ဦးအေးမောင်၊ဗုဒ္ဓနှင်. ဗုဒ္ဓဝါဒ၊ အခန်း(၄)ဗုဒ္ဓ၊ ဗုဒ္ဓနှင်.လောကီလူသား
ဗုဒ္ဓထင်ရှားရှိစဉ်က ဗုဒ္ဓကို အလွန်ကြည်ညို၍ ဆည်းကပ်ကိုးကွယ်သော်လည်း ဗုဒ္ဓတရားကို ကောင်းစွာ မသိနားမလည်သောသူ အတော်များများရှိခဲ.ပေမည်။ တစ်ခါသော် ပရိဗိုဇ်တို.က အနာထပိဏ်သူဌေးအား ဗုဒ္ဓဓမ္မအကြောင်း မေးမြန်းရာ သူဌေးကြီးက ဘုရားရှင်တို.၏ အလုံးစုံသောအယူကို မိမိမသိပါဟုဝန်ခံ၏ (အင်္ဂုတ္တရနိကာယ်- ဒသကနိပါတ်-ကိံဒိဌိကသုတ်)။ စင်စစ် သူဌေးကြီးသည် သေခါနီး မကျန်းမမာ ဖြစ်သောအခါကျမှ မဂ်ဖိုလ် နိဗ္ဗာန်တရားကို အရှင်သာရိပုတ္တရာထံမှ ကြားနာရ၏။ တရားနာပြီးသော် သူဌေးကြီးက မိမိသည် ထိုသို.သောတရားစကားကို ရှေးကမကြားနာခဲ.ရသဖြင်. ဝမ်းနည်းမိပါကြောင်းလျှောက်ထား၏
ဗုဒ္ဓ၏အမြင်အားဖြင်. ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင်.ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင်.စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင်. အမည်ဝေါဟာရတို.မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင်.ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင်. လူ.ဘဝတွင် မည်သည်.ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင်.မြတ်ကြောင်း မိန်.ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)
သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို.မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန်.ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင်.မြဲ၏။ အလုံးစုံသော သတ္တဝါတို.၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင်. အညီအမျှကျင်.၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင်. နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။ ဗုဒ္ဓလက်ထက်က ရဟန်းမပြုဘဲ နိဗ္ဗာန်မျက်မှောက်ပြုခဲ.သော လူပုဂ္ဂိုလ်များ အကြောင်း ပိဋကတ် အထောက်အထားကို ' နိဗ္ဗာန်' အခန်း၌ ဖော်ပြပါအံ.။ (၁)
( ၁= မဟာစည်ဆရာတော်က ရှေးအဌကထာဆရာတို. အလိုအားဖြင်. သုတ္ထဘိက္ခူနှင်. ဝိနယဘိက္ခူဟူ၍ ဘိက္ခူနှစ်မျိုးရှိသည်။ သုတ္တဘိက္ခူမှာ ဗုဒ္ဓ၏အရိယာလမ်းစဉ်ကို ကျင်.သုံးသော လူနှင်.နတ်တို.ကိုလည်း ရည်ညွန်း၍ ဝိနယဘိက္ခူမှာ ဝိနည်းတရားနှင်.အညီ ကျင်.ကြံသော ရဟန်းတို.ကို ဆိုလိုသည်ဟု " အရိယာဝါသသုတ် တရားတော် " စာအုပ်၌ ရေးသားထား၏။)
မည်သို.ဖြစ်စေ ဗုဒ္ဓလက်ထက်က လူတို.သည် အားလုံးဒါနသီလ တရားများဖြင်.သာ ကျေနပ်၍ နတ်ပြည် ဗြဟ္မာပြည်ကို မျှော်မှန်းနေကြသူများ မဟုတ်ချေ။ ဘိက္ခဝေရဟန်းတို.ဟု အစချီသော သုတ္တန်ဒေသနာများကို ကြားနာသော ပရိသတ်တွင် လူတို. အတော်များများ ပါရှိမည် အမှန်ဖြစ်၏။ ထို.ကြောင်. အကယ်၍ ဥပါသကာတစ်ဦးသည် အရေးပါထင်ရှားသော သုတ္တန်များကို ရွတ်အံနေသောအခါ မိမိတို.အား ပင်.ဖိတ်ပါက ရဟန်းတို.သည် ဝါတွင်း၌ပင်ဖြစ်စေ သွားရောက်ကြားနာကြရမည်ဟု ဝိနည်းမဟာဝါ ပါဠိတော်၌လာ၏။
ထိုခေတ်က စိတ္တသူကြွယ်၊ မဟာနာမ်မင်းသား၊ မလ္လိကာမိဖုရား အစရှိသော အချို.ဥပါသကာ ဥပါသကာမတို.သည် အချို.ရဟန်းတို.ထက် ပို၍ ဗုဒ္ဓတရားကို ကောင်းစွာ သိမြင်နားလည်ကြ၏။ ဝိသာခါနှင်. ဓမ္မဒိန္နာထေရီတို. ဆွေးနွေးသော တရားများ၊ မဟာနာမ်မင်းသားအား ဗုဒ္ဓဟောကြားသော တရားများမှာ အထူးလေးနက်၍ ပိဋကတ်၌ ပြဆိုထား၏။
ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓအား " လူဖြစ်သော ဖြူသောအဝတ်ကို ဝတ်ကုန်သော၊ မြတ်သောအကျင်.ကို ကျင်.ကုန်သော သူတို.တွင် အောက်ကာမဘုံအဖို.ဖြစ်သော သံယောဇဉ်ငါးပါးကို အကြွင်းမဲ. ပယ်ဖြတ်ခြင်းကြောင်. ဗြဟ္မာပြည်၌ ပရိနိဗ္ဗာန်ပြုလတ္တံ.သော တစ်ယောက်သော ဥပါသကာ၊ ဥပါသကာမသည် ရှိပါသလေ" ဟုမေးရာ ဗုဒ္ဓက " ငါ၏ တပည်.ယောက်ျားမိန်းမများတွင် ထိုကဲ.သို.သောသူမျိုးမှာ တစ်ရာမက၊ ငါးရာလည်းမက မြောက်မြားစွာ ရှိကြပေသည်" ဟုမိန်.ကြား၏ (မဇ္ဈိမနိကာယ်၊ မဟာဝစ္ဆဂေါတ္တသုတ်)။ ဤစကားဖြင်. ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျားမိန်းမ အမြောက်အမြားရှိကြောင်း ထင်ရှား၏။
ဗုဒ္ဓသည် ဒါနသီလတရားများနှင်. တမလွန်ဘဝ ကောင်းစားရေး၌သာလျှင် စိတ်ဝင်စားသောလူတို.၏ အကျိုးစီးပွားကို လျစ်လျူမပြုခဲ.ချေ။ မင်္ဂလသုတ်၊ သင်္ဂါလောဝါဒသုတ်ကဲ.သို. လောကီကြီးပွားချမ်းသာရေး အတွက် လူတို.အား ဟောကြားထားသော သုတ္တန်ဒေသနာ အတော်များများရှိ၏။ ဗုဒ္ဓဟောသော လူ.ကျင်.ဝတ်များ၏ ဝိသေသလက္ခဏာများမှာ ပုဂ္ဂလိက လွတ်လပ်ရေးကို လေးစားမှု၊ အချင်းချင်းကူညီမှု၊ ကျေးဇူးသိတတ်မှု စသည်တို.ဖြစ်၏။ ဗုဒ္ဓ၏ လူနေမှုစနစ်သည် မိဘ၊ သို.မဟုတ် လင်ယောက်ျား၊ သို.မဟုတ်ဆရာဖြစ်သူက ဆိုင်ရာ သားသမီး၊ ဇနီးမယားနှင်. တပည်.များအား ဖိနှိပ်ချုပ်ချယ်မှု၊ အမိန်.ပေးမှုများမှ ကင်း၏။ ပါဠိပိဋကတ်ကို နှံ.နှံ.စပ်စပ် လေ.လာခဲ.သော အချို.အနောက်နိုင်ငံ ပညာရှင်တို.၏ အဆိုအားဖြင်.မူ မျက်စိမှိတ် အမိန်.နာခံမှု အနက်အဓိပ္ပာယ်ဆောင်သော ပါဠိစကားမရှိချေ။
အင်္ဂုတ္တရနိကာယ်၌ လက်နက်၊ လူသတ္တဝါ၊ အမဲတိရစ္ဆာန်၊ သေအရက်နှင်. အဆိပ်ကို ဥပါသကာတို. ရောင်းဝယ်ကုန်သွယ်ခြင်း မပြုအပ်ကြောင်း ဗုဒ္ဓဟောကြားထား၏ (အင်္ဂုတ္တရနိကာယ်၊ ပဉ္စနိပါတ်- ဝါဏိဇ္ဇသုတ်)။ ဤဒေသနာမှာ လက်နက် မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်ရောင်းဝယ်မှုကြောင်. စိုးရိမ်ပူပန်နေကြရသော ယနေ. ကမ္ဘာ.လူသားတို.နှင်. အထူးသက်ဆိုင်သော ဒေသနာဖြစ်၏။ ဤဒေသနာအရ ဗုဒ္ဒသည် သည် ကမ္ဘာ.သမိုင်း၌ ငွေဝယ်ကျွန်စနစ်ကို ရှေးဦးပထမဆန်.ကျင်ခဲ.သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆဖွယ်ရှိ၏။ ဗုဒ္ဓနှင်. ခေတ်ကာလနီးစပ်သော နာမည်ကျော် ဂရိပညာရှင်ကြီး အလေတိုသည် ငွေဝယ်ကျွန်စနစ်ကို အပြစ်မမြင်ခဲ.ချေ။
လူသိနည်းသော်လည်း ဥပါသကာများအတွက် ဗုဒ္ဓ အထူးဟောခဲ.သော ဒေသနာတစ်ခုကို အင်္ဂုတ္တရနိကာယ်၌ တွေ.ရ၏။ " တရားငါးမျိုးနှင်. ပြည်.စုံသော ဥပါသကာသည် ဥပါသက ဒွန်းစဏ္ဍားမည်၏။ ဥပါသကာညစ်၊ ဥပါသကာညံ.လည်း မည်၏။ ထိုတရားငါးမျိုးကား သဒ္ဓတရားမရှိ၊ သီလမရှိ၊ ကောတုဟလမင်္ဂလာကို ယုံကြည်၏။ ကံ ကို မယုံကြည်။ သာသနာတော်၏အပ၌ အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏။ (အဂုင်္တ္တရနိကာယ်၊ ပဉ္စကနိပါတ်- စဏ္ဍာလသုတ်)။ " ကောတူဟလ" ကို မြန်မာပါဠိဆရာတို.က " အုတ်အုတ်ကျက်ကျက်" ဟူ၍ ပြန်ဆိုကြ၏။ " ရဟန်းတို.၊ သင်တို.သည် အုတ်အုတ်ကျက်က်ျ မင်္ဂလာ၊ အမင်္ဂလာ၊ အတိတ်နိမိတ်တို.ကို အနှစ်သာရအားဖြင်. စွဲယူကုန်ဦးအံ.လော" ။ (မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယသုတ်)
ဤဒေသနာ၌ ကမ္မဝါဒ (ဝါ) အားထုတ်ပြုလုပ်မှုနှင်. ဆန်.ကျင်သော လောကီ အယူအစွဲ ဥပါဒါန်များကို ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုသင်.၏။ ဗုဒ္ဓသည် လူတို.၏ အစဉ်အလာ၊ ယုံကြည်မှုအားလုံးကို ပယ်သည်မဟုတ်ချေ။ လူတို.၏ အပြစ်ကင်းသော ယုံကြည်မှုများကို လေးစားသောအားဖြင်. ရဟန်းတို.စောင်.ထိန်းရန် လိုအပ်သော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ.၏။ ဗုဒ္ဓ၏ အလိုအားဖြင်. အယူတစ်ခုကို အကောင်းအဆိုး ဆုံးဖြတ်ရာ၌ ၎င်း၏ အကျိုးသက်ရောက်မှုကို ကြည်.၍ ဆုံးဖြတ်ရမည်ဖြစ်၏။ ဗြဟ္မဏတစ်ဦးက ခတ္တိယတို.သည် ဗြာဟ္မဏတို.ကို၊ သူကြွယ်တို.သည် ခတ္တိယတို.ကို၊ ဆင်းရဲသားတို.သည် သူကြွယ်များကို လုပ်ကျွေးသင်.သည်ဟု ဗြာဟ္မဏတို.က ဆိုပါသည်။ ရဟန်းဂေါတမက မည်သို.ထင်မြင်ပါသနည်း မေး၏။ ဗုဒ္ဓက မည်သူသည် မည်သူ.အား လုပ်ကျွေးသင်.သည်ဟု မိမိမပြောလိုကြောင်း၊ လူတစ်ဦးတစ်ယောက်ကို လုပ်ကျွေးခြင်းဖြင်. မိမိ၌ အကျိုးရှိမည်ဖြစ်ပါက လုပ်ကျွေးသင်.၍ အကျိုးယုတ်မည်ဖြစ်ပါက မလုပ်ကျွေးသင်.ကြောင်း မိန်.တော်မူ၏။ (မဇ္ဈိမနိကာယ်၊ ဧသုကာရီသုတ်)
သီလ၊ သမာဓိ ပညာ၊ ဝီရိယ စသည်တို.ကိုသာလျှင် အဓိကထားသော ဗုဒ္ဓကျင်.စဉ်၌ ရဟန်းနှင်. လူ၊ ဗြာဟ္မဏနှင်. အခြားဇာတ်ခွဲခြားမှု မရှိသည်.နည်းတူ ယောက်ျားနှင်. မိန်းမ ခွဲခြားမှုလည်း မရှိချေ။ ဗုဒ္ဓသည် မိန်းမမှာ ဇာတိအားဖြင်.ယောက်ျားထက် ယုတ်ညံ.သည်ဟု မယူဆချေ။ မိန်းမများအား ဖိနှိပ်ရေးသားထားချက်များကို ပါဠိပိဋကတ်၌ မတွေ.ရဘဲ အဌကထာနှင်. ဇာတ်နိပါတ်များ၌ တွေ.ရသည်ကများ၏
ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ခါနီး၌ အရှင်အာနန္ဒာက " အရှင်ဘုရား၊ ကျွန်ုပ်တို.သည် မာတုဂါမတို.နှင်. စပ်လျင်း၍ အဘယ်သို. ကျင်.သုံးရပါမည်နည်း" ဟု မေးလျှောက်၏။
" အာနန္ဒာ၊ မတွေ.မမြင်အောင် ကျင်.သုံးရမည်"
" အရှင်ဘုရား၊ မလွှဲသာ၍ တွေ.မြင်ခဲ.သော် အဘယ်သို. ကျင်.သုံးရပါမည်နည်း"
"အာနန္ဒာ၊ စကားမပြောဘဲ နေရမည်"
"အရှင်ဘုရား၊ မလွှဲသာ၍ စကားပြောရသော် အဘယ်သို. ကျင်.သုံးရပါမည်နည်း။"
"အာနန္ဒာ၊ အမိရင်းစသည်ကဲ.သို. အမှတ်ထား၍ ပြောဆိုရမည်"
ဤသို. မဟာပရိနိဗ္ဗာနသုတ် ပါဠိတော်မှ တိုက်ရိုက်ပြန်ဆိုထားသော ဗုဒ္ဓမိန်.ကြားချက်၌ မိန်းမများကို ကဲ.ရဲ.ပုတ်ခတ်သော စကားတစ်လုံးတစ်ပါဒမျှ မပါရှိချေ။ သို.ရာတွင် ဇိနတ္ထပကာသနီကျမ်း၌မူ " မိန်းမများအား စကားမပြောဘဲနေရမည်" ဟူသောစကားကို "အာနန္ဒာ၊ ထက်စွာသော သန်လျက်ကို ကိုင်၍ ငါနှင်.စကားဆိုမူကား သင်၏ ဦးခေါင်းကို ဖြတ်အံ.ဟုဆိုသော ယောက်ျားနှင်. စကားပြောခြင်းသည် မြတ်သေး၏။ မာတုဂါမတို.အား စကားပြောခြင်းသည် မမြတ်" စသည်ဖြင်. ချဲ.ထွင်ရေးသားထား၏။
ဇိနတ္ထပကာသနီကျမ်းပြုဆရာသည် စင်စစ် မိန်းမများကို ပုတ်ခတ်သည်ကား မဟုတ်။ သို.ရာတွင် ကျမ်းဆရာ၏ စကားကို ထောက်ချင်.၍ ဗုဒ္ဓစာပေထဲသို. မိန်းမများကို အထူးရှောင်ကြဉ်ရသော ရဟန်းဘုန်းကြီးတို.၏ စာပေ၌ ထိုစကားမျိုးအနည်းအများ တွေ.ရှိရခြင်းမှာ အံ.ဩဖွယ်ရာ မရှိချေ။
ဗုဒ္ဓ၏ အလိုအားဖြင်. မိန်းမသည် ကြိုးစားအားထုတ်ပါက ယောက်ျားနည်းတူ မဂ်ဖိုလ်နိဗ္ဗာန် မုချရရှိမည်ဖြစ်၏။ မာရ်နတ်သည် သောမာထေရီမအား "မိန်းမဖြစ်သော သင်သည် ဘုရားရဟန္တာတို.သာ ရောက်အပ်သော နိဗ္ဗာန်ကို ရောက်နိုင်မည်မဟုတ်" ဟုဆို၏။ ထိုအခါထေရီမက " အိုမာရ်နတ်၊ သင်၏စကားသည် တဏှာ မာန ဒိဌိ ဖုံးလွှမ်းသော ယောက်ျားမိန်းမအဖို. မှန်၏။ ဖလသမာပတ္တိညဏ်ဖြင်. သစ္စာလေးပါးတရားကို ကောင်းစွာမြင်သောသူအား မိန်းမအဖြစ်သည် အဘယ်သို.ပြုရတော.အံ.နည်း" ဟု ပြန်ပြော၏။ (ထေရီဂါထာနှင်. ဘိက္ခနီသံယုတ် သောမာဘိက္ခုနီသုတ်)
အမှန်ဆိုသော် ဇာတ်အဌကထာများ၌ပင် မိန်းမများကို ချီးကျုးသောစကားများကို တစ်ခါတစ်ရံ တွေ.ရ၏။ "ခပ်သိမ်းသောအရာတို.၌ ယောက်ျားသည်သာလျှင် ပညာရှိမဟုတ်၊ မိန်းမသည်လည်း ပညာရှိ၏။ ထိုထိုအရာတို.၌ အထူးသဖြင်. မြင်တတ်၏။လျင်မြန်စွာကြံတတ်၏" (အင်္ဂုတ္တရနိကာယ်၊ အဌကနိပါတ်- သုလဇာတ်)
သမီးမိန်းမ အလိုမရှိသော ကောသလမင်းအား ဗုဒ္ဓမိန်.ကြားသော စကားသည် မှတ်သားဖွယ်ကောင်း၏။ "မင်းကြီး၊ ပညာသီလနှင်. ပြည်.စုံ၍ လင်ကို ရိုသေစွာ ပြုစုလုပ်ကျွေးသော၊ အချို.သော သမီးမိန်းမသည် ပညာနုံ.သော သားယောက်ျားထက်မြက်၏။ ထိုမိန်းမ၏သားသည် တိုင်းပြည်ကိုကောင်းစွာ အုပ်ချုပ်နိုင်၏" (ကောသလသံယုတ်၊ မလ္လိကာဓိတရဝိဇာတသုတ်)။ ဗုဒ္ဓသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဘူလတို.ကိုသာ ချီးမွမ်းသည် ဆိုသောစကားမှာ အခြေအမြစ်မရှိချေ။ " အိုသူကြွယ်၊ သင်.အား နကုလ၏ အမိသူကြွယ်မသည် အစဉ်စောင်.ရှောက်ပေ၏ အကျိုးစီးပွားကို အလိုရှိ၏။ ဆုံးမတတ်၏။သင်.အားအရတော်လေစွတကာ
ဗုဒ္ဓသည် လူတို. အိမ်ထောင်ပြုရာ၌ မိန်းမများကို ကုန်ပစ္စည်းကဲ.သို. သဘောမထားဘဲ မေတ္တာသက်ဝင် ချစ်ခင်၍ ရွေးချယ်ပေါင်းဖက်ခြင်းကို ချီးမွမ်း၏။ (သုတ္တနိပါတ်၊ ဗြာဟ္မဏ ဓမ္မိကသုတ်)။ " သက်ကြီးယောက်ျားသည် မိန်းမငယ်ကို ယူမိပါက ပူပန်သောကဖြစ်၍ စိတ်ဆင်းရဲရတတ်၏။" (သုတ္တနိပါတ် ပရာဘဝသုတ်) သိင်္ဂါလသုတ်လာ လင်ကျင်.ဝတ် ငါးပါးအရ တစ်လင်တစ်မယားစနစ်သည် သာလျှင် ဗုဒ္ဓဩဝါဒနှင်. ကိုက်ညီကြောင်း မိန်းမများအား ယောက်ျားများနှင်. တန်းတူအခွင်.အရေးပေးထားကြောင်း
ဗုဒ္ဓသည် မိဘများကို ပြုစုစောင်.ရှောက်မှု၊ ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ.မှုနှင်. သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ.လောက၌ မိသားစု စိတ်ဓာတ် ထွန်းကားသည်ကို မြင်တော်မူလို၏။ အိမ်ရာထောင်သော လူ.ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ဗုဒ္ဓဝင်မှ ဖြစ်ရပ်တစ်ခုဖြင်. ထင်ရှား၏။
ဘုရားရှင်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ ဆွမ်းဘုဉ်းပေးပြီးသောအခါ အလုံးစုံသော မောင်းမမိဿံ ခြွေရံတို.သည် အနီးသို.ချဉ်းကပ်၍ ဘုရားရှင်အား ရှိခိုးဖူးမျှော်ကြ၏။ ယသော်ဓရာမင်းသမီးသည်ကား အဆောင်ထဲမှ ထွက်မလာချေ။ နန်းသူနန်းသားတို.က " သခင်မ၊ မောင်တော်ဘုရားကို ထွက်၍ ပူဇော်ဖူးမြော်ပါလော" ဟု တိုက်တွန်းကြသော်လည်း ယသော်ဓရာမင်းသမီးသည် " အကယ်၍ ဘုရားရှင်သည် အကျွန်ုပ်၏ ကျေးဇူးကို ထောက်မျှော်၍ သနားတော်မူပါလျှင် အကျွန်ုပ်ထံသို. ကြွလာပါလိမ်.မည်။ ထိုအခါမှ ပူဇော်ပါတော.မည်" ဟုဆို၍ ထွက်မလာဘဲနေ၏။ ထိုအကြောင်းကို ဘုရားရှင် ကြားသိသော် မင်းကြီးအား သပိတ်ကမ်း၍ အဂ္ဂသာဝကနှစ်ဦးနှင်.အတူ ယသော်ဓရာ၏ နေရာတိုက်ခန်းသို. ဝင်တော်မူပြီးလျှင် " ယနေ. ယသော်ဓရာ မင်းသမီးသည် ငါဘုရားကို အလိုရှိတိုင်းဖူးမြော်စေ။ မည်သူကမျှ တစ်ခွန်းစကား မတားဆိုကြလင်." ဟုမိန်.တော်မူ၏။ ထိုအခါ ယသော်ဓရာမင်းသမီးသည် ဘုရားရှင်ထံသို.လာ၍ ခြေဖဝါးကို ဆံပင်ဖြင်.ပွတ်သပ်လျက် အထပ်ထပ်ရှိခိုးလေသည်။
အထက်ပါအကြောင်းမှာ ပိဋကတ်၌ မလာဘဲ ဇာတ်အဌကထာ၌သာ တွေ.ရသော်လည်း ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင်.မြတ်မှု၊ မိသားစု စိတ်ဓာတ် တန်ဖိုးကို နားလည်မှု စသည်တို.ကို စဉ်းစားဆင်ခြင်ပါက ဗုဒ္ဓဝင်မှ အကြောင်းယုတ္တိ ခိုင်မာသော ဖြစ်ရပ်တစ်ခု ဖြစ်သည်ဟု မှတ်ယူရပေမည်။
အချုပ်အားဖြင်. ဗုဒ္ဓ၏သာသနာ၌ ကာမဂုဏ်ခံစားသော်လည်း အကျင်.သီလရှိသော လူတို.အတွက် နေရာကဏ္ဍ အထင်အရှားရှိ၏။ ထိုသူတို.ကို ဗုဒ္ဓချီးမွမ်းတော်မူကြောင်း သေချာခိုင်မာသော အထောက်အထားမှာ အောက်ပါပိဋကတ်ဒေသနာဖြစ်၏။
" အို ရဟန်းတို.၊ နတ်တို.ကို အစိုးရသော သိကြားမင်းသည် ဝေဇယန္တာပြာဿဒ် ထက်မှ ဆင်းသက်၍ များစွာသော အရပ်မျက်နှာတို.ကို လက်အုပ်ချီလျက်ရှိခိုး၏။ထိုအခါ မာတလိနတ်သားက အကျိုးအကြောင်း မေးမြန်းရာ သိကြားမင်းက ဤသို.ဆို၏။ " အို မာတလိ၊ ခပ်သိမ်းကုန်သော လူတို.သည် လည်းကောင်း၊ နတ်မင်းကြီးနှင်. တာဝတိံသာနတ်တို.သည် လည်းကောင်း ငါ.ကို ရှိခိုးကြကုန်၏။ ငါသည်ကား သီလသမာဓိနှင်. မြတ်သောအကျင်.ကို ကျင်.သုံးသော ရဟန်းတို.ကို ကောင်းစွာ ရှိခိုး၏။ အိမ်၌နေသူ လူဖြစ်ကုန်လျက် ကောင်းမှုကုသိုလ်ကို ပြုလေ.ရှိကုန်သော၊ သီလရှိကုန်သော အကြင်ဥပါသကာတို.သည် တရားနှင်.အညီ ရှာမှီး၍ သားမယားကို မွေးမြူကြကုန်၏။ ထိုဥပါသကာတို.ကိုလည်း ငါသည်ရှိခိုး၏။" (သံယုတ္တနိကာယ်၊ သက္ကသံသုတ်၊ သက္ကနမဿသုတ်)
" ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင်.ပြီဖြစ်၍ နောက်ကာလ၌ ဗုဒ္ဓ၏အမည်သည် ဒဏ္ဍာရီများအကြားတွင် မှုန်ရီဝိုးတဝါးဖြစ်ခဲ.သော်လည်း ဗုဒ္ဓ၏ဂုဏ်သည် နောက်မှပေါ်ပေါက်လာသော များစွာသော ဘာသာရေးခေါင်းဆောင်များ၏ ဂုဏ်ထက် ပိုမိုထင်ရှား၏။ ဤအချက်သည် ဗုဒ္ဓ၏ ထူးခြားသော သီလ သမာဓိဂုဏ်ကို အထင်အရှား သက်သေခံလျက်ရှိ၏။" (1. C.Eliot: Hinduism and Buddhism Vol I, pp.131)
ဤသို.ဖြင်. အင်္ဂလိပ် ဗုဒ္ဓစာပေပညာရှင် ဆာချားအဲလိယော.သည် ဗုဒ္ဓကို ချီးကျူးခဲ.၏။ မှန်လှ၏။ အိန္ဒိယ ဘာသာဝါဒသမိုင်တွင် မြောက်မြားလှစွာသော ဘာသာရေးခေါင်းဆောင်များထက် ပိုမိုထင်ပေါ်နေခြင်းသည် ဗုဒ္ဓ၏ ထူးခြားသော ဝိသေသဂုဏ်ဖြစ်၏။ ဗုဒ္ဓကို မီလိုက်သောသူတို.ကသော်လည်းကောင်
အင်္ဂလိပ်ပညာရှင် ဆာဗာရီဒေးကိသည် ဗုဒ္ဓဝါဒကို လက်မခံချေ။ သို.ရာတွင် သူက " ဗုဒ္ဓဝါဒသည် ချွတ်ယွင်းချက်များ၊ ရှေ.နောက်မညီညွတ်မှုများ ရှိသော်လည်း ဗုဒ္ဓသည် အာရှတိုက်မှ ထွက်ပေါ်ခဲ.သော ခေါင်းဆောင်များအနက် ကြည်ညိုဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်ပါပေသည်" ဟု ရေးသားခဲ.၏။ (2. A.B.Keith: Buddhist Philosophy, pp. 147)
ပြင်သစ်ပညာရှင် ဗာသီလီမိ စိန်. ဟီလာရီသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ေ
ပရိုဖက်ဆာ မက်စ်မူလာသည် ရှေးအိန္ဒိယ ဘာသာဝါဒများကို နှိုက်ချွတ်လေ.လာခဲ.သော ဂျာမန်ပညာရှင်ဖြစ်၏။ ဗုဒ္ဓဝါဒမှာ သူနှစ်သက်သော ဝါဒမဟုတ်။ သို.ရာတွင် သူသည် ဗုဒ္ဓကို ကြည်ညိုလေးစား၏။ သူက " ဗုဒ္ဓကို အပြိုင်အဆိုင် ချီးကျူးရေးသားကြသော ခရစ်ယာန် သာသနာပြု ဆရာတို.၏ ရေးသားချက်များကို ဖတ်ရှုရသောအခါ ကျွန်ုပ်တို.မှာ ကိုယ်.မျက်စိကိုပင် ယုံနိုင်စရာမရှိပါ" ဟုဆိုလေသည်။ (4. Max Muller: Studies in Buddhism.pp.50-51)
အဒေါ.ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်၏။ သူသည် တစ်ခါက အမေရိကန်မြို.ကြီးများသို. လှည်.လည်၍ ဗုဒ္ဓဝါဒအကြောင်းကို ဟောပြောဖူး၏။ သူသည် ဗုဒ္ဓဝါဒကို ကဲ.ရဲ.ရှုတ်ချ၏။ သို.ရာတွင် ဗုဒ္ဓကိုကား အောက်ပါအတိုင်းချီးကျုးဟောပြော
"ဗုဒ္ဓသည် စိတ်နှလုံးမြင်.မြတ်၍ သိမ်မွေ.နူးညံ.၏။ မိမိ၏ ယုံကြည်ချက်အတွက် ဘာမဆို စွန်.ရဲသော ယောက်ျားအာဇာနည်တို.၏ နှလုံးရည်နှင်. ပြည်.စုံ၏။ သီလသမာဓိနှင်. ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင်.မြတ်၏။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးရာကျော်က ပေါ်ထွက်ခဲ.သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို. တွေ.ရှိသော အချက်များကို ကြိုတင်သိမြင်ခဲ.၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလသိပ္ပံပညာရှင်တို.ကဲ.သို. လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏။
"ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သည်မှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီဖြစ်သော်လည်း ဗုဒ္ဓကို လူတို.မမေ.ကြသေးချေ။ ဗုဒ္ဓ၏ အမည်သတင်းသည် ဥရောပနှင်. အမေရိကတိုက်များသို.ပင် ပျံ.နှံ.ထင်ရှား၏။ အာရှတိုက်၌ လူသန်းပေါင်း ၃၇၀ တို.၏ ကိုးကွယ်ခြင်းခံရသော ဗုဒ္ဓသည် ဥရောပနိုင်ငံများ၌လည်း ပညာရှင်အတော်များများ၏ စိတ်ဓာတ်ကို ဆွဲဆောင်နိုင်ခဲ.၏။ ရှိုပင်ဟွာ နှင်. ကင်ကယ် (Schopenhauer and Kinkel) အစရှိသော ဂျာမန်အဘိဓမ္မာဆရာနှင်. ကဗျာစာဆိုတို.သည် ဗုဒ္ဓကို ရှိခိုးပူဇော်ကြ၏။"( Paul Carus: Buddhism and its Christian Critics, pp. 279-282)
--
Zaw Moe Aung
No comments:
Post a Comment