လင်ကွန်း
လင်ကွန်း၏ 'မ' ဆယ်လုံး
၁။ ချွေတာ စုဆောင်းခြင်းကို အားမပေးပဲ မချမ်းသာနိုင်ပါ ။
၂။ အားကြီးသူတွေကို အစိတ်စိတ် ခွဲခြင်းဖြင့် အားငယ်သူများကို မကူညီနိုင်ပါ ။
၃။ အာကြီးသူကို အားပျော့အောင် လုပ်ခြင်းဖြင့် အားနည်းသူကို အားပြည့်လာအောင် မလုပ်နိုင်ပါ ။
၎။ လစာပေးနေသူတွေကို နှိမ်ချခြင်းဖြင့် လစာ ရသူတွေကို လစာကို
တိုးမြင့် မပေးနိုင်ပါ ။
၅။ ချမ်းသာသူတွေကို ပျက်စီးစေခြင်းဖြင့် ဆင်းရဲသားများကို မကူညီနိုင်ပါ ။
၆။ ဝင်ငွေထက် ပိုသုံးခြင်းဖြင့် ဒုက္ခမှ မလွတ်မြောက်နိုင်ပါ ။
၇။ ချေးငှားထားသော ငွေဖြင့်လုံခြုံမှု မရရှိနိုင်ပါ ။
၉။ လူသား၏ လုပ်ကိုင်လိုစိတ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ကို
ဖယ်ရှားခြင်းဖြင့် သတ္တိနှင့် ကိုယ်ကျင့် စာရိတ္တကို မတည်ဆောက်နိုင်ပါ ။
၉။ လူတို့အနေဖြင့် သူတို့ကိုယ်တိုင် လုပ်နိုင်သော ကိစ္စ၊ သူတို့အတွက်
သူတို့ကိုယ်တိုင် လုပ်သင့်သော ကိစ္စများကို လုပ်ပေးနေခြင်းအားဖြင့် သင်သည်
လူများအား ထာဝရ မကူညီနိုင်ပါ ။
၁၀။ လူတန်းစား မုန်းတီးမှု အုံကြွအောင်လုပ်ခြင်းဖြင့် ညီရင်းအစ်ကို စိတ်ဓာတ်မျိုး တိုးတက်မလာနိုင်ပါ ။
( လင်ကွန်း)
No comments:
Post a Comment