ဘဝမှာ လွတ်လပ်ခြင်း၊ ပျော်မွေ့ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း နဲ့ ပြည့်စုံချင်ရင် ဘာကိုမှ သွားပြီး မငြိတွယ်နဲ့။ အားလုံးရဲ့ အနှောင်အဖွဲ့က လွတ်အောင်နေ။
ကျွန်တော် လေးစားသော ကျွန်တော့ဘဝ၏ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း
Monday, November 12, 2012
ဘဝအမောပြေ(ဟာသ)
ခရီးသည်တစ်ယောက်က သဲကန္တာရထဲမှာ ရေငတ်နေတဲ့အတွက် ရေရှာရင်းနဲ့ တဲလေးတစ်လုံးဆီကို ရောက် လာ ပါတယ်။ အဲဒီတဲမှာ ခုံလေးတစ်လုံးနဲ့ လည်စီးတွေ ထိုင်ရောင်းနေတဲ့ လူတစ်ယောက်ကိုပဲ တွေ့လိုက် ရတယ်။
ခရီးသည် ကျေးဇူးပြု၍ဗျာ၊ ကျွန်တော်သေမလောက်ကို ရေငတ်နေပါတယ်။ ရေလေး များ ရနိုင်မလားလို့ပါ။
ဆိုင်ရှင် ရေတော့မရှိဘူးဗျ၊ ဒါပေမယ့် လည်စီးလေး ဝယ်သွားပါလားဗျာ။ ဒီတစ်ခုက ဆိုရင် ခင်ဗျားအခုဝတ် ထားတဲ့ ဝတ်စုံနဲ့လဲ သိပ်လိုက်တာပဲ။
ခရီးသည် (စိတ်တိုစွာဖြင့်) အရူးလားဗျ။ လည်စီးလိုချင်တာမှ မဟုတ်တာ။ ရေသောက် ချင်နေပါတယ် ဆိုမှ။
ဆိုင်ရှင် ရပါတယ်။ မဝယ်နဲ့ပေါ့။ ဒါပေမယ့် ကျွန်တော် ခင်ဗျားအပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ ခင်ဗျားမကြာခင် သိလာမှာပါ။ ဟောဟိုမှာ တောင်ကုန်းကလေး တွေ့တယ်မဟုတ်လား။ အဲဒီ အပေါ်မှာ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်ဗျ။ (၅)မိုင်လောက်တော့ ဝေးတယ်။ အဲဒီအထိ လျှောက်သွား ရင်တော့ ခင်ဗျားရေသောက်ရမှာပါ။
ခရီးသည် ကျေးဇူးတင်တယ်ကွာ။
ခရီးသည်ဟာ တောင်ကုန်းလေးဆီကို လျှောက်သွားခဲ့တယ်။ နောက် (၃)နာရီလောက်ကြာတဲ့အခါ တဲလေးဆီ ကို ခရီးသည် ရေဆာနေတဲ့ပုံစံနဲ့ပဲ ပြန်ရောက်လာပါတယ်။
ဆိုင်ရှင် ကျွန်တော်ပြောတာက စားသောက်ဆိုင်က (၅)မိုင်လောက်ပဲ ဝေးတာပဲလေ။ ခင်ဗျားရှာမတွေ့ခဲ့ ဘူးလား။
ခရီးသည် တွေ့ပါတယ်ဗျာ။ ဒါပေမယ့် သူတို့ဆိုင်က ကျွန်တော့်ကို လည်စီးမပါလို့ဆိုပြီး ပေးမ၀င်ဘူးဗျ ။
ထို့ကြောင့် . .. . ဤသို့
အသက်(၇၀)နှစ်ရှိသော သန်းကြွယ်သူဌေးကြီး တစ်ဦးသည် ချောမောလှပသော အသက်(၂၀)ရှိ မိန်းကလေး တစ်ဦးနှင့် မကြာခင် လက်ထပ်လိုက်သည်။ သူ့မိတ်ဆွေ သူငယ်ချင်း တစ်ယောက်က မေးလေသည်။
ခင်ဗျား အတော့်ကိုလည်တဲ့ အဖိုးကြီးပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက် ချောတဲ့ လှတဲ့ မိန်းမရအောင် လုပ်ရတာသလဲ။
သန်းကြွယ်သူဌေး ပြန်ပြောလိုက်တာက
လွယ်ပါတယ်ကွာ၊ ငါ့အသက် (၉၅)နှစ်ရှိပြီ လို့ ပြောလိုက်တာပေါ့။
Labels:
ဟာသများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment