ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Monday, May 13, 2013

ပိုင်လိုက်တဲ့အကြံ(ဟာသ)

 
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။

ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဋ္ဌေးကို ပြောတယ် ။

ဘဏ်သူဋ္ဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။

အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။

ဘဏ်သူဋ္ဌေး ။ ။ မဖြစ်နိုင်တာပဲ ။

အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။

ဘဏ်သူဋ္ဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။

အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။

ဘဏ်သူဋ္ဌေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။

အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။

ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဋ္ဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။

ဘဏ်သူဋ္ဌေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။

အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။

ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဋ္ဌေးက အဘွားကြီးကို မေးတယ် ။

ဘဏ်သူဋ္ဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။

အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဋ္ဌေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
 
 

No comments:

Post a Comment