ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Tuesday, February 5, 2013

နားထိုင်း(ဟာသ)

 
~~~~~~~~နားထိုင်းဘယ်သူလဲ ~~~~~~~~

မောင်ဘ ဆေးခန်းကိုလာပြီး ဆရာဝန်နဲ့တိုင်ပင်လေတယ်။

မောင်ဘ ။ ။''ဒေါက်တာ ၊ ကျုပ်မိန်းမ နားထိုင်းနေပြီထင်တယ် ။ စကားပြောရင် ပြန်မထူးဘူး ။ ဘယ်လိုလုပ်ရမလဲ ဒေါက်တာ ။''

ဒေါက်တာ ။ ။ ''ခင်ဗျားမိန်းမကို ဘယ်လောက် ထိုင်းနေလဲဆိုတာကို စမ်းသပ်မှု တစ်ခုလုပ်ရမယ် ။ ''

မောင်ဘ။ ။ ''ဟုတ်ကဲ့ ။ ဘာလုပ်ရမလဲ ပြောပါ ။ ''

ဒေါက်တာ။ ။ ''အခု အိမ်ပြန်ရောက်ပြီ ဆိုတာနဲ့ ခင်ဗျားမိန်းမရဲ့ ၅ ကိုက်လောက်ကနေ စကားပြော ။ မကြားရင် ၄ ကိုက်လောက်ကပ်ပြော ။ မကြားရင် ၃ ကိုက်။ မကြားရင် ၂ ကိုက် ၊ ၁ ကိုက် ကပ်ကပ်ပြီးပြောကြည့် ဗျာ ။ ပြီးရင် ဘယ်နကိုက်မှာ စကြားလဲ လာပြောဗျာ ။ ပြီးရင်တော့ ဆေးကုဖို့ စတာပေါ့။ ''

မောင်ဘလဲ ဟုတ်ကဲ့ပြောပြီး အိမ်ပြန်လာတယ် ။ အိမ်ရောက်တော့ မိန်းမက ထမင်းချက်နေတယ် ။ မိန်းမ မမြင်အောင် ၅ ကိုက်လောက်က စပြီး

'' မိန်းမရေ ဒီနေ့ ဘာဟင်း လဲကွ'' လို့ မေးလိုက်တယ် ။

မိန်းမဆီက ဘာသံမှ ထွက်မလာဘူး ။

ဒါနဲ့ ၄ ကိုက်လောက်က ပြန်မေးတယ် ။ ဘာမှပြန်မထူးဘူး ။

အဲဒါနဲ့ ၃ ကိုက် ၂ ကိုက်မေးတော့လဲ ဘာမှ ပြန် မဖြေဘူး ။

ဒါနဲ့ နောက်ဆုံး ၁ကိုက်လောက်ကနေ အနားနားကပ်ပြီး....

''သဲလေး ဒီနေ့ ဘာဟင်း ချက်လဲ''လို့ မေးမှ မိန်းမက ပြန်ဖြေတော့ တယ် ။

မိန်းမ။ ။ '' ရှင့်နယ်တော် ၅ ကြိမ် ရှိပြီ ဖြေနေတာ ။ ကြက်သားဟင်း တော်ရေ ။ ''
Credit to; Myat Thu
 
 

No comments:

Post a Comment