ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Thursday, February 7, 2013

ဖေ့စ်ဘွတ် အဘိဓါန်(ဟာသ)


““Facebook-Myanmar အဘိဓာန်)
(ရေးသားပြုစုသူ- ချစ်အောင်လှပက်ထရစ်)

လုံးဝပျောက်သွားပီ= မှူးဇော်
အသုံးအနှုံး-- ငါနဲ့ မနေ့ ကဇတ်လမ်းဖြစ်တဲ့ ကောင်မလေး ဒီနေ့  မှူးဇော်ဖြစ်သွားပီကွာ။

နိုတီဖီကေးရှန်း= နို့ သီး
အသုံးအနှုံး-- ဒကာကြီးရဲ့ ကွန်ပြူတာကလဲ နို့ သီးတွေ ခနခနပေါ်လာတယ်။

Like လုပ်ခြင်း= လက်မထောင်ပြသည်
အသုံးအနှုံး-- ခများရေးတဲ့ ပို့ စ်က လက်မလာထောင်ပြတဲ့ လူတွေများသား။

အခြေခံဥပဒေ= နာဂစ်
အသုံးအနှုံး-- မင်းတို့ ကလဲ တခါလာလဲ နာဂစ်ဘဲလုပ်နေ လူတွေလဲ ငတ်နေပီ။

အိပ်နေသည်= လွှတ်တော်တက်သည်
အသုံးအနှုံး-- မင်းအဖေရော.. ဟုတ်ကဲ့ အဖေလွှတ်တော်တက်နေတယ်။

ကြောင်နဲ့ ကြွက်= ခင်ရွှေနဲ့ နေမျိုးဝေ
အသုံးအနှုံး-- နင်တို့ လင်မယားကလဲ ခင်ရွှေနဲ့ နေမျိုးဝေကျနေတာဘဲ။

ကြီးတဲ့ အမှု ငယ်အောင်= ဒေါက်တာစိုးရင် ကို မင်းအုပ်စိုးလုပ်သည်
အသုံးအနှုံး-- ဟုတ်ကဲ့ ကျနော်တို့ လူကြီးတွေက ဒေါက်တာစိုးရင်ကို မင်းအုပ်စိုး လုပ်ပေးရမှာပါ။

Blockလုပ်ခြင်း= အကွက်ရိုက်သည်
အသုံးအနှုံး-- ဟိုသတောင်းစား ဘာတွေလာလာပို့ မှန်းမသိဘူး အကွက်ရိုက်ထားလိုက်ပီ။

၁ပူး= အလဲဗင်းဂျာနယ်
အသုံးအနှုံး-- အလဲဗင်းဂျာနယ်လောက်နဲ့  ထမရှိုးနဲ့  ဟိုက ၈ လေးလုံး

၈ပူး= ၈၈ကျောင်းသားအဖွဲ့ 
အသုံးအနှုံး-- ၈ပူးတွေကလဲ အတုတောင်ရှိသတဲ့ 

တွေ့ ရာလူမကောင်းပြော= ဒေါက်တာဇာနည်
အသုံးအနှုံး-- အဲဒီကောင်မက ဒေါက်တာဇာနည်လေ

ဟုတ်တော့ မလိုနဲ့  အဖျားရှူး= ဇာဂနာ
အသုံးအနှုံး-- မင်းလုပ်ပုံကလဲ ဇာဂနာဘဲ

အဝေးကနေဟန်ရေးပြ= မိုးသီးဇွန်
အသုံးအနှုံး--ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့  မိုးသီးဇွန်တွေချည်းဘဲ

ယောက်ျားချင်းဆဲရေးခြင်း= အောင်ဝေး
အသုံးအနှုံး-- မင်းလိုကောင်ကို အောင်ဝေးဘဲ ရှင်းလား

ရှယ်ယာဝင်ပြဿနာ=ရွှေမန်းတေဇ
အသုံးအနှုံး-- သူတို့ လုပ်ငန်းက ရွှေမန်းတေဇဖြစ်ကြပီလေ

ဘယ်တော့ မှနောက်ပြန်မလှည့် = သိန်းစိန်
အသုံးအနှုံး-- ဆုံးဖြတ်ပီးပီဆိုမှတော့  သိန်းစိန်ပေါ့ 

ကြောက်ရပါတယ်= အောင်မင်း
အသုံးအနှုံး-- လင်မယားဆိုပေမဲ့  ငါကသူကိုတော့  အောင်မင်းဘဲလေ

မှားခဲ့ ပါတယ်= စိုးသိန်း
အသုံးအနှုံး-- အခုမှလိမ္မာနေတာ အရင်တုံးကတော့ စိုးသိန်းလေ

ဖယောင်းတိုင်= ကိုကိုလှိုင်
အသုံးအနှုံး-- ကိုကိုလှိုင်တထုတ်ပေးပါ။

သူခိုး = သိန်းထွန်း
အသုံးအနှုံး--ယမန်နေ့ ညက စက်ရုံကို သိန်းထွန်းများလာရောက်ဖောက်ထွင်းသည်။

ပိုနေလို့ ရောင်းတာ= ဇော်မင်း
အသုံးအနှုံး-- နိုင်ငံတော်မှ ဆန်စပါးတန်ချိန် ၁သိန်းကို ဇော်မင်းလုပ်လိုက်သည်။

ဖွသည် = ဒီမိုဖက်တီး
အသုံးအနှုံး-- ဘီဘီစီသတင်းဌာနသည် အရင်လို ဒီမိုဖက်တီးသိပ်မလုပ်တော့ ပေ။

ဥပုသ်စောင့် သည်=မြင့် လှိုင်
အသုံးအနှုံး-- ဒီနေ့ မြင့် လှိုင်ရလားဗျို့ ။

ဗုံးကြဲသည် ချီးပါသည်= အောင်သိန်းလင်း
အသုံးအနှုံး-- အောင်သိန်းလင်းမဖြစ်တာ ၃ရက်ရှိပီ။

ဓါတ်ပုံရှေ့ ကကွယ်ထားသူ= ပေါ်ပြုလာဂျာနယ်
အသုံးအနှုံး--အဲဒီတယောက်က ပေါ်ပြူလာဂျာနယ်အရမ်းဖြစ်နေတယ်

လူရှေ့ ဘယ်တော့ မှစကားမပြောရဲသူ= သန်းရွှေ
အသုံးအနှုံး--နင် သန်းရွှေလုပ်နေရင် သူငယ်ချင်းမရှိဘဲနေမယ်။

အချင်းချင်းဖွန်ကြောင်သူ= ခင်မောင်စိုး
အသုံးအနှုံး-- နင်ကလဲ သူငယ်ချင်းဖြစ်တာမကြားသေးဘူး ခင်မောင်စိုးလုပ်လာပီ။

အရေးမကြီးတာကို အရာလုပ်ခြင်း= ဒေါက်တာဆိပ်ဖွား
အသုံးအနှုံး--ဟိုကောင်မက ဒေါက်တာဆိပ်ဖွားသိပ်လုပ်တတ်တာ။

လူတိုင်းသိပီးသမျှကော်ပီပြခြင်း= အေးချမ်းမွန်
အသုံးအနှုံး--မင်းကလဲ အေးချမ်းမွန်ဘဲလုပ်နေ ဒီကိစ္စက မနေ့ ထဲကသိနေတာ။

လူတကာလေးစားရသူ=ဒေါ်စု
အသုံးအနှုံး-- ချစ်အောင်လှဆိုတဲ့ တယောက်က အရမ်းဒေါ်စုဖြစ်တာပေါ့  အဟက်အဟက်...



(ရေးသားပြုစုသူ- ချစ်အောင်လှပက်ထရစ်)

No comments:

Post a Comment