ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်  ဗိုလ်ချုပ်အောင်ဆန်း
ကျွန်တော် လေးစား၊ အားကျ ၊ ဂုဏ်ယူ ၊တန်ဖိုးထားသော ဗိုလ်ချုပ်အောင်ဆန်း

Saturday, February 9, 2013

အေးမြတဲ့အချစ်

 
"အေးမြတဲ့အချစ်"


ဆင်ဖိုနီတေးသွားကြီးထက်သာတဲ့
မေ့ရဲ့သမီးချော့တေးကို အခုထိနားဆင်ခဲ့တယ်

အိမ်ဖြူတော်နန်းတော်ထက်သာတဲ့
မေ့ရဲ့  အေးမြနှင်းရိပ်ငြိမ်   လေးမှာဒီအရွယ်ထိနားခိုခဲ့တယ်

အပေးသာရှိပြီး အမြဲဖြည့်ဆည်းနေတဲ့
မေ့ရဲ့  ၅၂၈  အချစ်မှာ သမီးမပျော်ပိုက်လို့မဟုတ်ပါဘူး

ပျာပျာသလဲနဲ့ဝင်လာတဲ့အချစ်
မသိလိုက်ခင်ရင်ထဲစူးနစ်စွာလက်ခံ
မိသွားတာ
၅၂၈ နဲ့  ၁၅၀၀  လွန်ဆွဲတဲ့ပွဲ
မေ့ကိုလည်းမထားခဲ့နိုင်ဘူး
အချစ်ကိုလည်းမေ့မပစ်နိုင်ဘူး
သမီးဘ၀ကိုသမီးလက်ဖ၀ါးပေါ်တင်ကြည်
့တဲ့အခါ
ဖြောင့်တန်းတဲ့လမ်းကြောင်းရယ်လိ
ု့  ဘာတစ်ခုမှမပါတာတွေ့တယ်
ရေတံခွန်တစ်ခုရဲ့စီးအားကိုဘာနဲ့ တွန်းကန်ထားနိုင်မလဲ?
အချစ်(၅၂၈)  နဲ့  အချစ်(၁၅၀၀)  မှာ  သမီး မတရားတာလုပ်ဖြစ်ပြီလား?
နောက်ဆုံးတော့............
မေ့ရဲ့မေတ္တာ ဥယျာဉ်ကနေ ဒီတစ်သက်
အဝေးထွက်သွားဖို့စိတ်မကူးရက်တော
့ဘူး

အေးမြမေတ္တာများဖြင့်  (အကြင်နာနှင်းဆီ)

No comments:

Post a Comment