အဖျားဘက်ကထိုင်ပြီးအရင်းဘက်က ခုတ်ချနေတယ်။ ဒါကိုလမ်းသွားလမ်းလာတစ်ယောက်က မြင်တော့
"ဟေ့လူ၊ ခင်ဗျားအဲ့လိုသာဆက်ခုတ်နေရင်၊
သစ်ပင်ခုတ်နေသူဟာ စိတ်အနှောက်ယှက်ဖြစ်သွားတယ်။ ဒီလမ်းသွားဟာ သူ့ကိစ္စကိုဝင်စွက်ဖက်တယ် လို့မြင်တယ်။ လမ်းသွားကိုလည်း စိတ်ထဲက သူ့များကိစ္စ၀င်ပါလို့ အမြင်မကြည်ဘူး။ သို့ပေမယ့် ဘာမှတော့ ပြန်မပြောဘူး။
အဲလိုပဲခုတ်နေရင်းနဲ့ သစ်ကိုင်းဟာ ကျိုးကျသွားတော့ သစ်ကိုင်းပေါ်ထိုင်နေတဲ့ သူပါသစ်ကိုင်းနဲ့ အတူအောက်ကိုပြုတ်ကျသွားတယ်။ အောက်ရောက်တော့ နာနာကျင်ကျင်နဲ့ပဲ ဖုတ်ဖက်ခါပြီး ပြာပြာ သလည်းထ၊ ခဏကလမ်းသွား သွားလိုက်တဲ့ ဖက်ကိုလမ်းမျှော်ကြည့်ပြီး မချိတင်ကဲပြောရှာတယ်။
"တောက် .... ကွာ၊ ငါတော်တော်တုံးပါလား၊ ခဏကလူဟာ ရှေ့ ဖြစ်ဟောနိမိတ်ဖတ်ဆရာ ဖြစ်ရမယ်၊ မှန်လိုက်တာ ဟောသွားတာများ၊ ဒက်ထိပါလား၊ ငါ့ဘ၀ရှေ့ ဖြစ်လေး မဟောခိုင်းလိုက်ရတာ နာသကွာ။"
~~~~~~~~~~~~~~~~~~~~~~~
လူ့ဘ၀ဆိုတာ ကာလ (Time)၊ ဒေသ (Space) ဆိုတဲ့ Dimension ကြားထဲမှာ ဖြစ်ရတာပဲ။ ကိုယ့် ရောက်နေတဲ့ ကာလဒေသ အလိုက်ကိုယ်ပြုမူအောင်ရွက်ရမယ်
Proactive ဖြစ်တယ်ဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ အခြေအနေကပေးလာမယ့်၊ ကောင်းကျိုးတွေ အပြည့်အ၀ရအောင်၊ ဆိုးကျိုးတွေကိုယ့်ကို မထိခိုက်အောင် ကြိုတင်ပြင်ဆင်တာကိုပြောတာပဲ။
အခြေအနေတစ်ခုကိုရင်ဆိုင်ရာမှ
ကို လူတစ်ယောက်ရဲ့ အသိပညာဥာဏ်စွမ်းနဲ့၊ စိတ်ဓါတ်ရင့်ကျင်မူအရ တုံ့ပြန်ပုံ (Reactions) နှစ်မျိုးရှိတယ်။
အသိဥာဏ်ပညာနည်းပါးပြီး၊ ရင့်ကျက်မူနည်းပါသူတွေဟာ အခြေအနေရဲ့ သက်ရောက်မူကို စိတ်ခံစားချက်တွေနဲ့သာတုံ့ ပြန်တတ်တယ်၊ Emotional Reactions ပေါ့။ အခြေအနေရဲ့ ပြဋ္ဌာန်းမူ အလိုက် ပျော်ရွင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်ဓါတ်တက်ကြွခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုဝန်တိုခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ စတဲ့လောဘ၊ ဒေါသ၊ မောဟကို အခြေခံတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာတယ်။ အခြေနေကြောင့်စိတ်ခံစားချက်တွေ ရလာတာမျိုးကို Conditional ဖြစ်တယ်လို့ခေါ်တယ်။
လူတစ်ယောက်ဟာ စိတ်ခံစားချက်နဲ့ အပြုအမူတွေဟာ အခြေအနေရဲ့ ပြဋ္ဌာန်းခြင်းကို ခံနေရတာတဲ့ အခြေအနေကို Conditionally Sensitive ဖြစ်တယ်လို့ဆိုရမယ်။ အခြေနေက ၀မ်းနည်းစေရင်၊ အလွယ်တစ်ကူဝမ်းနည်းတတ်ပြီး၊ အခြေအနေက ကိုယ့်ကို စိတ်ဆိုးစေရင် အလွယ်တစ်ကူစိတ်ဆိုးတတ်တယ်ဆိုရ
အသိဥာဏ်ပညာ (Wisdom) အထိုက်အလျောက်မြင့်မားသူ၊ စိတ်ဓါတ်ရင့်ကျက်မူ (Maturity) အထိုက်အလျောက်ရှိသူတွေဟာ အခြေအနေရဲ့ သက်ရောက်မူတွေကို တုံ့ပြန်ရာမှာ အကျိုးသင့် အကြောင်းသင့် ဆင်ဆင်ခြင်ခြင်တုံ့ပြန်ကြတယ်။ Rational Reaction ပေါ့။ စိတ်ခံစားချက်နောက် မလိုက်ဘဲ အခြေအနေရဲ့ (Situation) သက်ရောက်မူတွေကို၊ အကြောင်းအကျိုးနဲ့ မြင်အောင်ကြည့် တတ်မယ်၊ ဖြစ်တတ်တဲ့သဘောကို လက်ခံနိုင်မယ်၊ ဖြစ်သင့်တဲ့သဘောကို လုပ်ဆောင်ရမယ့် နည်းလမ်းကို ချင့်ချိန်တတ်တယ်ဆိုရင် Rational Reaction ဖြစ်တာပဲ။
လူတိုင်းနီးပါး ကိုယ်ရောက်နေတဲ့ အခြေအနေရဲ့ သက်ရောက်မူကြောင့် စိတ်ပိုင်းဆိုင်ရာထိုက်ခိုက
အခြေအနေတစ်ခုကို ရင်ဆိုင်ရာမှာ
- မှန်ကန်သော စိတ်ဓါတ် (Right Attitude) ရှိမယ်၊
- တာဝန်ယူနိုင်စွမ်း (Respondility) ရှိမယ်၊
- အခြေအနေကို ကြိုတင်ပြင်ဆင်နို်င်စွမ်း (Proactive) ဖြစ်မယ် ဆိုရင် လူစွမ်းလူစမဲ့ပြီး အခြေအနေအပေါ်မူတည် ခံစားနေရတဲ့ဘ၀၊ Conditional ဖြစ်လွန်းတဲ့ ဘ၀ကနေ ရုန်းထွက်နိုင် လာမှာဖြစ်တယ်။
အခြေနေတစ်ခုကို Proactive မဖြစ်မိလို့၊ အခြေအနေတွေရဲ့ သက်ရောက်မူတွေကိုရင်ဆိုင်ရာမှ
အထက်ကသစ်ပင်ခုတ်သမားဥပမာမှာ သစ်ခုတ်သမားဟာ သူရင်ဆိုင်နေရတဲ့ အခြေအနေကို ဘယ်လိုအကောင်းဆုံးဖြေရှင်း ရမလည်းမသိဘူး။ Proactive မဖြစ်ဘူးပေါ့။ သူလုပ်နေတဲ့ အလုပ်ကိုသေသေချာချာ ကြိုတင်ပြင်ဆင်မူမရှိတဲ့ အတွက် အခြားသူရဲ့ အယူအဆကိုလည်း လက်မခံနိုင်ဘူး၊ တုံ့ပြန်မူတွေ ဟာလည်း Preoccupied Mind Set ဖြစ်နေတယ်။
Preoccupied Mind Set ဆိုတာ လက်ရှိအခြေနေအစစ်မှန် ကိုလက်မခံနိုင်လောက်အောင်ကို
ကျဉ်းမြောင်းတဲ့ စိတ်ဓါတ်ခံယူချက်ပုံစံတစ်မျိုး
တစ်ကယ်ပဲ သစ်ကိုင်းကျိုးကျသွားတာတောင်မှ
သစ်ခုတ်သမားအဖြစ်ဟာ ရီမောစရာ ဟာသဆန်ပေမယ့်၊ ကျွန်တော်တို့ကိုင်တိုင်ကို
~ AMM ~
(Greenhill)
No comments:
Post a Comment