"အကျင့်"
အဆိုးဆုံးကိုရင်ဆိုင်ရပြီ ဆိုရင်တော့
စိတ်ထဲမှာမှာ မဏ္ဍိုင်ထားတဲ့ယုံကြည်မှု တရားလေးတွေ
ရွတ်ဖတ်ပြီး ဖြတ်သန်းမိတယ်
စိတ်ရှုပ်စရာဇာတ်ထုပ်တွေ လာငြိနေရင်တော့
ဖြူဖြူ သီချင်းနဲ့ အော်ဟစ်ပြီး လွှင့်ထုတ်ပစ်တယ်
ပျော်ရွှင်ကြည်နူးပြီး အရာရာကို ကာလာတွေ
ခြယ်လို့ရတဲ့နေ့ စိတ်ကလေးကို သတိကပ်ပြီး
ဘယ်လောက်ကြာသလဲ ငါ ရပ်ကြည့်နေတတ်တယ်
ဖြည့်လို့ မပြည့်တဲ့ အရာတွေထဲမှာ "ဆန္ဒ " က
ပမာဏ အများဆုံးပါ။ ။ ။
သိပြီး အကျင့်ပါတွဲ မပါနိုင်ရင် အရာရာဟာ
"အဆိပ်" တဲ့ ...........
ငါဘယ်နှစ်ခွက်လောက်သောက်ခဲ့ပြီ လဲ????
နှင်းဆီ
No comments:
Post a Comment