၁၅ရက်နေ့ မေလ ၂၀၁၃ (မိုင်းမော-ပန်ဆန်း) အပိုင်း (၄)
by Ucs Jugger (Notes) on Wednesday, May 29, 2013 at 12:35am
မနက်အိပ်ရာကထ တည်းခိုခန်းခ ယွမ်(၄၀) ရှင်းပြီး
ပန်ဆန်းသွားဖို့ ကားဂိတ်ရှိရာ မိုင်းမော အလယ်တန်းကျောင်းနားကို
သုံးဘီးတက္ကစီငှားပြီး ထွက်လာခဲ့ပါတယ်… အလယ်တန်းကျောင်းမှာ မြန်မာဘာသာနဲ့
ရေးသားထားတဲ့ ပညာမြင့်မှာ လူမျိုးတင့်မည်ဆိုတဲ့ ဆောင်ပုဒ်ဆိုင်းဘုတ်ကိုလည်း
တွေ့ခဲ့ရပါသေးတယ်…
မိုင်းမော-ပန်ဆန်းကားခက ဈေးတော်တော်ကြီးပါတယ်… တရုတ်ယွမ်ငွေ (၁၁၄)ကျပ် မြန်မာငွေကျပ် (၁၇၀၀၀) ကျော်တယ်ဗျ… မိုးကဖွဲဖွဲနဲ့ မြန်မာစံတော်ချိန် (၇)နာရီခွဲမှာ စထွက်ပါတယ်… လမ်းမှာ မိုးအုံတော့ မြူတွေကဆိုင်း မိုင်းမောအထွက် (၁၀)မိုင်ဝန်းကျင်လောက်သာ နိုင်လွန်ကတ္တရာလမ်းခင်းပြီးစ ဖြစ်ပြီး ကျန်တဲ့လမ်းတစ်လျှောက်လုံးကြမ်းပါတယ်…

ကားမောင်းသူက တရုတ်လူမျိုး အသက် (၂၅)နှစ် ၀န်းကျင်သာဖြစ်ပြီး ကားမောင်းကြမ်းပါတယ်… ကားမောင်းကြမ်းလို့ပဲ ကားက ခဏခဏပျက်ပါတယ်… ပန်ချိန်ရွာလေးကတော့ တော်တော်လေးစည်ကားလှပါတယ်… လမ်းမှာ မိုးရွာထားတော့ ရွံနွံတွေ တော်တော်လေးပေါတယ်ဗျ… နွံအိုင်ကို ဖြတ်တော့ ခရီးသည်တွေ မဆင်းခိုင်းဘဲနဲ့ တအားပိတ်မောင်းလို့ ခုံပေါ်ထိုင်နေသူတွေတောင် ခုံအောက်ကြမ်းပြင်ပြုတ်ကျတဲ့ အထိကို အတင်းဖြတ်ပါတယ်… ကံကောင်းလို့ လမ်းဘေးချောက်ထဲမကျတာ… လမ်းကတအားချော်နဲ့ ခရီးသည်တွေလည်း ပွစိပွစိ ဖြစ်ကုန်တော့တာပေါ့… လမ်းတစ်လျှောက်ကားပြတ်လိုက် နားလိုက်နဲ့ပဲ တော်တော်ကြာသွားပါတယ်…




ပန်ဆန်းမရောက်ခင် လမ်းတစ်ဝက် ရင်ဖာ့ဆိုတဲ့ရွာလေးမှာနားပါတယ်… စားချင်တဲ့ဟင်းသာပြော ရေခဲသေတ္တာထဲ အသားစိမ်းနဲ့ ဟင်းရွက်တွေ ထုတ် လတ်လတ်ဆတ်ဆတ် ချက်ကျွေးတဲ့ တရုတ်ဆိုင်မှာ စားပါတယ်… နာရီဝက်ခန့်နားပါတယ်…

မိုင်းမော-ပန်ဆန်းကားခက ဈေးတော်တော်ကြီးပါတယ်… တရုတ်ယွမ်ငွေ (၁၁၄)ကျပ် မြန်မာငွေကျပ် (၁၇၀၀၀) ကျော်တယ်ဗျ… မိုးကဖွဲဖွဲနဲ့ မြန်မာစံတော်ချိန် (၇)နာရီခွဲမှာ စထွက်ပါတယ်… လမ်းမှာ မိုးအုံတော့ မြူတွေကဆိုင်း မိုင်းမောအထွက် (၁၀)မိုင်ဝန်းကျင်လောက်သာ နိုင်လွန်ကတ္တရာလမ်းခင်းပြီးစ ဖြစ်ပြီး ကျန်တဲ့လမ်းတစ်လျှောက်လုံးကြမ်းပါတယ်…

မိုင်းမောအထွက်မိုးတွေရွာလို့
မိုင်းမောအထွက်မှာ လှေကားထစ် လက်ဖက်ခင်းတွေက
တောင်စောင်းတစ်လျှောက် စိမ်းဖန်နေတာပါဘဲ… မိုင်းမောထွက် လက်ဖက်ခြောက်သည်
နာမည်ကြီး၏… သို့သော် အခြေခံလူတန်းစားအတွက်မဟုတ်ချေ… ငွေကြေးချမ်းသာသူ
လူကုံထံ အသိုင်းအ၀ိုင်းအတွက်သာဖြစ်လေ၏… လက်ဖက်ကောင်းသောကြောင့်
ဈေးကြီးလေ၏… လက်ဖက်တောင်ယာလုပ်သားတွေနဲ့ အခြေခံလူတန်းစားတွေအတွက်
တစ်ရက်လုပ်အားခကို တရုတ်ယွမ်ငွေ(၃၀) မြန်မာငွေ (၄၅၀၀)ကျပ်ဝန်းကျင် တရားဝင်
သတ်မှတ်ပေးထားပါတယ်… လက်ဖက်ခြံနားတစ်ဝိုက်မှာ တရုတ်င်္သချိုင်းအုတ်ဂူတွေ
အမြောက်အမြားတွေ့ရပါတယ်… တစ်ချို့ ငွေကြေးချမ်းသာသူများက မိမိတို့
အဘိုးအဘွား မိဘတို့ရဲ့ အုတ်ဂူကို ကောင်းမွန်စွာ ဂူသွင်းထားကြလေသည်…
တရုတ်လက်ရာ နဂါးရုပ်တွေနဲ့ ဂူကြီးကြီးတွေလည်းတွေ့ရပါတယ်…
င်္သချိုင်းစောင့်(ပုဂ္ဂလိက) ပင်ငှားရမ်းထားကာ ခြံဝင်း ခတ်ထားပြီး နေထိုင်စရာ
အဆောက်အဦးဆောက်လုပ်ပေးထားက ဆိုင်ကယ်၊ တီဗီ၊ လက်ကိုင်ဖုန်းတို့ကိုပင်
င်္သချိုင်းစောင့် သုဘရာဇာကို ထောက်ပံ့ထားပါသေးတယ်…ကားမောင်းသူက တရုတ်လူမျိုး အသက် (၂၅)နှစ် ၀န်းကျင်သာဖြစ်ပြီး ကားမောင်းကြမ်းပါတယ်… ကားမောင်းကြမ်းလို့ပဲ ကားက ခဏခဏပျက်ပါတယ်… ပန်ချိန်ရွာလေးကတော့ တော်တော်လေးစည်ကားလှပါတယ်… လမ်းမှာ မိုးရွာထားတော့ ရွံနွံတွေ တော်တော်လေးပေါတယ်ဗျ… နွံအိုင်ကို ဖြတ်တော့ ခရီးသည်တွေ မဆင်းခိုင်းဘဲနဲ့ တအားပိတ်မောင်းလို့ ခုံပေါ်ထိုင်နေသူတွေတောင် ခုံအောက်ကြမ်းပြင်ပြုတ်ကျတဲ့ အထိကို အတင်းဖြတ်ပါတယ်… ကံကောင်းလို့ လမ်းဘေးချောက်ထဲမကျတာ… လမ်းကတအားချော်နဲ့ ခရီးသည်တွေလည်း ပွစိပွစိ ဖြစ်ကုန်တော့တာပေါ့… လမ်းတစ်လျှောက်ကားပြတ်လိုက် နားလိုက်နဲ့ပဲ တော်တော်ကြာသွားပါတယ်…

နွံအိုင်ဖြတ်တော့ လမ်းမှာကားပျက်စဉ် (မိုင်းမော-ပန်ဆန်းလမ်း)
လမ်းဘေးဝဲယာက “၀”လူမျိုးများ နေထိုင်ရာ
ရွာတွေကြည့်လိုက် ရှုခင်းတွေကြည့်လိုက်နဲ့ ကားက ခုန်လိုက်နဲ့ အတော်ကို
ဟုတ်နေတာပဲ… ၀လူမျိုး ကလေးငယ်တွေရဲ့ ချစ်စဖွယ် လေးတွေလည်း
တွေ့ရပါတယ်…ကျွန်တော်လည်း ပါလာတဲ့မုန့်တွေ ကို ကလေးတွေ ဝေငှာပေးလိုက်တယ်…
ရှုခင်းတွေကတော့ တကယ်ခံစားတတ်ရင် လွမ်းမောဖွယ်ရာတွေနဲ့ ပြည့်နေတယ်…
ဝ တိုင်းရင်းသား ကလေးငယ်များဆော့ကစားနေကြပုံ (မိုင်းမော-ပန်ဆန်းလမ်း)

လမ်းဘေးကို မျှော်ကြည့်နေကြသော ၀တိုင်းရင်းသားကလေးငယ်များ

မိုင်းမော-ပန်ဆန်းလမ်းပိုင်းရှုခင်း
ပန်ဆန်းမရောက်ခင် လမ်းတစ်ဝက် ရင်ဖာ့ဆိုတဲ့ရွာလေးမှာနားပါတယ်… စားချင်တဲ့ဟင်းသာပြော ရေခဲသေတ္တာထဲ အသားစိမ်းနဲ့ ဟင်းရွက်တွေ ထုတ် လတ်လတ်ဆတ်ဆတ် ချက်ကျွေးတဲ့ တရုတ်ဆိုင်မှာ စားပါတယ်… နာရီဝက်ခန့်နားပါတယ်…

ရင်ဖာ့ ရွာ (မိုင်းမော-ပန်ဆန်းလမ်း)
မိုင်းမော-ပန်ဆန်းလမ်းတစ်လျှောက် ဘာစစ်ဆေးရေးဂိတ်မှ
မတွေ့ခဲ့ရပါဘူး… အထူးဒေသ(၂) ပန်ဆန်းကို မိုးတွေရွာရွာနဲ့ ညနေခင်း
လေးနာရီခွဲမှာ ရောက်ပါတယ်… ၈နာရီခွဲခရီး ကြာပါတယ်… ပန်ဆန်းရာသီဥတုကတော့
မိုင်းမောနဲ့ စာရင် တော်တော် လေးကို ပူပါတယ်… ရေမိုးချိုးထမင်းစားပြီးတော့
ပင်ပန်းသမျှ စောစော အနားယူပါတော့တယ်…
No comments:
Post a Comment