ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, February 16, 2013

ခါးအောက်ပိုင်း(မင်းလူ)

"ခါးအောက်ပိုင်း"

လောကကြီးမှာ ရယ်စရာတွေအလွန်ပေါများသည်။ ကြည့်တတ်၊မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကို
တွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု 
ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က 
ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။

                       ☼ ☼ ☼ ☼ ☼

ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ 
ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီထဲမှာမှ ဟာသဇာတ်ကားစစ်စစ် 
တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။ စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။ 
ရေးတဲ့လူကလည်းနည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်း
သိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ 
နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။

ခုတော့ ဒီလိုမဟုတ်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားထွက်လျှင် ကိုးကားက ဟာသကားဖြစ်နေ၏။ ဒါမှလည်း ပရိသတ်ကြိုက်တယ်၊ 
ပိုက်ဆံရတယ်လို့ ဆိုကြတာပဲ။ အလွမ်းအဆွေးဇာတ်လမ်း တစ်ကားတစ်လေလောက်စွန့်စားပြီး ရိုက်ကူးသူများမှာ ပိုက်ဆံမရ။ 
အကယ်ဒမီပဲရကြရှာသည်။ ထို့ကြောင့် အတည်အခန့် သရုပ်ဆောင်လေ့ရှိသော မင်းသားများမှာ ပေါတောတောတွေလုပ်ပြကြရသည်။ 
အငိုသန်သော မင်းသမီးများလည်း ဟာသမယ်တွေဖြစ်ကုန်ကြရသည်။ 

စာပေနယ်မှာကျတော့ကော။ လုံးချင်းဝတ္ထုတွေဆိုလျှင် 'အချစ်ဟာသ'ဆိုတာမျိုးတွေသာ အလုပ်ဖြစ်သည်။ အချစ်သက်သက်တောင် 
သိပ်အဆင်မပြေ။ ဘဝသရုပ်ဖော်သမားအများစုမှာ ဟိုအရင်လိုလက်မ မထောင်နိုင်ဘဲ မျက်နှာငယ်နေကြရရှာသည်။ ဒီလိုစာအုပ်မျိုး
ထုတ်တဲ့ထုတ်ဝေသူဆိုလျှင် သူရဲကောင်းလို့ ပြောရမလား၊ လူမိုက်ပဲဟုဆိုရမလားမသိ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဟာသပါမှ 
ဂုဏ်ရှိတယ်ထင်နေကြဟန်တူသည်။ ရယ်စရာစာမူမျိုးမှ လိုလိုချင်ချင်ရှိကြသည်။ တည်တည်တံ့တံ့ဆိုလျှင် အားနာပါးနာနဲ့ထည့်ပေးချင်
ပေးမည်။ သိပ်တော့ဟက်ဟက်ပက်ပက်မရှိလှ။ ဟာသဝတ္ထုဆိုလျှင်တော့ အိမ်တိုင်ယာရောက်လာယူရမလား။ စာမူခတစ်ခါတည်း
ရှင်းမယ်လေ။ အခုကြိုယူသွားပါလားဆရာ။ ဒီလိုနဲ့ နာမည်ကြီးဟာသစာရေးဆရာများမှာ ဟိုအရင်က အရင်းရှင်ဟု ချိုးနှိမ်ခံခဲ့ရပြီး 
ခုကျတော့လုပ်ငန်းရှင်ဆိုပြီးမြှောက်စားခံနေရသော စီးပွားရေးသမားတွေလို ခွင်ကောင်းခေတ်ကောင်းနဲ့ တိုးမိနေကြလေသည်။ 
(ကျွန်တော့်လိုပေါက်ကရတွေလျှောက်ရေးတဲ့ကောင်မျိုးတောင် လူရာဝင်နေတာကိုပဲ ကြည့်တော့။)

                       ☼ ☼ ☼ ☼ ☼

မြေအောက်ရေလိုပေါ့။ အစပိုင်းမှာတော့ ဖောဖောသီသီရနိုင်သည်။ ထုတ်ယူသုံးစွဲဖန်များသောအခါ ခန်းခြောက်လာတတ်၏။ ဟာသမှာလည်း 
ဒီအတိုင်းပဲ။ သူကလည်းဟာသ၊ ကိုယ်ကလည်းဟာသဆိုပြီး အလုအယက်လုပ်စားလိုက်ကြတာ၊ ကြာတော့ ရယ်စရာကုန်ကြမ်းတွေ 
ရှားပါးလာသည်။ အကြောင်းအရာတွေလည်း ထပ်လာသည်။ ထိုအခါ ကြံမိကြံရာ လုပ်လာကြတော့သည်။

နိုင်ငံခြားဟာသဇာတ်လမ်းတွေကို မှီးသည်။ မြန်မာ့ရိုးရာဟာသပုံပြင်တွေကို ပြန်လည်ဆန်းသစ်သည်။ အငြိမ့်စင်ပေါ်က သမားစဉ်ပြက်လုံးတွေကို 
ယူသုံးသည်။ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲက ဟာသကွက်တွေကိုမသိမသာ (တချို့လည်းသိသိသာသာ)ခိုးချသည်။ 
(ကျွန်တော်တောင် ဆရာသော်တာဆွေကို တုပပြီး စာပေလောကသားတွေ ဇာတ်ကောင်လုပ်၍ နောက်တီးနောက်တောက်တွေရေးပြီး 
ခွင်ရိုက်ခဲ့သေးတာကော။)

ဒါတွေကလည်း ကြာတော့ ရိုးအီလာသည်။ ဒါမျိုးချည်း ထပ်တလဲလဲဖြစ်လာ၏။ ပရိသတ်တွေလည်း ငြီးငွေ့လာပြီ။ ဟာသဇာတ်လမ်းဆိုပြီး 
ရယ်စရာလည်း သိပ်မကောင်းတော့။ အားနာပါးနာ လိုက်ရယ်ပေးရသလိုဖြစ်လာသည်။ ထိုအခါ အသစ်ထပ်ထွင်ဖို့မကြိုးစားဘဲ လွယ်လွယ်ကူကူ 
ဆွဲသုံးနိုင်မယ့်နည်းလမ်းကို ရှာကြတော့သည်။ ညစ်တီးညစ်ပတ်ဟာသတွေဘက် လှည့်လာကြခြင်းပင်ဖြစ်၏။ ဒါမျိုးကို 'ခါးအောက်ပိုင်းပြက်လုံး'ဟု 
ခေါ်ကြသည်။ တချို့ကလည်း 'ချက်အောက်ပိုင်း'ဟုဆိုသည်။  ဟိုတစ်ချိန်ကတော့ ဒီလိုဟာသမျိုးတွေက အငြိမ့်စင်တွေ ဇာတ်စင်တွေပေါ်မှာ 
တွေ့ရတတ်သည်။ သို့တိုင်အောင် မင်းသား၊ မင်းသမီးစသော အဓိကပုဂ္ဂိုလ်တွေက ဒီစကားမျိုးတွေမပြောရ။ လူရွှင်တော်တွေကသာ ပြက်လုံး
ထုတ်ရသည်။ ဒီနေရာမှာလည်း ဗြောင်ကျကျကြီးမပြောရ။ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးတွေမပါရ။ တစ်ကွက်ကျော်၊ နှစ်ကွက်ကျော်တွေးပြီးမှ 
နားလည်အောင် ဝင်္ကဝုတ္တိအလင်္ကာ သုံးရသည်။

ဥပမာလေးတစ်ခု ဖော်ပြပါမည်။
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး 
ယပ်ခပ်ပေးသည်။ ထိုအခါနောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
ဒီပြက်လုံးမှာ ညစ်ညမ်းတဲ့စကားလုံးတစ်လုံးမှ မပါ။ တွေးယူမှ တခစ်ခစ်ကြိတ်ပြီး ရယ်ရခြင်းဖြစ်၏။ ကလေးသူငယ်တွေ နားမလည်နိုင်။ 
လူရွှင်တော်ရဲ့စကားဆိုတော့ ပရိသတ်က အလေးအနက်မထားကြ။ ပျော်စေပြက်စေသာဖြစ်၏။ စင်ပေါ်မှာပြောခြင်းဖြစ်သောကြောင့် ပွဲပြီးလျှင် 
လေထဲမှာပျောက်ကွယ်သွားသည်။ မှတ်တမ်းမကျန်ခဲ့။

ခုကျတော့ အငြိမ့်ပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေတွေထုတ်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။ 
အငြိမ့်ဆိုတော့ ထုံးစံအတိုင်း ခါးအောက်ပိုင်းပြက်လုံးတွေပါလာသည်။ ဒါမျိုးက လူတွေရဲ့သည်းခြေကြိုက်ဆိုတော့ သဘောကျကြသည်။ 
ဒီခွင်တွေက ဟာသဝတ္ထုတွေ၊ ဗီဒီယိုရုပ်ရှင်တွေဘက်ကူးစက်လာသည်။ သမားစဉ်ပြက်လုံးတွေလို ပညာသားပါပါမဟုတ်တော့။ ပရိသတ်ကြိုက်တယ်
ဆိုပြီး အတင့်ရဲလာသည်။ ခပ်ပြောင်ပြောင် ခပ်ကြမ်းကြမ်းတွေဖြစ်လာ၏။ တချို့စကားလုံးတွေဆို တော်တော်ရိုင်းစိုင်းသည်။ ပိုဆိုးတာက ဒါတွေကို 
မင်းသားမင်းသမီးတွေကပါ ခံတွင်းတွေ့ပြီးလိုက်ပြောလာကြခြင်းပင်ဖြစ်၏။ ကျောင်းဆရာမဇာတ်ရုပ်ဖြစ်ပါလျက် 'နင်တော်တော်နှာဘူးထနေပါလား'
ဆိုသော စကားမျိုးပြောတာကတော့ တော်တော်ဆိုးသည်။ နှမလုပ်သူကိုဘေးမှာထားပြီး အစ်ကိုဖြစ်သူက သူငယ်ချင်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း
ပြောတာမျိုးတွေလည်း တွေ့ရကြားရသည်။ ထိုအခါ စာနယ်ဇင်းတွေက ဝေဖန် ထောက်ပြလာကြသည်။ မိသားစုအတူတကွကြည့်ကြသော 
ပရိသတ်တွေက နှာခေါင်းရှုံ့လာသည်။ လူငယ်ပရိသတ်တချို့ဆီကတောင် မနှစ်မြို့သောလေသံတွေ ထွက်ပေါ်လာလေသည်။

                       ☼ ☼ ☼ ☼ ☼

တကယ်တော့ ခါးအောက်ပိုင်းဟာသဆိုတာ ခုမှပေါ်လာခြင်းမဟုတ်။ ရှေးပဝေသဏီကတည်းကရှိနှင့် ပြီးဖြစ်၏။ 'တီးတိုးပုံပြင်များ' သို့မဟုတ် 
'တိုးတိုးပုံပြင်များ'ဟု ခေါ်ကြသည်။ လူပျိုကြီးတွေက လူပျိုပေါက်ကလေးတွေကို ပြောပြသည်။ အပျိုကြီးတွေက အပျိုပေါက်ကလေးတွေကို 
ကျိတ်ပြီးဖောက်သည်ချသည်။ တဟားဟား၊ တခစ်ခစ်ရယ်ကြရသည်။ ရှေးခေတ်က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လိင်ကိစ္စပညာပေးခြင်းတစ်မျိုးဟု 
ဆိုကောင်းဆိုနိုင်သည်။ တချို့အကြောင်းအရာလေးတွေဆို မြန်မာ့ရိုးရာဟာသပုံပြင်ထဲမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရသေးသည်။

ဒီလိုကိစ္စမျိုးဆိုတာ လူတိုင်းစိတ်ဝင်စားကြတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုဟာသမျိုးရှိသည်။ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှ ကာတွန်းပုံတစ်ပုံတွေ့ဖူးသည်။ 
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။ အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။ 
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့် လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"ဟူ၍ဖြစ်၏။
ခါးအောက်ပိုင်းဟာသဆိုတာက တော်တော်သိမ်မွေ့သည်။ ညစ်ညမ်းမှုနှင့် ဟာသကြားမှ နယ်နိမိတ်မျဉ်းကပါးပါးလေးဖြစ်၏။ အတိမ်းအစောင်းမခံ။ 
ခံစားသူပရိသတ်၏ ပင်ကိုယ်ဓာတ်ခံပေါ်မှာလည်း မူတည်သည်။ မုဆိုးမတစ်ယောက်အတွက် ရယ်ရွှင်ဖွယ်သက်သက်သာဖြစ်သော်လည်း 
ဣနြေ္ဒကြီးလွန်းသော အပျိုကြီးတစ်ယောက်အတွက်တော့ နားရှက်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြက်လုံးတစ်ခုဟာ ညစ်ညမ်းမှုရှိမရှိ ဆိုတာကလည်း 
လူအပေါ်မူတည်ပြီးအငြင်းပွားစရာလည်း ဖြစ်နိုင်၏။

ခါးအောက်ပိုင်းဟာသဆိုပေမယ့် တကယ်အနုပညာမြောက်လျှင် ဂန္ထဝင်စာရင်းထဲ ဝင်နိုင်ပါသည်။ ရှေးခေတ်စာဆိုမင်းသားကြီး ဦးကျောက်လုံး၏ 
'တော်သလင်းဖော်ကင်းပါတဲ့ ခွေးတွေအူ၊ အိပ်မပျော်တစ်ညလုံး အုံးကျွက်ကျွက်ဆူ'ဆိုသော ကဗျာမျိုး။ စလေဦးပုည၏ ကဗျာတစ်ပုဒ်ထဲမှာ ပါသော 
'ဥတုနှင့် ပုဇွန်ဆီ'ဆိုသော စကားလုံးစသည်တို့ဖြစ်၏။ အလားတူ မှတ်မိသမျှလေးတွေတင်ပြလိုက်ပါသည်။

                       ☼ ☼ ☼ ☼ ☼
 
ဟိုအရင် မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်းမှာ မကြာခဏလွှင့်လေ့ရှိသော လူရွှင်တော်ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ရေနံချောင်းက ဖေကံကောင်း
ဓာတ်ပြားထဲတွင်....
ဒေါ်ကြင်ဆိုသော မိန်းမလည်ကြီးက သူဌေးသားရေနံချောင်းက ဖေကံကောင်းကို အိမ်ပေါ်ခေါ်တင်ပြီး သမီးဖြစ်သူနှင့် ဖြားယောင်းသွေးဆောင်သည်။ 
ရွှေငွေကအစ တန်ဖိုးကြီးအဝတ်အစားအထိ ချူယူပြီးနောက် အိမ်ပေါ်မှနှင်ချသည်။ ဖေကံကောင်းက မဆင်းဘဲ ပေကပ်နေသော်အခါ သမီးလုပ်သူက
"ဟော ဒီမှာ အမေရေ၊ အမေ့လင်ကြီးက မသွားနိုင်ဘူးတဲ့"
ဟု ပြောသောအခါ ဖေကံကောင်းက-
"အမယ်၊ အမယ် အမေ့လင်ကြီးတဲ့ လိုချင်တာအကုန်ယူပြီး ခုကျမှ ငါ့ကိုချောက်ထဲတွန်းချလို့ဘယ်ရမလဲ" 
ဟု ပြန်ပြောလေသည်။

                       ☼ ☼ ☼ ☼ ☼
 
ရွှေကျီးညိုနှင့်ပဲခူးမြတို့ ပါဝင်သော 'သဒ္ဓါသုမနဇာတ်'ဓာတ်ပြားကို ဘုန်းကြီးကျောင်းအလှူမှ ဖွင့်တာ ငယ်ငယ်က ကြားဖူးသည်။ ဇာတ်၏သဘောမှာ 
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့် 
အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွားရသည်။ လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။ ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရားဖြစ်နေကြောင်းတွေ့ရ၏။ သုမနက
စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။) 
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ 
လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"

                       ☼ ☼ ☼ ☼ ☼

ဇာတ်ဆရာ ဦးဖိုးစိန်ကြီးကပြခဲ့သော 'တာနောယက္ခ'ဇာတ်ထဲက အကွက်ကလေးတစ်ကွက်အကြောင်း လူကြီးတွေပြောပြတာကြားဖူးသည်။ 
(နောက်ပိုင်းတွင် စိန်မဟာသဘင်မှ ရဲစိန်၊ ညီဝင်းစိန်တို့က ပြန်လည်တင်ဆက်ခဲ့သည်။)
တာနောယက္ခဘီလူးသည် မိန်းမဖြစ်သူ သမုခသိင်္ဂီကို  အလွန်ချစ်သည်။ မိန်းမက လှလည်းအတော်လှသဖြင့် စိတ်မချနိုင်ဘဲဖြစ်နေ၏။ ထို့ကြောင့် 
ကျုတ်ကြီးထဲမှာ အလုံထည့်ပိတ်ပြီး သွားလေရာထမ်းခေါ်သွားသည်။ 
လမ်းတစ်နေရာတွင် ဇော်ဂျီနှင့်ဆုံသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင်ဖျောက်နိုင်သည်။ ကျုတ်ထဲကို ထွင်းဖောက်ဝင်သွားပြီး သမုခသိင်္ဂီနှင့်ပျော်ပါးသည်။ 
ကျုတ်ထဲမှာ မှောင်နေသဖြင့် သမုခသင်္ဂီက ဇော်ဂျီကို သူ့ယောက်ျားမှတ်ပြီး ကြည်ဖြူစွာလက်ခံသည်။ တာနောကတော့ ဘာမှမသိ။ ကျုတ်ကြီးကိုထမ်းပြီး 
ခရီးဆက်လာခဲ့ရာ ရသေ့ကြီးတစ်ပါး၏ကျောင်းသင်ခန်းရှေ့က ဖြတ်လျှောက်လာသည်။ ရသေ့ကြီးကတော့ အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့်....
"ဟဲ့...တာနော်တို့လင်မယား သုံးယောက်ဘယ်သွားကြမလို့လဲ"ဟု မေးလိုက်သည်။

ဒီတော့မှ တာနောလည်းအထာပေါက်ပြီး သံသယဝင်လာသည်။ ကျုတ်ကြီးကို အလျင်အမြန်ဖွင့်ကြည့်သည်။ ဇော်ဂျီကလည်း လူလည်ပဲ။ ကိုယ်ရောင်
ဖျောက်ပြီး လစ်ထွက်သွားပြီ။ သို့ရာတွင်ခြေရာလက်ရာတွေ ပျက်ကျန်ခဲ့သည်။ သမုခသိင်္ဂီကလည်း ဖရိုဖရဲဖြစ်နေသည်။ ဒီမှာတွင် တာနောပေါက်ကွဲတော့သည်။ 
သမုခသိင်္ဂီကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲသည်။ သမုခသိင်္ဂီကလည်း
"ဒီလောက်အလုံပိတ်ထားတဲ့ ကျုတ်ထဲကို တာနောကလွဲပြီး ဘယ်သူဝင်နိုင်မှာလဲ"
"အဲဒါငါမဟုတ်ဘူး၊ မင်းဖောက်ပြန်တာ"
"ကျုတ်ထဲမှာ မှောင်မည်းနေတာပဲ၊ ဘယ်သူဘယ်ဝါခွဲခြားနိုင်တာမှမဟုတ်ဘဲ၊ ကိုတာနောပဲ ထင်မိတာပေါ့"
ထိုစဉ်တွင် လူရွှင်တော်တစ်ယောက်က....
"သမုခသိင်္ဂီနှယ် ကိုယ်သောက်နေကျဆေးပေါ့လိပ်တောင် နှစ်ပြားတန်လား၊ တစ်မူးတန်လား ခွဲခြားပြီးမသိတာအံ့ပါရဲ့"
ဟု ဝင်ဖောက်လိုက်သေးသည်။

                       ☼ ☼ ☼ ☼ ☼

နောက်ဆုံးအနေဖြင့် ခါးအောက်ပိုင်းဟာသ စစ်စစ်တစ်ပုဒ်ကိုတင်ပြလိုက်ပါသည်။ ပေါက်ကရတွေပြောပြတတ်သော အဒေါ်တစ်ယောက်ဆီက ကြားဖူးခဲ့ခြင်း
ဖြစ်၏။ ညစ်ညမ်းသလား၊ ဟာသရသမြောက်သလားဆိုတာ ဆန်းစစ်ကြည့်ကြပါ။
တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာတစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင် 
အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန် 'ရွှေဥ'ကို
ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။

အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က 
'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ 
အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။ 
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ 
အစားထိုးတပ်ဆင်ပေးလိုက်သည်။

လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။ 
ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက 
စာတစ်စောင်ရောက်ရှိလာသည်။

"ဆရာကြီးခင်ဗျာ....
ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကုသပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း 
လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှ
အရှိန်ဖြင့်ထွက်သွားသော ဘတ်စကားနောက်သို့ပင်  အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။ ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး 
လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေပါသည်။ 
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ 
ပေါင်တစ်ဘက်ကိုမြှောက်၍ကားပြီးမှ ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။

လေးစားအားကိုးလျက်
မောင်မောင်စနေ"

(မှတ်ချက်။ ။ စာနယ်ဇင်းကျင့်ဝတ်အရ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ဆရာဝန်ကြီး၏အမည်ကို လူနာအဖြစ်လည်းကောင်း၊ လူနာ၏အမည်ကို 
ဆရာဝန်ကြီးအဖြစ်လည်းကောင်း လွှဲပြောင်းဖော်ပြပေးထားပါသည်။)

-----------------------------------------------------------

မင်းလူ
ရယ်စရာမဂ္ဂဇင်း။
(ဩဂုတ်၊ ၂၀၁၁)

လောကကြီးမှာ ရယ်စရာတွေအလွန်ပေါများသည်။ ကြည့်တတ်၊မြင်တတ်၊ တွေးတတ်လျှင် နေ့စဉ်နှင့်အမျှ ရယ်စရာကိုတွေ့နိုင်သည်။ တကယ်တော့ ဟာသဆိုတာ 'ရေ'လိုပါပဲ။ ရုတ်တရက်ကြည့်လိုက်လျှင် အလျှံပယ်ပေါများသည်ဟု ထင်ရ၏။ အရေးဟယ်၊ အကြောင်းဟယ်ကျမှ ရှာရခက်တော့တာ။ အထူးသဖြင့်တော့ ခုကာလမှာ ရေကောင်းရေသန့်က ရှားသထက်ရှားလာပြီ။ သောက်ရေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်တွေကြီးပွားကုန်ကြပြီ။
ဟာသဝတ္ထု၊ ဟာသရုပ်ရှင်ဆိုတာလည်း ရေသန့်ဘူးရောင်းသလိုပါပဲ။

☼ ☼ ☼ ☼ ☼

ခုချိန်တွင် အနုပညာလောကမှာ ဟာသတစ်ခေတ်ထွန်းကားနေသည်။ အထူးသဖြင့် ရုပ်ရှင်နှင့်စာပေနယ်ပယ်မှာဖြစ်၏။ ဟိုတစ်ချိန်က တစ်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ငါးဆယ်၊ ခြောက်ဆယ် ထွက်ခဲ့သည်။ ဒီထဲမှာမှ ဟာသဇာတ်ကားစစ်စစ် တစ်ကားတစ်လေပါလာဖို့ ခဲယဉ်းသည်။ စာပေ(အထူးသဖြင့်ဝတ္ထု)မှာလည်း ဒီအတိုင်းပဲ။ ဟာသဝတ္ထုဆိုတာ ရှားသည်။
ရေးတဲ့လူကလည်းနည်းသည်။ မဂ္ဂဇင်းတိုင်းမှာ ဟာသဝတ္ထုပါတာမဟုတ်။ တချို့မဂ္ဂဇင်းတွေက ဟာသဆိုလျှင် အဆင့်အတန်းသိပ်မရှိဟု ယူဆသဖြင့် ထည့်သွင်းဖော်ပြဖို့ ဝန်လေးတတ်ကြသည်။ ဟာသလုံးချင်းဝတ္ထုရေးတဲ့လူရယ်လို့လည်း တစ်ဦးစ နှစ်ဦးစသာ ရှိ၏။ သူ့ပရိသတ်နှင့်သူ သီးခြားဖြစ်ပြီး စာပေလောကတစ်ခုလုံးကိုမလွှမ်းမိုးနိုင်။

ခုတော့ ဒီလိုမဟုတ်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားထွက်လျှင် ကိုးကားက ဟာသကားဖြစ်နေ၏။ ဒါမှလည်း ပရိသတ်ကြိုက်တယ်၊
ပိုက်ဆံရတယ်လို့ ဆိုကြတာပဲ။ အလွမ်းအဆွေးဇာတ်လမ်း တစ်ကားတစ်လေလောက်စွန့်စားပြီး ရိုက်ကူးသူများမှာ ပိုက်ဆံမရ။
အကယ်ဒမီပဲရကြရှာသည်။ ထို့ကြောင့် အတည်အခန့် သရုပ်ဆောင်လေ့ရှိသော မင်းသားများမှာ ပေါတောတောတွေလုပ်ပြကြရသည်။
အငိုသန်သော မင်းသမီးများလည်း ဟာသမယ်တွေဖြစ်ကုန်ကြရသည်။

စာပေနယ်မှာကျတော့ကော။ လုံးချင်းဝတ္ထုတွေဆိုလျှင် 'အချစ်ဟာသ'ဆိုတာမျိုးတွေသာ အလုပ်ဖြစ်သည်။ အချစ်သက်သက်တောင်
သိပ်အဆင်မပြေ။ ဘဝသရုပ်ဖော်သမားအများစုမှာ ဟိုအရင်လိုလက်မ မထောင်နိုင်ဘဲ မျက်နှာငယ်နေကြရရှာသည်။ ဒီလိုစာအုပ်မျိုး
ထုတ်တဲ့ထုတ်ဝေသူဆိုလျှင် သူရဲကောင်းလို့ ပြောရမလား၊ လူမိုက်ပဲဟုဆိုရမလားမသိ။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကလည်း ဟာသပါမှ
ဂုဏ်ရှိတယ်ထင်နေကြဟန်တူသည်။ ရယ်စရာစာမူမျိုးမှ လိုလိုချင်ချင်ရှိကြသည်။ တည်တည်တံ့တံ့ဆိုလျှင် အားနာပါးနာနဲ့ထည့်ပေးချင်
ပေးမည်။ သိပ်တော့ဟက်ဟက်ပက်ပက်မရှိလှ။ ဟာသဝတ္ထုဆိုလျှင်တော့ အိမ်တိုင်ယာရောက်လာယူရမလား။ စာမူခတစ်ခါတည်း
ရှင်းမယ်လေ။ အခုကြိုယူသွားပါလားဆရာ။ ဒီလိုနဲ့ နာမည်ကြီးဟာသစာရေးဆရာများမှာ ဟိုအရင်က အရင်းရှင်ဟု ချိုးနှိမ်ခံခဲ့ရပြီး
ခုကျတော့လုပ်ငန်းရှင်ဆိုပြီးမြှောက်စားခံနေရသော စီးပွားရေးသမားတွေလို ခွင်ကောင်းခေတ်ကောင်းနဲ့ တိုးမိနေကြလေသည်။
(ကျွန်တော့်လိုပေါက်ကရတွေလျှောက်ရေးတဲ့ကောင်မျိုးတောင် လူရာဝင်နေတာကိုပဲ ကြည့်တော့။)

☼ ☼ ☼ ☼ ☼

မြေအောက်ရေလိုပေါ့။ အစပိုင်းမှာတော့ ဖောဖောသီသီရနိုင်သည်။ ထုတ်ယူသုံးစွဲဖန်များသောအခါ ခန်းခြောက်လာတတ်၏။ ဟာသမှာလည်း
ဒီအတိုင်းပဲ။ သူကလည်းဟာသ၊ ကိုယ်ကလည်းဟာသဆိုပြီး အလုအယက်လုပ်စားလိုက်ကြတာ၊ ကြာတော့ ရယ်စရာကုန်ကြမ်းတွေ
ရှားပါးလာသည်။ အကြောင်းအရာတွေလည်း ထပ်လာသည်။ ထိုအခါ ကြံမိကြံရာ လုပ်လာကြတော့သည်။

နိုင်ငံခြားဟာသဇာတ်လမ်းတွေကို မှီးသည်။ မြန်မာ့ရိုးရာဟာသပုံပြင်တွေကို ပြန်လည်ဆန်းသစ်သည်။ အငြိမ့်စင်ပေါ်က သမားစဉ်ပြက်လုံးတွေကို
ယူသုံးသည်။ ခေတ်ဟောင်းစာရေးဆရာကြီးတွေရဲ့ ဝတ္ထုတွေထဲက ဟာသကွက်တွေကိုမသိမသာ (တချို့လည်းသိသိသာသာ)ခိုးချသည်။
(ကျွန်တော်တောင် ဆရာသော်တာဆွေကို တုပပြီး စာပေလောကသားတွေ ဇာတ်ကောင်လုပ်၍ နောက်တီးနောက်တောက်တွေရေးပြီး
ခွင်ရိုက်ခဲ့သေးတာကော။)

ဒါတွေကလည်း ကြာတော့ ရိုးအီလာသည်။ ဒါမျိုးချည်း ထပ်တလဲလဲဖြစ်လာ၏။ ပရိသတ်တွေလည်း ငြီးငွေ့လာပြီ။ ဟာသဇာတ်လမ်းဆိုပြီး
ရယ်စရာလည်း သိပ်မကောင်းတော့။ အားနာပါးနာ လိုက်ရယ်ပေးရသလိုဖြစ်လာသည်။ ထိုအခါ အသစ်ထပ်ထွင်ဖို့မကြိုးစားဘဲ လွယ်လွယ်ကူကူ
ဆွဲသုံးနိုင်မယ့်နည်းလမ်းကို ရှာကြတော့သည်။ ညစ်တီးညစ်ပတ်ဟာသတွေဘက် လှည့်လာကြခြင်းပင်ဖြစ်၏။ ဒါမျိုးကို 'ခါးအောက်ပိုင်းပြက်လုံး'ဟု
ခေါ်ကြသည်။ တချို့ကလည်း 'ချက်အောက်ပိုင်း'ဟုဆိုသည်။ ဟိုတစ်ချိန်ကတော့ ဒီလိုဟာသမျိုးတွေက အငြိမ့်စင်တွေ ဇာတ်စင်တွေပေါ်မှာ
တွေ့ရတတ်သည်။ သို့တိုင်အောင် မင်းသား၊ မင်းသမီးစသော အဓိကပုဂ္ဂိုလ်တွေက ဒီစကားမျိုးတွေမပြောရ။ လူရွှင်တော်တွေကသာ ပြက်လုံး
ထုတ်ရသည်။ ဒီနေရာမှာလည်း ဗြောင်ကျကျကြီးမပြောရ။ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးတွေမပါရ။ တစ်ကွက်ကျော်၊ နှစ်ကွက်ကျော်တွေးပြီးမှ
နားလည်အောင် ဝင်္ကဝုတ္တိအလင်္ကာ သုံးရသည်။

ဥပမာလေးတစ်ခု ဖော်ပြပါမည်။
အငြိမ့်မင်းသမီးတစ်ယောက်သည် ကချိုးတစ်ခုကို ကြိုးစားပမ်းစားကပြီးနောက် ခဏနားလိုက်သည်။ ထိုအချိန်တွင် လူရွှင်တော်တစ်ဦးက ပြေးလာပြီး
ယပ်ခပ်ပေးသည်။ ထိုအခါနောက်လူရွှင်တော်တစ်ဦးက
"ဟေ့ကောင်၊ မင်းကလည်း မင်းသမီးကိုဖားလှချည်လား"
"ဖားရတယ်ကွ၊ ငါတို့က သူ့ကိုမှီပြီး စားနေရတာ၊ ဒီမင်းသမီးဟာ ငါတို့ရဲ့ ထမင်းအိုးကြီးပဲ"
"အဲဒီထမင်းအိုးကြီး ငါ့ကိုခဏငှားစမ်းပါကွာ"
"ဘာလုပ်ဖို့လဲ"
"ခရမ်းသီးနှပ်စားချင်လို့"
"ဒါဆိုလည်း ငန်ပြာရည်တော့ လျှော့ထည့်ပေါ့ကွာ"
ဒီပြက်လုံးမှာ ညစ်ညမ်းတဲ့စကားလုံးတစ်လုံးမှ မပါ။ တွေးယူမှ တခစ်ခစ်ကြိတ်ပြီး ရယ်ရခြင်းဖြစ်၏။ ကလေးသူငယ်တွေ နားမလည်နိုင်။
လူရွှင်တော်ရဲ့စကားဆိုတော့ ပရိသတ်က အလေးအနက်မထားကြ။ ပျော်စေပြက်စေသာဖြစ်၏။ စင်ပေါ်မှာပြောခြင်းဖြစ်သောကြောင့် ပွဲပြီးလျှင်
လေထဲမှာပျောက်ကွယ်သွားသည်။ မှတ်တမ်းမကျန်ခဲ့။

ခုကျတော့ အငြိမ့်ပွဲတွေကို ဗီဒီယိုရိုက်ပြီး အခွေတွေထုတ်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာသည်။
အငြိမ့်ဆိုတော့ ထုံးစံအတိုင်း ခါးအောက်ပိုင်းပြက်လုံးတွေပါလာသည်။ ဒါမျိုးက လူတွေရဲ့သည်းခြေကြိုက်ဆိုတော့ သဘောကျကြသည်။
ဒီခွင်တွေက ဟာသဝတ္ထုတွေ၊ ဗီဒီယိုရုပ်ရှင်တွေဘက်ကူးစက်လာသည်။ သမားစဉ်ပြက်လုံးတွေလို ပညာသားပါပါမဟုတ်တော့။ ပရိသတ်ကြိုက်တယ်
ဆိုပြီး အတင့်ရဲလာသည်။ ခပ်ပြောင်ပြောင် ခပ်ကြမ်းကြမ်းတွေဖြစ်လာ၏။ တချို့စကားလုံးတွေဆို တော်တော်ရိုင်းစိုင်းသည်။ ပိုဆိုးတာက ဒါတွေကို
မင်းသားမင်းသမီးတွေကပါ ခံတွင်းတွေ့ပြီးလိုက်ပြောလာကြခြင်းပင်ဖြစ်၏။ ကျောင်းဆရာမဇာတ်ရုပ်ဖြစ်ပါလျက် 'နင်တော်တော်နှာဘူးထနေပါလား'
ဆိုသော စကားမျိုးပြောတာကတော့ တော်တော်ဆိုးသည်။ နှမလုပ်သူကိုဘေးမှာထားပြီး အစ်ကိုဖြစ်သူက သူငယ်ချင်းတွေနဲ့ ညစ်ညစ်ညမ်းညမ်း
ပြောတာမျိုးတွေလည်း တွေ့ရကြားရသည်။ ထိုအခါ စာနယ်ဇင်းတွေက ဝေဖန် ထောက်ပြလာကြသည်။ မိသားစုအတူတကွကြည့်ကြသော
ပရိသတ်တွေက နှာခေါင်းရှုံ့လာသည်။ လူငယ်ပရိသတ်တချို့ဆီကတောင် မနှစ်မြို့သောလေသံတွေ ထွက်ပေါ်လာလေသည်။

☼ ☼ ☼ ☼ ☼

တကယ်တော့ ခါးအောက်ပိုင်းဟာသဆိုတာ ခုမှပေါ်လာခြင်းမဟုတ်။ ရှေးပဝေသဏီကတည်းကရှိနှင့် ပြီးဖြစ်၏။ 'တီးတိုးပုံပြင်များ' သို့မဟုတ်
'တိုးတိုးပုံပြင်များ'ဟု ခေါ်ကြသည်။ လူပျိုကြီးတွေက လူပျိုပေါက်ကလေးတွေကို ပြောပြသည်။ အပျိုကြီးတွေက အပျိုပေါက်ကလေးတွေကို
ကျိတ်ပြီးဖောက်သည်ချသည်။ တဟားဟား၊ တခစ်ခစ်ရယ်ကြရသည်။ ရှေးခေတ်က မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လိင်ကိစ္စပညာပေးခြင်းတစ်မျိုးဟု
ဆိုကောင်းဆိုနိုင်သည်။ တချို့အကြောင်းအရာလေးတွေဆို မြန်မာ့ရိုးရာဟာသပုံပြင်ထဲမှာတောင် ထည့်သွင်းဖော်ပြခြင်းခံရသေးသည်။

ဒီလိုကိစ္စမျိုးဆိုတာ လူတိုင်းစိတ်ဝင်စားကြတာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုဟာသမျိုးရှိသည်။ ပလေးဘွိုင်းမဂ္ဂဇင်းထဲမှ ကာတွန်းပုံတစ်ပုံတွေ့ဖူးသည်။
အဝတ်အစားမပါသော အဘိုးကြီးအဘွားကြီးလင်မယားနှစ်ယောက် ကုတင်ပေါ်မှာ လှဲနေကြသည်။ အဘွားကြီးက ဒူးထောင်ပေါင်ကားပုံစံဖြစ်နေ၏။
အဘိုးကြီးက တယ်လီဖုန်းပြောနေပုံက-
"သမ္မတကြီးလားခင်ဗျာ၊ တိုက်ချင်းပစ်ဒုံးပျံတွေ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မယ့် လိုဏ်ခေါင်းတစ်ခု ကျွန်တော်တွေ့ထားပါတယ်"ဟူ၍ဖြစ်၏
ခါးအောက်ပိုင်းဟာသဆိုတာက တော်တော်သိမ်မွေ့သည်။ ညစ်ညမ်းမှုနှင့် ဟာသကြားမှ နယ်နိမိတ်မျဉ်းကပါးပါးလေးဖြစ်၏။ အတိမ်းအစောင်းမခံ။
ခံစားသူပရိသတ်၏ ပင်ကိုယ်ဓာတ်ခံပေါ်မှာလည်း မူတည်သည်။ မုဆိုးမတစ်ယောက်အတွက် ရယ်ရွှင်ဖွယ်သက်သက်သာဖြစ်သော်လည်
ဣနြေ္ဒကြီးလွန်းသော အပျိုကြီးတစ်ယောက်အတွက်တော့ နားရှက်စရာဖြစ်ချင်ဖြစ်နေလိမ့်မည်။ ပြက်လုံးတစ်ခုဟာ ညစ်ညမ်းမှုရှိမရှိ ဆိုတာကလည်း
လူအပေါ်မူတည်ပြီးအငြင်းပွားစရာလည်း ဖြစ်နိုင်၏။

ခါးအောက်ပိုင်းဟာသဆိုပေမယ့် တကယ်အနုပညာမြောက်လျှင် ဂန္ထဝင်စာရင်းထဲ ဝင်နိုင်ပါသည်။ ရှေးခေတ်စာဆိုမင်းသားကြီး ဦးကျောက်လုံး၏
'တော်သလင်းဖော်ကင်းပါတဲ့ ခွေးတွေအူ၊ အိပ်မပျော်တစ်ညလုံး အုံးကျွက်ကျွက်ဆူ'ဆိုသော ကဗျာမျိုး။ စလေဦးပုည၏ ကဗျာတစ်ပုဒ်ထဲမှာ ပါသော
'ဥတုနှင့် ပုဇွန်ဆီ'ဆိုသော စကားလုံးစသည်တို့ဖြစ်၏။ အလားတူ မှတ်မိသမျှလေးတွေတင်ပြလိုက်ပါသည်။

☼ ☼ ☼ ☼ ☼

ဟိုအရင် မြန်မာ့အသံ ဟဒယရွှင်ဆေးအခန်းမှာ မကြာခဏလွှင့်လေ့ရှိသော လူရွှင်တော်ဓာတ်ဆီ၊ ဓာတ်ဆံတို့၏ ရေနံချောင်းက ဖေကံကောင်း
ဓာတ်ပြားထဲတွင်....
ဒေါ်ကြင်ဆိုသော မိန်းမလည်ကြီးက သူဌေးသားရေနံချောင်းက ဖေကံကောင်းကို အိမ်ပေါ်ခေါ်တင်ပြီး သမီးဖြစ်သူနှင့် ဖြားယောင်းသွေးဆောင်သည်။
ရွှေငွေကအစ တန်ဖိုးကြီးအဝတ်အစားအထိ ချူယူပြီးနောက် အိမ်ပေါ်မှနှင်ချသည်။ ဖေကံကောင်းက မဆင်းဘဲ ပေကပ်နေသော်အခါ သမီးလုပ်သူက
"ဟော ဒီမှာ အမေရေ၊ အမေ့လင်ကြီးက မသွားနိုင်ဘူးတဲ့"
ဟု ပြောသောအခါ ဖေကံကောင်းက-
"အမယ်၊ အမယ် အမေ့လင်ကြီးတဲ့ လိုချင်တာအကုန်ယူပြီး ခုကျမှ ငါ့ကိုချောက်ထဲတွန်းချလို့ဘယ်ရမလဲ"
ဟု ပြန်ပြောလေသည်။

☼ ☼ ☼ ☼ ☼

ရွှေကျီးညိုနှင့်ပဲခူးမြတို့ ပါဝင်သော 'သဒ္ဓါသုမနဇာတ်'ဓာတ်ပြားကို ဘုန်းကြီးကျောင်းအလှူမှ ဖွင့်တာ ငယ်ငယ်က ကြားဖူးသည်။ ဇာတ်၏သဘောမှာ
ကိုသောနသည် နတ်ဖမ်းစားခံရသဖြင့် စိတ်ကယောက်ကယက်ဖြစ်ပြီး ဇနီးဖြစ်သူ သုမနကို ရိုက်နှက်နှိပ်စက်သည်။ သုမနလည်း မခံနိုင်တော့သဖြင့်
အိမ်ပေါ်မှဆင်းပြီး အရပ်တစ်ပါးသို့ထွက်သွားရသည်။ လမ်းမှာ တိုင်းခန်းလှည့်လည်လာသော ရှင်ဘုရင်နှင့်တွေ့သည်။ ရှင်ဘုရင်က သနားပြီး မိဖုရား
မြှောက်လိုက်သည်။ ကိုသောန စိတ်ပြန်မှန်လာသောအခါ မှားမှန်းသိပြီး သုမနကိုလိုက်ရှာသောအခါ ဘုရင့်မိဖုရားဖြစ်နေကြောင်းတွေ့ရ၏။ သုမနက
စိတ်နာပြီး
"အခုမှ နှမြောရသလား၊ သုမနကျောမှာ ဒဏ်ရာတွေနဲ့၊ ပြန်ပါလေ ကိုသောနရဲ့"
ဟု ငိုချင်းချသည်။
ရှင်ဘုရင်ကလည်း သဘောထားကြီးသူဖြစ်သောကြောင့် မူလပိုင်ရှင်ကိုသောနထံ သုမနကိုပြန်အပ်သည်။ (စားလို့ဝသွားတာလည်းဖြစ်နိုင်သည်။)
ကိုသောနမှာ အခက်တွေ့နေ၏။ သူ့မိန်းမကိုလည်း ပြန်လိုချင်သည်။ ရှင်ဘုရင်နှင့်ညားပြီး ဖြစ်နေသောကြောင့်လည်း မသတီဘဲရှိနေ၏။ ထိုအခါ
လူရွှင်တော်တစ်ယောက်က ဝင်ပြောသည်။
"ရွံမနေစမ်းပါနဲ့ ကိုသောနရယ်၊ စားပြီးသားထမင်းပန်းကန်တောင် ရေနဲ့စင်စင်ဆေးလိုက်ရင် ပြောင်သွားသေးတာပဲ"

☼ ☼ ☼ ☼ ☼

ဇာတ်ဆရာ ဦးဖိုးစိန်ကြီးကပြခဲ့သော 'တာနောယက္ခ'ဇာတ်ထဲက အကွက်ကလေးတစ်ကွက်အကြောင်း လူကြီးတွေပြောပြတာကြားဖူးသည်။
(နောက်ပိုင်းတွင် စိန်မဟာသဘင်မှ ရဲစိန်၊ ညီဝင်းစိန်တို့က ပြန်လည်တင်ဆက်ခဲ့သည်။)
တာနောယက္ခဘီလူးသည် မိန်းမဖြစ်သူ သမုခသိင်္ဂီကို အလွန်ချစ်သည်။ မိန်းမက လှလည်းအတော်လှသဖြင့် စိတ်မချနိုင်ဘဲဖြစ်နေ၏။ ထို့ကြောင့်
ကျုတ်ကြီးထဲမှာ အလုံထည့်ပိတ်ပြီး သွားလေရာထမ်းခေါ်သွားသည်။
လမ်းတစ်နေရာတွင် ဇော်ဂျီနှင့်ဆုံသည်။ ဇော်ဂျီဆိုတော့ ကိုယ်ရောင်ဖျောက်နိုင်သည်။ ကျုတ်ထဲကို ထွင်းဖောက်ဝင်သွားပြီး သမုခသိင်္ဂီနှင့်ပျော်ပါးသည်။
ကျုတ်ထဲမှာ မှောင်နေသဖြင့် သမုခသင်္ဂီက ဇော်ဂျီကို သူ့ယောက်ျားမှတ်ပြီး ကြည်ဖြူစွာလက်ခံသည်။ တာနောကတော့ ဘာမှမသိ။ ကျုတ်ကြီးကိုထမ်းပြီး
ခရီးဆက်လာခဲ့ရာ ရသေ့ကြီးတစ်ပါး၏ကျောင်းသင်ခန်းရှေ့က ဖြတ်လျှောက်လာသည်။ ရသေ့ကြီးကတော့ အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့်....
"ဟဲ့...တာနော်တို့လင်မယား သုံးယောက်ဘယ်သွားကြမလို့လဲ"ဟု မေးလိုက်သည်။

ဒီတော့မှ တာနောလည်းအထာပေါက်ပြီး သံသယဝင်လာသည်။ ကျုတ်ကြီးကို အလျင်အမြန်ဖွင့်ကြည့်သည်။ ဇော်ဂျီကလည်း လူလည်ပဲ။ ကိုယ်ရောင်
ဖျောက်ပြီး လစ်ထွက်သွားပြီ။ သို့ရာတွင်ခြေရာလက်ရာတွေ ပျက်ကျန်ခဲ့သည်။ သမုခသိင်္ဂီကလည်း ဖရိုဖရဲဖြစ်နေသည်။ ဒီမှာတွင် တာနောပေါက်ကွဲတော့သည်။
သမုခသိင်္ဂီကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲသည်။ သမုခသိင်္ဂီကလည်း
"ဒီလောက်အလုံပိတ်ထားတဲ့ ကျုတ်ထဲကို တာနောကလွဲပြီး ဘယ်သူဝင်နိုင်မှာလဲ"
"အဲဒါငါမဟုတ်ဘူး၊ မင်းဖောက်ပြန်တာ"
"ကျုတ်ထဲမှာ မှောင်မည်းနေတာပဲ၊ ဘယ်သူဘယ်ဝါခွဲခြားနိုင်တာမှမဟုတ်ဘဲ၊ ကိုတာနောပဲ ထင်မိတာပေါ့"
ထိုစဉ်တွင် လူရွှင်တော်တစ်ယောက်က....
"သမုခသိင်္ဂီနှယ် ကိုယ်သောက်နေကျဆေးပေါ့လိပ်တောင် နှစ်ပြားတန်လား၊ တစ်မူးတန်လား ခွဲခြားပြီးမသိတာအံ့ပါရဲ့"
ဟု ဝင်ဖောက်လိုက်သေးသည်။

☼ ☼ ☼ ☼ ☼

နောက်ဆုံးအနေဖြင့် ခါးအောက်ပိုင်းဟာသ စစ်စစ်တစ်ပုဒ်ကိုတင်ပြလိုက်ပါသည်။ ပေါက်ကရတွေပြောပြတတ်သော အဒေါ်တစ်ယောက်ဆီက ကြားဖူးခဲ့ခြင်း
ဖြစ်၏။ ညစ်ညမ်းသလား၊ ဟာသရသမြောက်သလားဆိုတာ ဆန်းစစ်ကြည့်ကြပါ။
တစ်ခါက ခါးအောက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာအေးချစ်ထံသို့ နယ်မှလူနာတစ်ယောက်ရောက်ရှိလာသည်။ ထိုသူမှာ 'ရွှေဥ'တွင်
အနာပေါက်နေခြင်းဖြစ်၏။ ဆရာဝန်ကြီးလည်း ခွဲစိတ်ကုသရန်အတွက်လူနာကိုမေ့ဆေးပေးလိုက်သည်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရန် 'ရွှေဥ'ကို
ဖြတ်ထုတ်ပြီး လင်ပန်းတစ်ချပ်ပေါ်ခဏတင်ထားသည်။

အနာကိုဆေးကြောသုတ်သင်နေစဉ် အရေးကြီးသော တယ်လီဖုန်းလာသဖြင့် သွားပြောရသည်။ ခွဲစိတ်ခန်းထဲပြန်ဝင်လာသောအခါ လင်ပန်းပေါ်က
'လူနာ၏ရွှေဥ' မရှိတော့ကြောင်း တွေ့ရ၏။ လိုက်ရှာကြည့်တော့မှ ခွဲခန်းထောင့်တွင် ခွေးတစ်ကောင်က လူနာရဲ့ 'ရွှေဥ'ကိုမြိန်ရေရှက်ရေ ကိုက်စားနေတာ
အပိုင်းအစလေးလောက်ပဲ ကျန်တော့သည်။ ဆရာဝန်ကြီးလည်း ထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လူနာက မကြာခင်မေ့ဆေးပြယ်ပြီး သတိရလာတော့မည်။
အချိန်သိပ်မရှိတော့။ ကြံရာမရဖြစ်နေရာမှ နောက်ဆုံးတော့ အရေးပေါ်ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရ၏။ ခွေးကိုသတ်၊ ခွေးရဲ့'ရွှေပန်း'ကိုဖြတ်ယူပြီး လူနာထံ
အစားထိုးတပ်ဆင်ပေးလိုက်သည်။

လူနာသည် တစ်ပတ်လောက်အကြာမှာ အနာကျက်သဖြင့် ဆေးခန်းမှဆင်းပြီး နေရပ်သို့ပြန်သွားသည်။ ဆရာဝန်ကြီးကတော့ ရင်တထိတ်ထိတ်ကျန်ရစ်ခဲ့သည်။
ဘာပြဿနာများပေါ်လာမလဲဟု စိတ်မသက်မသာဖြစ်နေရ၏။ အချိန်အတော်ကြာအထိ ဘာသတင်းမှ မကြားရဘဲသုံးလလောက်နေတော့မှ လူနာထံက
စာတစ်စောင်ရောက်ရှိလာသည်။

"ဆရာကြီးခင်ဗျာ....
ကျွန်တော်သည် ဆရာကြီး၏ လူနာတစ်ဦးဖြစ်ပါသည်။ ဆရာကြီးခွဲစိတ်ကုသပေးခဲ့သဖြင့် ကျွန်တော်၏ ရွှေဥဝေဒနာမှာလည်း
လုံးဝသက်သာပျောက်ကင်းသွားပါပြီ။ ဒါတွင်မက ယခုအခါ ကျွန်တော်သည် နေရထိုင်ရတာ အလွန်ပေါ့ပါးသွက်လက်နေပါသည်။ မှတ်တိုင်မှ
အရှိန်ဖြင့်ထွက်သွားသော ဘတ်စကားနောက်သို့ပင် အလွယ်တကူ မီအောင်ပြေးလိုက်နိုင်ပါသည်။ ရေမြောင်းများ ရေအိုင်များကိုလည်း အသာကလေး
လွှားခနဲခုန်ကျော်နိုင်ပါသည်။ ဇနီးဖြစ်သူကလည်း လူငယ်လေးလိုပြန်ဖြစ်သွားတယ်ဟု ချီးကျူးပါသည်။ သို့ရာတွင် ပြဿနာလေးနည်းနည်းတော့ရှိနေပါသည်
ယခုအခါ ကျွန်တော့်မှာ မော်တော်ကားများမြင်လျှင် တာယာကိုသေးနှင့်ပန်းချင်စိတ်များ ထိန်းမရအောင်ဖြစ်လာတတ်ခြင်းနှင့် အပေါ့သွားသောအခါ
ပေါင်တစ်ဘက်ကိုမြှောက်၍ကားပြီးမှ ပေါက်လို့ရခြင်းတို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံးအကြောင်းပြန်ကြားပေးစေလိုပါသည် ခင်ဗျား။

လေးစားအားကိုးလျက်
မောင်မောင်စနေ"

(မှတ်ချက်။ ။ စာနယ်ဇင်းကျင့်ဝတ်အရ ကာယကံရှင်များ ထိခိုက်နစ်နာမှုမရှိစေရန် ဆရာဝန်ကြီး၏အမည်ကို လူနာအဖြစ်လည်းကောင်း၊ လူနာ၏အမည်ကို
ဆရာဝန်ကြီးအဖြစ်လည်းကောင်း လွှဲပြောင်းဖော်ပြပေးထားပါသည်။)

-----------------------------------------------------------

မင်းလူ
ရယ်စရာမဂ္ဂဇင်း။
(ဩဂုတ်၊ ၂၀၁၁)

No comments:

Post a Comment