
"ဒါဆို ဘယ်လိုပြောင်းလဲသွားတာလဲ" ကောင်မလေးစိတ်ဝင်စားသွားတယ်
ဘယ်အရာက ဒီယောကျာ်းကို ပြောင်းလဲသွားစေတာလဲဆိုတာ သူသိချင်လာတယ်
"သူကြောင့်လား?"
"အင်း"

"သူက အမြဲတမ်းကိစ္စတိုင်းကို အတွင်းကျကျ သိထားတဲ့အတိုင်းပဲ
ငါကိုအများကြီးသင်ပြပေးခဲ့တယ် အရှုံးအမြတ်ကိုသိပ်အလေးမထားဖို့  မျက်စိရှေ့ ကပြသာနာကိုအရမ်းအလေးမထားဖို့ 
လူတွေကိုကောင်းကောင်းဆက်ဆံတတ်ဖို့  ငါကိုသင်ပေးတယ်
အဲဒီအချိန်တုန်းက ငါက သူရှေ့ မှာဆို ဘာမှာ နားမလည် မသိတတ်သေးတဲ့ကလေးတယောက်လိုပဲ
ပြောရရင် အဲဒီအချိန်တုန်းက မင်းငါကိုမြင်သလိုမျိုးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်
အဲတုန်းကတော်တော်ထူးဆန်းတာ
စိတ်ဆတ် ခေါင်းမာတတ်တဲ့ငါက သူပြောတာပဲနားထောင်တယ်
သူပြောတဲ့အတိုင်း အဖြစ်မှန်ကိုလက်ခံနိုင်ခဲ့တယ်
ကိုယ့်ကိုကိုယ် အသုံးမကျတာသိတော့အလုပ်ကိုကြိုးကြိုးစားစားလုပ်ခဲ့တယ်
အဲဒီနှစ် နှစ်ကုန်မှာ အလုပ်ကနည်းတည်းအဆင်ပြေလာခဲ့တယ်
ငါတို့ လည်း လက်ထပ်လိုက်ကြတယ်"
ဆေးလိပ်ပြာချွေရင်း ယောကျာ်းက ဆက်ပြောတယ်

"အဲဒီအချိန်တုန်းက တော်တော်ဒုက္ခရောက်ခဲ့တာ
၂ယောက်ကိုကုတင်၁လုံးတည်းနဲ့ အိပ်ခဲ့ရတယ်
အိမ်ကပစ္စည်းဆိုတာ နည်းလိုက်တာမှ သနားဖို့ တောင်ကောင်းတယ်
ပြီးတော့ မင်္ဂလာဆောင်ပြီး ၁နှစ်ကြာမှ ငါသူကို ပထမဆုံး စိန်လက်စွပ်၁ကွင်းဝယ်ပေးနိုင်တာ
နှစ်ဝက်ကျော်လောက် ပိုက်ဆံစုလိုက်ရတယ်
ဒါတောင် သူမသိအောင် ခိုးစုရတာ သူသိရင်ပေးဝယ်မှာမဟုတ်ဘူး
အဲတုန်းကလည်းဆေးလိပ်အရက်ကြောင့် ကျန်းမာရေးကဆိုးလာသေးတယ်
ဆောင်းတွင်းဖက်ကြီးမှာလည်း ညမအိပ်ပဲ
ငါ့အတွက် သူစွပ်ပြုတ်လုပ်ပေးတယ်
အဲဒီအရသာမျိုးကို သူပဲလုပ်တတ်မယ်ထင်တယ်"
ယောကျာ်းက အရင်ကအကြောင်းတွေကို ပြောရင်း အချိန်ကိုသတိမထားမိလိုက်ဘူး
အတိတ်ကအကြောင်းတွေကို မနားတမ်းပြောနေမိတယ်

မိန်းကလေးကလည်း စကားဖြတ်ချင်ပုံမရဘူး
ပြောသမျှကို ငြိမ်နားထောင်နေတယ်
ယောကျာ်းက နာရီကို သတိထားမိတဲ့အချိန်မှာ ည10နာရီထိုးနေပြီ

"ဟာ•• တောင်းပတ်ပါတယ်ဗျာ ဒီလောက်မိုးချုပ်သွားတာ သတိမထားမိလိုက်ဘူး "ယောကျာ်းက အားနာနာနဲ့ ပြုံးလိုက်တယ်

"အခု မင်းနားလည်နိုင်ပြီလား သူ့ အပေါ်သစ္စာဖောက်တဲ့လုပ်ရပ်မျိုး ငါလုပ်ဖို့ မဖြစ်နိုင်ဘူး
လုပ်မှာလည်းမဟုတ်ပါဘူး "

"သိပါပြီ ဒီလိုလူတယောက်ကို အရှုံးပေးလိုက်ရတာ ကျွန်မကျေနပ်ပါတယ် " မိန်းကလေးက လက်လျှော့လိုက်တဲ့ပုံစံနဲ့ ခေါင်းခါရင်းပြောလိုက်တယ်
"ကျွန်မလည်း သူလို့ အရွယ်ရောက် သူ့ ထက်ပိုသာမှာပါ"

"အင်းပေါ့ အဲဒါဆို ဒီထက်ကောင်းတဲ့ယောကျာ်းမျိုးရှာတွေ့ မှာပေါ့ မဟုတ်ဘူးလား အရမ်းမိုးချုပ်နေပြီ ငါလိုက်ပို့ ပေးမယ်"
မိန်းကလေးကိုလိုက်ပို့ ပေးဖို့ သူထလိုက်တယ်
"ရပါတယ် ကျွန်မဖာသာပြန်လိုက်ပါမယ်"
ကောင်မလေးက လက်ဟန်ပြပြီးတော့ " ပြန်သွားတော့လေ သူစိတ်ပူနေလိမ့်မယ်" လို့ ဆက်ပြောလိုက်တယ်
ယောကျာ်းက တချက်ပြုံးပြီး လှည့်ထွက်လာခဲ့တယ်

"သူကလှလား?"
"အင်း အရမ်းလှတယ်"
ညအမှောင်ထဲမှာယောကျာ်းရဲ့ အရိပ်အယောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ
မိန်းကလေးတယောက်တည်း စားပွဲဝိုင်းမှာကျန်ရစ်ခဲ့တယ်

ယောကျာ်းအိမ်ပြန်ရောက်တော့ တံခါးဖွင့်ပြီး အိပ်ခန်းဆီကို တန်းသွားလိုက်တယ် မီးဖွင့်လိုက်တယ်
ကုတင်နားကိုလျှောက်သွားပြီးထိုင်လိုက်တယ်

"မိန်းမရေ ဒါ၎ယောက်မြောက်ရှိပြီ ဘာဖြစ်လို့ ငါကို ဒီလောက်ကောင်းအောင်လုပ်ပေးခဲ့တာလဲ
အခုငါကိုကြိုက်နေတဲ့သူတွေအများကြီးရှိနေပြီ
တော်ကြာ ငါစိတ်ပြောင်းသွားနိုင်တယ်နော်
ဘာဖြစ်လို့ ငါကိုဒီလောက်ကောင်းအောင်လုပ်ပေးပြီးတော့ ၁ယောက်တည်းအရင်ထွက်သွားရတာလဲ
ငါ၁ယောက်တည်းကျန်နေခဲ့တာ အရမ်းအထီးကျန်နေပြီကွာ" သူမျက်ရည်တွေကိုမျိုသိပ်ရင်းပြောနေတယ်
ဒါပေမဲ့နောက်ဆုံးတော့ မျက်ရည်တွေမထိန်းနိုင်ပဲစီးကျလာတယ်
တစက်ပြီးတစက် ပါးပြင်ပေါ်ကစီးကျလာပြီး လက်ထဲမှာကိုင်ထားတဲ့ဓာတ်ပုံဘောင်ပေါ်ကျသွားခဲ့တယ်
အလင်းရောင်မပြည့်ဝတဲ့မီးရောင်အောက်မှာ ဓာတ်ပုံထဲမှာ
ဆုံးသွားတဲ့ အမျိုးသမီးရဲ့ ကြင်နာမှုတွေ ပြန့် နှံ့ နေခဲ့တယ် 




( webpageတခုကဖတ်ခဲ့ရတဲ့ တရုတ်ပုံပြင်လေးပါ အတတ်နိုင်ဆုံး ဘာသာပြန်ဆိုပေးထားပါတယ်

No comments:

Post a Comment