ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Friday, February 8, 2013

သူ့အမြင် ကိုယ့်အမြင်(ဟာသ)

 
မိန်းမတွေရဲ့အမြင်။


ကျနော် စိုက်ပျိုးရေး တက္ကသိုလ် တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်သို့ပြန်လာ၏။

အိမ်နီးချင်း အမျိုးသမီး တယောက်က ကျနော့်အား လာတွေ့ပီးမေးလေသည်။

ကြက်မွေးချင်လို့ တဲ့လေ.......အကြံဥာဏ်လာတောင်းတာပါ.....တဲ့။

အဲဗျ။ ကြက်မွေးမြူရေးမှာ... ကျနော် သင်ယူသည့်ဘာသာမဟုတ်ကြောင်း။ကျနော့် FIELD လည်း မဟုတ်ကြောင်း။

သို့သော် တပိုင်တနိုင် မွေးမြူ လိုလျှင် ကြက်မ ၂၅ ကောင်ခန့် ဆို လုံလောက်ကြောင်း ၊( ကျနော့် ကြက်မွေးသူသူငယ်ချင်း တဦး၏

အတွေ့အကြုံပြောစကားကို သတိရကာ) ပြောလိုက်မိပါသည်။

သို့နှင့် နွေရာသီ ကျောင်းရက်ရှည်ပိတ်၍ အိမ်ပြန်လာရာ ထိုအမျိုးသမီး၏ ကြက်မွေးမြူရေးကို သွားကြည့်မိလေသည်။

ထိုအခါ ကျနော် အရမ်း အရမ်း အံ့အား သင့် သွားမိ၏။

ကြက်မ ၂၅ ကောင်နှင့် ကြက်ဖ အတော်များများကို တွေ့ရသောကြောင့်ဖြစ်သည်။

သို့ဖြင့် ကျနော်ကလည်းမနေနိုင် မထိုင်နိုင် သူမအား သွားပီးရှင်းပြမိ၏။

" တကယ်ဆိုရင် ကြက်ဖ တစ်ကောင် နှစ်ကောင် လောက်နဲ့တင်... ဒီကြက်မတွေအတွက် လုံလောက်ပါတယ်ဗျ ...."

ထိုအခါ သူမသည် ကျနော့်အား မကျေနပ်သည့် အကြည့်နှင့် ကြည့်လိုက်ပီး ပြန်ပြောလိုက်ပုံက.....

" ဒါကတော့ ရှင်က ယောကျာင်္းအမြင်နဲ့ ပြောတာကိုး......"....တဲ့

တိန် ( တေဟ )


ရီမောပျော်ရွှင်ပါစေ

No comments:

Post a Comment