ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, February 22, 2013

ကျေးဇူးတင်စကားလေးတော့ပြောပါ---


ကျေးဇူးတင်စကားလေးတော့ပြောပါ
☼☼☼☼☼********☼☼☼☼☼

အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး “ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီတောင်း လိုက်တယ်။ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။ ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက “ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး “ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့် ဘေးလူတစ်ယောက်က “ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။ အဲဒီအချိန်မှာ ကလေးငယ်တစ်က ထွက်လာပြီး “ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။ ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင် မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက “ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။ ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကိုကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး “ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့ အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့ “ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက် မေးပြန်တယ်။ “ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ” လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကိုအဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?
--~--~---------~--~----~------------~-------~--~----~


No comments:

Post a Comment